အရှက်မရှိတဲ့လူတစ်စု
Vol. 143 Ch. 1996
သူမ ထွက်သွားတော့မည်ဟု သူတို့ကြားသည်နှင့် ပျာယာခတ်သွားကြ သည်။ အကယ်၍ သူမသာ ထွက်ပြေးပါက သူတို့သည် နှင်းဖြူစင်ကြာပွင့်နှင့် တစ်သက်တာ အဆက်အသွယ်ပြတ်သွားမည်ဖြစ်သည်။
သူတို့သည် ကြာပန်းပွင့်လာမည်ကို စောင့်လာသည်မှာ ကြာပြီဖြစ်သည်။ အကယ်၍ သူခိုးကိုတွေ့လျှင် မတွေ့တွေ့အောင်ရှာမည်။ ထိုပစ္စည်းသာ ထပ်မံ ပျောက်သွားပါက သူတို့ မည်သည့်နေရာတွင် သွားရှာရမည်နည်း။ သူတို့က နှင်းဖြူစင်ကြာပွင့်သုံးပြီး ဧကရာဇ်အဆင့်တက်ဖို့ကို အမြဲတမ်းမျှော်လင့်နေခဲ့ ကြသည်မဟုတ်ပါလား။
ထိုပစ္စည်းသည် မရဏာလောက၏ပစ္စည်းဟု မှန်းဆမိလျှင်တောင် သူတို့ သည် သူတို့၏ ထိတ်လန့်မှုနှင့် ပူပန်မှုများကို နောက်ပို့ကာ ရှီမာယူယူကို တိုက်ခိုက်မည်ပင်။
ရှီမာယူယူတွေးလိုက်သည်နှင့် မရေမတွက်နိုင်သော ရှေးဟောင်းတိုက်ပွဲ ဝိညာဉ်များ ပေါ်လာသည်။ သူတို့သည် ထိုလူများနှင့် တွေ့သည်နှင့် ချက်ချင်း ပင် တိုက်ပွဲစကာ တောင်တစ်ခုလုံးမှာ စတင်တုန်ခါလာသည်။ အထူးသဖြင့် ထိုလူများသည် ရှီမာယူယူကို မျက်စိအောက်မှ အပျောက်မခံပေ။ ထို့ကြောင့်ပင် တိုက်ပွဲကို ရှောင်နိုင်သည့်သူမရှိပေ။
လျင်မြန်စွာပင် နှင်းတောင်အပြင်ဘက်တစ်ခွင်လုံးသည် ပြင်းထန်သော မြေပြင်အဖြစ်ပြောင်းသွားလေသည်။ နှင်းတောင်သည် တိုက်ပွဲပြင်းထန်မှု ကြောင့် ပြိုလဲကျမည်ဟု ရှီမာယူယူထင်ထားသည်။ သို့သော် တောင်တစ်ခုလုံး မှာ မထိမခိုက်ဘဲ အကောင်းအတိုင်းပင်။ တိုက်ခိုက်မှုများ နှင်းတောင်သို့ ထိသွားသည်နှင့် အမည်မသိသော တစ်စုံတစ်ခုမှ ဝါးမျိုခြင်းကိုခံလိုက်ရလေ၏။
“အားကလည်း ကောင်းလိုက်တာ” သူမသည် စိတ်ထဲမှအော်မိသည်။
ယခုတိုက်ပွဲသည် ဧကရာဇ်အဆင့်သို့ တက်ရောက်မည့်လူများအကြားမှ တိုက်ပွဲဖြစ်သည်။ သို့သော် တောင်မှာ အထိအခိုက်ပင် လုံးဝမရှိပေ။ ကိုးခု မြောက်မရဏာမျိုးနွယ်သည် အလွန်ပင် အားကောင်းလှသည်။
“အခုစိတ်လွတ်ရင် မင်းအသက်ကိုပေးလိုက်ရမှာပဲ” ထိုအမျိုးသမီးကြီး သည် ရုတ်တရက် သူမရှေ့တွင်ပေါ်လာပြီး လည်ဂုတ်ကို ဆွဲလေသည်။
