အခန်း (၁၉၈)
Vol. 20 Ch. 198
စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့
အခန်း (၁၉၈)
နှစ်ပေါင်းများစွာ စစ်ပွဲနှင့် ဝေးကွာနေခဲ့သော ကျောက်မြို့တော်ပေါ်သို့ သတ်ဖြတ်လိုသော အငွေ့အသက်များက လွှမ်းခြုံသွားခဲ့သည်။ မြို့ထဲသို့ ကျရောက်လာသော မြားမိုးများက စစ်သားနှင့် အရပ်သား ခွဲခြားခြင်းမရှိပေ။
စစ်သားများက စနစ်တကျရှိရန် ကြိုးစားနေကြသော်လည်း လွင့်စင်လာသော မြားမိုးများက အိမ်ခေါင်မိုး အုတ်ကြွပ်များကို ဖောက်ထွက်ပြီး အိမ်များထဲသို့ တိုးဝင်ကာ သာမန်ပြည်သူအမြောက်အမြား သေဆုံးသွားကြသည်။ ပြုကျလာသော ကျောက်တုံးကြီးများကလည်း အလားတူပင် မရေတွက်နိုင်သော ထိခိုက်သေဆုံးမှုများကို ဖြစ်စေခဲ့သည်။
မြို့အတွင်းမှ နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသော်လည်း အဆက်မပြတ် ကျရောက်လာသော မြားများ၏ လေတိုးသံအောက်တွင် ပျောက်ကွယ်သွားခဲ့သည်။ မြို့ရိုးများ မပျက်စီးသွားမချင်း ထိုပစ်ခတ်မှုများက ရပ်တန့်လိမ့်မည်မဟုတ်ပေ။
အဆုံးမရှိသော မြားမိုးများက မြို့ထဲရှိ ကျောက်စစ်တပ်ကို ဖိနှိပ်ထားသောကြောင့် သူတို့မှာ ပြန်လည်တုန့်ပြန်ရန် အင်အားမဲ့နေကြသည်။ ကြိုတင်ပြင်ဆင်ထားသော ဖန်ရွှမ်ပင်လျှင် ချင်၏ မြားများအတွက် အဖြေမရှိခဲ့ပေ။ ကျောက်လေးသည်တော်များ၏ မြားများက ချင်စစ်ကြောင်းများရှိရာသို့ မရောက်နိုင်ကြသောကြောင့်ဖြစ်သည်။
သူလုပ်နိုင်သော တစ်ခုတည်းသော နည်းလမ်းမှာ မြို့ရှေ့ပိုင်း၏ ကာကွယ်ရေးကို အားဖြည့်ရန်နှင့် တိုက်ခိုက်မှုများကို ကာကွယ်ရန် သစ်သားပြားအမြောက်အမြားကို ပြင်ဆင်ခြင်းဖြစ်ပြီး ၎င်းမှာ အတိုင်းအတာတစ်ခုအထိ ထိရောက်မှုရှိခဲ့သည်။
အချိန်ကုန်လွန်လာသည်နှင့်အမျှ မြားပစ်ခတ်မှုများက ဆက်လက်ပြင်းထန်နေခဲ့သည်။ ဝမ်ကျန့်က စစ်ရထားပေါ်တွင် ထိုင်နေပြီး သူ၏ ဓားကို ဆုပ်ကိုင်ကာ သူ၏ မျက်နှာမှ တည်ငြိမ်မှုကို ထိန်းသိမ်းထားသည်။
နိုင်ငံတစ်ခု၏ ကံကြမ္မာကို ဆုံးဖြတ်ပေးသော ထိုတိုက်ပွဲက သူ့အတွက် သာမန်တိုက်ပွဲငယ်လေးတစ်ခုနှင့်သာ တူနေပုံရသည်။ ဝမ်ကျန့်က ကောင်းကင်ရှိ နေလုံးကြီးကို မော့ကြည့်လိုက်သည်။ ထို့နောက် သူက ဓားကို ဟန်တန်မြို့ဆီသို့ တစ်ဖန်ချိန်ရွယ်လိုက်သည်။
" ရှေ့တန်းတပ်ဖွဲ့ တိုက်စစ်ဖွင့်..."
