မရဏဂိတ်ဝ
Vol. 143 Ch. 1995
“ငါတို့ကို လာခြိမ်းခြောက်နေတာလား”
“ကျွန်မက ဘယ်တုန်းကခြိမ်းခြောက်လို့လဲ ကောင်းကောင်း စကားပြော နေတာပဲမလား” ရှီမာယူယူ ပြောလိုက်သည်။
“နှင်းဖြူစင်ကြာပွင့်ကို ဖွက်ထားတယ်လို့ ပြောလိုက်တာလား.. အဲလို ပြောလိုက်တာနဲ့ မင်းလုပ်တယ်ဆိုတာကို ယုံရမှာလား ဟင်း ငါတို့မယုံဘူး”
“ရှင်တို့ ယုံဖို့မလိုပါဘူး.. ဒါဆိုလည်း ကျွန်မကို လာသတ်ပြီး နှင်းဖြူစင် ကြာပွင့်က ကျွန်မဆီမှာရှိလားလို့ ဘာလို့လာမကြည့်တာလဲ” ရှီမာယူယူသည် အထင်သေးစွာ ပြောလေသည်။
“ဟင်း ဒါဆို ငါလုပ်မယ်” ဆံပင်ဖြူနှင့် အမျိုးသမီးသည် ပြောပြီး ချက်ချင်း လှုပ်ရှားလေသည်။
“နေဦး” ဆေးအကြီးအကဲသည် ရုတ်တရက် ပြောလေသည်။ ထိုအဘွား ကြီးမှာ သူ့စကားကို လျစ်လျူရှုနေသည်ကိုမြင်သည်နှင့် သူသည် ရှီမာယူယူ ရှေ့ သို့လာပြီး ထိုအဘွားကြီး၏ လက်ကိုဖမ်းယူလိုက်သည်။
ဆေးအကြီးအကဲ လှုပ်ရှားလာလိမ့်မည်ဟု ထိုအဘွားကြီးထင်မထားပေ။ သူမ တွေဝေသွားကာ တိုက်ခိုက်မှုကို ရပ်ပြီး လှည့်ကာ လေထဲသို့ ပျံသွားသည်။ လေထဲတွင်ရပ်ရင်း သူမသည် ဆေးအကြီးအကဲကို မျက်မှောင်ကြုတ်ကြည့် လိုက်သည်။
“ဆေးအကြီးအကဲ ဘာလုပ်တာလဲ.. သူမအတွက်နဲ့ ကျုပ်တို့ကို တိုက်ခိုက်ချင်တာလား.. မဟုတ်ရင် သူမက ခင်ဗျားကို နှင်းဖြူစင်ကြာပွင့်ပေး လိုက်လို့ သူမက ပေးဖို့ငြင်းနေတာလား” လူတစ်ယောက်သည် ဒေါသတကြီး ဆေးအကြီးအကဲကိုပြောလေသည်။
“ကျုပ်မှာသာ နှင်းဖြူစင်ကြာပွင့်ရှိရင် သူမကို သတ်ခွင့်ပေးလိုက်မှာပဲ” ဆေးအကြီးအကဲ ပြန်တုံ့ပြန်လေသည်။ ထိုလူများ၏ ပါးစပ်တွင် စကားများ တန့်သွားရသည်။
“ဒါဆို ဒါက ဘာအဓိပ္ပာယ်လဲ”
“ခင်ဗျာတို့ကို ကယ်ဖို့ ကျုပ်လုပ်နေတာ” ဆေးအကြီးအကဲ ပြောလိုက် သည်။
“ကျုပ်တို့ကို ကယ်မယ်ဟုတ်လား.. ရယ်စရာမပြောနဲ့ သူမကို သတ်လိုက် ရင် ကျုပ်တို့က သေမှာလား”
“အခု မခံ့စားမိဘူးလား.. သူမစွမ်းအားက ကွဲပြားမှုရှိနေတယ်” ဆေး အကြီးအကဲ မေးလိုက်သည်။
