← Chapters

ဓားနှင့် စောင်း၊ တောအုပ်ထဲမှ မူးယစ်စေသော ညနေခင်းလေညင်း

Vol. 65 Ch. 849

ဓားနှင့် စောင်း၊ တောအုပ်ထဲမှ မူးယစ်စေသော ညနေခင်းလေညင်း

Vol. 65 Ch. 849

“စီနီယာက ကျွန်တော့်နာမည်ကို သိနေတာလား”

စူးချန်ကဲ အနည်းငယ် အံ့သြသွားသည်။

သို့သော် ထိုအခိုက်အတန့်တွင် သူသည် ထိုဝတ်ရုံဖြူအမျိုးသား၏ ရုပ်ရည်ကို ရှင်းလင်းစွာ မြင်တွေ့လိုက်ရ၏။

ခန့်ညားထည်ဝါပြီး ထူးကဲမွန်မြတ်သော အရှိန်အဝါရှိကာ၊ ဓားကဲ့သို့ ထက်မြက်သော မျက်ခုံးအစုံနှင့် ကြည့်ကောင်းလွန်းသော ရုပ်ရည်မှာ ဖြူစင်ဝင်းပသော အသားအရေနှင့် ပေါင်းစပ်လိုက်သည့်အခါ ကျား၊ မ ခွဲခြားရခက်လောက်အောင် လှပသည့် အလှတရားမျိုးကို ပေးဆောင်နေသည်။

လူသားကမ္ဘာသို့ ခေတ္တဆင်းသက်လာသည့် နတ်ဘုရားတစ်ပါး ဖြစ်သည်ဟု ခေါ်ဆိုလျှင်ပင် ချဲ့ကားပြောဆိုခြင်း မဟုတ်ချေ။

သို့သော် တစ်ဖက်လူ၏ ရုပ်ရည်ကို အံ့သြမိသည်ထက် စူးချန်ကဲသည် ထိုအနှီလူ၏ ရှေ့တွင် ရှိနေသော ရှေးဟောင်း ဗျပ်စောင်းဆီသို့ အလိုအလျောက် အကြည့်ရောက်သွားသည်။

ထိုဗျပ်စောင်းသည် အမည်မသိ ထာဝရ နတ်သစ်သားဖြင့် ပြုလုပ်ထားဟန်ရှိပြီး၊ စောင်းကြိုး ခုနစ်ပင်မှာ ထျန်းရှန်းတောင်ထိပ်မှ နှင်းပိုးကောင်၏ ပိုးမျှင်များအလား ကြည်လင်ဝင်းပနေသည်။

ဗျပ်စောင်း၏ ဘယ်ဘက်အောက်ခြေတွင် တစ်ချက်ကြည့်ရုံနှင့် ရှင်းလင်းစွာ မြင်နိုင်သော စာလုံးကြီးနှစ်လုံး ရေးထွင်းထားသည် - ”ဖူရှစ်”

ထိုစာလုံးနှစ်လုံးကို မြင်လိုက်ရသည့် အခိုက်အတန့်မှာပင် စူးချန်ကဲ သည် ရုတ်တရက် သဘောပေါက်သွားသည်။

ဤလူကို သူ မြင်ဖူးသည်။

ဗလာနိတ္ထိ မူလမျှော်စင်၏ ပထမအထပ်ကို အောင်မြင်စွာ ဖြတ်ကျော်ပြီးနောက်၊ မျှော်စင်ပြင်ပသို့ ပို့ဆောင်ခံရတော့မည့် အချိန်တွင် သူသည် ဤလူကို တိုက်တိုက်ဆိုင်ဆိုင် မြင်ခဲ့ဖူးခြင်း ဖြစ်သည်။

ထို့အပြင် သူ မထွက်ခွာမီ ၊ ထိုသူက သူ့အား စကားလေးလုံး ပြောခဲ့သည်ကိုလည်း ရှင်းရှင်းလင်းလင်း မှတ်မိနေသေး၏ ။

“နောက်ဆုံးတော့ ဆုံကြပြီပေါ့”

“ ကြည့်ရတာ မင်း ငါ့ကို မမေ့သေးဘူးပဲ”

စူးချန်ကဲ စဉ်းစားနေသည်ကို ရိပ်မိပုံရသဖြင့် ဝတ်ရုံဖြူအမျိုးသားက ပြုံးလျက် ပြန်လည် ဖြေကြားလိုက်သည်။

