ကျန့်ရှန်း၊ ကျန်ရှန်း၊ ဝမ့်ရှန်း နှင့် ဒုတိယအကြိမ်မြောက် အဆုံးမဲ့ကပ်ဘေးကို ပြောင်းလဲနိုင်လိမ့်မလား
Vol. 65 Ch. 843
ချွင် ~
ထိုစဉ် ကောင်းကင်ယံမှ အေးစက်လှသော အလင်းတန်းများဖြင့် ရောင်ပြန်ဟပ်နေသည့် သုံးပေရှည်သော စိမ်းပြာရောင် ဓားတစ်လက်သည် ဟင်းလင်းပြင်ကို ဖောက်ထွင်းဝင်ရောက်လာသည်။
၎င်းသည် နတ်အသိစိတ် နိုးထလာသည့်အလား စူးချန်ကဲ၏ လက်ထဲသို့ အလိုအလျောက် ကျရောက်လာသည်။
“ဒါက… ကောင်းကင်လမ်းစဉ် အာဏာစက်ဓား လား…”
လက်ထဲရှိ ဓားရှည်ကို ကြည့်ရင်း စူးချန်ကဲမှာ အံ့အားသင့်စွာဖြင့် မှင်သက်နေမိသည်။
ဤဓား၏ သွန်းလုပ်မှုသည် အလွန်ပြီးပြည့်စုံပြီး ၊ ဓားသေတ္တာကိုးလက် နှင့် ကောင်းကင်နှင့်မြေကြီး စစ်တုရင်ဘုတ် တို့ထက်ပင် သာလွန်ကာ ၊ သူတွေးထားသည်ထက်ကို များစွာ ကျော်လွန်နေခဲ့သည်။
၎င်း၏ ပုံသဏ္ဌာန်မှာ ယခင်ကနှင့် ဆင်တူသော်လည်း ၊ အချို့သော နေရာများတွင်မူ သိသိသာသာ ကွဲပြားသွားသည်။
ဓား၏ ကောက်ကြောင်းသည် အရင်ကထက် အများကြီး ချောမွေ့ကာ ပို၍ ကျက်သရေရှိသည်။
ဓား၏ ကိုယ်ထည်တစ်ခုလုံးသည် လူသားတို့၏ စိတ်ဝိညာဉ်ကို ဖမ်းစားနိုင်လောက်သည့် အေးစက်သော ငွေရောင်အလင်းများ ထွက်ပေါ်နေပြီး ၊ ဓား၏ကိုယ်ထည်ပေါ်တွင် လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရခက်သော ဓားလမ်းစဉ်ဆိုင်ရာ မိုးတိမ်ပုံစံများကို မှိန်ဖျော့စွာ ထွင်းထုထားသည်။
၎င်းတို့သည် ဓားနှင့် တစ်သားတည်း ဖြစ်နေကာ ၊ ဓားလမ်းစဉ်၏ အနှစ်သာရကို ဖော်ဆောင်နေသည်။
ထို့အပြင် ဓား၏ တုန်ခါသံနှင့်အတူ ထွက်ပေါ်လာသော အရှိန်အဝါသည် ဟင်းလင်းပြင်ကိုပင် ရွဲ့စောင်းသွားစေသည်။
မိုးနှင့်မြေကို တုန်လှုပ်စေနိုင်သော ဓားစွမ်းအင်များကို ထုတ်လွှတ်နေသော်လည်း၊ သို့သော် ကောင်းကင်လမ်းစဉ် အာဏာစက်ဓားသည် ၎င်း၏ စစ်မှန်သော ထက်မြက်မှု ဖုံးကွယ်ထားသေးမှန်း စူးချန်ကဲသာ သိပေလိမ့်မည်။
အကယ်၍ သူသာ ဓားဆန္ဒကို အစွမ်းကုန် ထုတ်ဖော်လိုက်ပါက ၊ ထွက်ပေါ်လာမည့် ဓားစွမ်းအင်မှာ ယခင်ထက် မည်မျှ သာလွန်မည်ကို ခန့်မှန်းရန်ပင် ခက်ခဲလှသည်။
သူ၏ လက်နက်သုံးမျိုးစလုံးတွင် အလွန်မြင့်မြတ်သော အရှိန်အဝါတစ်ခု ကိန်းအောင်းနေသကဲ့သို့ သူ ခံစားမိသည်။ ထိုအရာကို စကားလုံးဖြင့် ဖော်ပြရန် ခက်ခဲပေသည်။
