← Chapters

သူတို့ကြောက်ကုန်ကြပြီ

Vol. 5 Ch. 61

သူတို့ကြောက်ကုန်ကြပြီ

Vol. 5 Ch. 61

ရုတ်တရက် နှုတ်ဆိတ်သွားသူ တစ်‌ယောက်တည်း ထိတ်လန့်သွားတာတော့ မဟုတ်ဘူး။ အဲဒီအခိုက်မှာ ကွင်းထဲက ရာချီတဲ့ ပွဲကြည့် ပရိသတ်တွေရော၊ ပထမအဆင့်က ထွက်လာရပြီး မှောင်မည်းနေတဲ့ မျက်နှာထားတွေနဲ့ သူတွေအားလုံးလည်း မျက်လုံးတွေ ပြူးကျယ်နေကြတယ်။ သူတို့မျက်နှာတွေပေါ်မှာ အလွန်အမင်း အံ့ဩခြင်းဟာ နေရာယူထားတယ်။

သူတို့ထဲက တချို့က သူတို့ကိုယ်သူတို့တောင် မသိလိုက်ဘဲ ထိုင်နေရာကနေ ထရပ်မိကြပြီး ငှက်ရုပ်နဲ့ အဝေးမှာရှိနေတဲ့ တချို့ကျတော့ အနီးကပ် မြင်တွေ့လိုတဲ့ပုံနဲ့ အလိုလို အနားတိုးကပ်လာကြတယ်။

နဂါးနက်တောင် မျိုးနွယ်စုက အမျိုးသမီးကြီးဟာ ထူးဆန်းတဲ့‌ အရောင်အသွေးနဲ့ တောက်ပလင်းဖြာနေတဲ့ မျက်လုံးတွေနဲ့ မနီးမဝေးက ရုပ်တုကို စိုက်ကြည့်နေတယ်။ သူမဟာ မော့စုရဲ့အဆင့် သတ်မှတ်ချက်ကို ကြည့်နေတာဖြစ်တယ်။

အခြားသော မျိုးနွယ်စုများရဲ့ ခေါင်းဆောင်များဟာလည်း ငှက်ရုပ်တုများကို လေးနက်တဲ့ အသွင်နဲ့ စူးစူးစိုက်စိုက် ကြည့်ရှုနေကြပါတယ်။

နက်မှောင်တောင် မျိုးနွယ်စုအစောင့်အရှောက် ခေါင်းဆောင်ဖြစ်သူ၊ ပေလင်းအဖေကတော့ ကနဦးကတည်းကလျှင် ငှက်ရုပ်တုပေါ်က အဆင့် သတ်မှတ်ချက်တွေကို မျက်စိမပြတ်တမ်း စောင့်ကြည့်ခဲ့ပြီး သူ့ရဲ့အာရုံ အများစုကတော့ ပေလင်းအပေါ်မှာ ဖြစ်တယ်။ ဒီအခိုက်အတန့်မှာ သူ့ရဲ့သားကို လျစ်လျူရှုလို့ မော့စုနာမည်နဲ့တကွ လျင်မြန်တဲ့အရှိန်နဲ့ တိုးတက်လာတဲ့ ၎င်းလျှောက်လှမ်းတဲ့ ခြေလှမ်းအရေအတွက်ကိုသာ စိုက်ကြည့်နေလေတယ်။

