← Chapters

သူတော်စင်သခင်၏ ဖိတ်ကြားချက်

Vol. 33 Ch. 342

သူတော်စင်သခင်၏ ဖိတ်ကြားချက်

Vol. 33 Ch. 342

လန်ကျားအထွတ်အမြတ်မြေမှ အကြီးအကဲများ ထွက်ခွာသွားသော ကိုယ်စားလှယ်များကို ငေးကြောင်စွာသာ ကြည့်ရှုနေခဲ့ရသည်။

ထွက်ခွာသွားပြီး အတန်ကြာမှသာ သူတို့ ဖယ်ကြဉ်ခံလိုက်ရပြီဖြစ်မှန်း နားလည်သွားခဲ့ကြ၏။

ပြဿနာကိုသတိထားမိသွားသောအခါ သူတို့အလျင်အမြန်ပင် ဖြစ်သမျှကို သူတော်စင်သခင်ထံ တင်ပြလေတော့သည်။

သူတော်စင်သခင်ရောက်ရှိလာပြီး အလုံးစုံသိရှိသွားသောအခါ သူလည်း ဆွံ့အသွားခဲ့ရ၏။ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ဖြစ်သော သူပင် အကူအညီမဲ့သလို ခံစားလိုက်ရ၏။ အခြားဂိုဏ်းများကို သူတို့နှင့်ဆက်သွယ်ပေးဖို့ အတင်းအကြပ်သွားလုပ်လို့ကလည်း မရပေ။

သူသက်ပြင်းတစ်ချက်နှင့်အတူ ပြောလိုက်လေသည်။

“ငါတို့ လှည့်စားခံလိုက်ရပြီ”

“ဂိုဏ်းကြီးတွေက လှည့်စားတာလား” ကျားရှန်း တုန်လှုပ်သွားဟန်ဖြင့် ပြန်မေးလိုက်၏။

“အဇူရာတိမ်ဂိုဏ်းက” ချင်းယွင်ကျိ ခါးသက်သက်ပြုံးကာ ပြောလိုက်သည်။

အဇူရာတိမ်ဂိုဏ်းနှင့် ပတ်သက်ခဲ့မိတာကို သူစတင်နောင်တရလာခဲ့မိသည်။ အခုတော့ ဘယ်လိုရှင်းရှင်း သူတို့ကို ဘယ်သူမှ ယုံတော့မည်မဟုတ်ပေ။ အကယ်၍ သူသာ ကုန်းရှို့ပင်းကို အဇူရာတိမ်ဂိုဏ်းသို့ မလွှတ်ခဲ့လျှင် အခုလို ကိစ္စတွေဖြစ်လာမည် မဟုတ်ပေ။ နောက်ပိုင်းတွင် သေနတ်ပါ သွားခိုးခဲ့ပြီး သေနတ်ခိုးခြင်းနှင့်အရင်ကိစ္စများပေါင်းလိုက်သောအခါ သူတို့က မဟာမိတ်နှင့်ပိုတူသွားခဲ့ရဧ။။်

အဇူရာတိမ်ဂိုဏ်းက တမင်သက်သက် သူတို့ကို သေနတ်ခိုးခွင့်ပြုလိုက်ခြင်း ဖြစ်နေမှာကိုလည်း သူကြောက်နေမိသေးသည်။ ထိုသို့ဆိုလျှင်တော့ လန်ကျားအထွတ်အမြတ်မြေသည် တစ်ချိန်လုံး အဇူရာတိမ်ဂိုဏ်း၏ ထိန်းချုပ်မှုအောက်တွင် ရောက်နေခဲ့ရခြင်းဖြစ်ပြီး အခြေအနေက လှုပ်လေမြုပ်လေ ဖြစ်လာပေလိမ့်မည်။

လူတိုင်းကိုကြည့်ပြီး သူတော်စင်သခင်မေးလိုက်၏။

“တကယ်လို့ ငါတို့က အခြားဂိုဏ်းတွေကို ဒါတွေက အဇူရာတိမ်ဂိုဏ်းကို လျှို့ဝှက်အကွက်ချကြံစည်နေတာတွေပါလို့ ပြောရင် သူတို့ယုံလောက်လား”

