← Chapters

အမေရောပဲ

Vol. 143 Ch. 1993

အမေရောပဲ

Vol. 143 Ch. 1993

“ဘာကို အကြံဉာဏ်ကောင်းတဲ့ ဥပဒေသရမှာလဲ.. ဟူး ကျွန်မက ဒီအတိုင်းပဲ ခံစားမိတာပါ” ရှီမာယူယူသည် သက်ပြင်းအသာချလိုက်သည်။

အဒေါ်ဖန် ဧကရာဇ်အဆင့်သို့ တက်သွားသည့် အကြောင်းသာ သိမထား လျှင် ဧကရာဇ်ချင်းဒေါင်၏ ကောင်းကင်ဥပဒေသပြောင်းလဲသည့် အကြောင်း ကိုသိမည်မဟုတ်ပေ။

သူမသာ ရဲရဲတောက်လမ်းကို ဖောက်လိုက်ပါက ပြောင်းလဲသွားနိုင်သည်။ ရှေ့လျှောက်ဆက်သွားရမည့် လမ်းကိုတွေးလိုက်လျှင် သူမ သွားရန် ခရီးရှည် ကြီးကျန်သေးသည်။

“ဆေးအကြီးအကဲ ကျွန်တော်တို့တွေ ဒီလိုအခက်တွေ့နေကြတာဆို တော့ ကျွန်တော်တို့ကို လမ်းပြပေးပါ” ယွင်ရာ ပြောလိုက်သည်။

“ကျုပ်က စုတ်ပြတ်နေတဲ့ အဘိုးအိုပဲလေ.. မင်းတို့ကို ဘာလမ်းပြရမှာလဲ” ဆေးအကြီးအကဲ ပြောလိုက်သည် “ငါပြောချင်တာတော့ မင်းတို့ ဒီကနေ မြန်မြန် ထွက်သွားကြတော့ အပြင်ကမ္ဘာက ကျယ်ပြန့်တယ်.. မင်းတို့သွားချင် တဲ့နေရာရှိရင် ဒီအတိုင်းသာသွားလိုက်တော့”

“ဒါက ဒီအတိုင်း ကျွန်တော်တို့ကို ထွက်ပြေးခိုင်းနေတာပဲမလား ရှက်ဖို့ ကောင်းလိုက်တာ” ယွင်ရာ သဘောမတူပေ။ ထိုအရာမှာ သူ၏ပုံရိပ်ကို ပျက်ပြားစေသည်ဟု မြင်သည်။

“ဒါဆို မင်းမှာ ပိုကောင်းတဲ့နည်းလမ်းရှိလား” ဆေးအကြီးအကဲမေး လိုက်သည်။

“… မရှိဘူး”

“ဒါဆို ပြောဖို့မလိုဘူးလေ”

“ဆေးအကြီးအကဲ အခု ကျွန်မ ဒီမှာနေမှဖြစ်မှာပါ ဒီအတိုင်းထွက်မသွား နိုင်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ကိုးခုမြောက်မရဏာတောင်က ဘယ်မှာ လဲဆိုတာသိလား”

“ကိုးခုမြောက်မရဏတောင်ကို သွားမလို့လား.. အဲဒါလည်း နည်းလမ်း ကောင်းပဲ ဒါပေမဲ့ မင်းတို့သွားလို့မရဘူး”

“ဘာလို့လဲ”

“ဘာလို့လဲဆိုတော့ အခုဘယ်သူမှသွားလို့မရဘူး” ဆေးအကြီးအကဲ ပြောလိုက်သည် “အဲဒီကိုသွားတဲ့လူတွေက သေတာပဲ”

“အကုန်သေတာလား”

“ဟုတ်တယ် အဲတော့ အဲအကြောင်းကို ထပ်မတွေးနဲ့တော့”

“တစ်ယောက်မှကို အသက်မရှင်နိုင်တာလား”

“အခုထိတော့ လူတစ်ယောက်တော့ရှိတယ် အဲဒါ မင်းအမေပဲ.. ဒါပေမဲ့ သူမလည်း ထပ်မသွားတော့ဘူး.. သူမ ထွက်လာတော့ အခြေအနေမကောင်း ဘူး.. တော်တော်လေးဒုက္ခခံစားလာရတာနဲ့တူတယ်” ဆေးအကြီးအကဲ ပြန် တွေးတောနေသည် “ငါ သူမကို ပြောပါတယ် ဒါပေမဲ့ သူမက နားမထောင်ဘူး.. အဲဒီကိုမသွားခင် အဲဒီမျက်နှာထား.. သူမ မျက်လုံးထဲက အကြည့်… ဟင်း သူမ ငိုတာကို အဲတစ်ခါပဲမြင်ဖူးသေးတယ်”

