ကိုးခုမြောက်မရဏာမျိုးနွယ်၏ ချန်ကျို
Vol. 143 Ch. 1997
ကိုးခုမြောက်မရဏာမျိုးနွယ်လား။
အစောက တိုက်ကွက်က ကိုးခုမြောက်မရဏာမျိုးနွယ်ကြောင့် ပျောက် သွားတာလား။
သူတို့သည် လူကိုမမြင်ရဘဲ အသံကိုသာကြားခဲ့ရသည်။ သို့သော် သူတို့ သည် ဤမျှအားကောင်းလှသော တိုက်ကွက်ကို သာမန်ကာလျှံကာပင် အလွယ် တကူ ရှင်းထုတ်နိုင်သည်။ ကိုးခုမြောက်မရဏာမျိုးနွယ်က အဲလောက်တောင် အားကောင်းတာလား။
နှင်းတောင်၏ ထိပ်တွင် လှုပ်ရှားမှုများ ရှိလာသဖြင့် အားလုံးသည် ခေါင်း မော့ကြည့်ကြသည်။ မှင်ရည်နက်ရောင်ဝတ်ထားသော လူတစ်စုကိုမြင်လိုက်ရ သည်။ ထိုလူများသည် မျက်လုံးထဲမှ မောက်မာမှုများကို ဖုံးကွယ်မထားဘဲ အောက်မှလူများကို အကဲခတ်နေသည်။
“ကိုးခုမြောက်မရဏာမျိုးနွယ်”
ဤနေရာတွင်ပေါ်လာပြီး အေးဆေးစွာနေနိုင်သည်မှာ ကိုးခုမြောက် မရဏာမျိုးနွယ်သာရှိသည်။
ငယ်ရွယ်သူများသည် ကိုးခုမြောကက်မရဏာမျိုးနွယ်ကို အရင်ကမမြင် ဖူးခဲ့ပေ။ သို့သော် အသက်ကြီးသူများသည် သူတို့ကိုသေချာပေါက်သိသည်။ ဖိအားများ ယိုစိမ့်ထွက်နေသော သူတို့၏သွေးသားနှင့် လွှမ်းမိုးနိုင်သောရောင်ဝါ များအရ ကိုးခုမြောက်မရဏာမျိုးနွယ်သည် တစ္ဆေလောက၏ အစစ်အမှန် အုပ်စိုးသူများဖြစ်ကြသည်။
ဆေးအကြီးအကဲသည် သူတို့ကိုမြင်သည်နှင့် ခန္ဓာကိုယ်မှ ဒဏ်ရာများ မရှိတော့သကဲ့သို့ မြေပြင်ကိုဒူးထောက်လေသည်။ သူသည် ထိုမျှလောက် ကြည်ညိုသည်။
ပျော်ရွှင်မှုကြောင့် မျက်ရည်များကျလာသည်။
သူတို့ ဤနေရာတွင်ရှိနေသေးသည်ကို သူသိသည်။ သူသည် သူတို့ အတွက် ဤနေရာကို စောင့်ကြပ်ရုံသာဖြစ်သည်။
“ဆေးအကြီးအကဲ မင်းအတွက် ကြမ်းတမ်းမှာပဲ” အရှေ့မှ လူကြီးသည် လက်ကိုဝေ့ယမ်းလိုက်သည်နှင့် ဆေးအကြီးအကဲသည် မူလရှိနေသည့်နေရာမှ နှင်းတောင်ထိပ်သို့ တိုက်ရိုက်ကျသွားလေသည်။
သူတို့တကယ်ပဲ အဲလိုလုပ်နိုင်တာပဲ။
လေဟာပြင်နှင့် မြေဆွဲအားကို လျစ်လျူရှုကာ လူတစ်ယောက်ကို ထို အတိုင်း ဆွဲခေါ်နိုင်သည်။
