လမ်းခွဲခြင်း
Vol. 143 Ch. 2002
“ဒါ သမီးအတွက် ပြင်ပေးထားတဲ့ပစ္စည်းပဲ၊ အထဲမှာ သုံးနည်းတွေကို လည်း မှတ်တမ်းတင်ပေးထားတယ်” ချန်ရှန်း ပြောလိုက်သည် “တခြားပစ္စည်း တွေကိုတော့ စိတ်တိုင်းကျသုံးလို့ရတယ်.. ဒါပေမဲ့ ပျောက်လို့မဖြစ်တဲ့ ပစ္စည်း တစ်ခုရှိတယ်.. ဒီအထဲမှာက မျိုးနွယ်ကို တိုက်ရိုက်ပြန်လာလို့ရမယ့် အစီအရင် တစ်ခုရှိတယ်.. ဘယ်နေရာပဲရောက်ရောက် ဘယ်လိုအခြေအနေမှာပဲဖြစ်ဖြစ် ဒီနေရာကို တိုက်ရိုက်ခေါ်လာပေးလိမ့်မယ်”
ရှီမာယူယူသည် သေတ္တာယူလိုက်သည်။ အထဲတွင် မည်သည့်ပစ္စည်းပါ နေသည်ကိုတော့မသိပေ။ သို့သော် ထိုအစီအရင်သည် အလွန်အားကောင်း သည်ကိုတော့ သိသည်။
မည်သည့်နေရာတွင် ရောက်နေစေကာမူ၊ မည်သည့်အခြေအနေ ဖြစ်နေ ပါစေ သူမအသုံးပြုနိုင်သည်။ ဆိုလိုသည်မှာ ထိုပစ္စည်းသည် အလွန်အား ကောင်းသည်။ အကယ်၍ လေဟာပြင်ကို တစ်စုံတစ်ယောက်မှ ချိပ်စည်းပိတ် လိုက်ပါက အသုံးပြုရနိုင်သေးသည်။ ထိုအရာသည် မည်မျှအားကောင်း ကြောင်းကို ပြနေသည်။ သူမသာ လူအိုကြီးများ အဝိုင်းခံရသည့် အခြေအနေမျိုး ထပ်မံကြုံတွေ့လာပါက ဝိညာဉ်စေတီအတွင်းသို့ သွားရန်မလိုတော့ဘဲ ဤနေရာသို့ ပြန်လာရုံသာဖြစ်သည်။
ဒါက အသက်တစ်ချောင်း လက်ဆောင်ပေးသလိုပဲ။
ထို့အပြင် အထဲတွင် အသုံးပြုနည်းများပါသည်ဟု ပြောသဖြင့် ပစ္စည်း အများအပြားပါသည်ဟု ဆိုလိုခြင်းဖြစ်သည်။ ထို့အပြင် ပြီးခဲ့သည့်တစ်ခေါက် သူမ ရတနာအဆောင်ကို သွားခဲ့စဉ်က ရတနာအများအပြားကိုမြင်ခဲ့သည်။ အနည်းငယ်ကို ကိုင်ကြည့်ရုံနှင့်တင် လေးလံနေပြီဖြစ်သည်။
“ကျေးဇူးတင်ပါတယ် အဘွား” သူမသည် သေတ္တာကို သိမ်းလိုက်သည်။
“လျှို့ဝှက်ဂိုဏ်းက ပုံမှန်ကမ္ဘာမှာရှိတတ်တာမဟုတ်ဘူး.. ဘယ်နေရာမှာ လဲဆိုတာကိုလည်း မမေးတော့ဘူး.. ဖြတ်လမ်းဝင်္ကပါက သမီးကို တြိဂံဒေသကို ခေါ်သွားပေးလိမ့်မယ်.. အဲဒီကနေ လျှို့ဝှက်ဂိုဏ်းကိုသွားလို့ရတယ်” ချန်ရှန်း ပြောလေသည်။
“ဟုတ်ကဲ့ပါ”
သူမ၏ အပြုအမူသည် ယွင်ရာနှင့် ဖေးယိတို့ကို စိတ်သက်သာရာရစေ သည်။ အကယ်၍ သူမသာ လျှို့ဝှက်ဂိုဏ်းတည်နေရာကိုမေးလာလျှင် သူတို့ သည် အဖြေကိုဖိအားကြောင့် ဖြေနေရဦးမည်။ သည်လိုဆိုလျှင် သူတို့ ကျော် ဖြန်နိုင်သော်လည်း အခက်တွေ့စေမည်ဖြစ်သည်။
