အစည်းအဝေး
Vol. 33 Ch. 343
လန်ကျားအထွတ်အမြတ်မြေမှ လူတိုင်း သူတော်စင်သခင်ကို စူးစိုက်ကြည့်နေခဲ့ကြသည်။
ချင်းယွင်ကျိနှင့်တွေ့ခွင့်တောင်းခြင်းက ဘာကိုဆိုလိုနေသလဲ သူတို့သိနေခဲ့ကြ၏။
ကိစ္စများသည် တကယ်ကြီး ဒီလောက်အထိဖြစ်သွားခြင်းပေလော။
“တုရှန် အဇူရာတိမ်ဂိုဏ်းကို ချက်ချင်းသွား” သူတော်စင်သခင် ပြတ်ပြတ်သားသားအမိန့်ပေးလိုက်သည်။
“ဒါက ပုဂ္ဂိုလ်ရေးဆိုင်ရာတွေ့ဆုံခြင်းဆိုတာ ချင်းယွင်ကျိနားလည်အောင် သေချာပြောခဲ့”
“ဟုတ်ကဲ့ပါ” တုရှန် ပြန်ပြောလိုက်၏။
ဘယ်သူမှ မငြင်းရဲကြပေ။
သူတော်စင်သခင်သည် ကိုယ်တိုင်ဆုံးဖြတ်တာရှားပြီး ကိစ္စအများစုကို အကြီးအကဲများ၏ သဘောထားအတိုင်းသာ လုပ်ခွင့်ပေးလေ့ရှိပေသည်။ သို့သော် သူဆုံးဖြတ်ချက်ချလိုက်လျှင်လည်း ဘယ်သူမှ မဆန့်ကျင်ရဲပေ။
တုရှန် အဇူရာတိန်ကုန်းမြေတိုက်ကြီး နယ်စပ်သို့ရောက်သွားခဲ့ပြီး ၀င်ခွင့်တောင်းပြီးနောက် အဇူရာတိမ်မြို့ဆီ တိုက်ရိုက်သာ ပျံသန်းသွားခဲ့သည်။
အလျင်လိုနေသော်လည်း သူယာယီနေထိုင်ခွင့်လျှောက်ရသေးပြီး ထို့နောက်မှ အဇူရာတိမ်ဧည့်ဂေဟာဆီသွားကာ ချင်းယွင်ကျိနှင့် တွေ့ခွင့်ရဖို့ တောင်းဆိုရ၏။
သူရောက်လာသောအခါ ချွန်းရှောင် ချက်ချင်းပြန်ပြောလိုက်သည်။
“ဆရာဦးေလးကလည်း အကြီးအကဲကိုမျှော်နေတာပါ အကြီးအကဲ ဂိုဏ်းကိုတိုက်ရိုက်သွားလို့ရပါတယ်”
တုရှန် တောင်ပေါ်သို့ တည့်တည့်ပင် တက်သွားခဲ့၏။
သို့သော် အဇူရာတိမ်ဂိုဏ်းဆီ အလည်သွားဖို့စောင့်နေသူများကတော့ ထိုမြင်ကွင်းတော့ မကျေမနပ်ဖြစ်သွားခဲ့ကြလေသည်။
“ငါတို့စောင့်နေရတာကြာလှပြီ သူကျ ဘာလို့ဒီတိုင်းတန်းတက်သွားခွင့်ရတာလဲ”
“ငါတို့ကလည်း ရိုးရိုးသားသား အလည်သွားချင်တာပါ”
“ငါစောင့်နေတာ လ၀က်ရှိသွားပြီ ဘယ်လိုလုပ် ငါ့အလှည့်မရောက်သေးတာလဲ”
ချွန်းရှောင်သူတို့ကို အေးအေးဆေးဆေးတစ်ချက်ကြည့်လိုက်ကာ
“သူက လန်ကျားအထွတ်အမြတ်မြေက စီနီယာတုရှန်ပါ အဲ့တာက မတူဘူးလေ”
လူတိုင်းတောင့်တင်းသွားကြပြီး ခါးသက်သက်သာ ပြုံးနိုင်လိုက်ကြသည်။
လန်ကျားအထွတ်အမြတ်မြေသည် အဇူရာတိမ်ဂိုဏ်းနှင့်မဟာမိတ်ဖွဲ့ထားမှန်း သူတို့ သိကြ၏။
တုရှန်သည် သူတို့လူထဲကတစ်ယောက်သာ ဖြစ်ပေသည်။
ကျန်းယန် တုရှန်၏လာရင်းရည်ရွယ်ချက်ကို မသိသော်လည်း ဤအခြေအနေကိုအခွင့်ကောင်းယူပြီး လူအများယုန်ထင်ကြောင်ထင်ဖြစ်အောင် တမင်သက်သက် လုပ်လိုက်ခြင်းသာ ဖြစ်၏။
