တိရစ္ဆာန်ရုံ
Vol. 33 Ch. 339
ချင်းယွင်ကျိ အမှန်တကယ်ကို အမှားလုပ်မိလိုက်သလို ခံစားနေခဲ့ရသည်။
ပထမကတော့ သူ့ချစ်လှစွာသောတပည့်လေးသည် သူ့ဂုဏ်သတင်းကို ဓာတ်ပုံများဖြင့် ဖျက်ဆီးပစ်ခဲ့၏။ ထို့နောက် အင်တာဗျူးပါဖြေပေးခဲ့ရပြီး သူ့ဂုဏ်သတင်းက တစ်စဆီဖြစ်သွားခဲ့ရသည်။
အခုလည်း ထိုချစ်လှစွာသောတပည့်လေးက အဇူရာတိမ်ဂိုဏ်းနယ်မြေကို ဗုံးကြဲပြီး ဖျက်ဆီးပစ်လိုက်ပြန်၏။
ထိုတိုက်ခိုက်မှုများက သူထိန်းချုပ်ထားသော အဇူရာမဟာတိမ်၀င်္ကပါကို ထိမှန်သွားခဲ့ခြင်း မဟုတ်ပါလော။
ထိုအရာက သူ့ကိုတိုက်ရိုက်တိုက်ခိုက်ခဲ့ခြင်းသာ ဖြစိသည်။
ဘယ်လိုဂိုဏ်းချုပ် ဘယ်လိုဘိုးဘေး ဘယ်လိုကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်က ထိုကဲ့သို့သော ကိစ္စကိူ သည်းခံနိုင်ပါမည်နည်း။
ကျန်းယန်ပြုံးလိုက်၏။
“ဆရာ စစ်ရေးပြပွဲကို အဇူရာတိမ်ဂိုဏ်းနယ်မြေထဲမှာ ထပ်မလုပ်တော့ပါဘူး”
ထို့နောက် သူ့မျက်လုံးထဲအေးစက်စက်အလင်းတစ်ချက်လက်သွားပြီး
“တကယ်လို့ အနာဂတ်မှာတစ်ယောက်ယောက်က ကျွန်တော်တို့ဂိုဏ်းကို စော်ကားရဲခဲ့ရင် သူတို့နယ်မြေက ကျွန်တော်တို့ရဲ့ စစ်ရေးပြပွဲအသစ်ကျင်းပမယ့် နယ်မြေအသစ်တွေဖြစ်လာကြလိမ့်မယ်”
နောက်ဆုံးတွင် ချင်းယွင်ကျိ စိတ်အေးသွားခဲ့၏။ ထိုလက်နက်များကို သူ့နယ်မြေတွင် မစမ်းသပ်သေးသ၍ အဆင်ပြေပေသည်။
“နောက်ထပ် လက်နက်အသစ်တွေ လုပ်ဉီးမှာလား” ဟော်လင်းကျိ အံ့အားသင့်နေဟန်ဖြင့် မေးလိုက်၏။
ကျန်းယန်ခေါင်းယမ်းလိုက်သည်။
“လတ်တလောတော့ အဇူရာတိမ်ဂိုဏ်းက ငြိမ်းချမ်းတဲ့ကာလလေးကို ဖြတ်သန်းသင့်တယ်
ဆရာဦးလေး ၆ ဆရာဦးလေးအခုထိ တံခါးပိတ်မကျင့်ကြံရသေးဘူးမလား အခု ဆရာဦးလေးရဲ့ တာ၀န်က တာအိုပေါင်းစည်းခြင်းအဆင့်ကို ချိုးဖြတ်ဖို့ပဲ
ဒါပေမယ့် သေချာတော့ စီစဉ်ရမယ် အားလုံးတံခါးပိတ်ကျင့်ကြံလို့တော့မရဘူး တစ်ယောက်က တံခါးပိတ်ကျင့်ကြံနေချိန် နောက်တစ်ယောက်က သင်ကြားရေးကိုတာ၀န်ယူရမယ် အဲ့ဒီနည်းလမ်းနဲ့ဆိုရင် ကျွန်တော်တို့ ကျင့်ကြံခြင်းကိုလည်း ထိခိုက်စေမှာ မဟုတ်တော့ဘူး”
လင်းယွင်ကျိနှင့်အခြားသူများ ခေါင်းငြိမ့်ပြလိုက်ကြသည်။ သင်ကြားခြင်းနှင့်ကျင့်ကြံခြင်းနှစ်ရပ်လုံးက သူတို့တာ၀န်သာဖြစ်ပြီး ကျန်းယန်ကထိုအရာနှစ်ခုလုံးကို ဘက်မျှအောင် စီစဉ်ပေးလိုက်ခြင်း ဖြစ်၏။
