မြေးအဘွားနှစ်ယောက်ကြားမှ စကားများ
Vol. 143 Ch. 2000
ချန်ရှန်းသည် သူမကို စိုက်ကြည့်လိုက်သည်နှင့် သူမ မြင်ဖူးသည်ကို သိ လိုက်သည်။ သူမသည် သာမန်ပစ္စည်းများအကြောင်းကို ပြောနေခြင်းမဟုတ် ပေ။
“ဘာတွေမြင်ခဲ့တာလဲ”
“ဇစ်မြစ်ပါ”
“ကိုးခုမြောက်မရဏာမျိုးနွယ်ရဲ့ ဇစ်မြစ်လား”
“တကယ်တော့ အသက်တွေရဲ့ ဇစ်မြစ်ပါ” ရှီမာယူယူသည် တောင်ထိပ် တွင်ရပ်ပြီး အဝေးကိုကြည့်နေသည်။ သူမသည် ကိုးခုမြောက်မရဏာတောင်ကို ဖြတ်စီးလာသည့် မြစ်တွင် ကြာပန်းနက်များယိမ်းနွှဲ့နေသည်ကို မြင်နေရသည်။ “အဲဒီမြစ်ကနေ သက်ရှိတွေ ဘယ်လိုမွေးဖွားလာတယ်၊ ဘယ်လိုဖွံ့ဖြိုးလာတယ် ပြီးတော့ ဘယ်လိုပျောက်ကွယ်သွားတယ်ဆိုတာတွေကို မြင်ခဲ့တယ်… သေချာ ပေါက်တော့ မြစ်ထဲမှာ ကြာပန်းနက်တွေ ပေါက်လာတာကိုလည်း မြင်ခဲ့ရတယ်”
ချန်ရှန်း အံ့ဩသွားသည် “အဲဒါတွေကို ဘယ်မှာမြင်ခဲ့တာလဲ”
“ကစဥ့်ကလျားကမ္ဘာက မြစ်မှာပါ” ရှီမာယူယူ ပြောလိုက်သည်ည “အဲဒီ နေရာက သက်ရှိတွေ မွေးဖွားတဲ့နေရာလို့ ဟွမ်ပြောခဲ့တယ်.. ပြီးတော့ ကစဥ့် ကလျားကမ္ဘာက အဲအတိုင်းပဲရှိနေပြီး သွားတဲ့လူလည်းနည်းသွားတယ်”
“မင်း တကယ်ပဲ ကစဥ့်ကလျားကမ္ဘာကို သွားလိမ့်မယ်လို့ ထင်မထားဘူး ကြည့်ရတာ မင်းက ကံကြမ္မာတွေအများကြီးရှိနေတဲ့လူပဲ” ချန်ရှန်းသည် သူမ၏ ကံကောင်းမှုအတွက် ပျော်ရွှင်မိသည့် တစ်ချိန်တည်းမှာပင် ရင်နာမိသည်။
“အထက်မှာ ပိုအားကောင်းတဲ့ကမ္ဘာကြီးရှိသေးတာ ကျွန်မသိပါတယ်… အဲဒီရှေးဟောင်းမျိုးနွယ်တွေ ထွက်သွားကြပေမဲ့ နေရာတစ်ခုရှာပြီး အနားယူ နေကြတာပါ.. သူတို့ ဘာလို့ထွက်သွားချင်ကြတာလဲဆိုတာကို သိချင်တယ်.. ပြီးတော့ ကစဥ့်ကလျားကမ္ဘာမှာ အသက်တွေစတင်ခဲ့တယ်ဆိုတာကို အခု ခေတ်လူတွေ မေ့နေကြပြီထင်တယ်” ရှီမာယူယူသည် ခံစားချက်ပါပါ ပြောလေ သည်။
