← Chapters

ဂိုဏ်းကြီးများကြား မဟာမိတ်ပြိုကွဲခြင်း

Vol. 33 Ch. 341

ဂိုဏ်းကြီးများကြား မဟာမိတ်ပြိုကွဲခြင်း

Vol. 33 Ch. 341

အဇူရာတိမ်ဂိုဏ်းတွင်

ကျန်းယန် အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်မှ ဂိုဏ်းများအားလုံးနှင့် အစည်းအဝေးလုပ်နေခဲ့၏။

သူ့ရှေ့တွင် မဟာမိတ်ဂိုဏ်းချုပ်များထိုင်နေကြပြီး တိမ်တောင်အင်ပါယာနှင့်ယွင်ထန့်အင်ပါယာမှ အရေးကြီးသော အရာရှိများလည်း ရှိနေခဲ့ကြသည်။

ကျန်းယန် လေးလေးနက်နက်ပြောလိုက်၏။

“မြောက်ပိုင်းနယ်မြေက အင်အားစုတွေအားလုံးကတော့ အဇူရာတိမ်ကုန်းမြေတိုက်ကြီးကို အခြားကုန်းမြေတိုက်ကြီးတွေက ဘယ်လိုဖိနှိပ်နေတဲ့အကြောင်း သိပြီးကြပြီလို့ ကျွန်တော်ထင်တယ်

ဒီစစ်ရေးပြပွဲပြီးတဲ့နောက်မှာ အခြားကုန်းမြေတိုက်ကြီးတွေက ကျွန်တော်တို့ အဇူရာတိမ်ကုန်းမြေတိုက်ကြီးနဲ့ပတ်သက်ပြီး ပိုပြီး လေးနက်လာကြလိမ့်မယ်

ဒါပေမယ့် ဒီလောက်က မလုံလောက်သေးဘူး

ကျွန်တော်တို့မှာသာ လုံလောက်တဲ့အင်အားရှိမနေရင် အခြားဂိုဏ်းကြီးတွေက ကျွန်တော်တို့ကို ဆက်အနိုင်ကျင့်နေဦးမှာပဲ

တစ်ခုတည်းသော အဖြေက ကျွန်တော်တို့ခွန်အားကို တိုးမြှင့်ဖို့ပဲ”

သူဆက်ပြောလိုက်သည်။

“ကျွန်တော်တို့ရဲ့ မိုးပြာလကုန်သွယ်သမဂ္ဂ ၁၀ ဘီလီယံ ဆိုတဲ့အစီအစဉ်က တကယ်တော့ မိတ်ဆွေတို့ဆီက အမြတ်ထုတ်ဖို့ မဟုတ်ပါဘူး

သူ့ရဲ့ ရည်ရွယ်ချက်က အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်မှာ တကယ့်ပညာရှင်တွေ ပေါ်ထွက်လာစေချင်တဲ့ ရည်ရွယ်ချက်ပါပဲ

တကယ်လို့ ဂိုဏ်းတွေ တိုင်းပြည်တွေမှာ အဇူရာတိမ်ကုန်းမြေတိုက်ကြီးအပေါ် အမှန်တကယ် သစ္စာရှိတဲ့သူတွေရှိနေမယ်ဆိုရင် ကျွန်တော်တို့က သူတို့ကို အကြီးအကျယ်ထောက်ပံ့ပေးချင်ပါတယ်

တကယ်လို့ တစ်ယောက်ယောက်က အဇူရာတိမ်ကုန်းမြေတိုက်ကြီးကို သစ္စာဖောက်ရင်တော့

သူ့မှာဘယ်လောက်ပဲ ပါရမီရှိနေပါစေ ဂရုစိုက်မှာမဟုတ်ဘူး ရှင်းလင်းပစ်သွားမှာပါ

ဘာဖြစ်လို့လဲဆိုတော့ သစ္စာဖောက်တစ်ယောက်က ပိုပြီး စွမ်းအားကြီးနေလေလေ ပိုပြိး ဖျက်ဆီးနိုင်စွမ်းရှိလေလေ မို့လို့ပါ”

ကျန်းချန်းရှန်နှင့်အခြားသူများ ကျန်းယန်ပြောသမျှကို ဂရုတစိုက် မှတ်သားနေခဲ့ကြ၏။

ထိုစဉ် အခြားသူများကတော့ ကျန်းယန်စကားများကိုပထမဆုံးအကြိမ် နားထောင်ဖူးခြင်းဖြစ်သောကြောင့် အတွေးနွံနစ်နေခဲ့ကြသည်။