အဲဒီအချိန်မှာ ကွင်းပြင်ကျယ်ကြီးတစ်ခုလုံး အပ်ကျသံတောင်မ ကြားရပါ။

အဆင့်၃၆ - မော့စု၊ ၃ဝ၁လှမ်း ။

အဆင့်၃၄ - မော့စု၊ ၃၁ဝလှမ်း ။

အဆင့်၃၁ - မော့စု၊ ၃၂၂လှမ်း ။

အဆင့်၂၈ - မော့စု၊ ၃၃၅လှမ်း။

အဆင့်၂၆ - မော့စု၊ ၃၄၄ လှမ်း။

အဆင့်၂၃ - မော့စု၊ ၃၅၁လှမ်း ။

အဆင့်၁၉- မော့စု၊ ၃၇၁လှမ်း ။

ခြေလှမ်း ၃၇၁လှမ်းနဲ့ အဆင့်၁၉မှာ မော့စု ရပ်တန့်သွားပြီး အချိန်များစွာ ကြာမြင့်ပြီးနောက်မှ ပြင်းပြင်းပြပြ အသက်ရှူရှိုက်သံများ ကွင်းထဲမှာ ထွက်ပေါ်လာတယ်။

အဲဒီမြင်ကွင်းကို မြင်တွေ့လိုက်ကြရတဲ့ လူအများစုဟာ မယုံမကြည်နိုင် ဖြစ်နေကြလေတယ်။ မနေ့ညမှာသူတို့ဟာ အံ့ချီးဖွယ်ရာတစ်ခုကို မြင်တွေ့ခဲ့ကြရပြီး ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ အခုအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ညနဲ့ နှိုင်းယှဉ်လျှင် လုံးဝ ကွာခြားချက်ကြီးပဲ ...

မနေ့ညဟာ အံ့ချီးဖွယ်ရာတစ်ခု ဖြစ်ခဲ့ပါလျှင် အခုလက်ရှိမှာ ဖြစ်ပျက်သွားတဲ့ ဖြစ်ရပ်ကိုတော့ ဒဏ္ဍာရီတစ်ခုလို့သာ ခေါ်ဆိုရပါလိမ့်မယ် ...

“ ခြေလှမ်း ၂၄၈ကနေ ၃၇၁လှမ်းကို တက်လှမ်းသွားချိန်ဟာ ဝင်သက် ၆ဝ တောင်မရှိဘူး။ ဒါဟာ ... သူက နောက်ထပ်ခြေလှမ်း ၁၂ဝ‌လှမ်း လိုက်သေးတယ်။ ပြီးတော့ အဲဒါက ဝင်သက်၆ဝအတွင်းမှာ လုပ်သွားတာ”

“ဝူစန်း မလုပ်နိုင်ဘူး။ ချန်ချွန်း မလုပ်နိုင်ဘူး။ ရဲဝမ်တောင်မှ ခြေလှမ်း ၁ဝဝ ကျော်လှမ်းဖို့ ၂ နာရီကျော် အချိန်ယူရတယ်”

“ဒီမော့စုဟာ တကယ်ပဲ ဘယ်သူလဲ” ပြင်းပြတဲ့ အသက်ရှူသံတွေကြားမှာ ကွင်းပြင်ဟာ ဆူညံနေတယ် ။ ဆူညံသံတွေဟာ ပြီးခဲ့တဲ့ ညကထက်တောင် ပိုလို့ကျယ်လောင်တယ်။

“ဒါတောင် မွန်းလွဲပိုင်းပဲ ရှိသေးတယ်။ ညနေခင်းမှာ ... ဒါမှမဟုတ် ညမှာ ဘာဖြစ်ဦးမလဲ။ မနေ့က သူပြသခဲ့တဲ့ ခွန်အားမျိုးနဲ့ သူဘယ်လောက်အထိ သွားနိုင်မလဲ။ နောက်ဆုံး ဘယ်အဆင့်‌လောက် ရမလဲ”

“ထိပ်တန်း ၁ဝယောက် ... သူကကျိန်းသေပေါက် ထိပ်တန်း၁ဝယောက်ထဲ ဝင်နိုင်လိမ့်မယ် ... ”