ရှီမာယူယူသည် အခုလေးတင် ပထမဆုံးလူတစ်ယောက်ကို ရှင်းပြီးချိန် ဖြစ်ပြီး ထိုအမျိုးသမီးကြီးရောက်လာသည်။ အချိန်မှာ တစ်စက္ကန့်ပင် မကြာ လိုက်ပေ။ သူမသည် တစ်ချိန်လုံး စောင့်ကြည့်နေသည့်ပုံပင်။
“ငါ့ကိုတောင် လာထိရဲသေးတယ် တော်တော်အတင့်ရဲတာပဲ” ရှီမာယူယူ သည် သူမကို ပြုံးကြည့်လိုက်သည်။ ထိုအဘွားကြီးသည် သူမ၏ အပြုံးမှာ ထူးဆန်းသည်ဟု ခံစားမိသည်။ သို့သော် သူမ နားမလည်ခင်မှာပင် သူမ၏ လက်ဖဝါးမှ ချက်ချင်းပင် အပူရှိန်တက်လာပြီး လက်မှာ ပျောက်သွားလေသည်။
ရှီမာယူယူ၏ လည်တိုင်မှထွက်လာသော မီးတောက်သည် အဘွားကြီး၏ လက်ကို လောင်ကျွမ်းလေသည်။ သူမ၏ လက်သည် မီးတောက်နှင့်အတူ ပြာ ဖြစ်သွားကာ ပျောက်ကွယ်သွားလေသည်။
အားကောင်းလိုက်တဲ့ မီးတောက်ပဲ။
အဘွားကြီးသည် အလွန်ထိတ်လန့်သွားသည်။ သို့သော် သူသည် အမြန် ပင် တုံ့ပြန်ကာ မီးတောက် ပခုံးနားသို့အရောက်တွင် ကိုယ့်လက်ကိုယ် ဖြတ် လိုက်လေသည်။ ထိုအခိုက်တွင် သူမ နောက်ဆုတ်လိုက်ရာ နှစ်ယောက်ကြား တွင် အကွာအဝေးတစ်ခုခြားသွားသည်။
“ဒါက အဲဒီမီးတောက်ပဲ” သူမဘေးမှလူများသည် ငှက်လေးဆီမှ အပူရှိန် ကိုခံစားမိရာ တိုက်ပွဲည် စက္ကန့်ပိုင်းမျှရပ်သွားသည်။
ဖူရှီသည် ရှီမာယူယူ၏ ဘေးတွင်ရှိနေသည်။ သူသည် မတိုက်ခိုက်သော် လည်း ဒဏ္ဍာရီနဂါးအမိန့်၏ ကာကွယ်မှုနှင့်အတူ ပတ်ပတ်လည်တွင် ကာကွယ် ရေးအစီအရင်လုပ်ထားကာ တိုက်ခိုက်မှုတွင် မပါဝင်ဘဲ စစ်မြေပြင်အလယ်တွင် ထီးထီးကြီး ရပ်နေလေသည်။
သူ၏ ကာကွယ်ရေးအစီအရင်ကို သတိထားမိသူများရှိခဲ့ကြသော်လည်း ယခုအချိန်တွင် သူ့ကိုအာရုံစိုက်မအားတော့ပေ။ သူတို့သာ ရှီမာယူယူကို ရှင်းနိုင်သရွေ့ သူ့ကိုလည်း ဖမ်းနိုင်မည်ဖြစ်သည်။
ဖူရှီသည် ကြက်သွေးရောင်မီးတောက်၏ မီးကိုနောက်တစ်ကြိမ်မြင်လိုက် ရာ အလွန်ပင် စိတ်လှုပ်ရှားနေသည်။ သူသည် လက်ဆန့်ထုတ်ကာ ထိကိုင်ချင် သော်လည်း ရှီမာယူယူ၏ အကြည့်မှာ သူ့ဆီရောက်လာသည်။
