← Chapters

တွင်းတူးခြင်း

Vol. 143 Ch. 1989

တွင်းတူးခြင်း

Vol. 143 Ch. 1989

ကျောက်လိုင်ဖေး သေသွားလေပြီ။ သူ သေတော့မည့်အချိန်ထိ နားမလည်သေးပေ။ သူက ဘယ်လိုလုပ် ဒီအတိုင်းသေသွားရတာလဲ။

သူသည် မျိုးနွယ်ကြီးတစ်ခုမှ ခေါင်းဆောင်ဖြစ်ကာ ဧကရာဇ်အဆင့်သို့ ရောက်ရန် ခြေလှမ်းတစ်ဝက်သာ လိုတော့သည်။ သူ့မှာ ဒီလောက် မြင့်မားတဲ့ အဆင့်အတန်းရှိနေတာ… အဲတော့… ဘယ်လိုလုပ် ဒီလိုအခြေအနေမှာ သေ နိုင်မှာလဲ။

အတော် ကသိကအောက်နိုင်လှသည်။

မဟုတ်ဘူး.. သူ သေသွားမယ်လို့ ဘယ်တုန်းကမှမထင်ခဲ့ဘူး။ သူက ဧကရာဇ်အဆင့်ကို ရောက်နေတဲ့ လူတစ်ယောက်ပဲ။

သူတို့မှာ ကျင့်စဉ်ဖိုရှိတာနဲ့ သူတို့ဆီကနေ ဝိညာဉ်စွမ်းအားရနိုင်ပြီးတော့ သူတို့ကနေတစ်ဆင့် မွေးလာတဲ့ သားသမီးတွေကလည်း ကျင့်စဉ်ဖိုဖြစ်လာမှာ ပဲ။ သူတို့မှာ ကျင့်စဉ်ဖိုရှိတာနဲ့ သေချာပေါက် ဧကရာဇ်အဆင့်ကို တက်သွားရ မှာလေ။

သူက သူ့ကိုယ်သူ ဧကရာဇ်အဆင့်တက်တာကိုပဲ စိတ်ကူးပုံဖော်ခဲ့တာ။ ဘယ်လိုလုပ် ဒီမှာသေမှာလဲ။

သူ ဘယ်လောက်ပဲ ဆန္ဒမရှိပါစေ သေရတော့မည်။ သူ၏ နှလုံးကို စူးဝင် သွားပြီး ကိုယ်တွင်းအင်္ဂါများမှာလည်း အရိပ်မည်း၏ စွမ်းအားကြောင့် ပျက်စီး သွားလေပြီ။

သူ ချန်းမျိုးနွယ်အိမ်တော်ကို မလာလိုက်ရင် အကောင်းသား။

ထိုအရာများသည် ကျောက်လိုင်ဖေး၏ နောက်ဆုံးအတွေးများဖြစ်သလို သူ့ဘဝတွင် နောင်တအရဆုံးကိစ္စဖြစ်သည်။

သူသည် မြေပေါ်သို့လဲကျသွားပြီး အကြည့်မှာလည်း ခပ်ဖျော့ဖျော့သာ ကျန်တော့ကာ သေဆုံးခြင်းရောင်ဝါများ ပတ်ပတ်လည်ဝိုင်းနေသည်ကို ချန်းစန်း ခံစားမိလိုက်သည်။

“ဟေး မင်းက တကယ်ပဲ ချောင်းမြောင်းတိုက်ခိုက်လိုက်တာပဲ” ယွင်ရာ ရယ်မောလေသည်။

“ရလဒ်ကောင်းရင် ပြီးတာပဲလေ.. နည်းလမ်းတွေဘာတွေ အရေးမပါတဲ့ ဟာတွေ ရွေးနေဖို့မလိုဘူး” ရှီမာယူယူသည် ရှက်စရာကောင်းသည်ဟု မခံစားရ ပေ‌ “ပြီးတော့ အရင်က ဒါမျိုးမလုပ်ဖူးဘူးလား”

“ဟီးဟီး ငါက တစ်လျှောက်လုံး ဗီလိန်ဖြစ်နေတာလေ” ယွင်ရာသည် ဝန်ခံလိုက်ရာ သူမ မျက်လုံးကိုလှိမ့်လိုက်သည်။

