နှောင့်နှေးခြင်း
Vol. 143 Ch. 1994
သို့သော် တစ်ခဏအတွင်းမှာပင် ရှီမာယူယူတို့သည် လူအုပ်ကြီး၏ ဝိုင်း ခြင်းကိုခံလိုက်ရသည်။ ဤပွဲမှာ အရင်တစ်ခေါက် ချန်မျိုးနွယ်တွင်ဖြစ်ခဲ့သည့် အခြေအနေကိုတော့ မရှုံးပေ။
သည်တစ်ကြိမ်မှာ အရင်တစ်ခေါက်ကထက် ပိုကြီးနေသလိုပင်။ ချန် မျိုးနွယ်မှ လူတိုင်းသည် အင်အားကြီးသည့်လူများမဟုတ်ကြပေ။ သို့သော် သည်တစ်ခေါက်လာသူများမှာ ဤတြိဂံဒေသတွင် ထိပ်တန်းပုံရိပ်ရှိသူများဖြစ် ကြသည်။ သူတို့အားလုံးသည် ထိုပစ္စည်းကို ယူချင်ကြသည့်ပုံပင်။
“ဒီလူတွေကို ကိုင်တွယ်ဖို့တော့မလွယ်ဘူး” ယွင်ရာသည် စိတ်ထဲတွင် တစ်ယောက်နှင့် တစ်ယောက်၏ အင်အားကိုနှိုင်းယှဉ်မိသည်။ “အဲလူတွေကို ဆန့်ကျင်ဖယ်ရှားနိုင်မယ်လို့ ယုံကြည်ချက်ရှိလား”
“ကျွန်မတို့ လူနည်းနည်းလောက်နဲ့ပဲဆိုရင် ယုံကြည်ချက်မရှိဘူး” ရှီမာယူယူသည် ပိုပိုရောက်လာသော ထိုလူများကိုကြည့်လိုက်သည်။ တြိဂံ ဒေသ၏ ထိပ်တန်းသခင်များအားလုံး ရောက်လာသည့်ပုံပင်။
တစ်ရာ နှစ်ရာ.. တစ်ထောင် နှစ်ထောင်…
ရှေးဟောင်းတိုက်ပွဲဝိညာဉ်များအားလုံး ထွက်လာလျှင်တောင် ဤတိုက်ပွဲ တွင် နိုင်နိုင်ချေမရှိပေ။ ထိုလူများ၏ နှင်းဖြူစင်ကြာပွင့်အပေါ် စိတ်အား ထက်သန်မှုကို သူမ လျော့တွက်ခဲ့သည့်ပုံပင်။
ဆေးအကြီးအကဲသည်လည်း ဤအခြေအနေကြောင့် အံ့အားသင့်နေကာ ရှီမာယူယူကို စိတ်ပူလာသည်။
“ရှီမာယူယူ နှင်းဖြူစင်ကြာပွင့်ကိုပေးပါ” ကလေးမျက်နှာနှင့် အမျိုးသမီး တစ်ယောက်သည် ပုရွက်ဆိတ်တစ်ကောင်ကိုကြည့်သကဲ့သို့ အထင်သေးစွာ ဖြင့် အထက်မှသူမကို ငုံ့ကြည့်လေသည်။
“ကျွန်မမှာ နှင်းဖြူစင်ကြာပွင့်မရှိဘူး” ရှီမာယူယူ ပြောလိုက်သည်။
“ရှီမာယူယူ ငါမင်းရဲ့ အကြောင်းကို သေချာစုံစမ်းပြီးပြီ.. တစ္ဆေဘုရင်ရဲ့ မြေး.. တစ္ဆေဘုရင်အချစ်ဆုံးလို့ အသိအမှတ်ပြုခံရတဲ့မင်းသမီးလေး.. မင်းက မိုးကြိုးဘေးဒုက္ခကို ဆွဲခေါ်နိုင်ပြီး စာချုပ်သားရဲလည်း အများကြီးပိုင်ဆိုင်ထား တယ်.. မင်းမှာ ရှေးဟောင်းတိုက်ပွဲဝိညာဉ်အများကြီးပါတဲ့ တစ္ဆေတစ်ရာအလံ တော်လည်းရှိတယ်” နောက်ထပ် လေးထောင့်မျက်နှာနှင့် အဘိုးကြီးက ထပ် ပြောလေသည် “ဒါပေမဲ့ အဲဒါတွေက ဒီနေ့ မင်းအတွက်အသုံးမဝင်ဘူး”
“ရှီမာယူယူ မင်းရဲ့ရှေးဟောင်းတိုက်ပွဲဝိညာဉ်တွေက ဒီကလူတွေအကုန် လုံးကိုမနိုင်နိုင်ဘူး.. မင်းရဲ့ကိုယ်ရံတော်တွေကလည်း ဒီကလူတွေအများကြီးကို ခုခံနိုင်မှာမဟုတ်ဘူး အကုန်လုံးကိုမင်းပြဿနာနဲ့ ဆွဲမထည့်နဲ့”
