အခန်း (၁၉၅)
Vol. 20 Ch. 195
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၁၉၅)
"ဒါက ငါ အခုလေးတင် ရထားတဲ့ သတင်းပဲ။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။ " ကျောက်စစ်သူကြီး ယန်ကျူးက နယ်စပ်စောင့်စစ်သည်တစ်သိန်းကို ဟန်တန်မြို့ဆီ ပြန်ခေါ်လာပြီ။ သူတို့က အခု သူတို့က မြို့ရဲ့ အရှေ့ဘက်မှာ စခန်းချနေတယ်။ "
" ဒါ့အပြင် ဖန်ရွှမ်က ကြီးကြပ်ရးတပ်ဖွဲ့ ဖွဲ့စည်းဖို့ ဗျူဟာတစ်ခုကို အကာင်ထည်ဖော်ထားတယ်။ သူတို့ရဲ့ တာဝန်က တိုက်ပွဲက ထွက်ပြေးတဲ့ ဘယ်သူမဆို ကွပ်မျက်ဖို့ပဲ။ တကယ်လို့ အဲ့ဒီကြီးကြပ်ရေးစစ်သည်က ထွက်ပြေးခဲ့ရင် သူတို့ရဲ့ ဆွေမျိုးခုနှစ်ဆက်လုံး သတ်ခံရလိမ့်မယ်။ "
၎င်းကို ကြာသောအခါ ကျောက်ဖုန်းနှင့် စစ်သူကြီးနှစ်ယောက်က တိတ်ဆိတ်သွားကြသည်။
" ကျောက်နယ်စပ်စောင်တပ်ဖွဲ့က ကျောက်ရဲ့ အင်အားအကောင်းဆုံး မြင်းတပ်ပဲ။ " ဝမ်ပင်းက ခဏစဉ်းစားပြီး ပြောလိုက်သည်။ " သူတို့ရဲ့ မြင်းစီးမြားပစ်ပညာက ပြိုင်ဘက်ကင်းတယ်။ ချင်တပ်ဖွဲ့တွေက အင်အားကြီးပေမယ့် မြင်းတပ်ချင်း ထိပ်တိုက်တွေ့ရင်တော့ သူတို့ကို ယှဉ်နိုင်မှာမဟုတ်ဘူး။ ပြီးတော့ မြို့သိမ်းတိုက်ပွဲမှာ ကျောက်မြင်းတပ်က အလစ်အငိုက်တိုက်ခိုက်ခဲ့ရင် ကျွန်တော်တို့ကဲ့ ခြေလျင်တပ်သားတွေက သူတို့ကို ခုခံနိုင်မှာမဟုတ်ဘူး။ "
" နယ်စပ်စောင့်စစ်သည်တစ်သိန်းလုံးက မြင်းစီစစ်သည်တွေမဖြစ်နိုင်ဘူး။ " ကျောက်ဖုန်းက ပြောလိုက်သည်။ " သူတို့ရဲ့ မြင်းစီးစစ်သည် သုံးသောင်းလောက် ရှိရင်တောင် ဒါက သူတို့ရဲ့ မြင်းတပ်အင်အား အားလုံး ဖြစ်နေလောက်ပြီ။ "
ကျောက်နိုင်ငံမပြောနှင့် ချင်နိုင်ငံ၏ မြောက်ဘက်နယ်စပ်မှာပင် မြင်းစီးစစ်သည် ရှစ်သောင်းထက်မပိုပေ။ ရှုံးနုတွေကို တိုက်ခိုက်သော အဓိကစစ်တပ်ဖြစ်သည့် နယ်စပ်စောင့်တပ်ကလည်း မြင်းတပ်ကို အခြေခံထားခြင်းဖြစ်သည်။ မြင်းတပ်တစ်ခုကို ထိန်းသိမ်းရခြင်းက မလွယ်ကူပေ။ လိုအပ်သော အရင်းအမြစ်များက ခြေလျင်တပ်ထက် ပိုများသည်။ အထူးသဖြင့် စစ်မြင်းများဖြစ်သည်။
" မြင်းစီးစစ်သည်သုံးသောင်းကလည်း ကြောက်စရာကောင်းနေတုန်းပဲ။ " ဝမ်ပင်းက သက်ပြင်းချလိုက်သည်။
