ဝဋ်လည်ခြင်း
Vol. 143 Ch. 1991
ကိုးခုမြောက်မရဏာတောင်ကို တကယ်သွားချင်လား။
သွားချင်တာလား၊ သွားမှဖြစ်မှာလား။
ရှီမာယူယူသည် ခေတ္တမျှ မှင်တက်သွားကာ ခေါင်းခါလိုက်သည် “ဘိုးဘေးကြီး ကျွန်မကို စွမ်းအားပေးတုန်းက တခြားဘာအတွေးမှမရှိဘူး အဲဒီ နေရာကို သွားဖို့ပဲသိတယ်.. ဒီအချိန်မှာ ဒီနေရာကိုရောက်လာမယ်လို့ မထင် ထားရုံပါပဲ”
ထို့ကြောင့် မည်သို့ပင်ဖြစ်စေကာမူ သူမသည် ကိုးခုမြောက်မရဏာ တောင်ကို သွားရမည်။
“အဲလိုဆိုရင်လည်း ဘာမှစိတ်ပူမနေနဲ့ ဒီအတိုင်းသာတိုက်ရိုက်သွားလိုက်” ဝူလင်းယူ ပြောလေသည် “သွားကြမယ်လေ.. အဲနားရောက်မှ ဘယ်လိုလုပ်မလဲ ဆိုတာ ဆက်ကြည့်ကြတာပေါ့”
“အဲလိုက လုပ်လို့ရတယ်.. လမ်းတစ်လျှောက် ဘာပြဿနာမှမရှိဖို့ပဲ မျှော်လင့်ပါတယ်”
တြိဂံဒေသမှလူများသည် အပြင်လူများကို အလွန်ပင် ရွံရှာတတ်ကြ သဖြင့် သူတို့ခြေရာကိုကောက်မိလျှင် ပြဿနာဖြစ်စေနိုင်သည်။
ကံကောင်းစွာပင် သူတို့သည် လူအရေအတွက်မများသော်လည်း သန်မာ ကြသည်။
“ဒီကလေးနှစ်ယောက်ကို မင်းနဲ့အတူခေါ်ထားဖို့ စီစဉ်ထားတာလား” ဝူလင်းယူသည် သူမကို မေးလေသည်။
“သူတို့ကိုပါ ခေါ်လာမှာလေ” ရှီမာယူယူ ပြောလိုက်သည်။
“သူတို့က မင်းနဲ့ဖန်အာတို့နဲ့တူလို့လား.. မောင်နှမဆိုတာလည်းတူတယ် မျိုးနွယ်တွေ အစုလိုက်အပြုံလိုက်အသတ်ခံရပြီး အန္တရာယ်တွေဝိုင်းနေလို့ သူတို့ကို ပတ်ဝန်းကျင်ကောင်းကောင်းပေးချင်တာပဲ.. ဒါပေမဲ့ သူတို့ကို ကိုယ်တိုင်ခေါ်လာရင် ပြဿနာတွေဖြစ်လာနိုင်တယ်”
“ဒီကမ္ဘာမှာ သူတို့ကိုသဘောကျတဲ့လူများတာလည်းသိပါတယ် ဒါပေမဲ့ သူတို့ကိုတွေ့ရင် ကူညီချင်တယ်” ရှီမာယူယူ ပြောလိုက်သည် “သူတို့ကို ကျွန်မ ဘေးမှာထားတာကတော့ သူတို့ခန္ဓာကိုယ် ဘယ်လောက် အားကောင်းလဲဆို တာကို ကြည့်ချင်လို့ပါ.. သူတို့ယူလာတဲ့ အန္တရာယ်ကကြီးလွန်းရင်လည်း သူတို့ ကို အဝေးပို့ပစ်ဖို့စဉ်းစားထားတယ်”
“အင်း စိတ်ထဲမှာ အဲလိုဆုံးဖြတ်ထားတာကောင်းတယ်”
“စိတ်မပူပါနဲ့ ကျွန်မက လူဆိုးအဖြစ်မခံဘူး ဒါပေမဲ့ သူတော်စင်လည်း မဟုတ်ဘူး” ရှီမာယူယူ ပြုံးလိုက်သည်။
သူမနှင့် တွေ့သည့်လူတိုင်းကို ကောင်းပေးပြီး သူစိမ်းများကို ကူညီရ လောက်အောင်အထိ သူမသည် ကောင်းလှသည်တော့မဟုတ်ပေ။