“လောင်ကျောက်ကို ဘာလို့သတ်လိုက်တာလဲ သူက ကျောက်မျိုးနွယ်ရဲ့ မျိုးနွယ်ခေါင်းဆောင်ပဲ.. သူ ဒီမှာသေသွားရင် ကျောက်မျိုးနွယ်ကို ဘယ်လို ရှင်း ပြရတော့မလဲ” ချန်းစန်းသည် သတိပြန်ဝင်လာကာ ရှီမာယူယူအား ကြည့်ပြီး အော်ပြောလေသည်။

“ဘယ်လိုရှင်းပြမှာလဲဟုတ်လား အဲဒါ ရှင်တို့ကိစ္စလေ.. ကျွန်မတို့ သူ့ကို သတ်လိုက်တယ်လို့ ရှင်တို့ ပြောလို့ရတယ်.. ဒါပေမဲ့ သူတို့ မယုံမှာတော့ စိုးရ တာပေါ့” ရှီမာယူယူ ပြောလိုက်သည်။

မယုံသည်သာမကဘဲ ကျောက်လိုင်ဖေး သေဆုံးသွားသည့် ဤနေရာမှ သူတို့ အသက်ရှင်လျက်ပြန်သွားနိုင်ပါက သူတို့သည် သူမနှင့် တစ်ဖက်တည်း ရပ်တည်လိုက်သည်ဟု ကျောက်မျိုးနွယ်များ သေချာပေါက် ပြောမည်ဖြစ် သည်။ ရှီမာယူယူဘက်မှ လူများ၏ လက်ချက်ဖြစ်သည်ဟု ပြောလျှင်တောင် မည်သူမှ ယုံကြမည်မဟုတ်ပေ။

သို့သော် သူတို့ သူမကို ဆက်လက်ထိန်းထားနိုင်မည်လား။ ပို၍ပင် မဖြစ် နိုင်ပေ။ ချန်းမျိုးနွယ်သည် သူမကို တည့်တည့်ပင်မကြည့်ရဲကြပေ။ သူမကို တိုက်ခိုက်ရန် အင်အားက မည်သည့်နေရာမှ ရောက်လာမည်နည်း။

မည်သို့ပင်ဖြစ်စေကာမူ ချန်းမျိုးနွယ်သည် မတတ်သာတော့ဘဲ ထို ဝန်ထုတ်ဝန်ပိုးကို သယ်ပိုးရတော့မည်။ မျိုးနွယ်နှစ်ခုကြားမှ ဆက်ဆံရေးသည် မဟာမိတ်အဖြစ်မှ ရန်သူအဖြစ် ပြောင်းရတော့မည်။

ချန်းမျိုးနွယ်နှင့် ကျောက်မျိုးနွယ်သည် အစကပင် အလွန်သန်မာကြ သည်။ ယခုအချိန်တွင် ကျောက်မျိုးနွယ်သည် မိသားစုခေါင်းဆောင်ကို ဆုံးရှုံး လိုက်ရပြီး ချန်းမျိုးနွယ်မျာလည်း အကြီးအကဲ ၄ ယောက် ဆုံးရှုံးလိုက်ရသည်။ မျိုးနွယ်ဝင်များ အသက်ဆုံးရှုံးသည်ကိုတော့ ပြောရန်ပင်မလိုတော့ပေ။ သူတို့ ခံစားရသည့် အပျက်အစီးမှာ ပိုကြီးမားသည်။ သူတို့ရလာသော တစ်ခုတည်း သော အကျိုးအမြတ်မှာ မျိုးနွယ်နှစ်ခု ဆက်ဆံရေး ဆိုးတော့မည်ကို ကြိုသိ ထားခြင်းဖြစ်ပြီး ပြင်ဆင်ထားရန်သာဖြစ်သည်။

ထိုကိစ္စသည် ရှီမာယူယူ ချန်းမျိုးနွယ်အတွက် တွင်းတူးပေးလိုက်သည်ကို ချန်းစန်း သိသည်။ သူမသည် မိသားစုနှစ်ခုကို တိုက်ခိုက်စေလိုခြင်းဖြစ်သည်။