သတင်းပို့သူများက ဝမ်ကျန့်၏ စစ်ရထားမှ စစ်ကြောင်းအသီးသီးသို့ မြင်းစီးထွက်ခွာသွားကြသည်။
ရှေ့ဆုံးတွင် ကျောက်ဖုန်းက စစ်သည်များ၏ တပ်ဦး၌ သာမန်စစ်သည်တစ်ယောက်ကဲ့သို့ ရပ်နေသည်။ သူက ဘယ်လက်တွင် ဒိုင်းကို ကိုင်ထားပြီး ညာလက်ကမူ အချိန်မရွေး ဆွဲထုတ်ရန် အသင့်ဖြစ်နေသော လုံချွမ်ဓားလက်ကိုင်ပေါ်တွင် တင်ထားသည်။ သူ၏ နောက်တွင် လက်ထောက်စစ်သူကြီးများဖြင့်သော တုဆွေနှင့် ကျန်းဟန်တို့ ရှိနေကြသည်။
ခဏကြာသောအခါ မြင်းခွာသံများ ထွက်ပေါ်လာသည်။
" စစ်သေနာပတိချုပ်က အမိန့်ပေးလိုက်ပြီ။ ရှေ့တန်းတပ်ဖွဲ့ တိုက်ခိုက်မယ်။ " သတင်ပို့သူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
ထိုစကားများကို ကြားသောအခါ ကျောက်ဖုန်း၏ မျက်လုံးများက တောက်ပသွားပြီး သတ်ဖြတ်လိုသော အငွေ့အသက်များက တဟုန်ထိုး ထွက်ပေါ်လာသည်။
" ငါတို့မှာ သံချပ်ကာမရှိဘူးလို့ ဘယ်သူပြောလဲ။ ငါ့ရဲ့ ညီနောင်တွေနဲ့အတူ ငါ့ရဲ့ သံချပ်ကာကို မျှဝေဝတ်ဆင်မယ်။ ဘုရင်က စစ်တပ်ကို စုစည်းပြီး ငါတို့က လှံတွေဓားတွေကို အသင့်ပြင်မယ်။ ရန်သူတွေကို ငါ့ရဲ့ ညီနောင်တွေနဲ့အတူ ရင်ဆိုင်တိုက်ခိုက်မယ်။ " ကျောက်ဖုန်းက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။
၎င်းကို ကြားသောအခါ တုဆွေ၊ ကျန်းဟန်၊ ကိုယ်ရံတော်များနှင့် စစ်သည်များစွာက သူတို့၏ သွေးသားထဲမှ တစ်စုံတစ်ခု နိုးထလာသကဲ့သို့ ခံစားလိုက်ရသည်။ သူတို့က ချက်ချင်း ကျောက်ဖုန်း၏ နောက်မှ လိုက်ပါရွတ်ဆိုလိုက်ကြသည်။
" ငါတို့မှာ သံချပ်ကာမရှိဘူးလို့ ဘယ်သူပြောလဲ။ ငါ့ရဲ့ ညီနောင်တွေနဲ့အတူ ငါ့ရဲ့ သံချပ်ကာကို မျှဝေဝတ်ဆင်မယ်။ ဘုရင်က စစ်တပ်ကို စုစည်းပြီး ငါတို့က လှံတွေဓားတွေကို အသင့်ပြင်မယ်။ ရန်သူတွေကို ငါ့ရဲ့ ညီနောင်တွေနဲ့အတူ ရင်ဆိုင်တိုက်ခိုက်မယ်။ "
စစ်သည်များက တစ်ယောက်ပြီးတစ်ယောက် ထိုစစ်သီချင်းကို လေးနက်စွာ သီဆိုလိုက်ကြသည်။ ၎င်းမှာ ရှေးဟောင်းချင်လူမျိုးများထံမှ ဆင်းသက်လာခြင်းဖြစ်ပြီး သူတို့၏ ဝိညာဉ်ထဲတွင် အမြစ်တွယ်နေသော သီချင်းတစ်ပုဒ်ဖြစ်သည်။ ထိုစစ်သီချင်းနှင့်အတူ စစ်တပ်၏ စိတ်ဝိညာဉ်က တောက်လောင်လာခဲ့သည်။
