ဆုံးဖြတ်ချက်ချခြင်း
Vol. 143 Ch. 1990
“မင်းသမီးလေး အခုကျွန်မတို့မှာ ဘာအားအင်မှမရှိတာသိပါတယ်.. ဒါပေမဲ့ ကျွန်မတို့ကို အချိန်ပေးလိုက်ရင် ကြီးပြင်းလာမှာပါ” ဟိုင်ရှင်း ဆက် ပြောလေသည် “ပြီးတော့ ကျွန်မတို့ရဲ့ ကျင့်စဉ်နှုန်းက အရမ်းမြန်ပါတယ်.. ကျွန်မတို့ သွေးသားနိုးထလာတာနဲ့ တခြားသူတွေထက် အဆပေါင်းများစွာ မြန် မှာပါ”
“ဒါဆို မင်းတို့မိသားစုမှာ သန်မာတဲ့လူတွေ အများကြီးရှိမှာပေါ့.. ဘာလို့ အဲလောက် အလွယ်တကူ ချေမှုန်းခံရတာလဲ” ယွင်ရာ မေးလိုက်သည်။
“ကျွန်မတို့…” ဟိုင်ရှင်းသည် နှုတ်ခမ်းကိုကိုက်လိုက်သည် “မိသားစုထဲက လူတွေက ကျင့်စဉ်ဖိုလိုပဲ ဆက်ဆံခံခဲ့ရတယ်.. ပြီးတော့ အကြီးအကဲတချို့ လည်း ရုတ်တရက် ပျောက်သွားခဲ့တယ်.. သူတို့တွေက အဖမ်းခံရပြီး ကျင့်စဉ်ဖို အဖြစ် အသုံးတော်ခံရတယ်လို့ အမေပြောခဲ့တယ်.. ပြီးတော့ ကျွန်မတို့ရဲ့ သွေးသား ဘယ်တော့မှ နိုးထမလာဖို့ သူမက မျှော်လင့်တယ်တဲ့.. ဒါပေမဲ့ ကျွန်မတို့မှာ ရွေးချယ်စရာမရှိဘူးလေ”
“မင်းတို သွေးသားနိုးထမယ် မနိုးထဘူးဆိုတာကို ရွေးလို့ရလား” ရှီမာယူယူသည် သိချင်စိတ်ဖြင့် မေးလိုက်သည်။
“ရှိပါတယ်… ကျွန်မတို့ သွေးသားဖွင့်တဲ့အချိန် ကျရှုံးဖို့ မိသားစုမှာ လျှို့ဝှက်နည်းလမ်းရှိပါတယ်” ဟိုင်ရှင်း ပြောလိုက်သည် “ဒါပေမဲ့ အဲလိုဆိုရင် အနာဂတ်မှာ အရည်အချင်းက မြင့်တော့မှာမဟုတ်ဘဲ သာမန်ကျင့်ကြံသူပဲဖြစ် သွားတော့မှာ.. တချို့ဆိုရင် ထပ်ပြီးမကျင့်ကြံနိုင်တော့ဘဲ သာမန်လူလိုပဲဖြစ်သ သွားကြတယ်”
“ဒါဆို မကျင့်ကြံတော့ဖို့ ရွေးတဲ့သူရှိလား”
“တော်တော်ရှားပါတယ်.. ကျွန်မတို့ ခန္ဓာကိုယ်က ကျင့်ကြံတဲ့နေရာမှာ မြန်ပြီး အဆင့်တက်ဖို့ ကြန့်ကြာတယ်ဆိုတာက နည်းပါတယ်.. ကျွန်မတို့သာ ကြီးထွားနိုင်ရင် သူများတွေရဲ့ ချုပ်နှောင်တာကိုမခံရဘူး.. သာမန်လူနဲ့ယှဉ်ရင် ဒီလှုံ့ဆော်မှုက ကြီးလွန်းတယ်လေ”
