← Chapters

ခေါင်းစည်းကြိုးကို ဖြေလျော့ခြင်း

Vol. 5 Ch. 62

ခေါင်းစည်းကြိုးကို ဖြေလျော့ခြင်း

Vol. 5 Ch. 62

ဝူလနဲ့ ပိုင်လင်းတို့ရဲ့ ထိန်းသိမ်း နိုင်စွမ်းဟာ မှောင်လာပြီးနောက် အနည်းငယ်သာ ကြာရှည် လိုက်တာကတော့ နှမြောစရာ ကောင်းလှတယ်။ ကောင်းကင်ပေါ်မှာ လမင်း ထွက်ပေါ် လာတာနဲ့ သူတို့ နာမည်နှစ်ခုလုံး မီးခိုးရောင် ပြောင်းသွားကြတယ်။

အနက်ရောင် အခိုးအငွေ့နှစ်ခု ပေါ်လာပြီး ကွင်းပြင်ကျယ်ကြီးထဲ အရှိန်နဲ့ ဝင်ရောက်လာတယ်။  ၎င်းဟာ သွေးဆုတ် ဖြူလျော်နေတဲ့ မိန်းကလေး နှစ်ယောက်ကို ခေါ်ဆောင် လာခဲ့တယ်။

ပိုင်လင်းဟာ အေးဆေး တည်ငြိမ်တယ်။  သူမ အစွမ်းကုန်သုံးလို့ ယှဉ်ပြိုင်ခဲ့ပြီးသား။  အမှန်အတိုင်း ပြောရလျှင် စုမင် ဒီစမ်းသပ်မှုမှာ ဝင်မပြိုင်တာကို သိလိုက်ရချိန်မှာ သူမ ယှဉ်ပြိုင်ဖို့ကိုလည်း လုံးဝ စိတ်မ၀င်စားတော့ဘူး။  သူမ ပြန်ရောက်လာချိန်မှာ လူပေါင်းများစွာရဲ့ အကဲဖြတ်တဲ့မျက်လုံးတွေ အောက်မှာ ခေါင်းငိုက်စိုက်ချလို့ သူမတို့ မျိုးနွယ်စုရှိရာကို လျှောက်လာခဲ့တယ်။  ဘာစကားတစ်ခွန်းမှ မပြောဘဲ အမျိုးသမီးကြီးရဲ့ နောက်မှာထိုင်လို့ ရုပ်တုတွေပေါ်က အဆင့် သတ်မှတ်ချက်တွေကို ကြည့်ရှုတယ်။ မော့စုရဲ့နာမည်ကို ကြည့်လို့ နှုတ်ခမ်း ကိုက်လိုက်တဲ့ သူမရဲ့အတွေးတွေကို ဘယ်သူမှမသိနိုင်...။

သူမအနားမှာ ရှိနေတဲ့ အမျိုးသမီးကြီးက ပိုင်လင်းကို စကားပြောမယ့်ဟန်နဲ့ ခေါင်းကို လှည့်လိုက်ပေမဲ့ ပိုင်လင်းရဲ့ လျစ်လျူရှုထားမှုနဲ့ မကြားချင်ယောင် ဆောင်မှုတွေကြောင့် ဘာမှ မပြောတော့ဘူး။

ပိုင်လင်းရဲ့ ပြဿနာကင်းတဲ့ သွင်ဟန်နဲ့ယှဉ်လျှင် ဝူလဟာ မယုံနိုင်လောက်အောင် မကျေမနပ် ဖြစ်ခဲ့တယ်။ သူမ နက်မှောင်တောင် မျိုးနွယ်ရှိရာထံ ပြန်ရောက်လာတော့ အစောင့်အရှောက် ခေါင်းဆောင်က ကြင်နာတဲ့အပြုံးနဲ့၊ နှစ်သိမ့်တဲ့ စကားများနဲ့ ဆီးကြိုတယ်။