ထို့နောက် ကျန်းယန် စန်းစုန့်ကိုပြောလိုက်သည်။
“စီနီယာလည်း သင်ကြားရေးမှာ ပါရမယ် ဒါပေမယ့် စီနီယာရဲ့အဓိကတာ၀န်က ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ကို ကျော်ဖြတ်ရမှာဆိုတော့ တံခါးပိတ်ကျင့်ကြံတဲ့နေရာမှာ ပိုပြီးအချိန်ပေးရမယ်”
စန်းစုန့် သဘောတူလိုက်၏။
အမှန်တော့ သူ့အတွက် ရှို့ယိဘုရားကေျာင်းတွင်နေရတာထက် အဇူရာတိမ်ဂိုဏ်းတွင်နေရခြင်းက ပိုပြီးသက်တောင့်သက်သာရှိပေသည်။ ကျန်းယန်က သူ့ကိုမိစ္ဆာများနှင့်ခြိမ်းခြောက်ပြီး ဖိအားမပေးလျှင်တော့ ပိုကောင်းမည်သာ။
ကျန်းယန် ချင်းယွင်ကျိဘက်လှည့်ကာ ပြောလိုက်၏။
“ဆရာကတော့ ပိုပြီး ကြိုးစားဖို့လိုတယ်နော် ဆရာ့မှာ တံခါးပိတ်ကျင့်ကြံဖို့လည်း အချိန်သိပ်မရှိဘူး
ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ဆရာ့မှာ ကိုင်တွယ်စရာကိစ္စတွေ အများကြီးရှိတယ် ဂိုဏ်းအသေးလေးတွေကိစ္စဆိုရင်တော့ ကျွန်တော်ပဲဖြေရှင်းပေးလိုက်လို့ရပေမယ့် ပထမအဆင့်ဂိုဏ်းတွေနဲ့ ထိပ်တန်းဂိုဏ်းကြီးတွေပါလာရင်တော့ ဆရာ ပေါ်လာဖို့လိုတယ်”
ချင်းယွင်ကျိ သက်ပြင်းချလိုက်သည်။
“အားလုံး စီစဉ်ပြီးပြီဆိုမှတော့ ငါဘာပြောနိုင်ဉီးမှာလဲ”
နောက်ဆုံးတွင် အားလုံးက သူ့တာ၀န်သာ မဟုတ်ပါလော။
ထို့နောက် ကျန်းယန် စစ်ထူမင်ယွဲ့ဘက်လှည့်လိုက်၏။
“ကုန်သွယ်သမဂ္ဂခွဲတွေတည်ထောင်တဲ့ကိစ္စကို ဆက်လုပ် ပြီးတော့ အဇူရာတိမ်ကုန်းမြေတိုက်ကြီးတစ်ခုလုံးက ပါရမီရှင်တွေကို ရှာပေးပါ
တကယ်လို့ သူတို့ကတကယ်ပဲ အလားအလာကောင်းပြီး သစ္စာလည်းရှိမယ်ဆိုရင် သူတို့ကို ကောင်းကောင်းထောက်ပံ့ပေးလိုက်ပါ တကယ်လို့ လိုအပ်ရင် သူတို့ရဲ့ အနာဂတ်လေ့ကျင့်ရေးအတွက် အဇူရာတိမ်ဂိုဏ်းကို ခေါ်လာခဲ့
ပါရမီရှင်စာရင်းကို စာရင်းပြုစုထားပြီး ငါ့ဆီသတင်းပို့ပါ”
“ဟုတ်ကဲ့ပါ စီနီယာအစ်ကိုကြီး” သူမပြန်ပြောလိုက်၏။
နောက်ဆုံးတွင် ကျန်းယန် ချင်းရှုကိုပြောလိုက်သည်။
“မင်းလည်း အများကြီးကြိုးစားပေးခဲ့ပြီးသွားပြီ အခုကတော့ အဆင့်ချိုးဖြတ်တဲ့နေရာမှာပဲ အာရုံစိုက်ထားတော့
ဒီစစ်ရေးပြပွဲမှာ မင်းက အရေးအကြီးဆုံးနေရာက ပါ၀င်ခဲ့တာ ဆိုတော့ မင်းကိုကောင်းကောင်းဆုချီးမြှင့်ရမယ်
