ရှေးကျသော စစ်ပွဲကြီး၊ ဖန်ဆင်းရှင်များ၏ တိုက်ပွဲ
Vol. 65 Ch. 846
တစ်ချိန်တည်းမှာပင် ဝတ်စုံဖြူနှင့်ပုဂ္ဂိုလ်၏ အဖြေကို ကြားလိုက်ရသည်နှင့် စူးချန်ကဲသည် စိတ်ထဲတွင် အံ့သြသွားမိသည်။
ဗလာနိတ္ထိဖန်ဆင်းရှင်နှင့် ပတ်သက်သော လျှို့ဝှက်ချက်များကို အမတနယ်မြေရှိ ရှေးဟောင်းမှတ်တမ်းအချို့တွင် ဖော်ပြထားသော်လည်း အလွန်ပင် နည်းပါးသည်။
တားမြစ် စူးမိသားစု၏ ‘ ကောင်းကင်ဘုံ စာကြည့်တိုက်’ ရှိ ကုဋေပေါင်းများစွာသော စာအုပ်များထဲတွင်ပင် ဗလာနိတ္ထိဖန်ဆင်းရှင်နှင့် ပတ်သက်သော ဒဏ္ဍာရီအနည်းငယ်ကိုသာ မှတ်တမ်းတင်ထားနိုင်သည်။
သို့သော် ယခု သူ့ရှေ့က ပုဂ္ဂိုလ်ကြီးသည် ထိုဒဏ္ဍာရီများကို အတော်အတန် သိရှိထားသည်ဟု ပြောနေသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ၊ ထိုပုဂ္ဂိုလ်၏ စွမ်းအားနှင့် နောက်ခံသည် တားမြစ် စူးမိသားစုနှင့်ပင် ရင်ဘောင်တန်းနိုင်သည်ဟု ဆိုလိုခြင်းပင် မဟုတ်လော။
ထိုအတိုင်းသာ ဆိုလျှင်ဖြင့် ၊ တစ်ဖက်လူ၏ ခွန်အားအစစ်အမှန်သည် မည်မျှတောင် ကြောက်စရာကောင်းလိုက်မည်နည်း ။
ယင်းက စူးချန်ကဲကို တုန်လှုပ်သွားစေခဲ့ပြီး ၊ ဤဝတ်စုံဖြူဘိုးဘေးသည် သူကိုယ်တိုင်ပင် မသိသေးသော ဒဏ္ဍာရီများစွာကို သိရှိထားလိမ့်မည်ဟူသော သူ၏ ယုံကြည်ချက်ကို ပို၍ ခိုင်မာသွားစေခဲ့သည်။
ထို့အပြင် ဤကဲ့သို့သော ပုဂ္ဂိုလ်မျိုးသည် အများအားဖြင့် လူသိမခံဘဲ နေလေ့ရှိရာ၊ သူ၏ နှုတ်ထွက်စကားအရ ဗလာနိတ္ထိဖန်ဆင်းရှင်၏ ဒဏ္ဍာရီများကို သိသည်ဟု ဆိုခြင်းမှာ တစ်နည်းအားဖြင့် ထိုသူ၏ လျှို့ဝှက်ချက်များကိုပါ သိရှိထားခြင်းလည်း ဖြစ်နိုင်သည်။
သို့သော် ဤကဲ့သို့သော ပုဂ္ဂိုလ်ထံမှ အဖိုးတန် သတင်းအချက်အလက်များကို ရယူလိုပါကဘ မိမိဘက်မှလည်း တစ်စုံတစ်ရာကို ဖုံးကွယ်ထား၍ မဖြစ်ချေ။ ထိုသို့လုပ်ဆောင်ခြင်းမှာ သဘောထားသေးသိမ်ရာ ရောက်သကဲ့သို့ တစ်ဖက်လူ၏ မလိုလားမှုကိုလည်း ဖြစ်ပေါ်စေနိုင်သည်။
‘တိုက်မြေသုံးထောင် မှာတုန်းကလည်း... ဒီဘိုးဘေးကပဲ ငါ့ကို ဗလာနိတ္ထိမျက်လုံးတော်ကို နိုးထအောင် ကူညီပေးခဲ့တာ...’
