အခန်း (၁၉၆)
Vol. 20 Ch. 196
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၁၉၆)
" မင်္ဂလာမဆောင်ရသေးတာလည်း သိတယ်။ ကလေးတွေရှိတာလည်းသိတယ်။ ဘာလို့အန္တရာယ်ထဲ ဇွတ်တိုးဝင်နေတာလဲ။ " ဝမ်ကျန့်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
" ကျွန်တော်ကို ယုံကြည်ပေးပါ စစ်သေနာပတိချုပ်။ ကျွန်တော်က ကျွန်တော်အသက်ကို အရမ်းတန်ဖိုးထားပါတယ်။ အလကား အသေခံမှာမဟုတ်ပါဘူး။ " ကျောက်ဖုန်းက ဝမ်ကျန့်ကို ဦးညွှတ်ပြီး ပြောလိုက်သည်။
ဝမ်ကျန့်က ကျောက်ဖုန်းကို ကြည့်ပြီး အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။ ခဏကြာသောအခါ သူက သက်ပြင်းချလိုက်သည်။
" ကောင်းပြီ။ မင်းကို ဆုံးမရတာမောတယ်။ ငါ မင်ရဲ့ အလောင်းကိုတော့ လာကောင်ရအောင် မလုပ်နဲ့။ " သူက ကျောက်ဖုန်းကြောင့် အမှန်တကယ် စိတ်ညစ်သွားသည်မှာ ထင်ရှားသည်။
" စစ်သေနာပတိချုပ် စိတ်ချပါ။ ကျွန်တော် စစ်မြေပြင်မှာ သေမှာမဟုတ်သလို အခြားသူတွေကိုလည်း ဝမ်းနည်းအောင် လုပ်မှာမဟုတ်ပါဘူး။ " ကျောက်ဖုန်းက ပြုံး၍ ပြောလိုက်သည်။
ဝမ်ကျန့်က နှာခေါင်းရှုံ့ပြီး ဆက်မပြောတော့ပေ။
" စစ်သေနာပတိချုပ် ဆက်ဆွေးနွေးကြမလား။ " ဝမ်ပင်းက စကားလမ်းကြောင်းလွှဲပြီး ပြောလိုက်သည်။
သူ၏ ဖခင်ကို ပြန်ပြောရဲသည့် သူ၏ ယေညက်ဖတော်ကို မချီးကျူးဘဲ မနေနိုင်ပေ။ သူကိုယ်တိုင်မှာမူ ငယ်စဉ်ကတည်းက ဖခင်ဖြစ်သူကို ကြောက်ရွံ့ခဲ့ရသဖြင့် ဝမ်ကျန့်ကို ဘယ်တော့မှ ပြန်မငြင်းရဲပေ။
ဝမ်ကျန့်က ဖြည်းညင်းစွာ ထရပ်လိုက်ပြီး တဲအတွင်း ခင်းကျင်းထားသော မြေပုံဆီသို့ လျှောက်သွားလိုက်သည်။ သူ၏ အကြည့်က ဟန်တန်မြို့ပေါ်သို့ ရောက်သွားသည်။
" ဖန်ရွှမ်က ဝူအန်းမြို့မှာ စစ်သည်တစ်သိန်းကျော် ဆုံးရှုံးခဲ့ပေမယ့် တော်တော်များများကို ဟန်တန်ဆီ ပြန်ခေါ်လာနိုင်ခဲ့တယ်။ တကယ်လို့ ငါသာ ကာကွယ်ရေးကို စီစဉ်ရမယ်ဆိုရင် နယ်စပ်က မြင်းတပ်တွေကို ဟန်တန်မြို့ရဲ့ အရှေ့ဘက်မှာထားလိမ့်မယ်။ သူတို့က အလစ်ငိုက်တိုက်ခိုက်လိုက်တာနဲ့ သူတို့ရဲ့ မြင်းစီးမြားပစ်ပညာက ငါတို့ခြေလျင်တပ်သားတွေအတွက် သတ်ဖြတ်ပွဲကြီး ဖြစ်သွားလိမ့်မယ်။ "
