စံတင်ကြာပန်းနက်
Vol. 143 Ch. 1999
ကြာပန်းနက်တွင် ပွင့်ဖတ် ကိုးဖတ်ပါဝင်ကာ စွင့်ကားနေသည်။ ပွင့်ဖတ် တစ်ဖတ်ချင်းစီတိုင်းသည် သီးသန့်ဆန်ကာ တစ်ဖတ်နှင့်တစ်ဖတ်လည်း ဟန်ချက်ညီညီရှိနေသည်။
“ဒါ တကယ်ပဲ စံတင်ကြာပန်းနက်ပဲ” ချန်ရှန်းဘေးမှ အစေခံမိန်းကလေး ရှောင်ဟဲ့သည် သူမကျောပြင်မှ ကြာပန်းနက်ကိုမြင်သောအခါ အလိုလိုအော်မိ သွားသည်။
အပြင်ဘက်တွင်စောင့်နေသော ချန်ကျိုသည် သူမအော်သံကိုကြားသော အခါ အလိုလိုကြည့်မိလေသည်။ သို့သော် မသင့်တော်လှဟု ခံစားရသဖြင့် အမြန်ပင် အကြည့်လွှဲလိုက်သည်။
ချန်ရှန်းသည် ကြာပန်းနက်ကို စိုက်ကြည့်ပြီး ပွင့်ဖတ်များကို ထိတွေ့ရန် လက်ဆန့်ထုတ်လိုက်သော်လည်း ရှီမာယူယူသည် ချက်ချင်းပင် နေမထိထိုင် မထိဖြစ်သွားလေသည်။
သူမသည် လက်ကိုပြန်ရုတ်လိုက်သော်လည်း မျက်နှာမှာ ပျော်ရွှင်မှုကို ပြလေသည် “စံတင်ကြာပန်းနက်… ပျောက်သွားတာ ဘယ်လောက်တောင် ကြာနေပြီလဲ”
ရှီမာယူယူသည် သူမကို မျက်လုံးများစွာဖြင့် ဝိုင်းကြည့်ကြသည်ကို အသားမကျသဖြင့် လှည့်ကာ မေးလိုက်သည် “ပြီးပြီလား”
“အင်္ကျီပြန်ဝတ်လို့ရပါပြီ” ချန်ရှန်း၏ အသံသည် အနည်းငယ်ပိုဖော်ရွေ လာသလိုပင်။
ရှီမာယူယူ အင်္ကျီပြန်ဝတ်ပြီးသည်နှင့် အစေခံမိန်းကလေးသည် လိုက်ကာ ကိုပြန်တင်လိုက်သည်။
“ဘုရင်မ အဲဒါက တကယ်ပဲစံတင်ကြာပန်းနက်လား” ချန်ကျိုသည် စိတ်လှုပ်ရှားစွာဖြင့် မေးလေသည်။
“ဟုတ်တယ်” ချန်ရှန်းသည် သဲ့သဲ့ပြုံးကာ ခေါင်းညိတ်လေသည်။
“သိပ်ကောင်းတာပဲ” ချန်ကျိုသည် ထိုသတင်းကို မျိုးနွယ်ဝင်များကို ပြော ချင်သည်။ သို့သော် သူ မပြောရသေးသည့် တခြာကိစ္စတစ်ခုကို သတိရသွား ကာ တည်ငြိမ်စွာဖြင့် ပြောလေသည် “ဘုရင်မ သခင်မလေးရဲ့ မရဏာစွမ်းအား က ထူးခြားတယ်”
“ဘယ်လိုထူးခြားတာလဲ”
“ဘုရင်မ ကိုယ်တိုင်ကြည့်လိုက်ပါ”
ချန်ကျိုသည် မည်သို့ရှင်းပြရမည်ကို မသိပေ။ ထို့ကြောင့် သူမ ကိုယ်တိုင် ကြည့်လိုက်သည်က အကောင်းဆုံးဖြစ်မည်။
ရှီမာယူယူသည် သူမ၏ မရဏာစွမ်းအင်အတွင်းအားကို ထုတ်လိုက်ရာ ရင်းနှီးသောရောင်ဝါနှင့် ဖိအားသည် ချန်ရှန်းကို ထိုင်နေရာမှ ထရပ်စေသည်။