‘အခုလည်း သွေးသားကန့်သတ်ချက်ကို ချိုးဖျက်ဖို့ ကူညီပေးဦးမယ်... အကယ်၍ သူသာ ငါ့ကို ဒုက္ခပေးချင်တာဆိုရင် ဒီလောက်အထိ အကျိုးကျေးဇူးတွေ ပေးနေမှာ မဟုတ်ဘူး’
အဓိကအချက်မှာ သူသည် ဗလာနိတ္ထိစွမ်းအားကို ပိုင်ဆိုင်ခဲ့ပြီးနောက် ၊ စနစ်ပေါ်တွင်လည်း ဤဝတ်စုံဖြူနှင့်ပုဂ္ဂိုလ်နှင့် အလွန်ဆင်တူသော ရင်းနှီးသော အရှိန်အဝါတစ်ခု ရှိနေသည်ဟု သူ အမြဲ ခံစားရသည်။
ထို့အပြင် စနစ်ကို ထိုအနှီပုဂ္ဂိုလ်မှ ရည်ရွယ်ချက်ရှိရှိ ဖန်တီးထားခြင်း ဖြစ်ရမည်ဟုပင် သူ သံသယဝင်ဖူးသည်။
ဖြစ်ရပ်အားလုံးကို ခြုံငုံကြည့်ပါက ၊ ဝတ်စုံဖြူနှင့်ပုဂ္ဂိုလ်သည် လုံးဝ ယုံကြည်စိတ်ချရသူဖြစ်ကြောင်း ညွှန်ပြနေသည်။
ခေတ္တမျှ စဉ်းစားပြီးနောက် စူးချန်ကဲသည် သူ၏အဘိုး ပြောပြခဲ့သော ‘ကပ်ဘေးနတ်ဘုရား’ အကြောင်းကို ပြောပြရန် ဆုံးဖြတ်လိုက်သည်။
သို့သော် ဘေးကင်းစေရန်အတွက် အဘိုး၏အမည်နှင့် အဆင့်အတန်းကိုမူ အသေးစိတ် ထုတ်မပြောပြခဲ့ပေ။
……….
ခဏအကြာတွင်...
စူးချန်ကဲ၏ ပြောကြားချက်အားလုံးကို နားထောင်ပြီးနောက် အခြေအနေအရပ်ရပ်ကို သဘောပေါက်သွားသော ဝတ်စုံဖြူနှင့်ပုဂ္ဂိုလ်သည် နက်နက်နဲနဲ စဉ်းစားနေမိသည်။
“ကပ်ဘေးနတ်ဘုရား... ဒေဝလောက တစ်ခွင်လုံး မေ့ပျောက်သွားစေခဲ့တဲ့ နေ့တစ်နေ့... ဖြူဖပ်ဖြူရော်မျက်နှာကြီးတဲ့လား...”