ဘယ်သူကမှ ယုံမယ် မထင်တော့ပေ။

ကျားရှန်းနှင့်အခြားသူများ ဖြူဖျော့သွားခဲ့ကြသည်။ နောက်ဆုံးတွင် သူတို့သည် ထောင်ချောက်ထဲသို့ ကိုယ်တိုင်ဆင်းသက်ခဲ့ကြသူများ ဖြစ်မှန်း နားလည်သွားခဲ့ကြ၏။

အခုတော့ သူတို့သည် ဂိုဏ်းကြီး ၈ ဂိုဏ်း၏ ဖယ်ကြဉ်ခြင်းကို ခံလိုက်ရလေပြီ။

“ငါတို့ဘာလုပ်သင့်လဲ” တုရှန် သောကရောက်နေဟန်ဖြင့် ပြောလိုက်သည်။

အတန်ကြာရပ်တန့်ပြီးမှ သူတော်စင်သခင်ပြောလိုက်၏။

“သူတို့နဲ့ ဆက်ကုန်သွယ်ရမယ်”

“ဒါပေမယ့် သူတို့က အဆက်အသွယ်ဖြတ်သွားပြီလေ” ကျားရှန်း ပြောလိုက်သည်။

သူတော်စင်သခင် ကောင်းကင်ကို မော့ကြည့်ကာ ပြောလိုက်၏။

“သူတို့ယံုယံု မယံုယံု ရှင်းပြဖို့ လူလွှတ်လိုက် တကယ်လို့သူတို့ကဆက်ငြင်းနေဦးမယ်ဆိုရင်တော့ အဇူရာတိမ်ဂိုဏ်းနဲ့ ဆက်သွယ်လိုက် ငါချင်းယွင်ကျိနဲ့ တွေ့ရမယ်”

အကယ်၍ အခြားဂိုဏ်းများအားလုံးကသာ သူတို့ကို ဖယ်ကြဉ်သွားခဲ့လျှင် ဤလမ်းက သူတို့အတွက်ကျန်ရစ်သည့် တစ်ခုတည်းသောလမ်း ဖြစ်လာပေလိမ့်မည်။ ခက်ခဲသော်လည်း ရွေးချယ်စရာမရှိပေ။ ဖယ်ကြဉ်ခံလိုက်ရခြင်းက ဂိုဏ်းတစ်ခုကို သိသိသာသာအားနည်းသွားစေမည်ဖြစ်ပြီး အဇူရာတိမ်ဂိုဏ်းကျဆင်းသွားရခြင်းက အကောင်းဆုံး ဥပမာသာ။

လန်ကျားအထွတ်အမြတ်မြေတွင် သူတို့အုတ်မြစ်ရှိနေသေးသော်လည်း ဖယ်ကြဉ်ခံလိုက်ရလျှင် မကြာခင် ကျဆင်းသွားနိုင်ပေသည်။

လေးလံသောနှလုံးသားများဖြင့် သူတို့ အခြားဂိုဏ်းများဆီ သွားခဲ့ကြ၏။

ထိုစဉ် သစ္စာဖောက်ခံရသလိုခံစားနေရသော ဂိုဏ်းကြီးများ၏ကိုယ်စားလှယ်များကလည်း ထိုကိစ္စကို သက်ဆိူင်ရာဂိုဏ်းများဆီ အလျင်အမြန် သတင်းပြန်ပို့ခဲ့ကြသည်။ လန်ကျားအထွတ်အမြတ်မြေ၏ အသည်းအသန်ငြင်းဆန်နေခြင်းက အခြေအနေကို ပိုဆိုးသွားစေခဲ့ခြင်းဖြစ်ပြီး အခုလို အဆက်အသွယ်ဖြတ်တဲ့အခြေအနေထိ ရောက်ရှိသွားခဲ့ရခြင်း ဖြစ်သည်။

တစ်ချိန်တည်းမှာပင် အဇူရာတိမ်ဂိုဏ်းသို့ မရေတွက်နိုငိသော ဧည့်သည်များ တဖွဲဖွဲ ရောက်ရှိလာခဲ့ကြ၏။

စစ်ရေးပြပွဲပြီးသည့်နောက် ဂိုဏ်းများအားလုံးတွင် ဘုံသတိပေးချက်တစ်ခု ပေါ်လာခဲ့သည်။ ထိုသတိပေးချက်မှာ အဇူရာတိမ်ဂိုဏ်းကို သွားမထိမိစေနဲ့ ဟူ၍သာ ဖြစ်၏။

ဆက်ဆံရေးကောင်းမတည်ဆောက်နိုင်လျှင်တောင် အနည်းဆုံးတော့ ထိုဂိုဏ်းနှင့်ဘာပဋိပက္ခမှ သွားဖြစ်လို့ မရပေ။

ဒါဆို သူတို့ကြားက တင်းမာမှုကို ဘယ်လိုလျှော့ချရမလဲ!