“ကောင်းကင်ရတနာ ဖန်ဆင်းခြင်း အတတ်က တကယ်ကို မရိုးရှင်းဘူးပဲ… ဒီလောက်အထိ ပြောင်းလဲသွားတာ ငါ တွေးထားတာထက် အများကြီး ပိုတယ်”
စူးချန်ကဲ၏ စိတ်ထဲတွင် အံ့အားသင့်နေမိသည်။
သို့သော် အံ့အားသင့်မှုထက် ဝမ်းမြောက်မှုက ပိုများသည်။ ဓား၏ အရှင်သခင်အနေဖြင့် ၊ သူကိုယ်တိုင်ပင် ကောင်းကင်လမ်းစဉ် အာဏာစက်ဓား၏ အနာဂတ်ပြောင်းလဲမှုများကို မခန့်မှန်းနိုင်ပေ။
ဤကဲ့သို့ ထူးကဲသော ပြောင်းလဲမှုသည် လက်နက်ဖန်တီးမှု သမိုင်းတွင်ပင် အလွန်ရှားပါးသည်ဟု ဆိုရမည်။
“မင်းက အခု ပြောင်းလဲသွားပြီဆိုတော့ ငါ မင်းကို အမည်သစ်တစ်ခု ပေးမယ်”
စူးချန်ကဲ၏ စကားကို တုံ့ပြန်သည့် အနေဖြင့် ကောင်းကင်လမ်းစဉ် အာဏာစက်ဓားမှာ တုန်ခါသွားသည်။
“ကောင်းပြီ… ဒီနေ့ကစပြီး မင်းရဲ့ အမည်က ‘ကျန့်ရှန်း’ ပဲ”
ကျန့်ရှန်း ။
ဤဓားထွက်ပေါ်လာသည်နှင့် အမတနတ်ဘုရားတို့ကိုပင် ပိုင်းဖြတ်နိုင်ရမည်။
ငါ့မှာ ဓားတစ်လက်ရှိတယ် ၊ လောကရှိ အမတ သန်းပေါင်းများစွာကို ပိုင်းဖြတ်နိုင်စွမ်းရှိတဲ့ ဓားတစ်လက်ပဲ !
စူးချန်ကဲ၏ စကားသံအဆုံးတွင် ဓားရိုးပေါ်၌ အလင်းတန်းများ လှုပ်ခတ်သွားပြီး ပြိုးပျက်စွာ တောက်ပနေသော ရှေးဟောင်းစာလုံးနှစ်လုံး ပေါ်ထွက်လာသည် - ‘ကျန့်ရှန်း’။
ထို့နောက် ဓားသေတ္တာကိုးလက် နှင့် ကောင်းကင်နှင့်မြေကြီး စစ်တုရင်ဘုတ် တို့မှာလည်း စူးချန်ကဲ၏ အနားသို့ တိုးကပ်လာကြသည်။ သူတို့ကိုလည်း အမည်ပေးရန် တောင်းဆိုနေကြပုံပင်။
စူးချန်ကဲမှာ ခဏတာ ကြောင်အမ်းသွားပြီး ၊ ရယ်မောလိုက်မိသည်။
ဤလက်နက်များကို သွန်းလုပ်ပြီးနောက် ၊ သူတို့သည် လူကဲ့သို့ အသိဉာဏ်ရှိလာကာ လူသားအတိုင်း ပြုမှုလာကြသည်။
ဓားသေတ္တာကိုးလက်သည် သူ၏ ဆရာ ‘တစ္ဆေဓားအမတရှင်’ မှ ချန်ထားခဲ့သောလက်နက် ဖြစ်သည်။ သူ၏ အဖော်ဖြစ်ရုံသာမက ၊ ဆရာဖြစ်သူကို အောက်မေ့သည့်အနေဖြင့် ‘ကျန်ရှန်း’ ဟု အမည်ပေးလိုက်သည်။
နောင်တစ်ချိန်တွင် သူသည်လည်း ဆရာဖြစ်သူကဲ့သို့ပင် ဤဓားကိုးလက်ဖြင့် ဓားလမ်းစဉ်တွင် နှစ်ပေါင်းသောင်းချီ စိုးမိုးနိုင်ရန် မျှော်လင့်မိသည်။