စုမင်ရဲ့အောင်မြင်မှုတွေကို မနာလိုသူတွေ ရှိကြပေမဲ့ သူတို့ဟာ သူတို့မျိုးနွယ်စု ထဲမှာတောင် ဘာကောင်မှ မဟုတ်ဘူးလေ။ ချန်ချွန်း၊ ဝူစန်း၊ ထိပ်တန်း ၁ဝ ဦး၊ ထိပ်တန်း ၂ဝ၊ ထိပ်တန်း ၃ဝ၊ ၄ဝ မှာ ရှိနေတဲ့ သူတွေကတောင် လေးစားမှုကို ခံယူထိုက်တဲ့ ပါရမီရှင်တွေ ဖြစ်ကြတယ်။ သူတို့စိတ်ထဲမှာ အဲဒီလူတွေဆီ ချဉ်းကပ်လိုတဲ့ဆန္ဒတွေ ရှိကြပေမဲ့ တစ်ချိန်တည်းမှာ မကျေမနပ်ဖြစ်မှုနဲ့ ကူကယ်ရာမဲ့မှုတွေ ဖြစ်ပေါ်နေကြလေတယ်။

အခု ရုတ်တရက် အဆင့်တွေမြင့်တက်သွားတဲ့ လူတစ်ယောက်ကို သူတို့မျက်လုံးတွေနဲ့ တပ်အပ်တွေ့လိုက်ရတယ်။ ပြီးခဲ့တဲ့ရက်က ဘိတ်ချေးနေရာမှာ ရှိနေသူဟာ မယုံနိုင်စရာကောင်းတဲ့ အရှိန်အဟုန်နဲ့ အဆင့်၁၉နေရာအထိ ထိုးတက်လာခြင်း အံ့ချီးဖွယ်ရာ ဖြစ်စဉ်တစ်ခုကို မြင်တွေ့လိုက်ကြရပါတယ်။

အတိအကျပြောရလျှင် သူတို့မျက်စိနဲ့ တပ်အပ်မြင်တာကြောင့်ပဲ သူတို့စိတ်လှုပ်ရှားကြတာ ဖြစ်တယ်။ မော့စုဆိုတာ သူတို့ကိုယ်တိုင် ဖြစ်နေသလိုမျိုးပေါ့။ သို့ပေမဲ့ လူသားတွေကိုက ရှုပ်ထွေးလွန်းပါတယ်။ စိတ်သဘောထား ပြောင်းလဲခြင်းကတော့ စိုးစဉ်းမျှမရှိဘူး။ စိတ်လှုပ်ရှားမှုတွေကြားမှာ လေးစားမှုနဲ့အတူ ရှုပ်ထွေးတဲ့ခံစားချက်တွေ ဖြစ်ပေါ်နေတယ်။ တစ်ယောက်နဲ့တစ်ယောက်ရဲ့ အဲဒီ စိတ်ခံစားချက်တွေသာ သွယ်ဆက် ယှက်နွယ်မိကြပြီး ဖော်ပြဖို့ခက်ခဲတဲ့ ခံစားချက်ကို ဖြစ်ပေါ်စေတယ်။

သူတို့ဟာ စုမင်ရဲ့အဆင့် ထပ်မံတိုးတက်လာဖို့ အံ့ချီးဖွယ်ရာတစ်ခုကို တွေ့လိုတဲ့သူတို့ရဲ့ စိတ်ဆန္ဒကိုပြည့်ဝ‌စေဖို့ မျှော်လင့်ကြတယ်။ သို့ပေမဲ့ စုမင်လိုမျိုး အဆင့်တွေ ရုတ်တရက်ကြီး ထိုးတက်လာဖို့ ဘယ်သူမှ မလုပ်နိုင်ကြဘူး။ သူ့လိုဖြစ်လျှင်ကောင်းမှာပဲ ဆိုတဲ့စိတ်နဲ့ အောက်ခြေမှာ တစ်သက်တာ ပြားဝပ်နေကြရတော့တယ်။

