← Chapters

ကောင်လေး၊ ငါတို့က တစ်ယောက်နဲ့ တစ်ယောက်တွေ့ဆုံဖို့ ကံပါလာကြတယ်

Vol. 4 Ch. 51

ကောင်လေး၊ ငါတို့က တစ်ယောက်နဲ့ တစ်ယောက်တွေ့ဆုံဖို့ ကံပါလာကြတယ်

Vol. 4 Ch. 51

စုမင်အား ကြည့်သူများထဲတွင် အကြီးအကဲနှင့် အခြားသူများကို မတွေ့ရပေ။ အများစုမှာ လေပြေစီးကြောင်း မျိုးနွယ်ဝင်များ ဖြစ်ကြ၏။ စုမင်မှာ အကြီးအကဲနှင့် ကျန်သူများနောက်မှ ထွက်ခွာလာခဲ့သော်လည်း သူတို့ထက် ဦးစွာ ရောက်ရှိနှင့်ဟန် တူသည်။

ရှီဟိုင်က စုမင်ကို ချပေးပြီးသည်နှင့် အနက်ရောင် ချပ်ပြားတစ်ခု ပေးလိုက်၏။ ထို့နောက် ဘာစကားမှ မပြောဘဲ အဖြူရောင် အခိုးအငွေ့အဖြစ် ပြောင်းလဲသွားကာ ထွက်ခွာသွားလေတော့၏။

စုမင် တစ်ယောက်တည်း ရပ်နေပြီး ပတ်ဝန်းကျင်အား ကြည့်လိုက်၏။ သူ ရင်းနှီးသည့် မျက်နှာတစ်ခုမှ မတွေ့ရချေ။ ထို့ကြောင့် တခြား ရွေးချယ်စရာ မရှိသည့်အတူတူ နှုတ်ဆိတ်နေလိုက်၏။ သူက ခေါင်းငုံ့ရင်း လက်ထဲမှ အနက်ရောင် ချပ်ပြားကို ကြည့်လိုက်၏။ ၎င်းတွင် မာန်ဘာသာနှင့် ရေးသားထားသည့် နံပါတ်တစ်ခု ဖြစ်သည်။

“၁၀၉”

ချပ်ပြားက ပုံမှန်ပင်။ ၎င်းအား ကျောက်သားနှင့် ထုလုပ်ထားသော်လည်း လက်မှာ ကိုင်ကြည့်သည့်အခါ အေးစက်နေသည်ကို တွေ့ရ၏။

"ငါကြားတာတော့ သမိုင်းကြောင်း တစ်လျှောက် ဒီတစ်ခါ စမ်းသပ်ပွဲမှာ ဝင်ရောက် စမ်းသပ်ခံတဲ့ လူဦးရေ အများဆုံးပဲတဲ့။ စမ်းသပ်ပွဲဝင်တဲ့သူ အယောက် ၁၀၀ ကျော်တယ်တဲ့”

"အခုတော့ လူ ၁၀၀ ကျော်တယ်။ ဒါက ပထမအဆင့်ပဲလေ။ ဒုတိယနဲ့ တတိယ အဆင့်အတွက် စမ်းသပ်ပွဲဝင်တဲ့လူ အများကြီး မရှိဘူးဆိုတာ သေချာတယ်။ တကယ်တော့ သူတို့မှာ ကိုင်တွယ်နိုင်ဖို့ အင်အား လုံလုံလောက်လောက် မရှိရင် အဲဒီမှာနေပြီး ကိုယ့်ကိုယ်ကိုယ် အရှက်ကွဲခံဖို့ စောင့်နေစရာ မလိုတော့ဘူးလေ။