" ဖန်ရွှမ်က ဝူအန်းမြို့မှာ ရှုံးနိမ့်ခဲ့ရာကနေ သင်ခန်းစာရသွားပုံရတယ်။ သူ့ရဲ့ နည့းလမ်းက ရက်စက်ပေမယ့် သိပ်မဆိုးတဲ့ နည်းလမ်းကောင်းတစ်ခုပဲ။ ဒီနည်းလမ်းနဲ့ဆိုရင် ကျောက်စစ်တပ်မှာ အရင်လို ပြိုကွဲပြီး ထွက်ပြေးတဲ့ စစ်သည်တွေ ရှိလာဖို့ ခက်ခဲတယ်။ ဟန်တန်မြို့ထဲမှာ စစ်သည်နှစ်သိန်းထက်မနည်း ရှိနေတယ်။ နယ်စပ်စောင့် စစ်သည်တစ်သိန်းကို ထည့်လိုက်ရင် ဟန်တန်မြို့ရဲ့ ကာကွယ်မှုက အရမ်းတောင့်တင်းသွားတယ်။ မြို့ကို ထိုးဖောက်ဖို့က မယုံကြည်နိုင်လောက်အောင် ခက်ခဲတယ်။ " ယန်တွမ်ဟီက မတတ်သာသည့် လေသံနှင့် ပြောလိုက်သည်။
ဟန်တန်မြို့ကို မရောက်ခင် သူတို့က စိတ်အားတက်ကြွနေခဲ့သည်။ သို့သော် ယခု မြို့ရှေ့သို့ ရောက်သာအခါ သူတို့၏ စိတ်ထဲတွင် လေးလံသွားကြသည်။ သူတို့က ဟန်တန်မြို့ကို ထိုးဖောက်နိုင်ရန် သူတို့၏ စွမ်းရည်အပေါ် ယုံကြည်မှုမရှိကြပေ။
" ဘာဖြစ်လို့လဲ။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။ " စစ်သူကြီးနှစ်ယောက်က ဟန်တန်ကို ထိုးဖောက်နိုင်တဲ့ ဂုဏ်ပုဒ်ကို မလိုချင်တော့ဘူးလား။ ဒါက ဝူအန်းမြို့ကို ထိုးဖောက်နိုင်ခဲ့တာထက် ပိုကြီးမားတဲ့ အောင်မြင်မှုဖြစ်လာမှာ သေချာတယ်။ "
" ဒီတိုက်ပွဲက တကယ်သွေးချောင်းစီးလိမ့်မယ်။ ဟန်တန်မြို့ကို ထိုးဖောက်ဖို့က ပြောသလောက် မလွယ်ဘူး။ " ဝမ်ပင်းက သက်ပြင်းချလိုက်သည်။ " အတိတ်တုန်းက စစ်သေနာပတိချုပ် ဝမ်ဟီက စစ်သည်သုံးသိန်းကို ဦးဆောင်ပြီး ဟန်တန်ကို တိုက်ခိုက်ခဲ့တယ်။ သူက မြို့ကို မထိုးဖောက်နိုင်ဘဲ လူပေါင်းတစ်သိန်းနီးပါး ဆုံးရှုံးခဲ့ပြီး နောက်ဆုံးမှာတော့ မြို့ရိုးရှေ့မှာ ကိုယ့်ကိုကိုယ် သတ်သေသွားခဲ့တယ်။ "
ထိုတိုက်ပွဲ၏ ရက်စက်မှုက ချန်ဖျင်တိုက်ပွဲအောက် မလျော့ပေ။ ချန်ဖျင်တိုက်ပွဲက ကျောက်နိုင်ငံအတွက် ထုတ်မပြောနိုင်သော သွေးကြွေးတစ်ခုဖြစ်သကဲ့သို့ ဟန်တန်မြို့ရိုးရှေ့မှ တိုက်ပွဲကလည်း ချင်အတွက် ထုတ်မပြောချင်သော ဖြစ်ရပ်တစ်ခုဖြစ်သည်။ ၎င်းကို ချင်ဘုရင်ရင်ကျန့်၏ အရှက်ရမှုအဖြစ် သိကြသည်။
