← Chapters

မျိုးနွယ်ဝင်များ

Vol. 143 Ch. 2001

မျိုးနွယ်ဝင်များ

Vol. 143 Ch. 2001

ဖူရှီသည် တခြားကမ္ဘာမှလူဖြစ်သည်ကို ရှီမာယူယူသိသည်။ သို့သော် ချန်ရှန်းပြောသည့် နေရာမှဖြစ်နေလိမ့်မည်ဟု ထင်မထားမိပေ။

“အဲဒီကလေးက ဒဏ္ဍာရီနဂါးအမိန့်ရဲ့သခင်ပဲ.. သူက အဲဒီဘက်မှာ အရေး ကြီးတဲ့ ရာထူးရှိနေတယ်” ချန်ရှန်း ပြောသည် “သူ ကြာကြာမနေရတော့ဘူးလို့ ကောလာဟလတွေရှိတယ် ဒါပေမဲ့ အခုတော့ တော်တော်လေး အဆင်ပြေနေ တဲ့ပုံပဲ.. သူ့ပြဿနာကို မင်းရှင်းပေးလိုက်တာလား”

“ဟုတ်ပါတယ်” ဖူရှီသည် ထိုနေရာတွင် အလွန်ကျော်ကြားသည့်လူဖြစ် နေသည့်ပုံပင်။ ထိုအရာကပင် သူသည် ရာထူးမြင့်ကြောင်းကို သက်သေပြနေ သည်။ မဟုတ်လျှင် ဒဏ္ဍာရီနဂါးအမိန့်ကဲ့သို့ ပစ္စည်းမျိုးကို မျက်စိတစ်မှိတ် အတွင်းရလာပြီး ယခုအထိအသက်ရှင်နေမည်မဟုတ်ပေ။

သို့သော် ထိုနေရာမှ အဖြစ်အပျက်များကို သူမ ဂရုစိုက်မနေချင်ပေ။ ယခု အချိန်တွင် သူမကိုယ်တိုင် တိုးတက်အောင်လုပ်ရမည်ဖြစ်သည်။

“ဘုရင်မ ဘုရင်မ” ကိုးခုမြောက်မရဏာမျိုးနွယ်မှလူများသည် ပြေးလာ ပြီး ဝမ်းပန်းတသာဝန်းရံလိုက်ကြသည် “သခင်မလေးမှာ တကယ်ပဲ ကြာပန်း နက်ရှိနေတာလား”

“ဟုတ်တယ်”

“တကယ်ကို အံ့လောက်စရာပဲ ကျွန်တော်တို့မျိုးနွယ်မှာ မျှော်လင့်ချက်ရှိ လာပြန်ပြီ”

“ခုနက ညာတမန်တော်က ကျွန်တော်တို့ကို လာစနေတယ်ထင်တာ.. တကယ်ဖြစ်နေလိမ့်မယ်လို့ ထင်မထားဘူး”

“ဘုရင်မ သခင်မလေးက ဘုရင်မရဲ့ မြေးမမလား.. နောက်ဆိုရင် သူမက ကျွန်တော်တို့ရဲ့ သခင်မလေးဖြစ်လာမှာလား”

“ယူယူက နောက်ဆိုရင် ဘုရင်မအငယ်ဖြစ်လာလိမ့်မယ်” ချန်ရှန်း ပြော လိုက်သည် “ကန့်ကွက်စရာရှိသေးလား”

“မရှိဘူး သေချာပေါက်မရှိဘူးပေါ့”

“ကျွန်တော်တို့တင် ကန့်ကွက်စရာမရှိတာမဟုတ်ဘူး မျိုးနွယ်ထဲက တစ်ယောက်မှလည်း မကန့်ကွက်ကြဘူး.. နှစ်တွေအများကြီးမျှော်လာတာ နောက်ဆုံးတော့ မျှော်လင့်ချက်တွေ့သွားပြီ”

