← Chapters

အခန်း (၁၉၁)

Vol. 20 Ch. 191

အခန်း (၁၉၁)

Vol. 20 Ch. 191

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၉၁)

တိုက်နယ်မြေ။

ကျောက်စစ်သူကြီးနှစ်ယောက် ဦးဆောင်သော မြင်းစီးတပ်သား ရာပေါင်းများစွာက ကျောက်နိုင်ငံ ဟန်တန်မြို့ဆီိသို့ အရှိန်အဟုန်နှင့် ချီတက်နေကြသည်။

" စစ်သေနာပတိချုပ် ကျွန်တော်အမြင်အရ စစ်သေနာပတိချုပ်အနေနဲ့ စစ်အာဏာကို မစွန့်လွှတ်ခဲ့သင့်ဘူးထင်ပါတယ်။ " စစ်မာရှန်းက လေးနက်စွာ ပြောလိုက်သည်။ " အဲ့ဒီအာဏာကို လွှဲပြောင်းပေးလိုက်ရင် ကျွန်တော်တို့ ဟန်တန်မြို့ကို ပြန်ရောက်တဲ့အခါ စင်းတီတုံးပေါ်က ငါးတွေလို အချိန်မရွေး အသတ်ခံရနိုင်ပါတယ်။ "

" အမိန့်တော်က ထွက်လာပြီ။ ယန်ကျူးကလည်း သူ့တပ်တွေနဲ့အတူ ရောက်လာတယ်။ တကယ်လို့ ငါတို့က မနာခံဖို့ ငြင်းဆန်ခဲ့ရင် ဘာဖြစ်လာမလဲ။ " လီမုက စစ်မာရှန်းကို ကြည့်ပြီး ပြောလိုက်သည်။ " မင်းက နိုင်ငံတော် ပုန်ကန်မှုကို ကျူးလွန်ချင်တာလား။ "

" ဒါပေမယ့်... " စစ်မာရှန်းက ကန့်ကွက်ရန် ပြင်လိုက်သည်။

" တော်ပြီ။ " လီမုက သူ့စကားကို ဖြတ်ပြောလိုက်သည်။ "ငါတို့က ကျောက်ရဲ့ လက်အောက်ခံတွေပဲ။ အမိန့်ထွက်လာပြီဆိုတော့ ငြင်းဆန်လို့မရတော့ဘူး။ ပြီးတော့ ငါတိ​ရြဲ့ မိသားစုတွေက ဟန်တန်မြို့တော်မှာ ရှိနေတုန်းပဲ။ တကယ်လို့ ငါတို့က အာဏာကို မလွှဲပေးရင် ဟန်တန်က မိသားစုကို စွန့်ပစ်ရမှာလား။ "

" ကျွန်တော်မှုး နားလည်ပါပြီ။ " စစ်မာရှန်းက မတတ်သာတော့ဘဲ ခေါင်းညိမ့်လိုက်သည်။

မြင်းစီးစစ်သည်ရာချီက တောအုပ်ထူထပ်သော တောင်ကြားလမ်းတစ်ခုကို ဖြတ်သန်းနေစဉ် ရုတ်တရက် မြားမိုးများက သူတို့အပေါ်သို့ ကျဆင်းလာသည်။ အလစ်ငိုက်မိသွားသောကြောင့် ကိုယ်ရံတော်တစ်ရာကျော် ထိမှန်သွားခဲ့သည်။ နာကျင်စွာ အော်ဟစ်သံများနှင့်အတူ သူတို့က မြင်းပေါ်မှ ပြုတ်ကျကုန်ကြသည်။ ကျန်ရှိသော ကိုယ်ရံတော်များက ချက်ချင်း အသိပြန်ဝင်လာကြသည်။

" ရန်သူတွေ " တစ်ယောက်က အော်ဟစ်လိုက်သည်။ " စစ်သေနာပတိချုပ်ကို ကာကွယ်ကြ။ "