ထိုကိစ္စတွင် လွီပုဝေ ပါဝင်ပက်သက်နေသောကြောင့်ဖြစ်သည်။ ရင်ကျန့်က ဒေါသအလျောက် ကျောက်နိုင်ငံကို တိုက်ခိုက်ခဲ့သည်။ အစပိုင်းတွင် သူက ဟန်တန်မြို့တော်အထိ မြို့များကို သိမ်းပိုက်နိုင်ခဲ့သော်လည်း နောက်ဆုံးတွင် ရှုံးနိမ့်ခဲ့ရသည်။ ၎င်းက ချင်နိုင်ငံ၏ အင်အားကို ထိခိုက်စေခဲ့သည်။ ထိုဖြစ်ရပ်ကြောင့်ပင် ဝမ်ပင်းနှင့် ယန်တွင်ဟီတို့ စိတ်ထဲတွက် အရိပ်မည်းတစ်ခု စွဲထင်နေပုံရသည်။
" အတိတ်က အတိတ်ပဲ။ အခုက အခုပဲ။ " ကျောက်ဖုန်းက ပြုံးလိုက်သည်။ " ချင်ရဲ့ စစ်သူကြီးတစ်ယောက်က ဘယ်တော့မှ အရှုံးမပေးဘူး။ "
ထို့နောက် သူက ထရပ်ပြီး ဝမ်ကျန့်ကို ဦးညွှတ်လိုက်သည်။ " ဟန်တန်မြို့ကို တိုက်ခိုက်တဲ့အချိန်ကျရင် ကျွန်တော်ကို ရှေ့တန်းက တိုက်ခိုက်ခွင့်ပြုဖို့ တောင်းဆိုပါတယ်။ "
ကျောက်ဖုန်း၏ စကားများကို ကြညးသောအခါ ဝမ်ပင်းနှင့် ယန်တွင်ဟီတို့က အံ့အားသင့်သွားကြသည်။ ထိုအချိန်တွင် သူတို့၏ စိတ်ထဲ၌ ထူးဆန်းသော အတွေးတစ်ခု ပေါ်လာသည်။ နွားပေါက်လေးက ကျားကို မကြောက်ပေ။
ကျောက်ဖုန်းက စစ်ရေးစွမ်းဆောင်မှုများစွာကို ရရှိထားသည်မှာ အမှန်ပင်ဖြစ်သော်လည်း ဟန်တန်မြို့၏ လက်ရှိကာကွယ်ရေးအရ မြို့ကို ထိုးဖောက်ရန် လုံးဝ မလွယ်ကူပေ။
" စစ်သူကြီးကျောက် " ယန်တွမ်ဟီက ပြောလိုက်သည်။ " မင်းက ငယ်သေးတယ်။ ဒီတိုက်ပွဲရဲ့ အန္တရာယ်ကို မင်းနားမလည်သေးဘူး။ ငါတို့ရဲ့ စစ်တပ်သုံးခုထဲမှာ မင်းရဲ့ လက်အောက်က စစ်သည်တွေက အသက်ရှင်ကျန်ရစ်တာ အများဆုံးဆိုပေမယ့် ဒီတိုက်ပွဲမှာ မင်း သတိမထားရင် မင်းရဲ့ စစ်တပ်တစ်ခုလုံး ချေမှုန်းခံရမယ့် အန္တရာယ်ရှိတယ်။ ဟန်တန်ကို တိုက်ခိုက်မယ့်ကိစ္စက သေချာစီစဉ်ဖို့ လိုတယ်။ "
" အဲ့ဒါမှန်တယ်။ ဟန်တန်မြို့ကို သိမ်းပိုက်ဖို့ဆိုရင် ချင်ရဲ့ အားသာချက်တွေကို အားကိုးရဦးမှာပဲ။ ငါတို့ရဲ့ အင်အားက ကျောက်နိုင်ငံရဲ့ အင်အားနဲ့ ယှဉ်ပြိုင်နိုင်ပါတယ်။ ပြီးတော့ ချင်မှာ ဖြန့်ကျက်ဖို့ စစ်သည်တွေ ကျန်ပါသေးတယ်။ ဟန်ကုနယ်စပ်က စစ်ကူတွေလည်း ပို့နိုင်သေးတယ်။ ကျောက်နိုင်ငံက စုစည်းဖို့ စစ်တပ်မရှိတော့ဘူး။ " ဝမ်ပင်းက လေးနက်စွာ ပြောလိုက်သည်။
