← Chapters

အခန်း (၁၉၂)

Vol. 20 Ch. 192

အခန်း (၁၉၂)

Vol. 20 Ch. 192

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၉၂)

" မင်းတို့က တကယ်ဘယ်သူတွေလဲ။ " ကျောက်တပ်မှူးက တိုက်ခိုက်သူများကို ကြည့်ပြီး ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

သို့သော် အနက်ရောင်ဝတ်ခေါင်းဆောင်က သူ့ဆီသို့ ရောက်နေပြီဖြစ်သည်။ သူက ဓားကို ရှေ့သို့ ထိုးသွင်းလိုက်ရာ ကျောက်တပ်မှူး၏ လည်ပင်းကို ထိုးဖောက်သွားပြီး ချက်ချင်း သေဆုံးသွားခဲ့သည်။ ဝန်းရံထားသော စစ်သည်များက သူတို့တပ်မှူး လဲကျသွားသည်ကို မြင်သောအခါ ထိတ်လန့်သွားကြပြီး လူစုကွဲကာ ထွက်ပြေးကုန်ကြသည်။

အနက်ရောင်ဝတ်ခေါင်းဆောင်က လီမုနှင့် စစ်မာရှန်းဆီသို့ လှည့်လိုက်ပြီး သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။ သူ၏ လူအနည်းငယ်က သူတို့နှစ်ယောက်ဆီသို့ သွားလိုက်ကြသည်။

" ဒီလူတွေအားလုံးက လက်ရွေးစင်တွေပဲ။ " လီမုက အံ့ဩစွာ ရေရွတ်လိုက်သည်။ " ပြီးတော့ သူတို့က သတ်ဖြတ်တဲ့နည်းစနစ်ကို အထူးပြုထားကြတာပဲ။ "

နောက်ခဏတွင် အနက်ရောင်ဝတ်လူများက အနီးသို့ ရောက်လာသောအခါ လီမုက မေးခွန်းမေးရန် ပါးစပ်ဟလိုက်သော်လည်း သူတို့က စကားပြောရန် အခွင့်အရေး မပေးခဲ့ပေ။ သူတို့က တစ္ဆေကဲ့သို့ အရှိန်မျိုးဖြင့် အနီးသို့ ချဉ်းကပ်လာကြသည်။

သူတို့ထဲမှ နှစ်ယောက်က လီမုနှင့် စစ်မာရှန်းတို့၏ ဂုတ်ပိုးကို လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ သူတို့နှစ်ယောက်လုံးက နေရာမှာတင် သတိလစ်သွားကြသည်။ ထို့နောက် အနက်ရောင်ဝတ်လူများက သူတို့ကို ပခုံးပေါ်သို့ ထမ်းတင်လိုက်သည်။

" သွားမယ်။ " ခေါင်းဆောင်က အမိန့်ပေးလိုက်ပြီး ဆက်လက်တိုက်ခိုက်လိုစိတ် လုံးဝမပြခဲ့ပေ။

သူတို့က လီမုနှင့် သူ၏ စစ်သူကြီးကို ခေါ်ပြီး ချက်ချင်း ထွက်ခွာသွားကြသည်။ ထိုအနက်ရောက်ဝတ်လူများက ရုတ်တရက် ရောက်လာပြီး ချက်ချင်း ပြန်ထွက်ခွာသွားခဲ့သည်။ သူတို့က မည်သည့်ထိခိုက်ကျဆုံးမှုမရှိဘဲ ကျောက်စစ်သည်ရာချီကို သတ်ဖြတ်နိုင်ခဲ့သည်။ ထိုအနက်ရောင်တပ်ဖွဲ့က ထူးဆန်းသကဲ့သို့ အင်မတန် ကြောက်စရာကောင်းလှသည်။

" ကျုပ်တို့ အခုဘာလုပ်ကြမလဲ။ " တပ်ရင်းမှူးတစ်ယောက်က တုန်ရီစွာ ပြောလိုက်သည်။

" တပ်မှူးကတော့ သေသွားပြီ။ ငါတို့ဘာလုပ်ကြမလဲ။ "

