အမေဘက်မှအဘွား
Vol. 143 Ch. 1998
တောင်ခြေရင်းမှာ ပြင်ပမှဖိအားများနှင့် ပျံသန်းခြင်းမပြုရန် တားမြစ် ထားသည့် နေရာတစ်ခုသာဖြစ်သည်။ တောင်ထိပ်သို့ရောက်သည်နှင့် ဖိအား သည် ပိုများလာကာ ခြေထောက်မြှောက်ရန်ပင် ခက်ခဲလာသည်။ ပြီးနောက် အမြင့်ကိုပိုရောက်လေလေ ဝိညာဉ်စွမ်းအင်သုံးရန် ပိုခက်လေလေဖြစ်သည်။
“ဒီတောင်ထိပ်မှာ ဝိညာဉ်စွမ်းအင်တွေကို ဖိနှိပ်ထားတဲ့ပုံပဲ” ယွင်ရာသည် ပင်ပန်းနေသဖြင့် ဟောဟဲလိုက်နေသည်။
“မင်းတော့ ဂီတတိုက်ခိုက်မှုကိုပဲ မှီခိုမနေဘဲ မင်းရဲ့ခန္ဓာကိုယ်ကိုလည်း ပုံမှန်လေ့ကျင့်ခန်းလေးလုပ်ပါဦး.. ဘာမှလည်းမဟုတ်ဘဲ ပင်ပန်းနေပြီ” ဖေးယိ သည် အနည်းငယ်သာသည်။ စကားပြောရန် အနည်းငယ် အားယူရရုံသာဖြစ် သည်။
“အမှန်ပဲ အစ်ကိုကြီးယွင်ရာက ပျော်ပါးတာများနေတယ်.. ကိုယ့်ကိုယ် ကိုယ် ပိုပြီးလေ့ကျင့်ရမယ်” ဖူရှီသည် မောဟိုက်ခြင်းမရှိဘဲ အဓိပ္ပာယ်ပါပါပြော လေသည်။
ယွင်ရာ နှုတ်ခမ်းတွန့်လိုက်သည်။ ဖေးယိကတော့ ထားလိုက်တော့ ဒီ ကလေးကတောင် သူ့ကို အထင်သေးနေတာလား။
ဖူရှီသည် တိတ်တိတ်လေး ရယ်မောမိသည်။ သူ့ခန္ဓာကိုယ် သန်မာလာရ ခြင်းအကြောင်းအရင်းတစ်ခုမှာ ရှီမာယူယူသည် လျှပ်စီးဖြင့် ကုသပေးခြင်း ကြောင့်ဖြစ်သည်။ ထိုစဉ်က အလွန်နာကျင်ခဲ့သော်လည်း ယခုအချိန်တွင် အကျိုးအမြတ်များကို မြင်နေရပြီဖြစ်သည်။ တခြားအကြောင်းအရင်းမှာ ဒဏ္ဍာရီနဂါးစွမ်းအားသည် သူ့ခန္ဓာကိုယ်ကိုလိုက်လျောခြင်းကြောင့်ဖြစ်သည်။ အရှိန်မှာနှေးသော်လည်း အချိန်ကြာလာသည်နှင့်အမျှ သူ့ခန္ဓာကိုယ်၏ ကြံ့ခိုင် မှုသည် သာမန်လူနှင့် မနှိုင်းယှဉ်နိုင်သော အရာဖြစ်လာသည်။
ရှီမာယူယူနှင့် ဝူလင်းယူတို့အတွက်တော့ သည်တစ်ကြိမ်တွင် လွယ်ကူ နေသည်။ သူတို့နှစ်ယောက်တွင် ဝိညာဉ်ခန္ဓာကိုယ်များရှိနေပြီး ဝိညာဉ်သိုင်းကို လည်း လေ့ကျင့်ခဲ့ကြသည်။ ထိုဖိအားပမာဏသည် သူတို့ကို မမောပန်းစေနိုင် ပေ။
အလွယ်ကူဆုံးမှာ ဟွမ်၊ အရိပ်မည်းနှင့် မိုယွိတို့သာဖြစ်သည်။
