စစ်ရေးပြပွဲပြီးဆုံးခြင်း
Vol. 33 Ch. 337
ပွဲကြည့်စင်ပေါ်ကလူများ ထိုသာမန်သံချောင်းလေးတွင် အဘယ်ကြောင့် ထိုမျှကြောက်စရာကောင်းသောစွမ်းအားမျိုးရှိနေလဲဆိုတာ သိချင်နေခဲ့ကြသည်။
သူတို့အမြင်တွင် ထိုသံချောင်းက ထိုမျှကြီးမားမနေပေ။ ထိုသံချောင်းလေးက ဘယ်လောက်သိပ်သည်းဆရှိနိုင်ပါမည်နည်း။ ထိုသံချောင်း၏ လျှို့ဝှက်ချက်က သူ့ကဗ္ဗည်းများပေါ်တွင် ရှိနေပုံ ရသည်။ အကယ်၍ သူတို့သာ ထိုကဗ္ဗည်းများကို ကူးယူနိုင်လျှင် သူတို့တွင်လည်း ကောင်းကင်အခြေပြုလက်နက်တစ်ခု ရှိလာနိုင်မည် မဟုတ်ပါလော။
ထိုသံချောင်းက ဂျင်တစ်သန်းလောက်လေးနေလိမ့်မည်လို့တော့ သူတို့ ထင်မထားခဲ့ကြပေ။ ထိုသံချောင်းကို ထိပ်တန်းအဆင့်မိစ္ဆာနှစ်ကောင်က သွန်းလုပ်ထားခြင်းဖြစ်ပြီး သူ့မာကျောမှုက အမတလက်နက်နှင့်ပင်ယှဉ်နိုင်ပေသည်။ ထိုသံချောင်းနှင့် မြေဆွဲအားကဗ္ဗည်း အရှိန်ကဗ္ဗည်းများပေါင်းစပ်လိုက်သောအခါ သူ့စွမ်းအားက ကြောက်စရာကောင်းလွန်းသွားခဲ့၏။
ကျန်းယန်ပင် ငေးကြောင်သွားခဲ့မိသည်။ သူသည်မိစ္ဆာများကို သံချောင်းတစ်ချောင်းသာသွန်းလုပ်ဖို့ပြောခဲ့ခြင်းဖြစ်ပြီး ဒီလောက်ကြီး ကြမ်းလွန်းနေမည်ဟု သူလည်း ထင်မထားခဲ့မိပေ။ အကယ်၍သံချောင်းသာ ဒီထက်ပိုစွမ်းအားကြီးနေလျှင် သူတို့ အဇူရာမဟာတိမ်၀င်္ကပါပင် တောင့်ခံနိုင်ပါဦးမည်လော။
ချင်းယွင်ကျိကတော့ စိတ်ဒုက္ခရောက်နေခဲ့သည်။ သူ့တပည့်၏ အလွန်တော်နေမှုက သူ့အတွက်တော့ အတော်လေးခေါင်းကိုက်စရာပင်။ စစ်ရေးပြပွဲကို အဇူရာတိမ်ဂိုဏ်းထဲတွင် မကျင်းပခဲ့တာကိုပဲ သူကျေးဇူးတင်နေမိ၏။
ကျန်းယန် သူ့စိတ်အခြေအနေကိုပြန်ပြင်ဆင်ပြီးနောက် အေးအေးဆေးဆေးပြောလိုက်သည်။
“ဒုတိယပစ်မှတ်ကို ဖျက်ဆီးပြီးပါပြီ ကျေးဇူးပြုပြီး ခဏအေးအေးဆေးဆေးအနားယူပေးကြပါ ကျွန်တော်တို့ နောက်ဆုံးလက်နက်ကို ပြသပါတော့မယ်”
လေထုက တိတ်ဆိတ်သွားခဲ့၏။ နတ်ဝိညာဉ်အဆင့်များနှင့် တာအိုပေါင်းစည်းခြင်းအဆင့်များပင် မလွယ်ကူသလို ခံစားနေခဲ့ကြရသည်။
နတ်ဝိညာဉ်အဆင့်တစ်ယောက်ကပင် ထိုလက်နက်ကိုအသုံးပြုနေနိုင်ခြင်းက ပထမအဆင့်ဂိုဏ်းကြီးများကိုပင် ခြိမ်းခြောက်ခံနေရပြီဟု ဆိုလိုနေခြင်း ဖြစ်၏။ ထိုလက်နက်က သေးငယ်ပြီး သယ်ဆောင်ရလည်း လွယ်ကူနေသေးသည်။