သို့သော် ထိုအရာသည် အခွင့်အရေးလည်းဖြစ်သည်။ သူတို့သာ အစီအစဉ်ကို သေချာဆွဲပါက ကျောက်မျိုးနွယ်ကို ဝါးမျိုနိုင်မည်ဖြစ်သည်။

ရှီမာယူယူသည် ချန်းစန်း၏ မျက်နှာပြောင်းပြီးရင်း ပြောင်းသွားသည်ကို မြင်သောအခါ အတွေးများနေသည်ကို သိလိုက်ရသည်။ သို့သော် ထိုအရာများ သည် သူမနှင့် မဆိုင်ပေ။

“ရှင်တို့မှာ ကန့်ကွက်စရာမရှိတော့ဘူးဆိုတော့ ကျွန်မတို့ အရင်သွားနှင့် လိုက်ပါမယ်.. ကျွန်မ ဟိုင်ရှင်းကို ခေါ်သွားမယ်.. သူမ ကျွန်မနဲ့ရှိတာကို တခြား သူတွေသိသွားရင်တော့ ရလဒ်ကို မှန်းလို့ရမယ်လို့ ကျွန်မထင်ပါတယ်” သူမ မတ်တတ်ရပ်လိုက်သည်နှင့် အမည်းလေးလေ သတိမေ့နေသော ဟိုင်ရှင်းကို ကျောပေါ်တင်လိုက်သည်။

ချန်းစန်းသည် ဟိုင်ရှင်းကိုကြည့်ပြီး အနည်းငယ် တွန့်ဆုတ်နေသေးသည်။ သို့သော် မည်မျှပင် စိတ်မပါစေကာမူ သူသည် အနည်းငယ်မှ ထင်ပေါ်နေ၍ မဖြစ်ပေ။

သူသည် ရှီမာယူယူဆီသို့ လက်အုပ်ချီကာ ပြောလိုက်သည် “မင်းသမီး လေးလည်း ဒဏ်ရာရထားတာပဲ… မဟုတ်ရင် မျိုးနွယ်ထဲမှာ ရက်ပိုင်းလောက် အနားယူပြီးမှ သွားပါလား”

ရှီမာယူယူ ပြုံးလိုက်သည် “ရှင် ကျွန်မကို ရှင်တို့မျိုးနွယ်ထဲမှာ နေခိုင်းရဲ သေးတယ်ပေါ့”

“အဟမ်း” ချန်းစန်းသည် သူ့အတွေးများ ပေါ်ပေါက်သွားမည်စိုးသဖြင့် ချောင်းကို ခြောက်သွေ့စွာ နှစ်ကြိမ်မျှဟန့်လိုက်သည်။

ရှီမာယူယူသည် နေရဲသည်။ သို့သော် သူ့မှာတော့ သူမကို မနေခိုင်းရဲပေ။

ရှီမာယူယူနှင့် တခြားသူများထွက်သွားကြသည်။ ဟွမ်သည် လေဟာပြင် ဝင်ပေါက်ဖွင့်ပြီး ချန်းမျိုးနွယ်ကို တစ်ချက်ပင် ပြန်မကြည့်ဘဲ အားလုံးကို ဦးဆောင်ခေါ်သွားလေသည်။

ချန်းစန်းသည် ချန်းမျိုးနွယ်ကို ရှက်ရွံ့စွာဖြင့်ကြည့်လေသည်။ ပြီးနောက် မြေပေါ်တွင် လဲကျနေသော ကျောက်လိုင်ဖန်းကို ကြည့်ပြီး ခေါင်းကိုက်လာ သည်။

“ခေါင်းဆောင် ခေါင်းကိုက်နေရမယ့်အချိန်မဟုတ်ဘူး.. ကျုပ်တို့တွေ ပြင်ဆင်ရတော့မယ်.. မဟုတ်ရင် ဒီနေ့အဖြစ်အပျက်ကို ကျောက်မျိုးနွယ်တွေ သိရင် အဆိုးတွေဖြစ်လာလိမ့်မယ်” အကြီးအကဲ ပြောလိုက်သည်။