" အဲ့ဒီလူတွေက လူတွေလား သရဲတွေလား။ " နောက်ထပ်တစ်ယောက်က ပြောလိုက်သည်။

" သူတို့က ဝိညာဉ်တွေလိုပဲ ကြောက်စရာကောင်းတယ်။ "

" သူတို့က ဘယ်သူတွေလည်း။ "

" ငါလည်းမသိဘူး။ ငါတို့က ဖြစ်တဲ့အတိုင်းပဲ သတင်းပို့ရမှာပေါ့။ " တပ်မမှူးတစ်ယောက်က ပြောလိုက်သည်။

အသက်ရှင်ကျန်ရစ်ခဲ့သော ကျောက်စစ်သည်များက အလွန်ထိတ်လန့်နေကြသည်။ မည်သို့ပင်ဖြစ်စေ သူတို့က ကျောက်နိုင်ငံ၏ အထူးတပ်ဖွဲ့များမဟုတ်ကြဘဲ ခရိုင်စစ်သည်များသာ ဖြစ်ပြသည်။ သူတို့က လီမု၏ ကိုယ်ရံတော်များကို အရေအတွက်နှင့် အနိုင်ယူခဲ့ခြင်း ဖြစ်သည်။

ဟန်တန်မြို့။

ကျောက်ဖုန်း၏ စစ်တပ်က အရင်ရောက်ရှိလာခဲ့ပြီး စခန်းချနေခဲ့သည်။ မူလက သူ၏ စစ်တပ်တွင် စစ်သည်တစ်သိန်းရှိခဲ့ပြီး ဝူအန်းမြို့တိုက်ပွဲပြီးနောက် ကိုးသောင်းကျန်နေခဲ့သည်။

ထိုတစ်သောင်းကလည်း အားလုံးကျဆုံးသွားခြင်းမဟုတ်ပေ။ တိုက်ပွဲတွင် သုံးလေးထောင်လောက်သာ ကျဆုံးခဲ့ပြီး ကျန်သူများက ကုသရေးစခန်းတွင် ကုသနေကြခြင်း ဖြစ်သည်။ ထိုစစ်တပ်တွင် ယခုကဲ့သို့ တိုက်ခိုက်ရေးစွမ်းရည်ရှိနေခြင်းရှိနေခြင်းမှာ ကျောက်ဖုန်း၏ ကံကြမ္မာအရာရှိတံဆိပ်ကြောင့်ပင် ဖြစ်သည်။

" အရှင် ကျွန်တော် သတင်းရထားပါပြီ။ " ကျန်းမင်က ကျောက်ဖုန်းအနီးသို့ ချဉ်းကပ်လာပြီး ပြောလိုက်သည်။ " ယင်ပုနဲ့ သူ့လူတွေ အောင်မြင်သွားပါပြီ။ "

" အသေးစိတ်ကို ပြောပြပါဦး။ " ကျောက်ဖုန်းက လေးနက်စွာ ပြန်ပြောလိုက်သည်။

" အရှင် ခန်းမှန်းထားသလိုပါပဲ။ " ကျန်းမင်က ရိုသေစွာ ပြောလိုက်သည်။ " ကျောက်နိုင်ငံက တစ်ယောက်ယောက်က လီမုကို သေစေချင်လို့ သူ့ကို အလစ်ငိုက်တိုက်ခိုက်ဖို့ စစ်သည်သုံးထောင်ကို စေလွှတ်ခဲ့ပါတယ်။ "

" တိုက်ပွဲမှာ လီမုရဲ့ ကိုယ်ရံတော် ငါးရာလုံး ကျဆုံးသွားပါတယ်။ လီမုနဲ့ သူ့ရဲ့ စစ်သူကြီးတို့က ဒဏ်ရာရသွားပြီး နောက်ပိုင်းမှာ ယန်ထင်က သူတို့ကို ကယ်ထုတ်ခဲ့ပါတယ်။ "

" ရလဒ်က ဘယ်လိုလဲ။ ငါတို့ဘက်က အကျအဆုံး ဘယ်လောက်ရှိလဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။

၎င်းမှာ ယန်ထင်၏ ပထမဆူံးတာဝန်ဖြစ်ပြီး ဝူချန်းငါးရာကို တစ်ပြိုင်နက် အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ကျောက်ဖုန်းက သဘာဝအတိုင်း ရလဒ်ကို အလေးထားသည်။