လက်ဆောင်များ။

မှန်ပေသည်။ လက်ဆောင်များက အကောင်းဆုံးအဖြေသာ ဖြစ်၏။

ရလဒ်အနေဖြင့် အဇူရာတိမ်ဧည့်ဂေဟာကြီးက အများကြီး ပိုရှည်လာခဲ့သည်။

အဇူရာတိမ်ဂိုဏ်းတွင် ကျန်းယန် ထျန်းကျိတောင်ကြားမှ နတ်ဝိညာဉ်အဆင့်အကြီးအကဲတစ်ယောက်ဖြစ်သော ချွေ့မင်ဟောက်နှင့်တွေ့ဆုံနေခဲ့၏။

ထျန်းကျိတောင်ကြားသည် ယွင်ရှောင်ကုန်းမြေတိုက်ကြီးမှဖြစ်ပြီး ပထမအဆင့်ဂိုဏ်းကြီးတစ်ဂိုဏ်းလည်း ဖြစ်ပေသည်။

ကျန်းယန်နှင့်တွေ့ဆုံသောအခါ ချွေ့မင်ဟောက် လက်ဆောင်တစ်ခုထုတ်ပေးခဲ့ပြီး ပြုံး၍ ပြောလိုက်၏။

“ငါတို့ဂိုဏ်းက အရမ်းဝေးတော့ မင်းဆရာ ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်ရောက်သွားတာကို အခုမှ သိခဲ့ရတယ်လေ အဲ့တာကြောင့် ဒါလေးက မင်းဆရာအတွက် ဂုဏ်ပြုလက်ဆောင်ပါ”

“အကြီးအကဲက ကြင်နာလွန်းနေပါပြီ” ကျန်းယန် ပြန်ပြောလိုက်ပြီး တုန့်ဆိုင်းခြင်းမရှိ လက်ခံလိုက်သည်။

သူ့စေတနာက စစ်မှန်တာ မမှန်တာကို ကျန်းယန် ဂရုမစိုက်ပေ။ ထိုအရာက မြက်ပင်တစ်ပင်ဆိုရင်တောင် သူယူထားမည်သာ။ ထိုသူများသာ တကယ်စစ်မှန်သည်ဆိုလျှင်လည်း အခုမှ လာစရာအကြောင်းမရှိပေ။ သို့သော်လည်း အဇူရာတိမ်ဂိုဏ်းက သံတမန်ရေးရာလိုအပ်ချက်ရှိနေသေးသောကြောင့် သူဆက်ကစားပေးရပေဦးမည်။

စကားအနည်းငယ်ပြောပြီးနောက် ချွေ့မင်ဟောက် သူတို့လည်း သေနတ် အမြှောက်နှင့်အခြားလက်နက်ကြီးများကို ရနိုင်ခွင့်ရှိမရှိ စကားတောက်ကြည့်လိုက်၏။

ကျန်းယန် ပြတ်ပြတ်သားသားသာ ငြင်းဆန်ခဲ့သည်။

“အဲ့ဒီအရာတွေက ကျွန်တော်တို့ဂိုဏ်းရဲ့ အဓိက ရတနာတွေပါ” သူပြုံး၍ ပြောလိုက်၏။

“အဲ့တာတွေကို ကုန်သွယ်ဖို့စိတ်ကူးမရှိပါဘူး ဒါပေါ့ ထျန်းကျိတောင်ကြားက ကျွန်တော်တို့နဲ့ မဟာမိတ်ဖွဲ့ဖို့ ရည်ရွယ်ထားရင်တော့ ပြန်စဉ်းစားပေးရမှာပေါ့”

ချွေ့မင်ဟောက် ခေါင်းယမ်းလိုက်သည်။ “ဒီလိုကိစ္စမျိုးကို အကြီးအကဲတစ်ယောက်ဖြစ်တဲ့ ငါက ဆုံးဖြတ်လို့မရဘူး ငါဂိုဏ်းချုပ်ကို သတင်းပို့လိုက်ပါ့မယ်”