“ချန်ကျိုက နောက်ဆိုရင် သမီးရဲ့ ကိုယ်ရံတော်ဖြစ်ပေးလိမ့်မယ်.. သူက သမီးရဲ့လုံခြုံရေးကို စောင့်ရှောက်ပေးလိမ့်မယ်”
ချန်ကျိုသည် အော်လိုက်ရုံမျှနှင့် ထိုလူအိုကြီးများအားလုံးကို နောက်ဆုတ်သွားစေသည့် မြင်ကွင်းကို ရှီမာယူယူ ပြန်တွေးမိပြီး သူမဘေးတွင် သူ ကိုယ်ရံတော်အဖြစ် မည်သို့နေသွားမည်ကို စဉ်းစားမိသည်။ သူမ နှုတ်ခမ်း တွန့်ပြီး ပါးနပ်စွာဖြင့် ငြင်းဆန်လေသည် “ညာတမန်တော်ကို ကျွန်မရဲ့ ကိုယ်ရံ တော်ဖြစ်ခိုင်းရမှာလား… သူ့ရဲ့ အရည်အချင်းကောင်းတွေကို ဖြုန်းတီးသလို ဖြစ်မနေဘူးလား”
“ချန်ကျိုက တိုက်ပွဲတွေမှာ သန်မာပြီးအားကောင်းတယ်… သူသာ သမီး ဘေးမှာရှိရင် လူအများကြီးစီစဉ်ပေးစရာမလိုတော့ဘူး” ချန်ရှန်း ပြောလေသည် “မဟုတ်ရင် အကြံပေးချင်တာရှိလို့လား”
ရှီမာယူယူသည် ပါးစပ်ဟလိုက်သည်။ သို့သော် နောက်ဆုံးတွင် ပြန်ဖြေ လိုက်သည် “ညာတမန်တော်သာ နစ်နာတယ်လို့ မခံစားရရင် ဖြစ်ပါတယ်”
“ဘုရင်မအငယ်ရဲ့ လုံခြုံရေးကို ကာကွယ်ပေးရတာက အရေးအကြီးဆုံးပဲ လေ” ချန်ရှန်း ပြောလိုက်သည်။
ဟုတ်ပြီ အဲဒီစကားရဲ့ ဆိုလိုရင်းက သူလည်း လိုက်ချင်တယ်ပေါ့။ ဤမျှ အားကောင်းသောလူကို သူမ၏ ကိုယ်ရံတော်အဖြစ် ထားရသည်မှာ ဖြုန်းတီး သလိုခံစားရသည်။
သူမ ထပ်မံသတိပေးရင်း သတိပေးပြီးနောက် ရှီမာယူယူနှင့် တခြားသူ များသည် ကိုးခုမြောက်မရဏာတောင်မှ ထွက်သည့် ဖြတ်လမ်းဝင်္ကပါကို အသုံး ပြုကြည်။ သူတို့၏အဖွဲ့ထဲတွင် ချန်ကျိုတစ်ယောက် ထပ်တိုးလာသည်။
ဖြတ်လမ်းဝင်္ကပါမှ ထွက်လာပြီးနောက် ဦးတည်ရာကိုရှာကာ ရောက်နေ သည့်နေရာနှင့် အနီးဆုံးမြို့ဆီသို့သွားကြသည်။
“ငါသွားတော့မယ်” မိုယွိသည် မြို့ကိုမဝင်ခင်တွင် ပြောလေသည် “မင်းက လေ့လာဖို့ လျှို့ဝှက်ဂိုဏ်းကိုသွားမှာ.. ငါ မင်းနဲ့မလိုက်တော့ဘူး”
သူ သူမနှင့်လိုက်လာရသည့် မူလအကြောင်းအရင်းမှာ ဖူရှီကို ရှာရန်ဖြစ် သည်။ နောက်ပိုင်းတွင် လောကအသေးထဲတွင် သူမကို ကာကွယ်ရန်ဖြစ် သည်။ ယခု သူမသည် လေ့လာရန်သွားမည်ဖြစ်သဖြင့် သူမနှင့် အဖော်ပြုပေး ရန် မလိုတော့ပေ။