ထိပ်တန်းဂိုဏ်းကြီးများမှ ပညာရှင်များပင် စိတ်ထဲလေးလံကုန်ကြ၏။ သူတို့ပင် စွမ်းအားကြီးအစောင့်အရှောက်များနှင့် ၀င်္ကပါများရှိနေသော်လည်း ထိုလက်နက်မျိုးက ကောင်းကင်ပေါ်မှ ကျလာလျှင် သူတို့အတွက် မလွယ်လှပေ။ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်က ထိုလက်နက်ကိုတားဆီးနိုင်သော်လည်း အကယ်၍ တုန့်ပြန်ဖို့ နောက်ကျသွားခဲ့လျှင် ဒါမှမဟုတ် တံခါးပိတ်ကျင့်ကြံနေခဲ့လျှင် ဘယ်လိုလုပ်ပါမည်နည်း။
“အနားယူချိန်ပြည့်သွားပါပြီ ကျွန်တော်တို့ရဲ့နောက်ဆုံးလက်နက်ကို ပြသပါတော့မယ်” ကျန်းယန်အသံက ဟိန်းထွက်လာခဲ့၏။
“ဒီလက်နက်ကိုလည်းလည်း ဆရာဦးလေးလင်းယွင်ကျိကပဲ အသက်သွင်းမှာပါ ကျေးဇူးပြုပြီး စောင့်ကြည့်ပေးကြပါ”
အလင်းမျက်နှာပြင်ပေါ်တွင် ပုံရိပ်များ ပြောင်းလဲသွားပြန်သည်။
လင်းယွင်ကျိသည် ဓားပျံတစ်လက်ကို စီးနင်းလာခဲ့၏။ ထို့နောက် ကျန်းယန်၏အမိန့်အတိုင်းပင် ထိုဓားပျံကို စက်ဝိုင်းပြားဆီ ပစ်လွှတ်လိုက်လေသည်။
ဓားပျံက စက်ဝိုင်းပြားနှင့်ထိမိသွားသောအခါ ကျိုးပဲ့သွားခဲ့၏။
စက်ဝိုင်းပြားပေါ်ရှိ ကဗ္ဗည်းများကလည်းစတင်လည်ပတ်လာပြီး စက်ဝိုင်းပြားက အက်ကွဲလာခဲ့သည်။ ထို့နောက် ပတ်၀န်းကျင်ရှိ မြေ သဲ နှင့်စိတ်ဝိညာဉ်စွမ်းအင်များကို လေဝဲကြီးတစ်ခုလို စုပ်ယူလာခဲ့ပြီး လေထဲတွင် ဖုန်သဲများဖြင့် ပြည့်နှက်လာခဲ့၏။
ကြည့်ရှုသူများ မျက်မှောင်ကြုံ့သွားခဲ့သည်။ ထိုအရာ၏စွမ်းအားက အနီးနားရှိအရာများကို စုပ်ယူရုံတင်လော။
ရုတ်တရက် စက်ဝိုင်ပြားက ရပ်တန့်သွားခဲ့၏။
ထို့နောက် ပေါက်ကွဲထွက်သွားခဲ့လေသည်။
“ဝုန်းးးးးး”
နားကွဲလုမတတ်ကျယ်ေလာင်ေသာပေါက်ကွဲသံကြီး ထွက်ပေါ်လာခဲ့ပြီး ကြီးမားလွန်းသော မှိုပွင့်ပံုသဏ္ဍာန်ကြီးက ကောင်းကင်ပေါ် ထိုးတက်သွားခဲ့ဧ။။် ပေါက်ကွဲလှိုင်းများက အရပ်မျက်နှာအနှံ့ပျံ့သွားခဲ့ပြီး အလင်းမျက်နှာပြင်ပင် တုန်ခါသွားခဲ့သည်။
“မကောင်းတော့ဘူး”
လေ့ကျင့်ရေးကွင်းနားရှိ ဂူဒူအာ ချက်ချင်းဆိုသလို အခြားမိစ္ဆာများကို အကြောင်ကြားလိုက်၏။