“ဟုတ်တယ် ရှေးဟောင်းမျိုးနွယ်တွေက တကယ်ပဲ တခြားနေရာမှာ နေ နေကြတာပဲ.. အဲနေရာကို သိတဲ့လူက အရမ်းနည်းသွားပြီ.. ငါတို့မျိုးနွယ်ဝင် တွေမှာလည်း နေရာတစ်ခုရှိတယ် ဒါပေမဲ့ အခုတော့..” ချန်ရှန်း၏ ရောင်ဝါ သည် ပြောင်းလဲသွားသည်။ သူမ မပြောလျှင်တောင် ရှီမာယူယူသည် ခန့်မှန်းမိ ပြီးသားဖြစ်သည် “ဒါပေမဲ့ ဆင်ပိန်ရင်ကျွဲလောက်တော့ရှိပါသေးတယ်.. အဲဒါ ကြောင့် အဲဒီယင်ကောင်တွေက စိတ်တိုဖို့ကောင်းပေမဲ့ တကယ်တမ်းကျ ငါတို့ ကို ဘာမှမလုပ်နိုင်ပါဘူး.. အဲဒါကြောင့် အခု ဘာမှလုပ်စရာမလိုဘူး.. ဒီအတိုင်း ကောင်းကောင်းကြီးလာပြီး ငါတို့ရဲ့ အနာဂတ်မျှော်လင့်ချက်ဖြစ်လာပေးပါ”
“အင်း” သူမသည် လက်ရှိတွင် အားမကောင်းသေးသောကြောင့် တခြား ဘာမှလုပ်ရန်မလိုသည်ကို ရှီမာယူယူ သိသည်။ ရှေ့လျှောက် အခက်အခဲများစွာ ရှိရုံတင်ဖြစ်သည်။
“နောက်ဆိုရင် မျိုးနွယ်ထဲမှာပဲ နေပါ မင်းဒီမှာရှိရင် ကျင့်ကြံဖို့အတွက် အရင်းအမြစ်ကောင်းကောင်းဖြစ်လာမှာ”
“ကျွန်မမှာ ဘိုးဘေးကြီးရဲ့ မရဏာစွမ်းအားရှိတယ်.. အဲဒါကြောင့် ကျင့်ကြံတုန်းက အတွေ့အကြုံအများကြီးမရှိဘူး.. အခု ကျွန်မအတွက် အရေး အကြီးဆုံးက ကျွန်မရဲ့ကိုယ်ပိုင်ဘုံကို တိုးတက်အောင်လုပ်ဖို့ပဲ” ရှီမာယူယူ ပြောလေသည် “ကျွန်မရဲ့ အဆင့်ကိုထင်သာအောင် မလုပ်ဘူးဆိုရင် ကျွန်မရဲ့ ဘုံကလည်း တိုးတက်မှာမဟုတ်ဘူး… အဲဒါက နောက်ဆိုရင် ကျွန်မရဲ့ ကျင့်စဉ် ကို ပိတ်ပင်သွားလိမ့်မယ်”
“မင်းက ကိုယ့်ရဲ့လက်ရှိ ကျင့်စဉ်ကို ရှင်းရှင်းလင်းလင်းသိနေတာပဲ”
“ပြီးတော့ ကျွန်မ အမေ့ကိုလည်းကယ်ရဦးမယ်.. အဲဒါကြောင့် ဒီမှာ တစ်သက်လုံးနေလို့မရဘူး” ရှီမာယူယူ ပြောလိုက်သည်။
“မင်းအမေက အခုအဆင်ပြေနေပါတယ်… အရေးအကြီးဆုံးကတော့ ပို သန်မာလာဖို့ပဲ”
“အဘွား အမေ့ကို တွေ့ခဲ့တာလား” ရှီမာယူယူသည် အလွန်အံ့ဩသွား သည်။ အမေက ဘယ်သူမှ မဝင်နိုင်တဲ့နေရာမှာ ပိတ်မိနေတယ်လို့ မပြောခဲ့ကြ ဘူးလား။ အဲလိုဆိုရင် အမေ အဆင်ပြေနေတာကို သူမက ဘယ်လိုသိတာလဲ။
“လွန်ခဲ့တဲ့ ၁၀ နှစ်က ငါ တစ္ဆေလောကကို သွားပြီး သူမကိုတွေ့လာတယ်” ချန်ရှန်း ပြောလေသည် “သူမက ငါ့သမီးပဲ ဘယ်လိုလုပ် သွားမရှာဘဲနေပါ့မလဲ”