ထိုနေရာသို့ရောက်နေသူများသည် ကိုးခုမြောက်မရဏာမျိုးနွယ်ကို အရင် က မမြင်ဖူးသော်လည်း နှင်းတောင်ကိုတော့ တက်ဖူးကြသည်။ ဤပတ်ဝန်း ကျင်သည် မည်သို့သော ပတ်ဝန်းကျင်ဖြစ်သည်ကို သူတို့သိကြသည်။ ထို အကွက်တစ်ကွက်တည်းနှင့်တင် သူတို့သည် ကိုးခုမြောက်မရဏာမျိုးနွယ်ကို လေးစားမှုအပြည့်ဖြစ်သွားသည်။
အားကောင်းလိုက်တဲ့လူတွေပဲ။
သူတို့အကြည့်များ ဘာကြောင့် ပြောင်းလဲသွားသည်ကို ချန်ကျို နားမလည်ပေ။ သူသည် ရှီမာယူယူကို ကြည့်ပြီးပြောလိုက်သည် “မင်းက အစောက စွမ်းအင်ပစ်လိုက်တဲ့တစ်ယောက်လား.. မင်းက ဘယ်သူလဲ မင်း နာမည်ကဘယ်သူလဲ.. ဘယ်မျိုးရိုးကလာတာလဲ”
ရှီမာယူယူသည် သူ့အကြည့်ထဲမှ အေးစက်မှုကိုမြင်သောအခါ ဝူလင်းယူ ၏ လက်ကိုလွှတ်လိုက်သည်။ သူမသည် ခြေနှစ်လှမ်းရှေ့တိုးကာ မျက်လုံးမှိတ် ပြီး ခန္ဓာကိုယ်ထဲမှ မရဏာစွမ်းအင်ကို စုစည်းလိုက်သည်။
သူမကျောပြင်မှ ကြာပန်းနက်သည် အင်္ကျီကိုဖောက်ပြီး ရွှေရောင် အလင်းတန်းထွက်လာကာ ရွှေရောင်အလင်းတန်းများဖြင့် သူမကို လွှမ်းမိုးထား သည်။ သူမသည် အလွန်ပင် မြင့်မြတ်သည့်ပုံစံပေါက်နေသည်။
ကိုးခုမြောက်မရဏာမျိုးနွယ်ဝင်များသည် သူမအနောက်မှ ရွှေရောင် အလင်းတန်းကို မြင်သောအခါ မူလက အေးစက်နေသောအကြည့်များ ပြောင်း သွားကြသည်။
“ဒါက.. ရွှေကြာပန်းနက်ပဲ”
အသန့်စင်ဆုံး သွေးသားရှိသူများသာ ထိုမျှတောက်ပသော ရွှေရောင် အလင်းတန်းများထုတ်နိုင်သည်။
“သူမရဲ့ မရဏာစွမ်းအင်” ချန်ကျိုသည် ရုတ်တရက် သတိလက်လွတ် အော်လိုက်မိပြီး နှင်းတောင်မှ ပျံဆင်းကာ ရှီမာယူယူဘေးသို့ ဆင်းသက်လိုက် သည်။ သူသည် သူမ၏လက်ကိုဆုပ်ကိုင်ပြီး ပြောလိုက်သည် “မင်းရဲ့ မရဏာ စွမ်းအင်က ဘယ်ကရတာလဲ”
“ကျွန်မကို တကယ်ပဲ ဒီမှာပြောစေချင်တာလား” ရှီမာယူယူသည် မရဏာစွမ်းအင်ကို ပြန်ရုတ်သိမ်းပြီး မေးလိုက်သည်။
ချန်ကျိုသည် နှုတ်ခမ်းတွန့်ပြီး ရှီမာယူယူကို စိုက်ကြည့်ကာ တစ်စုံတစ်ခု ကို မြင်အောင်ကြည့်ရန် ကြိုးစားနေသည်။ သို့သော် သူ့အဆင့်ပင်လျှင် ကြည့်မရပေ။
“လျှောက်သွားတော့” သူသည် သူမ၏လက်များကို ချုပ်ကာ တောင်များ ဆီသို့ ဆွဲခေါ်လေသည်။
“အဲလူတွေက ကျွန်မကိုသတ်ချင်နေတာ” ရှီမာယူယူသည် မလှုပ်မယှက် နှင့် ထိုများကို ညွှန်ပြရင်း ပြောလေသည်။
