← Chapters

ငါတို့အားလုံးက အဇူရာတိမ်ဂိုဏ်းသားတွေပဲ

Vol. 33 Ch. 338

ငါတို့အားလုံးက အဇူရာတိမ်ဂိုဏ်းသားတွေပဲ

Vol. 33 Ch. 338

အဇူရာတိမ်ဧည့်ဂေဟာတွင် ကျင်းရှန် ယွင်စုန့် ကျန်းတောက်နှင့်အခြားသူများ တိတ်ဆိတ်စွာအတူတူထိုင်နေရင်း အတွေးနွံနစ်နေခဲ့ကြသည်။

သူတို့မြင်ခဲ့ရသော စစ်ရေးပြပွဲက သူတို့ကို အပြင်းအထန်တုန်လှုပ်သွားစေခဲ့၏။

သူတို့မြင်ခဲ့ရသော ကောင်းကင်အခြေပြုလက်နက်နှင့် ဖျက်ဆီးသူ ၁ က ထိပ်တန်းဂိုဏ်းကြီးများမှ လွဲပြီး ကမ္ဘာပေါ်က ဘယ်ဂိုဏ်းကိုမဆို အမြစ်ပြတ်သုတ်သင်ပစ်နိုင်သော စွမ်းအား ရှိပေသည်။

ထိပ်တန်းဂိုဏ်းကြီးများဖြစ်သော သူတို့ဂိုဏ်းကြီးများအတွက်ပင် ကပ်ဘေးဖြတ်ကျော်ခြင်းအဆင့်တစ်ယောက်ယောက်သာ အချိန်မီ ၀င်မတားဆီးပေးနိုင်ခဲ့လျှင် အကြီးအကျယ်ထိခိုက်ပျက်ဆီးသွားစေနိုင်၏။

သူတို့ထဲတွင် ကျန်းတောက်ကတော့ ခါးသီးမှုကို အဆိုးရွားဆုံးခံစားနေခဲ့ရသူ ဖြစ်သည်။

၀မ်လင်းဂိုဏ်းသည် အဇူရာတိမ်ဂိုဏ်းနှင့် ရန်ငြှိုးအကြီးဆုံးဂိုဏ်းဖြစ်ပြီး အကယ်၍ အဇူရာတိမ်ဂိုဏ်းကသာ ထိုလက်နက်များကို အသုံးပြုမည်ဆိုလျှင် ပထမဆုံးပစ်မှတ်က သူတို့ဂိုဏ်း ဖြစ်လာနိုင်သည်သာ။

ယခုအခါ အဇူရာတိမ်ဂိုဏ်းတွင် အရာအားလုံးရှိနေပြီဖြစ်ပြီး လူအင်အား ကြွယ်၀မှု စွမ်းအားကြီးလက်နက်များ စိတ်ဝိညာဉ်လက်နက်များ အမတရတနာများအပြင် ထိပ်တန်းပညာရှင်များလည်း ရှားပါးမနေတော့ပေ။

၀မ်လင်းဂိုဏ်းသည် အဇူရာတိမ်ဂိုဏ်းကို ဖျက်ဆီးနိုင်ပါဦးမည်လော။

သို့မဟုတ် သူတို့သာ အဖျက်ဆီးခံသွားရပါမည်လော။

အတန်ကြာတိတ်ဆိတ်နေပြီးနောက် နောက်ဆုံးတွင် ကျင်းရှန် ပြောလိုက်သည်။

“အဇူရာတိမ်ဂိုဏ်းနဲ့ မဟာမိတ်ဖွဲ့လိုက်ပြီးတဲ့နောက် လန်ကျားအထွတ်အမြတ်တွေ ဘာတွေရခဲ့လဲ ကိုယ်တော်သိချင်မိတယ်”

လန်ကျားအထွတ်အမြတ်မြေသည် စစ်ရေးပြပွဲကို မတက်ခဲ့ပေ။ ထိုအချက်က သူတို့သည် အရင်ကတည်းက ထိုလက်နက်များအကြောင်းသိရှိနေပြီး အကျိုးအမြတ်များလည်း ရခဲ့ကြောင်း ထင်ရှားနေခဲ့၏။

“လန်ကျားအထွတ်အမြတ်မြေဆီသွားပြီး ဝေစုသွားတောင်းရအောင်” ကျန်းတောက် ခပ်ပြတ်ပြတ်ပြောလိုက်သည်။

“သူတို့မှာဘာရှိရှိ ငါတို့လည်း ရသင့်တယ်

ငါတို့မှာသာ ကောင်းကင်အခြေပြုလက်နက်နဲ့ ဖျက်ဆီးသူ ၁ ရှိရင် ငါတို့အဇူရာတိမ်ဂိုဏ်းကို ရင်ဆိုင်နိုင်မှာပဲ ငါတို့ အရင်းအမြစ်တွေနဲ့ဆိုရင် ငါတို့က ပိုပြီးတောင် များများထုတ်လုပ်နိုင်ဦးမယ်”

