လူကောင်း လူဆိုး
Vol. 33 Ch. 346
သူတော်စင်သခင်၏ မူလအစီအစဉ်သည် ကျန်းယန်၏ လုံး၀ဖျက်ဆီးခြင်းကို ခံလိုက်ရလေသည်။
ဤအခြေအနေအောက်တွင် ပူးပေါင်းလိုက်ပါက လန်ကျားအထွတ်အမြတ်မြေအတွက် အကျိုးအမြတ်အနည်းငယ်သာ ရရှိနိုင်ပေလိမ့်မည်။
ထို့ကြောင့် သူညှိနှိုင်းဖို့ လက်လျှော့လိုက်ပြီး ချင်းယွင်ကျိနှင့် သာမန်စကားဝိုင်းတစ်ခုအဖြစ်သာ သဘောထားပြီး ပြောနေခဲ့၏။
စကားဝိုင်းတွင်လည်း သူကျန်းယန်ကိုအလွန်သတိထားနေပြီး ဘာမှတ်တမ်းမှ အတင်မခံသလို မေးသမျှမေးခွန်းတိုင်းကိုလည်း အတော်လေး သတိထားပြီး ပြန်ဖြေနေခဲ့သည်။
“ဦးလေးသူတော်စင် ဒီနှစ်ဆိုအသက်ဘယ်နှနှစ်ပြည့်မှာလဲ” ကျန်းယန်စိတ်၀င်တစား မေးလိုက်၏။
ဦးလေးသူတော်စင်ဟု ကြားလိုက်ရသောကြောင့် သူတော်စင်သခင် ခေါင်းကိုက်သွားရပြန်သည်။ ဤနာမည်က ပျောက်တော့မည့်ပုံ မပေါ်ပေ။
တခဏတွေးပြီးနောက် သူပြုံး၍ပြန်ဖြေလိုက်၏။
“နှစ် ၂၀၀၀ကျော်လောက်ပေါ့ ၂၃၇၀ လောက်ဖြစ်မယ်ထင်တယ် ငါလည်းအတိအကျတော့ မသိတော့ဘူး ကြာပြီဆိုတော့”
ကျန်းယန် ပါးစပ်အဟောင်းသားပင် ဖြစ်သွားခဲ့သည်။ ထိုမျှအသက်ရှည်ခြင်းကြီးက သူစိတ်ကူးထားသည်ထက်ပင် ပိုနေသေး၏။
“အံ့ဩစရာပဲ” သူပြောလိုက်သည်။
“ကျွန်တော် ပုဂ္ဂိုလ်ရေးမေးခွန်းေလးတစ်ခုလောက်ထပ်မေးပါရစေ အစ်ကိုရှို့ပင်းက အသက် ၂၀ကျော်လောက်ပဲ ရှိသေးတယ်မဟုတ်လား”
ထိုကိစ္စက ထိခိုက်လွယ်သော ကိစ္စဖြစ်သော်လည်း သူတော်စင်သခင်မရှောင်ခဲ့ပေ။
“ငါတို့ ကျောင်းတော်သားတွေက ဒါမျိုးကိစ္စကို ရှက်စရာလို့ မယူဆကြဘူး” သူဆက်ပြောလိုက်သည်။
“ငါ့အဆင့်မှာဆိုရင်တောင် ငါ့ကိုကျောင်းတော်သားတစ်ယောက်ဖြစ်နေတုန်းပဲလို့ သတ်မှတ်လို့ရတယ်
ငါတို့ကို သဘာ၀က ကန့်သတ်ထားတာရှိတယ်ကွ နှစ်၂၀၀၀အတွင်း ငါ့မှာ မျိုးဆက်အနည်းငယ်ရှိခဲ့တယ် ဒါပေမယ့် ကျင့်ကြံခြင်းအဆင့် ပိုမြင့်လာတဲ့အခါ ကလေးရဖို့က ပိုခက်လာတယ် ရမရက ရှားပါးတဲ့အခွင့်အရေးတွေပေါ် မူတည်နေတယ်”
သူထိုအကြောင်း ရှင်းပြခြင်းမှာ သူမစွမ်း၍ ကလေးမရခြင်းမဟုတ်ကြောင်း သိစေလို၍ ဖြစ်သည်။
ကျန်းယန် ရုတ်တရက် နောင်တရသလို ခံစားလိုက်ရ၏။
“ဒါဆိုရင်တော့ ကျွန်တော်ကျိုးကျွင်းချန်ကို အတော်ကြီး အပြစ်ပြုမိသွားတာပဲ”