“ဒါဆို အခု အမေ ဘယ်လိုနေလဲ”
“သူမရဲ့ ဝိညာဉ်က နည်းနည်းထိခိုက်ထားတယ်” သူမသည် ပြီးခဲ့သည့် တစ်ခေါက် တွေ့ခဲ့ပုံနှင့် လတ်တလောတွေ့ခဲ့ပုံ ကွာခြားမှုများကို ပြောပြနေ၏ “ဖြစ်နိုင်တာက သူမက မိခင်တစ်ယောက် ဖြစ်လာတော့ ပိုပြီးတင်းကြပ်ခံရတာ ဖြစ်မယ်”
“ဒါဆို သူမက ဒဏ်ရာရထားတာပေါ့ အဲဒီချိပ်စည်းကြောင့် သူမ ဒဏ်ရာ ရခဲ့တာလား”
“မဟုတ်ဘူး ဒီအတိုင်းပဲ သူမက အဲဒီမှာအချုပ်ခံရတော့ လွတ်လပ်မှု ဆုံးရှုံးသွားတာပဲ.. သူမက အဲဒါအပြင် အရမ်းမခံစားရပါဘူး.. မင်းရဲ့ အဘိုးက ချိပ်စည်းကို ပြောင်းပေးခဲ့တော့ သူမ အဆင်ပြေပါတယ်”
“အဘိုးလည်း အဲဒီကိုသွားခဲ့တာလား.. ဒါဆို သူက အမေနဲ့တွေ့ခဲ့တယ် လို့ ဘာလို့မပြောခဲ့တာလဲ”
ထိုစဉ်က သူမ၏မိခင် အချုပ်ခံလိုက်ရချိန်တွင် သွားမကယ်ပါဟု အပေးအယူလုပ်ခဲ့ရသည်။ ဒါဆို သူက အဲဒီကတိကို ဖောက်ဖျက်တာမဟုတ်ဘူး လား။
“သူ တိတ်တိတ်လေး သွားခဲ့တာ.. သူသွားချင်ရင် အသူရာငရဲလည်း မျက်စိတစ်မှိတ်အတွင်း ရောက်သွားမှာပဲ” ချန်ရှန်း ပြောလိုက်သည် “ဒါပေမဲ့ ရှေးဟောင်းချိပ်စည်းနဲ့ ပတ်သက်လို့ကတော့ သူ ဘာမှမတတ်နိုင်ဘူး.. သူမကို နည်းနည်း သက်သာအောင်ပဲလုပ်လို့ရမယ်”
“အဘိုးက အမေ့ကို ဂရုမစိုက်သလို ဟန်ဆောင်နေပေမဲ့ အရမ်းကြီး မဆိုး ဘူးပဲ” ရှီမာယူယူ ပြုံးလိုက်သည် “အမေ့ကို သွားကယ်နိုင်မှာက ကျွန်မ တစ် ယောက်ပဲရှိတယ်လို့ ရင်လင်းပြောခဲ့တယ်.. အဲဒီချိပ်စည်းကို ဖျက်ဖို့ဆို လေး မျက်နှာအံ့ဖွယ်ချိပ်စည်းလိုတယ်လို့ အဘိုးက ပြောခဲ့တာ.. အဲဒါကြောင့် ကျွန်မ က လေးမျက်နှာအံ့ဖွယ်ချိပ်စည်းကို သွားရှာချင်နေတာပါ”
“လေးမျက်နှာအံ့ဖွယ်ချိပ်စည်းက ရှေးဟောင်းအံ့ဖွယ်ပစ္စည်းပဲ.. မင်းရဲ့ လက်ရှိအားနဲ့ဆိုရင် အဲဒီစွမ်းအားကို သုံးနိုင်မှာမဟုတ်ဘူး.. မင်းအမေ အချုပ်ခံ ထားရတဲ့ အနားကိုကပ်ဖို့ နည်းလမ်းတောင်ရှိမှာမဟုတ်ဘူး”