မိုယွိသည် သူ့ပတ်ပတ်လည်မျ ဖိအားများကို ဖယ်ရှားထားပုံရကာ ဟွမ် နှင့်အရိပ်မည်းတို့သည် လုံးဝပင်လျစ်လျူရှုထားသည်။ အကြောင်းမှာ ထိုဖိအား သည် သူတို့အပေါ်သို့ လုံးဝသက်ရောက်မှုမရှိသောကြောင့်ပင်ဖြစ်သည်။ ထို အရာကို ယွင်ရာမြင်သောအခါ အလွန်ပင် အားကျနေလေသည်။
နှင်းတောင်သည် မမြင့်လှပေ။ သို့သော် တစ်နေကုန်နီးပါးတက်ပြီးမှပင် အပေါ်သို့ရောက်လေသည်။ ချန်ကျိုနှင့် တခြားသူများသည် စိတ်မရှည်တော့ ပေ။ သူမ၏ မရဏာစွမ်းအားကို အလွန်ရင်းနှီးနေခြင်းကြောင့်သာမဟုတ်လျှင် ရှီမာယူယူကို ထိုနေရာတွင်ပင် လက်စဖြတ်လိုက်ပြီဖြစ်သည်။
သူ့လက်ဖဝါးမှ ပူဖောင်းတချို့ထွက်လာပြီး ထိုပူဖောင်းများသည် ပိုပို ကြီးလာကာ ယူယူနှင့်တခြားသူများကို အထဲသို့ထည့်လိုက်သည်။
“သွားမယ်” သူ လက်တစ်ချက်ဝှေ့လိုက်သည်နှင့် ပူဖောင်းများသည် မိုး ပေါ်သို့ ပျံတက်သွားသည်။
ရှီမာယူယူနှင့် တခြားသူများသည် ပူဖောင်းများအထဲမှနေပြီး အေးစိမ့် သော မြူခိုးများအတွင်းသို့ ပျံသန်းသွားကြသည်။ သူတို့သည် အထဲမှ ရှင်းရှင်း လင်းလင်းမမြင်ရပေ။ ပတ်ပတ်လည်မှာ မြူခိုးများသာရှိသည့်ပုံပင်။
သူမသည် အံ့ဖွယ်အာရုံကို ဖြန့်ကျက်လိုက်သည်။ ထိုမြူခိုးများသည် သူမ ၏ အံ့ဖွယ်အာရုံကို ဖိနှိပ်ထားပြီး မီတာတစ်ရာအပြင် ပို့လွှတ်လို့မရသည်ကို သိ လိုက်ရသည်။
အကယ်၍ လမ်းပြမည့်သူမရှိဘဲ သူတို့ဘာသာ မြူခိုးထဲသွားကြပါက အထဲတွင် လမ်းပျောက်နိုင်သည်။
“ယူယူ အောက်မှာ အရိုးတွေအများကြီးပဲ” ဖူရှီသည် မြေပြင်မှ အရိုးများ ကိုမြင်နေရသဖြင့် ရှီမာယူယူကို အော်ပြောလိုက်သည်။
သူတို့သည် မြင့်မြင့်ပျံနေခြင်းမဟုတ်သဖြင့် ရှီမာယူယူ ခေါင်းငုံပြီး အောက်ကိုကြည့်လိုက်သည်။ မြေပြင်ပေါ်တွင် အရိုးများပြန့်ကျဲနေသည်ကို မြင်လိုက်ရသည်။
“အဲလူတွေက ကိုးခုမြောက်မရဏာတောင်ကို ဝင်ဖို့ကြိုးစားတဲ့သူတွေပဲ” ချန်ကျိုသည် အေးစက်စွာ ပြောလေသည်။
“အဲလူတွေ လာတာက လူကြီးမင်းတို့အတွက် ပြဿနာကြီးလား” ရှီမာယူယူသည် မိခင်ဖြစ်သူကို တွေးမိသွားသည်။ သူမက သူတို့ထဲက တစ် ယောက်ဖြစ်လုနီးပါး ဖြစ်သွားတော့မလို့လား။