တွေ့ဆုံပြီးနောက် ကျန်းယန် ယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လိုက်လေသည်။
“စီနီယာတုရှန် ဘာကိစ္စများရှိလို့ ရောက်လာပြန်တာလဲ”
“ငါမင်းနဲ့တွေ့ဖို့လာတာမဟုတ်ဘူး” တုရှန် ခပ်ပြတ်ပြတ်ပြန်ပြောလိုက်၏။
လန်ကျားအထွတ်အမြတ်မြေ လှည့်စားခံလိုက်ရသောကိစ္စကြောင့် သူမကျေမနပ်ဖြစ်နေဆဲဖြစ်ပြီး လောက၀တ်ပြုမပြနိုင်ပေ။
“ကျွန်တော့်ဆရာက အခုမအားဘူး” ကျန်းယန် တိုက်ရိုက်သာ ငြင်းဆန်လိုက်သည်။
“ကိစ္စအားလုံးကို ကျွန်တော်နဲ့ပဲ ဆွေးေနွးလို့ရပါတယ်”
တုရှန် လှောင်ရယ်ရယ်လိုက်၏။
“မင်းက သူတော်စင်သခင်တောင်းဆိုထားတဲ့ တွေ့ဆုံပွဲကို မင်းဆရာတက်မတက်တောင် ဆုံးဖြတ်နိုင်တယ်လား”
ကျန်းယန် အံ့အားသင့်သွားခဲ့သည်။
“သူတော်စင်သခင်က ကျွန်တော့်ဆရာနဲ့ တွေ့ချင်လို့လား”
“ဘာလို့လဲ” သူမေးလိုက်၏။
“ငါက သတင်းပို့ရုံပဲ” တုရှန် အေးစက်စက်ပြောလိုက်သည်။
“တွေ့ဆုံပွဲနေရာက လန်ကျားအထွတ်အမြတ်မြေနဲ့ အဇူရာတိမ်ကုန်းမြေတိုက်ကြီးကြားထဲက နယ်စပ်မြေပဲ ဘယ်ဂိုဏ်းမှာမှ မဟုတ်ဘူး”
တခဏတွေးပြီးနောက် ကျန်းယန် ပြတ်ပြတ်သားသား ပြောလိုက်၏။
“ကျွန်တော့်ဆရာက နောက်သုံးရက်အကြာ မွန်းတည့်ချိန်မှာ လာတွေ့ပါလိမ့်မယ်”
တုရှန် အံ့အားသင့်သွားခဲ့သည်။
“မင်းက မင်းဆရာကို မမေးဘဲဆုံးဖြတ်နိုင်တယ်လား”
ကျန်းယန် နောက်သို့အနည်းငယ်လှည့်ကြည့်လိုက်ကာ မေးလိုက်၏။
“ဆရာ ဆရာဘယ်လိုထင်လဲ”
ချင်းယွင်ကျိ သူတို့ရှေ့တွင်ပေါ်လာခဲ့ပြီး အေးအေးဆေးဆေးပြောလိုက်သည်။
“ငါသူတော်စင်သခင်နဲ့ တွေ့ချင်နေခဲ့တာကြာပြီ နောက်သုံးရက် မွန်းတည့်ချိန်ကျရင် တွေ့မယ်”
“ဟုတ်ကဲ့ပါ စီနီယာ” ကျန်းယန် ပြန်ပြောလိုက်၏။
သူတုန်လည်းတုန်လှုပ်သွားခဲ့သည်။ ကျန်းယန်တွင် တကယ်ကြီး ထိုကိစ္စအထိပါ ဆုံးဖြတ်ပေးနိုင်စွမ်း ရှိနေခြင်းပေလော။
သူထွက်ခွာသွားပြီးနောက် ချင်းယွင်ကျိ မေးလိုက်သည်။
“သူတော်စင်သခင်က ဘာလိုချင်တာလို့ မင်းထင်လဲ”
တခဏတွေးပြီးနောက် ကျန်းယန် ပြောလိုက်သည်။
“သူကကျွန်တော်တို့ကြားက ဆက်ဆံရေးကို အရင်ကထက်ပိုကောင်းလာစေချင်မယ်ဆိုတဲ့ အခွင့်အရေးသေးသေးလေးတော့ရှိတယ် သူက စမ်းသပ်ချင်တာဆိုတဲ့ ဖြစ်နိုင်ချေကတော့ ပိုကြီးတယ် ဒါပေမယ့် အဖြစ်နိုင်ဆုံးကတော့ သူက ဆရာ့ကိုတိုက်ခိုက်ဖို့ ဖိတ်ခေါ်လိုက်တာ”
