ဓားဖြင့် ဂီတကမ္ဘာကို ချေမှုန်းခြင်း၊ ယွင်ဝူဖုန်း၏ ရှုံးနိမ့်မှု
Vol. 65 Ch. 851
ထို့အပြင် မိုးမြေတစ်ခွင်လုံးကို ဖုံးလွှမ်းထားသော ဤဂီတသင်္ကေတများအတွင်း၌ ပြင်းထန်သော ဝါးမြိုခြင်းစွမ်းအားများ ကိန်းအောင်းနေသည်။
စူးချန်ကဲသည် အမတနယ်မြေမှ ရှေးဟောင်းသားရဲတစ်ကောင်ကို သတ်လိုက်တိုင်း၊ ပျက်စီးသွားသော ထိုသားရဲ၏ အစအနများက သူ၏ ဓားဆန္ဒအချို့ကို ဝါးမြိုသွားတတ်သည်။
ဤတစ်ကြိမ်တွင် သူ ချိုးဖျက်ရမည့် သူတော်စင် ခန္ဓာကိုယ်၏ သွေးသားကန့်သတ်ချက်မှာ စုပ်ယူ သူတော်စင် ခန္ဓာကိုယ် ဖြစ်သည်။
ယွင်ဝူဖုန်း၏ ခန္ဓာကိုယ်အတွင်း၌လည်း သူနှင့် ဆင်တူသော စုပ်ယူ သူတော်စင် ခန္ဓာကိုယ်၏ အသွေးအသားများ ရှိနေသည်။
ဗလာနိတ္ထိ မူလမျှော်စင်အတွင်းတွင် သူသည် ခန္ဓာကိုယ်ဖွဲ့စည်းပုံ တစ်ခုကိုသာ ချိုးဖျက်နိုင်သည်။ ဆိုလိုသည်မှာ သူ၏ စုပ်ယူ သူတော်စင် ခန္ဓာကိုယ်၏ စွမ်းအားကိုသာလျှင် အသုံးပြုနိုင်သည်။
ကျန်ရှိသော အခြားသူတော်စင် ခန္ဓာကိုယ်များ၏ စွမ်းအားများကို အသုံးပြုခွင့် မရှိပေ။
အမှန်အားဖြင့်၊ ဤကဲ့သို့ အခြေအနေမျိုးနှင့် ရင်ဆိုင်ရသည့် အခါတွင် သူသည် အမတနတ်ဘုရားနတ်ဆိုး စုပေါင်းနှလုံးသားကို အသုံးပြုရုံဖြင့် ဤကဲ့သို့သော စိတ်ကူးယဉ်ကမ္ဘာကို တစ်ချက်တည်းဖြင့် ချေမှုန်းနိုင်သည်။
“ရှေးယခင်က သာမန်ခန္ဓာကိုယ် ပိုင်ရှင်တွေတောင် ဘုရင်တွေ၊ ဧကရာဇ်တွေ ဖြစ်ခဲ့ကြပြီး လောကတစ်ခုလုံးကို တုန်လှုပ်အောင် လုပ်နိုင်ခဲ့သေးတာပဲ”
“ငါ စူးချန်ကဲမှာ အထူးကိုယ်ထည်တွေရဲ့ အထောက်အပံ့ မရှိတော့ဘူးဆိုရင်တောင်၊ ဘာလို့ သူတို့လို မလုပ်နိုင်ရမှာလဲ”
စူးချန်ကဲ၏ မျက်ဝန်းအစုံတွင် နတ်အလင်းများ လင်းလက်လာပြီး၊ ကြီးကျယ်ခမ်းနားသော အမတစွမ်းအားများ ထွက်ပေါ်လာကာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို နေမင်းပမာ တောက်ပသွားစေသည်။
ဝုန်း ဝုန်း ဝုန်း! !
ထိုအခိုက်အတန့်တွင် ဝမ့်ရှန်းစစ်တုရင်ခုံသည် ဆင်းသက်လာပြီး နတ်အလင်းများကို ထုတ်လွှတ်လိုက်သည်။
ဝုန်း!