"မြင်းတပ်ကို တုန့်ပြန်ဖို့ ငါတို့မှာရှိတဲ့ တစ်ခုတည်းသေယ နည်းလမ်းက လှံရှည်တွေနဲ့ လေးမြားတွေကို အသုံးပြုရမှာပဲ။ ငါတို့ရဲ့ မြားတွေကို သုံးပြီး ကျောက်မြင်းတပ်ကို အဝေးကနေ တိုက်ခိုက်လို့ ရတယ်။ အနီကပ်တိုက်ပွဲကိုတော့ လှံစစ်သည်တွေက တိုက်ခိုက်လိမ့်မယ်။ ဒါကြောင့် မြို့ကို မတိုက်ခိုက်ခင် မြင်းတပ်ဖွဲ့ကို ရင်ဆိုင်ဖို့ အင်အားကြီးတပ်ဖွဲ့တစ်ခုကို အရင်ပြင်ဆင်ရမယ်။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။
" အဲ့ဒီမြင်းတပ်တွေကို ရင်ဆိုင်ဖို့အတွက် လေးသည်တော်သုံးသောင်းနဲ့ လှံစစ်သည်နှစ်သောင်းကို စုစည်းနိုင်ပါတယ်။ " ဝမ်ပင်းက အကြံပြုလိုက်သည်။
" လောလောဆယ် ကျွန်တော်တို့ရဲ့ စုစုပေါင်းအင်အားက နှစ်သိန်းခွဲတောင် မပြည့်ချင်ဘူး။ အဲ့ဒီထဲက ငါးသောင်းကို ဖယ်ထုတ်လိုက်ရင် မြို့သိမ်းတိုက်ပွဲအတွက် ကျွန်တော်တို့မှာ စစ်သည်အင်အား နှစ်သိန်းပဲ ကျန်တော့မယ်။ ဒါက ကျွန်တော်တို့အင်အားနည်းသွားလိမ့်မယ်။ " ယန်တွမ်ဟီက ပြောလိုက်သည်။
" ငါတို့စစ်တပ်မှာ အကောင်းရှိနေသေးတဲ့ ကျောက်လုံးပစ်စက်နဲ့ ဒူးလေးကြီးတွေ ဘယ်နှစ်ခုကျန်နေသေးလဲ။ " ဝမ်ကျန့်က မေးလိုက်သည်။
အနားတွင်ရှိနေသော လက်နက်တာဝန်ခံ လက်ထောက်စစ်သူကြီးက ချက်ချင်း မတ်တပ်ရပ်လိုက်သည်။
" စစ်သေနာပတိချုပ် စစ်တပ်တစ်ခုလုံးက ကျောက်လုံးပစ်စက် သုံးရာကျော်ရှိပါတယ်။ ဒူးလေးကြီးတွေက ငါးရာလောက် ရှိပါသေးတယ်။ "
" ဒီနေ့ကစပြီး ကျောက်တုံးကြီးတွေကို များများစုဆောင်းထားလိုက်။ " ဝမ်ကျန့်က အမိန့်ပေးလိုက်သည်။ " ဒီကျောက်လုံးပစ်စက်သုံးရာကနေ ဟန်တန်မြို့ကို အဆက်မပြတ် ပစ်ခတ်နိုင်အောင် ပြင်ဆင်ထားပါ။ "
" နားလည်ပါပြီ။ " လက်ထောက်စစ်သူကြီးက ချက်ချင်း ပြန်ပြောလိုက်သည်။
" စစ်တပ်မှာ မြားဘယ်လောက်ကျန်သေးလဲ။ " ဝမ်ကျန့်က ဆက်မေးလိုက်သည်။