နောက်ဆုံးတွင် ကျန်းယန်သည် လန်ကျားအထွတ်အမြတ်မြေကို အကြိမ်ကြိမ် ဒုက္ခပေးခဲ့ခြင်းဖြစ်ပြီး သူတော်စင်သခင်၏သား ကုန်းရှို့ပင်းကိုလည်း သွေးအန်တဲ့ထိ စိတ်ဒုက္ခပေးနိုင်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် သူတော်စင်သခင် ချင်းယွင်ကျိနှင့်တိုက်ခိုက်လိုခြင်းက မဆန်းပေ။
အခြားဂိုဏ်းများက လန်ကျားအထွတ်အမြတ်မြေကို အဆက်အသွယ်ဖြတ်သွားမှန်း ကျန်းယန် မသိသေးပေ။ သိသွားလျှင်တော့ သူ့အဖြေက ပိုပြီးေတာင်တိကျသွားနိုငိသေးသည်။
“သူ့ရည်ရွယ်ချက်ကဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ သွားသင့်တယ်” ကျန်းယန် ဆက်ပြောလိုက်၏။
“ဒါပေမယ့် ဆရာတစ်ယောက်တည်းမသွားနဲ့ ကျွန်တော်ပါလိုက်မယ်”
“မင်းလိုက်လို့မရဘူး” ချင်းယွင်ကျိ ချက်ချင်း ငြင်းလိုက်သည်။
အကယ်၍ တိုက်ပွဲဖြစ်လာခဲ့လျှင် သူကျန်းယန်ကို ကာကွယ်ပေးနိုင်မည် မဟုတ်ပေ။ သူ့တာအိုကလည်း အခြားသူများကို ကာကွယ်ရာ၌ သိပ်အလုပ်ဖြစ်သည့် တာအိုဟုတ်မနေပေ။ ထို့အပြင် သူတော်စင်သခင်ဆိုသည်မှာလည်း အတွေ့အကြုံရင့် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက် ဖြစ်နေသေးသည်။
ကျန်းယန် ပြုံးလိုက်၏။
“မပူပါနဲ့ဆရာ ကျွန်တော် ဂူယန် နဲ့ ဂူဒူအာကို ကျွန်တော်နဲ့အဖော်လိုက်ခဲ့ဖို့ ခေါ်သွားမှာ”
အပေါ်ယံတွင် အဇူရာတိမ်ဂိုဏ်းက ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်တည်းသာ ပို့လိုက်ပုံရသော်လည်း တကယ်တော့ ၃ ယောက်ပို့လိုက်ခြင်းသာ ဖြစ်သည်။
ကျန်းယန် လှည့်စားခံလိုက်ရမှာစိုးသောကြောင့် မိစ္ဆာ ၂ကောင်ကိုပါ ခေါ်သွားချင်ခြင်းဖြစ်ပြီး ဂူယန်သည် မိစ္ဆာများထဲတွင် အသန်မာဆုံး ဖြစ်ကာ ဂူဒူအာကတော့ ဉာဏ်အကောင်းဆုံး ဖြစ်၏။
လန်ကျားအထွတ်အမြတ်မြေက စွမ်းအားကုန်သုံးလျှင်တောင် သူတို့သုံးယောက်ကို အနိုင်ယူနိုင်မည် မဟုတ်ပေ။
ချင်းယွင်ကျိ သူ့ကိုအကူအညီမဲ့စွာ ကြည့်လိုက်လေသည်။ သူတော်စင်သခင်သည် အလွန်နာမည်ဂုဏ်သတင်းကောင်းလှသူဖြစ်လေရာ တကယ်ကြီး အခုလောက် သတိထားဖို့ လိုပါမည်လော။
သို့သော် သူ့တပည့်၏ပူပန်မှုကို သတိထားမိသောကြောင့် ဘာမှဆက်မပြောတော့ပေ။