“အဲဒါတော့ ခင်ဗျားတို့ပြောမှလား” ချန်းစန်းသည် စိတ်မချမ်းမြေ့တော့ ပေ။ သို့သော် ထိုကိစ္စများကို ဖြေရှင်းရဦးမည်။ “အရင်ဆုံး မျိုးနွယ်ဝင်တွေကို ကုပေးလိုက်ဦး.. ပြီးတာနဲ့ အကြီးအကဲတွေအကုန် ဆွေးနွေးဖို့ အစည်းအဝေး ခန်းမကို လာခဲ့ကြ”

“ကျောက်မျိုးနွယ်ရဲ့ အလောင်းတွေကို ဘယ်လိုလုပ်ကြမလဲ”

အရိပ်မည်း ကျောက်လိုင်ဖေးကို သတ်လိုက်ချိန်တွင် ဟွမ်သည်လည်း ကျန်သည့် ကျောက်မျိုးနွယ်များကို သတ်ခဲ့သည်။ ယခု သူတို့အလောင်းများ သည် မြေပေါ်တွင် ပြန့်ကျဲနေပြီး သန့်ရှင်းရေးမလုပ်ရသေးပေ။

“ဘာလုပ်ရဦးမှာလဲ.. ဒီနေရာမှာတင် ဖျက်ဆီးပစ်ရမှာပေါ့.. သူတို့ကို ပြန်ပို့ဖို့မှ ဖြစ်နိုင်တာ” ချန်းစန်းသည် စိတ်မရှည်စွာ ပြောပြီးနောက် လှည့်ထွက် သွားလေသည်။

ထို့နောက်တွင် အကြီးအကဲများလည်း ထွက်သွားကြပြီး ကျန်လူများ သည် ကျောက်မျိုးနွယ်အလောင်းများကို ရှင်းလင်းကြလေသည်။

ရှီမာယူယူနှင့် တခြားသူများသည် ချန်းမျိုးနွယ်၏ ပိုင်နက်ထဲမျထွက်လာ ပြီးနောက် လူသူရှင်းလင်းသည့် တောင်ကြားကိုရှာပြီး အနားယူကြသည်။ လျှို့ဝှက်နေရာကို ရှာမရရန်အတွက် အရိပ်မည်းသည် တောင်ခြေတွင် ဂူတစ်ဂူ တူးလိုက်သည်။

ရှီမာယူယူသည် အမည်းလေး၏ ကျောပေါ်မှ ဟိုင်ရှင်းကို မ,ချီပြီး သူမ အိပ်ရာပေါ်တင်ကာ စစ်ဆေးပြီးနောက် ကုသပြီး ဆေးတိုက်လိုက်သည်။

သူမ ပြီးစီးချိန်တွင် တခြားသူများ ဝင်လာသည်။ ဟိုင်ရှင်းကို သန့်စင် ပေးထားသည်ကို ကြည့်ပြီး ယွင်ရာ မျက်ခုံးပင့်လိုက်သည် “သူမကို ဘာလို့ ဒီလောက် ကောင်းပေးနေတာလဲ.. သူတို့ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့်လား”

“ဘယ်လိုထင်လဲ” ရှီမာယူယူသည် သူ့ကို ပြန်မေးလေသည်။

“အဲလိုတော့ဟုတ်ပုံမရဘူး” သူမသည် ထိုကဲ့သို့လူမျိုးမဟုတ်သည်ကို ယွင်ရာခံစားမိသည်။ မဟုတ်လျှင် သူမသည် ထိုအရာများကိုလုံးဝ စိတ်မဝင်စား သည်လား။

ရှီမာယူယူ ပြုံးလိုက်သည် “ဒီအတိုင်းပဲ သူတို့က သနားစရာကောင်းလို့ပါ”