“ဟုတ်ပြီ ရှင် တော်ဝင်မြို့တော်ကိုပြန်ရင် ကျွန်မ အဆင်ပြေတယ်လို့ ဝမ်းကွဲအစ်ကိုတို့ကို ပြောပေးပါဦး… လောကအသေးပြိုကျသွားပြီဆိုတော့ သူ လည်း စိတ်မအေးဖြစ်နေမှာပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ငါ့ကို အသံကျောက်တုံးပေးလိုက် သူ့ကိုပေးပေးမယ်” မိုယွိ ပြောလိုက် သည်။
“ဟုတ်ပြီ”
ရှီမာယူယူသည် ထောင့်တစ်ထောင့်ဆီသို့သွားကာ ပြောချင်သည့် စကား များကို ကျောက်တုံးနှင့်ပြောပြီးနောက် မိုယွိကို ထိုကျောက်ပေးလိုက်သည်။
“လျှို့ဝှက်ဂိုဏ်းကလူတွေက နောက်ခံတွေရှုပ်ကြတယ်.. တစ္ဆေလောက က နယ်မြေသုံးပါးရဲ့လူတွေ အကုန်ရှိကြတယ်.. ဝင်သွားပြီးလို့ ပြဿနာတွေ့ရင် ငြိမ်းချမ်းဖို့ပဲတွေးမနေနဲ့ မင်းက တစ္ဆေဘုရင်ရဲ့ မြေး၊ ကိုးခုမြောက်မရဏာ မျိုးနွယ်ရဲ့ ဘုရင်မအငယ်ဖြစ်တာ အားသာချက်ပဲ”
“ကျွန်မသိပါတယ် အခုထိ ကျွန်မအကျင့်ကို မသိသေးဘူးလား” ရှီမာယူယူသည် သူမကိုယ်သူ ခံစားရအောင် ဘယ်တော့မှ မလုပ်ပေ.
“ဒီကလေးနှစ်ယောက်ကိုတော့ ဒုက္ခတွေ့ပြီဆိုတာနဲ့ ဂရုစိုက်ဖို့ သူများကို အပ်ထားလိုက်.. တစ္ဆေဘုရင်နဲ့ ကိုးခုမြောက်မရဏာမျိုးနွယ်က သူတို့ကို ကောင်းကောင်းစောင့်ရှောက်နိုင်မှာပါ.. သိချင်စိတ်ကြောင့် ပြဿနာမဖြစ်စေနဲ့”
“ကျွန်မ နားလည်ပါတယ်”
“ပြီးတော့…”
မိုယွိသည် သူမကို အတန်ကြာ နားပူနားဆာလုပ်ပြီးနောက် လေဟာပြင် ဝင်ပေါက်ဖွင့်ကာ ထွက်သွားလေသည်။ သူသည် သူမ၏ မျိုးနွယ်ဝင်များထက် ပင် နားပူသည်ဟု ရှီမာယူယူ ခံစားရသည်။
ထိုကိစ္စပြီးနောက်တွင် ဟိုင်ရှင်းနှင့် ဟိုင်ရှီတို့သည် ရှီမာယူယူ သူတို့ကို အဝေးသို့ ပို့ပစ်မည်ကိုကြောက်နေကြသည်။ သူတို့သည် တခြားနေရာတွင် ကျင့်ကြံရန်ဖြစ်နိုင်သော်လည်း ရှီမာယူယူ၏ ဘေးတွင်နေချင်ကြသည်။ သူတို့ သည် သူမတစ်ယောက်တည်းကိုသာ ယုံသည်။
သို့သော် သူတို့သည် ဝန်ထုပ်ဝန်ပိုးဖြစ်နေသည်ကို သိသည်။ ထို့ကြောင့် သူတို့ကို တစ်သက်လုံးခေါ်သွားရန် မမျှော်လင့်ရဲပေ။ ထို့ကြောင့်ပင် သူမ ဆုံးဖြတ်ချက်ချသည်ကို စောင့်နေရတော့သည်။
သူတို့ကို ထွက်သွားရန် ရှီမာယူယူမှ ပြောမလာသဖြင့် ကံကောင်းသွား သည်။ စိတ်ပူနေသော သူတို့၏စိတ်များသည် နောက်ဆုံးတွင် အနားရသွား တော့သည်။