“ဒါ.. ဒါက…” သူမသည် ရှီမာယူယူ၏ ခန္ဓာကိုယ်မှထွက်လာသော မရဏာစွမ်းအားကိုကြည့်နေသည် “ဘယ်.. ဘယ်လိုဖြစ်ပြီး…”
“ဘုရင်မ ဒီမရဏာစွမ်းအားက…” ရှောင်ဟဲ့၏ မျက်လုံးများ ပြူးကျယ် လာသည် “ကျွန်မတို့ အာရုံခံစွမ်းအားတွေ မှားနေတာတော့ မဟုတ်ပါဘူးနော်”
“မဖြစ်နိုင်တာ မဖြစ်နိုင်တာ.. ဒါက အဘိုးရဲ့ မရဏာစွမ်းအားပဲ” ချန်ရှန်း သည် ယုံကြည်ချက်ရှိရှိ ပြောလေသည်။ သူမသည် ရှီမာယူယူ၏ လက်ကို ဆုပ် ကိုင်ကာ မေးလေသည် “မင်းဆီမှာ ဘယ်လိုလုပ် အဘိုးရဲ့မရဏာစွမ်းအားရှိနေ တာလဲ.. သူ အခုဘယ်မှာလဲ”
“သူအခု ဘယ်မှာလဲဆိုတာ အဘွားတို့မသိကြဘူးလား” ရှီမာယူယူ မေး လိုက်သည်။
ချန်ရှန်းသည် ခေါင်းခါလိုက်သည် “အဘိုးက အဲတုန်းက ပျောက်သွားခဲ့ တာ သူ့ကိုဘယ်နေရာမှ ရှာမတွေ့ခဲ့ဘူး.. ဒီတိုက်ကြီးမှာ သူ မရှိတော့ဘူးလို့ တောင် သံသယဝင်ခဲ့ကြတယ်.. ဒါပေမဲ့ တခြားတိုက်တွေမှာ သွားရှာလည်း သူ့ကို မတွေ့ခဲ့ဘူး”
“အဘိုးက ရင်လင်းတိုင်းပြည်ရဲ့ နဂါးတန်ပြန်တောင်အောက်မှာ ပိတ်မိ နေခဲ့တာ အခု.. သူ အဲဒီမှာမရှိတော့ဘူး” ရှီမာယူယူ ပြန်ဖြေသည်။
သူမသည် ဘိုးဘေးကြီးနှင့်တွေ့ခဲ့သည့် ငယ်စဉ်ကအကြောင်းများနှင့် သူမ ဝိညာဉ်ကိုကယ်ခဲ့ပုံများကို ပြောပြလိုက်သည်။ သူသည် သူမကို မရဏာ စွမ်းအား မည်ကဲ့သို့ပေးခဲ့သည့်အကြောင်းများကိုပင် ပြောပြလိုက်သည်။ အခန်း ထဲမှလူများသည် ထိုဇာတ်လမ်းကိုနားထောင်ပြီးနောက် အသက်ရှုရန်ပင် မေ့ နေသကဲ့သို့ တိတ်ဆိတ်နေကြသည်။
အတန်ကြာပြီးနောက် ချန်ရှန်းသည် နောက်ဆုံးတွင် သက်ပြင်းချလေ သည် “ငါ အရင်ကတည်းက မှန်းမိပြီးသားဆိုပေမဲ့ ကိုယ်တိုင်ကြားလိုက်တော့ ကျလည်း မတူတော့ပြန်ဘူး”
“အဘွား အရမ်းကြီး စိတ်မကောင်းမဖြစ်ပါနဲ့” သူမ ဝမ်းနည်းသွားကာ ခန္ဓာကိုယ်မှ ရောင်ဝါပါ ပြောင်းလဲလာသည်ကို ရှီမာယူယူ မြင်နေရသဖြင့် ရှေ့တိုးကာ သူမလက်ကို ဆုပ်ကိုင်လိုက်သည်။