ထို့နောက် သူတို့သည် လမ်းကြောင်းကို ဆွေးနွေးကြသည်။ သူတို့သည် နေရာအတိအကျကိုမသိသဖြင့် အနီးဆုံးနေရာတစ်ခုကိုသာ ရွေးလိုက်သည်။ သို့သော် ထိုသို့ဆိုလျှင်တောင် တခြားမိသားစုမျိုးနွယ်နှစ်ခု၏ ပိုင်နက်ကို ဖြတ်ရ ဦးမည်။ ပြီးနောက် အထက်မှ အကဲဖြတ်ရာတွင် မိသားစုနှစ်ခု၏ အားမှာ လုံးဝ ကွဲပြားသည်။ သူတို့သည် အလယ်ပိုင်းနှင့် ပိုနီးသဖြင့် အဆင့်အတန်းမှာလည်း ပိုမြင့်သည့်ပုံပင်။
ရက်အနည်းငယ်ကြာပြီးနောက် ဟိုင်ရှင်းသည် အပြည့်အဝပြန်ကောင်း လာရာ အလယ်ပိုင်းဒေသသို့ ဆက်သွားကြသည်။ သို့သော် ဝင်္ကပါမှာ အသုံးပြု ၍မရတော့သဖြင့် ဝေးဝေးမသွားနိုင်တော့ပေ။
“ဒီမှာ လေဟာပြင်ဟန့်တားထားတာရှိတယ်.. လေဟာပြင်လိုဏ်ခေါင်း တွေ ဖြတ်လမ်းဝင်္ကပါတွေကို လက်လွတ်စပယ်သုံးလို့မရဘူး” ဖေးယိ ပြော လိုက်သည်။
“အဲတော့ အပြင်ကနေပဲ သွားရမှာပေါ့”
“အဲလိုပဲသွားလို့ရမယ်.. ဒါပေမဲ့ အပြင်ကနေလမ်းလျှောက်ရင် လူမိသွား နိုင်ချေများတယ်”
“နည်းလမ်းမရှိဘူး ဒီလိုပဲသွားရမှာပဲ”
“သားရဲပျံတွေရှာကြည့်ပါဦးမယ်” ရှီမာယူယူသည် နီရဲပျားများကို ခေါ် ထုတ်လိုက်သည်နှင့် မကြာမီတွင် သတင်းများပြန်ရောက်လာသည်။
နောက်ဆုံးတွင် စွန်သိမ်းငှက်တစ်ကောင်ကို ရွေးကာ အိပ်မွေ့ချပြီးနောက် ယာယီစီးတော်ယဉ်အဖြစ် သုံးလိုက်ကြသည်။
သူ၏ ဦးဆောင်မှုနှင့်အတူ လူအများအပြားကို ရှောင်ရှားကာ လူမသိစေ ဘဲနှင့် ပထမဆုံးမျိုးနွယ်ကို ဖြတ်ကျော်နိုင်ခဲ့သည်။ သို့သော် ဒုတိယမျိုးနွယ် နယ်နိမိတ်သို့ ရောက်သည်နှင့် သူတို့၏ကံကောင်းမှုများမှာ အဆုံးသတ်သွား လေသည်။
ထိုနေ့တွင် သူတို့သည် မျိုးနွယ်နှစ်ခုကြား၏ နယ်စပ်ကို ရောက်ခါစဖြစ် ကာ နယ်မြေနှင့်ရင်းနှီးသော သားရဲပျံကို ပြောင်းစီရန်ပြင်ဆင်နေတုန်းမှာပင် လူမိသွားခြင်းဖြစ်သည်။ ထို့အပြင် ထိုလူများသည် သူတို့ကိုတွေ့သည်နှင့် ဘာမှ မပြောဘဲ ချက်ချင်းပင် သတ်ကာ နှင်းဖြူစင်ကြာပွင့်ဆီသို့ လက်လွှဲပေးရန် ပြောလေသည်။
ပြိုင်ဘက်၏ တိုက်ခိုက်မှုများသည် ကြမ်းတမ်းကာ သတိကြီးလှသည်။ သူတို့သည် လူအများအပြား၏ အာရုံစိုက်လာမှုကိုရှောင်လိုသောကြောင့် ထွက်ပြေးခဲ့ကြသည်။ ထိုခြေရာခံလိုက်သည်ကို ရှင်းထုတ်ရမှာပင် အချိန် အတော်ကြခဲ့သည်။
“ဝိုး ငါတို့နှင်းကြာပွင့်ကို ဘယ်ကနေရခဲ့တာလဲ” ယွင်ရာသည် ကျိန်ဆဲ လေသည်။
နှင်းဖြူစင်ကြာပွင့်ဆိုသည်ကို တရင်းတနှီးရှိလှသည်ဟု ရှီမာယူယူ တွေး မိသည်။ ထို့ကြောင့် စဉ်းစားကြည့်ရာ နောက်ဆုံးတွင် ထိုနာမည်ကို မည်သည့် နေရာတွင် ကြားခဲ့ဖူးသည်ကို မှတ်မိသွားသည်။