"ဝူလ၊ မင်း တော်ပါတယ်။ ဒါက စမ်းသပ်ပွဲမှာ ပထမဆုံး ပါဝင်ခဲ့တာ ဖြစ်ပေမယ့်၊ ထိပ်တန်း ၇၀ ထဲကို ဝင်ရောက် ခဲ့နိုင်တယ်။ နောက်တစ်ခေါက် ပိုလေ့ကျင့်ပြီး ထိပ်တန်း၅၀ထဲ ဝင်အောင် လုပ်ကြစို့"

ဝူလ အသာအယာ ခေါင်းညိတ်ပြတယ်။  ကိုယ့်ရလဒ်အပေါ်ကို မကျေနပ်နိုင်‌ပေမဲ့ သူမရဲ့ရလဒ်က မဆိုးလှဆိုတဲ့ ထင်မြင်ချက်ကြောင့် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူနေတယ်။  ဒါဟာ အစောင့်အရှောက် ခေါင်းဆောင် ပြောသလိုပဲ။ ပထမဆုံး စမ်းသပ်ပွဲ ပါဝင်မှုမှာ ဒီလောက် အဆင့်ရတာက ကောင်းတဲ့ရလဒ် ဖြစ်တယ်။

ဝူလ ခေါင်းမော့ပြီး ငှက်ရုပ်တုက အဆင့်တွေကို ကြည့်လိုက်ချိန်မှာ ပေလင်းက ၄၉မှာ ရှိနေပြီး လေ့ချန်က ၅၃ မှာ ရှိနေတယ်၊ ပြီးတော့ မော့စုကို ကြည့်တယ်။ မော့စုနာမည်ကို တွေ့ရချိန်မှာ သူမ မျက်လုံးတွေ လင်းလက်သွားတယ်။

''သူက ဘယ်သူဖြစ်နိုင်မလဲ”

တစ်ခါတစ်ရံမှာ အချိန်ကုန် နှေးကွေးလိုက်တာလို့ ထင်ရပေမဲ့ စမ်းသပ်ပွဲ ပထမအဆင့်မှာ ဖြစ်ပေါ်နေတဲ့ ပြင်းထန်တဲ့ ယှဉ်ပြိုင်မှုတွေ အတွင်းမှာ လူအားလုံးဟာ အချိန်အကုန် မြန်တယ်လို့ ထင်မှတ်ကြတယ်။  မျက်စိတစ်မှိတ် အတွင်းမှာ ကောင်းကင်ပေါ်က လဟာ လခြမ်းကွေးလေးအနေနဲ့ မဟုတ်တော့ဘဲ သူ့ရဲ့ အပြည့်စုံဆုံးသော ပုံဟန်ကို ပြသလို့ ကောင်းကင်ထက်မှာ ချိတ်ဆွဲလျက် ရှိလေတယ်။

ညသန်းခေါင် မတိုင်မီ အချိန်အနည်းငယ်သာ ကျန်တော့တယ်။  တောင်ပေါ်က ဖိအားဟာ တဖြည်းဖြည်းပိုလို့ ပြင်းထန် လာပါတယ်။

လေ့ချန် လက်သင့်ခံတယ်။  သူ့ရဲ့နောက်ဆုံး အဆင့်က ၅၂ပဲ။ မြူငွေ့တွေရဲ့ ကွင်းထဲကို ပြန်လည် သယ်ဆောင်လာခြင်း ခံရစဉ်မှာ သူ့မျက်နှာက မည်းမှောင်မ နေခဲ့ဘူး။  ကောင်ငယ်လေး တစ်ယောက်လို အပြုံးလေးက သူ့မျက်နှာပေါ်မှာ တည်ရှိနေဆဲပဲ။  သူပြန်လာတဲ့အခါ သူ့ကို လာနှုတ်ဆက်ကြတဲ့လူ နည်းနည်း ရှိတယ်။  နက်မှောင်တောင် ကိုယ်စားပြုတွေ လေပြည်စီးကြောင်း မျိုးနွယ်ထံ လာရောက်စဉ် အတွင်းမှာ လေ့ချန်ဟာ မိတ်ဆွေအများကြီး ဖွဲ့နိုင်ခဲ့တယ် ဆိုတာ ထင်ရှားတယ်။