“အမှန်ပဲ ဒီလိုရွေးချယ်မှုနဲ့ ရင်ဆိုင်ရမယ်ဆိုရင် အနာဂတ်က ဘယ်လို ဖြစ်မလဲမသိနိုင်လို့ အရင်လမ်းကိုပဲ ရွေးဖို့ပိုလွယ်မှာပဲ”
“မင်းသမီးလေး ကျွန်မတို့ကို နောက်ကလိုက်ခွင့်ပြုပေးပါ.. ကျွန်မတို့ အရွယ်ရောက်လာရင် မင်းသမီးလေးအတွက် အသုံးဝင်မှာပါ” ဟိုင်ရှင်းသည် အရိုအသေပေးသည်နှင့် ဟိုင်ရှီးပါ လိုက်လုပ်လေသည်။
“မင်းတို့က ဘေးကင်းကင်းကြီးပြင်းဖို့အတွက် ငါ့အကာအကွယ်လိုနေ တာပဲ.. အဲတော့ မင်းတို့ လက်စားချေချင်လား” ရှီမာယူယူသည် သူမ၏ အတွေး များကို ပြောလိုက်သည်။
“ဟုတ်ကဲ့ အဲလိုပဲထင်ပါတယ်” ဟိုင်ရှင်းသည် မငြင်းဆန်ပေ “ဒါပေမဲ့ ကျွန်မတို့ အရွယ်ရောက်လာတာနဲ့ အသက်ကလည်း ရှည်သွားပြီ.. လက်စားချေ တာကလွဲပြီး မင်းသမီးလေးဘေးမှာ တစ်ချိန်လုံးရှိနေမှာပါ”
ရှီမာယူယူသည် ဟိုင်ရှင်း၏ မျက်လုံးများကို စိုက်ကြည့်လိုက်သည်။ သူမ သည် အကြည့်လွှဲမပစ်ပေ။ သူမ၏ မျက်နှာလေးသည် ပြတ်သားမှုများနှင့် ပြည့် နေသည်။
အတန်ကြာပြီးနောက် သူမ သက်ပြင်းချလိုက်သည် “အခု ငြင်းလိုက်ရင် မင်းတို့မောင်နှမနှစ်ယောက်က ဒီနေရာမှာတင် လည်နေကြမှာပဲ”
သူမ စကား၏အဓိပ္ပာယ်ကို ဟိုင်ရှီးနားမလည်သေးပေ။ သို့သော် ဟိုင်ရှင်း သည် ပျော်ရွှင်စွာဖြင့် ဦးထပ်ညွှတ်လေသည်။ အစ်မဖြစ်သူ ကန်တော့ပြန်သည် ကိုမြင်သောအခါ ဟိုင်ရှီးလည်း လိုက်ကန်တော့သည်။
“ကျွန်မတို့ကို လိုက်ခွင့်ပေးတဲ့အတွက် မင်းသမီးလေးကို ကျေးဇူးတင်ပါ တယ်.. မင်းသမီးလေးက နောက်ဆိုရင် ကျွန်မတို့ရဲ့သခင်ပါပဲ.. ဒီဘဝမှာတော့ သခင့်ကိုသစ္စာမဖောက်သလို သခင့်ကို နစ်နာစေမယ့်ဟာတွေ ဘာမှမလုပ်ပါ ဘူး”
ခဏအကြာတွင် သစ္စာကျိန်ဆိုသည့် စွမ်းအားသည် ကောင်းကင်မှ ကျ လာပြီး သူမခန္ဓာကိုယ်အတွင်းသို့ တင်သွားလေသည်။
ဟိုင်ရှီးသည် အစ်မဖြစ်သူ ပြောသည့်စကားကို ကြားပြီးနောက် သူပါ လိုက်သစ္စာဆိုသည်။