ထိုအခါ မိစ္ဆာပုံရိပ်ကြီးငါးခု မြင်ကွင်းတွင် ပေါ်လာခဲ့လေသည်။
ပွဲကြည့်စင်အောက်ဘက်ရှိ ဂူယန် ရှေ့သို့ပြေးတက်သွားခဲ့ပြီး သူ့ကိုယ်ကြီးက မီတာပေါင်းများစွာ ပြန့်ကားသွားကာ ပွဲကြည့်စင်ပေါ်ရှိ လူတိုင်း၏အမြင်များကို ဖုံးအုပ်သွားခဲ့၏။ ချင်းယွင်ကျိလည်း ရောက်ရှိလာခဲ့ပြီး ဂူယန်၏ မိစ္ဆာအရှိန်အဝါအခြားသူများပေါ် သက်ရောက်မှုမရှိစေရန် ဖိနှိပ်ထားလိုက်သည်။
အခြားမိစ္ဆာများကလည်း ဖျက်ဆီးသူ ၁ ၏စွမ်းအားကို တားဆီးဖို့ အကောင်းဆုံးကြိုးစားနေခဲ့ကြ၏။
သို့သော် ဂူမေ့ယင်လို ပုံရိပ်ယောင်မိစ္ဆာတစ်ကောင်ကတော့ ထိုသဘာ၀စွမ်းအားများကိုတားဆီးရာတွင် အခြားသူများထက် အားနည်းနေခဲ့သည်။ ထို့ကြောင့် သူမဘက်သို့ရောက်ရှိလာသော ပေါက်ကွဲလှိုင်းများက သူမကိုယ်ကိုဖြတ်သွားပြီး မိုင်ပေါင်းရာချီအဝေးထိ ဆက်ပျံ့သွားခဲ့ပြီး မြေပြင်ပေါ်တွင် တူးမြောင်းကြီးတစ်ခုပင် ဖြစ်ပေါ်သွားခဲ့သည်။
ဝုန်းးးး!
လူတိုင်းက ပေါက်ကွဲမှုပြီးဆုံးသွားပြီဟုထင်လိုက်သော်လည်း နောက်ပေါက်ကွဲမှုတစ်ခုက နောက်မှလိုက်လာခဲ့ပြန်၏။ ဒြပ်ငါးမျိုးပေါင်းစပ်မှုကလေ့ကျင့်ရေးကွင်းထဲရှိ သဘာ၀နိယာမများကို ရှုပ်ထွေးသွားစေခဲ့ပြီး ထိုနေရာရှိ အရာအားလုံးကိုဖျက်ဆီးပစ်နေသည့် ပေါက်ကွဲမှုများက ဆက်တိုက်ဆက်လက်ဖြစ်ပေါ်နေခဲ့သည်။
ချင်းယွင်ကျိကေတာ့ ဒေါသထွက်နေခဲ့၏။ ဤနေရာက အဇူရာတိမ်ဂိုဏ်း၏ နယ်မြေပင် မဟုတ်ပါလော။
သူဂူယန်ကိုအမိန့်ပေးလိုက်သည်။
“မင်းမိစ္ဆာအရှိန်အဝါတွေကို သိမ်းလိုက်”
ထို့နောက် သူလေပေါ်ပျံတက်သွားခဲ့ပြီး သူ့တာအိုစွမ်းအားကိုသုံးကာ ဖရိုဖရဲဖြစ်နေသော သဘာ၀နိယာမများကို စတင်ဖိနှိပ်ခဲ့၏။ သူပင်လျှင် ထိုအခြေအနေတည်ငြိမ်သွားအောင် အချိန်အတော်ကြာကြာသုံး၍ ဖိနှိပ်ခဲ့ရသည်။
အားလုံးပြီးဆုံးသွားသောအခါ လေ့ကျင့်ရေးကွင်းကြီးတစ်ခုလုံးက လုံး၀ ပျက်ဆီးသွားခဲ့၏။ ထိုနေရာတွင် သက်ရှိသက်မဲ့အရာတစ်ခုမှ ကျန်မနေတော့ပေ။
လူတိုင်းက ပျက်ဆီးသွားသော ဖုန်းဆိုးမြေကြီးကို တိတ်ဆိတ်စွာ ကြည့်ရှုနေခဲ့ကြသည်။
