← Chapters

လန်ကျားအထွတ်အမြတ်မြေရဲ့ ကောင်းကင်ကတောင် မှောင်တယ်

Vol. 33 Ch. 340

လန်ကျားအထွတ်အမြတ်မြေရဲ့ ကောင်းကင်ကတောင် မှောင်တယ်

Vol. 33 Ch. 340

အဇူရာတိမ်သတင်းစာနောက်ဆုံးတွဲက အလျင်အမြန်ပင် နေရာအစုံသို့ ပျံ့နှံ့သွားခဲ့လေသည်။

အဇူရာတိမ်မြို့သည် လူပေါင်းများစွာ၏ စုံမှတ်နေရာတစိခုဖြစ်လာသောကြောင့် သတင်းစာအစောင်ရေများစွာက လျင်မြန်စွာ ရောင်းထွက်သွားခဲ့၏။

သတင်းစာ၏ ပထမစာမျက်နှာတွင် စာလုံးမည်းကြီးများဖြင့် ရေးထားသည်မှာ

“အဇူရာတိမ်ဂိုဏ်း၏ စစ်ရေးပြပွဲ အောင်မြင်စွာ ပြီးဆုံးသွားခြင်း”

များစွာသော ကြည့်ရှုသူများ၏ မျက်လုံးများအောက်တွင် စစ်ရေးပြပွဲက အောင်မြင်စွာ ပြီးဆုံးသွားကြောင်း ထိုသတင်းစာထဲတွင် ဖော်ပြထားခဲ့သည်။ ကောင်းကင်အခြေပြုလက်နက်နှင့် ဖျက်ဆီးသူ ၁ တို့၏ စွမ်းအားကြီးမားပုံက ကြည့်ရှုသူများကို တုန်လှုပ်သွားစေကြောင်းလည်း ရေးသားထားခဲ့ဧ။။်

မျက်နှာဖုံးတွင်တော့ တပည့်များက လက်နက်များကိုကိုင်ဆောင်ပြီး စစ်ရေးပြနေပုံကို ထည့်သွင်းဖော်ပြထားခဲ့သည်။

ဒုတိယစာမျက်နှာတွင် လာရောက်ကြည့်ရှုသူများ၏ ပုံများကိုဖော်ပြထားခဲ့ပြီး တက်ရောက်ခဲ့သော ဂိုဏ်းများ၏စာရင်းကိုလည်း ပူးတွဲဖော်ပြထားခဲ့၏။ ထိုစာရင်းတွင် လန်ကျားအထွတ်အမြတ်မြေမှလွဲပြီး ဂိုဏ်းကြီးတိုင်း ပါ၀င်ပေသည်။

စာရင်းကို ဂိုဏ်းကြီး ၉ ဂိုဏ်းနှင့်စထားသောကြောင့် တကိ်ရောက်သူ စာရင်းက ပိုပြီးထင်ရှာ‌းနေခဲ့၏။

‌တတိယစာမျက်နှာတွင် လက်နက်ပုံများ ကျန်းယန် အမိနိ့ပေးနေပုံနှင့် စစ်ရေးပြ‌ေန‌ေသာတပည့်များပုံများကို ထည့်သွင်းထားခဲ့ပြီး နောက်ဖံုးတွင်တော့ ဖျက်ဆီးသူ ၁ ၏ ပေါက်ကွဲပုံကို ပြသထားခဲ့သည်။

စစ်ရေးပြပွဲကို တက်ရောက်ခဲ့သူများသည် ထိုသတင်းစာကိုဖတ်ပြီး သဘောတူဟန်ဖြင့် ခေါင်းတငြိမ့်ငြိမ့်လုပ်နေခဲ့ကြ၏။

သူတို့သည် အရာအားလုံးကို မြင်ခဲ့ရသူများဖြစ်သောကြောင့် ဤသတင်းစာက ချဲ့ကားရေးသားထားခြင်းမဟုတ်ကြောင်း ကောင်းကောင်းကြီး သိကြသည်။

သို့သော် ထိုသတင်းစာကို လန်ကျားအထွတ်အမြတ်မြေရသွားသောအခါတွင်တော့ သူတို့ ဒေါသတကြီး တုန့်ပြန်ခဲ့ကြ၏။