"ဒီကိစ္စမှာတော့ မင်းမှားနေတယ်။ စမ်းသပ်ပွဲမှာ အဆင့်သုံးဆင့် ရှိတယ်။ ပထမအဆင့်က အခက်ခဲဆုံးပဲ။ ဒုတိယအဆင့်က စွမ်းအားနဲ့ အမြန်နှုန်းဖြစ်ပြီး တတိယအဆင့်က တကယ့် တိုက်ပွဲ မြေပြင်ပေါ်မှာ စမ်းသပ်မှာ ဖြစ်တယ်။ အဲဒါက အရင်တုန်းက ဖြစ်ရပ်တွေနဲ့ လက်ဆုပ် လက်ကိုင် ပြစရာ ရှိတယ်။ ပထမ အဆင့်မှာကျတော့ ဘာစွမ်းအားမျိုးမှ မလိုပေမဲ့ လက်တွေ့မှာတော့ ဒီအဆင့်ဟာ သက်လုံ ကောင်းမှုနဲ့ ရှေ့ရေး အလားအလာ ကောင်းမကောင်းကို စမ်းသပ်မှာ”

"ဒီအဆင့်မှာ လိမ်လို့မရဘူး ပြီးတော့ တကယ်ကို ရက်စက် ကြမ်းကြုတ်တယ်။ ဘယ်လောက်ပဲ စွမ်းအားရှိရှိ ပထမအဆင့်မှာ ရလဒ် မကောင်းဘူးဆိုရင် မင်းမှာ လုံလောက်တဲ့ရှေ့ရေး အလားအလာ မရှိဘူးလို့ အဓိပ္ပ္ပ္ပ္ပယ် သက်ရောက်တယ်တယ်။ မျိုးနွယ်စုကလည်း ပြိုင်ပွဲပြီးသွားတဲ့အခါ အဲဒီပြိုင်ပွဲဝင်ကို ဂရုမစိုက်တော့ဘူး။

စုမင် ခေါင်းကို ငုံ့ထားရင်း လက်ထဲမှ ပလိတ်ပြားနှင့် ဆော့နေခိုက် ဘေးနားမှ ပြိုင်ပွဲဝင်တစ်ချို့၏ စကားသံများ သူ့နားထဲ ဝင်ရောက်လာသည်။

"ဒါပေမဲ့ အခုထိ ... စမ်းသပ်ပွဲတိုင်းမှာ ထိပ်တန်း အယောက် ၅၀ နေရာကို ငါတို့ လေပြေ စီးကြောင်း မျိုးနွယ်ဝင်တွေပဲ ဝင်ခွင့်ရကြတာပါ။ ကျန်တဲ့ မျိုးနွယ်ဝင်တွေ ဝင်နိုင်တာ ရှားပါတယ်။ အထူးသဖြင့် ထိပ်တန်း ၁၀ ယောက်နေရာ အတွက်ပေါ့။ အဲဒီထဲကို အပြင်လူ တစ်ယောက်မှ မရဖူးသေးဘူး”

"သိသာနေတာက ထိပ်တန်း ၁၀ ယောက်၊ ထိပ်တန်း အယောက် ၄၀ နေရာ ယူမယ့် သူတွေဟာ အရင်တစ်ခေါက်က လူတွေပဲ ဖြစ်လိမ့်မယ်။ အထူးသဖြင့် ထိပ်ဆုံး ၁၀ ယောက်နေရာကို မျိုးနွယ်စုထဲက တစ္ဆေတွေကလွဲပြီး ဘယ်သူမှ ဝင်နိုင်မှာ မဟုတ်ဘူး”

စုမင်မှာ တူညီသော ခေါင်းစဉ်နှင့် အလားတူ ဆွေးနွေးမှုများကိုသာ ကြားနေရ၏။ ဤနေရာ၌ စုရုံးရောက်ရှိလာသည့် လူအားလုံးမှာ စမ်းသပ်ပွဲ ပထမအဆင့်ကို လာယှဉ်ပြိုင်ကြသည့် ပြိုင်ပွဲဝင်များသာမက ပွဲကြည့်ပရိသတ်များလည်း ပါဝင်ကြလေသည်။