သူ နက်မှောင်တောင် မျိုးနွယ်စု ရှိတဲ့နေရာကို ပြန်ရောက်ချိန်မှာ ပေလင်းနဲ့ စစ်ခုန်းတို့လည်း အရှုံးပေး လိုက်ကြပြီ။  အနက်ရောင် မြူငွေ့တွေနဲ့ ပြန်ရောက် လာကြချိန်မှာ ပေလင်းဟာ အမြဲတမ်းလို သီးသန့်ဆန်တဲ့ အမူအရာမျိုးနဲ့ပဲ ဖြစ်တယ်။  သူ့အဆင့်က ၄၉ပါ။ သူ ဆန္ဒရှိသလို ထိပ်တန်း ၅၀ထဲ ဝင်ရောက် နိုင်ခဲ့တယ်။

ဒါဟာ အရင်စမ်းသပ်ပွဲနဲ့ နှိုင်းယှဉ်လျှင် ဒီတစ်ကြိမ်က ကွဲပြား ခြားနားတယ်။ လွန်ခဲ့တဲ့နှစ်တွေက သူက ဝူစန်းရဲ့အကူအညီနဲ့ လုပ်နိုင်ခဲ့ခြင်းဖြစ်ပြီး  ဒီတစ်ကြိမ်က ကိုယ့်အစွမ်းအစနဲ့ကိုယ် လုပ်နိုင်ခဲ့လေတယ်။

စမ်းသပ်ပွဲမတိုင်မီ ရက်အနည်းငယ် အလိုမှာ သူ့နဖူး အလယ်ဗဟိုက သွေးတွေ အများကြီးကိုသာ ဝူစန်းကို မပေးခဲ့ရလျှင် သူ့အဆင့် သတ်မှတ်ချက် ပိုမြင့်လိမ့်လို့ ယုံကြည်နေတယ်။ သူဟာ နက်မှောင်တောင် မျိုးနွယ်ရှိရာကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ လျှောက်သွားခဲ့တယ်။

"ဝူလ၊ မင်း သိပ်တော်တယ်။ မင်းက ထိပ်တန်း ၅၀ ထဲကို မဝင်နိုင်တာသာ ရှိတာ။ ဒါပေမဲ့ ဒီအဆင့်က အရမ်း ကောင်းနေပြီ။ ဒါပေမဲ့ မာန ထောင်လွှားမနေနဲ့။ အဆင့်နှစ်ခု ကျန်သေးတယ်"  ဝူလကို ပေလင်းက ဖြည်းညင်းစွာ စကားပြောခဲ့တယ်။

ဝူလ အလျင်အမြန် မတ်တတ်ရပ်လို့ သွက်သွက်လက်လက် ခေါင်းညိတ် လေတယ်။  ပေလင်းကို ကြည့်တဲ့ သူမမျက်လုံးတွေထဲမှာ လေးစားမှု အပြည့်နဲ့။ အခု စမ်းသပ်ပွဲမှာ ပါဝင် ယှဉ်ပြိုင်ထားတာမို့ ထိပ်တန်း ၅၀ထဲဝင်နိုင်ဖို့ ဘယ်လောက် ခက်သလဲဆိုတာ နားလည်နေတယ်။

“လေ့ချန်... မင်းကတော့ ထိပ်တန်းအဆင့် ၅၀ ထဲကို ဝင်ရောက် နိုင်သင့်တယ်။ ဒါပေမဲ့အခု ၅၂ နေရာကိုပဲ ရတယ်။ ရပါတယ်၊ အဆင့် ၂ ဆင့် ကျန်သေးတယ်။ နက်မှောင်တောင် မျိုးနွယ် ကိုယ်စားပြုဟာ ငါတို့သုံးယောက်ပဲ ရှိတာမို့ အစွမ်းရှိသမျှ ကြိုးစားဖို့လိုတယ်"  ပေလင်းက လေ့ချန်ကို တည်ငြိမ်စွာ ပြောတယ်။