အသက်ရှင်ကျန်ရစ်သူများက မြင်းဇက်ကြိုးကို ဆွဲလိုက်ကြပြီး လီမု၏ ဘေးတွင် စုရုံးကာ ဓားများကို ဆွဲထုတ်လျက် ပတ်ဝန်းကျင်ကို သတိကြီးစွာ ကြည့်လိုက်ကြသည်။ သို့သော် အားလုံး နောက်ကျသွားခဲ့လေပြီ။

ချပ်ဝတ်များ ဝတ်ဆင်ထားသော ကျောက်စစ်သည် ထောင်ချီက တောအုပ်ထဲမှ ထွက်ပေါ်လာကြသည်။ သူတို့အားလုံးက လေးများကို ကိုင်ဆောင်ထားကြပြီး ဒူးလေးကြီးအချို့ကိုပင် ယူဆောင်လာကြသည်။

" ဒီမှာ စစ်သနာပတိချုပ်ရှိနေတယ်။ မင်းတို့ရဲတင်းလှချည်လား။ မင်းတို့ကို ဘယ်သူလွှတ်လိုက်တာလဲ။ " စစ်မာရှန်းက သူ၏ ဓားက်ု ဆွဲထုတ်ကာ ရန်သူများဆီသို့ ချိန်ရွယ်လိုက်သည်။

သူတို့ကို ဦးဆောင်လာသော တပ်မှူးက ဓားကိုမြှောက်ပြီး ဟိန်းဟောက်လိုက်သည်။ " ပစ်ကြ။ တစ်ယောက်မှအရှင်မထားနဲ့။ "

သူ၏ အမိန့်အရ ဝန်းရံထားသော စစ်သည်များက နောက်ထပ်မြားတစ်သုတ်ကို ပစ်လွှတ်လိုက်ကြသည်။ ဒူးလေးကြီးများကိုလည်း ပစ်လွှတ်လိုက်သောကြောင့် ကြီးမားသော မြားကြီးများက လီမုနှ့် သူ၏ အရေအတွက် နည်းပါးသော အဖွဲ့ဆီသို့ ဦးတည်သွားခဲ့သည်။

၎င်းကို မြင်သောအခါ လီမု၏ မျက်နှာက သွေးဆုတ်ဖြူလျော်သွားခဲ့သည်။ သူက လူအတစ်ယောက်မဟုတ်ပေ။ ထိုချပ်ဝတ်စစ်သည်များကို မြင့်လိုက်သည်နှင့် သူတို့အား မည်သူလွှတ်လိုက်သည်ကို အတိအကျ သိလိုက်သည်။

လီမုက သက်ပြင်းချလိုက်ပြီး အလွန်စိတ်ပျက်သွား၏။ "အရှင်မင်းကြီးရဲ့ မျက်လုံးထဲမှာ ကျွန်တော်မျိုးက အမြဲတမ်း သေလူဖြစ်နေခဲ့တာကိုး။ "

" သူတို့ကို သတ်ကြ။ " စစ်မာရှန်းက ဟိန်းဟောက်လိုက်သည်။ " စစ်သေနာပတိချုပ်ကို ကာကွယ်ပြီး သူ့ကို တိုက်နယ်မြေကို ပြန်ခေါ်သွားကြ။ "

ကိုယ်ရံတော်များက မြင်းများကို အရှိန်မြှင့်ပြီး သူတို့၏ လှေများကို ဆွဲထုတ်ကာ ဝန်းရံထားသော ခရိုင်စစ်သည်များကို စတင်တိုက်ခိုက်လိုက်ကြသည်။ သူတို့က ကျောက်နိုင်ငံမှ လှည့်လည်သွားလာသူများ၏ မြင်းစီးမြားပစ်နည်းစနစ်ကို အသုံးပြုပြီး မြင်းပေါ်မှနေ၍ မြားများကို ဆက်တိုက်ပစ်ခတ်လိုက်ကြသည်။

၎င်းမှာ ကျောက်နိုင်ငံ၏ အားအကောင်းဆုံး စစ်ဗျူဟာပင် ဖြစ်သည်။ တစ်ချိန်က ကျောက်း နယ်နိမိတ်များကို ချဲ့ထွင်ပေးခဲ့သော ပြိုင်ဘက်ကင်း မြစ်စီးမြားပစ်တပ်ဖွဲ့ပင်ဖြစ်သည်။ သူတို့၏ ပြန်လည်ပစ်ခတ်မှုကြောင့် အများအပြား ကျဆုံးသွားကြသော်လည်း ခရိုစစ်သည်များက နှစ်ထောင်သုံးထောင်ရှိနေသည်။