သူသည် ဗလာနိတ္ထိဖန်ဆင်းရှင် တစ်ဦးဖြစ်သကဲ့သို့ ဒေဝလောက ပြန်လည်စတင်ခြင်းကို ဖန်တီးသူများထဲမှ တစ်ဦးလည်း ဖြစ်သည့်အတွက် ဤအဖြစ်မှန်အားလုံးကို သိရှိထားသည်။
တားမြစ် စူးမိသားစုမှ ခန့်မှန်းထားသည့်အတိုင်းပင် ထိုကပ်ဘေးနတ်ဘုရားဆိုသည်မှာ ယခင်က ဒေဝလောကတစ်ခုလုံးကို မေ့ပျောက်သွားစေခဲ့သည့် ဖြူဖပ်ဖြူရော် လူမျက်နှာပင် ဖြစ်သည်။
သူ၏ မှတ်ဉာဏ်ထဲတွင် ယခင်က စူးချန်ကဲ (စူးချန်ချင်း) သည် ကံကြမ္မာဗလာနိတ္ထိခန္ဓာကို နိုးထစေပြီးနောက် အမတနယ်မြေ၏ အထက်လောကတွင် ရှိသော ကပ်ဘေးနတ်ဘုရား၏ အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။
ကပ်ဘေးနတ်ဘုရားဆိုသည်မှာ မိုးမြေ၏ ဘေးဒုက္ခနှင့် ဆင်းရဲဒုက္ခအားလုံးကို အုပ်စိုးသော အမြင့်မြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်သည်။
ဤကဲ့သို့သော အနှိုင်းမဲ့ပုဂ္ဂိုလ်မှာ ယခင်ကတည်းက စည်းမျဉ်းများကို ကျော်လွန်သော တည်ရှိမှု ဖြစ်သည်။ သူသည် စကြဝဠာရှိ အရာအားလုံး၏ နောက်ကွယ်မှ ကြိုးကိုင်နေသူလည်း ဖြစ်ပြီး ၊ သူ၏ နက်နဲလှသော အစီအစဉ်များမှာ လောကအနှံ့ ပျံ့နှံ့နေခဲ့သည်။
မိမိသည် လောကကို အသစ်ပြန်လည် စတင်ရန် ရွေးချယ်ခဲ့သော်လည်း ၊ ထိုခွေးသတောင်းစားသည် သူ ခင်းကျင်းထားသော ကျားစေ့များမှ တစ်ဆင့် မိမိ၏ ခြေရာကို ဖမ်းယူနိုင်ခဲ့သည်။
ထို့ကြောင့် ယခင်ဘဝက စူးချန်ချင်း အသက် ၁၈ နှစ်ပြည့်ပြီး ကံကြမ္မာဗလာနိတ္ထိ၏ အသွေးအသားများ အထွတ်အထိပ်သို့ ရောက်ရှိသွားချိန်တွင် ထိုသကောင့်သား၏ အာရုံစိုက်ခြင်းကို ခံခဲ့ရသည်။
ထိုစဉ်က တစ်ဖက်လူသည် အမတနယ်မြေသို့ အတင်းအဓမ္မ ဆင်းသက်လာကာ စူးချန်ချင်းနှင့် အမတနယ်မြေ တစ်ခုလုံးကို အစွမ်းကုန် ဖျက်ဆီးပစ်ရန် ကြံရွယ်ခဲ့သည်။
မူလက သူသည် နောက်ဆုံး ယဇ်ပူဇော်ခြင်းလမ်းစဉ်ဖြင့် လောကကြီးကို ပြန်လည်စတင်ရန် စီစဉ်ထားခဲ့သော်လည်း ၊ တားမြစ် စူးမိသားစုသည် သူထင်ထားသည်ထက် များစွာ စွမ်းဆောင်နိုင်ခဲ့သည်။
စူးမိသားစုမှ ရှေးဟောင်းစွမ်းအားရှင်များသည် မဟာလမ်းစဉ်၏ တုံ့ပြန်မှုကို အန်တုကာ ၊ ၎င်းတို့၏ အနှိုင်းမဲ့ နတ်ဘုရားစွမ်းအားဖြင့် မဟာလမ်းစဉ်၏ လည်ပတ်မှုကို ထိန်းချုပ်ပြီး စူးချန်ကဲအတွက် လမ်းစသစ်တစ်ခုကို ဖော်ဆောင်ပေးခဲ့ကြသည်။