နားထောင်နေရင်း အကြီးအကဲပြောသည့် နံပါတ်ခြောက်ခုအကြောင်း စုမင် စဉ်းစားမိလိုက်၏။ ရုတ်တရက် တစ်ခုခုကို ခံစားလိုက်ရသည်မို့ ဘေးသို့ လှည့်ကြည့်လိုက်သည်။ အသက်ကြီးကြီး လူတစ်ယောက် သူ့နား ချဉ်းကပ်လာသည်ကို တွေ့လိုက်ရ၏။ စုမင်က သူ့အား ကြည့်နေမှန်း သိသည်နှင့် ပြုံးပြပြီး ခြေလှမ်း ကျဲကြီးများဖြင့် လှမ်းလိုက်လေတော့၏။

အဘိုးအိုမှာ တိရစ္ဆာန် သားရေကို ဝတ်ဆင်ထားပြီး အရိုးနားကပ် ပန်ဆင်ထား၏။ သူ၏ အဝတ်အစားကို ကြည့်ရုံနှင့် လေပြေစီးကြောင်း မျိုးနွယ်စုမှ ဖြစ်ရပေလိမ့်မည်။

"ကောင်လေး ... ငါ့နာမည်က ပေချွန်းပါ။ မင်းလက်ထဲက ချပ်ပြားကို တွေ့တယ်။ မင်းက စမ်းသပ်မှု ပထမအဆင့်ကို ဝင်ပြိုင်မယ့် သူပဲ။ ဒါကြောင့် ငါလာပြီး စကားပြောဖို့ ဆုံးဖြတ်လိုက်တာ။ ငါ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး။ ကတိပေးပါတယ်”

အဘိုးအိုမှာ ရယ်စရာ ကောင်းသည်။ သူ့တွင် ပါးလှပ်နေသည့် နှုတ်ခမ်းတစ်စုံနှင့် မျောက်တစ်ကောင်ကဲ့သို့ ပါးမို့မို့များ ရှိနေသည်။ သူပြုံးလိုက်သည်နှင့် မျက်နှာတစ်ခုလုံး လှုပ်ရှားသွားပြီး တစ်ဖက်သား၏ စိတ်ထဲ ကောင်းစွာ ကျန်ရစ်ခဲ့မည့် ပုံမျိုး ဖြစ်သည်။

စုမင်၏ အမူအရာမှာ ပြောင်းလဲသွားခြင်း မရှိပေ။ အဘိုးအို၏ စကားဆုံးသည်နှင့် သူက ခေါင်းညိတ်ပြလိုက်၏။

“ကောင်းပြီ၊ ငါရှင်းရှင်းပဲ ပြောမယ်။ ငါ့ကို စိတ်မရှိပါနဲ့။ ငါ့ရဲ့ ကျင့်ကြံမှု အဆင့်က မမြင့်ဘူး။ ဒါပေမဲ့ ငါနေလာတာ အကြာကြီး ရှိပြီ။ ဘာပဲဖြစ်ဖြစ် ငါက မျက်စိလျင်တယ်။ မင်းဆီကနေ ရှေ့ရေး အလားအလာကောင်းကို ငါမြင်တယ်။ အင်း ... မင်းက လုံးဝ သာမန်အတိုင်းပဲ....”

အဘိုးအိုက မျက်စိတစ်ဖက် မှိတ်ပြလေ၏။

"ဒီစမ်းသပ်မှုဟာ နှစ်အနည်းငယ်မှ တစ်ခါကျင်းပတယ်။ ငါဒီကို အမြဲ လာကြည့်နေကျပဲ။ မင်းရဲ့ စွမ်းရည်နဲ့ ထိပ်တန်း ၅၀ ထဲကို ရောက်ဖို့ မင်းအတွက် ခက်ခဲလိမ့်မယ်။ ငါ့ရဲ့ အတွေ့အကြုံအပေါ် အခြေခံပြီး ပြောရရင် ထိပ်ဆုံး အယောက် ၁၀၀ ထဲတော့ ဝင်လိမ့်မယ်။ ဒါပေမဲ့ ...”