သူတို့က အရေအတွက် အပြတ်အသတ် သာလွန်နေသည့်အပြင် အလစ်ငိုက်တိုက်ခိုက်ရန်အတွက် ပြင်ဆင်ထားသော ဒူးလေးကြီးများလည်း ရှိနေသည်။ လီမုအတွက် ဖောက်ထွက်နိုင်မည့် လမ်းစလုံးဝမရှိတော့ပေ။

မကြာမီ လီမု၏ ကိုယ်ရံတော်များက ကျဆုံးသွားကြသည်။ ကျောက်စစ်သည်များ၏ ဝန်းရံခြင်းခံထားရသော လီမုနှင့် စစ်မာရှန်းတို့သာ ကျန်ရှိတော့သည်။ လီမုက သူ၏ ရှေ့မှ တပ်မှူးကို ကြည့်ပြီး ဝမ်းနည်းမှုများဖြင့် ပြောလိုက်သည်။

" ဒီစစ်သေနာပတိချုပ် မသေခင် တစ်ခုလောက်တော့ သိချင်မိတယ်။ အရှင်မင်းကြီးက ငါ့ကို တကယ်ပဲ သေစေချင်တာလား။ "

" စစ်သေနာပတိချုပ်က သိပြီးသားဆိုတော့ ကျုပ်ထပ်မပြောတော့ပါဘူး။ " ကျောက်တပ်မှူးက ဖြည်းညင်းစွာ ​ပြောလိုက်သည်။

" စစ်သေနာပတိချုပ်က ကျောက်နိုင်ငံရဲ့ နာမည်ကျော် စစ်သေနာပတိချုပ်တစ်ယောက် ဖြစ်တာကို ထောက်ထားပြီး ကိုယ့်ကိုကိုယ် အဆုံးစီရင်လိုက်ပါ။ ဒါက စစ်သေနာပတိချုပ်အတွက် သိက္ခာရှိတဲ့ အဆုံးသတ် ဖြစ်ပါလိမ့်မယ်။ "

ကျောက်ဘုရင်က သူ့ကို သေစေချင်မှာ သေစေချင်လိမ့်မည်ဖြစ်သော်လည်း အမိန့်တော်ကို အကောင်ထည်ဖော်နေသော ကောခိုင်ကတော့ သေချာ​ပေါက် သေစေချင်နေသည်။ ၎င်းကလည်း ချင်၏ အမိန့်ပေးမှုကြောင့် ဖြစ်သည်။ လီမုသာ သေဆုံးသွားလျှင် ကျောက်နိုင်ငံတွင် စစ်တပ်များကို ဦးဆောင်မည့် တစ်ဦးတည်းသော စစ်သေနာပတိချုပ်မှာ ဖန်ရွှမ်သာ ကျန်တော့သည်။

သူ၏ သံသယများ ရှင်းလင်းသွားသဖြင့် လီမုက ရုတ်တရက် ရယ်မောလိုက်သည်။ " ဟားဟားဟား.... ဘယ်သူကထင်ထားမှာလဲ။ ငါ လီမုက ကျောက်အတွက် တစ်သက်လုံး ပေးဆပ်ခဲ့ပေမယ့် နောက်ဆုံးမှာ ဒီလိုအဆုံးသတ်ခဲ့ရတယ်။ "

သူ၏ ဘေးမှ စစ်မာရှန်းက ဒေါသများနှင့် ပြည့်နှက်နေသည်။ " စစ်သေနာပတိချုပ်က နိုင်ငံအတွက် အရာရာကို ပေးဆပ်ခဲ့တာပဲ။ အရှင်မင်းကြီးက ဘာလို့ သူ့ကို ဒီလိုဆက်ဆံနိုင်ရတာလဲ။ ဒါကို ကမ္ဘာက သိသွားရင် အရှင်မင်းကြီးကို လူတိုင်းက ကျိန်ဆဲကြလိမ့်မယ်။ "