စူးချန်ကဲ၏ ယခင်ဘဝက ကျင့်ကြံမှုသည် လုံးဝ ပျောက်ဆုံးသွားခဲ့သော်လည်း ၊ သို့သော် တိုက်မြေသုံးထောင်တွင် ဘဝသစ်ကို တစ်ဖန် ပြန်လည်ရရှိခဲ့သည်။
လူသားလမ်းစဉ်မှတစ်ဆင့် အမတလမ်းစဉ်သို့ ပြန်လည်ဝင်ရောက်သည့် နည်းလမ်းဖြင့် ကပ်ဘေးနတ်ဘုရား၏ အန္တရာယ်ကို များစွာ ရှောင်လွှဲနိုင်ခဲ့သည်။
သူသည်လည်း သူ၏ အစီအစဉ်များကို လောကခပ်သိမ်း၏ ဆန္ဒများနှင့် ပေါင်းစပ်ကာ အခြားသော အင်အားစုကြီးများ၏ ဆန္ဒများနှင့်လည်း တစ်ထပ်တည်းကျအောင် လုပ်ဆောင်နိုင်ခဲ့သဖြင့် အရာအားလုံးမှာ ပြီးပြည့်စုံနေခဲ့သည်။
သို့သော် ယနေ့တွင်မူ ထိုကပ်ဘေးနတ်ဘုရား၏ သတင်းကို တစ်ဖန် ကြားလိုက်ရပြန်သည်။ ထို့အပြင် တားမြစ် စူးမိသားစုသည်လည်း တစ်စုံတစ်ခုကို ခန့်မှန်းမိပြီး ဤကိစ္စကို စုံစမ်းစစ်ဆေးနေပုံရသည်။
ကပ်ဘေးနတ်ဘုရားသည် သူ၏ ခြေရာများကို ဖော်ထုတ်လာခြင်းမှာ သူသည် တစ်စုံတစ်ရာကို စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်းကို ဖန်ဆင်းရှင် ငါးပါးထဲမှ တစ်ဦးအပါအဝင် ဖြစ်သည့် ဝတ်စုံဖြူနှင့် ပုဂ္ဂိုလ်လည်း သိလိုက်သည် ။
‘ဒီကောင်က သတိကြီးတဲ့နေရာမှာ နာမည်ကြီးပဲ... အလုပ်လုပ်ရင် ခြေရာလက်ရာ မကျန်အောင် လုပ်တတ်တဲ့သူပဲ...’
‘အခုလို ခြေရာပြလာပြီဆိုကတည်းက သူ သတိထားမိသွားပြီလို့ ကြေညာလိုက်တာပဲ...ဒါဟာ စတင်စုံစမ်းတော့မယ်ဆိုတဲ့ သဘောပဲ...’
‘ဒီကောင်က ထိုက်ချူး နဲ့ ပေါင်းပြီး နောက်ကွယ်မှာ အစီအစဉ်တစ်ခုခု လုပ်ထားတာလည်း ဖြစ်နိုင်တယ်’
‘ကြည့်ရတာ ငါလည်း ပြန်ပြီး တုံ့ပြန်ဖို့ ပြင်ဆင်ရတော့မယ်’
……..
“ဘိုးဘေး...?”
ထိုစဉ် စူးချန်ကဲ၏ ခေါ်သံကြောင့် ဝတ်စုံဖြူနှင့်ပုဂ္ဂိုလ်သည် အတွေးများထဲမှ လက်ရှိအခြေအနေသို့ ပြန်လည်ရောက်ရှိလာသည်။
သူ့ကိုယ်သူ တည်ငြိမ်မှု ပျောက်ဆုံးသွားသည်ကို သတိပြုမိသည့်အလား သူ့လည်ချောင်းကို အနည်းငယ် ရှင်းထုတ်လိုက်သည်။
ထို့နောက် မည်သည့်စွမ်းအားမျှ မဖောက်ထွက်နိုင်သော မဟာလမ်းစဉ်ဆိုင်ရာ နိယာမအကာအကွယ်တစ်ခုကို ဖန်တီးလိုက်ပြီးနောက် ဝတ်စုံဖြူနှင့်ပုဂ္ဂိုလ်က ဆက်ပြောလိုက်သည်။
“အမှန်တော့ ငါအရင်က ဖတ်ခဲ့ဖူးတဲ့ အမတနယ်မြေ ဒဏ္ဍာရီတွေအရ...”