“စီနီယာက တကယ်ပဲ ဘယ်သူလဲ”

“ဘာလို့ ကျွန်တော့်ကို အဲဒီစကားတွေ ပြောခဲ့တာလဲ”

”စီနီယာကလည်း ကျွန်တော့်ရဲ့ အခြားတစ်ယောက်ပဲလား”

စူးချန်ကဲ၏ စိတ်ထဲတွင် သံသယများဖြင့် ပြည့်နှက်နေသည်။ ဗလာနိတ္ထိ မူလမျှော်စင်အတွင်းရှိ ဤဖြစ်တည်မှုများနှင့် ပတ်သက်၍ ၊ ဝတ်စုံဖြူနှင့် ပုဂ္ဂိုလ်သည် သူ့အား အသေးစိတ် ရှင်းပြခဲ့ခြင်း မရှိပေ။

သူ သိထားသည်မှာ ဤမျှော်စင်အတွင်းရှိ အရာအားလုံးသည် မိမိကိုယ်တိုင်၏ ပုံရိပ်ယောင်များသာ ဖြစ်ပြီး၊ သူကိုယ်တိုင်၏ အခြားနောက်တစ်ယောက် ဟုသာ နားလည်ထားသည်။

“ မင်းကိုယ်တိုင်ရဲ့ အခြားနောက်တစ်ယောက်တဲ့လား”

“ဟားး…. ဟုတ်တယ်လို့လည်း ပြောလို့ရတယ် ၊ မဟုတ်ဘူးလို့လည်း ပြောလို့ရတယ် ”

”အချိန်နှင့် ဟင်းလင်းပြင်တွေက လှိုင်းထန်လွန်းတယ် ၊ မဟာလမ်းစဉ်အပေါင်းဟာလည်း ကျယ်ပြောလှတယ်၊ ခေတ်ကာလတိုင်းမှာ ဆင်တူတဲ့ ပန်းကလေးတွေ ပွင့်ဖူးတတ်ကြစမြဲပဲ”

“ မင်းနဲ့ငါဟာ မတူညီတဲ့ အချိန်နဲ့ ဟင်းလင်းပြင်တွေမှာ တည်ရှိနေကြတာ၊ အခု ဒီနေရာမှာ ဆုံတွေ့ရတယ်ဆိုတာ ကံကြမ္မာနဲ့ အချိန်-အာကာသတို့ရဲ့ ဆုံချက်တစ်ခုပါပဲ”

ဤစကားများသည် ဟုတ်တာလိုလို မဟုတ်တာလိုလိုဖြင့် အတော်စဉ်းစားရခက်ပေသည်။

ယခင်က ပထမအထပ်တွင် ရှိခဲ့စဉ်က ၊ သူသည် ဤကဲ့သို့ ဆင်တူသော စကားမျိုးကို ကြားခဲ့ရဖူးသည်။

ယခုလည်း ထပ်မံ ကြားခဲ့ရပြန်သည်။ စူးချန်ကဲမှာ အလွန်ပင် ဇဝေဇဝါဖြစ်သွားပြီး ဆိုလိုရင်းကို နားမလည်ဘဲ ဖြစ်နေ၏။

“သိခြင်း မသိခြင်းကလည်း သိပ်အရေးမကြီးပါဘူး”

ဝတ်ရုံဖြူအမျိုးသားက စကားလမ်းကြောင်းပြောင်းကာ ပြုံး၍ ပြောလိုက်သည် ။

“အချိန်က အရာအားလုံးကို သက်သေပြသွားလိမ့်မယ်၊ အရာအားလုံးကိုလည်း မင်းကို ပြောပြလိမ့်မယ်”

“စကြစို့၊ မင်း ငါ့ကို အနိုင်ယူနိုင်မှ ဒီနေရာကနေ ထွက်ခွာနိုင်မယ်”

“ကောင်းပါပြီ”

စူးချန်ကဲသည်လည်း ဆက်လက် မမေးမြန်းတော့ဘဲ စိတ်ကို စုစည်းကာ ခန္ဓာကိုယ်အတွင်းရှိ အမတစွမ်းအားများကို လှုံ့ဆော်လိုက်သည်။

ထို့နောက် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်နှင့် ၊ ပြင်းထန်သော ဓား၏ အရှိန်အဝါများသည် မိုးရွာသွန်းပြီးနောက် ပေါက်ရောက်လာသော ဝါးပင်ပေါက်လေးများကဲ့သို့ အရှိန်အဟုန်ပြင်းစွာ မြင့်တက်လာလေ၏။