" မင်းတို့ ဒီနေ့သေဆုံးပြီးသွားရင် ချင်စစ်တပ်က အလစ်အငိုက် တိုက်ခိုက်လို့ ကျဆုံးသွားတာလို့ ကြေညာမယ်။ အရှင်မင်းကြီးက မင်းတို့ရဲ့ ဂုဏ်သတင်းကို အသုံးပြုပြီး ချင်စစ်တပ်ကို ပြန်ခုခံဖို့ စစ်သည်တွေနဲ့ ပြည်သူတွေကို လှုံ့ဆော်ပေးလိမ့်မယ်။ ကျောက်ပြည်သူတွေက ရန်သူကို ဆန့်ကျင်ဖို့ စည်းလုံးသွားကြလိမ့်မယ်။ " ကျောက်တပ်မှူးက ပြောလိုက်သည်။

" အရှင်မင်းကြီးရဲ့ အကြံအစည်က တကယ်ကို ပြောင်မြောက်ပါတယ်။ " လီမုက ခါးသီးစွာ ပြုံးလိုက်သည်။ " ငါတို့ကို ဖယ်ရှားပြီး တိုက်နယ်မြေရဲ့ စစ်အာဏာကို တစ်ချက်တည်းနဲ့ သိမ်းယူလိုက်တာပဲ။ "

" စကားတွေ ပြောနေတာကြာပြီ။ စစ်သေနာပတိချုပ် သွားရမယ့်အချိန်ရောက်ပြီ။ " ကျောက်တပ်မှူးက လီမုကို အေးစက်စွာ ကြည့်ပြီး ပြောလိုက်သည်။

သူက လီမုကို လေးစားနိုင်သော်လည်း သူ၏ အထက်လူကြီးများက စစ်သေနာပတိချုပ်ကို သေစေချင်နေပြီး လက်အောက်ငယ်သားတစ်ယောက်အနေဖြင့် သူက နာခံရမည်သာ ဖြစ်သည်။

" ငါကတော့ ကိုယ့်ဘာသာကိုယ် အဆုံးစီရင်မှာမဟုတ်ဘူး။ " လီမုက လှောင်ပြုံးပြုံးရင် ခါးမှ ဓားကို ဆွဲထုတ်လိုက်သည်။ " ငါ့အသက်ကို လိုချင်ရင် လာယူကြစမ်း။ "

စစ်မာရှန်းကလည်း ထိုနည်းတူ ပြုလိုပ်လိုက်သည်။ သူ၏ အကြည့်များက အေးစက်နေသည်။ စစ်သူကြီးများဖြစ်ကြသည့်အတိုင်း တိုက်ပွဲဝင်ရင် သေဆုံးရခြင်းမှာ သဘာဝကျပေသည်။

" သူတို့ကို သတ်ကြ။ " ကျောက်တပ်မှူးက တွန့်ဆုတ်မနေတော့ပေ။ သူက လက်ဝှေ့ရမ်းလိုက်သည်နှင့် ဝန်းရံထားသော ကျောက်စစ်သည်များက လီမုနှင့် စစ်မာရှန်းတို့ဆီသို့ ပြေးဝင်တိုက်ခိုက်ကြတော့သည်။

ရွှီး ရွှီး ရွှီး....

ထိုအချိန်တွင် ကျောက်စစ်တပ်၏ ဘေးတစ်ဖက်မှ မြားများက ရုတ်တရက် ထွက်ပေါ်လာသည်။ ကျောက်စစ်သည်များက မြားထိမှန်ပြီး ချက်ချင်း သေဆုံးသွားကြသည်။

ထို့နောက် ချက်ချင်း အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားကြသူ ရာချီက အရပ်သုံးမျက်နှာမှနေ၍ ကျောက်စစ်သည်များကို ပြေးဝင်တိုက်ခိုက်လိုက်ကြသည်။ အရေအတွက် နည်းလှသော်လည်း သူတို့က မည်သည့်ကြောက်ရွံ့မှုမှ မပြကြပေ။