“ကျွန်မတို့တွေ ရွှီယွိနဲ့ ရှုပ်သွားပြီ” သူမသည် မတတ်သာစွာဖြင့် ပြောလေ သည်။
“ဘာ”
“ရွှီယွိတို့က ဒီနေရာကို နှင်းဖြူစင်ကြာပွင့်ယူဖို့ လာတယ်လို့ ပြောတာ ကြားခဲ့တယ်.. အဲဒီတော့ အခု ကျွန်မတို့ ဒီနေရာရောက်တာနဲ့ သူက နှင်းဖြူစင် ကြာပွင့်ရသွားပြီး ထွက်ပြေးသွားတာဖြစ်ရမယ်” ရှီမာယူယူ ရှင်းပြလေသည်။
ဒါက သူတို့တစ်နေ့ပြန်ဆပ်ရမယ့် ဝဋ်လား။
ကျောက်မျိုးနွယ်တွင်ရှိစဉ်က သူတို့ရုတ်တရက်ပေါ်လာခြင်းကြောင့် ကျောက်မျိုးနွယ်သည် စစ်ဆေးခဲ့သည်။ ရလဒ်အနေနှင့် ရွှီယွိနှင့်တခြားသူများ နှင့်တွေ့ပြီး ကျောက်မျိုးနွယ် နောက်မှလိုက်ခြင်းကို ကြာရှည်စွာခံခဲ့ရသည်။ ထိုစဉ်က ရွှီယွိ၏ ကံမှာဆိုးလွန်းသည်ဟု သူမခံစားရသည်။ သို့သော် သည် တစ်ကြိမ်တွင် သူတို့ အလှည့်ဖြစ်လာလိမ့်မည်ဟု ထင်မထားပေ။
အားလုံးမှာ “….”
သူတို့ ကံကတော့ တကယ်ကို… ကောင်းတာပဲ။
“ဒါဆို အခုဘာလုပ်ကြမလဲ တိုက်ခိုက်ချင်လား” ဖူရှီး မေးလိုက်သည်။
“ဘာတိုက်ခိုက်စရာလိုလို့လဲ.. ငါတို့သာ လူမြင်တိုင်းတိက်ခိုက်ရရင် တြိဂံ ဒေသတစ်ခုလုံးက လူတွေက ငါတို့ကို အကုန်ဝိုင်းထားတော့မှာပေါ့” ယွင်ရာ သည် စိတ်ဓာတ်ကျသလိုပြောလေသည်။
သူတို့ ကျောက်မျိုးနွယ်၊ ချန်းမျိုးနွယ်တို့နှင့် မရှင်းခင်က အရှက်မဲ့သော လုပ်ရပ်လုပ်မိခဲ့ပြီး ဆုံးရှုံးမှုကို ခံစားရခဲ့ခြင်းကြောင့်ဖြစ်သည်။ သို့သော် သူတို့ သာ တွေ့သည့်လူတိုင်းကိုသတ်ပါက မိသားစုတွေ အကုန်ပူးပေါင်းပြီး သူတို့ သွားသည့်နေရာတိုင်း လိုက်နေနိုင်သည်။ ဤနေရာမှ ထွက်ပြေးနိုင်ရန်ဆိုထား နှင့် အသက်ရှင်ရန်ပင် စိန်ခေါ်မှုတစ်ရပ်ဖြစ်ပေလိမ့်မည်။
“ဒါဆိုရင် ထွက်ပဲပြေးနေရမှာလား” ဖူရှီ ထပ်မေးပြန်သည်။
“အခုတော့ ပိုကောင်းတဲ့နည်းလမ်းမရှိသေးဘူး” ရှီမာယူယူ ပြောလိုက် သည် “အရင်ဆုံးပြေးပြီး နားစွင့်ထားကြတာပေါ့”
“တစ်ယောက်ယောက် လာနေပြီ” ဝူလင်းယူ ပြောလိုက်သည်။
“ဒီလောက် မြန်မြန်ကြီးရောက်ချလာကြတာလား အသက်ရှုချိန်လေး တောင်မပေးတော့ဘူးလား”
“ငါတို့တွေက လေဟာပြင်သုံးပြီး ပြေးလို့မရတော့ အပြင်မှာပဲနေနေရ တာလေ.. ဒီနေရာက နယ်မြေကိုလည်း ကျွမ်းကျင်တာမဟုတ်ဘူး ငါတို့မှာ အားနည်းချက်ရှိနေတော့ လွယ်လွယ်နဲ့တွေ့ကြမှာပဲ”
“အဲအကြောင်းတွေ ပြောမနေနဲ့တော့ သွားကြမယ်”
