← Chapters

အခန်း (၁၉၉)

Vol. 20 Ch. 199

အခန်း (၁၉၉)

Vol. 20 Ch. 199

စစ်မြေပြင်မှ ထာဝရရှင်သန်ခြင်းဆီသို့

အခန်း (၁၉၉)

" စစ်သူကြီး ချင်စစ်တပ်က မြို့တံခါးကို ဖောက်ဝင်လာပါပြီ။ " ကျောက်စစ်သည်တစ်ယောက်က ထိတ်လန့်စွာ အစီရင်ခံလိုက်သည်။

" ချင်စစ်တပ်မှာ မြို့တံခါးကို မြန်မြန်ထိုးဖော်နိုင်တဲ့ နည်းလမ်းရှိတာ အမှန်ပဲ။ ဒါပေမယ့် ဒါက ဝူအန်းမြို့မဟုတ်ဘူး။ စစ်သေနာပတိချုပ် ဖန်ရွှမ်က အတွင်းမြို့ကို စောင့်ကြပ်နေသလို ငါတို့မှာ အပြင်မြို့ကို ကာကွယ်ဖို့ စစ်သည်နှစ်သိန်းရှိတယ်။ ကြီးကြပ်ရေးတပ်ဖွဲ့ကို ထည့်ပြောစရာတောင် မလိုဘူး။ "

" ငါ့အမိန့်ကို ထုတ်ပြန်လိုက်။ မြို့ရိုးပေါ်မှ စစ်သည်အားလုံး ချင်စစ်တပ် တိုးမလာနိုင်အောင် ပစ်ခတ်ကြ။ အောက်ကစစ်တပ်က ကျန်တာကို ကိုင်တွယ်လိမ့်မယ်။ ငါတို့ ချင်စစ်တပ်ကို မြို့ရိုးပေါ် ခြေတစ်လှမ်းတောင် မချစေရဘူး။ " ကျောက်စစ်သူကြီးက အမိန့်ပေးလိုက်သည်။

တစ်ချိန်တည်းတွင် မြို့အပြင်ဘက်ရှိ နောက်တန်းစစ်ကြောင်း၌ ဝမ်ကျန့်က မြို့တံခါးများ ပျက်စီးသွားသည်ကို ကြည့်ပြီး သူ၏ မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းတစ်ခု လင်းလက်သွားသည်။

" ကျောက်ဖုန်းက ဘယ်လိုလျို့ဝှက်ချက်တွေကို ဖုံးကွယ်ထားတာလဲ။ သူက ဟန်တန်မြို့တံခါးကို ဘယ်လိုလုပ် ဒီလောက်အလွယ်တကူ ထိုးဖောက်နိုင်ရတာလဲ။ သူက တကယ်ပဲ နတ်ဘုရားတွေရဲ့ စွမ်းအားကို ပိုင်ဆိုင်ထားတာလား။ "

ကျောက်ဖုန်းက တံခါးဆီသို့ ရောက်သည်နှင့် အားစိုက်စရာမလိုဘဲ ဖောက်ထွက်သွားသည်ကို မြင်သောအခါ ဝမ်ကျန့်က ရှုပ်ထွေးသော ခံစားချက်များ ခံစားလိုက်ရသည်။ သူက မည်သို့စဉ်းစားသည်ဖြစ်စေ နားမလည်နိုင်ဖြစ်နေသည်။

ထိုနေ့က ဝူအန်းမြို့၏ ပျက်စီးသွားသော မြို့တံခါးကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရသည်။ ၎င်းက ထက်မြက်သော လက်နက်တစ်ခုခုဖြင့် အပိုင်းပိုင်း ခုတ်ပိုင်းခံထားရခြင်း ဖြစ်သည်။ ဘယ်လိုနတ်ဘုရားလက်နက်မျိုးက ထိုသို့လုပ်နိုင်တာလဲ သူစဉ်းစားမရပေ။

ကျောက်ဖုန်းက ဝမ်ကျန့်၏ စိတ်ထဲတွင် ပို၍ လျို့ဝှက်ဆန်းကြယ်လာခဲ့သည်။ သူ၏ အကြည့်က တိုက်ပွဲဆီသို့ ပြန်ရောက်သွားသည်။