သူသည် ကျိုးကျွင်းချန်၏ ရှားပါးသားလေးတစ်ယောက်ကို သတ်ပစ်ခဲ့ခြင်းဖြစ်ပြီး ကျိုးကျွင်းချန်ကလည်း သူ့ကိုခွင့်လွှတ်တော့မည် မဟုတ်ပေ။
သူတော်စင်သခင်ရယ်မောလိုက်၏။ သူစိတ်ကျေနပ်နေတာ ထင်ရှားလှသည်။
“မင်းဂရုစိုက်တာ ကောင်းလိမ့်မယ် သူမင်းကိုအလွတ်ပေးမှာ မဟုတ်ဘူး”
ကျန်းယန် သက်ပြင်းချလိုက်၏။
“အဲ့လိုမှန်းသိရင်တော့ သူ့အသက်ကိုချမ်းသာပေးခဲ့ပါတယ်
ဦးလေးသူတော်စင် ဦးလေးသူတော်စင်ရဲ့ ရှည်လျားလှတဲ့ သက်တမ်းတလျှောက်မှာ ဦးလေးဂုဏ်အယူရဆုံး အောင်မြင်မှုက ဘယ်ဟာဖြစ်လောက်လဲ”
သူလှည့်ကွက်တစ်ခုကို မှတ်မိပေသည်။ အကြီးအကဲများနှင့် စကားပြောရာ၌ သူတို့အတိတ်အောင်မြင်မှုများကို ပြန်လည်ဖော်ထုတ်ပေးခြင်းက သူတို့နှင့်ဆက်ဆံဖို့ အကောင်းဆုံးနည်းသာ ဖြစ်၏။
သူတော်စင်သခင်ကျန်းယန်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် သူ့ကိုပိုပိုသဘောကျလာခဲ့မိသည်။
“ငါ့ရဲ့ ဂုဏ်အယူရဆုံးအခိုက်အတန့်အကြောင်းပြောရရင်တော့ကွာ…”
သူ့တို့ဘေးက ချင်းယွင်ကျိကတော့ တိတ်တဆိတ်သာ လက်ဖက်ရည်ကို သောက်နေခဲ့၏။
ကျန်းယန်သည် သူ့ကိုလည်းအရင်ကထိုကဲ့သို့သောမေးခွန်းများမေးဖူးပြီး ထိုအရာက ရှက်စရာကောင်းသည့် အင်တာဗျူးဟူသောအရာအတွက် ဖြစ်သည်။
ထို့ေကြာင့် သူသူတော်စင်သခင်၏ကံကြမ္မာကိုလည်း ခန့်မှန်းမိ၏။
သူအခုဂုဏ်ယူစရာကောင်းသည်ဟု ခံစားရလေလေ နောင်မှရမည့် နောင်တက ကြီးနေလေလေပေ။
ထိုစဉ် ကျန်းယန် အံ့ဩခြင်း လေးစားခြင်း အထင်ကြီးခြင်းဟူသော အမူအရာမျိုးစုံဖြင့် သူတော်စင်သခင်ကို ကောင်းကောင်းကြီး ကစားနေခဲ့သည်။
“တကယ်ကြီးလား”
“အံ့ဩစရာကောင်းလိုက်တာနော်”
“ဦးလေးသူတော်စင် အဲ့တာကြီးကို ဘယ်လိုတောင်လုပ်ခဲ့တာလဲ”
သူစကားကြောင်းရင်း သူတော်စင်သခင်ကို ဆက်ပြောနေစေခဲ့၏။
မွန်းတည့်ချိန်မှစသော စကားဝိုင်းသည် ညနေမှပြီးသွားခဲ့ပြီး အချိန်အများစုတွင် ကျန်းယန်နှင့်သူတော်စင်သခင်သာပြောနေခဲ့ခြင်းဖြစ်ပြီး ချင်းယွင်ကျိကတော့ တစ်ခါတစ်ရံမှသာ ၀င်ပြောတတ်သည်။
နေ၀င်သွားသောအခါမှ စကားဝိုင်းကရပ်တန့်သွားခဲ့၏။
သူတော်စင်သခင် ပြုံးကာ ချင်းယွင်ကျိကိုပြောလိုက်သည်။