သူတို့ထွက်သွားသည်နှင့် နောက်မှလိုက်သူများသည် သူတို့ခြေရာ ကောက်မိသဖြင့် အမြန်ပင် လိုက်ရှာကြသည်။ ပြေးရင်းလိုက်ရင်းနှင့် ထိုအတိုင်း ဆက်သွားကြလေသည်။
နှစ်လကြာပြီးနောက်…
နောက်မှလိုက်သူများသည် လေထဲတွင် အမြန်သွားရင်းနှင့် ဒေါသထွက် လာသည်။
“အဲလူတွေက ကောက်ကျစ်လိုက်တာ”
“သူတို့ကို လိုက်နေတာ နှစ်လလောက်ရှိပြီ တစ်ခါမှမမိသေးဘူး.. အဲလူ တွေက နည်းနည်းတော့ အားကောင်းတာပဲ”
“ဆက်လိုက်နေဦးမှာလား.. ဆက်ပြီးသွားနေရင် တားမြစ်နယ်မြေကို ရောက်တော့မယ်”
ခေါင်းဆောင်လာသူမှာ ခေတ္တမျှတိတ်သွားပြီး ပြောလေသည် “လိုက်မယ် ငါတို့လိုက်မှဖြစ်မယ် သူတို့က နှင်းဖြူစင်ကြာပွင့်ကိုခိုးသွားတာလေ ငါတို့ ပြန် လိုက်ယူရမယ်”
“ဒါပေမဲ့ ကိုးခုမြောက်မရဏာတောင်ကိုသွားထိရင် ပြဿနာတက်မှာ စိုးရတယ်”
“ငါတို့ နှင်းဖြူစင်ကြာပွင့်ကို မယူနိုင်ရင်လည်း ပြဿနာတက်မှာပဲ”
“ဟုတ်ပါပြီ အရင်ဆုံးသွားကြတာပေါ့ လတ်တလော ဆေးအကြီးအကဲ အိမ်မှာမရှိဖို့ပဲ မျှော်လင့်ပါတယ်”
ပြီးနောက် သူတို့အဖွဲ့သည် ရှီမာယူယူတို့ ထွက်ပြေးသည့် ဦးတည်ဘက် သို့ လိုက်ကြသည်။
ရှီမာယူယူနှင့် တခြားသူများလည်း စိတ်ဓာတ်ကျလျက်ရှိသည်။ ထိုလူများ သည် သူတို့နောက်သို့ နှစ်လကြာလိုက်နေရသည့်တိုင်အောင် လက်မလျော့ သွားပေ။ လူအများအပြားကို ရန်စမလိုဖြစ်သွားမည်ကြောက်၍သာမဟုတ်လျှင် ထိုလူများကို သတ်လိုက်ချင်ပြီ။
သူတို့သည် မည်သည့်နေရာရောက်နေသည်.. သို့မဟုတ် ကိုးခုမြောက် မရဏာတောင်နှင့် ဝေးနေသေးလားဆိုသည်ကို မသိသေးပေ။
သူတို့သည် ချောက်ကမ်းပါးအောက်တွင် နားပြီး ကန်ထဲမှ ငါးတချို့ကို ဖမ်းနေသည်။ ရှီမာယူယူသည် ကျန်လူသုံးယောက်အတွက် ငါးကင်လုပ်ပေးနေ သည်။
“ကောင်မလေး မင်းငါးကင်ပြီးသွားရင် ဒီအဘိုးကြီးကိုလည်း နည်းနည်း ပေးနိုင်မလား”
ရုတ်တရက်ပေါ်လာသော ပုံရိပ်သည် ဝူလင်းယူနှင့် တခြားသူများကို နိုးကြားသွားစေသည်။ သူတို့သည် သူ၏အရှိန်အဝါကိုပင် မခံစားမိပေ။ အဲလူက ဘယ်လောက်တောင် အားကောင်းတာပါလိမ့်။
“စိတ်မလှုပ်ရှားကြပါနဲ့.. ငါက ဒီနားမှာ ဆေးတွေလိုက်စုရင်းနဲ့ အရမ်းမွှေး တဲ့ အနံ့ရလိုက်လို့.. စိတ်မပူပါနဲ့ မင်းနောက်ကိုလိုက်နေတဲ့သူမရှိဘူး..” ဆေးအကြီးအကဲသည် ခပ်ဖျော့ဖျော့အနံ့ရှိသော ဆေးပင်များ ထည့်ထားသည့် သစ်သားခြင်းကိုလွယ်ထားသည်။
***