ကျောက်ဖုန်းက သူ၏ စစ်တပ်ကို ဦးဆောင်ပြီး တံခါးမှတစ်ဆင့် တိုးဝင်လာချိန်တွင် မြို့ထဲရှိ ကျောက်စစ်သည်များက ဝူအန်းမြို့ကဲ့သို့ ထိတ်လန့်သွားခြင်းမရှိပေ။ သူတို့က ချက်ချင်းပင် ကာကွယ်ရန် စစ်ကြောင်းကို ပြင်ဆင်လိုက်ကြသည်။

ပထမဆုံး လှံစစ်သည်များက တိုက်စစ်ကို ရင်ဆိုင်ရန် ရှေ့တိုးလာကြသည်။ သူတို့၏ နောက်မှ ကျောက်လေးသည်တော်များက ကျူးကျော်လာသော ချင်စစ်တပ်ကို မြားများဖြင့် ရူးသွပ်စွာ ပစ်ခတ်ကြတော့သည်။

ကျောက်စစ်တပ်က မြို့တံခါး ထိုးဖောက်ခံရမည်ကို ကြိုတင်ပြင်ဆင်ထားပြီဖြစ်ပြီး သူတို့၏ ကာကွယ်မှုများကလည်း အဆင်သင့်ရှိနေကြသည်။ ချင်စစ်သည်များက မြားမိုးများအောက်တွင် လဲကျသေဆုံးသွားကြပြီး မြို့ရှေ့တွင် အလောင်းပုံကြီးဖြစ်သွားခဲ့သည်။

ကျောက်စစ်တပ်၏ ကာကွယ်မှုနှင့် အားဖြည့်ထားသော တပ်ကူများကို မြင်လိုက်ရသောအခါ ကြိုတင်ခန့်မှန်းထားသော ကျောက်ဖုန်း၏ စိတ်ထဲတွင် လေးလံသွားသည်။

ကျောက်စစ်သည်အချို့ကို သတ်ဖြတ်ပြီးနောက် ကျောက်ဖုန်းက နောက်တန်းမှ ပစ်ခတ်နေကြသော လေးသည်တော်များကို ကြည့်လိုက်သည်။ သူတို့ကို ချေမှုန်းရန်အတွက် ကျောက်စစ်တပ်အား ထိုးဖောက်သွားရမည်ကို သူသိသည်။

" ငါ့နောက်ကို လိုက်ပြီး ထိုးဖောက်ကြစမ်း။ ကျောက်စစ်ကြောင်းကို ဖြိုခွဲကြ။ " ကျောက်ဖုန်းက ဓားကို မြှောက်ကာ ဟိန်းဟောက်လိုက်သည်။

" စစ်သူကြီးနောက်ကို လိုက်ပြီး သတ်ကြ။ " ချင်စစ်သည်များက ကျောက်ဖုန်းနောက်မှ ဟိန်းဟောက်လိုက်ကြသည်။ သူတို့က ကျောက်ဖုန်းနောက်သို့ ရူးသွပ်စွာ လိုက်ပါသွားကြသည်။

ဤတစ်ကြိမ်တွင် ကျောက်ဖုန်းက သိုင်းပညာများကို အသုံးပြုခြင်းရှိပေ။ ထိုအစား သူက လုံချွမ်ဓားကို ဝှေ့ရမ်းပြီး ဓားချီများကို ထုတ်ဖော်လိုက်ကြသည်။ ဓားချီများကို ထုတ်လွှတ်ရုံသာမက လုံချွမ်ဓားသွားကလည်း ရန်သူများ၏ သံချပ်ကာများကို အလွယ်တကူ ပိုင်းဖြတ်သွားသည်။ လွင့်စင်လာသော သွေးများက သူ၏ ချပ်ဝတ်ကို သွေးနီရောင် စွန်းထင်သွားစေသည်။

ကျောက်စစ်တပ်က ပြင်းပြင်းထန်ထန် ခုခံပြီး သူတို့၏ ကာကွယ်ရေးက အားကောင်းသော်လည်း သူတို့က လူတစ်သောင်းကို ယှဉ်နိုင်သော ကျောက်ဖုန်းနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

