အခြေအနေတင်းမာခြင်း
Vol. 143 Ch. 1992
သို့သေသာ် သူထိုသို့ပြောလိုက်သောအခါ ပို၍စိတ်လှုပ်ရှားလာသည်။
ရှီမာယူယူသည် လတ်တလောမှ ကင်ထားသော ငါးကင်ပေးပြီး မေး လိုက်သည် “ကျွန်မတို့ကို လိုက်နေတဲ့သူတွေကို မြင်ရတယ်ပေါ့”
“အဲလူတွေက အပြင်မှာ ဒီလောက်ရုတ်ရုတ်သဲသဲတွေဖြစ်နေကြတာ အခု မင်းတို့လို အပြင်လူတွေကို မြင်တော့ သူတို့တွေလိုက်နေတာ မင်းတို့မဟုတ်ရင် ဘယ်သူဖြစ်နိုင်ဦးမှာလဲ” ဆေးအကြီးအကဲသည် ငါးကင်ကို တစ်ကိုက်ကိုက် လိုက်ရာ အရသာမှာ ကောင်းလွန်းနေသည် “မင်းရဲ့ အသားကင်တဲ့ နည်းလမ်း က မင်းအမေထက် အများကြီးပိုကောင်းတာပဲ”
ရှီမာယူယူသည် လက်ဆန့်ထုတ်ကာ “ကျွန်မအမေကို သိတာလား”
“အဲဒီအကြံအစည်တွေနဲ့ ပြည့်နေတဲ့ မိုက်မဲတဲ့မိန်းမငယ်လေးက အမြဲတမ်း ငါ့ဆီက ရတနာတွေလာရှာနေတာလေ” ဆေးအကြီးအကဲသည် ငါးရိုးကို ထွေးထုတ်လိုက်သည် “မင်းက သူမနဲ့တူတယ်.. အဲတော့ မင်းကို မှတ်မိ ဖို့ကလွယ်ပါတယ်”
“ရှင်က ဆေးအကြီးအကဲလား” ရှီမာယူယူသည် အနည်းငယ်တွေးပြီး နောက် သူ့သရုပ်မှန်ကို ခန့်မှန်းလိုက်သည်။
“ဟေး ကောင်မလေး မင်းက ဉာဏ်ကောင်းသားပဲ” ဆေးအကြီးအကဲ သည် ပြုံးပြီးပြောကာ ငါးကို နောက်ထပ်ကိုက်လိုက်သည်။
“ဆေးအကြီးအကဲက ဒီရောက်နေတာကိုး ကျွန်တော်တို့ မရိုမသေပြုမိ သွားပါတယ်” ယွင်ရာသည် ဆေးအကြီးအကဲကို အရိုအသေပြုလေသည်။
“လောင် ၇ ရဲ့တပည့်ပဲ.. အဲအဘိုးကြီးဘယ်မှာလဲ” ဆေးအကြီးအကဲသည် သူ့ကို မေးလေသည်။
“ဆရာက အမြဲတမ်း သူရှိတဲ့နေရာကို ထင်ယောင်ထင်မှားလုပ်တတ်ပါ တယ် အဲဒါကြောင့် ကျွန်တော်မသိပါဘူး.. ဒါပေမဲ့ စဉ်းစားကြည့်ရင်တော့ သူ ဂိုဏ်းကိုပြန်မယ့်အချိန်ပါပဲ” သူ၏ ဆရာဖြစ်သူနှင့် ဆေးအကြီးအကဲတို့သည် ဆက်ဆံရေးကောင်းကြောင်း ယွင်ရာကြားဖူးသဖြင့် ဆရာဖြစ်သူ၏နာမည်ကို ပြောလာချိန်တွင် မအံ့ဩတော့ပေ။
“အဘိုး သူက လောင် ၇ ရဲ့တပည့်မှန်း ဘယ်လိုသိတာလဲ” ဖူရှီး မေး လိုက်သည်။
“မင်းရဲ့ ငါးကင်ကို ငါ့ကိုပေးရင် ပြောပြမယ်” ဆေးအကြီးအကဲ ပြော လေသည်။
ဖူရှီသည် တွေဝေခြင်းမရှိဘဲ ငါးကင်ကိုပေးလိုက်ကာ မျက်လုံးဝိုင်းလေး များဖြင့် သူ့အဖြေကို စောင့်နေသည်။
ဆေးအကြီးအကဲသည် ငါးကင်ကိုယူပြီး စားကာ ပြောလိုက်သည် “သူတို့ က ဘယ်လိုပညာတွေသင်ခဲ့လဲတော့ ငါလည်းမသိဘူး ဂိုဏ်းထဲက လူတွေက ရောင်ဝါတူကြတယ်… အဲဒါကို ကြည့်တာနဲ့ မြင်နိုင်တယ်”