“ရှီမာယူယူ... အခု မင်းပြေးစရာနေရာမရှိတော့ဘူး အဲတော့ နှင်းဖြူစင် ကြာပွင့်ကို အခုပဲပေးတော့”
“ကျွန်မခုနက ပြောပြီးပြီ ဒါပေမဲ့ အခုထပ်ပြောမယ်.. ကျွန်မမှာ နှင်းဖြူစင် ကြာပွင့်မရှိဘူး” ရှီမာယူယူ ပြောလိုက်သည် “ကျွန်မတို့က ဒီကိုရောက်တာနဲ့ ရှင်တို့လိုက်တာကို ခံရတယ်.. ဒီကိစ္စမှာပါ ဝင်ရှုပ်သွားမိပြီ.. နှင်းဖြူစင်ကြာပွင့် ကို တကယ်ခိုးသွားတဲ့လူက ရွှီယွိပဲ”
“မဟုတ်တာတွေ လာမပြောနဲ့.. မင်းသာ နှင်းဖြူစင်ကြာပွင့်ကို ခိုးမသွား ဘူးဆိုရင် နှစ်လကျော်အောင် ဘာလို့ပြေးနေခဲ့တာလဲ.. အစကတည်းက ဘာလို့ မပြောခဲ့တာလဲ”
“အဲလူတွေက ကျွန်မတို့ကို မိတာနဲ့ ချက်ချင်းတိုက်ခိုက်ကြတာလေ.. အရင်ကလည်း ပြောဖူးတာပဲ ဒါပေမဲ့ သူတို့ကမှ မယုံကြတာ.. အစကတည်းက သိထားရင် တွန့်ဆုတ်နေမှာမဟုတ်ဘူး.. နောက်ကလိုက်လာတဲ့လူတွေကို ဒီ အတိုင်းသတ်လိုက်ပါတယ်” ရှီမာယူယူသည် အေးစက်စွာနှာမှုတ်လေသည်။
“အဲတုန်းက မင်းက အဲလူတွေကို မတိုက်ခိုက်ချင်ဘူးလေ.. ငါတို့ကို တိုက်ခိုက်ချင်တဲ့လူတွေကလည်း အများကြီးရှိနေမှာပဲ” ယွင်ရာ ပြောလိုက် သည်။
“ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ကျွန်မတို့ပြောတာကို ယုံမှာမဟုတ်ဘူး အဲတော့ ဘာစိတ်ညစ်နေမှာလဲ” ရှီမာယူယူ ပြောလိုက်သည်။
“ဒါပေမဲ့ ငါတို့သူတို့ကို ဖြေရှင်းရမယ်.. တခြားနည်းလမ်းရှိမှာပါ.. မင်း အဲလူတွေကို လှုံ့ဆော်ရင် ကိုယ့်ကိုယ်ကိုယ်ကာကွယ်တာမဟုတ်ဘူးလား” ဤ ကဲ့သို့အခြေအနေမျိုးနွယ် ရှီမာယူယူသည် ငယ်ရွယ်သည်ဟု ယွင်ရာ ခံစားရ သည်။ ယခုလိုအကျပ်အတည်းနှင့် ကြုံတွေ့ရသောအခါ သူမသည် ချိန်ဆမှု လိုအပ်နေသေးသည်။
ဖေးယိသည် လေဟာပြင်ကို ခံစားပြီး အသံနက်ကြီးဖြင့် ပြောလေသည် “သူတို့ ဒီကလေဟာပြင်ကို ပိတ်လိုက်ပြီ”
“မင်းမှာ တခြားနည်းလမ်းရှိသေးလား” ယွင်ရာ မေးလိုက်သည်။
“နောက်ဆုံးမှာ နည်းလမ်းမရှိရင် အဲဒါကိုစမ်းကြည့်ရတော့မှာပဲ” ဖေးယိ ပြောလိုက်သည်။
“ဘာလဲ” ဖူရှီသည် ထိုစကားကြားသောအခါ မေးလိုက်သည်။
ရှီမာယူယူနှင့် ကျန်သုံးယောက်လည်း ကြည့်လိုက်ကြသည်။
“အဲဒါက ငါတို့ တည်ဆောက်မှုဂိုဏ်းရဲ့ ရတနာပဲ.. လေဟာပြင်ပိတ်ထား တဲ့နေရာကို အတင်းဖျက်ပြီး လမ်းကြောင်းဖောက်တာပဲ”