“အဲဒါကြောင့် ကျွန်မ မရဏာစံတင်အဆင့်ကို မကျော်နိုင်ခင်အထိ လေး မျက်နှာအံ့ဖွယ်ချိပ်စည်း ဘယ်မှာရှိလဲဆိုတာကို အဘိုးက မပြောဘူးတဲ့” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ကျွန်မ တစ္ဆေလောကကို ရောက်နေမှ တော့ မြန်မြန်သန်မာလာမယ်လို့ ခံစားနေရတယ်.. ကျွန်မ ဘုံအသေးကတော့ မလိုက်နိုင်သေးဘူး.. အခု ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် လုပ်ချင်တယ်.. အစကတော့ ကျင့်ကြံတာကိုပဲ အာရုံစိုက်လုပ်မလို့ပဲ ဒါပေမဲ့ မတော်တဆ ဒီ နေရာကို ရောက်လာမိသွားတယ်”
“ပြောပါဦး တစ္ဆေလောကကို ရောက်တော့ ဘာတွေကြုံခဲ့ရပြီလဲ”
ရှီမာယူယူသည် ကြုံတွေ့ခဲ့ရသည့် အကြောင်းများကို ပြောပြသည်။ သူမ သည် ၁၀ နှစ်တာအတွင်း၌ပင် ဤမျှအားကောင်းခဲ့ရာ မြန်ဆန်လွန်းသည်ဟု ပြော၍ရသည်။
ချန်ရှန်းသည် သူမ၏ စွန့်စားမှုများကို ကြားပြီးနောက် ပြုံးလိုက်သည် “နည်းနည်းတော့ မြန်တာပဲ.. ပြီးတော့ ဘိုးဘေးကြီးရဲ့ မရဏာစွမ်းအားနဲ့ဆို တော့ ပိုပြီးတောင် မြန်သွားတာ.. ပြီးတော့ မင်း လူသားလောကမှာရှိတုန်းက အထွတ်အထိပ်ထိမရောက်ခဲ့ဘူး.. မင်းရဲ့ဘုံကလည်း မပြည့်စုံသေးတော့ အဲဒါ က သက်ရောက်မှုကြီးသွားတာပဲ”
“ကျွန်မက လျှို့ဝှက်ဂိုဏ်းကိုသွားပြီး အခြေခိုင်အောင် လုပ်မလို့ပဲ” ရှီမာယူယူ ပြောလိုက်သည် “သူတို့ကလည်း ကျွန်မကို ဝင်စေချင်နေကြတယ်”
“လျှို့ဝှက်ဂိုဏ်း.. အဲဒီနေရာလည်း မဆိုးဘူးပဲ” ချန်ရှန်းသည်လည်း လျှို့ဝှက်ဂိုဏ်းအကြောင်းကို သိသည် “မင်းက အနာဂတ်မှာ ဘာလုပ်မယ်ဆို တာကို အစီအစဉ်ချပြီးတဲ့ပုံပဲ.. မင်းက တကယ်ပဲ သူများတွေပြောသလို ကိုယ်ပိုင်အမြင်နဲ့ အစီအစဉ်တွေရှိပြီးသားပဲ”
“အမေ အဲဒီမှာ အကြာကြီး အချုပ်ခံထားရတယ်လို့ ထင်လို့ အစတုန်းက တော့ ပိုပြီးလောမလို့ပဲ.. ဒါပေမဲ့ အဲဒီမှာ အဆင်ပြေနေတယ်လို့ကြားတော့ နည်းနည်း စိတ်အေးသွားပြီ” ရှီမာယူယူ ပြောလိုက်သည်။
“မင်းကို အရိပ်ထဲကနေ ကာကွယ်ဖို့ လူစီစဉ်ပေးလိုက်ပါမယ်”