ဖျက်ဆီးသူ ၁ က သူ့နာမည်နှင့်လိုက်ဖက်လွန်းလှသည်။
အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်က လူများပင် ဆွံ့အနေခဲ့ကြ၏။ ထိုစွမ်းအားက သူတို့စိတ်ကူးထားတာထက်ပင် ကျော်လွန်နေသေးသည်။
ထိုလက်နက်ကို သွန်းလုပ်ခဲ့သော ပိလင်းကျိ ဟွာလင်းကျိ ဟော်လင်းကျိ ချင်းရှုနှင့်အခြားသူများကတော့ စိတ်လှုပ်ရှားနေခဲ့ကြ၏။ နောက်ဆုံးတွင် ထိုအရာက သူတို့ဖန်တီးထားသော အရာသာ မဟုတ်ပါလော။ ထိုလက်နက်၏စွမ်းအား ပိုအားကောင်းလေလေ သူတို့ပိုစိတ်ကျေနပ်လေလေပင်။
စိတ်အကျေနပ်ဆုံးသူကတော့ ကျန်းယန်ကလွဲပြီး အခြားမဟုတ်ပေ။ ထိုလက်နက်၏စွမ်းအားက သူစိတ်ကူးထားတာထက်ပင် သာလွန်နေသေးသည်။
သို့သော် ထိုလက်နက်စွမ်းအားက ကြီးလွန်းသောကြောင့် သေချာတော့ ကိုင်တွယ်အသုံးပြဖို့ လိုပေသည်။ မဟုတ်လျှင် ကမ္ဘာကြီးတစ်ခုလုံးက ပူးပေါင်းပြီး သူတို့ကို ဖျက်ဆီးပစ်ဖို့ ကြံကုန်ကြပေလိမ့်မည်။
ပွဲကြည့်စင်ရှေ့တွင်ရပ်နေသော ကျန်းယန် ကြေငြာလိုက်၏။
“စစ်ရေးပြပွဲ အောင်မြင်စွာ ပြီးဆုံးသွားပါပြီ
အဇူရာတိမ်ဂိုဏ်းက ငြိမ်းချမ်းရေးကိုမြတ်နိုးတဲ့ဂိုဏ်းတစ်ဂိုဏ်းဆိုတာ ကျွန်တော်တို့က အားလုံးသိအောင် ကြေငြာချင်ပါတယ် ဂိုဏ်းရဲ့တည်ရှိမှုကို ခြိမ်းခြောက်လာတဲ့ အန္တရာယ်မျိုးနဲ့မှ မကြုံရရင် ကျွန်တော်တို့က ကောင်းကင်အခြေပြုလက်နက်နဲ့ဖျက်ဆီးသူ ၁ ကို အသုံးပြုမှာ မဟုတ်ပါဘူး
သေနတ်တွေကိုတော့ အချိန်ကျလာတဲ့အခါ မိုးပြာလကုန်သွယ်သမဂ္ဂကတစ်ဆင့် ရောင်း၀ယ်ဖောက်ကားမှာပါ ကျေးဇူးပြုပြီး အဲ့ဒီအချိန်ရောက်တဲ့အထိ စောင့်နေပေးကြပါ
တက်ရောက်ချီးမြှင့်ပေးကြတဲ့အတွက် အားလုံးကိုကျေးဇူးတင်ပါတယ် စစ်ရေးပြပွဲက ပြီးဆုံးသွားပါပြီ ကျေးဇူးပြုပြီး ဂုဏ်သိက္ခာနဲ့အညီ ထွက်ခွာသွားပေးကြပါ”
ငြိမ်းချမ်းရေးကို မြတ်နိုးသည်ဟူေသာ စကားက ဆင်ခြေသက်သက်သာ ဖြစ်သော်လည်း ထိုကြေငြာချက်ကြောင့် လူအတော်များများကတော့ စိတ်အေးသွားခဲ့ကြ၏။
ထို့နောက် အဆင့်မြင့်ကျင့်ကြံသူများက အဇူရာတိမ်မြို့သို့ တိုက်ရိုက်ပျံသန်းထွက်ခွာသွားခဲ့ပြီး အဆင့်နိမ့်ကျင့်ကြံသူများကတော့ သင်္ဘောပျံများနှင့် ပြန်သွားခဲ့ကြလေသည်။