“အဲဒါကိုသုံးလို့မရဘူးလေ.. မင်းရဲ့အားနဲ့ဆိုရင် လည်ပတ်အောင်လုပ် လိုက်ရင် ပြန်ကန်လိမ့်မယ်.. အဲလိုဆို မင်းဒဏ်ရာရမှာပဲ.. အဲအချိန်ကျရင် မင်း ရဲ့အသက်ကိုတောင် ကယ်နိုင်မှာမဟုတ်တော့ဘူး” ယွင်ရာသည် ခွင့်မပြုသလို ပြောသည်။
“နောက်ဆုံးမှာ ကိုယ့်အသက်ကို မကယ်နိုင်ဘူးဆိုရင်တောင် ဒီဖြစ်နိုင် ချေကို ထည့်စဉ်းစားရမဘ်လေ” ဖေးယိသည် ခေါင်းမာစွာြဖင့် ပြန်ပြောသည်။
ယခုအချိန်တွင် သူ ဤနည်းလမ်းကိုမသုံးချင်ပေမ။ သို့သော် ထွက်ပေါက် ရှာရန်အတွက် သုံးရမည်။
ယွင်ရာ သက်ပြင်းချလိုက်သည်။ တခြားနည်းလမ်းမရှိတော့ပေ။
“အချိန်မကျသေးရင် မစဉ်းစားပါနဲ့” ရှီမာယူယူ ပြောလိုက်သည် “ရှင် သေသွားရင် ကျွန်မက ဘယ်သူ့ကိုသွားပြီး အကြံတောင်းရတော့မလဲ ဒီနေ့ အခြေအနေက အခက်တွေ့တယ်ဆိုပေမဲ့ အဲလောက် အဆိုးကြီးမဟုတ်ပါဘူး”
“မင်းက အရှက်မရှိပြောနေသေးတယ်.. တစ္ဆေဘုရင်က လာကယ်မယ်လို့ ထင်နေလား”
“ရှီမာယူယူ ဒီနေ့ ငါတို့က မင်းအသက်ကိုလိုချင်နေတာမဟုတ်ဘူး နှင်း ဖြူစင်ကြာပွင့်ကိုပဲလိုချင်တာ.. မင်း နှင်းဖြူစင်ကြာပွင့်ကိုပေးဖို့ပဲလိုတယ် အဲလို ဆို တစ္ဆေဘုရင်ရဲ့ မျက်နှာကိုထောက်ပြီး မင်းကို သက်ညှာပေးမယ်”
“ဟုတ်တယ် ဒီနေ့ ငါတို့လိုချင်တာ နှင်းဖြူစင်ကြာပွင့်ပဲ.. မင်းမသေချင် ရင်တော့ ဖွက်မထားနဲ့တော့”
ရှီမာယူယူသည် သူတို့ကိုကြည့်ပြီး နှုတ်ခမ်းတွန့်ကာ ပြောလိုက်သည် “နှင်းဖြူစင်ကြာပွင့်က ကျွန်မနဲ့ရှိမနေပါဘူးလို့ ပြောပြီးပြီ.. ဒီမှာ အချိန်ထပ် ဖြုန်းနေမယ်ဆိုရင်တော့ ကျွန်မလည်း မတတ်နိုင်ဘူး.. ရှင်တို့အားလုံးက ဒီကို ရောက်နေကြတော့ ဒီကိစ္စမှာ ကျွန်မကိုဆွဲသွင်းတဲ့သူရွှီယွိက ဒီလိုတွေလုပ်နေ တုန်းမှာ တြဂံဒေသကနေ ထွဥ◌်သွားလောက်ပြီ.. ရှင်တို့ နောင်တရလိမ့်မယ်.. ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ ပိုသိချင်တာက ရှင်တို့က နှင်းဖြူစင်ကြာပွင့်ကို ရှာတွေ့ရင် ဘယ်လို ခွဲယူကြမှာလဲ… ဒီလောက်လူတွေအများကြီးနဲ့ တစ်ကိုက် စီကိုက်ကြမှာလား”
“ငါတို့ ဘယ်လိုခွဲယူမလဲဆိုတာကို မင်းစိတ်ပူနေဖို့မလိုပါဘူး.. မင်းသာ ပေးရင် ငါတို့ဘာသာခွဲယူဖို့ နည်းလမ်းရှိတယ်.. မင်းဒါတွေပြောနေလည်း အသုံး မဝင်ဘူး.. ဒီနေ့ မင်းပြေးမလွတ်ဘူး” အမျိုးသမီးကြီးတစ်ယောက်သည် အေးစက်စွာ နှာမှုတ်ပြီး သူတို့အကြားမှ ဆက်ဆံရေးကို ရန်တိုက်ခွင့်မပေးပေ။