ကောင်းကင်နှင့်မြေကြီးစစ်တုရင်ဘုတ်ကိုမူ ‘ဝမ့်ရှန်း’ဟု အမည်ပေးခဲ့သည် ။ ‘ဝမ့်’ ဆိုသည့် စကားလုံး ပါသော်လည်း စူးချန်ကဲအတွက် ဤသည်မှာ အမတနယ်မြေတွင် မည်မျှပင် မြင့်မားသော အဆင့်သို့ ရောက်ပါစေ ၊ တိုက်မြေသုံးထောင်တွင် ဖြတ်သန်းခဲ့ရသော ပုံပြင်များကို မေ့လျော့မည် မဟုတ်ကြောင်း ကိုယ်စားပြုသည်။
🍁 T/N - ကျန့်ရှန်း ၊ကျန်ရှန်း ၊ ဝမ့်ရှန်း
( ကျန့် -- ဖြတ်တောက်ခြင်း ၊ ကျန် -- မြှုပ်နှံခြင်း ၊ ဝမ့် -- မေ့လျော့ခြင်း ) 🍁
“ချန်ကဲ… လက်နက်သွန်းလုပ်တာ ပြီးပြီလား”
ထိုစဉ် ခန်းမအပြင်ဘက်မှ ခေါ်သံတစ်ခု ထွက်ပေါ်လာသည်။ စူးချန်ကဲသည် တံခါးသွားဖွင့်ကြည့်လိုက်ရာ အပြင်ဘက်ရှိ မြင်ကွင်းကြောင့် ကြောင်အမ်းသွားခဲ့ရသည်။
တားမြစ် စူးမိသားစုဝင်မှ အဆင့်မြင့် အကြီးအကဲများနှင့် ဘိုးဘေးများသည် အဘယ့်ကြောင့် ဤနေရာတွင် စုဝေးနေကြသနည်း။
သူတို့အားလုံး၏ အကြည့်များသည် အတော်လေး ထူးဆန်းနေသည်။ အထူးသဖြင့် သူ့အနားရှိ ဘိုးဘေးများ၏ မျက်လုံးများမှာ သူ့ကို ရတနာတစ်ခုအလား စိတ်အားထက်သန်စွာ ကြည့်ရှုနေကြသည်။
“ချန်ကဲ… မင်းသွန်းလုပ်လိုက်တဲ့ လက်နက်တွေကို ငါတို့ တစ်ချက်လောက် ကြည့်ခွင့်ရမလား”
ဘိုးဘေးတစ်ဦးက စိတ်မရှည်နိုင်တော့ဘဲ မေးလိုက်သည်။
စူးချန်ကဲမှာ ဇဝေဇဝါ ဖြစ်သွားသော်လည်း ‘ကျန့်ရှန်းဓား’၊ ‘ကျန်ရှန်းဓားသေတ္တာ’ နှင့် ‘ဝမ့်ရှန်းစစ်တုရင်ဘုတ်’ တို့ကို ထုတ်ပြလိုက်သည်။
“ဟူး…”
ထိုလက်နက်သုံးမျိုးကို မြင်လိုက်ရသည်နှင့် လက်နက်ပညာရှင် ဘိုးဘေးများမှာ အသက်ရှူမှားရလောက်သည့်အထိ ဖြစ်ခဲ့ရသည်။
စူးချန်ကဲသည် အမှန်တကယ်ပင် အဆင့်မြင့်သော လက်နက်သုံးမျိုးကို သွန်းလုပ်နိုင်ခဲ့သည်။
၎င်းတို့ထံမှ ထွက်ပေါ်လာသော အရှိန်အဝါကို ခံစားမိသည်နှင့် ဘိုးဘေးများမှာ လွန်စွာ စိတ်လှုပ်ရှားခဲ့ရသည်။ အကြောင်းမှာ ဤလက်နက်များသည် အလွန်ရှားပါးသော နတ်အသိစိတ်များ နိုးထနေခြင်းပင် ဖြစ်သည်။
“မယုံနိုင်စရာပဲ! ဒါက တကယ်ကို ထူးခြားလွန်းတယ် “
“ဒီပစ္စည်းတွေက မူလကတည်းက မရိုးရှင်းဘူး၊ အခု နတ်အသိစိတ်ပါ နိုးထလာပြီဆိုတော့ သူတို့ရဲ့ အဆင့်အတန်းကို ခန့်မှန်းလို့တောင် မရနိုင်တော့ဘူး “
“အဘိုးကြီး… မင်း အလန့်လွန်ပြီး ရူးသွားတာလား..ဒီလက်နက်တွေမှာ အစကတည်းက သတ်မှတ်ထားတဲ့ အဆင့် မရှိဘူး”
ထိုစဉ် အခြားဘိုးဘေးတစ်ဦးက ကန့်ကွက်လိုက်သည်။