သူ ထိုသို့ပြောလိုက်ချိန်တွင် သူတို့လည်း စဉ်းစားကြည့်ပြီး ပြောလိုက် သည် “နည်းနည်းတော့ ရင်းနှီးနေသလိုပဲ…”
“ဒါက.. နည်းနည်း ဖိစီးနေသလိုပဲ”
“ခင်ဗျားတို့လည်း မွန်းကြပ်သလိုခံစားရလား ကျုပ်ရောပဲ.. ဒါပေမဲ့ ခံစား မိလိုက်တာ ခဏလေးဆိုတော့ အထင်မှားတာထင်နေတာ”
“ကျုပ်တို့လို ဝါရင့်တဲ့လူတွေကိုတောင် မွန်းကြပ်အောင်လုပ်နိုင်တယ်ဆို တော့ သူမရဲ့ စွမ်းအားက တကယ်ထူးခြားတဲ့ပုံပဲ”
ရှီမာယူယူသည် သူတို့ ပြောစကားများကို ကြားသောအခါ လှောင်ပြောင် မိသည်။
ခံစားမိတာ ခဏလေးဟုတ်လား။ သူတို့က ဒါပြောဖို့ကိုတောင် ရှက်နေ တာလား။
ထူးဆန်းမှုကို အနည်းငယ်ဆိုလျှင်တောင် အာရုံခံအားကောင်းသော သူတို့လို လူမျိုးသည် ဤကဲ့သို့ ဖိအားမျိုးကို ပြောမပပေ။ ထိုလူများသည် ဝန်မခံချင်၍သာဖြစ်သည်။ သို့သော် သူတို့သည် မပြောဘဲနှင့် သူမကို သတ်ချင် နေခြင်းပင်။
ဆေးအကြီးအကဲသာ ဝင်မပြောလျှင် သူတို့သည် ဝန်ခံမည်မဟုတ်ပေ။
ဆေးအကြီးအကဲသည် လှည့်လာပြီး သူမကိုကြည့်ကာ ပြောလေသည် “ခုနက မင်းရဲ့ဝိညာဉ်စွမ်းအင်မှာ ကိုးခုမြောက်မရဏာမျိုးနွယ် ရောင်ဝါပါနေ တာလား”
“ဟုတ်တယ်” ရှီမာယူယူ ဝန်ခံလိုက်သည် “ကျွန်မမှာ ကိုးခုမြောက် မရဏာမျိုးနွယ်ရဲ့ စွမ်းအားရှိတယ်”
“မဖြစ်နိုင်တာ ကိုးခုမြောက်မရဏာမျိုးနွယ်က ပျောက်ကွယ်နေတာ ကြာ လှပြီ… မင်းက အသက်ဘယ်လောက်လဲ.. ဘယ်လိုလုပ် ကိုးခုမြောက်မရဏာ မျိုးနွယ်ရဲ့ စွမ်းအားရှိမှာလဲ”
“ဟုတ်တယ် မဖြစ်နိုင်ဘူး.. မင်း ဒီမှာရောက်နေတာနဲ့ ကိုးခုမြောက် မရဏာမျိုးနွယ်လိုလို ဟန်ဆောင်လိုက်တာနဲ့ မင်းကိုလွှတ်ပေးမယ်လို မထင် လိုက်နဲ့”
“ငါ ပြောမယ်.. မင်း ဒီနေ့ နှင်းဖြူစင်ကြာပွင့်ကို မပေးရင် မင်းကိုလွှတ် မပေးဘူး.. နှစ်ပေါင်းထောင်ချီ ပျောက်နေတဲ့ ကိုးခုမြောက်မရဏာမျိုးနွယ် မပြောနဲ့ သူတို့ ဒီမှာရှိရင်တောင် မင်းကို ထွက်လာပြီးကူညီမှာမဟုတ်ဘူး.. မင်း ရဲ့ ဒီမျှော်လင့်ချက်ကို မေ့လိုက်တာကောင်းမယ်”
“ဆေးအကြီးအကဲ ခင်ဗျားလွှတ်ပေးပါ”