“ဒါပဲလား”
“ဒါပဲလေ.. အဲကောင်မလေးလည်း အဲလမ်းကိုလိုက်နေတာမလား.. သူမ အနံ့လည်း အဲလိုပဲ”
“အဲဒါကိုတောင် ပြောနိုင်တယ်ပေါ့” ဖူရှီသည် ယွင်ရာကိုကြည့်ပြီးနောက် ရှီမာယူယူကို ကြည့်လိုက်သည်။ သူတို့နှစ်ယောက်ကြားက ရောင်ဝါကမတူပါ ဘူး။ အဲဒါကို ဘယ်လိုမြင်လိုက်တာပါလိမ့်။
“မင်းက ငယ်ပါသေးတယ်.. မြင်တာကမှ ထူးဆန်းနေဦးမယ်” ဆေးအကြီးအကဲသည် ဆက်ပြောလေသည် “ငါ့အရွယ်ရောက်ရင် မှန်းနိုင်သွား မယ်”
“အကြာကြီးလိုသေးတာပဲ” ဖူရှီသည် အတန်ကြာအောင် လူးလွန့်ပြီး နောက် ရပ်ကာ ရှီမာယူယူ ငါးကင်နေသည်ကို ကြည့်နေသည်။
“အစ်ကိုကြီးဖူရှီ ကျွန်တော့ဟာစားလေ” ဟိုင်ရှီးသည် စားလက်စ ငါးကို ပေးသည်။
“မဟုတ်တာ မင်းဘာသာမင်းစား” ဖူရှီသည် တခြားသူ၏ တံတွေးပေ ထားသော ငါးကိုစိတ်မဝင်စားပေ။ သူငြင်းလိုက်သောကြောင့် ဟိုင်ရှီးမှာ ညှိုး သွားသည်ကိုကြည့်ပြီး စိတ်ထဲမှ မျက်လုံးလှိမ့်မိသည်။ သို့သော် သူ နှစ်သိမ့်ပေး လိုက်သည် “ဟိုင်ရှီး မင်းက ဗိုက်ဆာနေတာမလား… ဒါကိုအရင်စားလိုက် ယူယူက ခဏနဲ့ ကင်ပြီးမှ ငါနောက်မှစားလို့ရတယ်.. မင်းသာ ဗိုက်ပြည့်အောင် မြန်မြန်စား”
ဟိုင်ရှီးသည် ပြုံးလိုက်ရာ သူ၏ မျက်လုံးများသည် လခြမ်းသဖွယ် ကွေး တက်သွားလေသည်။
ရှီမာယူယူသည် တစ်ခါတည်းနှင့် ငါးအကောင်ရေများများ ကင်သည်။ ပထမတစ်သုတ်ကို ဝူလင်းယူနှင့် ဟွမ်တို့ကိုပေးပြီးနောက် ကျန်သည့်အကောင် များကို ဖူရှီနှင့် ဆေးအကြီးအကဲတို့နှစ်ယောက်ကို ပေးလိုက်သည်။ ထို့နောက် သူမသည် တချို့ကိုထပ်ကူကာ ကင်သည်။
“ဆေးအကြီးအကဲ ဘာလို့ ဒီနားကိုဖြတ်သွားတာလဲ.. ငါးကင်အနံ့က ဆွဲဆောင်သွားတယ်လို့တော့ မပြောနဲ့နော်”
“ဒါဆို မင်းစဉ်းစားကြည့်လေ ငါက ဘာလို့ ဒီကိုလာတာဖြစ်မလဲ” ဆေး အကြီးအကဲ ပြန်မေးသည်။
ရှီမာယူယူသည် စုတ်တံယူကာ ငါးကိုဆီသုတ်လိုက်သည်။ ခေတ္တမျှ နှုတ် ဆိတ်သွားကာ ပြောလေသည် “ဒီကိုနှင်းဖြူစင်ကြာပွင့်ကြောင့် လာတာမလား”
“ဟားဟား” ဆေးအကြီးအကဲသည် သဘောတူသလိုမျိုး ပြုံးလေသည်။
“နှမြောစရာပဲ နှင်းဖြူစင်ကြာပွင့်က ကျွန်မတို့နဲ့ရှိမနေဘူး ပြီးတော့ ကျွန်မတို့က ရွှီယွိတို့လုပ်တာကို ကြားထဲကခံနေရတာ” ရှီမာယူယူ ပြောလိုက် သည်။