သူနှင့် ယန်တွမ်ဟီတို့က တစ်စိတ်တည်းဖြစ်နေကြပြီး ဤအချိန်တွင် ဟန်တန်မြို့ကို သိမ်းပိုက်နိုင်ရန် မျှော်လင့်ချက် သိပ်မရှိကြပေ။ ကျောက်ဖုန်း၏ တောင်းဆိုမှုက သူ့ကိုသူ အသေခံမည့်ကိစ္စဟုသာ ထင်နေကြသည်။
ကျောက်ဖုန်းက သူတို့ကို ဂရုမစိုက်ဘဲ ဝမ်ကျန့်ကိုသာ စိုက်ကြည့်နေသည်။ အကယ်၍ ယန်တွမ်ဟီနှင့် ဝမ်ပင်းတို့က ထိုတိုက်ပွဲ၏ စွမ်းဆောင်မှုကို မယှဉ်ပြိုင်ကြလိုလျှင် ကျောက်ဖုန်းက အဆုံးထိ တိုက်ပွဲဝင်သွားမည်ဖြစ်သည်။
ကျောက်ဖုန်းက မြို့တံခါးများကို အလွယ်တကူ ရိုက်ချိုးနိုင်သော စွမ်းအားရှိသည်။ သူ၏ တပ်ဖွဲ့များမှ စစ်သည်များ၏ စွမ်းအားမြှင့်တင်မှုနှင့်အတူ သူက ယုံကြည်မှုရှိနေသည်။
တိုက်ပွဲကတော့ သေချာပေါက် ပြင်းထန်မည်ဖြစ်ပြီး စစ်သည်များ သေဆုံးခြင်းက ရှောင်လွှဲ၍ မရသော ကိစ္စဖြစ်သည်။ သို့သော် ကျောက်ဖုန်းက မြို့ကို ထိုးဖောက်နိုင်ခဲ့လျှင် စစ်သည်များ၏ အကျအဆုံးက များစွာ လျော့နည်းသွားပေလိမ့်မည်။
စစ်သူကြီးတစ်ယောက်၏ အောင်မြင်မှုက အရိုးတောင်ပေါ်တွင် တည်ဆောက်ထားရခြင်းဖြစ်သည်။ သေဆုံးမှုမရှိသော စစ်ပွဲဆိုသည်မှာ မရှိပေ။ အကယ်၍ သူက ဤဖရိုဖရဲကမ္ဘာကြီးကို ငြိမ်းချမ်းအောင် မလုပ်နိုင်ခဲ့ရင် စစ်ပွဲတွေက ဆက်ပြီး ဖြစ်နေဦးမည်ဖြစ်သည်။
" ကျောက်ဖုန်း အခု ထိုင်ပါဦး။ " ဝမ်ကျန့်က သူ၏ တောင်းဆိုမှုကို သဘောမတူသေးဘဲ လက်ကာပြပြီး ပြောလိုက်သည်။
၎င်းကို ကြားသောအခါ ကျောက်ဖုန်းက ခေါင်းညိမ့်ပြီး ပြန်ထိုင်လိုက်သည်။
" ဟန်တန်ကိစ္စကို ခဏထားဦး။ မင်းကိစ္စကို ပြောရအောင်။ " ဝမ်ကျန့်က ကျောက်ဖုန်းကို ကြည့်ပြီး ပြောလိုက်သည်။
" ကျွန်တော်အကြောင်းက ဘာပြောစရာရှိလို့လဲ။ "ကျောက်ဖုန်းက နားမလည်ဘဲ မေးလိုက်သည်။
" မင်းက တိုက်ပွဲတိုင်းမှာ အမြဲတမ်း ရှေ့ဆုံးကနေ တိုက်ခိုက်တယ်။ စစ်သည်တွေကို ဦးဆောင်တယ်။ မင်း လက်ထောက်စစ်သူကြီးဖြစ်တုန်းက ငါဘာမှဝင်မပြောခဲ့ဘူး။ ဒါပေမယ့် အခု မင်းက စစ်သူကြီးတစ်ယောက်ဖြစ်နေပြီ။ ဒီအကျင့်ကို ဘာလို့မဖျောက်သေးတာလဲ။ "