“ဒီဗလာနိတ္ထိဖန်ဆင်းရှင်နဲ့ ကပ်ဘေးနတ်ဘုရားကြားမှာ ကြီးမားတဲ့ ပဋိပက္ခတွေ ရှိခဲ့ဖူးတယ် ... သူတို့ဟာ အယူအဆ မတူညီတာကြောင့် အကြီးအကျယ် တိုက်ခိုက်ခဲ့ကြဖူးတယ်”
“အဲဒီလို ကိစ္စတွေလည်း ရှိခဲ့တာလား”
စူးချန်ကဲသည် စိတ်ဝင်တစားဖြင့် နားထောင်လိုက်သည်။
“ဟုတ်တယ်၊ သူတို့ရဲ့ မတူညီတဲ့ အယူအဆတွေကြောင့် ကျန်တဲ့ ဖန်ဆင်းရှင်တွေကိုပါ သက်ရောက်မှုရှိခဲ့ပြီး နောက်ဆုံးမှာတော့ အုပ်စုနှစ်စု ကွဲသွားခဲ့ကြတယ်”
“ကပ်ဘေးနတ်ဘုရား ဦးဆောင်တဲ့ ဖန်ဆင်းရှင် သုံးပါးက အုပ်စုတစ်စု၊ ကျန်တဲ့ ဗလာနိတ္ထိဖန်ဆင်းရှင်နဲ့ နောက်ထပ် ဖန်ဆင်းရှင် တစ်ပါးက အုပ်စုတစ်စု ဖြစ်သွားခဲ့တယ်”
စူးချန်ကဲသည် အဓိကအချက်ကို ဖမ်းဆုပ်နိုင်ခဲ့ကာ မေးလိုက်သည်။
“ဘိုးဘေး ပြောသလိုဆိုရင် ဗလာနိတ္ထိဖန်ဆင်းရှင်နဲ့ ကပ်ဘေးနတ်ဘုရားက အရင်ကတည်းက ပဋိပက္ခရှိခဲ့ပြီး အုပ်စုတွေ ကွဲနေကြတာဆိုတော့... နောက်ထပ် စစ်ပွဲကြီးတွေ ထပ်ပြီး မဖြစ်နိုင်ဘူးလား”
“ဟားဟား... မင်းက တကယ်ကို ထက်မြက်တာပဲ”
“မင်းပြောတာ မှန်တယ်၊ အဲဒီအုပ်စုနှစ်ခုကြားမှာ တကယ်ပဲ စစ်ပွဲကြီးတစ်ခု ထပ်ပြီး ဖြစ်ပွားခဲ့တယ်”
ဝတ်စုံဖြူနှင့်ပုဂ္ဂိုလ်က ပြုံးပြီး မေးလိုက်သည်။
“မင်း ရင်းမြစ်ချိုးဖျက်တိုက်ပွဲကြီး အကြောင်း ကြားဖူးလား”
“ဟုတ်”
စူးချန်ကဲက ခေါင်းညိတ်လိုက်သည်။
“အမတနယ်မြေရဲ့ ရှေးဟောင်းမှတ်တမ်းတွေမှာ မြင်ဖူးတယ်၊ ဒါပေမဲ့ မှတ်တမ်းက သိပ်အများကြီး မရှိတော့ သိပ်တော့ မသိဘူး”
“ဒါဆိုရင် ရင်းမြစ်ချိုးဖျက်တိုက်ပွဲကြီးက...”
ဝတ်စုံဖြူနှင့်ပုဂ္ဂိုလ်က ပြုံးကာ ခေါင်းခါလိုက်သည်။
“မဟုတ်ဘူး၊ ရင်းမြစ်ချိုးဖျက်တိုက်ပွဲကြီး မဟုတ်ဘူး”
“အဲ့ထက် များစွာ ရှေးကျတဲ့ တိုက်ပွဲကြီးပဲ”
“ ပြောရရင် ဖန်ဆင်းရှင်တွေရဲ့ တိုက်ပွဲပေါ့”