" မမျှော်လင့်ထားတဲ့ အပြောင်းအလဲတွေ ဖြစ်မှာကိုသာ မစိုးရိမ်ရင် ငါ့ရဲ့ သိုင်းပညာတွေကို ထုတ်သုံးပစ်တယ်။ ကျောက်စစ်တပ်တစ်ခုလုံး ပြိုကွဲသွားလိမ့်မယ်။ ဒါပေမယ့် ဒီလောက်များတဲ့ မျက်လုံးတွေရဲ့ စောင့်ကြည့်မှုအောက်မှာ ငါလုပ်လို့မရဘူး။ ချင်နိုင်ငံရဲ့ ကံကြမ္မာက အရမ်းအားကောင်းတယ်။ ငါတစ်ယောက်တည်းနဲ့ မယှဉ်နိုင်ဘူး။ "

" စစ်သူကြီးနောက်ကို လိုက်ပြီး သတ်ကြ။ " ကျောက်ဖုန်း၏ စစ်သည်များက သူနှင့်အတူ လိုက်ပါလာရင် တိုက်ခိုက်နေကြသည်။ သူတို့အတွက် ကျောက်ဖုန်းက သူတို့၏ စိတ်ဝိညာဉ်ဖြစ်သည်။ သူတို့၏ ညီအကိုများ တစ်ယောက်ပြီးတစ်ယာက် လဲကျနေလျှင်တောင် သူတို့၏ တိုက်စစ်က တုန့်ဆိုင်းခြင်းမရှိပေ။

တိုက်ခိုက်သတ်ဖြတ်မှုများကို ဆက်လက်လုပ်ဆောင်ပြီး ရန်သူတပ်တစ်ခုလုံးကို အမြစ်ဖြတ်ချေမှုန်းခြင်းဖြင့် ကျဆုံးသွားသော သူတို့၏ ညီအကိုများအတွက် အကြီးမားဆုံးသော ပေးဆပ်မှုဖြစ်သည်။

ကျောက်စစ်တပ်၏ စစ်ကြောင်းမှာ အတင်းအကျပ် ဖြိုခွဲခံလိုက်ရပြီး ကျောက်ဖုန်းက ရန်သူလေးသည်တော်များရှိရာသို့ တိုက်ရိုက်ဖောက်ဝင်သွားသည်။ သူတို့ကို ကာကွယ်ပေမည့် တပ်ဖွဲ့များ မရှိတော့သဖြင့် လေးသည်တော်များက သတ်ဖြတ်ရန် စောင့်နေသည့် သိုးငယ်များသဖွယ် ဖြစ်သွားကြသည်။

တိုက်ခိုက်မှုများနှင့် သတ်ဖြတ်မှုများက ဆက်လက်ဖြစ်ပွားနေခဲ့သည်။ ကျောက်စစ်တပ်၏ ကာကွယ်ရေးစစ်ကြောင်းက ပိုမိုဝေးကွာသွားသည်နှင့်အမျှ ချင်စစ်တပ်က မြို့အတွင်းသို့ ပိုမိုခိုင်မာစွာ ခြေကုပ်ယူနိုင်ခဲ့ပြီး စစ်သည်များက ပိုမိုဝင်ရောက်လာခဲ့သည်။

ထိုမျှရက်စက်ကြမ်းကြုတ်သော ချင်စစ်တပ်နှင့် ရင်ဆိုင်ရချိန်တွင် ကျောက်စစ်သည်များက တိုက်ခိုက်လိုစိတ် ပျောက်ဆုံးသွားပြီး ဆုတ်ခွာရန် ပြင်လိုက်ကြသည်။ သို့သော ယခုက ဝူအန်းမြို့မဟုတ်တော့ပေ။ ကျောက်စစ်တပ်၏ တပ်ဖွဲ့တိုင်းတွင် ကြီးကြပ်ရေးတပ်ဖွဲ့တစ်ခု စီစဉ်ထားသည်။ ထွက်ပြေးလာသော စစ်သည်များကို မြင်သည်နှင့် သူတို့က ချက်ချင်း လှုပ်ရှားလိုက်ကြသည်။