“ဒီနေရာက ကိစ္စတွေပြတ်သွားရင် ငါတို့တွေလန်ကျားအထွတ်အမြတ်မြေကို အလည်တစ်ခေါက်လောက်သွားရမယ်” ယွင်စုန့် သဘောတူလိုက်၏။

ထို့အပြင် ယွင်စုန့်ဒေါသလည်း ထွက်နေခဲ့သည်။

ထိုလက်နက်များကို ချင်းရှုပြုလုပ်ထားခြင်းဟု သူယုံကြည်နေခြင်းကြောင့် သူအဇူရာတိမ်ဂိုဏ်းကို အပြစ်တင်မိနေခဲ့၏။ မဟုတ်လျှင် အဘယ်ကြောင့် အဇူရာတိမ်ဂိုဏ်းက ထိုလက်နက်များကို အရင်ကတည်းက မဖန်တီးရပါသနည်း။

သူ့အမြင်တွင် ထိုလက်နက်များပိုင်ဆိုင်သင့်သည်က ရှိုယိဘုရားကျောင်းသာ ဖြစ်ပေသည်။ အဇူရာတိမ်ဂိုဏ်းက သူတို့ဘုရားကျောင်းအပေါ် အမြတ်ထုတ်ပြီး အခုလိုလက်နက်မျိုး ပိုင်ဆိုင်နေရခြင်းသာ ဖြစ်၏။ ထို့ကြောင့် ကိစ္စအားလုံးပြီးသွားလျှင်တော့ ချင်းရှုကိုပြန်ခေါ်နိုင်မည့်အရေးအပေါ် သူတို့ သေချာဆွေးနွေးညှိနှိုင်းရပေဦးမည်။

ထိပ်တန်းဂိုဏ်းကြီးများက အနာဂတ်အစီအစဉ်များအကြောင်းဆွေးနွေးနေကြချိန်တွင် ဂိုဏ်းငယ်လေးများကလည်း အချင်းချင်းပြောဆိုနေခဲ့ကြသည်။

“ဘာပဲဖြစ်ဖြစ် ငါတို့အဇူရာတိမ်ဂိုဏ်းကိုလုံး၀ အပြစ်ပြုမိလို့ မဖြစ်ဘူး မဟုတ်ရင် ငါတို့အချိန်မရွေး အမြစ်ပြတ်သုတ်သင်ခံလိုက်ရနိုင်တယ်”

“အတိအကျပဲ နတ်ဝိညာဉ်အဆင့်တစ်ယောက်ကတောင် အဲ့ဒီလက်နက်ကိုအသက်သွင်းနိုင်ရင် ဂိုဏ်းကြီးတစ်ဂိုဏ်းကိုဖျက်ဆီးပစ်ဖို့က သူတို့အတွက် ဘာမှခက်နေမှာ မဟုတ်တော့ဘူး”

ဂိုဏ်းပေါင်းများစွာက ခါးသက်သက်ပြုံးနေဖို့ကလွဲ ဘာမှမတတ်နိုင်ကြတော့ပေ။

သူတို့သည် ထိပ်တန်းဂိုဏ်းကြီးများ၏ လက်အောက်ခံဂိုဏ်းများဖြစ်ပြီး ထိုဂိုဏ်းကြီးများက အဇူရာတိမ်ဂိုဏ်းကို ဆန့်ကျင်နေသောကြောင့် သူတို့လည်း ထိုပဋိပက္ခထဲ ဆွဲထည့်ခံနေခဲ့ရခြင်း ဖြစ်သည်။

အခုတော့ အဇူရာတိမ်ဂိုဏ်းက ထိုလက်နက်ကြီးများသုံးပြီး သူတို့ဂိုဏ်းကို ဖျက်ဆီးပစ်မှာကို သူတို့ကြောက်နေခဲ့ရချေပြီ။

တစ်ဖက်တွင် အဇူရာတိမ်ကုန်းမြေတိုက်ကြီးပေါ်က ဂိုဏ်းများကတော့ အတော်လေး စိတ်သက်သာရာရနေခဲ့ကြ၏။

စစ်ရေးပြပွဲပြီးချိန်တွင် အဇူရာတိမ်ဂိုဏ်း၏စုဝေးပွဲကို တက်ရဦးမည်ဖြစ်သောကြောင့် သူတို့မပြန်သေးဘဲ အဇူရာတိမ်မြို့တွင် ဆက်နေနေခဲ့ကြခြင်း ဖြစ်သည်။

ထိုပြပွဲကို ကြည့်ရှုပြီးနောက် သူတို့တွင် အဇူရာတိမ်ဂိုဏ်းအပေါ် သံသယမရှိတော့သလို ခုခံဖို့အတွေးလည်း မရှိကြတော့ပေ။