“သွားကြတော့”
ချန်ကျိုသည် ထိုလူများကို အော်လိုက်ပြီး စွမ်းအင်လှိုင်းထုတ်လွှတ်လိုက် ရာ သတိလွတ်နေသောလူများသည် လွှင့်သွားလေသည်။
ရှီမာယူယူ၏ မျက်လုံးမှာ ပြူးလာသည်။ ဒီလူကြီးက တကယ်ကို အားကောင်းတာပဲ။ တခြားသူတွေက သတိလွတ်နေတယ်ဆိုပေမဲ့ ဧကရာဇ် အဆင့်ကို ရောက်ဖို့ ခြေလှမ်းတစ်ဝက်လောက်ပဲ လိုတော့တဲ့သူတွေလေ။ သူတို့ က အလွယ်တကူလွှင့်သွားတာလား။
“ငါတို့သွေးသားက သူတို့ကို ဖိနှိပ်နိုင်တယ်” ချန်ကျို ရှင်းပြလေသည်။ တစ်ချိန်တည်းမှာပင် သူမသည် သူတို့သွေးသား၏ စွမ်းအားအသုံးဝင်မှုကို မသိ သဖြင့် သူမကို အထင်သေးမိသည်။
“သူတို့က ကျွန်မသူငယ်ချင်းတွေပါ” ရှီမာယူယူသည် ဝူလင်းယူ၊ ဟွမ်နှင့် တခြားသူများကို ညွှန်ပြလိုက်သည်။ သူမသည် ချန်ကျိုဒေါသပြေသွားသည်ကို မြင်သည်နှင့် ပြောလိုက်သည် “ကျွန်မ လူကြီးမင်းကို ရှင်းပြပါတယ်.. ဒါပေမဲ့ သူတို့ကို လုံခြုံဖို့လုပ်ပေးရမယ်”
“မင်းက ကိုးခုမြောက်မရဏာမျိုးနွယ်နဲ့ လာညှိနှိုင်းရဲသေးတာလား.. မင်းမှာ ကိုးခုမြောက်မရဏာမျိုးနွယ် သွေးသားရှိတာနဲ့ ငါတို့လူဖြစ်သွားပြီလို့ ထင်နေတာလား” ချန်ကျို၏ အသံသည် အေးစက်နေသည်။
“ဘာလို့လဲဆိုတော့ ကျွန်မမှာ ဝှက်ဖဲရှိတယ်လေ” ရှီမာယူယူ ပြောလိုက် သည်။
ချန်ကျို၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည် “အဲဒီဝှက်ဖဲတွေက ထိပ်တန်းအဆင့်ဆိုရင်တောင် မဖြစ်နိုင်ဘူး”
“ဒါဆို ဒီလူတွေရော ဘယ်လိုလဲ” သူမသည် သူမနောက်ကိုလိုက်နေသော လူများကို ညွှန်ပြလေသည်။
ချန်ကျိုသည် သူတို့ကိုကြည့်ရုံတင်ကြည့်လိုက်သည်နှင့် ဖိအားကို ခံစား ရစေသည် “မင်းတို့မသွားကြသေးဘူးလား ဒါဆိုလည်း ဘာလို့ ဒီမှာပဲ တစ်သက် လုံးမနေတာလဲ”
အငယ်များသည် အစတည်းက ထွက်သွားရန်တွေးနေပြီဖြစ်သည်။ ထိုလူ များသည် အလွန်အားကောင်းလှသည်။ သူသာ ရှီမာယူယူကို ကာကွယ်ပေး ထားလျှင် ယနေ့နိုင်မည့် အခွင့်အရေးမရှိပေ။
သို့သော် လူအိုကြီးများမှာတော့ ထွက်သွားရန် တွန့်ဆုတ်နေသည်။ နှင်း ဖြူစင်ကြာပွင့်၏ ဆွဲဆောင်မှုမှာ အလွန်အားကောင်းလှသည်။ ထိုအရာသာ မရှိ လျှင် ဧကရာဇ်အဆင့်သို့တက်ရန် အခွင့်အရေးရှိတော့မည်မဟုတ်ပေ။