“ဟုတ်တယ် သခင်မလေးက နောက်ဆိုရင် ဘုရင်မအငယ်ဖြစ်လာမှာ”

“ဘုရင်မ ကျွန်တော်တို့ စံတင်ကြာပန်းနက်ရဲ့ စွမ်းအားကို အာရုံခံကြည့် လို့ရမလား”

မျိုးနွယ်ဝင်များစုလာသည်နှင့် နဂိုက အေးစက်ပြီး မောက်မာသော ချန်ရှန်း၏ အကြည့်မှာ နူးညံ့လာသည်ကို ရှီမာယူယူ သတိထားမိသည်။

သူမသည် သူမ၏မျိုးနွယ်ဝင်များကို ချစ်သည်။ သို့‌သော် သူမတွင် တာဝန် များစွာရှိသဖြင့် အေးစက်စွာနေထိုင်ခြင်းဖြစ်သည်။

ချန်ရှန်းသည် သူတို့၏တောင်းဆိုချက်ကိုကြားသောအခါ သူမကို ခေါင်း မော့ကြည့်ပြီး သဘောတူညီချက်တောင်းလေသည်။

ရှီမာယူယူမှာပါ သူတို့၏ အပျော်များကူးစက်ကာ ပြုံးလိုက်သည် “ဘာလို့ မရရမှာလဲ”

သူမသည် ဝိညာဉ်စွမ်းအင်ကို လှုပ်နိုးလိုက်သည်နှင့် ကျောပြင်မှ ကြာပန်း နက်သည် စတင်ပူလောင်လာသည်။ ရွှေရောင်အလင်းတန်းတောက်လာသည် နှင့် အားလုံး မျက်လုံးများပင် စူးသွားလေသည်။

“ဒါက တကယ်ပဲ စံတင်ကြာပန်းနက်ပဲ.. ငါ ခံစားလို့ရတယ် ခံစားလို့ရ တယ်”

“ဒါက အရွယ်မရောက်သေးတဲ့စွမ်းအားပဲ ဒါကတကယ်ပဲ…”

အများစုမှာ ပီတိများဖြစ်ကြသည်။ သူတို့ ကြာရှည်စွာစောင့်လာပြီး နောက်ဆုံးတွင် မျှော်လင့်ချက်ရောက်လာပြီဖြစ်သည်။

“ဘုရင်မအငယ်”

“ဘုရင်မအငယ်”

“အဲလိုမလုပ်ကြနဲ့လေ သူမလန့်သွားဦးမယ်” ချန်ရှန်း ပြောလိုက်သည် “ယူယူက ဒီရောက်နေပြီပဲ နောက်မှပြောလို့ရတယ်”

“ဘုရင်မ ပွဲလုပ်ကြမယ်လေ.. ဘုရင်မအသစ်အတွက် ပွဲလုပ်ပေးရမှာပေါ့”

“ဟုတ်ပြီလေ”

ထိုညတွင် ကိုးခုမြောက်မရဏာတောင်အောက်တွင် ပျော်ပွဲစားပွဲရှိလေ သည်။ ရှီမာယူယူသည် သူတို့၏ စိတ်အားထက်သန်မှုကို ခံစားမိကာ သူတို့နှင့် အတူလိုက်ပျော်ပေးသည်။ ဝူလင်းယူနှင့် တခြားသူများကိုတော့ သူတို့၏ ဘုရင်မအငယ်၏ မိတ်ဆွေများအဖြစ် ကြိုဆိုပေးကြသည်။

ညတစ်ဝက်ကုန်လွန်ပြီးနောက် ရှီမာယူယူနှင့် ဝူလင်းယူတို့ ခိုးထွက်လာ ကြသည်။

“ကိုယ်တို့ ဆက်ဆံရေးကို သူတို့သိသွားကြတော့ ဖြစ်သွားတဲ့မျက်နှာတွေ ကိုမြင်လိုက်လား… သူတို့က ကိုယ့်ကိုရှင်းဖို့ မစောင့်နိုင်ကြတော့ဘူးပဲ” ဝူလင်းယူသည် သူမကို သွားဖြဲပြီးကြည့်လေသည်။