အားလုံးကို သတင်းစကားပါးပြီးနောက်ကျန်းယန် သူတို့အမြင်များကို ပြန်မေးလိုက်၏။

အားလုံး၏ ပထမဆုံးတောင်းဆိုချက်ကတော့ ရှင်းပေသည်။ သူတို့အားလုံး သေနတ်များလိုချင်ကြခြင်းသာ ဖြစ်၏။

မြောက်ပိုင်းဂိုဏ်းများတင်မကဘဲ တိမ်တောင်အင်ပါယာနှင့်ယွင်ထန့်အင်ပါယာကပင် သေနတ်များ လိုချင်နေခဲ့ကြသည်။

ကျန်းယန် ခေါင်းခါလိုက်၏။

“လတ်တလောတော့ ကျွန်တော်တို့ သေနတ်တွေ မပေးနိုင်သေးဘူး

အဲ့တာက မယုံကြည်လို့မဟုတ်ဘူး တစ်ကမ္ဘာလုံးက အဇူရာတိမ်ကုန်း‌ေမြတုိက်ကြီးကို စောင့်ကြည့်နေကြလို့ပဲ

တကယ်လို့ မိတ်ဆွေတို့မှာ သေနတ်တွေရှ်ိ‌လာမယ်ဆိုရင် အခြားဂိုဏ်းကြီးတွေက အဲ့ဒီသေနတ်တွေကိုရဖို့ မိတ်ဆွေတို့ဂိုဏ်းတွေကို ပစ်မှတ်ထားလာကြလိမ့်မယ်

ပြီးတော့ လုံလောက်တဲ့ အရေအတွက် ပူးပေါင်းမှုနဲ့ တိုက်ခိုက်ရေးစွမ်းအားမရှိဘူးဆိုရင် သေနတ်တွေက မိတ်ဆွေတို့လက်ထဲမှာ ထင်သလောက် အစွမ်းထက်နေမှာ မဟုတ်ဘူး”

သူခဏရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်၏။

“ဒါပေမယ့် အခြေအနေတစ်ခုကိုရောက်လာရင်တော့ သေနတ်‌တွေအပြင် သွန်းလုပ်နည်းစနစ်တွေကိုပါ မိတ်ဆွေတို့ကို မျှဝေပေးမှာပါ”

လူတိုင်း စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့ကြသည်။

လက်နက်ကြီးများကို သူတို့မရနိုင်မှန်း သိသော်လည်း သေနတ်လောက်ကိုတော့ ရနိုင်မည်ဟု သူတို့မျှော်လင့်ခဲ့ကြ၏။

သို့သော် ဘယ်သူမှ စိတ်ပျက်နေပုံ မပြရဲခဲ့ပေ။ အဇူရာတိမ်ဂိုဏ်းကို မစော်ကားမိဖို့က အရေးကြီးသည် မဟုတ်ပါလော။

အခြားကိစ္စများဆွေးနွေးပြီးနောက် ကျန်းယန် အဆုံးသတ်လိုက်လေသည်။

“တကယ်လို့ အခြားကိစ္စတွေမရှိတော့ဘူးဆိုရင် နောက်အစည်းအဝေးကို နောက်နှစ် မတ်လ ၃ ရက်နေ့မှာ ပြန်ကျင်းပပါမယ်

ပြီးတော့ နောက်နေ့မနက်ကျရင် လေ့ကျင့်ရေးကွင်းမှာ တာအိုပေါင်းစည်းခြင်းအဆင့် စီနီယာစန်းစုန့်က သင်ခန်းစာပို့ချမှာပါ

ကျင့်ကြံသူဟုတ်ဟုတ်မဟုတ်ဟုတ် ဘယ်သူမဆို တက်ရောက်နိုင်ပါတယ်”

ထိုအခါမှသာ လူတိုင်း စိတ်ကျေနပ်သွားခဲ့ကြ၏။

တာအိုပေါင်းစည်းခြင်းအဆင့်တစ်ယောက်ပို့ချသော သင်ခန်းစာဆိုသည်မှာ ဝိညာဉ်အခြေတည်အဆင့်နှင့်နတ်ဝိညာဉ်အဆင့်များအတွက်ပင် အတော်အဖိုးတန်သောအရာ ဖြစ်သည်။ သာမန်လူများအတွက်တော့ ပြောစရာပင် မလိုပေ။

လူတိုင်း သဘောတူလိုက်ကြလေသည်။

အားလုံးထွက်သွားပြီးသောအခါ စစ်ထူမင်ယွဲ့ ခန်းမထဲရောက်လာခဲ့ပြီး ကျန်းယန်ကို လန်ကျားအထွတ်အမြတ်မြေသတင်းစာ ပေးလိုက်ဧ။်။