" အကုန်ပြန်စုပြီး ပြန်တပ်ဆင်ပြီးနောက်မှာ စစ်တပ်က မြားတစ်သန်းနီးပါး ရှိပါသေးတယ်။ " ဝမ်ပင်းက ပြန်ဖြေလိုက်သည်။ " နောက်တန်းက ရိက္ခာတွေက အဆင်မပြတ် ထပ်ပို့နေတုန်းပါပဲ။ အကုန်ရောက်လာရင် ကျွန်တော်တို့မှာ တစ်သန်းခွဲလောက် ရှိလိမ့်မယ်။ "
ချင်နိုင်ငံက အခြားနိုင်ငံများထက် သာလွန်သော မြားထုတ်လုပ်မှု အတတ်ပညာရှိသည်။ မြားဦး၊ မြားတံနှင့် မြားအတော်ပံများပင်လျှင် အစိတ်အပိုင်းများ ဖြစ်ကြသည်။ အကယ်၍ အစိတ်အပိုင်းတစ်ခုခု ပျက်စီးသွားလျှင် ထောက်ပို့တပ်ဖွဲ့က အစားထိုးပေးနိုင်သည်။ သူတို့၏ လေးနှင့်လေးကြိုးများကလည်း ထို့အတူပင် ဖြစ်သည်။
" အကုန်လုံးရောက်ဖို့ ဘယ်လောက်ကြာမလဲ။ " ဝမ်ကျန့်က မေးလိုက်သည်။
" ငါးရက်အတွင်းပါ။ " ဝမ်ပင်းက ပြန်ဖြေသည်။
" သုံးရက်အတွင်း ရောက်အောင်လုပ်ရမယ်။ နှောင့်နှေးလို့မရဘူး။ " ဝမ်ကျန့်က ပြတ်သားစွာ ပြောလိုက်သည်။
" ကျွန်တော်ကိုယ်တိုင် ကြီးကြပ်လိုက်ပါမယ်။ " ဝမ်ပင်းက ချက်ချင်း ပြန်ပြောလိုက်သည်။
" စစ်သေနာပတိချုပ် သုံးရက်နေရင် တိုက်ခိုက်မလို့လား။ " ယန်တွမ်ဟီက ရိုသေစွာ မေးလိုက်သည်။
ဝမ်ကျန့်က ယန်တွမ်ဟီကို ကြည့်လိုက်သော်လည်း ပြန်မဖြေပေ။ ထိုအစား သူက ထပ်မေးလိုက်သည်။ " ကျောက်မြင်းတပ်ကို တားဆီးဖို့ ငါတို့ထဲက စစ်သည်ငါးသောင်းကို ရွေးထုတ်ရမယ်။ ဒီတာဝန်ကို ဘယ်သူယူချင်လဲ။ "
ဝမ်ပင်းနှင့် ယန်တွမ်ဟီတို့က တစ်ပြိုင်နက် ပြောလိုက်ကြသည်။ ထိုစစ်ရေးစွမ်းဆောင်မှုက မြို့ကို ထိုးဖောက်သော အောင်မြင်မှုနှင့် မယှဉ်နိုင်သော်လည်း ၎င်းက စွမ်းဆောင်မှုတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။
စစ်သူကြီးနှစ်ယောက်၏ စကာကို ကြားသောအခါ ဝမ်ကျန့်က အနည်းငယ် စိတ်ပျက်သွားမိသည်။ သို့သော် သူက အတိတ်က ဖြစ်ရပ်များကို နားလည်သဖြင့် သူက ထိုကိစ္စကို ဖိအားမပေးပေ။
"ကျွန်တော်က ရှေ့တန်းကနေ ဦးဆောင်ဖို့ တောင်းဆိုပါတယ်။ " ကျောက်ဖုန်းက အခွင့်အရေးယူပြီး ပြောလိုက်သည်။