အဘိုးအိုက ဆန်းပြားသည့် မျက်နှာထားနှင့် သူ့အနား တိုးကပ်လာ၏။ သူတို့နှစ်ဦးအား ကြည့်နေသည့်လူ ရှိမရှိကို စစ်ဆေးလိုက်သေးသည်။ ပြီးမှ အသံနိမ့်နိမ့်ကလေးနှင့် အလျင်အမြန် ပြောလိုက်လေ၏။

"ဒါပေမဲ့ မင်း ငါနဲ့တွေ့တာ ကံကောင်းတာပဲ၊ ကောင်လေး။ ငါ့မှာ လူတစ်ယောက်ကို သူ့ရဲ့ စွမ်းရည် အပြည့်အဝကို အချိန်ကာလ တစ်ခုအတွင်း တိုးမြှင့် ထိုးတင်ပေးနိုင်တဲ့ ဆေးပင်တစ်ပင် ရှိတယ်။ ဒီဟာသုံးပြီး စမ်းသပ်ပွဲ ဝင်မယ်ဆိုရင် ထိပ်တန်း အယောက် ၅၀ ထဲ ဝင်မှာပဲ။ အများကြီး ဝယ်ပြီး စားမယ်ဆိုရင် ထိပ်တန်း ၁၀ ယောက်ထဲ မဝင်ဘူး ဆိုတာတောင် မဖြစ်နိုင်တော့ဘူး”

အဘိုးအိုက အသံနှိမ့်ပြီး ပြောလိုက်၏။ ဝတ်ထားသည့် အင်္ကျီကို အနည်းငယ် ဟပြီး ဆေးမြစ်များကို ပြပြီး ပြန်ဖုံးလိုက်သည်။ သူ့ပုံစံမှာ ပိုထူးဆန်းလာသည်။ ဆေးမြစ်အကြောင်း လူအများကြီး သိသွားမည်ကို ကြောက်နေသည့် အလားပင်။

စုမင် တဒင်္ဂမျှ အံ့အားသင့်သွားသည်။ အဘိုးအိုအား ကြည့်ပြီး သူ့နှုတ်က ဆွံ့အနေ၏။

"မင်းငါ့ကို မယုံဘူးလား”

အဘိုးအိုက စုမင်၏ အမူအရာကို မြင်ပြီး အသံနိမ့်နိမ့်နှင့် ထပ်ပြောပြန်၏။

“ကောင်လေး … မင်းက ငယ်လွန်းသေးတယ်။ ပစ္စည်းတွေရဲ့ စစ်မှန်မှုကို စမ်းကြည့်ပြီးတော့မှ သေသေချာချာ ဆုံးဖြတ်ချက် ချနိုင်မှာပေါ့။ မင်းရဲ့အဆင့် တိုးသွားတာနဲ့ မင်းအပေါ်ကို မျိုးနွယ်စု ဆက်ဆံတဲ့ပုံက လုံးဝပြောင်းလဲသွားမှာနော်။ မင်းကို ကြည့်ဦး။ မျိုးနွယ်စုထဲမှာ အရေးပေး ဆက်ဆံမခံရတဲ့ပုံပေါက်တယ်”

"တော်လောက်ပြီ။ ခင်ဗျားရဲ့ ဆေးမြစ်က တကယ်ထိရောက်မှု ရှိတယ်ဆိုရင် စမ်းသပ်ပွဲမှာ ထိပ်တန်းနေရာ အယောက် ၅၀ ကို လေပြေစီးကြောင်းမျိုးနွယ်စုက လူတွေချည်း ဘာကြောင့် ဝင်နိုင်ခဲ့တာလဲ။ ထိပ်တန်း ၁၀ ယောက်ထဲကို ဝင်ရောက်နိုင်တဲ့ အပြင်လူ ဘာလို့ မရှိတာလဲ။၊ ကျွန်တော် မဝယ်နိုင်ဘူး။တခြားသူကို သွားရောင်းပါ”