ဟိုင်ရှင်းသည် အကင်းပါးသူဖြစ်ကြောင်း ရှီမာယူယူခံစားမိသည်။ ထို့ကြောင့်ပင် သူမသည် စိတ်ရင်းနှင့် သစ္စာဆိုလိုက်ခြင်းဖြစ်သည်။ သည်လိုနှင့် သူမကို ယုံကြည်ချက်ရှိရှိ ပျိုးထောင်နိုင်မည်ဖြစ်သည်။ သူတို့ မကျင့်နိုင်လျှင် တောင် သူမသည် သူတို့မောင်နှမကို ကာကွယ်ကာ ကြီးပြင်းစေရမည်။
“ထကြတော့ မင်းတို့ကို အချိန်နဲ့ အရင်းအမြစ်တွေပေးမယ်.. ဘယ်လောက်ထိသွားနိုင်မလဲဆိုတာကတော့ မင်းတို့အလုပ်ဖြစ်သွားပြီ” ရှီမာယူယူ ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ သခင်”
ရှီမာယူယူ ပြုံးလိုက်သည်။ တကယ်တော့ သူတို့ အရွယ်ရောက်လာလျှင် လည်း သူမအတွက် ဘာကိုမှမလုပ်စေချင်ပေ။ သူတို့မောင်နှမနှစ်ယောက် ကြီးပြင်းလာပြီး မည်သူမှ ရန်မစရဲသည့်မြင်ကွင်းကို သူမ မြင်ချင်ရုံသာဖြစ်၏။
ပြီးနောက် သူတို့ကို ရှင်သန်ရန် အခွင့်အရေးပေးလိုက်ခြင်းဖြစ်သည်။ လူတိုင်းတွင် အသက်ရှင်နိုင်ခွင့်ရှိသည်။ သို့သော် လူတိုင်းတော့ ဤအခွင့်အရေး ကိုရမည်မဟုတ်ပေ။
ဟိုင်ရှင်းသည် ဟိုင်ရှီးကိုဆွဲပြီးထခိုင်းသည်။ အစောကဖြစ်ခဲ့သော ကြောက်ရွံ့မှုများမှာလည်း ငြိမ်ကျသွားပြီဖြစ်သည်။
သူမသည် သေချာပေါက် အင်အားကြီးလာရမည်။ ပြီးသည်နှင့် သူမ မျိုးနွယ်ကို ဖျက်ဆီးသူများသည် တန်ရာတန်ကြေးပြန်ပေးဆပ်ရမည်။
“မင်း နောက်ထပ် ဘယ်သွားမှာလဲ” ယွင်ရာသည် သူမ လူများလက်ခံ သည်ကို စောင့်ပြီး ကျယ်လောင်စွာ မေးလေသည်။
“ဒီမှာရက်ပိုင်းလောက် နားရအောင်.. ဟိုင်ရှင်းကို နလန်ထူပါစေဦး” ရှီမာယူယူ ပြောလိုက်သည် “ဘာလို့လဲ ရှင်တို့ထွက်သွားတော့မလို့လား.. ရှင်တို့ အလောတကြီး သွားရမယ်ဆိုရင် ဒီမှာပဲလမ်းခွဲကြတာပေါ့”
ယွင်ရာသည် အင်အားကြီးတစ်ခု၏ ဒုသခင်တစ်ယောက်ဖြစ်သည်ကို တွေးလိုက်လျှင် သူ့တွင် ရှင်းရမည့်ကိစ္စများစွာရှိနိုင်သည်။ သူမသည် အမှန် တကယ် ဂရုမစိုက်ပေ။ သူမသည် ဤနေရာတွင် လှည့်ပတ်ကြည့်ရှုပြီး ကိုးခု မြောက်မရဏာမောင်ကို ရှာကြည့်ချင်သေးသည်။
“ငါက အဆင်ပြေပါတယ် မဟုတ်လည်း ဂိုဏ်းကိစ္စတွေကို သိပ်ဂရုစိုက် တာမှမဟုတ်တာ.. မင်းနေချင်ရင် ငါလည်းနေမှာပဲ” ယွင်ရာ ပြောလိုက်သည်။