ထိုထဲက ဘယ်လက်နက်မဆို သူတို့ဂိုဏ်းများကိုအလွယ်တကူဖျက်ဆီးပစ်နိုင်မှန်း သူတို့‌ေကာင်း‌ေကာင်းကြီး သိကြပေသည်။

ထို့အပြင် အဇူရာတိမ်ဂိုဏ်းက သူတို့လက်အောက်ခံဂိုဏ်းများအတွက် မိုးပြာလကုန်သွယ်သမဂ္ဂမှတစ်ဆင့် အကျိုးအမြတ်များပေးမည်ဟုလည်း ကြေငြာထားသေးသည်။ ထို့ကြောင့် သူတို့တွင် အဇူရာတိမ်ဂိုဏ်းကိုဆန့်ကျင်စရာအကြောင်းမရှိတော့ပေ။

တိမ်တောင်အင်ပါယာနှင့်ယွင်ထန့်အင်ပါယာတို့အတွက်လည်း ထို့အတူပင်။ သူတို့တွင်လည်း ခုခံစရာအကြောင်းမရှိတော့ပေ။

စစ်ရေးပြပွဲကြောင့် တော်၀င်မိသားနှင့်အရာရှိများအားလုံးသည် အဇူရာတိမ်ဂိုဏ်း၏ ထောက်ခံသူများဖြစ်လာခဲ့ကြသည်။ အကယ်၍ သူတို့သာ အဇူရာတိမ်ဂိုဏ်းကို ဆန့်ကျင်ခဲ့လျှင် ထိုလက်နက်များက သူတို့နိုင်ငံပေါ် ရောက်ရှိလာမည်မှန်း သူတို့သိကြ၏။

ထိုအခြေအနေတွင် ဘာကြောင့် ခုခံနေရပါတော့မည်နည်း။

အမြဲဆန့်ကျင်လိုစိတ်ရှိခဲ့သော လီရှီချင်းပင် သူ့သားလီရှောင်ကျဲ၏ ပုခုံးကိုပုတ်ကာ လေးလေးနက်နက်ပြောလိုက်သည်။

“ပြန်စဉ်းစားကြည့်မိတော့ ငါအတော်လေး အမြင်ကျဉ်းသွားခဲ့တာပဲ

အခုမင်းက တိမ်တောင်အင်ပါယာရဲ့ဧကရာဇ်ဖြစ်နေပြီ မင်းကျိန်း‌ေသ‌ေပါက် အဇူရာတိမ်ဂိုဏ်းနောက်ကိုလိုက်ပြီး အင်ပါယာကိုတိုးတက်ကြီးပွားလာအောင် လုပ်ရမယ် ငါတို့ဘိုးဘေးတွေရဲ့ အမွေအနှစ်က ငါတို့လက်ထဲမှာ ပျက်သုန်းသွားလို့ မဖြစ်ဘူး

ငါတို့တွေ ယွင်ထန့်အ်ငပါယာရဲ့ကံကြမ္မာအတိုင်း လိုက်ဖြစ်လို့မရဘူး သူတို့ရဲ့အရင်တော်၀င်မျိုးနွယ် တစ်ခုလုံးက ဖျက်ဆီးခံလိုက်ရပြီ”

“ခမည်းတော် သားတော်နားလည်ပါတယ်” လီရှောင်ကျဲ ခေါင်းငြိမ့်ပြလိုက်၏။

သူသည်အရင်ကတည်းက ကျန်းယန်ကိုလေးစားအားကျနေခဲ့ရသူဖြစ်ပြီး အရင်ကတည်းက အဇူရာတိမ်ဂိုဏ်းရဲ့ဦးဆောင်မှုနောက်သို့ လိုက်လိုနေသူ ဖြစ်သည်။

သူစိတ်ပူနေသည်က တိမ်တောင်အင်ပါယာ၏အတွင်းရေးပဋိပက္ခများကိစ္စသာ ဖြစ်၏။ သို့သော် ဤစစ်ရေးပြပွဲပြီးဆုံးသွားသည့်နောက် ဘာပြဿနာမှ ဖြစ်မလာနိုင်တော့ဘူးဟု သူယုံကြည်ပေသည်။

အကယ်၍ တစ်ယောက်ယောက်ကသူ့ကိုဆန့်ကျင်လိုလျှင်တောင် သူ့နောက်က အဇူရာတိမ်ဂိုဏ်းကိုတော့ ဆန့်ကျင်ရဲမှာ မဟုတ်ပေ။

“အဇူရာတိမ်ဂိုဏ်း အဓွန့်ရှည်ကြာတည်ပါစေ”

ရုတ်တရက် အပြင်ဘက်မှ ချီးမြှောက်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့၏။