ချန်ရှန်းသည် သူမလက်ကို ပုတ်ပေးသည် “ဘိုးဘေးကြီးက မင်းကို သူ့ ဝိညာဉ်စွမ်းအားကို ဆက်ခံခိုင်းမှတော့ မင်းပဲ သူ့အမွေကိုဆက်ခံရမှာပေါ့… အဘွားက စိတ်မကောင်းမဖြစ်ပါဘူး.. မင်းက ငါတို့အတွက် မျှော်လင့်ချက် အသစ်ယူလာပေးတာပဲ အဘွားပျော်ပါတယ်”
“ကိုးခုမြောက်မရဏာမျိုးနွယ်က ပြန်ပြီး ဂုဏ်မြင့်လာမယ်လို့ ဘိုးဘေး ကြီးပြောခဲ့ပါတယ်” ရှီမာယူယူသည် သူမကို နှစ်သိမ့်ပေးလေသည်။
“ဘိုးဘေးကြီးက မင်းကို ယုံကြည်ထားတာပဲ၊ အခုက ငါတို့မျိုးနွယ်…” ချန်ရှန်းသည် တွေဝေသွားပြီးမှ ပြောလေသည် “အခုတော့ ဒီကိစ္စတွေကို မပြော နဲ့တော့.. နောက်ရက်တွေမှာ မင်းကိုရှင်းပြမယ်.. ချန်ကျို စံတင်ကြာပန်းနက် ပေါ်လာပြီလို့ သတင်းလွှင့်လိုက်ဦး.. ယူယူ ပြန်လာတာကို မျိုးနွယ်ဝင်တွေ အကုန် ကြိုဆိုရမယ်”
“နားလည်ပါပြီ” ချန်ကျိုသည် ထွက်သွားသည်။ သူသည် ထိုသတင်းကို အားလုံးကို ပြောပြရန်မစောင့်နိုင်တော့ပေ။
နှစ်တွေ ဘယ်လောက်တောင်ရှိနေပြီလဲ။ စံတင်ကြာပန်းနက်က နောက် ဆုံးတော့ ပေါ်လာပြီ။ ကိုးခုမြောက်မရဏာမျိုးနွယ်ဝင်များ အားလုံးသည် ကျောပြင်တွင် ကြာပန်းနက်ပန်းပုံများရှိကြသည်။ ပွင့်ဖတ်များလေ သွေးသား သန့်စင်လေ၊ အရည်အချင်းကောင်းပြီး အလားအလာများလေဖြစ်သည်။
သို့သော် မည်သည့်အချိန်ကစ၍လည်းမသိပေ.. ကိုးပွင့်ကြာပန်းနက် သည် ပျောက်ကွယ်သွားခဲ့သည်။ ဘိုးဘေးကြီးနှင့် ဘုရင်မပင်လျှင် ပွင့်ဖတ် ကိုးဖတ်သာရှိသည်။
သူမတွင် ပြီးပြည့်စုံသော ကြာပန်းနက်ပိုင်ဆိုင်ထားပြီး ဘိုးဘေးကြီး၏ မရဏာစွမ်းအားပင်ရှိလိမ့်မည်ဟု သူ ထင်မထားပေ။ ထိုအကြောင်းအရင်း နှစ်ခု နှင့်ပင် သူမသည် ကိုးခုမြောက်မရဏာမျိုးနွယ်အား ဂုဏ်ကျက်သရေကို အမြန် ယူလာပေးနိုင်လိမ့်မည်။
“ဘုရင်မ သခင်မလေး နေဖို့အတွက် ကျွန်မသွားစီစဉ်လိုက်ပါဦးမယ်” ရှောင်ဟဲ့ ပြောလိုက်သည်။
“ဟုတ်ပြီ ဒါဆိုလည်း ငါ့ဘေးက ခြံဝန်းကိုရှင်းလိုက်ပါ” ချန်ရှန်း ညွှန်ကြား လေသည်။
“နားလည်ပါပြီ” ရှောင်ဟဲ့သည် ညွှန်ကြားချက်ရပြီးနောက် ထွက်သွား လေသည်။
အခန်းထဲတွင် မြေးအဘွားနှစ်ယောက်သာ ကျန်ခဲ့လေသည်။ ရှီမာယူယူ သည် ခုံရှေ့တည့်တည့်တွင်ရပ်နေသည်။ သူမသည် မေးခွန်းတချို့မေးချင် သော်လည်း မေးရန်အခက်တွေ့နေသည်။