“အေးခဲမြူခိုးက အဲလူတွေရဲ့ ရည်ရွယ်ချက်ကို မြင်နိုင်တယ်.. သူတို့က အကူအညီတောင်းတာဆိုရင် အထဲကို ဦးဆောင်ခေါ်သွားပေးတယ်.. သူတို့ ရည်ရွယ်ချက်က မမှန်ဘူးဆိုရင် လမ်းပြမပေးဘူး.. ဒီမှာတစ်သက်လုံးနေမလား မဟုတ်ရင် အပြင်ထွက်နိုင်မလားဆိုတာကတော့ သူတို့ကံပေါ်မှာမူတည်တယ်”
“ကျွန်မအမေကရော” ရှီမာယူယူ မေးလိုက်သည် “ကျွန်မအမေက လွန်ခဲ့ တဲ့နှစ်တွေတုန်းက ဒီကိုလာခဲ့တယ်လို့ ဆေးအကြီးအကဲပြောတယ်.. သူမကို အပြင်ပို့ပေးခဲ့တာ လူကြီးမင်းတို့လား”
“လွန်ခဲ့တဲ့နှစ်တွေတုန်းကဟုတ်လား” ချန်ကျိုသည် စဉ်းစားကြည့်ပြီး နောက် ပြောလေသည် “ပြီးခဲ့တဲ့ နှစ်ရာချီအတွင်းမှာ လာတဲ့လူနည်းတယ်.. ဒီကို ရောက်လာတဲ့ မိန်းကလေးတစ်ယောက်ကိုတော့ မှတ်မိသေးတယ်.. ဒါပေမဲ့ သူမကိုတွေ့တာက ဘုရင်မပဲ ငါတို့မတွေ့ဘူး”
“ဘုရင်မဟုတ်လား အဲဒါက အဘွားလား”
“ခဏနေရင် သူမကိုတွေ့ရလိမ့်မယ်” ချန်ကျို ပြောလိုက်သည် “မင်း လာတာနဲ့ သူမကို ခေါ်ခဲ့ဖို့ ဘုရင်မက မိန့်ကြားထားတယ်”
“အိုး..” ရှီမာယူယူသည် အောက်မှ အရိုးများကို နှုတ်ဆိတ်စွာကြည့်ပြီး ပြန်ဖြေလိုက်သည်။
ချန်ကျိုပြောသလိုဆိုလျှင် ဘုရင်မသည် သူမ၏ အဘွားဖြစ်နိုင်ချေ ၈၀ မှ ၉၀ ရာခိုင်နှုန်းအခွင့်အရေးရှိသည်။
သူမက ဘယ်လိုလုပ်တစ္ဆေဘုရင်နဲ့ လက်ထပ်ပြီးတော့ တော်ဝင် နန်းတော်ကနေ ထွက်သွားလဲဆိုတာကို သူမ တွေးမရဘူး။ ဆေးအကြီးအကဲ ပြောသလိုဆိုရင် အမေက ဒီကိုလာပြီးတော့ စိတ်ပျက်လက်ပျက်ဖြစ်သွားတယ် ဆိုတော့ အဘွားက သူမကို တစ်ခုခုပြောလိုက်လို့ပဲဖြစ်ရမယ်။
သူတို့သည် အတန်ကြာပျံသန်းပြီးနောက် နောက်ဆုံးတွင် အေးခဲမြူခိုး များမှထွက်ကာ ကြည်နူးဖွယ်ကောင်းသော နေရာတစ်ခုကိုရောက်လေသည်။
သူတို့ ထိုနေရာမှထွက်လိုက်သည်နှင့် ပူဖောင်းများသည် ပေါက်သွား သည်။ တစ်ခုကောင်းသွားသည်မှာ သူတို့ အမြန်တုံ့ပြန်လိုက်သဖြင့် အောက်သို့ ကျွမ်းထိုးကျမည့်အရေးမှ ကာကွယ်လိုက်နိုင်သည်။