ကျန်ရှန်းဓားအိမ်အတွင်းရှိ အမတဓား ကိုးစင်းသည် တစ်ပြိုင်နက်တည်း ပျံထွက်လာပြီး၊ လမင်းကို ဝန်းရံထားသော ကြယ်တာရာများအလား စူးချန်ကဲ၏ ဘေးပတ်ပတ်လည်တွင် ဝန်းရံထားကြသည်။
စူးချန်ကဲ၏ ခန္ဓာကိုယ်အတွင်းရှိ သွေးစွမ်းအားများသည် ပြင်းထန်စွာ မြည်ဟည်းလာပြီး၊ ကောင်းကင်သို့ ထိုးတက်သွားသော ဓားစွမ်းအင်များသည် နဂါးငွေ့တန်း တစ်ခုလုံးကို ဝါးမြိုတော့မည့်အလား ထင်မှတ်ရသည်။
“သွားစမ်း!”
ဝှစ် ဝှစ်! !
အမတဓား ကိုးစင်းသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ကြယ်ပျံများအလား ပြေးထွက်သွားကြသည်။
ဆီးနှင်းအမတဓားသည် အေးစက်သော ဓားအလင်းတန်းများကို ထုတ်လွှတ်လိုက်ရာ ၊ ရှေးဟောင်းသားရဲ အမြောက်အမြားမှာ နှင်းမှုန်များအဖြစ် တခဏချင်း ပြောင်းလဲခံလိုက်ရသည်။
မိုးကြိုးအမတဓားသည် မိုးကြိုးမုန်တိုင်းများကို ဖန်တီးကာ ဟိန်းဟောက်နေသော မိုးပြာနဂါးအလား ရန်သူများကို အမှုန့်ခြေပစ်လိုက်သည်။
မီးလျှံ အမဓားသည် ကောင်းကင်ယံမှနေ၍ မီးလျှံပင်လယ်ကြီးကို သွန်းလောင်းချလိုက်ရာ ၊ သားရဲများသည် မီးပွားများအဖြစ်သို့ ကြဲလွင့်သွားလေ၏။
………….
မတူညီသော အမတဓား ကိုးစင်းသည် ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်များကို ထုတ်လွှတ်နေကြသည်။
၎င်းတို့ ဖြတ်သန်းသွားလေရာ နေရာတိုင်း ၊ ရှေးဟောင်းသားရဲများမှာ အမှုန့်အဖြစ် ချေမှုန်းခံလိုက်ရသည်။
ထို့အပြင် ဝမ့်ရှန်း စစ်တုရင်ခုံ၏ အကာအကွယ်ကြောင့် စူးချန်ကဲထံသို့ တိုးဝင်လာသော ဂီတဓားသွားများနှင့် သားရဲများမှာလည်း အဖြူအမည်း အမတစွမ်းအားများဖြင့် ထိတွေ့ကာ ချက်ချင်းလက်ငင်း ပျောက်ကွယ်သွားကြသည်။
ဤမျှ ပြင်းထန်သော စွမ်းအားများအောက်တွင် စူးချန်ကဲ၏ ဓားချက်လှုပ်ရှားမှုသည် ပိုပို၍ မြန်ဆန်လာသည်။
သူသည် ဓားကို တစ်ချက် ဝှေ့ယမ်းလိုက်တိုင်း အကန့်အသတ်မရှိသော ဓားစွမ်းအင်များသည် ဤဂီတလောကတွင် မရေမတွက်နိုင်သော အက်ကြောင်းများစွာကို ဖန်တီးလေ၏။
“ဓား စွမ်းအားနဲ့ ငါ့ရဲ့ ဂီတကမ္ဘာကို ဖျက်ဆီးဖို့ ကြံစည်နေတာလား”
“ ဒါကရိုးရှင်းပြီး ထိရောက်တဲ့ နည်းလမ်းပဲ”
ဤကဲ့သို့သော ဂီတကမ္ဘာအတွင်း ပိတ်မိနေပါက လွတ်မြောက်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ဤကမ္ဘာရှိ ဂီတသင်္ကေတ အားလုံးကို အမြစ်ပြတ် ချေမှုန်းပစ်ရန်သာ ဖြစ်သည်။
သို့မဟုတ်ပါက နိယာမအရ ၊ ဂီတ မှော်သင်္ကေတများသည် အဆုံးမရှိ မွေးဖွားနေပေလိမ့်မည်။
သို့သော် ဤဂီတကမ္ဘာ၏ အရှင်သခင်ဖြစ်သော ယွင်ဝူဖုန်းသည်လည်း စူးချန်ကဲ၏ တန်ပြန်မှုကို ဤအတိုင်း ကြည့်နေမည်မဟုတ်ပေ။
သူ၏ သွယ်လျသော လက်ချောင်းများသည် စောင်းကြိုးပေါ်တွင် လျင်မြန်စွာ လှုပ်ရှားလို့ နေလေ၏။
ဒင်!