စုမင် မျက်မှောင်ကြုတ်ရင်း နောက်သို့ အနည်းငယ် ဆုတ်လိုက်၏။

အဘိုးအို၏ မျက်လုံးများမှာ ပြူးကျယ်သွားပြီး သူ့ညာဘက်လက်မကို ထောင်ပြီး စုမင်အား ချီးကျူးလိုက်၏။

"မင်းတော်တယ်။ တကယ်ကို တော်တယ်။ မင်းဒီလို စဉ်စားမိတာ သိပ်တော်တာပဲ။ ငါမှားသွားပုံ ရတယ်။ မင်းမှာ အလားအလာ အများကြီး မရှိပေမဲ့ ပခုံးကြားမှာ ဉာဏ်ပြေးတဲ့ ခေါင်းတစ်လုံး ပိုင်ဆိုင်ထားတာပဲ။

"ဒါပေမဲ့ ကောင်လေး၊ ဒီတစ်ခုတော့ မင်းမှားတယ်။ ပထမအဆင့်က ထိပ်တန်း ၁၀ ယောက်ထဲကို အပြင်လူ ဘယ်သူမှ မဝင်နိုင်ခဲ့ဘူးဆိုတာ မဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းငါးဆယ် အတွင်းမှာ လူတစ်ယောက်ဟာ ဆက်တိုက်ဆိုသလို ပထမနေရာ ရနိုင်ခဲ့ဖူးတယ်။ မင်း အဲဒီလူအကြောင်း အရင်က ကြားဖူးမှာပါ။ နက်မှောင်တောင် အကြီးအကဲ မော့စန်းလေ။ သူဘယ်လို လုပ်ခဲ့လဲ သိလား။ အဲဒီနှစ်မှာ သူက ဒီဆေးမြစ်တွေ အများကြီး ငါ့ဆီက ဝယ်ခဲ့တယ်”

"မဟူရာတောင်က လူတစ်ယောက်လည်း ရှိတယ်။ သူလည်း ငါ့ရဲ့ ဆေးမြစ်တွေ ၀ယ်ပြီး ထိပ်တန်း အယောက် ၄၀ မှာ နေရာရခဲ့တယ်။ ပြီးတော့ နဂါးနက်တောင်က တစ်ယောက်လည်း ရှိတယ်။ သူ(မ)လည်း အဲဒီလိုပဲ လုပ်ခဲ့တယ်”

“ကောင်လေး မသွားပါနဲ့ဦး။ ငါမကြာသေးခင်က ဥပမာတစ်ခု ပေးမယ်။ အရင် စမ်းသပ်မှုမှာ ပေလင်း လို့ခေါ်တဲ့ ကောင်လေးတစ်ယောက် ငါ့ဆီက ဆေးမြစ်ဝယ်ပြီး ထိပ်တန်းအယောက် ၅၀ ချိတ်သွားတယ်”

အဘိုးအိုက စကားကို မရပ်မနားပြောနေသည်မှာ လေအိုးကြီးနှင့်ပင် တူတော့သည်။ စုမင် မျက်မှောင်ကြုတ်ပြီး နောက်ထပ် ခြေလှမ်း အနည်းငယ် ထပ်ဆုတ်လိုက်၏။

"ကောင်လေး ငါတို့က တစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံဖို့ ကံပါလာကြတာ။ ဒါကြောင့် ငါမင်းကို ဒါရောင်းနေတာ။ တခြားသူသာဆို ငါမရောင်းဘူး။ ငါ ဒီဆေးကို သူများကို ဒင်္ဂါး ၁၀ ပြား တောင်းတယ်။ မင်းကိုတော့ ၃ ပြားတည်းနဲ့ ပေးမယ်။ ဘယ်လိုလဲ။ ၃ ပြားက အရမ်း ဈေးပေါတယ်နော်။ ဟေ့ ငါသာ ဒီဆေးကို ၃ ပြားတည်းနဲ့ ရောင်းပေးနေတယ်လို့သာ အော်လိုက်ရင် ဆေးဝယ်ဖို့ ငါ့ဆီ အကုန် ဝိုင်းလာကြမှာနော်။ ကံကြမ္မာက ငါတို့ကို တွေ့ဆုံ စေခဲ့တာဆိုတော့ မင်းတစ်ခုဝယ်ရင် နောက်တစ်ခုလည်း အလကား ပေးဦးမယ်ကွာ ...”