လေ့ချန်က ‌ခေါင်းငုံ့ထားပြီး ဘာမှ ပြန်မပြောခဲ့ဘူး။

စစ်ခုန်း ပြန်ရောက်လာတဲ့အခါ စိတ်ပျက်လက်ပျက်ပဲ။ သူဟာ အဆင့် ၅၀ကိုသာ ရခဲ့တယ်။  သူက စိတ်ပျက် အား‌လျော့စွာနဲ့ မျိုးနွယ်စုထံ ပြန်လာပြီး ဘေးမှာ တိတ်ဆိတ်စွာ ထိုင်နေတဲ့ ပိုင်လင်းကို ကြည့်လိုက်တယ်။  သူ့ကို အေးတိအေးစက် ပြန်ကြည့်တဲ့ ပိုင်လင်းကြောင့် ပြောမယ့်စကားတွေကို မျိုချ လိုက်ပါတော့တယ်။

အချိန်ကုန်လွန် သွားတာနဲ့အမျှ ထိပ်တန်း ၅၀ က သူတွေလည်း တဖြည်းဖြည်း လက်လျှော့ အရှုံးပေးကြပြီ။ နာမည်တွေ မီးခိုးရောင် ဖြစ်လာပြီး ကွင်းထဲကို ပြန်ရောက်တဲ့သူတွေ များလာတော့ ကွင်းပြင်ကြီးက စည်ကား လာတယ်။

ထိပ်တန်း ၅၀ ထဲ အဆင့် သတ်မှတ်ခံရသူ‌တွေက ကျေနပ်တဲ့ မျက်နှာ‌တွေနဲ့ ပြန်လာခဲ့ကြတယ်။  သူတို့ဆီကို လာရောက်လို့ ဂုဏ်ပြုကြသူတွေရှိပြီး အတူတူ ပျော်ရွှင်စွာ ရယ်မောကြတယ်။

အရှုံးပေးသွားသူတွေ ရှိသလို ဇွဲမလျှော့သေးတဲ့ သူတွေလည်း ရှိတယ်။ အဲဒီအခိုက်မှာ ‌ချန်ချွန်းဟာ အံတင်းတင်း ကြိတ်လို့ အရူးအမူးပဲ သူ့နေရာကိုသူ ထိန်းသိမ်းထားတယ်။ သူ့တစ်ကိုယ်လုံး ချွေးတွေရွှဲရွှဲစိုလို့ ရှေ့ဆက် တက်လေတိုင်း မျက်နှာပေါ်က အသားစိုင်တွေဟာ တုန်ခါနေတယ်။

အကြမ်းပတမ်း မောဟိုက် နေခဲ့လေတယ်။ မျက်လုံးရှေ့မှာ မြင်နေရတဲ့ ကြယ်တွေနဲ့ လဟာ သူ့ကို ဆက်မသွား နိုင်လောက်အောင် ပင်ပန်းအောင် လုပ်နေတယ်။  တစ်ချိန်တည်းမှာပဲ သူက အသက်ရှူရင်း မြည်တမ်း နေခဲ့တယ်။

"ခွေးကောင် သေစမ်း ငါအရမ်း ပင်ပန်းနေပြီ"

"၅၃၇ … ခွေးကောင်ပိစု၊ ၅၃၈ ... ခွေးကောင်ပိစု၊ ၅၃၉ ခွေးကောင်ပိစု၊ ၅၃၉။ မင်းတော်တော် ဖြစ်နေတယ်ပေါ့။ ငါသေတဲ့အထိ မင်းကို အလျှော့မပေးဘူးကွ''   ချန်ချွန်းက နဖူးကချွေးတွေကို သုတ်လိုက်တယ်။ အရူးလိုမျိုးလည်း ပိုပြီး ကျယ်ကျယ်လေး ကြွေးကြော်နေတယ်။

"မင်းရူးနေတာလား။ ငါနဲ့ယှဉ်ပြိုင်ဖို့ ဘာလို့ ဒီလောက် အတင်းအကျပ် ကြိုးစားနေတာလဲ။ ပိစု ငါပင်ပန်းလွန်းလို့ သေသွားရရင် ပြန်လာပြီး မင်းကို ခြောက်လှန့်မယ်။ ၅၃၈ ... ဟမ် မဟုတ်သေးဘူး၊ ၅၃၉ ဟုတ်လား"