မိုးမြေတစ်ခွင်လုံးကို ဖုံးလွှမ်းထားသော ဂီတသင်္ကေတများသည် နတ်အလင်းတန်းများအဖြစ် ပြောင်းလဲကျဆင်းလာပြီး မဟာလမ်းစဉ်နှင့် ပဲ့တင်ထပ်လျက် ရှိသည်။
သူ၏ စောင်းတီးခတ်နေသော အရှိန်မှာလည်း ပိုပို၍ မြန်ဆန်လာသည်။
ဒိုင်း! !
ထိုအခိုက်အတန့်တွင် လောကကြီးမှာ တစ်ဖန် ပြောင်းလဲသွားပြန်သည်။
ရိုက်ခတ်လှုပ်ရှားနေသော ဂီတလှိုင်းတံပိုးများသည် ကမ္ဘာပျက်ကပ် လျှပ်စီးမုန်တိုင်းကြီးအဖြစ်သို့ ပြောင်းလဲသွားကာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားသည်။
ထိုကမ္ဘာပျက်ကပ် လျှပ်စီးများသည် အောက်ဘက်ရှိ စူးချန်ကဲကို အပြီးတိုင် ချေမှုန်းပစ်ရန် ကြိုးစားနေဟန် ရသည်။
ဘုန်း ဘုန်း ဘုန်း! ! !
ဓားအလင်းနှင့် ဂီတသင်္ကေတများသည် တစ်ခုနှင့်တစ်ခု ပြင်းထန်စွာ ထိပ်တိုက် တွေ့ဆုံနေကြပြီး ၊ ပေါက်ကွဲထွက်လာသော နတ်အလင်းလှိုင်းတံပိုးများက အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စဉ်ရိုက်ခတ်သွားသည်။
သို့သော် ဤဂီတကမ္ဘာအတွင်း ယွင်ဝူဖုန်းသာ အလိုရှိပါက မည်သည့်အရာကိုမဆို ဖန်တီးနိုင်သည်။
ဝုန်း!
ထိုစဉ် တောက်ပသော အလင်းတန်းများအကြား မြင့်မြတ်လှသော နတ်ဘုရားပုံရိပ်ကြီးတစ်ခု ပေါ်ထွက်လာသည်။
ယွင်ဝူဖုန်း၏ စောင်းသံနှင့်အတူ ၊ ထိုနတ်ဘုရားပုံရိပ်ကြီးမှာ ကောင်းကင်ထိအောင် ရှည်လျားသော ဧရာမ နတ်ဘုရားဓားကို ကိုင်ဆောင်ကာ စူးချန်ကဲ၏ ဦးခေါင်းပေါ်သို့ တည့်တည့် ခုတ်ပိုင်းချလိုက်သည်။
ဝုန်း ဝုန်း ဝုန်း! !
သို့သော် အောက်ဘက်ရှိ စူးချန်ကဲသည်လည်း အရှုံးမပေးပေ။
“ဖွင့်!”
သူသည် ခန္ဓာကိုယ်အတွင်းရှိ အမတစွမ်းအားများကို လှုံဆော်လိုက်ပြီး ၊ ကျဆင်းလာသော ဖိအားများကို အံတုကာ အထက်သို့ ထိုးတက်သွားသည်။
တစ်ချိန်တည်းမှာပင် အမတဓား ကိုးစင်းသည် သူ့အား ဝန်းရံကာ လမ်းဖောက်ပေးနေပြီး၊ ဂီတလှိုင်းလုံးကြီးများကို တစ်လွှာပြီးတစ်လွှာ ကွဲကြေသွားစေသည်။
“ဓားလှိုင်း ကိုးသွယ် ပြောင်းလဲခြင်း!”
ဝုန်း ဝုန်း ဝုန်း!