" ယန်ထင်ရဲ့ ဝူချန်တွေ ဘယ်လောက်ကြောက်စရာကောင်းတယ်ဆိုတာ အရှင်ခန့်မှန်းမိမှာတောင် မဟုတ်ဘူး။ ဒီတိုက်ပွဲမှာ ဝူချန်းငါးရာက ကျောက်စစ်သည်ခြောက်ရာကို သတ်ပစ်ခဲ့တယ်။ ပြီးတော့ ဝူချန်း တစ်ယောက်မှ ကျဆုံးခြင်းမရှိဘဲ ဘေးကင်းကင်းနဲ့ ဆုတ်ခွာနိုင်ခဲ့တယ်။ " ကျန်းမင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

၎င်းကို ကြားသောအခါ ကျောက်ဖုန်းက ပြုံးလိုက်သည်။

" ယန်ထင်ရဲ့ လေ့ကျင့်မှုတွေက အကျိုးရှိသွားပုံရတယ်။ တကယ်ပဲ တစ်ယောက်မှ အထိအခိုက်မရှိဘဲ အပြည့်အဝ ဆုတ်ခွာနိုင်ခဲ့တာပဲ။ " ကျောက်ဖုန်းက ထိုရလဒ်အပေါ် အလွန်ကျေနပ်မိသည်။

" ယန်ထင်ရဲ့ ဝူချန်းတွေက အရှင့်ရဲ့ အရင်းအမြစ်တွေနဲ့ မွေးမြူထားတာပဲ။ အရိုးသန့်စင်ခြင်းဆေးမှုန့်တွေနဲ့ ခန္ဓာကိုယ်ကို ကြံ့ခိုင်အောင် လုပ်ထားပြီး သိုင်းပညာတစ်ခုကိုလည်း ပေးအပ်ထားခဲ့တယ်။ တကယ်လို့ ဒီတိုက်ပွဲမှာသာ အကျအဆုံးများခဲ့ရင် အရှင်ကို တကယ်စိတ်ပျက်စေမိလိမ့်မယ်။ " ကျန်းမင်က ပြုံး၍ ပြောလိုက်သည်။

" လီမုနဲ့ စစ်မာရှန်းရော ဘယ်လိုလဲ။ " ကျောက်ဖုန်းက မေးလိုက်သည်။

" သူတို့ကို ခံတပ်ဆီ ခေါ်သွားပြီး အစောင့်အကြပ်တွေအောက်မှာ ရှိနေပါတယ်။ အရှင်အားလပ်တဲ့အချိန်မှသာ သူတို့ကို စီမံနိုင်ပါတယ်။ " ကျန်းမင်က ရိုသေစွာ ပြောလိုက်သည်ယ

" သူတို့ကို ကောင်းကောင်းကျွေးမွေးပြီး သက်သောင့်သက်သာ ထားလိုက်။ ကျောက်နိုင်ငံကို အောင်မြင်ပြီးရင် ငါကိုယ်တိုင် သူတို့ဆီ သွားမယ်။ " ကျောက်ဖုန်းက ရယ်ပြီး ပြောလိုက်သည်။

" နားလည်ပါပြီ။ " ကျန်းမင်က ခေါင်းညိမ့်လိုက်သည်။

" လီမုနဲ့ စစ်မာရှန်း။ ငါက အစက လီမုကိုပဲ လိုချင်ခဲ့တာ။ စစ်မာရှန်းက မမျှော်လင့်ဘဲ ရလိုက်တဲ့ လက်ဆောင်ပဲ။ ဒီလိုအခက်အခဲမျိုးကို ကြုံတွေ့သွားပြီးပြီဆိုတော့ သူတ်ု့က ကျောက်နိုင်ငံအပေါ် မျှော်လင့်ချက်အားလုံး ကုန်ဆုံးသွားပြီး ငါလူတွေဖြစ်လာသင့်ပြီ။ အနာဂတ်မှာ ဖြစ်လာမယ့် ချင်ခေတ်ကုန်ဆုံးချိန်မှာ ငါ့ရဲ့ ကြီးမားတဲ့အစီအစဉ်အတွက် အရည်အချင်းရှိတဲ့သူတွေ မရှိလို့ ဘယ်ဖြစ်မလဲ။ "