ချန်ချွန်းရဲ့ မျက်နှာဟာ ခါးခါးသီးသီးပဲ ဒေါသကြောင့် မိုးထစ်ချုန်းသံလို ဟောဟဲ စိုက်နေတယ်။ ခြေလက်လေးဖက်‌လုံးကို အားပြုထောက်ကန်ပြီး ဖိအားကို ဆန့်ကျင်လို့ ‌တောင်ပေါ် ဆက်တက်လျက် ရှိတယ်။ ရင်ဘတ်ကြီး ပေါက်ကွဲတော့မတတ် နှလုံးဟာ တဒိန်းဒိန်း ခုန်နေတယ်။  သူ့ထံကကျတဲ့ ချွေးစက်ပမာဏဟာ သူ့နောက်က လှေကားထစ်တွေကို စွန်းပေသွားစေတယ်။

"ငါ့ကို ပင်ပန်းလွန်းပြီး သေအောင် လုပ်နေတာပဲ။ ခွေးကောင်၊  ပင်ပန်းလွန်းပြီး သေအောင် လုပ်နေတယ်။ ဒီချွေး ပမာဏလောက်ဆို ငါသေချာပေါက် ပိန်သွားလိမ့်မယ်၊ သေချာပေါက် ပိန်သွားလိမ့်မယ် ... " ချန်ချွန်း ဆက်တက်နေရင်းနဲ့ ဆက်ပြီး မောဟိုက် နေလေတယ်။ ရုတ်တရက် သူ့နားရွက်တွေ လှုပ်သွားတယ်။ သေချာ နားထောင်ပြီးတာနဲ့ သူရုတ်တရက် ဆိုသလို ထရယ်တယ်။

"ငါ့ကို ပင်ပန်းပြီး သေအောင် လုပ်တယ်ပေါ့လေ။ မင်းကငါနဲ့ လာပြိုင်ချင်သေးတယ်။ ငါကသာ မင်းကိုပင်ပန်းသေအောင် လုပ်ပြမယ်" သူရဲ့ အလွန်တရာ ပါးလှပ်တဲ့နားဟာ သူ့ရဲ့အဝေးက လှေကားဆီက ထွက်ပေါ်နေတဲ့ သူ့‌အောက် မလျော့တဲ့  မောဟိုက်သံကို ကြားရစေတယ်။

ပိစုဟာလည်း ချန်ချွန်းလိုမျိုး သနားစရာ အခြေအနေတစ်ခုမှာ ဖြစ်တယ်။  သူချွေးတွေ ဒလဟော ကျဆင်းနေပြီး သူ့မျက်လုံးတွေကတော့ မီးလျှံလို တောက်လောင်လျက် ရှိတယ်။ ချန်ချွန်းနဲ့ အကြာကြီး ယှဉ်ပြိုင်နေခဲ့ပြီး အံတင်းတင်းကြိတ်လို့ အပေါ်ကို အရူးအမူး ဆက်တက်တယ်။  အသက်ရှူတိုင်း ရင်ဘတ်ထဲက နာကျင်လာတာကို ခံစားရပေမဲ့လည်း သူအရှုံးပေးလိုက်ဖို့ ငြင်းဆန်နေဆဲပဲ။

"ချန်ချွန်း၊ ငါမင်းကို ကျော်ဖြတ်ပြမယ်။ ရဲဝမ်ကလွဲလို့ ငါတို့ ရွယ်တူချင်းတွေ ကြားမှာ ငါဟာ အင်အား အကြီးဆုံးပဲ"

အထူးသဖြင့် ခြေလှမ်း၅၀၀ ကျော်မှာ သတိမထားဘဲ မနေနိုင်လောက်အောင် အဆဆ တိုးတက်လာတဲ့ ဖိအားဟာ ကြောက်မက်ဖွယ် ကောင်းလာတယ်။ ချန်ချွန်းနဲ့ပိစုဟာ ‌နေ့ဘက်မှာ အနည်းငယ် သည်းခံနိုင်နေပေမဲ့ ညဘက် ရောက်လာချိန်မှာတော့ ခြေတစ်ဖက်လေးမဖို့ အရေးတောင် အတော်လေး ခက်ခဲတဲ့ကိစ္စရပ် ဖြစ်လာတယ်။