သို့သော် ကိုးခုမြောက်မရဏာမျိုးနွယ်မှာ အမှန်တကယ်တည်ရှိနေသဖြင့် ရဲစွမ်းသတ္တိရှိလျှင်တောင် သူတို့ကိုသတ်လာလျှင် သေရမည်ဖြစ်သည်။
ရှီမာယူယူသည် သူတို့မျက်နှာအမူအရာ ဆက်တိုက်ပြောင်းသွားသည်ကို ကြည့်ပြီး ပြောလိုက်သည် “ကျွန်မမှာ ဘာနှင်းဖြူစင်ကြာပွင့်မှမရှိပါဘူးလို့ ပြော ပြီးပြီလေ.. ရှင်တို့မယုံရင်တောင် ဒီမှာစောင့်နေကြပေါ့.. ကျွန်မတောင်ကနေ ပြန်ဆင်းမလာခင် တခြားအပြင်လူတွေ ရှိလားမရှိလားကို သွားပြန်ကြည့်ကြ လိုက်ပေါ့.. စစ်သူကြီးရှောင်ဟော်နဲ့ သူ့အပေါင်းအပါဖြစ်တဲ့ ဝိညာဉ်နယ်မြေက စစ်ဦးစီးရွှီယွိတို့က တြိဂံဒေသက ထွက်တောင်မထွက်လောက်သေးဘူး”
“အမှန်ပဲ ဘယ်လိုပဲဖြစ်ဖြစ် ယူယူက တောင်ပေါ်မှာရှိနေမှာ.. သူမက အချိန်တစ်ခုလောက် ပြန်ဆင်းလာနိုင်ဦးမှာမဟုတ်ဘူး.. ခင်ဗျားတို့တွေ အဲအချိန်မှာ သွားပြီးစစ်ကြည့်ကြပေါ့” ဖူရှီ ပြောလိုက်သည် “အဲဒီမှာမရှိရင် တော့ ဒီမှာပဲ လာစောင့်ကြလေ”
“မသွားကြသေးဘူးလား” ချန်ကျိုသည် သူတို့ကို မျက်စိထောင့်မှ ခပ်မာမာ ကြည့်လိုက်သည်။
ထိုလူများသည် ခေတ္တမျှတွေဝေသွားပြီးနောက် သူတို့လူများကို ခေါ်သွား ကြလေသည်။ သူတို့သည် ရှီမာယူယူ ဤနေရာမှထွက်သွားမည်ကို စိုးသဖြင့် စောင့်ကြည့်ရန် လူအနည်းငယ်ထားသွားကြသည်။
ထိုလူများ ထွက်သွားသည်ကို ရှီမာယူယူမြင်သောအခါ စိတ်သက်သာရာ ရစွာဖြင့် သက်ပြင်းချလိုက်သည်။ သူမသည် ရွှီယွိကို သွားစစ်ဆေးကြည့်စေချင် သည်။ ထိုမှသာ မလိုအပ်ဘဲ အပြစ်ပုံမချတော့မည်ဖြစ်သည်။
“သွားကြမယ်” ချန်ကျိုသည် သူမလက်ကောက်ဝတ်ကို ဆွဲလိုက်သည်။ သို့သော် ဝူလင်းယူသည် သူ့ကို ပြန်ဆွဲထားလိုက်သည်။ ထိုအခိုက်တွင် သူတို့ နှစ်ယောက်သည် အကြည့်ချင်းရင်ဆိုင်နေကြသည်။
“ကျွန်မ ဒီကနေသူတို့နဲ့ပဲ သွားရပါမယ်” ရှီမာယူယူ ပြောလိုက်သည်။ “သူတို့ကိုပါ ဘာလို့ ခေါ်မသွားတာလဲ”
“အပြင်လူတွေက သူတို့ဘာသာ လမ်းလျှောက်သွားရမယ်” ဆိုလိုသည် မှာ ဤကိစ္စကို အလျော့မပေးနိုင်ပေ။