“ထိပ်တန်း ၁ဝယောက် ။ ဟင်း၊ ငါတော့မထင်ဘူး။ သူကံကောင်းပြီးတော့ အောက်တန်းကျတဲ့ နည်းပရိယာယ် တစ်မျိုးမျိုးကိုရထားတာ ဖြစ်ရမယ်”

“အမှန်ပဲ။ သူ့ကိုကြည့်။ ခပ်ဝေးဝေး လျှောက်နိုင်သွားတဲ့ အချိန်တိုင်း သူအကြာကြီး ပြန်အနားယူရတယ်။ သူ့မှာလျှို့ဝှက်ချက်ရှိမှာ သေချာတယ်”

ဆွေးနွေးမှုတွေဟာ ဆန့်ကျင်ဘက်တွေနဲ့ ပြည့်နေတယ်။ လူတွေဟာ တစ်ခဏအတွင်း စိတ်လှုပ်ရှားပြီး တစ်ခဏအတွင်း မနာလိုဖြစ်ကြတယ်။ သို့ပေမဲ့ လူအုပ်ထဲမှာ နှုတ်ခမ်းပါးပါးနဲ့ မျောက်လိုပါးမို့တွေရှိတဲ့ အဘိုးအိုတစ်ယောက် ရှိနေတယ်။ အတွေးစတစ်ခု စိတ်ထဲဖြတ်ပြေး သွားသလို သူလှုပ်ရှားတယ်။ ရံဖန်ရံခါ လေးလေးနက်နက် ဆွေးနွေးနေတဲ့သူတွေနား ကပ်သွားပြီး ၎င်းတို့ထဲက တစ်ယောက်က နောက်ကိုဆွဲထုတ်တယ်။ မကျေနပ်တဲ့ မျက်နှာထားတွေရဲ့ အောက်မှာ အဘိုးအိုဟာ ခေါင်းကိုငုံ့လို့ နားအနားတိုးကပ် ရေရွတ်ပြောပြရင်း ဘယ်သူမှ မမြင်စေလိုတဲ့ပုံစံနဲ့ အင်္ကျီရင်ဘတ်ကို ခပ်မြန်မြန် အဖွင့်အပိတ်လုပ်ပြတယ်။

အဘိုးအိုရဲ့ ဆွဲထုတ်ခံလိုက်ရတဲ့လူ အားလုံးဟာ မယုံနိုင်တဲ့ သွင်ပြင်တွေနဲ့ အဘိုးအိုကို ထူးထူးဆန်းဆန်း ကြည့်နေကြတယ်။ သို့ပေမဲ့ အဘိုးအိုက သူတို့ကိုတစ်ခုခု ပြောပြီးတဲ့နောက်‌တော့ အများစုက ယုံသွားကြသလိုပဲ။ ဈေးရောင်းဖို့ အဘိုးအိုက အဝေးကို ခေါ်သွားတဲ့သူတောင် ရှိတယ်။

တောင်တန်းအတွင်းက လူတွေလည်း ကွင်းထဲက လူတွေလိုမျိုး ရှုပ်ထွေးစွာ ခံစားနေရတယ်။ သူတို့ထဲက အများစုက လက်ထဲက ပလိတ်ပြားကနေ မနေ့ညကတည်းက သူတို့မျက်လုံးထဲ ဝင်လာတဲ့နာမည်ကို ကြည့်တယ်။ သူတို့ဘာတွေ ခံစားနေရတယ် ဆိုတာလည်း သူတို့အတိအကျ မသိရှာဘူး။ အထင်ကြီး လေးစားခြင်း၊ မနာလိုခြင်းနဲ့ ဖြစ်နိုင်တာက မယုံကြည်နိုင်ခြင်းတွေပေါ့။

လေ့ချန်သာ ပလိတ်ပြားကနေ ကြည့်နေတယ်။ သူ့နှုတ်ခမ်းတွေပေါ်မှာ ကောင်ငယ်လေးတစ်ယောက်ရဲ့ အပြုံးမျိုး‌ယီးလေး ခိုနေပေမဲ့ သူ့မျက်လုံးတွေထဲ မသေချာမရေရာမှုများ ရှိနေဆဲပဲ။ သူဆက် လမ်းလျှောက်နေရင်း မော့စုဟာ စုမင်များဖြစ်မလားလို့ တွေးနေတာ ... ..