ကျောက်ဖုန်းက သူ၏ ဓားကို ဆွဲထုတ်ပြီး မြှောက်လိုက်သည်။
" ညီအကိုတို့ ငါကျောက်ဖုန်းက ငါ့ရဲ့ ညီအကိုတွေရှေ့မှာ အမြဲတမ်း ရပ်တည်နေမယ်။ ငါ့အမိန့်ကို နာခံကြ။ ငါ့နောက်ကို လိုက်ပြီး တိုက်ခိုက်ကြ။ ငါသေသွားရင်တောင် ဒီတိုက်ခိုက်မှုကို မရပ်နဲ့။ "
" သတ်ကြ...." ကျောက်ဖုန်း၏ ပါးစပ်မှ ပြင်းထန်သော တိုက်ပွဲခေါ်သံ ထွက်ပေါ်လာသည်။ သူကို ဝန်းရံနေသာ သတ်ဖြတ်လိုသော အငွေ့အသက်များက အထွတ်အထိပ်သို့ ရောက်ရှိသွားသည်။
သူ၏ နောက်မှ စစ်သည်များက စိတ်ဓာတ်တက်ကြသွားကြပြီး သူတို့၏ တိုက်ခိုက်လိုစိတ်များက တဟုန်ထိုး တိုးတက်လာခဲ့သည်။
ကျောက်ဖုန်းက ရှေ့မှ သူ၏ စစ်တပ်ကို ဦးဆောင်သွားခဲ့သည်။ စစ်သူကြီးဖြစ်သော်လည်း သာမန်စစ်သည်တစ်ယောက်ကဲ့သို့ တိုက်စစ်ကို ဦးဆောင်ခဲ့သည်။ ကျောက်ဖုန်း၏ ကျောကို ကြည့်နေခြင်းဖြင့်စစ်သည်များကို တွန်းအားတစ်ခု ဖြစ်စေသည်။ စစ်သူကြီးက သေမှာမကြောက်လျှင် စစ်သည်များကလည်း သေမှာမကြောက်ကြတော့ပေ။
" လေးသည်တော်တို့ အသင့်ပြင်။ ကျူးကျော်လာတဲ့ ချင်စစ်တပ်ကို အမြစ်ပြတ်ချေမှုန်းကြ။ " ကျောက်စစ်သူကြီးတစ်ယောက်က ဟိန်းဟောက်လိုက်သည်။
ချင်စစ်တပ်က တိုက်ခိုက်မှုကို စတင်သည်နှင့် ဖန်ရွှမ်က မြို့လယ်သို့ ဆုတ်ခွာသွားခဲ့ပြီဖြစ်သည်။
မြို့ရိုးပေါ်မှ လေးသည်တော်များက လေးနှင့်မြားကို အသင့်ပြင်ပြီး ချင်စစ်တပ်က ပစ်ခတ်သော မြားများကို ရှောင်တိမ်းရင်း မြို့ရှေ့သို့ စိုက်ကြည့်နေကြသည်။ ကျောက်စစ်သည်အချို့ကလည်း ပစ်ခတ်မှုအောက်၌ လဲကျသေဆုံးနေကြသည်။
" ပစ်ကြ။ ချင်စစ်တပ်ကို ချေမှုန်းကြ။ " မြို့ရိုးပေါ်မှ ကျောက်စစ်သူကြီးက အမိန့်ပေးလိုက်သည်။
မြားပေါင်းတစ်သောင်းက မြို့ရိုးပေါ်မျ ပျံထွက်သွားပြီး မြို့အပြင်ဘက်သို့ မြားမိုးများ ရွာချလိုက်ကြသည်။ ကျောက်ဖုန်းက မြားများကို ကာကွယ်ရန် ဒိုင်းကို မြှောက်လိုက်ပြီး သူ၏ ခြေလှမ်းများက တုန့်ဆိုင်းခြင်းမရှိပေ။ သူ၏ အမြန်နှုန်းအပြည့်ကို မထုတ်နိုင်သေးသော်လည်း သူက သာမန်စစ်သည်များထက် များစွာပိုမြန်နေဆဲ ဖြစ်သည်။ သူ၏ ရည်ရွယ်ချက်က မြို့တံခါးကို ထိုးဖောက်တိုက်ခိုက်ရန်ပင် ဖြစ်သည်။