“လျှို့ဝှက်ဂိုဏ်းကို ဘယ်လိုသွားမှာလဲ” ရှီမာယူယူ မေးလိုက်သည် “ဖြတ်လမ်းဝင်္ကပါနဲ့လား”
“နေရာက အရမ်းဝေးတယ်.. အစီအရင်ကျောက်တုံးတွေ အများကြီးသုံးဖို့ လိုတယ်… ပြီးတော့ လျှို့ဝှက်ဂိုဏ်းကို နီးလေလေ လေဟာပြင်ကလည်း ပိုပြီး မငြိမ်မသက်ဖြစ်တတ်တယ်.. ဖြတ်လမ်းဝင်္ကပါသုံးလို့မရဘူး” ဖေးယိ ပြောလေ သည် “အနီးဆုံးနေရာကို ဖြတ်လမ်းဝင်္ကပါသုံးပြီးတော့ ပျံသွားရမှာပဲ”
“အဲလောက်တောင် ဒုက္ခခံရမှာလား.. ဒါဆို ရှင်တို့ ဂိုဏ်းအဖွဲ့ဝင်တွေ ဂိုဏ်းကိုပြန်ချင်တဲ့အချိန်ကျ အဆင်မပြေမဖြစ်ဘူးလား.. သူတို့တွေ အန္တရာယ် ဖြစ်လို့ အမြန်မပြန်နိုင်ရင် ဘယ်လိုလုပ်မလဲ”
သူမ ပြောစကားကို ကြားသောအခါ ယွင်ရာနှင့် ဖေးယိတို့ ရယ်မောကြ သည်။
“တစ္ဆေလောကမှာ ဘယ်သူမှ လျှို့ဝှက်ဂိုဏ်းကိုမသွားကြဘူး.. တစ္ဆေ လောကမှာ အင်အားစုတွေအများကြီးရှိတယ်.. သူတို့ကို ရန်စမိရင် နယ်မြေ သုံးပါးရဲ့ ရန်သူဖြစ်သွားတာနဲ့တူတူပဲ” ဖေးယိ ပြောသည် “ပြီးတော့ ဂိုဏ်းတွေ အများကြီးကလူတွေကို မွေးထုတ်ပေးတဲ့နေရာပဲ.. သူတို့က အခွင့်ကောင်းယူပါ့ မလား”
“အမှန်ပဲ ဒါပေမဲ့ ရှင်တို့ဂိုဏ်းအဖွဲ့ဝင်တွေကို လေးစားပါတယ်.. အဲလိုမျိုး နေရာမှာ လေ့ကျင့်ရတာက အကောင်းဆုံးကျောင်းထဲကတစ်ခုပဲလေ”
တစ်ဖက်တွင် တစ္ဆေလောကသည် အရည်အချင်းရှိသူများစွာ မွေးထုတ် သည်။ တစ်ဖက်တွင် လျှို့ဝှက်ဂိုဏ်းသည် တစ္ဆေလောကတွင် မယဉ်နိုင်သော နေရာတစ်ခုတွင်ရှိသည်။
သူတို့ မြို့အတွင်းသို့ဝင်ပြီးနောက် ဖြတ်လမ်းဝင်္ကပါတချို့သုံးပြီးသည်နှင့် နောက်ဆုံးတွင် ဖေးယိပြောသည့် နေရာသို့ရောက်လေသည်။
ထိုအချိန်တွင် မိုယွိသည် အင်ပါယာမြို့တော်ကို ပြန်ရောက်ပြီး ဒိကျဲ့ကို သွားတွေ့သည်။ သူသည် စစ်သူကြီးအိမ်တော်သို့ ရောက်ချိန်တွင် ယွိဝမ်ဝမ် လည်းရှိနေကာ ဒိကျဲ့နားတွင် တငိုငိုတရယ်ရယ်ဖြစ်နေသည်။
အားလုံးမှာ သူမအမှားသာဖြစ်သည်။ သူမက ရှီမာယူယူကို ဘာလို့များ ရှေးဟောင်းတိုက်ပွဲဝိညာဉ်အကြောင်း သွားပြောမိတာလဲ။ ယူယူ့ကို သူမ သွား ရှာတာကြောင့်သာမဟုတ်ရင် လေဟာပြင်ပြိုလဲတဲ့ထဲ ပါမသွားမှာမဟုတ်ဘူး။ အခု သူမ သေသလား ရှင်သလား ဘယ်သူမှမသိကြတော့ဘူး။