“ဒီလက်နက်တွေရဲ့ အရှိန်အဝါက သတ်မှတ်ထားတဲ့ အဆင့်မှာ မရှိဘူး၊ ဒါပေမဲ့ ချန်ကဲရဲ့ မူလစွမ်းအားနဲ့ တစ်သားတည်း ဖြစ်နေတယ် ၊ ဒါဟာ…ရင်သားအမတလက်နက်တွေပဲ “
(T/N - ရင်သားလက်နက်ဆိုသည်မှာ သခင်ဖြစ်သူ ကြီးထွားလာသည်နှင့် အမျှ ကြီးထွားလာသော လက်နက် - ချွင်းချက်ရှိသူများလည်း ရှိသည်)
ဤစကားကြောင့် လူတိုင်း တုန်လှုပ်သွားကြသည်။ ရင်သား အမတလက်နက်ဆိုသည်မှာ အမတနယ်မြေ တစ်ခုလုံးတွင် အလွန်ရှားပါးသည်။
တားမြစ် စူးမိသားစုတွင် အမတဧကရာဇ်အဆင့်ရှိ လက်နက်များစွာ ရှိသော်လည်း ဤကဲ့သို့ ကြီးထွားနိုင်သော လက်နက်မှာ အခု ၁၀၀ ခန့်သာ ရှိပြီး နတ်အသိစိတ် နိုးထနေသည်မှာ မရှိသလောက်ပင်။
“ချန်ကဲ… ငါ အထင်မမှားဘူးဆိုရင် မင်းသုံးတာက ကျောက်ဟွ အမတဧကရာဇ်မင်း ရဲ့ နည်းစနစ် မဟုတ်လား”
ဘိုးဘေးတစ်ဦးက မေးလိုက်သည်။
“ဟုတ်ပါတယ် ..ဘိုးဘေး ပြောတာ မှန်ပါတယ်”
စူးချန်ကဲသည် ရိုးသားစွာ ပြန်ဖြေလိုက်သည်။
“ ကျွန်တော် နတ်ဘုရားလက်နက် အမတမျှော်စင်မှာ ကောင်းကင်ရတနာ ဖန်ဆင်းခြင်း အတတ် ကို နားလည်သဘောပေါက်ခဲ့ပြီး ၊ လက်နက်ပုံသွင်းခဲ့တာပါ”
ဤစကားကို ကြားလိုက်ရချိန်တွင် ဘိုးဘေးများမှာ မယုံကြည်နိုင်စွာဖြင့် မျက်လုံးအပြူးသား ဖြစ်ကုန်ကြသည်။
အမတနယ်မြေ၏ ထိပ်တန်းပညာရှင်များ အနေဖြင့် ၊ ဤကောင်းကင်ရတနာ ဖန်ဆင်းခြင်း အတတ်ကို သူတို့ မည်သို့ မသိရှိမည်နည်း။
ဤသည်မှာ ကျောက်ဟွ အမတ ဧကရာဇ်မင်း၏ မှော်အတတ် မဟုတ်ဘဲ နတ်ဘုရားလက်နက် အမတမျှော်စင်တစ်ခုလုံး၏ အဓိကအကျဆုံးသော လျှို့ဝှက်ပညာရပ် ဖြစ်သည်။
ဤနည်းစနစ်သည် အမတနယ်မြေ၏ လက်နက်သွန်းလုပ်ခြင်း သမိုင်းကို ပြောင်းလဲစေခဲ့သော နည်းစနစ်ပင် မဟုတ်လော။
ထိုစဉ် ဘိုးဘေးများသည် အရေးကြီးသော အချက်တစ်ခုကို သတိရသွားကြသည်။
အမတနယ်မြေ၏ ဟောကိန်းအရ ဒုတိယအကြိမ်မြောက် အဆုံးမဲ့ကပ်ဘေးသည် သိပ်မကြာမီ ကျရောက်လာပေတော့မည်။
စူးချန်ကဲသည် ဤပညာရပ်ကို တတ်မြောက်ထားပြီ ဖြစ်ရာ နောင်တစ်ချိန်တွင် သေခြင်းရှင်ခြင်း သံသရာစက်ဝန်းကို ထိန်းချုပ်နိုင်သော လက်နက်များကို သွန်းလုပ်နိုင်ပေတော့မည် မဟုတ်လော။
အကယ်၍ ထိုအတိုင်းသာဆိုလျှင်ဖြင့် ၊ ဒုတိယအကြိမ်မြောက် အဆုံးမဲ့ကပ်ဘေး၏ အန္တရာယ်ကို အတိုင်းအတာတစ်ခုအထိ ဖြေရှင်းနိုင်ပေတော့မည်။