သူငြင်းဆန်ခဲ့၏။

မဟာမိတ်ဖွဲ့ခြင်းသည် ယွင်ရှောင်နန်းတော်၏ ရပ်တည်ချက်အပေါ်တွင် မူတည်နေပြီးယွင်ရှောင်နန်းတော်ကို ဆန့်ကျင်မိလျှင်တော့ သူတို့အတွက် ကပ်ဘေးကျရောက်လာပေလိမ့်မည်။

ကျန်းယန် သူ့ချဉ်းကပ်ပုံကို ပြောင်းလဲလိုက်သည်။

“ဒါဆိုရင်တော့ အကြီးအကဲတို့ဂိုဏ်းချုပ်ရဲ့ ဆုံးဖြတ်ချက်ကို စောင့်နေပါမယ် ဒါပေမယ့် ကျွန်တော်တို့ဆီမှာ အကြီးအကဲတို့ဂိုဏ်း လိုအပ်လောက်မယ့် အစွမ်းထက်ဆေးလုံးတွေ တွင်းထွက်တွေရှိပါတယ် အကြီးအကဲတို့ဆီမှာလည်း ကျွန်ဝောာ်တို့လိုအပ်တာတွေ ရှိတယ်လေ အဲ့တာတွေကို‌ေတာ့ ကုန်သွယ်လို့ရပါတယ်”

သေချာတွေးပြီးနောက် ချွေ့မင်ဟောက် သဘောတူလိုက်၏။ ကုန်သွယ်ခြင်းက ကိစ္စကြီးတော့ မဟုတ်ပေ။ အခြားဂိုဏ်းများလည်း အဇူရာတိမ်ဂိုဏ်းဆီ လာနေတာပဲ မဟုတ်ပါလော။

ဤသို့ဖြင့် အဇူရာတိမ်ဂိုဏ်းနှင့်ထျန်းကျိတောင်ကြားက ကုန်သွယ်ရေးမိတ်ဖက်များ ဖြစ်လာခဲ့လေသည်။

တစ်ရက်ပြီးတစ်ရက် အဇူရာတိမ်ဂိုဏ်း၏ အဆက်အသွယ်များကလည်း ပိုပြီး အားကောင်းလာခဲ့၏။

တစ်ဖက်တွင် လန်ကျားအထွတ်အမြတ်မြေကတော့ ကျဆင်းလာခဲ့ရသည်။

ဂိုဏ်းကြီး ၈ ဂိုဏ်းကြားထဲတွင် ၀မ်လင်းဂိုဏ်း ကွေ့ယွမ်ဘုရားကျောင်းနှင့် မြင့်မြတ်ဝိညာဉ်ဂိုဏ်းများက သူတို့နှင့်လုံး၀ အဆက်အသွယ်ဖြတ်သွားပြီး သစ္စာဖောက်များဟု သတ်မှတ်ခဲ့ကြ၏။

ရှို့ယိဘုရားကျောင်း ပင်လယ်ကောင်းကင်မျှော်စင်နှင့်အခြားဂိုဏ်းများကတော့ ဆက်ကုန်သွယ်နေသေးသော်လည်း ဈေးက နှစ်ဆ တက်သွားခဲ့သည်။

ကောင်းကင်နှလုံးသားကျွန်းလို အဝေးကြီးက ဂိုဏ်းတစ်ဂိုဏ်းတည်းသာ သူတို့ ရှင်းပြချက်ကို နားထောင်ပေးခဲ့၏။ သို့သော် ထိုမျှဝေးသောနေရာက မဟာမိတ်က ဘာမှသိပ်အရေးမပါပေ။

သုံးလကြာပြီးနောက်တွင်ပင် လန်ကျားအထွတ်အမြတ်မြေ၏ အခြေအနေက တိုးတက်မလာခဲ့ပေ။

ထိုအကြောင်းကြားသောအခါ သူတော်စင်သခင် အေးအေးဆေးဆေးပင် အမိန့်ပေးလိုက်လေသည်။

“အဇူရာတိမ်ဂိုဏ်းကို ဆက်သွယ်ပြီး ချင်းယွင်ကျိကို လန်ကျားအထွတ်အမြတ်မြေနဲ့အဇူရာတိမ်ဂိုဏ်းကြားက နယ်စပ်မှာ တွေ့ချင်တယ်လို့ အကြောင်းကြားလိုက်”

All Chapters