“တစ္ဆေလောကရဲ့ နယ်မြေသုံးပါး.. ကိုးခုမြောက်မရဏာမျိုးနွယ်က အကုန်လုံးကို အုပ်စိုးထားတာ.. ခင်ဗျားတို့တွေ အဲဒါကိုမေ့နေကြပြီလား” ဆေးအကြီးအကဲ အော်လိုက်သည်။
“ဆေးအကြီးအကဲ ကျုပ်တို့ကိုဘာလို့ ဒါတွေလာပြောနေတာလဲ.. ကိုးခု မြောက်မရဏာမျိုးနွယ်က ပျောက်ကွယ်သွားတာ ကြာလှပြီ.. ဒီနှစ်တွေမှာ အရိပ်အယောင်တစ်ခုတောင် မမြင်ခဲ့ဘူး.. တစ္ဆေလောကရဲ့ နယ်မြေသုံးခုကို အမိန့်ပေးနိုင်ဦးမှာတဲ့လား”
“ဟုတ်တယ် ဆေးအကြီးအကဲ.. အခု တစ္ဆေလောရဲ့ အားက အမြင့်ဆုံးပဲ နှစ်ပေါင်းထောင်ချီ ပျောက်တေနဲ့လူတွေကို ခင်ဗျားက ကြောက်နေတုန်းပဲ ခင်ဗျား အိုလာလို့လား”
“ဟုတ်တယ် ဆေးအကြီးအကဲ ခင်ဗျားရဲ့တဲစုတ်က ကိုးခုမြောက်မရဲဏာ မျိုးနွယ်ကို စောင့်ရှောက်နေယ်လို့ ကြားတယ်.. ဘာလို့လဲ.. နှစ်တွေအများကြီး ကြာပြီးသွားတာတောင် ခင်ဗျားက ဒီမှာခယနေတုန်းလား”
“ကိုးခုမြောက်မရဏာမျိုးနွယ်က ပျောက်ကွယ်မသွားဘူး.. သူတို့က ကိုးခု မြောက်မရဏာတောင်မှာ အမြဲရှိတယ်.. တချို့သောကိစ္စတွေကြောင့် သူတို့ ထွက်မလာတာပဲ.. ဒါပေမဲ့ ဘယ်သူမှမရှိဘူးလို့ ဆိုလိုတာမဟုတ်ဘူး.. မဟုတ်ရင် ဒီလောက်ငယ်ငယ်လေးနဲ့ ကိုးခုမြောက်မရဏာမျိုးနွယ်ရဲ့ စွမ်းအား ရှိနေမှာမဟုတ်ဘူး” ဆေးအကြီးအကဲသည် အခိုင်အမာပြောလေသည် “ကျုပ်ရဲ့ တဲစုတ်လေးက ကိုးခုမြောက်မရဏာတောင်ရဲ့ အစောင့်ရှောက်အဖြစ် ရှိခဲ့တာ.. အရင်ကလည်း ဖြစ်ခဲ့သလို အခုထိလည်းဖြစ်နေတုန်းပဲ.. ခင်ဗျားတို့ သူမကို သတ်ချင်ရင် ကျုပ်အလောင်းကို ဖြတ်သွားမှရမယ်”
ရှီမာယူယူသည် ဆေးအကြီးအကဲအား တအံ့တဩကြည့်လိုက်သည်။ သူသည် ကိုးခုမြောက်မရဏာတောင်၏ အစောင့်အရှောက်ဖြစ်လိမ့်မည်ဟု သူမ ထင်မထားပေ။ သည်တစ်ချိန်တွင် သူသည် သူမဘက်မှရပ်တည်ကာ တစ် ယောက်တည်းကာကွယ်ပေးနေသည်။
သူမတွင် ကိုးခုမြောက်မရဏာမျိုးနွယ်၏ သွေးသားရှိခြင်းကြောင့် ထိုသို့ ပြုလုပ်ခြင်းမှာလည်း သူမကို အံ့ဩစေသည်။ ထို့အပြင် ကိုးခုမြောက်မရဏာ မျိုးနွယ် ထွက်ပေါ်မလာသည်မှာ နှစ်တစ်ထောင်နီးပါးရှိပြီဖြစ်သည်။ သူသည် ယခုလို လုပ်ရန်မလိုတော့ပေ။