သူတို့နှစ်ယောက်အပြင် အခုချိန်ထိ တောင့်ခံနေသေးတဲ့ သူတွေလည်း အတူတူပဲ။ အထူးသဖြင့် ဝူစန်း။ အံတင်းတင်းကြိတ်လို့ ဆက်လက် တက်လှမ်းနေတယ်။ သူ ကျော်တက် မခံရချင်ဘူး။ ထိပ်တန်း ၁၀ယောက်ထဲ မဝင်ခဲ့လျှင်တောင် လက်ရှိ အဆင့်ကနေ အောက်ကျ မသွားချင်တော့ဘူး။

သန်းခေါင်ယံအချိန်မှာ တောင်ပေါ်က ဖိအားဟာ အထွတ်အထိပ်ကို ရောက်ရှိပါတော့မယ်။ တောင်ပေါ်မှာ ရှိနေတဲ့ လူအချို့က စတင် ရပ်တန့် သွားကုန်ကြပါပြီ။ တကယ်တမ်းကျတော့ အစဉ်အလာတွေအရ စမ်းသပ်မှု ပထမအဆင့်ရဲ့ နောက်ဆုံးတိုက်ပွဲဟာ မနက်ဖြန်မနက် အချိန်အခါ ဖြစ်လေတယ်။

သန်းခေါင်ယံ ရောက်လာချိန်မှာ ချန်ချွန်းရဲ့ ကိုယ်ခန္ဓာတစ်ခုလုံး တုန်လှုပ်သွားတယ်။  သူ့ကို ကြောက်လန့် စေမိတဲ့တဲ့အထိ အထွတ်အထိပ်ကို တက်လာတဲ့ တောင်ဖိအားကို ရှင်းရှင်းလင်းလင်း ခံစားမိတယ်။

'၅၄၇ … ၅ … သေစမ်း၊ ငါအရှုံးပေးတယ် ပိစု၊ မင်း ဒီလောက် အဆင့်၂ ဖြစ်ချင်ရင် မင်းကိုငါ ပေးဖြစ်‌စေ လိုက်မယ်။ ငါ ဆက်လုပ်မယ်ဆိုရင် ငါဒီမှာ ပင်ပန်းလွန်းလို့ သေမှာ သေချာတယ်။ ငါ့အလေးချိန်တွေ အကုန်လျော့သွားပြီ...'' ချန်ချွန်း ပင်ပန်းလွန်းစွာနဲ့ ဘေးကိုလှဲချလိုက်ပြီး ဘေးပတ်ဝန်းကျင်ကို ကြုံးဝါး လိုက်တယ်။

“အဆင့် ၃ ကိုပဲ ယူလိုက်မယ်။ အဆင်ပြေပါတယ်။ ထိပ်တန်း ၃ ယောက်ကနေ မထွက်ရသေးရင် ရှက်စရာ မဖြစ်ဘူး။ ဘာပဲဖြစ်ဖြစ် ဝူစန်းက အနောက်မှာ ရှိနေ‌သေးတယ်။  ပိစု ရှေ့ကို သွားနိုင်ရင် ဆက်သွားလေ။ ရှေ့ကို ပိုလှမ်းလိုက်ပါဦး၊ သေသွားရင် ပိုတောင်ကောင်းသေး"

"သေစမ်း.... မော့စုရဲ့စွမ်းရည်နဲ့ ကျော်လွှား နိုင်မှုမျိုးသာ ရှိလိုက်လို့ကတော့ ငါ သေချာပေါက်ကို... ဟမ် အာ"   ချန်ချွန်းဟာ ပြင်းပြင်းထန်ထန် အသက်ရှူသွင်း နေပြီး လက်နဲ့မိမိကိုယ်ကို ယပ်ခတ်လို့ စကားတွေ ပြောနေတယ်။ ရုတ်တရက် သူ့ခန္ဓာကိုယ် တစ်ခုလုံး တုန်ယင်သွားပြီး နားရွက်တွေ ထောင်လာတယ်။ သူ့ကိုယ်ခန္ဓာ တစ်ခုလုံးကို ‌ထိတ်လန့် အံ့ဩမှုကို အစားထိုးနေရာယူ သွားလေတယ်။