" စစ်သေနာပတိချုပ်။ " ဝမ်ပင်းက ပြောလိုက်သည်။ " ကျွန်တော်အမြင်အရ ဟန်ကုစခန်းကနေ စစ်ကူတွေပို့ပေးဖို့ အရှင်မင်းကြီးကို တောင်းဆိုသင့်တယ်လို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဟန်တန်မြို့ကို ထိုးဖောက်ဖို့က လွယ်ကူမှာမဟုတ်ဘူး။ "
" တော်ပြီ။ " ဝမ်ကျန့်က ပြတ်သားစွာ ပြောလိုက်သည်။ " ကျောက်စစ်တပ်က အရေအတွက်များပေမယ့် အများစုက စိတ်ဓာတ်ပျက်ပြားပြီး ဆုတ်ခွာလာတဲ့ စစ်သည်တွေပဲ။ ငါတို့ ချင်စစ်တပ်က အရေအတွက် နည်းနိုင်ပေမယ့် စိတ်ဓာတ်က ကောင်သကင်အထိ မြင့်မားတယ်။ တိုက်ပွဲတိုင်းမှာလည်း အောင်ပွဲရနေတာပဲ။ "
" အခု ငါတို့ ချင်စစ်တပ်က ကျောက်နိုင်ငံရဲ့ မြို့တော်ကို ရောက်နေပြီ။ သူတို့အပေါ် ကျရောက်နေတဲ့ ဖိအားက ငါတို့ထက်တောင် ပိုကြီးသေးတယ်။ ဝမ်ပင်း၊ ယန်တွမ်ဟီ ငါမင်းတို့ကို တကယ်ပဲ စိတ်ပျက်မိတယ်။ အဲ့ဒီဖြစ်ရပ်က နှစ်တွေအများကြီး ကြာနေပြီ။ ဒါပေမယ့် မင်းတို့က အခုထိ ကြောက်နေကြတုန်းပဲ။ "
" အစက မင်းတို့ ရှေ့တန်းအတွက် တောင်းဆိုကြလိမ့်မယ်လို့ ငါထင်ထားခဲ့တာ။ " ဝမ်ကျန့်က အပြစ်တင်သော လေသံနှင့် ပြောလိုက်သည်။ " ဒါပေမယ့် မင်းတို့က ကျောက်ဖုန်းလောက်တောင် သတ္တိမရှိကြဘူး။ "
" စစ်သေနာပတိချုပ် စိတ်လျှော့ပါ။ " ဝမ်ပင်းနှင့် ယန်တွမ်ဟီတို့က ထိတ်လန့်သွားပြီး ချက်ချင်း ဒူးထောက်လိုက်ကြသည်။
" မင်းတို့အတွက် သတင်းတစ်ခုရှိတယ်။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။ " အရှင်မင်းကြီးက အခု ရှန်းယန်ကနေ ဟန်တန်ကို ထွက်ခွာလာပြီ။ ရက်နှစ်ဆယ်အတွင်းမှာ တော်ဝင်ရထားလုံးက ဟန်တန်မြို့ရိုးရှေ့ကို ရောက်လာလိမ့်မယ်။ "
၎င်းကို ကြားသောအခါ ဝမ်ပင်းနှင့် ယန်တွမ်ဟီတို့က မျက်လုံးပြူးသွားကြသည်။ ကျောက်ဖုန်းကလည်း အလားတူ အံ့အားသင့်သွားသည်။
" ချင်ဘုရင်က ဒီကိုလာနေတာလား။ ဒါဆိုရင် ငါက ဒဏ္ဍာရီလာ ချင်ရှီဟွမ်နဲ့ တွေ့ဖို့ အခွင့်အရေးရတော့မှာပေါ့။ "
ဟွာရှကို စုစည်းခဲ့ပြီး နောက်မျိုးဆက်များက ခေတ်အဆက်ဆက် သူကို ပထမဆုံးဧကရာဇ်အဖြစ် ရည်ညွှန်းကြမည့် ထိုပုဂ္ဂိုလ်အပေါ် ကျောက်ဖုန်းက ရိုသေမှုနှင့် စူးစမ်းလိုစိတ် ရှိနေသည်။ ထိုဒဏ္ဍာရီလာဧကရာဇ်က မည်သို့သော ပုံစံရှိသည်ကို သူအလွန်ပင် သိချင်နေမိသည်။