“ဟင်း ဆေးအကြီးအကဲ.. ကျုပ်တို့ မကျော်ဖြတ်နိုင်ပါဘူးလို့ ကိုယ့်ကိုယ် ကိုယ် အရမ်းအထင်မကြီးနဲ့ဦး.. ခင်ဗျား သူတို့ကို ဒီကိုခေါ်လာတဲ့ကိစ္စကို မရှင်း ရသေးဘူး.. အင်း ခင်ဗျားက သေချင်နေမှတော့ ကျုပ်တို့လည်း ဖြည့်ဆည်းပေး ရမှာပေါ့”
ဆေးအကြီးအကဲ၏ အကျင့်စရိုက်မှာထူးဆန်းသော်လည်း သူသဘော တွေ့လျှင် ဆေးဖော်စပ်ပေးတတ်သည်။ သူသာ သေသွားလျှင် သူတို့အတွက် လည်း ဆုံးရှုံးမှုကြီးပင်ဖြစ်သည်။ ထို့အပြင် အဂ္ဂိရတ်ပညာရပ်တွင် ထူးချွန်သည့် လူဆိုသည်မှာရှားသည်။
“ခင်ဗျားတို့က ဒီနေ့ ကိုးခုမြောက်မရဏာမျိုးနွယ်ကို မလေးမစားလုပ် လိုက်ပြီ.. ပြီးတော့ ခင်ဗျားတို့ အားလုံး သေချာပေါက် နောင်တရလိမ့်မယ်” ဆေးအကြီးအကဲသည် ရှီမာယူယူ၏ ရှေ့တွင်ရပ်ပြီး သူတို့၏ ခြိမ်းခြောက်မှု ကြောင့် ကျောမခိုင်းပေ။ သူသည် သူမဘက်သို့လှည့်ပြီး ပြောလိုက်သည် “ခဏနေရင် ငါ နှစ်ယောက်ကို တားပေးမယ်.. မင်းရဲ့ ကိုယ်ရံတော်တွေကို တတ်နိုင်သလောက် တောင့်ခံထားခိုင်းလိုက်.. မင်းကတော့ အမြန်ပြေးဝင်သွား လိုက်တော့.. မင်း မြူခိုးထဲဝင်သွားနိုင်ရင် သူတို့တွေ ဘာမှမလုပ်နိုင်တော့ဘူး”
ရှီမာယူယူသည် ခေါင်းခါလိုက်သည် “ဘာမှမဖြေရှင်းဘဲ ထွက်ပြေးဖို့ကို မပြောပါနဲ့ ကျွန်မထွက်ပြေးသွားနိုင်ရင်တောင် အကြီးအကဲတို့အားလုံး သေလိမ့်မယ်”
“ကျုပ်မသေခင် ကိုးခုမြောက်မရဏာမျိုးနွယ်ရဲ့ သွေးသားရှိတဲ့လူနဲ့ တွေ့ ရတာကို ကျေနပ်နေပါပြီ” ဆေးအကြီးအကဲ ပြောလိုက်သည်။
“စောင့်ရှောက်ပေးတဲ့တွက် ဆေးအကြီးအကဲကို ကျေးဇူးတင်ပါတယ် ဒါပေမဲ့ ကျွန်မက တခြားသူတွေရဲ့အသက်နဲ့လဲပြီး အသက်မရှင်နိုင်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ဟွမ် မင်းကိုပဲ ဒုက္ခပေးရတော့မယ်.. သူ သိတာနဲ့ ငါ့ကို ထပ်ဆူမှာပဲ”