“ငါ့ကို မေးချင်တာများ ရှိလို့လား” ချန်ရှန်းသည် ပြောနိုင်သေလည်။
ရှီမာယူယူသည် ခေတ္တမျှတွေဝေသွားပြီးနောက် မေးရန်ဆုံးဖြတ်လိုက် သည် “အဘွား.. အဘိုးကို ဘာလို့လက်ထပ်ခဲ့တာလဲ.. အမေ့ကိုရော နန်းတော် ထဲမှာ ဘာလို့ထားခဲ့တာလဲ.. အမေက ကိုးခုမြောက်မရဏာတောင်ကို ရောက် တော့ ဘာလို့ စိတ်နောက်သွားသလိုဖြစ်ခဲ့တာလဲ.. တကယ်တော့ အဘွားက အမေ့ကို ဂရုမစိုက်ဘူးမလား .. မဟုတ်ရင် သူမ ဘာတွေဖြစ်ခဲ့လဲ ကျွန်မကို မြင်မြင်ချင်း ကျွန်မနာမည်ကို မသိစရာအကြောင်းမရှိဘူး”
သူမ ယွိခဲ့လော့အကြောင်း ပြောလာသည်နှင့် ချန်ရှန်း၏ မျက်လုံးများ သည် နောင်တများနှင့် အထီးကျန်ခြင်းများပြည့်သွားသည်။
“မင်းအမေက… သွေးသားကို နိုးထအောင် မလုပ်နိုင်ခဲ့ဘူး အဲဒါကြောင့် သူမက ဘယ်ပွဲကိုမှ ပါဝင်ခွင့်မရှိခဲ့ဘူး.. သူမက ငါတို့ကမ္ဘာက လူမဟုတ်ဘူး အဲဒါကြောင့် သူမကို ဝင်ပါခိုင်းလို့မရဘူး.. အဲလိုပဲ” ချန်ရှန်း ပြောလိုက်သည်။
“အမေက လာတုန်းက မျှော်လင့်ချက်အပြည့်ဖြစ်နေမှာပဲ.. သူမက ဘာကြောင့် အဲလောက် ဒဏ်ရာကြီးသွားရတာလဲ” ရှီမာယူယူ မေးလိုက်သည်။
“သူမကို မွေးပြီး ထွက်လာခဲ့ရပေမဲ့ သူမရဲ့အခြေအနေကို အမြဲ စောင့်ကြည့်နေပါတယ်.. တစ္ဆေဘုရင်က သူမကို အရမ်းချစ်တယ်.. သူမလုပ်ချင် တာလုပ်ခွင့်ပေးတယ်.. သူမ ကောင်းကောင်းနေနေရရင် လုံလောက်ပါပြီ” ချန်ရှန်းသည် ခံစားချက် ပါပါပြောလေသည်။
သူမ၏ တစ်ဘဝလုံးတွင် ယွိခဲ့လော့ဆိုသည့် သမီးတစ်ယောက်သာရှိ သည်။ သူမကို ဘယ်လိုလုပ် မလွမ်းဘဲနေပါ့မလဲ။ သို့သော် သူမတွင် လုပ်ရမည့် ကိစ္စများစွာရှိသေးသည်။ ထို့ကြောင့် မတတ်သာဘဲ ထွက်လာခဲ့ရသည်။
“ကိုးခုမြောက်မရဏာမျိုးနွယ် ထွက်မလာတာ နှစ်တစ်ထောင်နီးပါးရှိ တော့မယ်.. အဘွား အဘိုးနဲ့အဘွားက ဘယ်လိုလုပ် သူမကို မွေးခဲ့တာလဲ” ရှီမာယူယူ မေးလေသည်။