သူသည် စိတ်ထိခိုက်စွာဖြင့် လက်ကိုပြန်ရုတ်ပြီး နှုတ်ခမ်းဆူလေသည်။ ဒီအတွက် သူ့ကို အပြစ်တင်လို့မရဘူးလေ။ ဟင်္သပဒါးငှက်ကို မြင်လိုက်တုန်းက ဒဏ္ဍာရီနဂါးရဲ့စွမ်းအားက သူ့ကို နီးစပ်သလိုခံစားရစေတာကိုး။ သူ့မှာ ဘာ ရွေးချယ်စရာရှိတော့လို့လဲ။
ရှီမာယူယူသည် ထိုအမျိုးသမီးကြီးကို ပြန်အာရုံစိုက်လိုက်သည်။ သူမ သည် လက်တစ်ဖက်ဆုံးရှုံးလိုက်ရသော်လည်း အသွေးအရောင်မှာ ပုံမှန်အတိုင်း ပင်။ ထင်ထားတဲ့အတိုင်း ကျွမ်းကျင်အဆင့်ပဲ။
ပြောရမည်ဆိုလျှင် ဤအဆင့်အထိရောက်ရန်မှာ သေချာပေါက် အားကောင်းရမည်ဖြစ်သည်။ သူမ၏ မီးတောက်သည် ဒိကျဲ့နှင့် ယွင်ရှာတို့နှင့် အဆင့်တူပြီး ရှောင်မရသည်ဆိုသော်ငြား သူမသည် လက်တစ်ဖက်ကိုသာ ဆုံးရှုံးသွားသည်။
“ဧကရာဇ်အဆင့် တက်တော့မယ့်သူက တကယ်ကိုပဲ အားကောင်းတာပဲ ဒါပေမဲ့ ဧကရာဇ်အဆင့်မရောက်သေးတာတော့ နှမြောစရာကောင်းတယ်.. မဟုတ်ရင် ကျွန်မမီးတောက်ကို ဖိနှိပ်နိုင်မှာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ထောင်လွှားလိုက်တာ” သူမဘေးမှ အကြီးအကဲတစ်ယောက်သည် ဒေါသထွက်လာသည်။ သူသည် ဝိညာဉ်စွမ်းအင်စုစည်းကာ သူမကို တိုက်ခိုက် လေသည်။ သို့သော် ၁၀ မီတာမရောက်ခင်မှာပင် သူ ရပ်တန့်လိုက်သည်။
အန္တရာယ်များလွန်းသည်။ သူ ထိုအရာကိုခံစားမိသည်။ ဆက်တိုက်ခိုက် ပါက မီးတောက်သည် သူ့တစ်ကိုယ်လုံးကို ဝါးမျိုသွားလိမ့်မည်။
ဒါက ဘယ်လိုမီးတောက်မျိုးပါလိမ့်။ အရမ်းကိုအားကောင်းတာပဲ။
“သူမရဲ့ မီးတောက်က အရမ်းအားကောင်းတယ်.. ငါတို့အနားကပ်လို့ မရ ဘူး နောက်ဆုတ်နေ” ထိုအမျိုးသမီးကြီး အမိန့်ပေးလေသည် “သူမက အခု မီးတောက်ကို လက်လွှတ်ရဲဘူး အဲဒါကြောင့် အနားကပ်မသွားရင် အဆင်ပြေ လိမ့်မယ်”
ရှီမာယူယူ၏ မျက်လုံးများသည် မှုန်ဝါးဝါးဖြစ်သွားသည်။ သူမ ပြောသည် မှာမှန်သည်။ ယခုအချိန်တွင် သူမသည် အမှန်ပင် ငှက်ပေါက်စကို လက်ထဲမှ မချရဲပေ။ သူမ သတိလွတ်သွားသည်နှင့် တခြားသူများသည် အစောက အဘွားကြီး လုပ်ခဲ့သလို ချက်ချင်းပင် လာဖမ်းမည်ဖြစ်သည်။