မိုးနှင့် မြေကြား ဓားဟောက်သံများဖြင့် ပဲ့တင်ထပ်သွားပြီး ၊ အေးစက်သော အလင်းတန်းများကြားမှ ကျန့်ရှန်းဓား သည် ဟင်းလင်းပြင်ကို ဖောက်ထွင်း၍ စူးချန်ကဲ၏ လက်ထဲသို့ ရောက်ရှိလာသည်။

စူးချန်ကဲသည် ကျန့်ရှန်းဓားကို တင်းတင်းဆုပ်ကိုင်ကာ ဝတ်ရုံဖြူအမျိုးသားအား ဓားဖြင့် ချိန်ရွယ်လိုက်သည် ။

“ ကျွန်တော် ဓားသမား စူးချန်ကဲ ၊ သင်ကြားပြသပေးဖို့ တောင်းဆိုပါတယ်”

“ဓားသမား.....”

ထိုစကားကို ကြားလိုက်ရချိန်တွင် ဝတ်ရုံဖြူအမျိုးသားမှာ သိသိသာသာ ဆွံ့အသွားပြီး တစ်စုံတစ်ရာကို ပြန်လည်အမှတ်ရသွားဟန် ရှိသည်။

လူငယ်ဘဝတုန်းက သူသည်လည်း ဓားတစ်လက်ဖြင့် လောကအနှံ့ လှည့်လည်သွားလာသည့် ဓားသမားတစ်ဦး ဖြစ်ချင်ခဲ့ဖူးသည်။

သို့သော် နောက်ဆုံးတွင်မူ သူသည် ဂီတလမ်းစဉ်ပေါ်သို့ လျှောက်လှမ်းခဲ့ပြီး၊ လောကအရပ်ရပ်သို့ သွားရောက်ကာ လှပသော တောတောင်ရေမြေ သဘာဝအလှတရားများကို ကြည့်ရှုခဲ့သည်။

သူသည် စစ်တလင်းပြင်တွင်လည်း စောင်းတီးခတ်ရင်း သွေးမြေကျတိုက်ပွဲများကို ရင်ဆိုင်ခဲ့ဖူးကာ၊ ပြုံးရယ်နေရင်းဖြင့် ရန်သူ့တပ်ပေါင်းများစွာကို ပြာဖြစ်စေခဲ့ဖူးသည်။

သို့သော် နှမြောစရာကောင်းသည်မှာ သူသည် နောက်ဆုံးတွင် ဂီတလောက၏ ဒဏ္ဍာရီလာ ပညာရှင်တစ်ဦး ဖြစ်လာခဲ့သော်လည်း သူ၏ မူလအိပ်မက်ကိုမူ မဖြည့်ဆည်းနိုင်ခဲ့ပေ။

ယခု စူးချန်ကဲနှင့် တွေ့ဆုံလိုက်ရချိန်တွင် ၊ တစ်ဖက်လူသည် သူ မဖြည့်ဆည်းနိုင်ခဲ့သော အိပ်မက်များကို ဖြည့်ဆည်းပေးနိုင်စွမ်း ရှိလိမ့်မည် ဟူသော ခံစားချက်တစ်ခု ရရှိနေမိသည်။

“လွတ်လပ်တဲ့ ခရီးသည်တစ်ဦးဖြစ်တဲ့ ယွင်ဝူဖုန်းပါ၊ ကျေးဇူးပြုပြီး သင်ကြားပြသပေးပါဦး”

ဒင်—

စကားသံဆုံးသည်နှင့် ၊ ယွင်ဝူဖုန်းသည် သူ၏ လက်ချောင်းများဖြင့် စောင်းကြိုးကို လျင်မြန်စွာ တီးခတ်လိုက်ရာ ၊ ပဲ့တင်ထပ်နေသော ဂီတသံစဉ်များနှင့်အတူ ဂီတမှော်သင်္ကေတများဖြင့် ဖွဲ့စည်းထားသည့် စွမ်းအားလှိုင်းများသည် ဟိန်းဟောက်ကာ ထွက်ပေါ်လာလေ၏။

စူးချန်ကဲသည်လည်း အရှုံးမပေးဘဲ ဓားကို ဝှေ့ယမ်းကာ ခုတ်ပိုင်းလိုက်သည်။ ကျန့်ရှန်းဓားအတွင်း ကိန်းအောင်းနေသော ဓားစွမ်းအင်များသည် ယခင်ကထက် ပို၍ ပြင်းထန်ပြီး၊ တစ်ချက်တည်းနှင့်ပင် ကျယ်ပြောလှသော ဓားစွမ်းအင်များသည် တောင်တန်းရေမြေများကို လှုပ်ခတ်သွားစေသည်။

ဝုန်း!