မနေ့ညက မော့စုနာမည်ကို မြင်လိုက်ကတည်းက စုမင်ရဲ့မျက်နှာက ချက်ချင်းဆိုသလို ခေါင်းထဲပေါ်လာတယ်။ မော့စုရဲ့ အဆင့်သတ်မှတ်ချက် မြင့်တက်လာပြီး အဆင့်၁၉ကို တက်လှမ်းလာနိုင်တာ မြင်တွေ့ခဲ့ပြီးမှာတော့ အံ့ဩမှု ခံစားချက်အပြင် ကိုယ့်ကိုယ်ကိုယ် သံသယဝင်လာတယ်။

“အာ ... . သူမဟုတ်ဘူးဖြစ်မယ် “

ပေလင်းချွေးတွေ ရွှဲနစ်နေတယ်။ ပလိတ်ပြားပေါ်က အဆင့် သတ်မှတ်ချက်တွေကို ကြည့်ပြီး အဆင့်မြင့်တက်လာတဲ့ မော့စုကိုကြည့်တယ်။ သူခေါင်းကို သွင်သွင်ခါယမ်းပြီး ခေါင်းငိုက်စိုက်ချလို့ သက်ပြင်းချလေတယ်။

''သူ့ရဲ့စိတ်ရှည်မှုက အံ့ဩစရာပဲ။ အခုကစပြီး သူ့ရဲ့ကျော်ကြား ထင်ရှားမှုဟာ ကောင်းကင်ဘုံကိုတောင် လှုပ်ကိုင်နိုင်တော့မယ်။ ဒါပေမဲ့ ငါနဲ့တော့ဘာမှ မဆိုင်ပါဘူးလေ။ ငါတို့မျိုးနွယ်ကမှ မဟုတ်ဘဲ”

'' ဒါပေမဲ့သူ့နာမည်က စု ဆိုတဲ့စကားလုံး ... ငါအရမ်းမုန်းတာပဲ'

ပေလင်းဟာ ခေါင်းငိုက်စိုက်နဲ့ ဖြည်းဖြည်းချင်း ဆက်တက်လေတယ်။

စစ်ခုန်းဟာလည်း နောက်ထပ်လှေကားတစ်စင်းမှာ တည်ရှိ‌နေတယ်။ ရုတ်တရက် အဆင့်တက်လာတဲ့‌ မော့စုကို စိတ်မဝင်စားဘူး။ သူ့အမြင်မှာတော့ မော့စုက လူများစွာထက် ကျော်လွန်ပြီးသား ဖြစ်တယ်။ စစ်ခုန်းအနေနဲ့ ‌မော့စုက သူ့ပြိုင်ဘက် မဟုတ်တော့ဘူး။ လောလောဆယ်မှာ သူ့ထက်တစ်ဆင့်မြင့်နေတဲ့ ပေလင်းအပေါ်မှာပဲ အာရုံစိုက်ထားလိုက်တယ်။

'ငါထိပ်တန်း၅ဝ ထဲကို ဝင်ကိုဝင်ရမယ် ... ”

စစ်ခုန်းက လက်သီးကိုဆုပ်ပြီး အံတင်းတင်းကြိတ်လို့ ရှေ့ဆက်တိုးတယ်။

ပိုင်လင်းဟာ သူမရဲ့ ပလိတ်ပြားပေါ်က အဆင့် သတ်မှတ်ချက်တွေကို အကြာကြီး ကြည့်‌နေခဲ့မိတာ ပထမဆုံးအကြိမ်ပဲ။ မော့စုရဲ့ နာမည်ကိုကြည့်ရင်း လေ့ချန်လိုပဲ စိတ်ထဲမှာ မသေမချာတွေဖြစ်နေတယ်။