“ဟား ဟား သူတို့တွေက တကယ်ပဲရှင့်ကို အပိုင်းပိုင်းခုတ်ချင်နေပြီ” ရှီမာယူယူသသည် ဗိုက်နာသည်အထိ ရယ်မောလေသည်။

“ကိုယ်က မင်းအတွက် မထိုက်တန်ဘူးလို့ ထင်နေကြတာပဲ” ဝူလင်းယူ သက်ပြင်းချလေသည် “ဟူး ကိုယ်တော့ အထင်သေးခံနေရပြီ”

“နောက်ဆုံးကျလည်း သူတို့လက်ခံလိုက်ကြတယ်မဟုတ်ဘူးလား”

“ကိုယ်က မင်းအတွက် ဒီအထိလိုက်လာတာကြောင့် ကိုယ့်ကို နှင်ထုတ်ဖို့ ကျလည်း သနားလို့လေ”

“အဆုံးသတ်က အဆင်ပြေနေတာပဲ ဖြစ်စဉ်က အရေးမကြီးပါဘူး” ရှီမာယူယူသည် သူ့လည်တိုင်ကို လက်ဖြင့် သိုင်းဖက်လိုက်သည်။

သူသည် သူမအတွက် မည်မျှလုပ်ပေးခဲ့သည်ကို သိသွားသောကြောင့် နောက်ဆုံးတွင် သူ့ကိုလက်ခံလိုက်ခြင်းဖြစ်သည်။ အရေးအကြီးဆုံး အကြောင်း အရင်းမှာ သူမသည်သူ့ကိုနှစ်သက်နေကာ လက်ခံထားခြင်းကြောင့် သူတို့ ဘာမှမတတ်နိုင်ကြပေ။

ထို့အပြင် သူသည် အလွန်အားကောင်းသည်။ မျိုးနွယ်အတွင်းမှ သူ့ကို မကျေနပ်သူရှိသဖြင့် သူ့ကိုစိန်ခေါ်ခဲ့ရာ တိုက်ကွက်နှစ်ချက် သုံးချက်နှင့်ပင် အနိုင်ရခဲ့သည်။ သူ ဘာကြောင့် အလျော့မပေးသလဲဟု နောက်မှ သူမ မေး ကြည့်ရာ သူသည် တအံ့တဩ မျက်ခုံးများကို ပင့်တင်လေသည် “ကိုယ် ဘယ်လောက် အားကောင်းလဲဆိုတာကို သူတို့မမြင်ရင် မင်းကို လိုလိုလားလား ပေးပါ့မလား”

သန်မာသူများသာ အလေးစားခံရသည်။

“ဒီမှာ ဘယ်လောက် ကြာအောင်နေမှာလဲ” ဝူလင်းယူသည် သူမ၏ ခါးလေးကို ကိုင်ပြီး မျက်နှာချင်းအပ်လိုက်သည်။

“နှစ်လလောက်ပဲ… အဘွားနဲ့ အခုမှတွေ့တာလေ အဲဒါကြောင့် သူမနဲ့ အချိန်ကုန်ချင်သေးတယ်.. ထွက်သွားလိုက်ရင် ဘယ်လောက်ကြာမှ ပြန်တွေ့ မလဲဆိုတာ မသိသေးဘူး” ရှီမာယူယူ ပြောလေသည် “ဒါပေမဲ့ လျှို့ဝှက်ဂိုဏ်းက ကျွန်မကိုမလိုချင်ရင်တော့ မသိဘူးလေ”

“ကိုယ်တွေက အရည်အချင်းရှိတာပဲ သူတို့တွေ မလိုချင်စရာအကြောင်း မရှိပါဘူး.. ကိုယ်တို့ကသာ လျှို့ဝှက်ဂိုဏ်းကလိုချင်တဲ့သူဖြစ်ရမှာ” ဝူလင်းယူ သည် ကိုယ့်ဘက်ကိုယ်ယက်ကာ ပြောလေသည်။