" စစ်သေနာပတိချုပ် အမိန့်ပေးထားပြီးပြီ။ နောက်ဆုတ်သူမှန်သမျှ ကွပ်မျက်ခံရမယ်။ " ဆုတ်ခွာနေသော စစ်သည်များကို ကြည့်ပြီး ကြီးကြပ်ရေးတပ်ဖွဲ့က ညှာတာမှုကင်းမဲ့စွာဖြင့် သူတိို့၏ ဓားများကို ဝှေ့ရမ်းလိုက်သည်။ သူတို့က ရက်စက်သည်မှာ မှန်သော်လည်း သူတို့ကိုယ်တိုင်က ဖိအားပေးခံထားရခြင်းဖြစ်သည်။

သူတို့ ဆွေးမျထုးတစ်ခုလုံး၏ အသက်က ကျောက်ဘုရင်၏ လက်ထဲတွင် ရှိနေသည်။ အကယ်၍ သူတို့က အမိန့်ကို အကောင်အထည်မဖော်ဘဲ သူတို့ပါ ထွက်ပြေးလျှင် သူတို့၏ ဆွေမျိုးတစ်ခုလုံး သတ်ခံရပေလိမ့်မည်။ ကြီးကြပ်ရေးတပ်ဖွဲ့၏ ခြိမ်းခြောက်မှုအောက်တွင် ပျက်စီးသွားသော ကျောက်စစ်သည်အများအပြားက အံကျိတ်ကာ တိုက်ပွဲထဲသို့ ပြန်ဝင်ရုံသာ တတ်နိုင်တော့သည်။

" တစ်နေရာတည်းကိုပဲ အာရုံစိုက်ကြ။ ရန်သူကို ဝိုင်းပြီးသတ်ကြ။ " ကျောက်ဖုန်းက တိုက်ခိုက်ရင်း တုဆွေကို အော်ပြောလိုက်သည်။ " ငါတို့ရဲ့ ညီအကိုတွေ ဝင်လာနိုင်ဖို့ မြို့ထဲက နေရာလွတ်တွေကို မြန်မြန်ရှင်းလိုက်။ မြို့ရိုးအောက်ခြေက နေရာတွေကို ရှင်းသွားပြီဆိုရင် မြို့တံခါးမျှော်စင်ကို ခြေကုပ်စခန်းအဖြစ် သုံးကြမယ်။ "

" အမိန့်အတိုင်းပါ။ " တုဆွေက ပြန်အော်ပြောလိုက်ကြသည်။ သူက အမိန့်များကို လက်ဆင့်ကမ်းလိုက်ပြီး စစ်တပ်က ကျောက်ဖုန်း၏ ညွှန်ကြားချက်အတိုင်း စနစ်တကျ ခွဲထွက်သွားသည်။

မြို့အပြင်ဘက် နောက်တန်းစခန်းတွင်။

" စစ်သေနာပတိချုပ်။ " ကိုယ်ရံတော်တပ်မှူးက အစီရင်ခံလိုက်သည်။ " ကျောက်စစ်တပ်က ဟန်တန်မြို့ရဲ့ အရှေ့ဘက်ကနေ ကျွန်တော်တို့ စစ်တပ်ကို တိုက်ခိုက်နေပါပြီ။ စစ်သူကြီးဝမ်ပင်းက သူတို့ကို ရင်ဆိုင်ဖို့ စစ်သည်ငါးသောင်းကို ဦးဆောင်သွားပါတယ်။ ရန်သူတပ်ဖွဲ့က စစ်သည်သုံးသောင်းကျော် ရှိပါတယ်။ သူတို့အားလုံးက မြင်းစီးစစ်သည်တွေပါ။ "

" ဝမ်ပင်းကို အစွမ်းကုန် ခုခံဖို့ပြောလိုက်။ ကျောက်မြင်းတပ်တွေကို ငါတို့ရဲ့ ပင်မစစ်တပ်ကို နှောက်ယှက်ခွင့်မပေးနဲ့။ " ဝမ်ကျန့်က အမိန့်ပေးလိုက်သည်။