ဓားတစ်ချက်၏ အစွမ်းဖြင့် ဂီတလှိုင်းလုံးကြီးမှာ ဓားစွမ်းအင်ကြောင့် ချက်ချင်း ကွဲကြေသွားပြီး ၊ ကောင်းကင်အနှံ့ ပြန့်ကျဲနေသော ကြယ်စင်မှုန်များအလား ပျောက်ကွယ်သွားလေ၏။

“စိတ်ဝင်စားဖို့ကောင်းသားပဲ”

မိမိ၏ တိုက်ခိုက်မှုကို ဓားစွမ်းအင်သည် လွယ်လင့်တကူ ချေမှုန်းလိုက်နိုင်သည်ကို မြင်လိုက်ရချိန်တွင် ယွင်ဝူဖုန်းသည် မျက်ခုံးတစ်ချက် ပင့်လိုက်သော်လည်း ၊ သူ၏ လက်ချောင်းများက စောင်းကြိုးများကို လျင်မြန်စွာ တီးခတ်ပြန်လေ၏။

ထိုအခါ ပျက်စီးသွားသော ဂီတ အလင်းမှုန်လေးများသည် အသက်ပြန်ဝင်လာသကဲ့သို့ ပြန်လည်ပေါင်းစည်းသွားပြီး ၊ ပို၍ပင် တောက်ပလာကာ စူးချန်ကဲထံသို့ အရှိန်အဟုန်ပြင်းစွာ တိုးဝင်လာသည်။

ဤမြင်ကွင်းကြောင့် စူးချန်ကဲသည် မျက်မှောင်ကြုတ်သွားသည်။ တစ်ဖက်လူတွင် ဤကဲ့သို့ အရည်အချင်းရှိလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ပေ။

သို့သော် သူသည် ရှောင်တိမ်းခြင်း မရှိ ရှေ့သို့ တိုးဝင်သွားပြီး ထောင့်ဖြတ် ခုတ်ပိုင်းလိုက်ရာ ၊ ဓားစွမ်းအင်များသည် ဓားတောင်တန်းကြီးအလား ကျဆင်းလာသည်။

ဝုန်း ဝုန်း ဝုန်း!

ဓားစွမ်းအင်နှင့် ဂီတသင်္ကေတများ ထိပ်တိုက်တွေ့ဆုံခဲ့လေရာ ၊ ဟင်းလင်းပြင်တစ်ခုလုံးသည် ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခု၏ ဖိသိပ်မှုကြောင့် အက်ကြောင်းများစွာ ပေါ်ပေါက်လာသည်။

အဆုံးစွန်သော စွမ်းအားနှစ်ခုသည် အဆက်မပြတ် ထိပ်တိုက်တွေ့ဆုံနေကြပြီး ၊ အချင်းချင်း အပြန်အလှန် ဖျက်ဆီးနေကြသည်။

ဂီတလှိုင်းလုံးကြီးများက ဓားစွမ်းအင်၏ ဝါးမြိုခြင်းကို ခံရတော့မည့်ဆဲဆဲတွင် ယွင်ဝူဖုန်းသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး စောင်းကြိုးကို ထပ်မံ တီးခတ်လိုက်သည်။

“ဒါဆိုရင်တော့ နောက်ထပ် သီချင်းတစ်ပုဒ် ပြောင်းလိုက်ကြတာပေါ့”

“သီချင်းနာမည်က ’မူးယစ်စေသော ညနေခင်းလေညင်း’ တဲ့”

ဒင်——

မဟာလမ်းစဉ်၏ နက်နဲပြီး လျှို့ဝှက်ဆန်းကြယ်သော တေးသွားများသည် အနှစ်သာရအပြည့်ရှိသည်။ မရေမတွက်နိုင်သော ဂီတသင်္ကေတများသည် လောကထဲသို့ ကျဆင်းလာသည်နှင့် တစ်ပြိုင်နက် ၊ မိုးနှင့်မြေကြား ရှေးဟောင်းသံစဉ် လေညင်းများ တိုက်ခတ်လာလေ၏။