ပိစုဟာ ပလိတ်ပြားပေါ်က အဆင့်တွေကို ကြည့်နေခဲ့တယ်။  ချန်ချွန်းရဲ့ ငြိမ်သက်သွားတဲ့ ခြေလှမ်း အရေအတွက်ကို ပြသနေမှုကို ကြည့်မိချိန်မှာ ကောင်းကင်ကို မျက်နှာမူလို့ ရယ်လိုက်တယ်။  သူ့မျက်နှာပေါ်မှာ ရက်စက်တဲ့သွင်ဟန် ရှိ‌နေတယ်။

"ငါက ရဲဝမ်ပြီးရင် အင်အား အကြီးမားဆုံးပဲ"  သူအံကြိတ်ကာ မောဟိုက်နေရင်းက ခြေလှမ်း နည်းနည်း ဆက်တက်တယ်။  ၅၅၃လှမ်း အရောက်မှာတော့ သူရပ်လိုက်ပြီ။  သို့ပေမဲ့ ပလိတ်ပြားကို ထပ်မံကြည့်ရှုမိချိန်မှာ သူ့မျက်နှာပေါ်က ကျေနပ်နေတဲ့သွင်ပြင်က ချက်ချင်း အေးစက် သွားတယ်။  ၂၁နေရာကို ကျဆင်းသွားတဲ့ မော့စုတစ်‌ယောက် စတင် လှုပ်ရှားလာတာကို မြင်လိုက်ရလေတယ်။

ဝူစန်းနဲ့တကွ ထိပ်တန်း ၂၀ အတွင်း အခြားသူများ အားလုံးလည်း ပြောင်းလဲမှုကို သတိပြုမိခဲ့ကြတယ်။  ရဲဝမ်ကလွဲလို့ မော့စုရဲ့ အောင်မြင်စွာ လှုပ်ရှားနိုင်မှုကို မြင်တွေ့နေ ကြရလေတယ်။

တစ်ချိန်တည်းမှာပဲ အပြင်ဘက် ကွင်းထဲက မြင့်တက်လာတဲ့ ကြွေးကြော်သံတွေက ကွင်းပြင်ကို လွှမ်းခြုံသွားလိုက်တာ ကမ္ဘာမြေကို ထက်အောက်ပြောင်းပြန် ဖြစ်စေတော့မယ့် တိုင်ဖွန်းလေမုန်တိုင်း ကျရောက်သလို ထင်မြင်ရစေတယ်။

နဂါးနက်တောင်က အမျိုးသမီးကြီးနဲ့တကွ တခြား မျိုးနွယ် ခေါင်းဆောင်များနဲ့ အစောပိုင်းက အဆင့် သတ်မှတ်ချက်တွေကို ကြည့်ဖို့ ငြင်းဆန်ခဲ့တဲ့ မဟူရာတောင်မျိုးနွယ် ခေါင်းဆောင် အပါအဝင် ကွင်းပြင်က လူအားလုံးဟာ ငှက်ရုပ်‌တွေကို ချက်ချင်း လှည့်ကြည့် လိုက်ကြတယ်။

လေ့ချန်၊ ဝူလ၊ ပိုင်လင်း၊ စစ်ခုန်း၊ ပေလင်းနဲ့ လျှော့လိုက်ပြီး ဖြစ်တဲ့အခြားသော အဆင့်၂၀အောက်လူများဟာ ငှက်ရုပ်ပေါ်က တူညီတဲ့ နာမည်တစ်ခုကို ရင်သပ်ရှုမောလျက် ကြည့်နေခဲ့ကြတယ်။