" အမိန့်အတိုင်းပါ။ " ကိုယ်ရံတော်တပ်မှူးက ပြောပြီး ထွက်ခွာသွားသည်။

" စစ်သူကြီးယန် " ဝမ်ကျန့်က ဟန်တန်မြို့ကို စိုက်ကြည့်ပြီး ခေါ်လိုက်သည်။

" အမိန့်ရှိပါ။ " ယန်တွမ်ဟီက ချက်ချင်း ပြန်ပြောလိုက်သည်။

" လေးသည်တော်တွေကို ရှေ့တိုးလိုက်။ ငါတို့ချင်ရဲ့ မြားတွေကို ဟန်တန်မြို့လယ်ထိ ရောက်အောင် ပစ်ပြီး မြို့ကို သိမ်းပိုက်နေတဲ့ စစ်သည်တွေကို အကူအညီပေးရမယ်။ " ဝမ်ကျန့်က လေးနက်စွာ အမိန့်ပေးလိုက်သည်။ " ပြီးတော့ မင်းလက်အောက်က စစ်သည်တွေကို ကျောက်ဖုန်းရဲ့ တပ်ဖွဲ့နောက်ကနေ လိုက်သွားဖို့ အမိန့်ပေးလိုက်။ သူလူတွေအားလုံး မြို့ထဲရောက်သွားတာနဲ့ မင်းက အင်အားအပြည့်နဲ့ ထိုးစစ်ဆင်ရမယ်။ "

" အမိန့်အတိုင်းပါ။ " ယန်တွမ်ဟီက သူ၏ မြင်းကို ရှေ့သို့ မောင်းနှင်လိုက်သည်။

" အရှင်မင်းကြီး ရောက်မလာခင် ဟန်တန်မြို့ကို သိမ်းပိုက်နိုင်ဖို့ မျှော်လင့်ရမှာပဲ။ " ဝမ်ကျန့်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ " ဒီလိုမြို့သိမ်းတိုက်ပွဲမှာ ဒီမှာထိုင်ပြီး စစ်သားတွေရဲ့ အသက်ကို မြို့ရိုးဆီ ပစ်ကျွေးနေရုံကလွဲပြီး အခြားနည်းလမ်းမရှိဘူး။ ဘာပဲဖြစ်ဖြစ် ဟန်တန်မြို့က အဓိကခံတပ်ကြီးတစ်ခုပဲ။ တိုက်ရိုက်တိုက်ခိုက်ရုံကလွဲရင် အခြားရွေးချယ်စရာမရှိဘူး။ "

လုံထိုင်နန်းတော်။

ဝေးကွာနေသော်လည်း တိုက်ပွဲသံများ၊ ဟိန်းဟောက်သံများနှင့် နာကျင်စွာ အော်ဟစ်သံများက နန်းတော်အထိ ရောက်ရှိလာခဲ့သည်။ သူယုံကြည်ရသော ဖန်ရွှမ်က ကွပ်ကဲနေသော်လည်း ကျောက်ယန်က စိုးရိမ်စိတ်များ လွှမ်းမိုးထားဆဲဖြစ်သည်။

" မြို့ထဲက အခြေအနေဘယ်လိုရှိလဲ။ " ကျောက်ယန်က စိုးရိမ်တကြီး မေးလိုက်သည်။

" အရှင်မင်းကြီးကို အစီရင်ခံပါတယ်။ " ကောခိုင်က ပြုံး၍ ပြောလိုက်သည်။ " စစ်သေနာပတိချုပ် ဖန်ရွှန်က လွန်ခဲ့တဲ့တစ်နာရီက အရှင်မင်းကြီးကို စိတ်ချထားဖို့ အာမခံထားပါတယ်။ သူရှိနေသရွေ့ ဟန်တန်မြို့က သေချာပေါက် ကျဆုံးမှာမဟုတ်ပါဘူး။ "

" ဒါဆို ကောင်းတာပေါ့။ " ကျောက်ယန်က ပြောလိုက်သည်။

All Chapters