တောက်ပသော ဓားနတ်ဘုရား ပုံရိပ်ကိုးခုသည် တစ်ပြိုင်နက်တည်း ပေါ်ထွက်လာပြီး ဓားစွမ်းအင်များကို ထုတ်လွှတ်လိုက်ကြသည်။
စူးချန်ကဲထံသို့ ပြေးဝင်လာသော လျှပ်စီးမိုးကြိုးများ၊ နိယာမဆိုင်ရာ ဓားသွားများနှင့် သားရဲအားလုံးမှာ အစိတ်စိတ်အမြွှာမြွှာ ချေမှုန်းခံလိုက်ရသည်။
၎င်းတို့ အားလုံး ပြန်လည်မစုစည်းနိုင်မီမှာပင် ၊ ဓားနတ်ဘုရားပုံရိပ်များက အစွမ်းထက်ဆုံး ဓားကွက်များကို ထပ်မံ ထုတ်ဖော်လိုက်ရာ၊ ကျန်ရှိနေသော ဂီတသင်္ကေတများမှာလည်း အပြီးတိုင် ဖယ်ရှားခံလိုက်ရသည်။
“ထာဝရဓားငရဲ...... နတ်ဘုရားဓား ပေါင်းစည်းခြင်း!”
အခွင့်အရေးရသွားသည်နှင့် တစ်ပြိုင်နက် စူးချန်ကဲသည် ကျန့်ရှန်းဓားကို မြှောက်ကာ အလွန်လှပသော ဓားပန်းပွင့်များကို ဖန်တီးလိုက်သည်။
ဝှစ် ဝှစ် ဝှစ်!
ထောင်ပေါင်းများစွာသော ဓားအလင်းတန်းများသည် အရပ်မျက်နှာအနှံ့မှ စုစည်းလာကြသည်။
ဤကမ္ဘာကြီးသည် တစ်ဖန် ပြောင်းလဲသွားပုံရသည်။ မူလကရှိနေခဲ့သော ဂီတကမ္ဘာသည် ပျောက်ကွယ်သွားပြီး၊ ဓားစွမ်းအင်ကမ္ဘာ တစ်ခုက အစားထိုး ဝင်ရောက်လာခဲ့သည်။
သန့်စင်ထားပြီး ဖြစ်သော ကျန့်ရှန်းဓားသည် ယခင်နှင့် လုံးဝ မတူတော့ပေ။
ဓား၏အရှိန်အဝါသည် အလွန်အမင်း လွှမ်းမိုးနိုင်စွမ်းရှိသည်ဟု ဆိုရမည်။
ဟိန်းဟောက်နေသော ဂီတလှိုင်းတံပိုးများသည် မည်မျှပင် တားဆီးရန် ကြိုးစားစေကာမူ ၊ အရာမထင်ဘဲ တခဏအတွင်း ပျောက်ကွယ်သွားကြသည်။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.....”
ယွင်ဝူဖုန်း အနေဖြင့် အံ့အားသင့်ချိန်ပင် မရလိုက်ချေ။
ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်များသည် သူ တည်ဆောက်ထားသော ဂီတအစီအရင်ကြီးကို ဖောက်ထွင်းသွားခဲ့ပြီး ၊ ယွင်ဝူဖုန်း ရှိရာနေရာ၌ ပြင်းထန်သော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်စေခဲ့သည်။
ဝုန်း ဝုန်း ဝုန်း——! ! !
အဖျက်သဘောဆောင်သော ဓားစွမ်းအင်လှိုင်းတံပိုးများ လွင့်စဉ်ရိုက်ခတ်သွားသည်နှင့် အမျှ ၊ မူလက တည်ရှိနေခဲ့သည့် ဆန်းကြယ်သော ဂီတကမ္ဘာကြီးသည် ဆက်လက် တောင့်မခံနိုင်တော့ဘဲ မှန်တစ်ချပ်အလား အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားရတော့သည်။
ဘုန်းခနဲ့ ဟူသော ကျယ်လောင်သံနှင့်အတူ -
ဓားစွမ်းအင်၏ ထိမှန်ခြင်းကို ခံလိုက်ရသော ယွင်ဝူဖုန်း၏ ပါးစပ်ထဲမှ သွေးများ ပန်းထွက်သွားကာ၊ အမြောက်ဆံတစ်ခုအလား နောက်သို့ လွင့်ထွက်သွားခဲ့သည်။