သူ၏ နောက်တွင် ရှေ့တန်းတပ်ဖွဲ့က သူတို့၏ ဗိုလ်ချုပ်နောက်သို့ အစွမ်းကုန်လိုက်ပါလာကြသည်။ ဒိုင်းကိုင်စစ်သည်များက ဒိုင်းများကို မြှောက်ကာ ရှေ့သို့ တိုးလာကြသည်။
သို့သော်လည်း ဝူအန်းမြို့ထက်ပင် ပိုမိုပြင်းထန်သော မြားမိုးများအောက်တွင် မြို့အပြင်ဘက်ရှိ ချင်စစ်သည်များက အကျအဆုံး အလွန်များနေသည်။
ဖန်ရွှမ်က ဝူအန်းမြို့မှ သင်ခန်းစာယူထားပြီး ယခုအခါ နှစ်ပေါင်းများစွာ ကြံ့ကြံ့ခံလာသော ဟန်တန်ခံတပ်ကြီးကို အကာအကွယ်အဖြစ် ရရှိထားသည်။ ကျောက်စစ်တပ်၏ ခုခံမှုက သဘာဝအတိုင်း ပိုမိုအားကောင်းလာသည်။
သို့သော် ကျောက်ဖုန်းက မြားမိုးများကြားတွင် ထိခိုက်မှုမရှိပေ။ သူက ဒိုင်းကို မြှောက်ပြီး မြားများကို ကာကွယ်ထားသည်။ သူ၏ လုံချွမ်ဓားက လင်းလက်သွားပြီး သူထံသို့ ဦးတည်လာသော မြျားများကို ရိုက်ဖယ်လိုက်သည်။
မြို့တံခါးကို ထိုးဖောက်ရန် အခြားသူများအတွက် ခက်ခဲသော အလုပ်ဖြစ်သော်လည်း ကျောက်ဖုန်းအတွက်မူ ဓားတစ်ချက်ဝှေ့ရမ်းရုံသာ ဖြစ်သည်။
ချင်စစ်သည်များက လှေကားရှည်များ၊ မြို့သိမ်းမျှော်စင်များနှင့် ရှေ့သို့ ပြေးတက်သွားကြသည်။ မြို့အပြင်ဘက်ရှိ ချင်လေးသည်တော်များနှင့် ကျောက်လုံးပစ်စက်များက မရပ်မနား ပစ်ခတ်နေကြသည်။
" ပျက်စီးစမ်း " ကျောက်ဖုန်းက မြို့တံခါးဆီသို့ ပြေးထွက်သွားသည်။
သူက ဒန်တျန်ထဲမှ ချီစွမ်းအားများကို ဓားထဲသို့ အားဖြည့်လိုက်ပြီး ဓားချက်ကို ထုတ်ဖော်လိုက်သည်။ ၎င်းက ဓားချက်တစ်ချက်တည်းမဟုတ်ပေ။ သူ၏ ကြောက်စရာကောင်းသော အရှိန်နှင့် ခဏအတွင်း ဓားများကို အကြိမ်များစွာ ဝှေ့ရမ်းလိုက်သည်။ ခဏအတွင်း ဓားချီများက ရှေးဟောင်းမြို့တော် ဟန်တန်၏ တံခါးသု့ ပိုင်းဖြတ်သွားသည်။
ဖန်ရွှမ်က မြို့၏ ကာကွယ်ရေးကို အားဖြည့်ပြီး တံခါးများကို သံမဏိများဖြင့် ပြုလုပ်ထားသော်လည်း ကျောက်ဖုန်း၏ လုံချွမ်ဓားရှေ့တွင် ရွှံ့တုံးများကဲ့သို့ ဖြစ်သွားကြသည်။
ဝုန်း....