“အမေက.. ငိုခဲ့တာလား” ရှီမာယူယူ ရေရွတ်လိုက်သည်။

“ငါ ဒီမှာနှစ်ရာချီနေလာတာ.. ဝင်သွားတဲ့လူရော ထွက်လာတဲ့လူရော မမြင်ဖူးဘူး အဲဒါကြောင့် မတွေးဘဲနေခဲ့တာ.. မင်း ဒီကနေ ဖြစ်နိုင်လောက် မြန်မြန်ထွက်သွားပါ.. အဘိုးကြီးတွေ ရောက်လာရင် ငါတောင် မင်းကို မကယ် နိုင်ဘူး” ဆေးအကြီးအကဲ ဖျောင်းဖျလေသည်။

“အဲတော့ ဆေးအကြီးအကဲ.. ကိုးခုမြောက်မရဏာတောင်ရဲ့ တည်နေရာ ကိုသိလား.. အမေနဲ့ ခင်မင်မှုကိုထောက်ပြီး ကျွန်မကို အဲဒီနေရာကိုခေါ်သွား ပေးပါ” ရှီမာယူယူသည် လျှောက်လဲလေသည်။ သူမ ကိုးခုမြောက်မရဏာ တောင်ကို တွေ့သည်နှင့် တောင်ထဲသို့ဝင်ပြီး ကိုးခုမြောက်မရဏာမျိုးနွယ်ကို ရှာရမည်။

“မင်းက မင်းအမေလိုပဲ လက်မလျော့ဘူးပဲ.. အဲဒါက ကောင်းတဲ့ကိစ္စ မဟုတ်ဘူး.. မဟုတ်ရင် သူမ ဖြစ်မှာမဟုတ်…” ဆေးအကြီးအကဲသည် စကား ရပ်ပြီး သက်ပြင်းချသည် “ဟုတ်ပြီ မင်းက သူမနဲ့တူမှတော့ သွားဖို့ကိုလည်း လက်လျော့မှာမဟုတ်ဘူး.. ငါ မင်းကို အဲဒီကိုခေါ်သွားပေးမယ်.. ဒါပေမဲ့ အဲဒီကို ရောက်ရင် အဲအဘိုးကြီးတွေလက်ထဲက ထွက်ပြေးဖို့အချိန်တောင်ရမှာမဟုတ် ဘူး”

“ဆေးအကြီးအကဲ စိတ်မပူပါနဲ့.. အဲဒီအဘိုးကြီးတွေကိုတော့ စိတ်ပူဖို့ မလိုပါဘူး” ရှီမာယူယူသည် စိတ်မပူပေ။ သူမ မလာလျှင်တောင် ဖြေရှင်းရန် နည်းလမ်းရှိသည်။

ပြီးခဲ့သည့်တစ်ခေါက် ချန်မျိုးနွယ်တွင်ရှိစဉ်က ရှေးဟောင်းတိုက်ပွဲ ဝိညာဉ်များ၏ အင်အားကို သိခဲ့ရသည်။ သူမသည် အားအနည်းဆုံးများကို ခေါ် ထုတ်ခဲ့ခြင်းဖြစ်သော်လည်း ထိုအကြီးအကဲများကို ဖြေရှင်းနိုင်သည်။ ပိုအဆင့် မြင့်တဲ့သူတွေဆိုပါက ထိုအဘိုးကြီးများကို တိုက်ခိုက်နိုင်မည်။

သူတို့သာ ခြေတစ်လှမ်းထပ်တိုးရန်လိုပါက ဟွမ်နှင့် အရိပ်မည်းတို့သည် မရဏာလောကမှ လူများအားလုံးကို ခေါ်နိုင်သည်။ ထိုသို့ဖြစ်လျှင် မရဏာ လောက၏ တည်ရှိမှုမှာ လျှို့ဝှက်ထား၍မရတော့ပေ။

ထို့အပြင် သူမတွင် ကြက်သွေးရောင်မီးတောက်၊ ထိပ်တန်းခရမ်းရောင် လျှပ်စီးရှိရာ ကပ်ဘေးမှ အသက်ရှင်နိုင်ပြီး ထိုလူများကို ရှင်းရန် နည်းလမ်းတစ် ခုတော့ အမြဲရှိသည်။