ထိုစွမ်းအား၏ လွှမ်းမိုးမှုအောက်တွင် ဝါးတောသည် တရှဲရှဲ မြည်သံပေးကာ ယိမ်းနွဲ့လာပြီး ဝါးရွက်များစွာ ကြွေလွင့်လာသည်။

ဝုန်း ဝုန်း ဝုန်း——

ဤနေရာရှိ လောကကြီးတစ်ခုလုံး လှုပ်ခါသွားပြီး ၊ ဤအခိုက်အတန့်တွင်၊ အရာအားလုံးသည် စောင်းသံနှင့်အတူ ပဲ့တင်ထပ်သွားသည်။

ထို့နောက် စောင်းသံ၏ လှုံ့ဆော်မှုအောက်တွင် မရေမတွက်နိုင်သော ဝါးရွက်များသည် လေနှင့်အတူ ပျံတက်လာပြီး မြစိမ်းရောင် ဓားသွားများအလား မြစ်ကြီးတစ်စင်းကဲ့သို့ ပေါင်းစည်းသွားသည်။

သန်းပေါင်းများစွာသော ဝါးရွက်များသည် ကောင်းကင်ယံတွင် ပြည့်နှက်နေသော ကြယ်စင်များအလား ဖြန့်ကျက်သွားသည်။

သို့သော် ထိုမျှ လှပသော မြင်ကွင်း၏နောက်ကွယ်တွင် သေစေနိုင်သော အန္တရာယ်များ ကိန်းအောင်းနေသည်။

ဤဝါးရွက် တစ်ရွက်ချင်းစီသည် နတ်ဘုရားဓားတစ်စင်းနှင့် ညီမျှပြီး၊ ဟင်းလင်းပြင်ကို ဖောက်ထွင်းနိုင်သော စွမ်းအားရှိရာ တစ်ချက်ထိမှန်ရုံနှင့်ပင် အသားများ စုတ်ပြတ်သွားနိုင်သည်။

ဝုန်း!

ယွင်ဝူဖုန်း သည် စောင်းကြိုးကို ထပ်မံ တီးခတ်လိုက်သည်နှင့် သန်းပေါင်းများစွာသော ဝါးရွက်များသည် ဟင်းလင်းပြင်ကို ဖောက်ထွင်းကာ စူးချန်ကဲထံသို့ ပြေးဝင်သွားသည်။

ဤကဲ့သို့ ကျယ်ပြန့်သော ထိုးစစ်ဆင်မှုအောက်တွင်၊ မည်သူမဆို ရှောင်တိမ်းရန် မဖြစ်နိုင်ပေ။

သို့သော် စူးချန်ကဲသည် မျက်ခုံးတစ်ချက် ပင့်ရုံမျှသာ ပြုလုပ်ပြီး ဘာမှမဖြစ်သကဲ့သို့ ရှေ့သို့ တစ်လှမ်းတိုးလိုက်သည်။

သူ၏ အရှိန်အဝါသည် ထပ်မံ မြင့်တက်လာပြီး ၊ သူ့တစ်ကိုယ်လုံးသည် ကောင်းကင်ယံထက်တွင် တောက်ပသော နေမင်းကြီးသဖွယ် အဆုံးမရှိသော ဓားဆန္ဒများကို ထုတ်လွှတ်လိုက်သည်။

လက်ထဲရှိ ကျန့်ရှန်းဓားသည် တဆက်ဆက် တုန်ခါနေပြီး အေးစက်သော အလင်းတန်းများဖြင့် ရောင်ပြန်ဟပ်လျက် ရှိသည်။

ဤမျှ ကျယ်ပြန့်လှသော တိုက်ခိုက်မှုကို ဓားတစ်ချက်တည်းဖြင့် ဖြေရှင်းရန်မှာ မဖြစ်နိုင်ပေ။

သို့သော် ၎င်းကို လုံးဝ ဖြိုခွဲရန်မှာလည်း ခက်ခဲသော ကိစ္စမဟုတ်ပေ။

ဓားတစ်ချက်နဲ့ မရရင် ဓားဆယ်ချက်။

ဆယ်ချက်နဲ မရရင် အချက်တစ်ရာ ထုတ်သုံးရုံပေါ့...

All Chapters