“ဒါဆိုလည်း ကျွန်မတို့အကုန်နေရမယ့်ပုံပဲ” ရှီမာယူယူသည် နှုတ်ခမ်းကို တွန့်ကွေးလိုက်သည်။
“အဓိပ္ပာယ်ကအတူတူပဲလေ”
ရှီမာယူယူ နှာမှုတ်လိုက်သည် “ဒီနေရာကို နားလည်ဖို့ နေတာမဟုတ်ဘူး လို့ပြောရဲလား”
“သေချာပေါက် အဲလိုပဲပေါ့”
“လျှို့ဝှက်ဂိုဏ်းက ဘယ်မှာလဲ”
“ဟင်”
“ကျွန်မစဉ်းစားပြီးသွားပြီ ဖေးယိ ပြောတာမှန်တယ်.. ဘယ်လိုပဲဖြစ်ဖြစ် သူတို့က အရိုးပုလွေရှိတဲ့နေရာကို သိနေမှတော့ ကျွန်မလည်း လွတ်လပ်မှာ မဟုတ်ဘူး.. ကျွန်မဝင်ကြည့်ပြီး ဘာလို့ သေချာလေး မသင်ကြည့်ရမှာလဲ”
“မင်းဝင်မယ်ဆိုရင် နောင်တမရရဘူး” ဖေးယိသည် သူမကို စိတ်ချအောင် ပြောလေသည်။
ရှီမာယူယူ ပြုံးလိုက်သည်။
သူမသည် ချန်းမျိုးနွယ်နှင့် တိုက်ပွဲပြီးစဉ်က ဝူလင်းယူကို ပြောခဲ့ပြီးဖြစ် သည်။ နှစ်ယောက်သား သဘောတူညီချက်ရခဲ့ကာ သူမသည် စိတ်လှုပ်ရှားနေ ခဲ့သည်။ သူမ တစ္ဆေလောကသို့ ရောက်သည်နှင့် မိခင်ဖြစ်သူကို ချက်ချင်း ကယ် ချင်သည်။ သို့သော် သူမမှာ လုံလောက်အောင် အားမကြီးသေးသဖြင့် အမြဲတစေ ပူပန်ခဲ့ရသည်။ သူမ၏ စိတ်မှာလည်း စောလာသည်။
အကယ်၍ သူမသာ လျှို့ဝှက်ဂိုဏ်းကိုသွားနိုင်လျှင် လေ့လာခြင်းတွင် စိတ်နှစ်နိုင်ပြီး သူမ၏ အားမှာလည်း တိုးလာနိုင်သည်။ မြောက်မျက်နှာအံ့ဖွယ် တံဆိပ်ကတော့ အတုအစစ်သိရလျှင်တောင် ယခုအချိန်တွင် အသုံးမဝင်တော့ ပေ။ ထိုအရာသာ အတုဆိုပါက နောက်နည်းလမ်းတစ်ခုရှာပြီး မိခင်ဖြစ်သူကို ကယ်တင်မည်။ အစစ်သာဆိုပါက တခြားသုံးခုနေရာကို မသိခင်တွင် မရဏာ စံတင်အဆင့်ကို ကျော်ဖြတ်ရမည်။ ထို့ကြောင့် မစစ်ဆေးခင်တွင် ဖြတ်ကျော် နိုင်ရန် စောင့်သည်က ပိုကောင်းသည်။
“လျှို့ဝှက်ဂိုဏ်းကဘယ်မှာလဲ ဝိညာဉ်နယ်မြေမှာလား တစ္ဆေလောကမှာ လား”
“နေရာကို ပြောပြလိုက်လည်း အသုံးမဝင်ဘူး.. မင်းသွားချင်တာနဲ့ ငါတို့က ခေါ်သွားပေးရမှာ.. မဟုတ်ရင် ရှာလို့တောင်ရမှာမဟုတ်ဘူး” ယွင်ရာ ပြောလိုက်သည်။