“စီနီယာအစ်ကိုကြီး လန်ကျားအထွတ်အမြတ်မြေလည်း သေနတ်တွေ ထုတ်လုပ်နိုင်သွားပြီ”

ကျန်းယန် သတင်းစာကိုတစ်ချက်ကြည့်ပြီးနောက် အားရပါးရ ရယ်မောလေတော့သည်။

“အခုတော့ သူတို့ရှင်းပြလို့ မရတော့ဘူးပေါ့

တကယ်လို့ လန်ကျားအထွတ်အမြတ်မြေက တိတ်တိတ်လေး သေနတ်တွေခိုးထုတ်ရင်တောင် သံသယ၀င်ခံရရုံလောက်ပဲ ဖြစ်မှာ အခုလို သတင်းစာထုတ်ပြီး သတင်းစာထဲပါ ထည့်ကြေငြာလိုက်တော့ မဟာမိတ်မဟုတ်ဘူးလို့ ဘယ်လိုလုပ်ငြင်းလို့ ရတော့မှာလဲ”

လန်ကျားအထွတ်အမြတ်မြေခန်းမတွင် ကျင်းရှန်နှင့်အခြားသူများ အကြီးအကဲများစွာနှင့် တွေ့နေခဲ့ပြီး ခန်းမထဲတွင် သူတော်စင်သခင်တော့ ရှိမနေပေ။

ကျားရှန်း ပြုံးလိုက်၏။

“မင်းတို့က သေနတ်တွေအတွက်လာတာမဟုတ်လား အရိုးသားဆုံးပြောရရင် ငါတို့သေနတ်တွေ အများကြီးထုတ်ထားတယ် ရောင်းဖို့လည်း ဆန္ဒရှိတယ် တစ်လက်ကို စိတ်ဝိညာဉ်ကျောက်တုံး ၂သိန်းဆို ဘယ်လိုလဲ”

ကျင်းရှန် လှောင်ရယ်ရယ်လိုက်သည်။

“တကယ်လို့ မင်းတို့သာ တကယ်စစ်မှန်တယ်ဆိုရင် ပိုကောင်းတာတစ်ခုခု ထုတ်လာခဲ့စမ်းပါ”

ကျန်းတောက်ကတော့ ခပ်အေးအေးသာ ပြောလိုက်၏။

“ငါတို့က သေနတ်တွေကိုစိတ်မ၀င်စားဘူး တကယ်လို့ မင်းတို့က ကောင်းကင်အခြေပြုလက်နက်ကို မျှဝေပေးချင်တယ်ဆိုရင်တော့ ငါတို့ ကျေးဇူးတင်မိမှာပါ”

တုရှန် မျက်မှောင်ကြုံ့သွားခဲ့သည်။

“မင်းဘာဆိုလိုတာလဲ”

ယွင်စုန့် ခပ်ပေါ့ပေါ့ ပြောလိုက်၏။

“သူဆိုလိုချင်တာက ငါတို့တွေ စစ်ရေးပြပွဲကို ငါတို့ကိုယ်တိုင်မြင်ခဲ့ပြီးပြီ ဆိုတော့ လက်နက်‌ေတွက အတုတွေလို့ ဆက်ပြောနေမယ်ဆိုရင် မင်းငါတို့ကို မျက်ကန်းတွေလို့ ထင်နေတာပဲ

လန်ကျားအထွတ်အမြတ်မြေက လျှို့ဝှက်ပြီး အကျိုးအမြတ်တွေရအောင် ယူနိုင်ခဲ့တာပဲ ကောင်းတယ် ကောင်းတယ်

ငါတို့က အဇူရာတိမ်ဂိုဏ်းကို ဖယ်ကြဉ်ထားဖို့ သဘောတူထားပေမယ့် မင်းတို့ကလျှို့ဝှက်ပူးပေါင်းပြီး အကျိုးအမြတ်တွေရခဲ့တယ် အခုတော့ မင်းတို့က ငါတို့ဆီကပါ အမြတ်ထုတ်ဖို့ ကြိုးစား‌ေနပြန်ပြီ”

ကျားရှန်းအမြန်ကန့်ကွက်လိုက်၏။

“အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့ ငါတို့ကဘာလို့အဇူရာတိမ်ဂိုဏ်းနဲ့ ပူးပေါင်းရမှာလဲ-