အဘိုးအိုမှာ ပြောရင်းပြောရင်း ပါးစပ်မှ တံတွေးများပင် ထွက်လာ၏။ ထို့အပြင် စကား ပြောနေရင်း သူ့အသံကို ပြန်ကြားသည်နှင့် စိတ်လှုပ်ရှားလာပြီး လက်ခုပ်များပင် ထိတီးနေသည်။ စုမင်မှာ ကြောင်အမ်းအမ်းနှင့် နောက်သို့ တစ်ကြိမ် ထပ်ဆုတ်လိုက်ပြန်သည်။

အဘိုးအိုက စကားဆက်ပြောမည်အလုပ် ကွင်းထဲ၌ လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။ ကောင်းကင်တွင် တစ်ခုခု ပြောင်းလဲသွားပြီး ဧရာမ စပါးအုံးနက်မြွေကြီးတစ်ကောင် ဝင်ရောက်လာ၏။ မြွေကြီးပေါ်တွင်ကား အကြီးအကဲနှင့် အခြားသူများ လိုက်ပါလာလေသည်။

"အဲဒါ နက်မှောင်တောင်ကလူတွေပဲ”

"ငါကြားတာတော့ နက်မှောင်တောင် အကြီးအကဲက အစွမ်းထက်ပေမဲ့ သူတို့ မျိုးနွယ်စုထဲမှာ သူ့နေရာကို အမွေဆက်ခံနိုင်တဲ့သူ မရှိသေးဘူးတဲ့။ နောက်ပိုင်း ထပ်ကြားတာတော့ အရင်တစ်ခေါက် စမ်းသပ်ပွဲမှာ ထိပ်တန်းအဆင့် ၄၉ ရတဲ့ ပေလင်း လို့ခေါ်တဲ့ လူငယ်လေး ရှိတယ်ဆိုပဲ”

စပါးအုံးနက်ကြီး ပြန်လည်ပျောက်ကွယ်သွားလေသည်။ အကြီးအကဲနှင့် ကျန်လူများ ကွင်း၏ ထောင့်တစ်နေရာတွင် ဆင်းသက်လာကြ၏။ အကြီးအကဲက စုမင်အား အဝေးမှ မသိမသာ လှမ်းကြည့်ရင်း အကြည့်လွှဲသွားသည်။ ပေလင်းမှာ အကြီးအကဲနှင့်အတူ ရပ်နေ၏။ သူထံမှ ထူးခြားသည့် အရှိန်အဝါတစ်ခု ထွက်ပေါ်နေပြီး မျက်နှာမှာ အေးစက်တင်းမာနေလေသည်။

လေ့ချန်နှင့် ဝူလတို့မှာ အနည်းငယ် စိတ်လှုပ်ရှားနေသော မျက်နှာများနှင့် ဟိုဒီ လျှောက်ကြည့်နေလေ၏။

"အဘိုးအိုနဲ့ သူ့ဘေးနားက မျက်နှာထားတင်းတင်း ကောင်လေးကို တွေ့တယ်မလား။ သူတို့က နက်မှောင်တောင် မျိုးနွယ်စု အကြီးအကဲ မော့စန်းနဲ့ ပေလင်းတို့ပဲ”