" စစ်သေနာပတိချုပ် တစ်ယောက်ယောက်က ကျွန်တော်တို့ကို လာကယ်တာပဲ။ " စစ်မာရှန်းက ဝမ်းသာစွာဖြင့် အော်လိုက်သည်။

သို့သော် လီမုက မျက်မှောင်တင်းတင်းကြုတ်သွားသည်။ ဤကဲ့သို့သော အခြေအနေတွင် သူတို့ကို မည်သူက လာကယ်မည်နည်း။

" သူတို့ကို ဘယ်သူက ကယ်တင်ရဲတာလဲ။ " ကျောက်တပ်မှူးက မယုံကြည်နိုင်စွာ ဖြစ်သွားသည်။

ထိုအလစ်ငိုက်တိုက်ခိုက်မှုက ထိပ်တန်းလျို့ဝှက်ချက်ဖြစ်ပြီး ဘယ်သူမှမသိနိုင်ပေ။ ထိုအနက်ရောင်ဝတ်လူရာချီက သာမန်လူများမဟုတ်သည်မှာ ရှင်းနေသည်။ သူတို့က အတွေ့အကြုံရင့်ပြီး လေ့ကျင့်ထားသော ကျွမ်းကျင်သူများ ဖြစ်ကြသည်။

သူက ပြေးဝင်နေစဉ်များပင် မြားများကို ပစ်ခတ်နေကြသည်။ အကွာအဝေးနီးကပ်လာသည်နှင့်အမျှ သူတို့က ဒူးလေးများကိုလည်း ကိုင်ဆောင်ထားကြပြီး ဆက်တိုက်ပစ်ခတ်နေကြသည်။ သူတို့၏ တိုက်ခိုက်မှုအောက်တွင် ကျောက်စစ်သည်များက အစုလိုက်အပြုံလိုက် သေဆုံးသွားကြသည်။

" သတ်ကြ။ " အနက်ရောင်ဝတ်လူများ၏ ခေါင်းဆောင်က အော်ဟစ်လိုက်ပြီး သူ၏ အကြည့်က ကျောက်တပ်မှူးဆီသို့ ရောက်သွားသည်။ သူက အနီးသို့ ရောက်သွားသည်နှင့် သူ၏ ဓားက ထွက်ပေါ်လာပြီးသား ဖြစ်သည်။

သူက လူသားထက်ကျော်လွန်သော အရှိန်ဖြင့် လှုပ်ရှားလိုက်ပြီး ဓားတစ်ချက်ဝှေ့ရမ်းလိုက်ရုံနှင့် ကျောက်စစ်သည်တစ်ယောက်၏ လည်ပင်ကို လှီးဖြတ်သွားသည်။

အခြားအနက်ရောင်ဝတ်လူများကလည်း ထိုကဲ့သို့ ထူးခြားသော အရှိန်မျိုးမရှိသော်လည်း သာမန်လူများထက် ပိုမိုမြန်ဆန်နေဆဲ ဖြစ်သည်။ သူတို့က ချက်ချင်း လူစုခွဲလိုက်ကြသဖြင့် ကျောက်စစ်သည်များက ပြန်လည်ပစ်ခတ်ရန် အခွင့်အရေးမရှိတော့ဘဲ တိုက်ခိုက်မှုကို အရှိန်အဟုန်ဖြင့် ဖိအားပေးခဲ့ကြသည်။

သူတို့က အနီးကပ်တိုက်ခိုက်ရန် ကြိုးစားကြပြီး ရင်ဆိုင်တိုင်းတွင် ဓားဖြင့် လည်ပင်းကို လှီးဖြတ်ခံရခြင်းနှင့်သာ အဆုံးသတ်ခဲ့သည်။ သူတို့ကို သတ်ဖြတ်ရန် ရည်ရွယ်ပြီး ဖန်တီးထားသော သတ်ဖြတ်ရေးစက်များကဲ့သို့ပင် သူတို့၏ တိုက်ခိုက်မှုတိုင်းက သေကွင်းသေကွက်များကိုသာ ပစ်မှတ်ထားကြသည်။ မျက်စိတစ်မှိတ်အတွင်း ကျောက်စစ်တပ်က ဖရိုဖရဲ ဖြစ်သွားကြသည်။

All Chapters