“အိုး မင်းတို့က ကံဆိုးလိုက်တာ”
“ကံဆိုးတာထက်ကို ပိုဆိုးတယ်” ရှီမာယူယူသည် သက်ပြင်းချပြီး ကျောက်မျိုးနွယ်မှ ကိစ္စများနှင့် ဤနေရာတွင် ဖြစ်ပျက်ခဲ့သမျှကို ပြောပြပြီး ခံစားချက်ပါပါပြောလေသည် “ဒီလိုကိစ္စကို ကြုံဖူးတာတော့ ပြန်ပေးဆပ်ရတာ ပေါ့ ”
“ဟားဟား မင်းတို့က ကံဆိုးလွန်းပါတယ်” ဆေးအကြီးအကဲ ရယ်မော လေသည်။
“ဟုတ်တယ် ကျွန်မလည်း အဲလိုထင်တယ်.. ပြီးတော့ ကျွန်မသာ တကယ် အဲဒီနှင်းကြာပန်းရရင် နှစ်လလောက် အလိုက်ခံဖို့မပြောနဲ့ ၂ နှစ်အလိုက်ခံရရင် တောင် ဘာမှမပြောဘူး… ဒါပေမဲ့ ဘာမှမရှိဘဲ အလိုက်ခံနေရတာ.. နှစ်လ တောင် စဉ်းစားလိုက်ရင်ကို စိတ်ညစ်တယ်” ပြောပြီးနောက် သူမ သက်ပြင်း ရှည်ချလိုက်သည်။
“မင်း တကယ် စိတ်ဓာတ်ကျရမှာက ဒီကိစ္စထက်တောင် ပိုသေးတယ်”
“ဟင် ဘာဖြစ်လို့လဲ”
“နှင်းဖြူစင်ကြာပွင့်က သူတော်စင်ဆေးပဲ.. ဒီအဘိုးကြီးတောင် လိုချင် နေတာ.. မင်းပြောကြည့် တခြားလူတွေ ဘာလုပ်ကြလမလဲ” ဆေးအကြီးအကဲ သည် သူကို စိုက်ကြည့်ပြီး သူမ မျက်မှောင်ကြုတ်သည်ကို မြင်သောအခါ ခန့်မှန်းမိပြီကို သိလိုက်သည်။
“ဆေးအကြီးအကဲတောင် ဒီကိုလာတယ်ဆိုတော့ တခြားလူတွေလည်း လာကြမှာပဲ.. ကျွန်တော်တို့နောက်လိုက်တဲ့ လူအပြင်တခြားလူတွေကိုပါ တွေ့ နိုင်တယ်” ယွင်ရာပြောလိုက်သည်။
“ဟုတ်တယ် ဒါပေမဲ့ အဲဒါက ပြဿနာမဟုတ်သေးဘူး” ဆေးအကြီးအကဲ သည် ငါးကင်ကို တက်ကြွစွာစားနေကာ ပြဿနာကိုထောက်ပြနေသော်လည်း မပြောပြပေ။
“တကယ့်ပြဿနာက ကျွန်မတို့မှာ အဲဒီကြာပွင့်ရှိမနေတာပဲ” ရှီမာယူယူ ပြောလိုက်သည် “တခြားသူတွေမေးလာရင်လည်း ထုတ်မပေးနိုင်ဘူး.. ကျွန်မ တို့က မပေးချင်လို့ပဲထင်ကြမှာပဲ ယုံကြမှာလည်းမဟုတ်ကြဘူး.. အာ.. ဒီတစ် ခေါက်တော့ တကယ်ပဲ သူလှည့်စားတာခံလိုက်ရပြီ”
ဆေးအကြီးအကဲသည် သူမကို သဘောတွေ့သလိုကြည့်လိုက်သည်။ သူမ ဉာဏ်က တော်တော်လိုက်လျောညီထွေဖြစ်တာပဲ။
“ရွှီယွိသာ ရှိသေးရင် အခြေအနေပြောင်းဖို့ အခွင့်အရေးရှိသေးတယ်… သူသာ ထွက်သွားရင် တကယ်ပြဿနာပဲ” ဖေးယိ ပြောလိုက်သည်။
ယခုအချိန်တွင် သူတို့ အမှန်တကယ် အခက်တွေ့နေလေပြီ။
“ဆေးအကြီးအကဲ သူတို့ ထွက်သွားကြပြီလား” ရှီမာယူယူသည် ဆေး အကြီးအကဲကို မေးလိုက်သည်။
