← Chapters

မောင်နှမ ပဋိပက္ခ ၂

Vol. 89 Ch. 888

မောင်နှမ ပဋိပက္ခ ၂

Vol. 89 Ch. 888

သူက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး "သူမက အမြဲတမ်း၏တစ်ကိုယ်ကောင်းဆန်ပြီး လောဘကြီးခဲ့တာ မဖြစ်နိုင်ဘူးလား။ သူမ ရွှမ်ချင်းအတွက် လုပ်ပေးခဲ့တာတွေကိုလည်း ကောင်းကင်ဘုံကမသေမျိုးတွေ သူမရဲ့ နောက်ကြောင်းကို သိသွားပြီး သူမကို သဘောမကျမှာ၊ရွေးချယ်မခံရမှာကို စိုးရိမ်ခဲ့လို့ပဲ မဟုတ်ဘူးလား။ ဒါကြောင့် ဒီတိရစ္ဆာန်မက မထွက်ခွာခင်မှာ ရွှမ်ချင်းရဲ့ဂုဏ်သတင်းကို ဖျက်ဆီးဖို့ စီစဉ်ခဲ့တာပေါ့"

"ပြီးတော့ သူမ ရွှမ်ချင်းနဲ့ အတူရှိခဲ့တာက အချစ်ကြောင့်မဟုတ်ဘဲ၊ ဒီလူငယ်က သူမကို ကောင်းကင်ဘုံဆီခေါ်ဆောင်သွားပြီး မသေမျိုး ဘိုးဘေးတစ်ယောက်ဖြစ်လာစေနိုင်လောက်အောင် တောက်ပတယ်လို့ ထင်ခဲ့လို့ပဲမဟုတ်ဘူးလား"

"နင် လျှောက်ပြောနေတာပဲ"

ကျစ်ရှန်းသည် ရာဇပလ္လင်ရှေ့သို့ပြေးသွားပြီး သူမအစ်ကို၏ ချောမောသောမျက်နှာကို လက်သည်းများဖြင့် တရစပ်ကုတ်ခြစ်ပစ်လိုက်၏။

ခရမ်းရောင်မုတ်ဆိတ်နှင့် နဂါးဖြူမျိုးနွယ်စုဝင် တစ်ယောက်အနေဖြင့် သူမ၏ကိုယ်ပိုင်အစ်မမှာ မွေးရာပါ ယုတ်မာသူတစ်ဦး မည်သို့ဖြစ်နိုင်မည်နည်း။ ဟုန်ကျယ်တစ်ခုလုံး ပျံ့နှံ့နေသော လှပသည့်ပုံပြင်မှာ ဤမျှအထိ ညစ်ပတ်စက်ဆုပ်ဖွယ် ကောင်းနေမည်လား!

"..."

မင်းသား ကျစ်ယန်က သူမကို မတားဆီးဘဲ မျက်နှာကို အသာလွှဲကာပါးစပ်ထောင့်ကို တွန့်ရုံမျှ ပြုံးလိုက်ပြီး "တော်ပြီ၊ ငါ နင်နဲ့ ပြိုင်မငြင်းချင်ဘူး။ ဒါပေမဲ့ အခုအနောက်ပိုင်းနဂါးဘုရင် နိုးထလာပြီဆိုတော့ နင်တို့ရဲ့အစီအစဉ်တွေက ဆက်သွားလို့မရတော့တာ ထင်ရှားနေပြီပဲ။ နတ်ဆိုးတစ်သောင်းခန်းမအကြောင်းကို အရင်ပြောရအောင်"

"ကျွန်မတို့ အစီအစဉ်တွေ ဆက်သွားနိုင်မလား၊ မသွားနိုင်ဘူးလားဆိုတာ နင်ပြောရမှာမဟုတ်ဘူး။ စောင့်ကြည့်ရုံပဲ ရှိတာပေါ့"

ကျစ်ရှန်းက အလိုအလျောက်ပြန်ပက်လိုက်ပြီးနောက် ချက်ချင်းပင်စိုးရိမ်တကြီး ဖြစ်သွားလေ၏။

"ဟုတ်သားပဲ နတ်ဆိုးတစ်သောင်းခန်းမ... ရှန်းယီ"

သူမ လုံးဝမေ့သွားခဲ့၏။ ဤကိစ္စမှာ ပြီးဆုံးရန် ဝေးကွာလွန်းသေးသည်။

သူမအစ်ကို ရှေ့တွင်တော့ သူမသည် ထည်ဝါလှသော ယွီတောင်၏ နဂါးကြင်ယာတော်အဖြစ်မှ ပျာယာခတ်နေသောမိန်းကလေးငယ်တစ်ဦးအဖြစ် ချက်ချင်း ပြောင်းလဲသွားသကဲ့သို့ပင်။