“ဟုတ်ပြီလေ”
“အဲလိုဆိုမှတော့ ငါတို့က မင်းနောက်ကိုပိုပြီးတောင်လိုက်ရမှာပဲ.. မင်း ပြီးသွားတာနဲ့ ငါတို့ အဲဒီကိုခေါ်သွားပေးမယ်”
“အဲဒါတော့ ရှင်တို့အပေါ်မှာမူတည်တာပဲ ကျွန်မက ရှင်တို့ လုံခြုံရေးကို အာမ,မခံဘူး” ရှီမာယူယူ ပြောလိုက်သည်။
“မင်းသာ ပြဿနာမရှာရင် ကိုယ့်ဘာသာတော့ ကာကွယ်နိုင်ပါတယ်”
“ကျွတ်..” ရှီမာယူယူသည် မျက်လုံးလှိမ့်လိုက်သည်။
ဟိုင်ရှင်းသည် သူမ နလန်ထူရန်အတွက် ဤနေရာတွင် နားနေခြင်းဖြစ် သည်ဟု သိသည်နှင့် ရင်ထဲထိမိသည်။ ယခုအချိန်တွင် သူမသည် ရှီမာယူယူ နောက်လိုက်ခဲ့သော်လည်း သူမတွင်အဆင့်အတန်းဟူ၍မရှိသေးပေ။
“ဟိုင်ရှီး နင် နောက်ဆိုရင် သခင့်ကို ကျေးဇူးပြန်ဆပ်ရမယ်”
“အင်း အင်း သခင်က ငါတို့အပေါ်မှာကောင်းတာပဲ.. ကျေးဇူးပြန်ဆပ်ချင် တာပေါ့”
ရှီမာယူယူနှင့် ဝူလင်းယူတို့သည် မြေပုံကိုလေ့လာရန်သွားလေသည်။
“ချန်းမျိုးနွယ်မှာတုန်းက အလောကြီးနေတာနဲ့ မြေပုံအသေးစိတ်ကို မမေးခဲ့ရဘူး” ရှီမာယူယူ သက်ပြင်းချလိုက်သည်။ အကယ်၍ အသေးစိတ်ကျ သည့် မြေပုံသာရှိပါက ဤယေဘုယျဆန်သော မြေပုံကို ငေးငိုင်ကြည့်နေရမည် မဟုတ်ပေ။
“ဒီကွက်လပ်ဖြစ်နေတဲ့ နယ်မြေပဲ” ဝူလင်းယူသည် မြေပုံ၏အလယ်ကို သူ၏ သွယ်လှသော လက်ချောင်းများဖြင့် ထောက်ပြလေသည် “ကိုးခုမြောက် မရဏာတောင်က ဒီနေရာမှာဖြစ်ရမယ်.. ဒါပေမဲ့ ဒီနယ်မြေက ကြီးလွန်းတယ်.. ကိုးခုမြောက်မရဏာတောင်က ဘယ်မှာရှိမလဲဆိုတာ မသိနိုင်ဘူး”
“ပြီးတော့ ဘယ်နေရာမှာ ကျောက်ဆောင်တွေရှိလဲဆိုတာ မသိရဘူး အဲဒီ ကိုတန်းသွားလိုက်ရင် အန္တရာယ်များမှာစိုးရတယ်” ရှီမာယူယူ ပြောလိုက်သည် “ဒီလောက်နှစ်တွေအများကြီးမှာ ဘယ်သူမှ အဲဒီနေရာကို ရှာမတွေ့ခဲ့ကြဘူး ဆိုလိုတာက ပတ်ဝန်းကျင်က တော်တော်ဆိုးလို့ပဲဖြစ်ရမယ်”
“မင်း တကယ်ပဲ ကိုးခုမြောက်မရဏာတောင်ကိုသွားချင်တာလား” ဝူလင်းယူသည် သူမကို ရုတ်တရက် မေးလေသည်။
***