ကျန်းတောက် ဒေါသတကြီး ရယ်မောလိုက်လေသည်။

“ငါတို့က အရူးတွေလို့ မင်းထင်နေတာလား ဒါဆိုရှင်းပြစမ်းပါဦး အဲ့ဒီသေနတ်တွေကို ဘယ်ကရလာတာလဲ”

လန်ကျားအကြီးအကဲများ တွန့်ဆုတ်သွားခဲ့၏။

သေနတ်များက ခိုးလာခြင်းဖြစ်သောကြောင့် သူတို့အမှန်တရားကို ထုတ်ပြော၍ မဖြစ်ပေ။ မဟုတ်လျှင် သူတို့ဂုဏ်သိက္ခာများ ပျက်ဆီးသွားပေလိမ့်မည်။

တုရှန် ဆက်ပြောလိုက်သည်။

“ငါတို့ သန့်စင်သူတွေက အဲ့ဒီသေနတ်တွေကို အမှီအခိုကင်းကင်းနဲ့ သွန်းလုပ်ခဲ့တာ”

ကျင်းရှန် မေးလိုက်၏။

“အဇူရာတိမ်ဂိုဏ်းက ပြောတယ် သေနတ်တွေကိုထုတ်လုပ်ဖို့ နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရတယ်တဲ့ မင်းတို့ကကော ဘယ်လောက်အချိန်ယူခဲ့ရလဲ”

“နှစ်၀က်” ကျားရှန်း ခပ်ပြတ်ပြတ်ပြောလိုက်သည်။

ယွင်စုန့် ရွဲ့တဲ့တဲ့ ပြန်ပြောလိုက်၏။

“ဒါဆို မင်းတို့သန့်စင်သူတွေက ကမ္ဘာပေါ်မှာ အတော်ဆုံးသန့်စင်သူတွေပေါ့”

“လေးစားစရာပဲ ဒီနှုန်းနဲ့ဆို မကြာခင်မင်းတို့က ကောင်းကင်အခြေပြုလက်နက်နဲ့ ဖျက်ဆီးသူ ၁ ကိုပါ ထုတ်လုပ်နိုင်တော့မှာပဲ” ကျန်းတောက်လည်း ခပ်ထေ့ထေ့ပြောလိုက်သည်။

သူတို့ဒေါသထွက်နေတာ ရှင်းနေခဲ့၏။

သူတို့သည် ညှိနှိုင်းဖို့သာမျှော်လင့်ခဲ့ခြင်းဖြစ်ပြီး လန်ကျားအထွတ်အမြတ်မြေကတော့ သူတို့ကို ဘူးခံငြင်းနေခဲ့သည်။

ကျင်းရှန် အေးစက်စက်ပြောလိုက်၏။

“ဒီလိုသာဆို ကွေ့ယွမ်ဘုရားကျောင်းက လန်ကျားအထွတ်အမြတ်မြေနဲ့ ပူးပေါင်းဖို့ မထိုက်တန်တော့ဘူးထင်တယ် အခုကစပြီး ကိုယ်တော်တို့ဆီက လီချန်းကြယ်သဲတွေကို ဒကာတို့နဲ့ ကုန်မသွယ်တော့ဘူး”

ယွင်စုန့် ဆက်ပြောလိုက်သည်။

“ရှို့ယိဘုရားကျောင်းလည်းအတူတူပဲ ကပ်ဘေးအရည် တွေ ဒါမှမဟုတ် ဆေးပင်တွေ တွင်းထွက်တွေ ဘာမှမင်းတို့နဲ့ ကုန်မသွယ်တော့ဘူး”

ဂိုဏ်းကြီးများက တစ်ဂိုဏ်းပြီးတစ်ဂိုဏ်း သူတို့ရပ်တည်ချက်များကို ထုတ်ပြလိုက်ကြ၏။

အဆက်အသွယ်ဖြတ်ခြင်း!

လန်ကျားအထွတ်အမြတ်မြေ၏ တားဆီးမှုကို ဂရုမစိုက်ဘဲ ကိုယ်စားလှယိများအားလုံး ဂိုဏ်းထဲမှ ထွက်ခွာသွားခဲ့ကြလေသည်။

လန်ကျားအထွတ်အမြတ်မြေကတော့ ကြောင်တောင်တောင်ဖြင့် ကျန်ရစ်ခဲ့ရဧ။။်

သူတို့သည် အနီးကပ်ဆုံးမဟာမိတ်များ မဟုတ်ပါလော။

အခုတော့ ထိုမဟာမိတ်များက သူတို့ကို အဆက်အသွယ်ဖြတ်သွားခဲ့ချေပြီ။

All Chapters