ထိုစဉ် တုရှန် ဂိုဏ်းသို့ပြန်ရောက်လာခဲ့ပြီး ကျန်းယန်ဆုံးဖြတ်ပေးလိုက်သောကိစ္စအပါအ၀င် အားလုံးကို ပြန်သတင်းပို့ခဲ့လေသည်။
သူတော်စင်သခင် မအံ့ဩသွားပေ။
“အဇူရာတိမ်ဂိုဏ်းရဲ့ တိုးတက်လာမှုက အဲ့ဒီလူငယ်လေးကြောင့်ဆိုတာ သေချာသလောက်ဖြစ်နေပြီ သူက သူတို့ကိုဦးဆောင်နေတာ အံ့ဩစရာမဟုတ်ပါဘူး”
“ဂိုဏ်းချုပ် အဇူရာတိမ်ဂိုဏ်းနဲ့တကယ်ကြီး မဟာမိတ်ဖွဲ့မှာလား” တုရှန် ဂရုတစိုက်မေးလိုက်သည်။
“ငါတို့တွေ ချင်းယွင်ကျိနဲ့တွေ့ပြီးရင် ဆုံးဖြတ်ကြမယ်” သူတော်စင်သခင် အေးအေးဆေးဆေးပြန်ပြောလိုက်၏။
လန်ကျားအထွတ်အမြတ်မြေသည်အဆုံးစွန်သောအခြေအနေသို့ ရောက်နေတာတော့ မဟုတ်သေးပေ။ အဆိုးဆုံးမှ သူတို့ဂိုဏ်းကြီးများနှင့် ပြန်ဆက်ဆံဖို့ ကြီးမားသော တန်ကြေးတစ်ခုခုကို ပေးဆပ်လိုက်ရရုံသာ ရှိပေလိမ့်မည်။
သုံးရက်ကြာပြီးနောက် သူတော်စင်သခင် နယ်စပ်သို့ထွက်ခွာလာခဲ့သည်။
အဇူရာတိမ်ဂိုဏ်းတွင် ချင်းယွင်ကျိ ပြောလိုက်၏။
“ဂူယန်နဲ့ဂူဒူအာကိုသွားခေါ် ထွက်ခွာဖို့ အချိန်ကျပြီ”
ကျန်းယန် တားမြစ်နယ်မြေသို့ ထွက်ခွာလာခဲ့သည်။ မိစ္ဆာနှစ်ကောင်လုံးကလည်း ပြင်ဆင်ပြီးနေခဲ့ချေပြီ။
“သတိနဲ့နေပြီး ကူညီဖို့အသင့်ပြင်ထား” ဂူဒူအာအခြားမိစ္ဆာများကို သတိပေးလိုက်၏။
ထို့နောက် ကျန်းယန် ဂူဒူအာနှင့်ဂူယန်တို့ သင်္ဘောပျံတစ်စင်းကိုစီးကာ နယ်စပ်ဆီ ထွက်ခွာလာခဲ့လေသည်။
ဆက်သွယ်စရာပင် မလိုဘဲ နီးကပ်လာသည်နှင့်တစ်ဖွဲ့နှင့်တစ်ဖွဲ့က အချင်းချင်း အာရုံခံမိခဲ့ကြ၏။
သူတို့သည် ကုန်းမြေတိုက်ကြီးနှစ်ခုကြားက ကျွန်းပျံကြီးတစ်ခုကို တွေ့ဆုံရာနေရာအဖြစ် ရွေးချယ်လိုက်သည်။
သူတို့တွေ့သောအခါ ချင်းယွင်ကျိက မိစ္ဆာနှစ်ကောင်ခေါ်လာသောကြောင့် သူတော်စင်သခင်၏အမူအရာ ပြောင်းလဲသွားခဲ့၏။
အဇူရာတိမ်ဂိုဏ်းကလူများမှ လွဲပြီး မိစ္ဆာများကိုမြင်ပြီး စိတ်အေးလက်အေးနေနိုင်သူက အနည်းငယ်သာ ရှိပေသည်။ ထိုမိစ္ဆာများ၏ဂုဏ်သတင်းက အလွန်ဆိုးရွားသည် မဟုတ်ပါလော။
သူ့ကိုအံ့အားသင့်သွားစေသော အချက်မှာ ကျန်းယန်ပါ ပါလာခဲ့ခြင်း ဖြစ်၏။
ကျန်းယန်ပြုံးကာ အရင်နှုတ်ဆက်လိုက်သည်။
“နှုတ်ဆက်ပါတယ် သူတော်စင်သခင် ကျွန်တော်ကအရမ်းမသန်မာတော့ ကျွန်တော့်ကိုလမ်းမှာ ကာကွယ်ပေးဖို့ စီနီယာမိစ္ဆာနှစ်ယောက်ကို ခေါ်လာခဲ့ရတာပါ သူတော်စင်သခင် စိတ်မရှိဖို့ မျှော်လင့်ပါတယ်”