စုမင်ဘေးမှ အဘိုးအိုက ခပ်မြန်မြန်ပြောပြန်သည်။ သူ့မျက်နှာတွင် ထူးခြားဆန်းကြယ်မှုတို့နှင့် ပြည့်နှက်နေဆဲ။

သူပြောနေခိုက် နောက်ထပ် ပိုမိုကျယ်လောင်သည့် ကြုံးဝါးသံကြီးတစ်ခု ထွက်ပေါ် လာပြန်သည်။ သူတို့ မျက်မှောက်ကြုတ်ကာ ကြည့်လိုက်သည့်အခါ ရှုံ့တွနေသော ကောင်းကင်ပြင်မှ လူငါးယောက် ဝင်လာလေ၏။ ၎င်းအဖွဲ့အား ဦးဆောင်လာသူမှာ အနက်ရောင် ဝတ်ရုံ ဝတ်ဆင်ထားသည့် ကတုံးနှင့်လူငယ်တစ်ယောက် ဖြစ်၏။ ထိုလူမှာ ဝူစန်း ဖြစ်သည်။ သူ့မျက်နှာမှာ မည်းမှောင်နေပြီး ဒေါသငွေ့များ ထွက်ပေါ်နေ၏။ ယခင်ညက တိုက်ပွဲတွင် သူ အရှက်ကွဲခဲ့ရသည်။ အဆိုးဆုံးမှာ အစိမ်းရင့်ရောင် သွေးတို့ကို ဆုံးရှုံးလိုက်ရခြင်း ဖြစ်သည်။ သူက ထိုအချက်ကို စိုးရိမ်ပူပန်နေသော်လည်း မျက်နှာတွင် စိုးရိမ်မှုတို့ မပေါ်အောင် ထိန်းချုပ်ထားလေ၏။

ဝူစန်းအနောက်မှ လိုက်လာသည့် လူငယ်လေးယောက်လည်း တိတ်ဆိတ်နေကြသည်။

"ဝူစန်း”

''သူက ထိပ်တန်း ၃ ယောက် တစ်နေရာရာကို သေချာပေါက် ရရှိနိုင်မယ့် လေပြေစီးကြောင်း မျိုးနွယ်ဝင် တစ်ယောက်ပဲ။ ငါကြားဖူးတာတော့ သူကျင့်ကြံတဲ့ မာန်ပညာရပ်ဟာ အရမ်း ထူးခြားတယ်တဲ့”

“တိတ်တိတ်နေ။ သူ့စိတ်က ဘာမဟုတ်တာလေးနဲ့ အပြောင်းအလဲ ဖြစ်နေတာ”

"ဝူစန်းက အလောင်းကောင် သွေးသားဝါးမျိုခြင်း ပညာရပ်ကို ကျင့်ကြံတယ်။ သူက လေပြေ စီးကြောင်း မျိုးနွယ်စုက နတ်ဆိုးရုပ်တုကို ကိုးကွယ်တယ်။ သူက အမြဲတမ်း ရက်စက်ပြီး စိတ်ဆိုးနေတာပဲ။ ကောင်းတဲ့ကောင် မဟုတ်ဘူး”

စုမင်ဘေးမှ အဘိုးအိုမှာ စိတ်တိုနေသည့်ဟန်နှင့် အနားကပ် ပြောနေသော်လည်း ဝူစန်း ကြားသွားမည်ကိုလည်း စိုးရွံ့နေသေးသည်။ သူ့ပုံစံ ကြည့်ရသည်မှာ ဝူစန်းကို ဆေးမြစ် သွားရောင်းစဉ်က ရောင်းမရဘဲ ပညာပေးခံခဲ့ရပုံ ပေါ်သည်။

"ကောင်လေး အဲဒီကောင်ကို သွားမရှုပ်နဲ့။ တကယ်လို့ သွားရှုပ်မိလည်း ကိစ္စမရှိဘူး။ ငါ့မှာ ဆေးတစ်မျိုး ရှိသေးတယ်။ အဲဒီဆေးမြစ်ကို စားလိုက်ရင် မင်းရဲ့ ကျန်တဲ့ ဘဝတစ်လျှောက်လုံး ခွန်အားပိုင်းဆိုင်ရာမှာ လုံးဝ အားကြီးသွားပြီသာမှတ်”