သူမသည် အင်အားတိုးရန်နှင့် အပြင်ပိုင်းအင်အားကို အားမကိုးမိရန် စဉ်းစားထားသော်လည်း လက်ရှီအခြေအနေအရ ရန်သူမှာ အလွန်သန်မာ သောကြောင့် မသုံး၍မရတော့ပေ။

ထိုအကြောင်းအား တွေးမိသည်နှင့် သူမ မွန်းကြပ်လာသည်။ သူမနဲ့ မဆိုင်တာ ဒီလောက်သိသာနေတာကို သူမက ကြားဝင်ညှပ်သွားသေးတယ်။

ရွှီယိ နောက်မှ စာရင်းရှင်းရမယ်။

ဆေးအကြီးအကဲသည် ငါးကင်နှစ်ကောင်စားပြီးနောက် ရှီမာယူယူတို့နှင့် အတူ လမ်းလျှောက်ကာ သူ၏ စုတ်ချာနေသော အိမ်ကိုသွားကြည့်ကြသည်။ ထိုနှစ်က ဆေးအကူကောင်လေးမှာ အရွယ်ရောက်လာပြီ။ သို့သော် သူသည် ဆေးအကူကောင်လေးအဖြစ်သာ လုပ်ကိုင်နေသေးသည်။

“ဆရာ နောက်ဆုံးတော့ ပြန်လာပြီပဲ.. ဒီတစ်ခေါက် ဆေးပင်ခူးတာ ဘာလို့ ဒီလောက်ကြာနေတာလဲ၊ ဆရာပြန်မလာသေးရင် ချောက်ကနေ ပြုတ် ကျပြီလားဆိုပြီး လာကြည့်တော့မလို့” အပြာရောင်ဝတ်ထားသော ဆေးအကူ ကောင်လေးသည် ဆေးအကြီးအကဲကိုမြင်သောအခါ ချက်ချင်းပင် ခြင်းကို ဆွဲ ယူပြီး အဖုံးဖွင့်ကာ ခြင်းကိုသွန်လိုက်သည်နှင့် ဆေးပင်များစွာထွက်လာသည်။

အနက်ရောင်ဝတ်ထားသော တခြားလူတစ်ယောက်သည် ရှီမာယူယူကို ကြည့်ပြီး မေးလေသည် “ဆရာ ဒီလူတွေက ဘယ်သူတွေလဲ”

“ဆရာ ဒီမိန်းကလေးကို ရင်းနှီးနေသလိုပဲ” ဆေးအကူကောင်လေးသည် ရောက်လာပြီး ပြောလေသည်။

“အမှောင်မင်းသမီးလား”

“သမီး” ဆေးအကြီးအကဲ ထပ်ပြောလိုက်သည် “မင်းတို့နှစ်ယောက် ဒီမှာ သေချာစောင့်ကြည့်ပေးထား ငါတို့အပြင်သွားမလို့”

“ဆရာ အပြင်သွားဦးမလို့လား.. ဒီအတိုင်းပြန်လာတာမဟုတ်ဘူးလား”

“တစ်ခုခုဖြစ်လို့လေ” ဆေးအကြီးအကဲသည် စကားပြောပြီးသည်နှင့် ရှီမာယူယူနှင့် တခြားသူများကို ခေါ်ပြီးထွက်လာခဲ့သည်။

“ဟူး.. ဆရာကတော့တကယ်ပဲ... ဝင်ထိုင်တောင်မထိုင်ဘဲ ဒီအတိုင်း ထွက်သွားပြန်ပြီ... အချိန်တိုင်းပဲ ငါတို့ကိုလည်း ခေါ်မသွားဘူး” မိုးပြာရောင် ဝတ်ထားသော ဆေးအကူကောင်လေးသည် အမည်းရောင်ဝတ်ထားသော တစ် ယောက်ကို စောဒကတက်လေသည်။ သူမ သူ့ကိုလျစ်လျူရှုသည်ကို မြင်သော အခါ အော်လေသည် “ဘာလို့ စကားမပြောတာလဲ”

“ဆရာက ကိုးခုမြောက်မရဏာတောင်ကို သွားပြန်ပြီ” အနက်ဝတ်ထား သောလူသည် ပြောလေသည်။

“ဆရာက သွားပြန်ပြီလား.. ပြီးခဲ့တဲ့တစ်ခေါက်က အမှောင်မင်းသမီး ကြောင့်သွားတာ.. ဒီတစ်ခါလည်းသွားပြန်ပြီ အဲဒီမှာအန္တရာယ်များတာကို…”