ဆရာ ချင်းရှုကို စိတ်ဝိညာဉ်လက်နက်တစ်ခုပေးပြီး ချီးမြှောက်ဖို့ အကြံပြုချင်ပါတယ် သင့်တော်လောက်လားဆရာ”
ချင်းယွင်ကျိ ချင်းရှုကိုကြည့်ပြီးပြုံးကာ ခေါင်းငြိမ့်ပြလိုက်၏။
“သူက ဆုချီးမြှင့်ခံရဖို့ ထိုက်တန်ပါတယ် ငါသူ့ကို ဟောက်ထျန်းတူပေးဖို့ ဆုံးဖြတ်ထားတယ်”
ပြောနေရင်း ဟောက်ထျန်းတူက ချင်းရှုရှေ့တွင် ပေါ်လာခဲ့လေသည်။
“ဒီလက်နက်က လွန်ခဲ့တဲ့ နှစ် ၂၀၀၀ တုန်းက လက်နက်သန့်စင်ပညာရှင်တစ်ယောက်ရဲ့ စိတ်ဝိညာဉ်လက်နက်ပဲ” ချင်းယွင်ကျိ ရှင်းပြလိုက်၏။
“အဲ့ဒီလက်နက်က လက်နက်သန့်စင်တဲ့နေရာမှာ အရမ်းသင့်တော်တယ် မင်းနဲ့တော့ ကွက်တိပဲ”
ချင်းရှု ငေးကြောင်သွားခဲ့သည်။ သူသည် စိတ်ဝိညာဉ်လက်နက်တစ်ခုကို ဒီလောက်လွယ်လွယ်ကြီး ရခဲ့ခြင်းပေလော။
စန်းစုန့်၀င်ထောက်လိုက်သည်။
“ဘာကြောင်ရပ်နေတာလဲ ဂိုဏ်းချုပ်ကိုကျေးဇူးတင်လိုက်လေ ဒါက အဆင့် ၂ စိတ်ဝိညာဉ်လက်နက် ငါ့ဟာထက်တောင် ကောင်းသေးတယ်”
“အို့ ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်” ချင်းရှု အမြန်ပြောလိုက်ပြီးနောက် တူကို လက်ခံလိုက်လေသည်။
ကျန်းကျစ်ချိုးကတော့ အားကျစွာ ငေးမောနေခဲ့၏။ သူရော အခုလို ဆက်ဆံမှုမျိုးကိုဘယ်တော့ခံရပါမည်နည်း။
သူသည် ဂိုဏ်း၏အစည်းအဝေးများတွင်ပါ ပါ၀င်နေရပြီဖြစ်ပြီး ဂိုဏ်းထဲတွင်လည်း အရေးပါသူတစ်ယောက်ဖြစ်လာနေပြီ ဖြစ်သောကြောင့် သူ့အချိန်ကလည်း ဘယ်လောက်မှ မလိုတော့ဘူးဆိုတာ သူယုံကြည်ပေသည်။
ထို့နောက် ကျန်းယန် ဂူဒူအာ့ဆီလျှောက်သွားလိုက်ပြီး လေးနက်စွာ ပြောလိုက်၏။
“စီနီယာ ကျွန်တော့်မှာ စီနီယာ့အတွက်နည်းနည်းလေး ကသိသအောက်ဖြစ်သွားစေနိုင်မယ့် အစီအစဉ်လေးတစ်ခုရှိပါတယ်
စီနီယာ့ရဲ့ စွမ်းအားက ကျွန်တော်တို့နဲ့ ကွဲပြားပေမယ့် ကျွန်တော် စီနီယာ့ကိုလေးစားပါတယ်
စီနီယာက လူသိခံရဖို့ ထိုက်တန်ပါတယ်
အဲ့တာကြောင့် ကျွန်တော်စီနီယာ့ကို လူတွေအဝေးက ကြည့်နိုင်ဖို့ စီစဉ်ထားပါတယ်”
ဂူဒူအာမျက်ခုံးပင့်လိုက်ကာ ဆွံ့အသွားခဲ့သည်။
ချင်းယွင်ကျိကလွဲပြီး ဘယ်သူက သူတို့နားကို ကပ်လာနိုင်ပါမည်နည်း။ အခုလိုလုပ်ရပ်ကြီးက သူတို့ကို ပြစားနေခြင်းမျိုးသာ မဟုတ်ပါလော။
“တကယ်ကြီး မဖြစ်မနေ လိုအပ်လို့လား” သူအကူအညီနဲ့စွာ မေးလိုက်၏။
ကျန်းယန် ခေါင်းငြိမ့်ပြလိုက်သည်။