“ရိုင်းလိုက်လေ ခွေးကောင်တွေ သူတို့ကတကယ်ကြီး ဒီလက်နက်တွေက တာအိုပေါင်းစည်းခြင်းအဆင့် အထွတ်အထိပ်တို့ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တို့နဲ့ ယှဉ်နိုင်တယ်လို့ ထင်နေတာလား”

“လက်နက်တစ်ခုကသာ ဒီအဆင့်ထိရောက်လာနိုင်ရင် ငါတို့အားလုံး ဘာလို့ကျင့်ကြံနေကြတော့မှာလဲ”

‌ကျားရှန်း လှောင်ပြောင်လိုက်သည်။

“အဇူရာတိမ်ဂိုဏ်းက လှည့်ကွက်တွေလုပ်ရတာကို သဘောကျတယ် ဒီစာရင်းကို ကြည့်ကြည့် သူတို့ကတမင် လန်ကျားအထွတ်အမြတ်မြေ ပွဲတက်မလာဘူးဆိုတာ သိသာအောင်လုပ်ထားတာ

ငါတို့ကို ဖယ်ကျဉ်ဖို့ကြိုးစားနေတာလား ရယ်စရာကောင်းလိုက်လေ

ပြီးတော့ အခြားဂိုဏ်းကြီးတွေ တက်တယ်ဆိုတာကိုလည်း မယုံဘူး”

ဂိုဏ်းချုပ်ခံုတွင်ထုိင်‌ေန‌ေသာ သူတော်စင် မျက်မှောင်ကြုံ့နေခဲ့၏။

အရိုးသားဆုံးပြောရလျှင် ဤသတင်းစာက အတုလား အစစ်လား သူလည်းသေချာမသိပေ။

လန်ကျားအထွတ်အမြတ်မြေသည် သေနတ်များကို သွန်းလုပ်ခဲ့ပြီးပြီဖြစ်ပြီး ထိုသေနတ်များက စာများထဲတွင်ဖော်ပြထားသလောက် အစွမ်းထက်မနေခဲ့ပေ။ အကယ်၍ အဇူရာတိမ်ဂိုဏ်းက သေနတ်များနှင့်ပတ်သက်ပြီး ချဲ့ကားပြောဆိုခဲ့သည်ဆိုလျှင် သူတို့သည် အခြားလက်နက်များအကြောင်းကိုလည်း ချဲ့ကားပြောဆိုနိုင်ချေ ရှိပေသည်။

နောက်ဆုံးတွင် စစ်ရေးပြပွဲသည် အဇူရာတိမ်ဂိုဏ်းနယ်မြေတွင်သာ ကျင်းပခဲ့ခြင်း မဟုတ်ပါလား။ သူတို့သည် အလင်းမျက်နှာပြင်တွင် လှည့်ကွက်များ သုံးထားခြင်းလည်း ဖြစ်နိုင်၏။

သို့သော် အဘယ်ကြောင့် အခုလောက်ကြိုးစားပြီး အတုလုပ်ထားကြပါသနည်း။

သူနားမလည်နိုင်ပေ။

ထိုစဉ် ခန်းမထဲတွင် ငြင်းခုန်ခဲ့ကြပြီးနောက် နောက်ဆုံးတွင် တာအိုပေါင်းစည်းခြင်းအဆင့်များက ထိုကိစ္စကို မယုံဖို့ ဆုံးဖြတ်လိုက်ကြ၏။

ထို့နောက် တုရှန် ပြောလိုက်သည်။

“တစ်လပြီးရင် ကျွန်တော်တို့ရဲ့ သေနတ်ထုတ်လုပ်မှုက အလက်ရေ ၁သောင်း ကျော်သွားတော့မှာ

ကျွန်တော်တို့တွေ သေနတ်တပ်ဆင်ထားတဲ့တပည့်တွေကို ကမ္ဘာကြီးဆီ ပြသသင့်ပြီလား

ပြီးရင် ကျွန်တော်တို့ကိုယ်ပိုင် လန်ကျားအထွတ်အမြတ်မြေသတင်းစာကိုလည်း ထုတ်ရမယ် အဲ့ဒီအဇူရာတိမ်ဂိုဏ်းကကောင်တွေ အပုတ်ချတာကို ထပ်ခံလို့ မဖြစ်တော့ဘူး

ဒီအခွင့်အရေးကိုယူပြီး တစ်ချီတည်းနဲ့ အခြေအနေကို ပြောင်းပြန်လှန်ပစ်ရမယ်”