“ငါတို့က အိမ်နီးချင်းတွေပဲလေ အဇူရာတိမ်ဂိုဏ်းမှာကောင်းတဲ့အချက်တွေ အများကြီးရှိတာကိုလည်း ငါလက်ခံပါတယ် အဲ့တာကြောင့်လည်း ဒီနေ့တွေ့ဆုံဖို့ ဖိတ်လိုက်ရတာ အချိန်ရှိမယ်ဆိုရင် အနာဂတ်မှာလည်း ငါတို့တွေ ထပ်ပြီးဆုံသင့်သေးတယ်
ဒီနေ့တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီးတော့လည်း ငါအရမ်းကျေနပ်တယ်”
“ငါတို့ရဲ့ နောက်ထပ်တွေ့ဆုံပွဲကလည်း အခုလို ကျေနပ်စရာကောင်းနေဖို့ ငါမျှော်လင့်ပါတယ်” သူတော်စင်သခင်ပြောလိုက်သည်။
“အတူတူပါပဲ” ချင်းယွင်ကျိလည်း ပြန်ပြောလိုက်၏။
နောက်တစ်ကြိမ်တွင်လည်း သူတော်စင်သခင်အခုလိုမျက်နှာထားမျိုးသာ ရှိနေနိုင်ဖို့ သူမျှော်လင့်ပေသည်။ မဟုတ်ရင်တော့ မလွယ်လောက်ပေ။
“နှုတ်ဆက်ပါတယ် ဦးလေးသူတော်စင်” ကျန်းယန်နွေးထွေးစွာ ပြောလိုက်သည်။
ထို့နောက် နှစ်ဖက်လုံးက လာရာလမ်းဆီ ပြန်လာခဲ့ကြ၏။
အဇူရာတိမ်ဂိုဏ်းဆီပြန်ရောက်သောအခါ ချင်းယွင်ကျိ ကျန်းယန်ကို ပြောလိုက်သည်။
“သတင်းစာ နောက်အတွဲထွက်ရင် ငါ့အတွက်လည်း တစ်စောင်ယူလာခဲ့”
သူတော်စင်သခင်အင်တာဗျုးက ဘယ်လိုဖြစ်သွားမလဲ သူသိချင်နေခဲ့၏။
“ပြဿနာမရှိပါဘူးဆရာ”
ကျန်းယန် အလောတကြီးပြောလိုက်သည်။
“ကျွန်ေတာ်အခုပဲ သွားရေးတော့မယ်”
မိစ္ဆာနှစ်ယောက်ကို ပြန်ပို့ပေးပြီးနောက်တွင် သတင်းစာနောက်အတွဲအတွက်ပြင်ဆင်ရန် သူအဇူရာတိမ်သတင်းစာရုံးဆီ သုတ်ခြေတင်လာခဲ့၏။
ထိုစဉ် တားမြစ်နယ်မြေ၌ နောက်ဆုံးတွင် ဂူယန် ဂူဒူအာကို မေးလိုက်သည်။
“သူတို့ဘာတွေပြောနေကြတာလဲ နောက်ပြီးတော့ ဘာလို့အဲ့ဒီကလေးက ရန်သူကိုတအားယဉ်ကျေးပြနေတာလဲ”
ထိုတွေ့ဆုံပွဲနှင့်ပတ်သက်ပြီး သူ့တွင်မေးခွန်းများစွာ ရှိနေခဲ့၏။
ဂူဒူအာသူ့ကိုတစ်ချက်ကြည့်လိုက်ကာ
“ယဉ်ကျေးတယ်တဲ့လား အဲ့ဒီကလေးက အတော်ကြီးကို ဉာဏ်နီဉာဏ်နက်များတာ…အဇူရာတိမ်သတင်းစာထွက်လာရင် ဘာတွေဖြစ်မလဲ ငါလည်းသိချင်တယ် သတင်းစာထွက်ရင် ငါ့အတွက်တစ်စောင်ယူလာခဲ့ပေး”
လန်ကျားအထွတ်အမြတ်မြေသို့ သူတော်စင်သခင် ကောင်းမွန်သောစိတ်အခြေအနေနှင့် ပြန်ရောက်လာခဲ့သည်။
စောင့်ဆိုင်းနေသော အကြီးအကဲများ သူ့ကိုချက်ချင်း မေးလိုက်ကြ၏။
“အဆင်ပြေခဲ့လား ဂိုဏ်းချုပ်”
သူတော်စင်သခင် ခေါင်းခါလိုက်သည်။
“အဲ့ဒီကလေးကျန်းယန်က ဘာပြောပြော လိုက်နှောက်ယှက်နေတာ ဘာကိစ္စမှ ကောင်းကောင်းပြောလို့မရခဲ့ဘူး”