သူတို့သည် ရှေ့သို့ ဆက်သွားရာ ကြီးမားသော တောတစ်ခုကို ပျံသန်းရ သည်။ ထို့နောက် သူတို့သည် စမ်းချောင်းအတိုင်း လိုက်သွားကြသည်။ စမ်းချောင်ထဲတွင် သူမကျောပြင်မှကြာပန်းနှင့် ဆင်တူသော ကြာပန်းများ ပြည့် နှက်နေသည်။
သူတို့သည် စမ်းချောင်းအတိုင်းလိုက်သွားရာ တောင်ခြေတစ်ခုသို့ ရောက် လေသည်။ ချန်ကျိုသည် သူတို့ကိုချလိုက်သည် “နောက်ပိုင်းကို ပျံသွားလို့မရ ဘူး လမ်းပဲလျှောက်ရမယ်”
ရှီမာယူယူသည် ခေါင်းမော့ပြီး မိုးပေါ်ထိထိုးတက်နေသော တောင်ကို ကြည့်ပြီး ပြောလိုက်သည် “ဒါက ကိုးခုမြောက်မရဏာတောင်လား”
“ဟုတ်တယ်”
“ဒီတောင်ကို ကြည့်ရတာနဲ့တင် ကြောက်စရာကြီးပဲ.. အဲဒါကြောင့် ဒါက ကိုးခုမြောက်မရဏတောင်ဖြစ်နေတာပဲ” ဖေးယိသည် ကိုးခုမြောက်မရဏာ တောင်ကို လေးစားသမှုဖြင့် ကြည့်သည်။
ထိုနေရာသည် တစ္ဆေလောက၏ အုပ်စိုးသူများ နေထိုင်ရာဖြစ်သလို ရှေးခေတ်မှ ကိစ္စများကို အသေးစိတ်ဖန်တီးရာနေရာဖြစ်သည်။ သူတို့စိတ်ထဲ တွင် ထိတ်လန့်မှုများပြည့်ရာ နေရာဖြစ်သည်။
“သွားကြမယ် ဘုရင်မစောင့်နေတယ်” ချန်ကျိုသည် ပြောပြီးသည်နှင့် ရှေ့မှ လျှောက်သည်။ သူနှင့်အတူလာသော လူများသည် လူစုခွဲကာ လုပ်စရာ ရှိသည်များ သွားလုပ်နေကြပြီဖြစ်သည်။
သူတို့သည် တောင်တစ်ဝက်အရောက်တွင် တောင်အနောက်ဘက်တွင် တောင်ကို ရစ်ပတ်ကာ အိမ်များတည်ဆောက်ထားသည်ကို မြင်လိုက်ရသည်။
ချန်ကျိုသည် အမြင့်ဆုံးအဆင့်တွင်ရှိသော အိမ်ဆီသို့ခေါ်လာသည်။ ထိုနေရာသို့ သွားရသည့်ခရီးမှာ အလွန်ပင် တိတ်ဆိတ်လွန်းသည်။ အိမ်များတွင် မည်သူမှ မနေထိုင်သည့်ပုံပင်။
“အကုန်လုံးက ပုံမှန်ကျင့်ကြံတာတို့ သူတို့ကိစ္စနဲ့သူတို့ကို အလုပ်များနေ ကြတာ” ချန်ကျို ရှင်းပြလေသည်။
ရှီမာယူယူသည် သူ့ကိုကြည့်လိုက်ပြီး သူသည် တသီးတခြားနေတတ် သော်လည်း စိတ်ထားမှန်သည်ကို သိလိုက်သည်။
သူတို့သည် ပင်မနန်းဆောင်သို့ ရောက်ရာ အပြင်တွင်ရပ်နေသော တပ်သားများသည် ချန်ကျိုကို အရိုအသေပြုပြီး ပြောလေသည် “ညာတမန် တော် ဘုရင်မက သူတို့ကို အထဲကိုခေါ်ခဲ့ပါတဲ့.. သခင်မလေးကလွဲပြီး ကျန်တဲ့ လူတွေ ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ”