သူက ယခင်ဘဝမှ မှတ်ဉာဏ်များရှိနေသော်လည်း ချင်ရှီဟွမ်အပေါ် သူ၏ အမြင်မှာ အင်တာနက်ပေါ်တွင် ဖတ်ခဲ့ရသော အကြောင်းအရာများအပေါ်တွင်သာ အခြေခံထားသည်။ ချင်ရှီဟွမ်က အမှန်တကယ် ဘယ်လိုပုံစံရှိလဲ သမိုင်းမှာ ပြောသကဲ့သို့ အမှန်တကယ် ဩဇာအာဏာကြီးမားသည့် ပုံစံလား သူသိချင်မိသည်။
ထို့အပြင် ဝမ်ပင်းနှင့် ယန်တွမ်ဟီတို့အတွက် ချင်ဘုရင် ရောက်ရှိလာခြင်းက သူတို့အပေါ် ကြီးမားသော ဖိအားကို ဖြစ်စေသည်။ အကယ်၍ သူတို့က ဟန်တန်မြို့ကို မထိုးဖောက်နိုင်ခဲ့လျှင် ၎င်းက အမှန်တကယ် ကြီးမားသော ပြစ်ဒဏ်ပင်ဖြစ်သည်။
" စစ်သေနာပတိချုပ် အရှင်မင်းကြီး ဟန်တန်ကို မရောက်ခင် ကျွန်တော်တို့ မြို့ကို ထိုးဖောက်နိုင်ပါ့မလား။ " ယန်တွမ်ဟီက စိုးရိမ်သော အမူအရာနှင့် ပြောလိုက်သည်။
"အရှင်မင်းကြီးက တစ်ချိန်က ကျောက်နိုင်ငံမှာ ဓားစာခံအဖြစ် နေခဲ့ရတာ မင်းတို့ သိသင့်တယ်။ ဒီဟန်တန်မြို့က အရှင်မင်းကြီးကို ပိတ်လှောင်ထားတဲ့ ထောင်ကြီးတစ်ခုပဲ။ ဒီတစ်ခါ အရှင်မင်းကြီးကိုယ်တိုင်ကြွလာတာဟာ ဒီမြို့အပေါ် သူဘယ်လောက်အလေးထားလဲဆိုတာ သက်သေပြနေတာပဲ။ " ဝမ်ကျန့်က လေးနက်စွာ ပြောလိုက်သည်။
" ဒီတိုက်ပွဲမှာ ငါကိုယ်တိုင် ကြီးကြပ်မယ်။ လန်ထျန်းစခန်းက ဟန်တန်မြို့ကို ထိုးဖောက်နိုင်ဖို့ အင်အားအားလုးကို အသုံးချသွားမယ်။ "
" ကျွန်တော်တို့ စစ်သူကြီးအမိန့်ကို နာခံပါမယ်။ " ဝမ်ပင်း၊ ယန်တွမ်ဟီနှင့် ကျောက်ဖုန်းတို့က ချက်ချင်း ဦးညွှတ်လိုက်ကြသည်။
" ကျောက်ဖုန်း မင်းက တကယ်ပဲ ရှေ့တန်းက တိုက်ခိုက်ဖို့ ဆန္ဒရှိတာလား။ " ဝမ်ကျန့်က ကျောက်ဖုန်းဘက်သို့ လှည့်လိုက်သည်။
" ကျွန်တော် ဆန္ဒရှိပါတယ်။ " ကျောက်ဖုန်းက ပြတ်သားစွာ ပြောလိုက်သည်။
" ကောင်းပြီ။ " ဝမ်ကျန့်က ခေါင်းညိမ့်လိုက်သည်။ " နောက်သုံးရက်နေရင် ငါတို့စစ်တပ်က ဟန်တန်မြို့ကို တိုက်ခိုက်မယ်။ မြို့ကို မသိမ်းနိုင်မချင်း နောက်မဆုတ်ဘူး။ "