ကြီးမားသော မြို့တံခါးက ကျောက်ဖုန်း၏ ဓားချက်ကို ခံနိုင်ရည်မရှိဘဲ အပိုင်းပိုင်း ပြတ်ထွက်သွားသည်။ ဓားချီများက မြို့ထဲသို့ ပေါက်ကွဲဝင်ရောက်သွားပြီး နာကျင်စွာ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ အတွင်းဘက်မှ မြို့တံခါးကို ထိန်းထားကြသော ကျောက်စစ်သည်များက လွင့်ထွက်သွားကြပြီး အများစုက ဓားချီဖြင့် ပိုင်းဖြတ်ခံရကာ သေဆုံးသွားကြသည်။
ကျောက်ဖုန်းက တုန့်ဆိုင်းခြင်းမရှိဘဲ သူတို့၏ အလောင်းများပေါ်သို့ နင်းဖြတ်သွားသည်။ သူက ကျောက်စစ်သည်များ၏ လှံများကို ဒိုင်းဖြင့် ကာကွယ်ပြီး ဓားကို နော်တစ်ကြိမ် ဝှေ့ရမ်းလိုက်သည်။
" ကျောက်စစ်သည်တစ်ယောက်ကို သတ်ဖြတ်ပြီး သက်တမ်း ၁ရက် ရရှိပါတယ်။ "
" ကျောက်စစ်သည်တစ်ယောက်ကို သတ်ဖြတ်ပြီး သက်တမ်း ၁ရက် ရရှိပါတယ်။ "
" ကျောက်စစ်သည်တစ်ယောက်ကို သတ်ဖြတ်ပြီး ခွန်အား ၁မှတ် ရရှိပါတယ်။ "
ကျောက်စစ်တပ်နှင့် ရင်ဆိုင်ရချိန်တွင် ကျောက်ဖုန်း၏ လုံချွမ်ဓားက သေမင်း၏ တံစဉ်ကဲ့သို့ ပြောင်းလဲသွားပြီး သူ၏ ရှေ့မှ စစ်သည်များ၏ အသက်ကို ဆက်တိုက်ရိတ်သိမ်းလေတော့သည်။
ကျောက်ဖုန်း၏ နောက်တွင် တုဆွေက သူ၏ တပ်ဖွဲ့များကို ဦးဆောင်ပြီး မြို့ထဲသို့ တဟုန်ထိုး ဝင်ရောက်သွားခဲ့သည်။ ထိုမြင်ကွင်းက ဝူအန်းမြို့ ထိုးဖောက်ခံရခြင်းနှင့် ဆင်တူလှသည်။
" စစ်သူကြီးနောက်ကို လိုက်ပြီး သတ်ကြ။ " ချင်စစ်သည်များက မြို့ထဲသို့ ဝင်ရောက်လာချိန်တွင် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ကြသည်။
လှေကားများနှင့် မြို့သိမ်းမျှော်စင်များက ဟန်တန်မြို့ရိုးကို ချိတ်မိသွားသည်နှင့် ချင်စစ်သည်များက အထက်သို့ တက်လိုက်ကြသည်။ သွေးချောင်းစီးတိုက်ပွဲက စတင်ပြီဖြစ်သည်။