“ဘာ ကျန်းယန်ရော အဲ့မှာရှိနေတာလား” သူတို့တုပ်လှုပ်စွာ ရေရွတ်လိုက်မိကြ၏။
“သူပါလာရင် ဘယ်တော့မှ ကောင်းတဲ့ကိစ္စဖြစ်မလာဘူး…”
“ကျွန်တော်တို့တွေ နောက်ထောင်ချောက်တစ်ခုထဲ ကျသွားပြီလား” တုရှန် စိတ်ပူစွာ မေးလိုက်သည်။
သူတော်စင်သခင် အေးအေးဆေးဆေးပြုံးလိုက်ကာ
“ငါကသတိရှိပါတယ် သူဘာမှတ်တမ်းမှ တင်မထားဘူး ပြီးတော့ စကားလုံးတိုင်းကိုလည်း ငါသေချာသတိထားပြီး ပြောခဲ့တာ ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူး”
သို့သော် စုတ်တံအကြောင်းတွေးမိသောအခါတွင်တော့ သူ့နှလုံးသားအနည်းငယ် နာကျင်သွားခဲ့သည်။ ထိုအရာ သူနှင့်အတူရှိနေတာ နှစ်ရာချီ ကြာမြင့်နေခဲ့ပြီ မဟုတ်ပါလော။
အခြားသူများလည်း ထိုအခါမှ စိတ်အေးသွားခဲ့ရ၏။
သူတော်စင်သခင်အဆင်ပြေလျှင် အားလုံးအဆင်ပြေပေသည်။
အတန်ကြာရပ်နေပြီးမှ သူတော်စင်သခင် ပြောလိုက်၏။
“ငါတို့တွေ အဇူရာတိမ်ဂိုဏ်းနဲ့ထပ်တွေ့ဖို့ နောက်အခွင့်အရေးတစ်ခုကို စောင့်ရမယ် အဲ့တာမှ ကိစ္စတွေကို ပိုဆွေးေနွးနိုင်မှာ လတ်တလောကတော့ စောင့်ကြည့်ရမယ်”
လူတိုင်းလည်း ခေါင်းငြိမ့်ပြလိုက်ပြီးနောက် အားလုံးလူစုခွဲကာ ထွက်ခွာသွားခဲ့ကြလေသည်။
ထိုစဉ်အဇူရာတိမ်မြို့တွင် တစ်ညလုံးမရပ်မနား အလုပ်လုပ်ခဲ့ပြီးနောက် နောက်နေ့မနက်တွင် အဇူရာတိမ်သတင်းစာ အတွဲအသစ် ထွက်ရှိလာခဲ့၏။
ပထမစာမျက်နှာတွင် စာလုံးမည်းကြီးများဖြင့် ရေးသားထားသည်မှာ
“အမွေအနှစ်၊ မျှော်လင့်ချက်”
ဤသတင်းစာတွင် ဖော်ပြထားသည်မှာ မနေ့က နေ့လည်မွန်းတည့်ချိန်တွင် အဇူရာတိမ်ဂိုဏ်း၏ဂိုဏ်းချုပ်ချင်းယွင်ကျိနှင့် လန်ကျားအထွတ်အမြတ်မြေ၏ သူတော်စင်သခင်တို့ မိတ်ဆွေကျွန်းပေါ်တွင် တွေ့ခဲ့သည့် အကြောင်းဖြစ်သည်။ သူ့ဆရာနှင့် အဖော်လိုက်သွားခဲ့သော တပည့် ကျန်းယန်က ထိုသမိုင်း၀င်တွေ့ဆုံမှုကို ကိုယ်တိုင်မျက်မြင်ေတွ့ခဲ့ရပြီး ခေါင်းဆောင်နှစ်ယောက် စကားစမြည်ပြောဆိုနေခြင်းကိုပါ နားထောင်ခဲ့ရသည်။ တွေ့ဆုံပွဲအတွင်း သူတော်စင်သခင်က ကျန်းယန်ကို သဘောကျသွား၍ သူတန်ဖိုးထားရသော စုတ်တံကိုပင် လက်ဆောင်အဖြစ် ပေးခဲ့ကြောင်းပင် ပါသေးသည်။
ထို့နောက် ရှေ့ဆုံးစာမျက်နှာတွင် အလွန်မျက်စိပသာဒဖြစ်စရာကောင်းသော စုတ်တံတစ်ချောင်း၏ပုံကိုပါ ထည့်သွင်းဖော်ပြထားခဲ့၏။