အဘိုးအိုက နောက်ပြန်ကြည့်ရင်း စုမင်အား ဆွဲဆောင်လိုက်ပြန်သည်။

စုမင် မျက်မှောင်ကြုတ်လိုက်သည်။ အဘိုးအိုက လေ့ချန်ထက်ပင် စကားများနေသည်။ ပြောရလျှင် လေ့ချန်ပင် အဘိုးအိုနှင့် ယှဉ်လာလျှင် တည်ငြိမ်သူကြီးဟု ဆိုနိုင်သေးသည်။

အဘိုးအိုက စုမင်အား ဆက်လက်ဆွဲဆောင်နေဆဲ။ ကြည့်ရသည်မှာ သူ့ဆီက မဝယ်မချင်း အနားတွင် တောက်တဲ့တွယ် တွယ်နေဦးမည့်မလားပင်။

ထိုအခိုက် ကွင်းအပြင်ဘက်မှ ကောင်းကင်မှ ထပ်မံ တွန့်ရှုံ့သွားပြီး လူအများအပြား ရောက်လာကြပြန်၏။ ရောက်လာကြသူများမှာ တစ်ယောက်နှင့်တစ်ယောက် ရယ်ရယ်မောမော စကားပြောနေကြသည်။ တစ်ယောက်သော သူကို အလယ်ဗဟိုတွင် ထားပြီး ဝန်းရံထားပုံမှာ လမင်းအား ကြယ်ကလေးတို့ ဝန်းရံထားသည်နှင့်ပင် တူတော့သည်။ ထိုလူ၏ အရပ်မှာ အရမ်း မရှည်သလို အနည်းငယ် ဝဖိုင့်၏။ ထိုလူ၏ မျက်နှာမှာ ပြုံးရယ်နေပြီး ဘေးဘီဝဲယာမှ လူအများအား လက်ပြနှုတ်ဆက်နေလေသည်။

သူ့ပုံစံမှာ လူအများကြား ပေါ်လွင်ထင်ရှားနေ၏။ သူ့ကို မြင်မြင်ချင်း အားလုံးက အသေချာ ကြည့်လိုက်ကြလေသည်။

"ချန်ချွန်း”

မျက်စိမှိတ်ပြီး တင်ပျဉ်ခွေထိုင်လျက်ရှိသည့် ဝူစန်းက မျက်လုံးဖွင့်ရင်း ဝဖိုင့်ဖိုင့်လူအား ကြည့်လိုက်၏။ သူ့မျက်လုံးများမှာ ကျဉ်းမြောင်းသွားလေသည်။

စုမင်လည်း ထိုလူအား ကြည့်နေ၏။ ၎င်းထံမှ အရှိန်အဝါ ခပ်ဖျော့ဖျော့ တစ်စုံတစ်ရာကို ခံစားမိနေသော်လည်း ယင်းမှာ ချီ မဟုတ်ပေ။ ၎င်းအား စကားလုံးနှင့် ဖော်ပြရန် ခက်ခဲ၏။

"ချန်ချွန်းကို လေပြေစီးကြောင်း တစ်မျိုးနွယ်လုံး သိကြတယ်။ သူက လူကောင်းလေ။ ဝူစန်း ထက် အများကြီး သာတယ်”

အဘိုးအိုက ခပ်မြန်မြန် တီးတိုးပြောလိုက်ပြန်၏။

"သူများတွေကို လျှောက်မပြောနဲ့။ ချန်ချွန်းက ငါ့ရဲ့ဖောက်သည် အကြီးစားပဲ။ သူ ငါ့ဆီကနေ အမြဲတမ်း ဆေးမြစ်တွေ ဝယ်လေ့ရှိတယ်”

***

All Chapters