အကြီးအကဲအားလုံး ခေါင်းငြိမ့်လိုက်ကြပြီး ဤအချိန်က အကောင်းဆုံးအခွင့်အရေးပဲဟု သဘောတူလိုက်ကြသည်။

သူတော်စင်သခင်လည်း အသာအယာခေါင်းငြိမ့်ပြလိုက်ကာ

“ဒါဆို ဆက်လုပ်ကြပါ”

မကြာခင်တွင် လန်ကျားအထွတ်အမြတ်မြေသတင်းစာ ထွက်လာခဲ့လေသည်။

သတင်းစာမျက်နှာဖုံးတွင် လန်ကျားအထွတ်အမြတ်မြေ၏ သေနတ်တပ်ဆင်‌ေပးထား‌ေသာ တပည့်၁၀၀၀၀ကိုပြသထားခဲ့ပြီး အကြီးအကဲကျားရှန်က ကျန်းယန်ကိုအတုခိုးပြီး စစ်ရေးပြပွဲအတွက် အမိန့်ပေးနေဟန် ပြုလုပ်နေခဲ့၏။

ထိုသတင်းစာက လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။

သတင်းစာသည် အဇူရာတိမ်မြို့က ကျင်းရှန် ယွင်စုန့် ကျန်းတောက်နှင့်အခြားသူများဆီ ရောက်သွားချိန်တွင်တော့ သူတို့အားလုံး ချက်ချင်း စိတ်တိုကုန်ကြ၏။

“ကောင်းတယ် အရမ်းကောင်းတယ် လန်ကျားအထွတ်အမြတ်မြေ”

“သူတို့က အဇူရာတိမ်ဂိုဏ်းဆီက သေနတ်တစ်သောင်းရထားတာကိုး ဒါတောင် သူတို့က မဟာမိတ်မဟုတ်ပါဘူးလို့ ငြင်းနေသေးရင် ငါသူတို့မျက်နှာကို တံတွေးနဲ့ထွေးပစ်မယ်”

“သူတို့က အဇူရာတိမ်သတင်းစာကိုတောင် အတုခိုးထားသေးတယ် ဒါတောင် မဟာမိတ်မဟုတ်ဘူးလို့ ပြောရဲရသလား”

ဂိုဏ်းကြီးများ၏ ကိုယ်စားလှယ်များ အလွန်ဒေါသထွက်နေခဲ့ကြသည်။

လန်ကျားအထွတ်အမြတ်မြေသည် သူတို့ကို အရူးလုပ်နေသည်ဟု သူတို့ခံစားနေခဲ့ကြရ၏။

အခြားဂိုဏ်းများကလည်း လန်ကျားအထွတ်အမြတ်မြေကို လှောင်ပြောင်နေခဲ့ကြသည်။

သူတို့သည် စစ်ရေးပြပွဲကို ကိုယ်တိုင်မြင်ခဲ့ရသူများဖြစ်သောကြောင့် လန်ကျားအထွတ်အမြတ်မြေသတင်းစာက ထိုအရာကိုအတုဟု ပြောနေခြင်းက သူတို့အတွက် ရယ်စရာ ဖြစ်နေခဲ့၏။

“လန်ကျားအထွတ်အမြတ်မြေက မိတ္တူကြီးပါကွာ သေနတ်တွေ ၀င်္ကပါတွေ အကုန်လုံးကို ကူးချနေတော့တာပဲ”

“သူတို့က ကိုယ်ပိုင်ဟန်တောင်မရှိဘဲနဲ့ သူများကို တကယ့်အတုအယောင်ကြီးလို့ ပြောနေသေးတယ် ရှက်လည်းမရှက်ကြဘူး”

“လန်ကျားအထွတ်အမြတ်မြေ သတင်းစာက အတုကြီးပဲ နောက်ဆိုအလကားပေးတောင် မဖတ်တော့ဘူး”

ဝေဖန်မှုများက နေရာအနှံ့တွင် ထွက်ပေါ်လာခဲ့လေသည်။

ထိုစဉ် အခြားကုနး်မြေတိုက်ကြီးများပေါ်ရှိ လန်ကျားအထွတ်‌အမြတ်မြေသတင်းစာကို ရရှိသွားကြသူများလည်း မျက်မှောင်ကြုံ့နေခဲ့ကြ၏။