“မင်းတို့ အားလုံးဒီမှာရှိနေတာပဲ ကောင်းတယ်.. မင်းတို့အားလုံးကို ပြောပြစရာရှိတယ်” မိုယွိသည် လေဟာပြင်ဝင်ပေါက်မှထွက်လာပြီး ဒိကျဲ့နှင့် ယွိဝမ်ဝမ်တို့ကို ကြည့်လေသည်။
“ယူယူရော” ယွိဝမ်ဝမ်သည် ခုံပေါ်မှထရပ်ကာ သူမသည် ပူပန်နေသော အကြည့်ဖြင့် မိုယွိကို ကြည့်လေသည်။ သူမသည် သတင်းဆိုးကြားလိုက်ရမည် ကို ကြောက်သည်။
သူ စစ်သူကြီးအိမ်တော်သို့ တိုက်ရိုက်လာသည်ကို ဒိကျဲ့ပင်လျှင် ဂရုမစိုက်နိုင်တော့ပေ။
“ရော့.. အဲကောင်မလေး မင်းအတွက်ပေးလိုက်တာ” မိုယွိသည် အသံ ကျောက်တုံးထုတ်ပြီး ဒိကျဲ့ကိုပစ်ပေးပြီးနောက် ခုံရှာကာထိုင်လိုက်သည်။
ဒိကျဲ့သည် ဝိညာဉ်စွမ်းအင်ထည့်လိုက်သည်နှင့် ရှီမာယူယူ၏ အသံထွက် လာသည်။
“ဝမ်းကွဲအစ်ကို.. ကျွန်မအဆင်ပြေပါတယ်.. လေဟာပြင်လိုဏ်ခေါင်းက နေထွက်တော့ တြိဂံဒေသမှာ ပိတ်မိသွားလို့သာရယ်.. ဒါပေမဲ့ အခုတော့ ထွက် လာပြီ.. လျှို့ဝှက်ဂိုဏ်းကိုသွားပြီး အဲဒီမှာပညာသွားသင်မလို့
ဝမ်းကွဲအစ်ကို… ဝမ်းကွဲအစ်မဝမ်ဝမ်ရော ဘယ်လိုနေလဲ.. သူမ လေဟာ ပြင် မပြိုကွဲခင် ထွက်သွားနိုင်ရဲ့လားမသိဘူး.. သူမ အဆင်ပြေတယ်ဆို ကျွန်မ အဆင်ပြေတယ် သူမကိုလာတွေ့မယ်လို့ ပြောပေးပါ
အခု ရှေးဟောင်းတိုက်ပွဲဝိညာဉ်တွေ အကုန်ယူလာနိုင်ခဲ့တယ်.. ပြောရင်း နဲ့ ယွင်ရာရဲ့အကူအညီကြောင့် သူတို့ကို ချောချောမွေ့မွေ့ရခဲ့တာ.. တစ်ဖက်မှာ ရှောင်ဟော်လက်အောက်က ရှဲဟွမ်ကိုလည်း စုပ်ယူခဲ့တယ်.. သူက အခု ကျွန်မ ရဲ့ တစ္ဆေတစ်ရာအလံတော်ထဲမှာရှိတယ်
တကယ်တော့ ကျွန်မစိတ်အပူဆုံးက အဘိုးပဲ.. ပြီးခဲ့တဲ့တစ်ခေါက် မို မျိုးနွယ်ကိုသွားတုန်းက ကစဥ့်ကလျားမြစ်ကရေကို သူ့ပေးခဲ့တယ်.. ဒါပေမဲ့ ကောင်းကင်ဥပဒေအောက်က ဉာဏ်အလင်းကိုရအောင်လုပ်နိုင်မလား မသိဘူး အရင်တစ်ခေါက် ပြန်လာတုန်းကလည်း သူ့ကိုမတွေ့ခဲ့ရဘူး.. သူတစ်ခုခုဖြစ်ရင် ကျွန်မကို ဆက်သွယ်ပေးပါ.. ကျွန်မကို ဘယ်လိုရှာရမလဲဆိုတာ သိတယ်မလား အချိန်မရှိဘူး ကျွန်မအကြောင်း တစ်ခုခုသိချင်ရင် မိုယွိကိုမေးလိုက်ပါ.. သူ ပြောပြပါလိမ့်မယ်”
***