“ဒါတွေအကုန်လုံးက အတိတ်တွေပါ.. တစ်ခါက ကိုးခုမြောက်မရဏာ မျိုးနွယ်က ကတိတစ်ခုပြုရတယ်.. အဲဒါကြောင့် အဲဒီသစ္စာကို ပြည့်အောင် ငါ သွားခဲ့တယ်.. ငါမဟုတ်ဘဲ တခြားသူဆိုမဖြစ်ဘူးလေ” သူမသည် ထိုအကြောင်း ကို အကြောင်းစုံမပြောပြပေ။ ထိုအချိန်က သူမသည် အလဲအလှယ်တစ်ခု အတွက်သာ သွားခဲ့ခြင်းဖြစ်သည်။
ချန်ရှန်းသည် အပြင်သို့ ထွက်လာရာ ရှီမာယူယူသည် သူမနောက်မှ လိုက် လာခဲ့သည်။ နှစ်ယောက်သား ကိုးခုမြောက်မရဏာတောင်ဆီသို့ သွားကြသည်။
“ဒါဆို ကိုးခုမြောက်မရဏာမျိုးနွယ်က ဘာလို့ နှစ်ပေါင်းထောင်ချီနီးပါး ထွက်မလာတာလဲ”
“အဓိကအကြောင်းအရင်းကတော့ မင်းရဲ့ဘိုးဘေးကြီး ပျောက်သွားလို့ပဲ တစ်ဖက်မှာ ငါတို့က သူ့ကိုရှာချင်တယ်.. ငါတို့က ရန်သူတွေကို အထက်ကနေ အနိုင်ရချင်တယ်.. ဝိညာဉ်က လိုလားပေမဲ့ ခန္ဓာကိုယ်က အားနည်းနေကြတယ် ပြီးတော့ ခုနက ကြားသလိုပဲ စံတင်ကြာပန်နက်က ပျောက်နေတာ ကြာပြီ… အဲတော့ ငါတို့နေရာလည်း နည်းနည်းကျသွားတယ်” ချန်ရှန်းသည် သူမကို ကြည့်လေသည် “မင်းသာ မင်းအမေလိုမျိုး သာမန်လူဆိုရင် မင်းကို ဒီလိုကိစ္စ တွေပြောပြမှာမဟုတ်ဘူး… ဒါပေမဲ့ မင်းမှာ အဲလိုအရည်အချင်းရှိနေတယ် ပြီးတော့ ဘိုးဘေးကြီးရဲ့ မရဏာစွမ်းအားကိုလည်း ဆက်ခံထားတယ်.. အဲဒါကြောင့် ဒီလမ်းကိုလျှောက်ဖို့ ကံပါလာပြီးသားပဲ”
“ကျွန်မသိပါတယ်.. ဘိုးဘေးကြီးက ကျွန်မဝိညာဉ်ကိုကယ်ပေးတဲ့သူပါ ကျွန်မစွမ်းအားက သူပေးထားတာပါ.. အဲဒါကြောင့် တာဝန်တွေကနေ ရှောင် ထွက်ဖို့ကိုလည်း စိတ်မကူးထားပါဘူး.. မဟုတ်ရင် ဒီကိုလည်းရောက်လာမှာ မဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“မင်းက လိမ္မာတဲ့ကလေးပဲ” ချန်ရှန်း သူမကိုကြည့်သည့်အကြည့်သည် အစောက အဖက်မလုပ်သည့် အကြည့်နှင့်မတူတော့ပေ။ အခု ပို၍နူးညံ့လာ သည် “ဒီလမ်းက ခက်တယ်.. အန္တရာယ်တွေ အခက်အခဲတွေနဲ့ ပြည့်နေတာ.. မင်း ပြင်ဆင်ထားရမယ်”
“ရှေးဟောင်းမျိုးနွယ်တွေ အကြောင်းပြောနေတာလား” ရှီမာယူယူ မေး လိုက်သည်။ သူမသည် ချန်ရှန်း ကြည့်နေသည်ကိုမြင်သောအခါ နှုတ်ခမ်းကို စုဝိုင်းပြီး ပြောလိုက်သည် “တကယ်တော့ ကျွန်မ သူတို့ကိုမြင်ဖူးပါတယ်”
***