“အရင်ဆုံး ပူးပေါင်းပြီး သူမကိုသတ်ကြမယ်.. နှင်းဖြူစင်ကြာပွင့်ကို ဘယ်လိုခွဲမလဲဆိုတာကို နောက်မှ ပြောကြမယ်” လူတစ်ယောက်သည် အကြံ ပြုလေသည်။ ဂုဏ်သရေရှိလူ ဆယ်ယောက်ကျော်သည် သူမကို ဝိုင်းနေလိမ့် မည်ဟုထင်မထားပေ။
ရှီမာယူယူနှာမှုတ်လေသည်။ ဂုဏ်သရေရှိလူကြီးများ သူမဆီသို့လာ တိုက်ခိုက်နေကြသည်။ ကြည့်ရတာ ဒီလူကြီးတွေက အရှက်ဆိုတာတောင် မရှိ ကြတော့ဘူးထင်ပါရဲ့။
သူမသည် မိုးပေါ်မှ အလုံးလေးကို ကြည့်လိုက်သည်။ မရဏာလောကမှ လူများ မရောက်ကြသေးသော်လည်း ထိုလူများသည် စတင်လှုပ်ရှားနေပြီဖြစ် သည်။ ကြည့်ရသည်မှာ ရွေးချယ်စရာမရှိတော့ဘဲ မရဏာလောကမှလူများ ရောက်လာသည်အထိ စောင့်ရန် ဝိညာဉ်စေတီအတွင်းဝင်နေရတော့မည့်ပုံပင်။ ထိုသို့ပြုမူလိုက်ပါက ဝိညာဉ်စေတီတည်ရှိမှု ပေါ်ပေါက်သွားမည်ဖြစ်သည်။
သို့သော် ယခုလိုအချိန်မျိုးတွင် ပေါ်ပေါက်သွားမည်ကိုလည်း စိုးရိမ်မနေ နိုင်တော့ပေ။ သေသည်ထက်တော့ ကောင်းသေးသည်။
ဝူလင်းယူသည် ရှီမာယူယူ အဝိုင်းခံနေရသည်ကိုမြင်သောအခါ အမြန် ပြေးလာပြီး ကူညီပေးချင်သည်။
ရှီမာယူယူသည် သူတို့ဆီသို့ ဝိညာဉ်စေတီအတွင်းသွားတော့မည်ဟု စိတ် ထဲမှ အသံနှင့် ပြောလိုက်သည်။ သူ အလောတကြီးရောက်လာပြီး အမှားလုပ်မိ ကာ ဒဏ်ရာရသွားမည်ကို သူမ မလိုလားပေ။
ဝူလင်းယူ ဒေါသထွက်သွားသည်။ ဒီလိုအချိန်မှာတောင် သူ့ကို လျှို့ဝှက် ပြီးအသံနဲ့ ပြောနေနိုင်သေးတာလား။ ဘယ်လောက် ပြင်းထန်တဲ့ အခြေအနေ ထဲ ရောက်နေတယ်ဆိုတာကို မသိဘူးလား။
သို့သော် သူသည် ရှီမာယူယူ၏ အစီအစဉ်အတိုင်း မလုပ်ပေ။ သူမတွင် အစီအစဉ်ရှိသည်ကို သိလျှင်တောင် သူမ တိုက်ခိုက်ခံရသည်ကို ဒီအတိုင်းရပ် ကြည့်မနေနိုင်ပေ။
သူသည် ပြိုင်ဘက်ကို အမြန်ခါချခဲ့ပြီး လျှပ်တပြက် သူမဘေးတွင် သွား ရပ်လိုက်သည်။ သူတို့နှစ်ယောက်သည် ထိုလူအိုကြီးများ၏ ဝိုင်းခြင်းကိုခံလိုက် ရသည်။
“ဒီမှာဘာလာလုပ်တာလဲ”
“မင်းကို လာအဖော်ပြုတာပေါ့.. တစ်ခုခုဖြစ်ရင် ကိုယ်မင်းနဲ့အတူရှိနေမှာ”