“ကျွန်မလည်း တကယ်ထွက်မပြေးချင်ပါဘူး.. ရှင်တို့တွေက နည်းနည်း တုံးတယ်လို့ပဲ တွေးနေတာ” ရှီမာယူယူသည် ခေါင်းခါပြီး သက်ပြင်းချလေသည် “တကယ့် နှင်းဖြူစင်ကြာပွင့်ရှာမယ့်အစား ကျွန်မကို ပြဿနာလာရှာနေတယ်.. ဒီနေရာက ဘယ်နေရာလဲဆိုတာတောင် သေချာမကြည့်ကြဘူး”
“ကိုးခုမြောက်မရဏာမျိုးနွယ်ကို ပြောချင်တာလား.. ဒါက အသုံးဝင်မယ် လို့ထင်နေလား”
“ကိုးခုမြောက်မရဏာမျိုးနွယ်က ပျောက်ကွယ်နေတာ နှစ်ထောင်ချီနေ ပြီ.. မင်းက မင်းကိုယ်မင်းကာကွယ်ဖို့ သူတို့ကိုမှီခိုနေတာက သက်သက် လာပြီး လှည့်စားနေတာပဲ”
“ကိုးခုမြောက်မရဏာမျိုးနွယ်က ဒီတိုင်းပြည်မှာရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေ အမှန်မဟုတ်ဘူး.. ဒီကိုလာတဲ့လူတွေက သေကုန်ကြတာပဲ.. မင်း နှင်း ဖြူစင်ကြာပွင့်ကိုပဲ နာနာခံခံနဲ့ထုတ်ပေးလိုက်တော့ ငါတို့ကို ကိုယ်တိုင်လုဖို့ ဖိအားမပေးနဲ့ ငါတို့လုပ်ရမယ်ဆို မင်းအသက်က ရှိတော့မှာမဟုတ်ဘူး”
“အလုပ်ဖြစ်မလားလို့ စမ်းကြည့်လိုက်လေ” ရှီမာယူယူသည် ပြောရင်းနှင့် စွမ်းအားကိုစုစည်းလိုက်သည်။ ထိုစွမ်းအားကို ပစ်လိုက်ချိန်တွင်တော့ ထိုလူ များကို ထိမှန်မသွားဘဲ လေထဲသို့ ပျံတက်သွားလေသည်။
သူမ စွမ်းအားစုစည်းလိုက်ချိန်တွင် သူမ ကျောပြင်မှ ကြာပန်းနက်သည် အရောင်ခပ်ဖျော့ဖျော့တောက်သွားပြီး အမြစ်မှတစ်ဆင့် ပွင့်ဖတ်တစ်ခုချင်းစီ သို့ ရောက်သွားသည်ကိုတော့ မည်သူမှမသိကြပေ။
ထိုစွမ်းအားသည် နှင်းလွှမ်းနေသော တောင်များကိုကျော်လွန်သွားကာ အေးစက်သော မြူခိုးများအကြားတွင် ပျောက်ကွယ်သွားပြီး တုံ့ပြန်မှုမရှိတော့ ပေ။
“ဟားဟား ရှီမာယူယူ မြူခိုးတွေကို တိုက်ခိုက်လိုက်ရင် ကိုးခုမြောက် မရဏာမျိုးနွယ်က ထွက်လာမယ်လို့ထင်နေတာလား မင်းက ရိုးစင်းတာပဲ” လူတစ်ယောက်သည် ရယ်မောလေသည် “ငါတို့ မင်းကို အချိန်တွေအများကြီး ပေးပြီးပြီ နှင်းဖြူစင်ကြာပန်းကို မပေးရင်တော့ အခု မင်းကိုသတ်မယ်”
ရှီမာယူယူသည် လည်ပင်းပုဝင်သွားကာ ဝူလင်းယူ၏ ရင်ခွင်ထဲသို့ သွား ကာ ပြောလေသည် “ရှင်တို့အားလုံးက ကျွန်မကိုလာခြိမ်းခြောက်နေတာပဲ.. ကျွန်မကြောက်လာပြီ အဲဒါကြောင့်လည်း နှင်းဖြူစင်ကြာပွင့်ကို လမ်းတစ်ဝက် မှာ အရမ်းထူးခြားတဲ့နည်းနဲ့ ချိပ်ပိတ်ပြီး ဖွက်ထားခဲ့တာ… ရှင်တို့တွေ ကျွန်မ မရှိရင် ရှာလို့မရဘူး.. ကျွန်မကို တကယ်သတ်ချင်ရင်လည်း လာလေ.. အဲဒီပန်း က မြေကြီးထဲမှာ ဆွေးသွားမှာပဲ”
***