ရှီမာယူယူ သူတို့ကိုခေါင်းညိတ်ပြလိုက်သည်နှင့် သူတို့သည် အပျိုတော် နှင့်ထွက်သွားလေသည်။
တခြားအပျိုတော်သည် သူတို့ကိုဦးဆောင်ခေါ်သွားသည်။ ရှီမာယူယူ သည် ထိုနေရာကို ချီးကျူးမိသည်။ ခမ်းနားပြီး ရိုးရှင်းသည်။
ပင်မခန်းမတွင် အနက်ဝတ်ထားသော အမျိုးသမီးကြီးသည် ပန်းပေါင်း နံ့သာများကို ထွန်းညှိနေသည်။ သူမ ထိုရနံ့ကိုရသည်နှင့် စိတ်လက်ချမ်းသာ သွားသည်။
ထိုအမျိုးသမီးသည် ရှီမာယူယူ သူမကို အကဲခတ်နေသည်ကို ခံစားမိပြီး ခေါင်းမော့ကာ ကြည့်လေသည်။
ရှီမာယူယူသည် နောက်ဆုံးမှပင် သူမ၏မိခင်နှင့် သူမ၏ ရုပ်ရည်သည် မည်သူ့ဆီမှ ဆက်ခံလာသည်ကို သိလိုက်ရသည်။ သူမရှေ့မှလူသည် သူမနှင့် ခပ်ဆင်ဆင်ဖြစ်သည်။ သို့သော် သူမ၏ အပြင်အဆင်နှင့် ထောင်လွှားသော အကြည့်တို့သည် တူညီမှုကိုတစ်ဝက်မျှလျော့ကျသွားစေသည်။ အနီးကပ်ကြည့် လျှင် တူညီမှုကိုပင် ရှာရမည်မဟုတ်ပေ။
“ဘုရင်မ ညာတမန်တော်နဲ့ သခင်မလေးတို့ ရောက်ပါပြီ” ချန်ကျို ပြော လိုက်သည်။ သူ့အသံမှာကြည်လင်ပြီး ထောင်လွှားသည်။ ဖန်ရူယန် စကားပြော ပုံနှင့်ပင် ဆင်သည်။
“ပင်ပန်းသွားပြီ ညာတမန်တော်” ချန်ကျိုသည် ဖြေပြီးနောက် နောက်သို့ ခြေတစ်လှမ်းဆုတ်လေသည်။
“ရှီမာယူယူ ငါဘယ်သူလဲဆိုတာကို မင်းသိမှာပေါ့” ချန်ရှန်းသည် မေးပြီး နောက် ရှီမာယူယူကို ကြည့်လိုက်သည်။
“အဘွားက အမေ့ဘက်ကအဘွားဖြစ်ပါလိမ့်မယ်.. ယူယူ အဘွားကို နှုတ်ဆက်ပါတယ်” ရှီမာယူယူသည ပြောပြီးနောက် အရိုအသေပေးလိုက်သည်။
“မင်းအမေတောင် မလုပ်နိုင်ဘဲ မင်းက သွေးသားစွမ်းအားကို နိုးထ အောင် လုပ်နိုင်လိမ့်မယ်လို့ ထင်မထားဘူး” ချန်ရှန်းသည် သူမကို သဘောတွေ့ နေသည် “ကလေး မင်းရဲ့ ကျောပေါ်က ကြာပန်းနက်ကိုပြပါဦး”
ရှီမာယူယူ လျှောက်သွားရာ ချန်ရှန်းသည် ဘေးတွင်ရပ်နေသော အစေခံ မိန်းကလေးကို ကြည့်လိုက်သည်။ သူမ လိုက်ကာကိုချလိုက်သည်။
ရှီမာယူယူသည် ခေတ္တမျှတွေဝေပြီးနောက် အင်္ကျီချွတ်ကာ ကျောပြင်ကို ပြသလိုက်သည်။
***