“ဒါဆို ကျွန်မကို တောင်ထိပ်မှာ စောင့်နေပေးပါ ခဏနေလာခဲ့ပါမယ်” ရှီမာယူယူ ပြောလိုက်သည်။
“မိန်းကလေး အခွင့်အရေးပေးတာကို ရောင့်တက်မလာနဲ့” ချန်ကျိုသည် ဒေါသထွက်လာရာ အားလုံးသည် ဖိအားကိုခံစားမိလိုက်ကြသည်။
“သူတို့တွေက ကျွန်မရဲ့သူငယ်ချင်းတွေပါ.. သူတို့နဲ့အတူရှိချင်ပါတယ်.. အဲဒီမှာ မစောင့်ချင်ရင် ဒီကနေ ကျွန်မတို့နဲ့ လမ်းလျှောက်ပါ” ရှီမာယူယူ ပြော လိုက်သည် “အချိန်ထပ်မဆွဲတာကောင်းပါလိမ့်မယ် မြန်မြန်လျှောက်လေ အပေါ်ကို မြန်မြန်ရောက်လေပါပဲ”
နောက်ဆုံးတွင် ချန်ကျိုသည် သူမလက်ကို လွှတ်လိုက်သည်။ သူသည် လေထဲမှ လမ်းကြောင်းကို ကြည့်ပြီးပြောလေသည် “မရဏာလောကကလူတွေ ဘာပြဿနာမှမဖြစ်ချင်ရင် အပြင်ထွက်မလာတာကောင်းလိမ့်မယ်”
ထိုသို့ပြောပြီးနောက် သူသည် နှင်းတောင်ထိပ်သို့ လျှပ်တပြက်ပြန်သွား လေသည်။
ဟွမ်သည် အလုံးလေးကို ပြန်ယူလိုက်သည်နှင့် လေထဲမှ လမ်းကြောင်း သည် လျင်မြန်စွာပင် ပိတ်သွားလေသည်။ ထိုနေရာသို့ရောက်လာသူများသည် မတတ်သာစွာဖြင့် ပြန်သွားရသည်။ ထိုလူသည် မရဏာလောကမှလူများ ပုန်း နေသည်ကို ပြောနိုင်လိမ့်မည်ဟု ထင်မထားပေ။
“သွားမယ်” ရှီမာယူယူသည် နှင်းတောင်များဆီသို့ လျှောက်သွားလေ သည်။
“တကယ်တော့ မင်း ဒီလိုလုပ်ဖို့မလိုပါဘူး” ယွင်ရာ ပြောလိုက်သည်။
“သူတို့ မျက်လုံးတွေက မောက်မာနေတာလေ.. ရှင်တို့ကို ဒီအတိုင်း ပစ်သွားလိုက်ရင် ဘာဖြစ်မလဲမသိနိုင်ဘူး” ရှီမာယူယူသည် ဝူလင်းယူ၊ ဟွမ်နှင့် တခြားသူများကို စိတ်ပူသည်။ ယွင်ရာကိုတော့ ဒီအတိုင်းခေါ်လာခြင်းသာဖြစ် သည်။
“ကိုးခုမြောက်မရဏာလောကက မင်းအတွက် ပေါ်လာမယ်လို့ထင် မထားဘူး.. အဲလူက မင်းကိုတော့ တော်တော်အာရုံရှိတဲ့ပုံပဲ.. မင်းက သူတို့ အပြင်မှာ ထားထားတဲ့ သခင်မကြီးတော့မဟုတ်ဘူးမလား”
“သခင်မကြီးသာဆိုရင် သူတို့က ကျွန်မကို ဒီလိုဆက်ဆံပါ့မလား.. သူတို့ သိချင်တဲ့ သတင်းက ကျွန်မမှာရှိရုံတင်ပဲ ဒါပဲ” ရှီမာဘူယူသည် နဂါးတန်ပြန် တောင်မှ ဘိုးဘေးကြီးကိုတွေးပြီး သူမ၏ အဘွားဖြစ်သူကို တွေးမိသွားသည်။ ထိုနေရာသည် မည်ကဲ့သို့ဖြစ်မည်ကို သိချင်မိသည်…
***