ငှက်ရုပ်တုပေါ်က အဆင့် သတ်မှတ်ချက်ကို ကြည့်လို့မော့စန်းရဲ့ မျက်လုံးတွေဟာ တောက်ပနေတယ်။  သူ့မျက်လုံးတွေရဲ့ အရောင်အဝါ တောက်ပမှုကြောင့် သူ့ဘေးနားက ကျင်းနန်ပင်လျှင် တည်တည်ငြိမ်ငြိမ် မနေနိုင်တော့ဘူ။  သူကြည့်နေတုန်း သူ့ရဲ့မျက်စိ သူငယ်အိမ်‌တွေ ရွေ့လျား သွားကြလေတယ်။

စုမင် စတင် လှုပ်ရှားလာပြီ။

လရောင်ဟာ စုမင်နဲ့သက်ဆိုင်သော အရာဖြစ်တယ်။ မတ်တတ် ထရပ်ကာ လရဲ့အလင်းရောင်ကို ခံယူလိုက်တယ်။  သူ့ရဲ့ကောင်းမွန်စွာ ထိန်းချုပ်နိုင်မှု အောက်မှာ သွေးကြောတွေကို ၁၅ခုအထိ လျှော့ချလိုက်နိုင်ပြီး အားလုံးကို ကိုယ်ထဲမှာ နစ်မြု‌ပ် နေစေတယ်။

ခေါင်းကိုမော့လို့ ကောင်းကင်ပေါ်က လကို ကြည့်လိုက်စဉ်မှာ သွေးလွှမ်းလရဲ့ အရိပ်ဟာ စုမင်မျက်လုံးထဲမှာ ပေါ်လွင် လာလေတယ်။ မြက်နွယ်ကြိုးနဲ့ ချည်နှောင်ထားသည်မှအပ လေမတိုက်တဲ့ အရပ်မှာ သူ့ရဲ့ဆံပင်တွေဟာ လွင့်ဝဲနေလေတယ်။  စုမင် အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သူ့‌ရဲ့ခေါင်းစည်း မြက်ကြိုးကို  ညာလက်နဲ့ ဖြေလျော့လိုက်ပြီး ဆံပင်တွေကို ဖားလျား ကျစေလိုက်တယ်။  ညာခြေထောက်ကို ရုတ်တရက် မြှောက်လိုက်ပြီး ၃၇၂ အဆင့်ကို တက်လှမ်းလိုက်တယ်။

လှေကားထစ်ပေါ် ခြေချလိုက်တယ် ဆိုလျှင်ပဲ ကိုယ်တွင်းက သွေးကြောတွေ အားလုံးဟာ ပြင်းထန်တဲ့အဟုန်နဲ့ ခန္ဓာကိုယ်အနှံ့ကို ပျံ့နှံ့ဖြာဆင်း သွားလေတယ်။ ဒါဟာ လက်ရှိ ဒီနေရာမှာ သူ့ရဲ့အမြန်ဆန်ဆုံးသော အရှိန်နှုန်းကို ပြသနိုင်လိုက်ခြင်းလည်း ဖြစ်တယ်။

အနီရောင်အရိပ်ဟာ စုမင်ရဲ့ ဘေးပတ်ဝန်းကျင်ကို လွှမ်းခြုံသွားခဲ့ပြီး စုမင်ဟာ သွေးရဲ့ အရိပ်သဏ္ဌာန်တစ်ခုလိုမျိုး အရှေ့ကို ပြေးလွှား သွားပါတော့တယ်။

၃၂၇ လှမ်း၊ ၃၉၃ လှမ်း၊ ၄၂၄ လှမ်း၊ ၄၄၈ လှမ်း၊ ၄၇၁လှမ်း … သူ့ရဲ့အမြန်နှုန်းဟာ ညအချိန်မှာ တိုက်ခတ်တဲ့ လေမုန်တိုင်း တစ်ခုလို ... အဲဒီအခြင်းအရာဟာ   တောင်ပေါ်နဲ့တကွ ကွင်းပြင်က စောင့်ကြည့်နေသူများအားလုံးကို ဆွံ့အ နေစေခဲ့လေတယ်။

***

All Chapters