''သူများဖြစ်မလား ... '

ပိုင်လင်းက ခါးသီးစွာပြုံးပြီး ခေါင်းခါလိုက်တယ်။ စုမင်ဟာ မာန်စွမ်းအားရှင် တစ်ယောက်ဖြစ်ပြီး အစွမ်းတချို့ရှိပေမဲ့ မော့စုလိုတော့ နေမင်းလိုမျိုး လင်းပတောက်ဖြာနိုင်စွမ်း ရှိမယ်တော့ မထင်ထားဘူး။

သူတို့နဲ ့နှိုင်းယှဉ်လျှင် အမှန်တကယ် စိတ်လှုပ်ရှားနေသူမှာ ဖြစ်ပျက်နေတဲ့ အရာများကို လုံးဝမသိတဲ့ ရဲဝမ်မဟုတ်သလို တစ်ယောက်နဲ့တစ်ယောက် အပြင်းအထန် ယှဉ်ပြိုင်နေကြတဲ့ ချန်ချွန်းနဲ့ ပိစုတို့မဟုတ်ပါ။

အဲဒါဟာ ဝူစန်းပါပဲ ...

ဝူစန်း စိတ်လှုပ်ရှားနေတယ်။ ပလိတ်ပြားပေါ်က အဆင့် သတ်မှတ်ချက်တွေကို ကြည့်ရင်း ရုတ်တရက် အဆင့်၁၉ရောက်လာတဲ့ မော့စုနာမည်ကို ကြည့်တယ်။ သူ့မျက်နှာဟာ မှောင်မည်းနေတယ်။ ပိစုနဲ့မော့စုမှာ ဘယ်သူက သူ့ရဲ့သွေးလုံးကို ခိုးယူတဲ့အကြီးမားဆုံး သံသယရှိသူက ဘယ်သူလဲဆိုတာ သူ့အနေနဲ့ မသေချာတော့ဘူး။

သူ့ရဲ့ စိုးရိမ်ပူပန်မှု ရင်းမြစ်ဟာ ရဲဝမ်မဟုတ်ဘူး။ သူဟာ တစ်ယောက်တည်းတင်မက အပြင်လူနှစ်ယောက်ရဲ့ ကျော်တက်သွားခြင်း ခံရတော့မယ့် အရေးကြောင့် ထိတ်လန့်နေခြင်း ဖြစ်တယ်။ ဒါတွေပြီးလျှင် သူ့မျက်နှာကို ဘယ်လိုပြဝံ့တော့မလဲ။

“သေစမ်းကွာ ... ” ဝူစန်းက ကြမ်းတမ်းတဲ့ မာန်သွင်းသံတစ်မျိုး ပြုတယ်။ သူ့မျက်နှာက ဖြူဖျော့ဖျော့‌ ဖြစ်နေပေမဲ့ အံတင်းတင်းကြိတ်လို့ ထိတ်ထိတ်ပျာပျာနဲ့ ရှေ့ကိုဆက်သွားနေတယ်။ သူ့ခေါင်းထဲကနေ ကျော်တက်ခံလို့ မဖြစ်ဘူး‌ ဆိုတဲ့ ကြုံးဝါးသံတစ်ခု မြည်ဟည်း‌ နေသလိုမျိုး။

ထိပ်တန်းအဆင့် ၂ဝ အတွင်းရှိ လူအားလုံးဟာ ပြင်းပြင်းထန်ထန် ကြိုးစားနေကြတယ်။ စုမင် ထိပ်တန်း၂ဝထဲ ဝင်ရောက် လာချိန်မှာတော့ ထိပ်တန်း၂ဝရဲ့ အခြေအနေက လုံးဝ ပြောင်းလဲသွားတယ်။ ရေပြင်ပေါ်ကို ခဲတစ်လုံး ပစ်ချလိုက်တာနဲ့ ဆင်တူတယ်။ ရေမျက်နှာပြင်ပေါ်မှာ လှိုင်းကြက်ခွပ်တွေ ဖြစ်ပေါ်စေရုံမျှမက ရေကန်ထဲက ငါးတွေလည်း ထိတ်လန့်စေတယ်။