"ငါ အခုသွားမှဖြစ်မယ်"

ကျစ်ရှန်းသည် သူမ၏လက်ကို ခပ်ပေါ့ပေါ့ ဝှေ့ယမ်းပြလိုက်ပြီး အတွင်းခန်းမထဲမှ တန်းတန်းမတ်မတ် ထွက်ခွာသွားလေသည်။

မင်းသား ကျစ်ယန်သည် ညီမဖြစ်သူ ထွက်ခွာသွားသည်ကို တိတ်ဆိတ်စွာကြည့်နေပြီးနောက် သူမ ပျောက်ကွယ်သွားသောအခါ လက်လျှော့လိုက်သည့်အလား ပြုံးလိုက်ကာ "ရှန်းယီ..."

သူသည် ထိုအမည်ကို နှုတ်ခမ်းဖျားတွင် တိတ်တဆိတ် ရွတ်ဆိုကြည့်လိုက်၏။

မည်သိုပင်ဖြစ်စေ၊ ဤအမည်မှာ အနည်းဆုံးတော့ ယောကျ်ားတစ်ယောက်၏ အမည်နှင့် တူနေသေးသည်။

ကျိကျင့်ရှီးဆိုသော စကားလုံးသုံးလုံးထက် နားဝင်သာလှပေသည်။ အကယ်၍ အချိန်အားပါက တစ်ခါလောက်တွေ့ဆုံရန် သူ အချိန်ပေးကောင်း ပေးနိုင်ပေလိမ့်မည်။

သို့သော် ယခုလောလောဆယ်တွင်မူ

သူသည် စားပွဲပေါ်ရှိ ကျောက်စိမ်းပေလွှာများနှင့် ကျမ်းစာများကို လှမ်းယူကာ မီးရှို့ထားသော စန္ဒကူးနံ့သာရနံ့များကြားတွင် တိတ်ဆိတ်စွာဖတ်ရှုနေခဲ့လေတော့သည်။

...

အနောက်ပိုင်းဟုန်၊ နဂါးဘုရင်နန်းတော်တွင်

ချီရှန့်ထောင် သည် အနန္တတာအိုအင်ပါယာဂိုဏ်းမှ ဂိုဏ်းချုပ်နှစ်ဦးခြံရံလျက် မျက်နှာပျက်ပျက်ဖြင့် လျှောက်လှမ်းဝင်လာခဲ့လေ၏။ သူသည် မြင့်မားသောရာဇပလ္လင်ပေါ်တွင် နေရာယူလိုက်ပြီး ဝတ်ရုံစကိုအင်အားသုံး၍ ဝှေ့ယမ်းကာ အောက်ရှိလူများကို ငုံ့ကြည့်လိုက်သည်။

"ငါ့ကို ကျိုးကြောင်းဆီလျော်တဲ့ ရှင်းပြချက်တစ်ခု ပေးစမ်း"

ချီမိသားစု၏ ပဉ္စမမြောက်သားတော်က တုန်ရီသွားပြီး ယခုလေးတင်ပြန်ရောက်လာသော သူ၏အစ်ကိုကြီးထံ တိတ်တဆိတ်အကြည့်ပို့လိုက်လေသည်။

ချီကျောက်ဝမ်၏ စိတ်ခံစားချက်များမှာ ဤအခိုက်အတန့်တွင် အလွန်ပင်ရှုပ်ထွေးနေလေသည်။ သတင်းကောင်းမှာ သူသည် နတ်ဆိုးတစ်သောင်းခန်းမနှင့် ပတ်သက်မှုရှိနေသည်ဟူသော စွပ်စွဲချက်မှနောက်ဆုံးတွင် ကင်းလွတ်သွားခြင်းပင်။ အကယ်၍ သူသာ ယွဲ့မိသားစု၏ မဟာအကြီးအကဲကို သုတ်သင်နိုင်သောအင်အားရှိခဲ့ပါက အိမ်ရှေ့မင်းသားနေရာအတွက် တိုက်ခိုက်ရန် အဘယ်ကြောင့်အစီအစဉ်များ ဆွဲနေစရာ လိုအပ်ဦးမည်နည်း။

သတင်းဆိုးမှာမူ... ဤရေမြေများပေါ်ရှိ အနောက်ပိုင်းနဂါးနန်းတော်၏တည်ရှိမှုမှာ တစ်ညအတွင်းမှာပင် အန္တရာယ်ရှိလောက်အောင် ယိုင်နဲ့လာပုံရခြင်းပင် ဖြစ်လေသည်။

ပုန်းအောင်းနေသော ကြွက်အုပ်စုမျှသာဟု သူ ထင်မှတ်ထားခဲ့သောအရာမှာ ဖုံးကွယ်ထားမှုများ ဖယ်ရှားခံလိုက်ရချိန်တွင် တောင်ပေါ်မှ ဆင်းလာသော တားဆီး၍မရသည့် ကျားအုပ်စုကြီးဖြစ်နေလေတော့သည်။