ထိုမောက်မာတတ်သောလူကြီး သူမရှေ့တွင်ရပ်ပြီး သူမ မည်မျှအားနည်း ကြောင်း.. မဟုတ်လျှင် မရဏာသိုင်းပညာများကို မလေ့ကျင့်ကြောင်း တရား ဟောလာမည်ကို တွေးမိလျှင် အနည်းငယ် ခေါင်းကိုက်မိသည်။
ဟွမ် ခေါင်းညိတ်လိုက်သည်။ တစ်ခုတည်းသော နည်းလမ်းမှာ တစ်ဖက် ကိုဆက်သွယ်ပြီး တပ်ကူခေါ်ရန်သာဖြစ်လိမ့်မည်။
ဟွမ်သည် အလုံးလေးတစ်လုံးထုတ်လိုက်ပြီး ထိုအလုံးထဲသို့ မရဏာ စွမ်းအားထည့်ကာ လေထဲသို့ပစ်လိုက်သည်။
ထိုအလုံးလေးသည် သစ်ချသီးအရွယ်အစားလောက်သာရှိသည်။ သို့သော် ထိုအဘိုးကြီးများနှင့် လူအတော်အများ၏ တိုက်ခိုက်မှုကို ပိတ်ဆို့ထားသည်။
“အဲဒါကဘာလဲ” ထိုလူများသည် အလုံးလေးအား သတိရှိရှိဖြင့် ကြည့်ပြီး အော်လေသည်။
“ဒါက တစ္ဆေလောကက ပစ္စည်းမဟုတ်ဘူး တစ္ဆေလောကစွမ်းအားလည်း မဟုတ်ဘူး” ထိုနေရာမှလူများသည် ဝါရင့်နေကာ ဗဟုသုတစုံသည်။ ထိုပစ္စည်း ကို သူတို့မသိသော်လည်း တစ္ဆေလောကမှ ပစ္စည်းမဟုတ်သည်ကိုတော့ သေချာနေသည်။
ထိုသေးငယ်သော အလုံးလေးသည် လေထဲတွင်ရပ်တန့်သွားပြီးနောက် မြူခိုးမည်း ခပ်ဖျော့ဖျော့ထွက်လာပြီး ပြန့်ကျဲသွားကာ စက်ဝိုင်းပုံသဏ္ဍာန်ဖြစ် ပြီး တဖြည်းဖြည်းဝဲဂယက်အဖြစ် ပြောင်းသွားလေသည်။ လေဟာပြင် ပိတ် ထားသည်မှာ သက်ရောက်မှုမရှိသကဲ့သို့ ဝဲဂယက်သည် လေဟာပြင် ဝင်ပေါက် ကို ဖန်တီးလေသည်။
ထိုဝင်ပေါက်မှ သေဆုံးခြင်းထက် ပိုပြင်းထန်သောသေဆုံးခြင်းရောင်ဝါ နှင့်အတူ မတူညီသောရောင်ဝါတချို့ ထွက်လာသည်။
“ဒါက…” တချို့လူများသည် ထိုအရှိန်အဝါ၏ ဇစ်မြစ်ကိုခန့်မှန်းမိသဖြင့် ထိတ်လန့်သွားကာ သူတို့ ခန့်မှန်းချက် မှားသလားဟုပင် သံသယဝင်နေမိ၏။
မရဏာလောက… ဒါက ဒဏ္ဍာရီတွေထဲမှာပဲရှိတဲ့ နေရာတစ်ခုပဲ။ ဘယ်လိုလုပ် ဒီမှာပေါ်လာတာလဲ။
ရှီမာယူယူရဲ့ နောက်ကွယ်မှာ တကယ်ပဲ မရဏာလောကရှိနေတာလား။ အဲဒါကြောင့် သူမက ဒီလောက် ယုံကြည်ချက်ရှိနေတာလား။
မသိကြသောသူများသည် သူမ ဝင်ပေါက်ဖွင့်ရန် လျှို့ဝှက်နည်းလမ်း သုံး လိုက်သည်ဟု ထင်သဖြင့် အော်ကြလေသည် “အားလုံးပဲ အဲဒီအလုံးကို တိုက်ခိုက်ကြ သူမက ဒါသုံးပြီးထွက်ပြေးတော့မယ်”
***