ရှီမာယူယူသည် သူ့လက်ကို ဆုပ်ကိုင်လိုက်သည် “ရှင်လာမှတော့ ရှင့်ကို ပါ တစ်ခါတည်းခေါ်သွားရတော့မှာပဲ”
ဝူလင်းယူ ပြုံးလိုက်သည် “ဒါဆို မင်းကိုယ့်ကို သေချာကာကွယ်ပေးရမယ်”
အခုက ဘယ်လိုအခြေအနေဖြစ်နေပြီလဲ။ ဒီနှစ်ယောက်က အကုန်လုံးရဲ့ ရှေ့မှာ လာပြီးတော့ ကြင်နာပြနေသေးတယ်။ ယွင်ရာသည်လည်း ဆွံ့အသွား သည်။ သို့သော် သူတို့ကို လာကူညီရန် သူလည်း အားလပ်မနေပေ။
သူမ ယုံကြည်ချက်ရှိနေတာကို ကြည့်ရတာတော့ အဲလူတွေကို ရှင်းဖို့ အစီအစဉ်ရှိထားပြီးသားနေမှာပါ။
သို့သော် စဉ်းစားကြည့်ရာ မဖြစ်နိုင်ဟု ထင်မိပြန်သည်။ ထိုလူအိုကြီးများ သည် သူတို့ကို ပိတ်ထားသည်။ သူတို့၏ အင်္ကျီလက်ထဲတွင် ဝှက်ဖဲရှိလျှင် တောင် တကယ့်အင်အားအစစ်အမှန်ရှေ့တွင် သုံးရန်မဖြစ်နိုင်ပေ။
“သေခြင်းတရားကို လက်ခံလိုက်တော့”
ထိုလူအိုကြီး ၁၀ ယောက်ကျော်သည် အတူတကွတိုက်ခိုက်ကြရာ အဆုံးမရှိသော စွမ်းအားသည် ကမ္ဘာမြေကြီးကိုပြင် နှစ်ခြမ်းခွဲလိုက်သလိုပင်။ ရှီမာယူယူသည် ဝူလင်းယူကို ဝိညာဉ်စေတီအတွင်းသို့ ခေါ်သွားရန် အသင့်ဖြစ် နေချိန်တွင် ထိုတိုက်ခိုက်မှုများသည် လေထဲတွင် ရပ်တန့်သွားလေသည်။
ရှီမာယူယူသည်လည်း ရပ်တန့်သွားသည်။
“ရွှီး”
ဝိညာဉ်စွမ်းအင်လှိုင်းကြီးသည် ပျောက်ကွယ်သွားလေသည်။
“ရွှီး”
“ရွှီး”
အားလုံး၏ အံ့ဩနေသောအကြည့်များအောက်တွင် ဝိညာဉ်စွမ်းအား ၁၀ ခုကျော်သည် အသုံးမပြုဖူးသကဲ့သို့ လုံးဝပင် ပြိုကွဲသွားသည်။
“ပျောက်.. ပျောက်သွားတာလား” ဖူရှီ၏ မျက်လုံးများပြူးကျယ်လာပြီး ရှီမာယူယူကို ကြည့်လိုက်သည် “ယူယူ မင်းက အဲလောက်အားကောင်းတာ လား မင်း ဘာလုပ်လိုက်တာလဲ.. မင်းက ဝိညာဉ်တိုက်ခိုက်မှု ဒီလောက် အများ ကြီးကို ဖျက်ဆီးပစ်နိုင်တာပဲ”
ရှီမာယူယူလည်း ယုံကြည်ရခက်စွာဖြင့် ပြောလေသည် “ငါ ဘာမှမလုပ် ဘူး”
“ကြည့်ရတာ ငါတို့ ပုန်းနေတာ အရမ်းကြသွားလို့ဖြစ်မယ်.. အခု ဒီကို လာပြီး ပြဿနာရှာရဲတဲ့သူတောင်ရှိနေပြီ… သူတို့က ကိုးခုမြောက်မရဏာမျိုး နွယ်ကလူကိုတောင် သတ်ရဲတယ်.. တကယ် အတင့်ရဲကြတာပဲ”
***