ယွင်ရာ ထိုသို့ မတွေးမိပေ။ သူမ၏ အပြုံးမှာ သူမသိသည့် အဓိပ္ပာယ် သက်ရောက်သည့်ပုံပင်။

တကယ်တော့ သူမသည် ကျန်းမျိုးနွယ်နှင့် ရှီမန်မျိုးနွယ်တို့ ချေမှုန်းခံရ သည့်အဖြစ်ကို တွေးမိလိုက်ခြင်းဖြစ်သည်။ ကလေးနှစ်ယောက်သည် ငယ်ရွယ် လွန်းကာ ကပ်ဘေးကြီးကို ရင်ဆိုင်ရပြီး ဤကဲ့သို့ခက်ခဲသော အခြေအနေသို့ ရောက်ခဲ့သည်။ သူမသည်လည်း ဤကဲ့သို့အခြေအနေမျိုး ရင်ဆိုင်ခဲ့ရပြီး အင်အားရှိလာ၍သာ ချောမွေ့စွာ ဖြေရှင်းနိုင်ခြင်းဖြစ်သည်။

ဟိုင်ရှင်းသည် တိညာဉ်စေတီအတွင်းတွင် ကြာရှည်စွာ သတိမေ့နေခဲ့ပြီး ဆေးကုသပြီးနောက်တွင် အမြန်ပင်သတိလည်လာကာ သူတို့၏ စကားများကို ကြားလိုက်ရလေသည်။

“ကျွန်မကို ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်” သူမသည် ရှီမာယူယူကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။

ချန်းဖန်းအကျပ်ကိုင်သည့်အချိန်က ရှီမာယူယူသည်  မသက်မသာဖြစ် သွားကာ သူမကိုဂရုစိုက်ပေးသည်ကို မြင်လိုက်ရသည်။ ရှီမာယူယူသာ မရှိလျှင် သူမသည် အသက်ရှင်နိုင်မည်မဟုတ်ပေ။

“မင်းနိုးလာရင်လည်း ကောင်းကောင်းအနားယူလိုက်ဦး”

“ကျေးဇူးရှင် ဟိုင်ရှီး ဘယ်မှာလဲ” ဟိုင်ရှင်းသည် မှတ်မိရန်ကြိုးစားနေရ သည်။ သို့သော် ရှီမာယူယူ၏ အကြည့်များကြောင့် ရပ်တန့်သွားလေသည်။

ဝူလင်းယူ လောကအသေးကို ဖွင့်ပြီး ဟိုင်ရှီးကို ခေါ်ထုတ်လိုက်သည်။ ဟိုင်ရှီးသည် ဟိုင်ရှင်းကိုမြင်လိုက်သောအခါ ချက်ချင်းပင် ပြေးသွားပြီး သူမကို ဖက်ရင်းနှင့် ငိုလေသည် “မမ အီး.. မမကို ထပ်မတွေ့ရတော့ဘူးလို့ ထင်နေတာ”

“ဟိုင်ရှီး ငါ မင်းအစ်မကို ကယ်ပေးဖို့ ကတိပေးထားတာ အခုလုပ်ပြီးသွား ပြီ.. မင်းတို့မောင်နှမနှစ်ယောက် စကားပြောလိုက်ကြဦး”

ရှီမာယူယူသည် ပြောပြီးနောက် မောင်နှမနှစ်ယောက်ကို ထားပြီး ကျန်လူ များနှင့် ထွက်သွားလိုက်သည်။

နေ့တစ်ဝက်ကြာပြီးနောက် ဟိုင်ရှင်းသည် ဟိုင်ရှီးကို ဦးဆောင်ပြီး ထွက် လာသည်။ သူတို့နှစ်ယောက်သည် ယွင်ရာဆီသို့သွားပြီး ဒူးထောက်ကာ သုံးကြိမ်သုံးခါ ဦးညွှတ်ကန်တော့ပြီး ဟိုင်ရှီးကို ကယ်လာသည့်အတွက် ကျေးဇူး တင်လေသည်။ ထို့နောက် ထကာ ရှီမာယူယူဆီသို့သွားကာ ဒူးထောက်ပြီး သုံးကြိမ်တိုင်တိုင် ကန်တော့ပြန်သသည်။

ဟိုင်ရှင်းသည် သူမအား ပြတ်သားသော မျက်လုံးများဖြင့် ကြည့်လေသည် “မင်းသမီးလေး ကျွန်မတို့ကို နောက်ကလိုက်ခွင့်ပြုပါ”

***

All Chapters