သို့ပေမဲ့ သူတို့ ကံကောင်းတာက သူတို့အံ့အားသင့်တဲ့ အကြောင်းရင်းဖြစ်တဲ့ လက်ရှိ အဆင့် ၁၉နေရာမှာရှိနေတဲ့ မော့စုဟာ ၂၇၁လှမ်းမှာ ရပ်တန့်နေခဲ့ပြီး အချိန်အတော်ကြာအထိ မလှုပ်ရှားခဲ့ဘူး။ အဲဒီအခြင်းအရာကို သူတို့ကို စိတ်သက်သာရာရစွာ သက်ပြင်းမော ချမိစေပြီး သူတို့ကြားထဲက အကွာအဝေးကို တိုးမြှင့်ဖို့အရေး မြန်မြန်ဆန်ဆန် ရှေ့ဆက်ကြလေတယ်။

သူတို့ ကြောက်‌နေကြတယ်။

မော့စု လို့ခေါ်တဲ့သူ လုပ်နေတဲ့ထူးဆန်းတဲ့ လုပ်ရပ်တွေကို သူတို့ကြောက်တယ်။ သူတို့ဟာ မလှုပ်ရှားတဲ့အခါ မရဲဝံ့ဘူးထင်ရတဲ့ လှုပ်ရှားပြီဆိုလျှင်တော့ ထိတ်လန့်စရာဖြစ်ရပ်တွေကို ယူဆောင်လာတဲ့ မော့စုကိုကြောက်ကြတယ်။ ဒါဟာ လူပုဂ္ဂိုလ်တစ်ယောက်ကို သူတို့ပထမဆုံး သတိပြုမိခြင်း ဖြစ်တယ်။ သူတို့ ရှေ့ကိုဆက်သွား နေသည့်တိုင် အဲဒီသူရော ရွေ့လျားနေမနေကို ရံဖန်ရံခါကြည့်ရှုတယ်။

ဒီလူ နောက်ထပ်တစ်ဖန် ရွေ့လျားလာတာနဲ့ မိုးကြိုးလိုမျိုး ရွေ့လျားပြီး ထိပ်တန်း ၁ဝယောက်ထဲကို မြန်မြန်ဆန်ဆန် ဝင်ရောက်လာမယ်လို့ စိတ်ထဲမှာ ခံစားမိနေကြတယ်။

စုမင် ၃၇၁ လှမ်းမြောက်မှာ ထိုင်နေတယ်။ သူ့ကိုယ်သူ လူအများစုရဲ့ အာရုံကိုဖမ်းစား နိုင်ထားမယ်လို့ ခန့်မှန်းမိပါတယ်။ သို့‌ပေမဲ့ သူသုံးနေတဲ့ မော့စုဆိုတဲ့နာမည်က စမ်းသပ်မှုပထမအဆင့်ကို ကျရောက်လာတဲ့ တိုင်‌ဖွန်းလေမုန်တိုင်း တစ်ခုလို ဖြစ်‌နေတယ် ဆိုတာတော့ မသိဘူး။

ရဲဝမ်ကလွဲလို့ သူ့နာမည်ကိုမသိတဲ့သူ တစ်ယောက်မှမရှိဘူး။ စောင့်ကြည့်နေတဲ့ မျက်လုံးတွေ အများတွေလျော့သွားပြီး အဲဒီအစား စုမင်ရဲ့အဆင့် သတ်မှတ်ချက်ကိုပဲ အာရုံစိုက်နေကြတယ်။ သူတို့က စုမင်တစ်ယောက် ထပ်ပြီး အရှိန်အဟုန်နဲ့ စတင် လှုပ်ရှားလာမယ့်အကြိမ်ကို စောင့်ဆိုင်းနေကြတယ်။