အပြင်သို့ ထွက်ကြည့်လိုက်သောအခါ စစ်ရေးပြပွဲမှပြန်လာသူများသည် စစ်ရေးပြပွဲအကြောင်း မြို့ထဲတွင် လိုက်ပြောနေရင်း အဇူရာတိမ်ဂိုဏ်း၏ ဂုဏ်သရေကိုချီးမြှောက်နေမှန်း သိလိုက်ရသည်။

ယခုအခါ စစ်ရေးပြပွဲအကြောင်း အဇူရာတိမ်မြို့ထဲရှိလူတိုင်း သိရှိသွားခဲ့ကြလေပြီ။

မရေတွက်နိုင်သောသူများက အဇူရာတိမ်ဂိုဏ်း၏ဂုဏ်သရေကို ချီးမွမ်‌းထောပနာပြုနေခဲ့ကြသည်။

ထိုအခိုက်တွင် မြို့သူမြို့သားများကတော့ အဇူရာတိမ်မြို့သားဖြစ်ရတာကို ဂုဏ်ယူနေခဲ့ကြ၏။

လုံခြုံသော ငြိမ်းချမ်းသော မျှော်လင့်ချက်များစွာရှိသော တရားဥပဒေ စိုးမိုးသော ဤနေရာမျိုးကို ဘယ်သူက မချစ်ဘဲ နေပါမည်နည်း။

ဤနေရာက သူတို့၏အိပ်မက်မြို့တော်ဆိုတာ သူတို့သိပေသည်။

သူတို့သည် ဤမြို့၏တိုးတက်ပြောင်းလဲမှုများမှတစ်ဆင့် အကျိုးအမြတ်များစွာ ရရှိထားကြသူများလည်း ဖြစ်၏။

ဥပမာ ပြရလျှင် ဧည့်ကြိုလီချွေ့ဟွာလိုလူမျိုးပင်။

သူ့လိုလူမျိုးက အဇူရာတိမ်ဂိုဏ်းကိုမထောက်ခံဘဲ ဘယ်နေပါမည်နည်း။

မြို့ကြီးတစ်ခုလုံးတွင် အောင်ပွဲခံနေသော လူအုပ်ကြီးဖြင့် ပြည့်နှက်နေခဲ့သည်။

တစ်ဖက်တွင် အဇူရာတိမ်ဂိုဏ်းကတော့ တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။

စစ်ရေးပြပွဲပြီးဆုံးသွားသည့်နောက် တပည့်များက လေ့ကျင့်ရေးကွင်းဆီ ပြန်သွားကြပြီး အကြီးအကဲများကတော့ အစည်းအဝေးပွဲစတင်ရန် ခန်းမဆီ ရောက်လာခဲ့ကြသည်။

ခန်းမထဲတွင် ဂူဒူအာ အပါအ၀င်ဂိုဏ်း၏အရေးပါသောအဖွဲ့၀င်များအားလုံး ရောက်ရှိနေခဲ့ကြ၏။

ထိုစဉ် ကျန်းယန် ပြုံး၍ပြောလိုက်သည်။

“ဒီစစ်ရေးပြပွဲကို ကျွန်တော်တို့မျော်လင့်ထားတာထက်ကို ပိုကောင်းအောင် ကျင်းပနိုင်ခဲ့ပါတယ်

ဒီပွဲအတွက် လပေါင်းများစွာ ကြိုးစားပေးခဲ့တဲ့ အကြီးအကဲတွေနဲ့ မိစ္ဆာအကြီးအကဲတို့အားလုံးကို ကျေးဇူးတင်ပါတယ် ဒီကိစ္စမှာ ပါ၀င်ပေးခဲ့တဲ့ လူကြီးမင်းတို့အားလုံးကို ကျေးဇူးတင်စကားပြောချင်ပါတယ် ကျွန်တော်တို့ရဲ့ ပွဲလေးကတော့ အောင်မြင်စွာ ပြီးဆုံးသွားပါပြီ

အခုအားလုံးပဲ စိတ်အေးလက်အေးနေနိုင်ပါပြီ”

လူတိုင်းပျော်ရွှင်စွာ ရယ်မောလိုက်ကြလေသည်။

ချင်းယွင်ကျိတစ်ယောက်တည်းသာ နောင်တရနေဟန်ဖြင့် ပြောလိုက်၏။

“မင်းကောင်းကောင်းလုပ်ခဲ့ပါတယ်ကလေး ဒါပေမယ့်ကွာ နောက်တစ်ကြိမ်ဆိုရင်တော့ စစ်ရေးပြပွဲလုပ်မယ်ဆိုရင် အဇူရာတိမ်ဂိုဏ်းနယ်မြေမှာ မလုပ်ပါနဲ့တော့ကွာ”

All Chapters