“တခြားကိစ္စတွေရှိမှာလည်း စိုးတယ်.. အရေးကြီးကိစ္စပဲဖြစ်ရမယ် မဟုတ်ရင် ဆရာက အိမ်ထဲကိုတောင်မသွားဘဲ အဲလူတွေကို ဒီကိုခေါ်မလာဘူး”

“ဒါဆို ဆရာ အဆင်ပြေလောက်မှာပါနော်”

“ဆရာက အဆင်ပြေနိုင်တယ် ဒါပေမဲ့ တခြားလူတွေက ပြေမှာမဟုတ် ဘူး”

ဆေးအကြီးအကဲသည် သူတို့ကို ကိုးခုမြောက်မရဏာတောင်ဆီသို့ ခေါ် လာခဲ့သည်။ ထိုအခါမှပင် ရှီမာယူယူတို့သည် နှစ်လလုံးလုံးအလိုက်ခံ၍ ပြေးနေ သည်မှာ ကိုးခုမြောက်မရဏာတောင်ဆီသို့ လာနေခြင်းဖြစ်ကြောင်းကို သိလိုက်ရသည်။

သူတို့ နှင်းဖုံးနေသော တောင်ခြေသို့ရောက်သောအခါ ဆေးအကြီးအကဲ သည် နှင်းလွှမ်းနေသောတောင်ကို ညွှန်ပြပြီး ပြောလိုက်သည် “ကိုးခုမြောက် မရဏာတောင်က ဒီတောင်ရဲ့ တခြားတစ်ဖက်မှာရှိတယ်.. ဒီတောင်တန်းပြီး သွားရင် အေးစက်နေတဲ့မြူနှင်းတွေ လွှမ်းတဲ့နေရာတစ်နေရာရှိတယ်..ဒါပေမဲ့ အခုထိတော့ အဲဒီမြူနှင်းတွေကို ဘယ်သူမှမဖြတ်နိုင်ကြဘူး.. မင်းအမေအပါ အဝင်ပဲ”

“အမေက အထဲကိုမသွားခဲ့ဘူးဆိုတာ ဘယ်လိုသိတာလဲ”

“အချိန်လေ.. သူမ ဝင်သွားပြီးပြန်ထွက်လာတာ အရမ်းတိုတယ်.. ပြီး တော့ အဲတုန်းက ကြီးကြီးမားမားတစ်ခုခုကို တွေ့ခဲ့ရသလိုမျိုး ဘာကိုမှ မပြော နိုင်ဘူး”

“သိပါပြီ”

“မင်းသွားချင်ရင် အရင်ဆုံး ဒီနှင်းတောင်ကို တက်ရမယ်.. ဒီမှာ လေဟာ ပြင်တင်းကြပ်တာနဲ့ လေဖိအားတွေလည်းရှိတယ် တက်ဖို့တော့မလွယ်ဘူး” ဆေးအကြီးအကဲ ပြောလိုက်သည်။

ရှီမာယူယူတက်သွားပြီး ခံစားကြည့်သည်။ နှင်းတောင်သို့ ခြေလှမ်းလိုက် ချိန်တွင် လေဟာပြင်သည် လေးလံသွားသည်။

သူမ နောက်ပြန်ဆုတ်ပြီး ဝူလင်းယူကို ပြောလိုက်သည် “လင်းယူ အရင် ဆုံး သူတို့ကိုလောကအသေးထဲထည့်လိုက်ပါ”

ဟိုင်ရှင်းနှင့်တခြားသူများသည် အင်အားမရှိသဖြင့် လောကအသေးထဲ သာ ဝင်ရတော့သည်။

“သွားမယ်” ရှီမာယူယူ ပြောလိုက်သည်။

“ကောင်မလေး မင်းသေဖို့သွားတယ်ဆိုလည်း မသွားခင် နှင်းဖြူစင်ကြာ ပွင့်ကို ပေးသွားဦး” အသံဆုံးသည်နှင့် လူအများအပြားသည် လေထဲမှ တစ် ယောက်ပြီးတစ်ယောက်ထွက်လာသည်မှာ ထိုလေဟာပြင်၏ သက်ရောက်မှုကို မခံရသည့်အတိုင်းပင်။

“ဒီမှာ လေဟာပြင်လိုဏ်ခေါင်းသုံးနိုင်တဲ့ အဘိုးကြီးတွေ တကယ်ရှိတာပဲ” သူမသည် စိတ်ထဲမှ တီးတိုးရွတ်လိုက်သည်။ သူမ ဘာမှမပြောရခင်မှာပင် သားရဲပျံစီးပြီး ပျံလာသည့်လူအများအပြားကို မြင်လိုက်ရသည်။

***

All Chapters