လန်ကျားအထွတ်အမြတ်မြေသည် တကယ်ကြီး သေနတ်ကိုအောင်မြင်စွာ ထုတ်လုပ်သွားနိုင်ခဲ့ခြင်းပေလော။

တကယ်တော့ သေနတ်အကြောင်းကြားပြီးကတည်းက ဂိုဏ်းပေါင်းများစွာက ထိုသေနတ်ကိုတုပထုတ်လုပ်ဖို့ ကြံခဲ့ကြသည်။ သို့သော် ဘယ်သူမှ မအောင်မြင်ခဲ့ကြပေ။

ထို့ကြောင့် လန်ကျားအထွတ်အမြတ်မြေ၏ ရလဒ်က သူတို့ကို အံ့အားသင့်သွားစေခဲ့ခြင်း ဖြစ်၏။

အဇူရာတိမ်ဧည့်ဂေဟာတွင် ကျင်းရှန် ကျန်းတောက်နှင့်ယွင်စုန့်တို့ ဧည့်ကြို ကောင်တာဆီရောက်သွားခဲ့ပြီး မေးလိုက်သည်။

“ငါတို့အခု အဇူရာတိမ်ဂိုဏ်းကိုအလည်သွားလို့ ရမလား”

ချွန်းရှောင် ခေါင်းယမ်းပြလိုက်၏။

“လတ်တလော စီနီယာအစ်ကိုကြီးက အလုပ်ရှူပ်နေပါတယ် သူက ဂိုဏ်းပေါင်းစုံနဲ့ အစည်းအဝေးလုပ်နေရတော့ အရမ်းအလုပ်ရှုပ်နေတာကြောင့် အချိန်မရှိပါဘူး”

ကျင်းရှန်၏ အမူအရာ မည်းမှောင်သွားခဲ့သည်။

“ကိုယ်တော်က ကွေ့ယွမ်ဘုရားကျောင်းက တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်ပါ ကျန်းယန်ကို အဲ့ဒီအကြောင်းမပြောခဲ့ဘူးလား”

ယွင်စုန့်နှင့်ကျန်းတောက်တို့လည်း စိတ်မကျေမနပ်ဖြစ်သွားခဲ့၏။

ဂိုဏ်းကြီးများမှ တာအိုပေါင်းစည်းခြင်းအဆင့်များဖြစ်သော သူတို့သည် ဘယ်နေရာရောက်ရောက် လေးစားခံကြရသူများဖြစ်ကြသည်။ သို့သော် ဒီနေရာတွင်တော့ လူတစ်ယောက်ကိုတွေ့ချင်တာတောင် စောင့်ဆိုင်းနေခဲ့ကြရ၏။

ချွန်းရှောင် ခါးသက်သက်ပြုံးလိုက်ကာ

“ကျွန်မ သူ့ကိုသတင်းပို့ပြီးသွားပါပြီ သူပြောတာတော့ စီနီယာတို့နဲ့က တိုက်ရိုက်အဆက်အသွယ်အရမ်းရှိနေတာမျိုးမဟုတ်တော့ အရေးကြီးကိစ္စမှမဟုတ်ရင်….ဒါပေမယ့် လန်ကျားအထွတ်အမြတ်မြေကဆိုရင်တော့ တိုက်ရိုက်၀င်လာလို့ ရတယ်လို့ ပြောခဲ့ပါတယ်”

ရုတ်ချည်းဆိုသလို သူတို့ဒေါသအိုးများပေါက်ကွဲထွက်သွားခဲ့ပြန်သည်။

ရှင်းလင်းစွာပင် အဇူရာတိမ်ဂိုဏ်းသည် သူတို့မဟာမိတ်ကိုခွဲခြား၍ ဆက်ဆံနေခြင်းပင်။

ကျင်းရှန် အေးစက်စက်ပြောလိုက်၏။

“ကိုယ်‌ေတာ်တို့အဇူရာတိမ်ဂိုဏ်းကိုသွားမရဘူးဆိုမှတော့ လန်ကျားအထွတ်အမြတ်မြေကို သွားပြီးပဲ သူတို့ကို တိုက်ရိုက်မေးလိုက်ကြတာပေါ့”

“သဘောတူတယ်”

ထို့နောက် သူတို့အဖွဲ့ လန်ကျားအထွတ်အမြတ်မြေဆီ ဦးတည်ထွက်ခွာသွားခဲ့လေသည်။

All Chapters