စုမင်ကတော့ ပကတိ အေးဆေးတည်ငြိမ်တယ်။ သူ့မျက်လုံးတွေကို‌ စေ့ပိတ်လိုက်တယ်။ သူ့ရဲ့အလိုအတိုင်း သူ့ကိုယ်ထဲမှာ စီးဆင်းနေတဲ့ သွေးကြောအရေအတွက်ဟာ ၆၇ခုသာ မဟုတ်တော့ဘဲ ၇၁ခုဖြစ်နေပြီ ...

သွေးကြော ၇၁ခုလုံးဟာ သူကိုယ်ခန္ဓာကို လွှမ်းခြုံလို့ အနီရဲရဲ တောက်ပနေစေတယ်။ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာတယ်။ စုမင်ဟာ သူတို့ကို နက်ရှိုင်းတဲ့ အတိုင်းအတာတစ်ခု ထိန်းချုပ်ရင်း သူ့ရဲ့ အလားအလာကောင်းမှုကို ထုတ်ဖော်ခဲ့ ရုံမျှမက အစွမ်းတွေ ပိုမိုရရှိပြီး ပိုမိုအားကောင်း လာနိုင်ဖို့အတွက် ခန္ဓာကိုယ်ကို စင်ကြယ်ရှင်းသန့်ခြင်းလည်း ပြုလုပ်နေတယ်။

သူ မိုင်ကုန်ပြေးလွှားတဲ့အခါ ဘယ်လောက်တောင် မြန်ဆန်လိုက်မလဲ ဆိုတာကို သိချင်နေတယ်။ တကယ်တမ်းမှာ စုမင်က အရှိန်နှုန်းနေရာမှာ တစ်ဖက်ကမ်းခပ် မဟုတ်လား။

အချိန်တွေကုန်လွန်သွားပြီး မကြာမီမှာ မှောင်ရီဝိုးတဝါးအချိန် ရောက်လာတယ်။ နေ့လယ်ခင်း တစ်လျှောက်လုံး ရံဖန်ရံခါဆိုသလို အရှုံးပေးလိုက်သူတွေကို ခေါ်‌ဆောင်လာပေးတဲ့ မြူငွေ့တွေ ကွင်းထဲကို ရောက်လာလေ့ရှိတယ်။ သူတို့ရဲ့ မျက်နှာထား‌တွေလည်း တဖြည်းဖြည်း ပြောင်းလဲကုန်ကြတယ်။ သူတို့ရဲ့ အဆင့်သတ်မှတ်ချက် မြင့်လေလေ၊ တောင်က ထွက်လာတဲ့အချိန် သူတို့မျက်နှာတွေဟာ မှောင်မည်းနေကြလေ ဖြစ်တယ်။ စိတ်လှုပ်ရှားနေတဲ့ သွင်ပြင်တွေနဲ့ ပြန်လာကြသူတွေတောင် ရှိတယ်။

မှောင်ရီပျိုးလာခဲ့ပြီး မကြာခင် ကောင်းကင်တစ်ခွင် မှောင်မိုက်သွားတော့မယ့် အချိန်မှာ အဆင့်၆ဝအောက်က နာမည်အတော်များများ မီးခိုးရောင်ကို ပြောင်းလဲ သွားကြတယ်။ သူတို့ကိုယ်သူတို့ ထိန်းထားနိုင်တာဆိုလို့ နှစ်ယောက်ပဲ ကျန်တော့တယ် ...

အဆင့် ၆၇ ဝူလ ၁၅၉လှမ်း ... ... .။

အဆင့် ၆၁ - ပိုင်လင်း ၁၇၈ လှမ်း ... ... ..။

***

All Chapters