“ငါ သူတို သတင်းမကြားတာတော့ကြာပြီ… အကုန်လုံးက မင်းတို့ အကြောင်းကိုသိကြတယ်.. ဒါပေမဲ့ သူ့အကြောင်းကိုတော့ မသိကြဘူး” ဆေး အကြီးအကဲ ပြောလိုက်သည်။
“အဲတော့ သူတို့က ထွက်သွားနိုင်ချေများတယ်ပေါ့.. ထွက်မသွားသေးဘူး ဆိုရင်တောင် အခု သူတို့ကတော့ ရှုပ်မနေတော့ဘူး” ရှီမာယူယူ သက်ပြင်းချ လိုက်သည် “တကယ်ပဲ ဒုက္ခပဲ.. ဒါပေမဲ့ နှင်းဖြူစင်ကြာပွင့်ရဲ့ ဇစ်မြစ်ကဘာလဲ”
“နှင်းဖြူစင်ကာပွင့်ကို သူတော်စင်ဆေးပင်လို့ခေါ်မှတော့ သက်ရောက်မှု က အမျိုးမျိုးရှိတယ်.. အဲဒါက အဘိုးကြီးတွေရဲ့ စိတ်ကိုလှုပ်ခါနိုင်တဲ့ ပစ္စည်း တွေထဲက တစ်ခုပဲ.. ဧကရာဇ်အဆင့်တက်ဖို့အတွက် အခွင့်အရေးကိုလည်း မြှင့်တင်ပေးနိုင်တယ်.. အဲဒါကိုရရင် အဆင့်တက်တာ တစ်ဝက်အောင်မြင်ပြီလို့ လည်း တချို့ကပြောကြတယ်” သူသည် ဗဟုသုတစုံလှသည်။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ” ရှီမာယူယူသည် ခေါင်းကို အသာယမ်းလိုက် သည် “ကောင်းကင်ရဲ့ ချုပ်တည်းမှုတွေကြောင့် လူတစ်ယောက်က ဧကရာဇ် အဆင့်ကို မတက်နိုင်ဘူး.. သူတော်စင်ဆေးဆိုရင်တောင် ပြောင်းမရဘူး”
“အိုး.. မင်းက ကောင်းကင်ရဲ့ ပြောင်းလဲမှုတွေကိုတောင် သိတဲ့ပုံပဲ” ဆေး အကြီးအကဲသည် တအံ့တဩ ပြောလေသည် “အကုန်လုံးက သူတို့အဆင့် သူတို့သိကြရင်တောင် မျှော်လင့်ချက်ရှိရင် ကြိုးစားကြည့်ချင်တာပဲ”
“တကယ်ပဲ ဧကရာဇ်အဆင့်ကို တက်ချင်ရင် ကောင်းကင်နဲ့တိုက်ခိုက်ပြီး ကောင်းကင်ဥပဒေကို ပြောင်းလဲပစ်ရမယ်” ရှီမာယူယူသည် အေးစက်စွာ နှာမှုတ်လိုက်သည် “ဟင်း စိတ်ဓာတ်မကောင်းဘဲ အလွယ်လမ်းလိုက်တတ်တဲ့ သူတို့လိုလူတွေက ဧကရာဇ်အဆင့်တက်ဖို့ ဘယ်တော့မှအခွင့်အရေးရမှာ မဟုတ်ဘူး.. ဆေးအကြီးအကဲ အဘိုးလည်း အဲဒါကြောင့် ဒီကိုလာတာလား”
ရှီမာယူယူကို ကြည့်သော ဆေးအကြီးအကဲ၏ အကြည့်များမှာ အနည်း ငယ် ပြောင်းလဲသွားသည်။ သူမ၏ မေးခွန်းကိုကြာပြီးနောက် သူ ပြုံးကာ ပြော လိုက်သည် “ဧကရာဇ်နေနေ ဘာနေနေ ငါက ဒီအတိုင်း အရိုးဆွေးနေပြီ.. ငါ့ကို ဆေးအကြီးအကဲလို့ခေါ်ကြတော့လည်း ဆေးပင်တွေကို စိတ်ဝင်စားတာပေါ့ မင်းနောက်ကိုလိုက်ရတာတော့ နှမြောစရာပဲ.. ငါလာခဲ့တာပဲ ဒါပေမဲ့ ဘာမှ မရ ဘူး.. အင်း အနည်းဆုံးတော့ အကြံဉာဏ်ကောင်းကောင်းနဲ့ ဥပဒေသတွေကို ကြားလိုက်ရတာပေါ့”
***