" မူလက ကောခိုင်ရဲ့ လက်ချက်နဲ့ သေဖို့ ကံပါလာတဲ့ လီမုက အခု ငါ့လူဖြစ်လာတော့မှာဖြစ်ပြီး ချင်ခေတ်ကုန်ဆုံးချိန်မှာ သူတို့ကို အသုံးပြုဖို့ တကယ်စိတ်ဝင်စားဖို့ကောင်းတယ်။ သမိုင်းကို သိနေတဲ့အတွက် ဒါကို ကောင်းကောင်း အသုံးချရတော့မှာပေါ့။ "

လီမုက စစ်ပြိုင်ခေတ်ရဲ့ ကျော်ကြားတဲ့ စစ်သေနာပတိချုပ် လေးယောက်အနက် တစ်ယောက်ဖြစ်သည်။ သူက သစ္စာဖောက်တစ်ယောက်၏ လက်ထဲတွင် သေဆုံးခဲ့ရခြင်း ဖြစ်သည်။ ထို့ကြောင့် ထိုသမိုင်းကို သိရှိပြီးနောက် ကျောက်ဖုန်းက တိုက်နယ်မြေကို စောင့်ကြည့်ရန် လူများ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

သူက သူတို့ကို အမိန့်တစ်ခုပေးထားခဲ့သည်။ လီမုက နယ်ပြောင်းအမိန့်ရပြီး တိုက်နယ်မြေက ထွက်သွားသည်နှင့် သူ့နောက်ကို ခြေရာခံလိုက်ကြရန် ဖြစ်သည်။ အခြားသူများက သူ့ကို တိုက်ခိုက်သည်ဖြစ်စေ မတိုက်ခိုက်သည်ဖြစ်စေ လီမုကို ဖမ်းဆီးရန် အမိန့်ပေးထားသည်။

လီမုကို တစ်စုံတစ်ယောက်က တိုက်ခိုက်လာလျှင် အကောင်းဆုံး ဖြစ်သည်။ သို့မှသာ သူက ကျောက်နိုင်ငံအပေါ် လက်လျှော့ပြီး ကျောက်ဖုန်းကို ကျေးဇူးတင်ကာ သိမ်းသွင်းရ ပိုလွယ်ကူသွားမည်ဖြစ်သည်။

" လီမုက ငါ့အပေါ် သစ္စာစောင့်သိဖို့က ငါ့မှာ နည်းလမ်းတွေရှိတယ်။ တကယ်လို့ သူက နောက်ဆုံးအထိ ငြင်းဆန်နေရင်တော့ သူကို သတ်ပစ်ရမှာပဲ။ ဘာပဲဖြစ်ဖြစ် အနာဂတ် ချင်ခေတ်ကုန်ဆုံးချိန်မှာ အရည်အချင်းရှိတဲ့သူတွေ ရှားမှာမဟုတ်ဘူး။ ငါသူတို့ကို တစ်ဆင့်ချင်း သိမ်းသွင်းသွားလို့ရတယ်။ "

" ဒါပေမယ့် ဟန်နိုင်ငံကစလို့ ငါ့ရဲ့ လက်တွေမှာ အခြားနိုင်ငံက ဝန်ကြီးတွေနဲ့ တော်ဝင်မျိုးနွယ်တွေရဲ့ သွေးတွေ စွန်းထင်နေခဲ့ပြီ။ အနာဂတ်မှာ အရည်အချင်းရှိတဲ့ဝန်ကြီးတွေ​ကို သိမ်းသွင်းဖို့က သိပ်မလွယ်တော့ဘူး။ "

ကျောက်ဖုန်းက စိုးရိမ်ခြင်းမရှိပေ။ အနာဂတ် ချင်ခေတ်ကုန်ဆုံးချိန်သို့ ရောက်သောအခါ ယန်ထင်က အင်အားကြီးမားသော အဖွဲ့အစည်းကြီးတစ်ခု ဖြစ်လာပေလိမ့်မည်။