" လျန်ပိုကို အနိုင်ယူပြီးကတည်းက ငါမင်းကို ပြောခဲ့တယ်။ စစ်သူကြီးတစ်ယောက်ရဲ့ ဘေးကင်းမှုက သူ့ရဲ့ စစ်တပ်တစ်ခုလုံးနဲ့ သက်ဆိုင်နေတယ်။ စစ်သူကြီးတစ်ယောက်ရဲ့ တာဝန်က ကွပ်ကဲဖို့ပဲ။ စစ်သည်တစ်ယောက်လို့ ရှေ့တန်းကနေ မဆင်မခြင် တိုက်ခိုက်ဖို့ မဟုတ်ဘူး။ ဒါပေမယ့် ဒီတစ်ခါ ဝူအန်းမြို့ကို တိုက်ခိုက်တော့လည်း အရင်အကျင့်အတိုင်း စစ်သည်တွေရဲ့ ရှေ့ကနေ ထပ်ပြီး တိုက်ခိုက်ခဲ့တယ်။ "
" ငါ့ကို ပြောစမ်းပါ။ မင်းရဲ့ အသက်ကို ဂရုမစိုက်တော့ဘူးလား။ " ဝမ်ကျန့်က တင်းမာသော အမူအရာနှင့် ပြောလိုက်သည်။
" နောက်တစ်ခါကျရင် သတိထားပါမယ်။ " ကျောက်ဖုန်းက ရယ်ပြီး ပြောလိုက်သည်။
" ဘာကိုသတိထားမှာလဲ။ အခုသဘောတူပြီး တိုက်ပွဲစတာနဲ့ မင်းက အရင်ဆုံးပြေးဝင်မှာပဲမဟုတ်လား။ မင်းက စစ်သူကြီးတစ်ယောက် သာမန်စစ်သည်မဟုတ်ဘူး။ ချင်မှာ တိုက်ပွဲဝင်နိုင်တဲ့စစ်သည် ဆယ်သိန်းကျော်ရှိတယ်။ ဒါပေမယ့် ငါတို့ဆီမှာ စစ်သူကြီးနည်းနည်းပဲ ရှိတယ်။ တကယ်လို့ မင်းသာ တိုက်ပွဲမှာ ကျဆုံးသွားရင် မင်းရဲ့ စစ်တပ်က သေချာပေါက် ပြိုကွဲသွားလိမ့်မယ်။ အဲ့ဒါကို မင်းနားမလည်ဘူးလား။ " ဝမ်ကျန့်က ဆူပူကြိမ်းမောင်းလိုက်သည်။
သူက အမှန်တကယ် ဒေါသထွက်နေခြင်းဖြစ်သည်။ ကျောက်ဖုန်းက သူ၏ စစ်သူကြီးတစ်ယောက်သာမက သူ၏ သမက်လောင်းလည်း ဖြစ်နေသောကြောင့် ဖြစ်သည်။ ပုဂ္ဂိုလ်ရေးအရရော အလုပ်သဘောအရပါ သူက ဆူပူရန် အကြောင်းပြချက် အပြည့်အဝ ရှိသည်။
"စစ်သေနာပတိချုပ် စိတ်ချပါ။ ကျွန်တော် မင်္ဂလာမဆောင်ရသေးဘူး။ အိမ်မှာလည်း ကလေးတွေ ရှိသေးတယ်။ ကျွန်တော် သေချာပေါက် မသေနိုင်ပါဘူး။ ကျွန်တော်ရှေ့ဆုံးကနေ ဦးဆောင်ရတဲ့ အကြောင်းရင်းက ဒါက ကျွန်တော်ရဲ့ တိုက်ပွဲဗျူဟာဖြစ်လို့ပါ။ ဒါက စစ်တပ်တစ်ခုလုံးကို စိတ်ဓာတ်တက်ကြွစေပါတယ်။ ဒါကြောင့်လည်း ကျွန်တော်ရဲ့ စစ်တပ်က အရှုံးမရှိတာပါ။ " ကျောက်ဖုန်းက လေးနက်စွာ ပြောလိုက်သည်။
သူက ရှေ့တန်းမှ မတိုက်ခိုက်ရန် ကတိပေးခြင်းမပြုပေ။ ရှေ့တန်းတွင် တိုက်ခိုက်ခြင်းက သူ့ကို ပိုမိုသန်မာလာစေရန် အရေးကြီးသော အခွင့်အရေးတစ်ခုဖြစ်ပြီး ၎င်းက သူလက်လွှတ်ခံမည်မဟုတ်သော အခွင့်အရေးတစ်ခုဖြစ်သည်။ ထို့အပြင် သူမရှိဘဲ မြို့တံခါးများကို ဘယ်သူမှထိုးဖောက်နိုင်မည်မဟုတ်ပေ။ အနည်းဆုံးတော့ ယခုအချိန်တွင် ကျောက်ဖုန်းက သူ၏ နည်းလမ်းများကို ပြောင်းလဲရန် အစီအစဉ်မရှိပေ။