ထိုအရာများကို မလိုအပ်ပါဟု ရှီမာယူယူ ပြောချင်သည်။ သို့သော် မဖြစ် နိုင်သည်ကို သိလိုက်ရသည်။ သူမတွင် အားကောင်းသော သွေးသားနိုးထနေ သည်ကို သူတို့သိနေသဖြင့် ကိုးခုမြောက်မရဏာမျိုးနွယ်သည် ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေမည်မဟုတ်ပေ။
“မျိုးနွယ်မှာ ခဏတော့နေပါဦး”
“ဟုတ်ကဲ့ပါ”
သူတို့နှစ်ယောက်သည် တောင်ထိပ်တွင်ရပ်နေကြသည်။ မူလအစက တိတ်ဆိတ်နေသော ကိုးခုမြောက်မရဏတောင်သည် သက်ဝင်လှုပ်ရှားလာ သည်။ တစ်ယောက်စားတစ်ယောက်နှင့် ရှီမာယူယူအကြောင်းကို သိသွားကြ သည့်ပုံပင်။
“မျိုးနွယ်က ဒီလိုမျိုးအသက်မဝင်တာကို ကြာနေပြီ” ချန်ရှန်း ပြောလိုက် သည် “မင်းက အကုန်လုံးဆီကို ဘဝအသစ်ယူလာပေးတာပဲ”
“အကုန်လုံးက ညာတမန်တော်လိုမျိုး တသီးတခြားနေကြတဲ့လူလို့ ထင် နေတာ” ရှီမာယူယူ စနောက်လိုက်သည်။
“ချန်ကျိုက အဲဒီနေရာကို မသွားနိုင်ဘူး.. သူက ကိုးခုမြောက်မရဏာ တောင်မှာပဲ နေပြီးကာကွယ်ရတာ.. သူများတွေနဲ့လည်း ပုံမှန်မဆက်ဆံဖြစ်ဘူး အဲဒါကြောင့် သူ့စရိုက်ကအေးနေတာလေ” ချန်ရှန်း ပြောလိုက်သည် “တကယ် တော့ သူက အရင်ကဆို ပိုပြီးအပူအပင်မရှိတဲ့လူပါ”
“အဲဒါကြောင့် သူ့စရိုက်က မောက်မာပေမဲ့ နွေးထွေးတယ်လို့ ခံစားရတာ ကိုး” ရှီမာယူယူ ရယ်မောလိုက်သည်။
“သွားမယ် သူတို့အကုန်လုံး ရောက်နေကြပြီ သွားနှုတ်ဆက်ရအောင်” ချန်ရှန်း ပြောလိုက်သည်။
“ဟုတ်ကဲ့” ရှီမာယူယူသည် သူမနောက်လိုက်ကာ တောင်အောက်သို့ ဆင်းလာလိုက်သည်။ သူမ၏ မျိုးနွယ်ဝင်များနှင့်မတွေ့ခင်တွင် ရုတ်တရက် မေးလိုက်သည် “အဘွား ကိုးခုမြောက်မရဏတောင်အထက်က တိုက်ကို သွား လို့ရလား”
“ရတယ်.. ဒါပေမဲ့ အဲဒီလမ်းက မင်းတစ်ယောက်ပဲ သွားလို့ရလိမ့်မယ်.. ကြာပန်းနက် သွေးသားမရှိတဲ့လူတွေက သွားခွင့်မရှိဘူး” ချန်ရှန်း ပြောလိုက် သည် “တခြားသူတွေသွားချင်ရင်တော့ မင်းဘေးက ကောင်လေးကသွားလို့ရ လိမ့်မယ်.. သူက အဲဒီနေရာကလူပဲ”
***