“ဟွန့် ကိုယ့်ဘက်ကိုယ်ယက်တဲ့လူကြီး” ရှီမာယူယူသည် ရယ်မောလေ သည် “ကျွန်မဂီတိုက်ကွက် လေ့လာဖို့သွားလိုက်ဦးမယ်.. ရှင်ရော”

“မင်းနဲ့ အနီးဆုံးနေရာ ဘယ်နေရာပဲဖြစ်ဖြစ်ရတယ်” ဝူလင်းယူ ပြောလေ သည်။

“ဟုတ်ပြီ ရှင် ကျွန်မဘေးမှာရှိရင် ဘာကိုမှမကြောက်ဘူး” ရှီမာယူယူ သည် ပြောပြီးနောက် ဦးစွာသူ့နှုတ်ခမ်းကို အနမ်းခြွေလိုက်သည်။

….

နောက်တွင် ရှီမာယူယူသည် ကိုးခုမြောက်မရဏာမျိုးနွယ်ကိစ္စများ၊ သမိုင်းကြောင်း၊ သိုင်းကွက်များ အစရှိသည်များနှင့် တဖြည်းဖြည်း ရင်းနှီးလာ သည်။ ချန်ရှန်းတွင်အချိန်ရှိပါက သူမနှင့် စကားလာပြောသည်။

တခြားအချိန်များတွင် သူမသည် မျိုးနွယ်အတွင်း လမ်းလျှောက်သည်။ ဖန်မျိုးနွယ်မြေပြင်နှင့်ယှဉ်လျှင် ကိုးခုမြောက်မရဏာမျိုးနွယ်၏ နယ်မြေသည် သေးငယ်ကာ မျိုးနွယ်ကြီးနှင့်မတူပေ။

မျိုးနွယ်ဝင်များသည် သူမကိုမည်သည်နှင့် လုပ်လက်စများကို ရပ်ကာ နွေးထွေးစွာ နှုတ်ဆက်ကြသည်။ ရှီမာယူယူသည်လည်း လမ်းလျှောက်ရပ်ကာ သူတို့နှင့်စကားပြောပြီး သူတို့၏နေထိုင်မှုဘဝကို သိအောင်လေ့လောသည်။

ယွင်ရာသည် ထိုလူများ အေးအေးချမ်းချမ်းနေထိုင်နေသည်ကို မြင်သော အခါ ပြောလိုက်သည် “တစ္ဆေလောကရဲ့ အုပ်စိုးသူတွေက သာမန်လူတွေရဲ့ အထက်မှာရှိတဲ့ မောက်မာတဲ့လူတွေဖြစ်လိမ့်မယ်လို့ ထင်ထားတာ.. အခု သူတို့ကို တွေ့မှပဲ သာမန်လူတွေထက်တောင် နိမ့်ချတတ်မှန်းသိတော့တယ်”

“သူတို့တွေက တကယ်ပဲ ငါတို့ထင်ထားတာနဲ့ မတူဘူးပဲ” ဖေးယိ ပြော လိုက်သည် “ဒါပေမဲ့ ငါတို့မမှားတာလည်း ရှိသေးတယ်.. အဲလူတွေက အရမ်းကို အားကောင်းကြတယ်.. သာမန်မျိုးနွယ်ဝင်တွေတောင် သာမန်လူတွေထက် ကျင့်ကြံတာမြန်တယ်.. ကိုးခုမြောက်မရဏာမျိုးနွယ်ရဲ့ သွေးသားက တကယ်ပဲ အားကောင်းကြတယ်”