" အစီရင်ခံပါတယ်။ " ကိုယ်ရံတော်တစ်ယောက်က ရောက်လာပြီး ပြောလိုက်သည်။ " စစ်သူကြီး စစ်သေနာပတိချုပ် ရောက်လာပါပြီ။ သူက စစ်သူကြီးကို သူဆီကို လာဖို့ ပြောလိုက်ပါတယ်။ "

" စစ်သေနာပတိချုပ်က နောက်ဆုံးတော့ ရောက်လာပြီပဲ။ " ကျန်းမင်က ပြုံး၍ ပြောလို​က်သည်။

ဟန်တန်မြို့၊ လုံထိုင်နန်းတော်။

" ချင်စစ်တပ်က မြို့ရိုးဆီကို ရောက်လာပြီ။ စစ်သေနာပတိချုပ် ငါတို့ရဲ့ ကျောက်က ဒီကျူးကျော်မှုကို တောင့်ခံနိုင်ပါ့မလား။ " သူ၏ လက်အောက်ငယ်သားများက အကြိမ်ကြိမ် အာမခံထားသော်လည်း ကျောက်ယန်က မြို့ရိုးမှ ချင်စစ်တပ်ကို မြင်ရသောအခါ ထိတ်လန့်နေရဆဲ ဖြစ်သည်။

" ကျွန်တော်မျိုးက ဟန်တန်ကို အသေခံပြီး ကာကွယ်ပါ့မယ်။ မြို့တော်နဲ့အတူ သေသေရှင်ရှင်ပါပဲ။ " ဖန်ရွှမ်က ကျယ်လောင်စွာ ပြောလိုက်သည်။

သူ၏ အမူအရာက အသေခံရန် ဆုံးဖြတ်ထားသည်မှာ ထင်ရှားသည်။ ဝူအန်းမြို့မှ ဆုတ်ခွာလာကတည်းက သူက ချင်စစ်တပ်ကို အလွန်နာကျည်းနေခဲ့သည်။ စစ်သည်သုံးသိန်း ကာကွယ်ထားသော မြို့က တစ်ရက်တည်းနှင့် ချင်စစ်တပ်၏ လက်ထဲသို့ ကျဆုံးသွားခြင်းမှာ သူ့အတွက် ကြီးမားသော အရှက်ရမှုဖြစ်သည်။

ယခုတစ်ကြိမ်တွင် သူက သေရန် အသင့်ပြင်ထားသည်။ သူကိုယ်တိုင် သေရမည်ဖြစ်သော်လည်း ဟန်တန်ကို မကျဆုံးအောင် ကာကွယ်ရန် ဆုံးဖြတ်ထားသည်။

" စစ်သေနာပတိချုပ်ရဲ့ စကားတွေက ငါ့ကို စိတ်သက်သာရာရစေပါတယ်။ ဒါပေမယ့် ချင်စစ်တပ်ရဲ့ ကြောက်စရာကောင်းမှုကိုတော့ လျှော့တွက်လို့မရဘူး။ စစ်သေနာပတိချုပ် ဝူအန်းမြို့မှာ ရှုံးနိမ့်ခဲ့တာအတွက် ငါ အပြစ်မတင်ပါဘူး။ အဲ့ဒီရှုံးနိမ့်မှုကို သင်ခန်းစာယူပြီး ရန်သူကို ချေမှုန်းဖို့ ပိုကောင်းတဲ့ ဗျူဟာတွေ ချမှတ်နိုင်ဖို့ မျှော်လင့်ပါတယ်။ " ကျောက်ယန်က စိုးရိမ်ှုအချို့နှင့် ပြောလိုက်သည်။

ယခု လျန်ပိုက ကျဆုံးသွားပြီဖြစ်သောကြောင့် ဖန်ရွှမ်က ကျောက်ယန် အားကိုးနိုင်သည့် တစ်ယောက်တည်းသော သူဖြစ်လာသည်။ ဝူအန်းမြို့ကို ကျရှုံးသွားခြင်းက သူ့ကို စိုးရိမ်စေခဲ့သော်လည်း စစ်ပွဲတွင် အနိုင်အရှုံးသာရှိသည်ကို သူသိထားသည်။ သူက ထိုသစ္စာရှိသော စစ်သေနာပတိချုပ်ကို အပြစ်ပေးခဲ့ခြင်း မရှိပေ။

All Chapters