“ဒီစစ်ရေးပြပွဲက ကမ္ဘာကြီးကို အဇူရာတိမ်ဂိုဏ်းဘယ်လောက်သန်မာလဲဆိုတာ ပြသခဲ့တယ်
အဲ့တာကြောင့် စီနီယာရဲ့တည်ရှိမှုက အဇူရာတိမ်မြို့အတွက် ခြိမ်းခြောက်မှုတစ်ခုလို့ မြင်လာခံရလိမ့်မယ်
တကယ်လို့ အခြားသူတွေကသာ ဒီအချက်ကိုအသုံးချပြီး ကောလဟလလွှင့်လိုက်မယ်ဆိုရင် ကျွန်တော်တို့ တည်ဆောက်ထားသမျှအားလုံး ပြိုကျသွားလိမ့်မယ်
အဲ့တာကြောင့် ကျွန်တော်က စီနီယာတို့က စွမ်းအားကြီးပေမယ့် အရမ်းတော့အန္တရာယ်မရှိဘူးဆိုတာ လူတွေကို မြင်စေချင်တာ”
ဂူဒူအာ အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်၏။
“မင်းသဘောပါပဲ”
သူတကယ်ကို ဆွံ့အနေခဲ့မိသည်။ သူ့လို တည်ရှိမှုတစ်ခုက အခုလို လူအများဝိုင်းကြည့်ခံစရာအခြေအနေထိ လျှော့ချခံလိုက်ရခြင်းက လွန်လွန်းလှ၏။
သူသေသည်အထိ ပြန်မတိုက်ခိုက်ခဲ့မိတာကိုပင် နောင်တရသလို ခံစားလာရမိသည်။
အားလုံး စီစဉ်ပြီးနောက် ကျန်းယန် ကျန်းချန်းရှန် ၀မ်ပေ့လဲ့နှင့်လျန့်ယိတို့ဘက် လှည့်လိုက်ကာ
“မင်းတို့လည်း ဒီစစ်ရေးပြပွဲမှာ ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့ကြတယ်
ဒါပေမယ့် မင်းတို့ တာ၀န်ကအရမ်းကြီးတော့ မင်းတို့နားလို့တော့ မရသေးဘူး
မင်းတို့အဖွဲ့တွေဆီ ပြန်သွားပြီး အဖွဲ့တွေကို တိုးတက်အောင်လုပ်ပါ မင်းတို့ကျင့်ကြံခြင်းကိုလည်း မေ့မထားနဲ့”
“အားလုံး နားလည်ပြီဆိုရင်တော့ အစည်းအဝေးကို ဒီမှာပဲ ရပ်နားလိုက်ကြရအောင်ပါ”
လူတိုင်း လူစုကွဲသွားပြီးနောက် ကျန်းယန် ဂူဒူအာတို့ကို တားမြစ်နယ်မြေသို့ ပြန်လိုက်ပို့ခဲ့၏။
သို့သော် သူကတော့ မနားခဲ့ပေ။ သူနောက်အတွဲထုတ်ဖို့အတွက် အဇူရာတိမ်မြို့သတင်းစာရုံးဆီ သွားခဲ့သည်။
ခေါင်းစည်းသတင်း: စစ်ရေးပြပွဲ အောင်မြင်စွာ ပြီးဆုံးသွားခြင်း!
….
တပည့်တစ်ယောက် မေးလိုက်၏။
“စီနီယာအစ်မ ကျွန်တော့်ကျင့်ကြံခြင်းကအရမ်းနှေးနေတယ် အဲ့ဒီကိစ္စကြောင့် ကျွန်တော်အတော်လေး စိတ်ဒုက္ခရောက်နေရတယ်”
ချောင်ယင် ဖြေလိုက်သည်။
“စိတ်ပူဖို့မလိုပါဘူး စီနီယာအစ်ကိုကြီးကပြောတယ် ကျင့်ကြံခြင်းဆိုတာက လမ်းကြောင်းရှည်ကြီးတစ်ခုပဲတဲ့ တစ်နေ့ချင်းနည်းနည်းဆီသာ ဆက်သွားနေရင် တာအိုပေါင်းစည်းခြင်းအဆင့် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တွေဆီ ရောက်ဖို့က ပြဿနာမဟုတ်ဘူးတဲ့”