“ဒီတစ်ခါ ထွက်လာတာ လက်ဗလာတော့မဖြစ်ဘူးပဲ.. ရှေးဟောင်း တိုက်ပွဲဝိညာဉ်တွေ မရလိုက်ပေမဲ့ အရိုးပုလွေနဲ့ ကိုးခုမြောက်မရဏာမျိုးနွယ်ကို လည်းတွေ့ရတယ် ဆိုးတော့မဆိုးဘူး” ယွင်ရာ ပြောလိုက်သည်။

“ဒီနေရာကနေ လျှို့ဝှက်ဂိုဏ်းကိုသွားမယ်လို့ ယူယူပြောတယ်.. အမှန် အတိုင်းပြောရရင် လျှို့ဝှက်ဂိုဏ်းလို ပတ်ဝန်းကျင်နဲ့ဆို ငါတို့သွားလိုက်တာနဲ့ ပွက်လောတွေရိုက်ကုန်မယ်ထင်တယ်.. ဂိုဏ်းက အဖွဲ့ဝင်တွေဘာဖြစ်လဲဆို တာကို ဂရုစိုက်တာမဟုတ်ဘူး.. အရင်ဆုံး သူမကို ဒါပြောရမယ်” ဖေးယိ ပြော လေသည်။

“စိတ်ပူမနေနဲ့ သူမ မှန်းမိတာ ကြာလောက်ပြီ” ယွင်ရာသည် စိတ်မပူပေ‌ “သူမက ဉာဏ်ကော်ငးတာပဲ အဲတော့ ငါတို့တွေမပြောလည်း ဒီကိစ္စတွေကို သိ နေမှာပဲ.. ဒါပေမဲ့ သူမကလည်း ဂရုစိုက်တာမဟုတ်ဘူး.. ငါတို့ဆိုရင်တောင် သူ တစ်ယောက်တည်းနဲ့ တိုက်ခိုက်ရင် နိုင်ဖို့မသေချာဘူး.. ဂိုဏ်းကဟာတွေဆို ပို ဆိုးတယ်.. သူမကို ရန်စရဲရင် သူမ နှိပ်စက်တာကို စောင့်ကြည့်ရုံပဲ”

“အမှန်ပဲ ဟူး… ငါတို့တွေ ပညာစုံသွားလို့ ဂိုဏ်းမှာထပ်မနေနိုင်တော့ တာတော့ နှမြောဖို့ကောင်းတယ်.. မဟုတ်ရင် သူမ ဂိုဏ်းကို ဇောက်ထိုးလုပ် တာကို ကြည့်ရဦးမယ်” ဖေးယိ ရယ်မောလေသည် “မင်းဘယ်လိုထင်လဲ သူမ လိုလူမျိုးက ဘယ်လိုလုပ် ကမ္ဘာပေါ်မှာရှိနေနိုင်တာလဲ”

“အချိန်ကိုက် မွေးဖွားလာတဲ့လူတွေလည်းရှိတယ်.. အဲလိုလူမျိုးတွေကို ကောင်းကင်က ပေးသနားထားတာပဲ” ယွင်ရာ ထောက်ပြသည်။ ထိုသို့ ပြောပြီး နောက် သူတို့သည် တိတ်ဆိတ်သွားကာ ရှီမာယူယူ တခြားမျိုးနွယ်ဝင်များနှင့် စကားပြောနေသည်ကို ကြည့်နေလိုက်ကြ၏။

နှစ်လကြာပြီးနောက် ရှီမာယူယူသည် ချန်ရှန်းနှင့် မျိုးနွယ်ဝင်များကို နှုတ်ဆက်ကာ ပြန်ရန်ပြင်ဆင်လေသည်။ မျိုးနွယ်ဝင်များသည် သူမကို မလို လားစွာဖြင့် ဖြတ်လမ်းဝင်္ကပါဆီသို့ လိုက်ပို့ကာ မကြာခဏပြန်လာရန် မှာကြား ကြလေသည်။

ချန်ရှန်းသည် လျှောက်လာပြီး ရှီမာယူယူ၏ လက်ထဲသို့ သေတ္တာတစ်လုံး ထည့်ပေးလေသည်။

***

All Chapters