အကယ်၍ အနန္တတာအိုအင်ပါယာဂိုဏ်းနှင့် ယွဲ့မိသားစု၏ အကူအညီသာ မရှိခဲ့ပါက သူ၏ဖခင်ပင်လျှင် ယခုအချိန်တွင်အိပ်ပျော်နိုင်မည် မဟုတ်ချေ။

"စားပွဲပေါ်မှာ ရှိနေတာတွေက ဂိုဏ်းချုပ်အသီးသီးက ပို့ထားတဲ့ စာတွေပါ"

ကျစ်ရှန်းသည် လူအုပ်ထဲမှ ဖြည်းညှင်းစွာ ထွက်လာခဲ့၏။ သူမသည်လည်း အမှန်တကယ် ဘာဖြစ်ခဲ့သနည်းဆိုသည်ကို သိချင်နေလေသည်။

"စာတွေလား"

အနောက်ပိုင်းနဂါးဘုရင်၏ မျက်ခွံများ တွန့်သွားပြီး ရက်စက်သောအပြုံးတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

ဤနိမ့်ကျသော အစေခံများသည် ယခုအခါ အနောက်ပိုင်းနဂါးနန်းတော်၏ အရှိန်အဝါ မှေးမှိန်သွားပြီး သူတို့ကိုမထိန်းချုပ်နိုင်တော့ဟု ထင်မှတ်ကာ အစီရင်ခံရန်ပင် မလာဝံ့တော့လောက်အောင် ရဲတင်းလာကြပြီလော။

ဤကိစ္စပြီးသွားသည်နှင့် ဤအစေခံများအား အနောက်ပိုင်းနဂါးနန်းတော်ကို ပြစ်မှားမိခြင်း၏ နောက်ဆက်တွဲရလဒ်များကို နားလည်အောင် ပြုလုပ်ပေးရပေမည်။

"သူတို့ကို ဘယ်သူက အတင့်ရဲအောင်လုပ်ပေးထားသလဲဆိုတာ ငါ ကြည့်လိုက်ဦးမယ်"

ချီရှန့်ထောင်က အပြုံးကို ရုပ်သိမ်းလိုက်ပြီး သူ၏လက်ဝါးဖြင့် စာပုံပေါ်ရှိ အစီအရင်များကို ရိုက်ခွဲလိုက်ရာ၊ စာရွက်များမှာ လေထဲတွင် ဝဲပျံတက်သွားပြီး လူတိုင်းမြင်နိုင်အောင်ရပ်တန့်နေခဲ့လေ၏။

လူဆယ်ယောက်ကျော်ရေးသားထားခြင်း ဖြစ်သော်လည်း၊ စာများထဲတွင် ဖော်ပြထားသော အကြောင်းအရာများမှာ ထူးဆန်းစွာပင်တူညီနေကြလေသည်။

"အနက်ရောင်ဝတ်ရုံနှင့် ကျင့်ကြံသူတစ်ဦးက ကျားနှစ်ကောင်ကြားပဋိပက္ခဖြစ်နေသည့် အခွင့်အရေးကို အသုံးချကာ၊ ကိုယ်ရေးကိုယ်တာ ရန်ငြိုးဖြင့် ရွှေရောင်မှော်အက္ခရာဆန်းကြယ်ဓားရှည်ကို ကိုင်ဆောင်၍ ၎င်းကိုပေတစ်ထောင်ကျော်ရှည်သော ဓားအဖြစ် ပြောင်းလဲကာ ယွဲ့မိသားစု၏ အစောင့်အရှောက် အကြီးအကဲနှင့် တပည့်များစွာကို သတ်ဖြတ်ခဲ့ပြီး အသက်ရှင်ကျန်ရစ်သူ မချန်ခဲ့ပေ။သူသည် နတ်ဆိုးတစ်သောင်းခန်းမမှ တပည့်များကို ဆက်လက်လိုက်လံသတ်ဖြတ်ရန်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ၊ လောဘဝံပုလွေ ကြယ်တာရာမြေပုံကို ယူဆောင်ကာထွက်ခွာသွားခဲ့သည်"

"..."

အနောက်ပိုင်းနဂါးဘုရင်သည် သေလောက်အောင် တိတ်ဆိတ်သွားခဲ့လေသည်။

၎င်း ဖြစ်နိုင်ခြေများစွာကို စဉ်းစားခဲ့သော်လည်း၊ ယွဲ့မိသားစုဝင်များကို သုတ်သင်လိုက်သူမှာ နတ်ဆိုးတစ်သောင်းခန်းမမဟုတ်ဘဲ မိမိတို့ အနောက်ပိုင်းဟုန်မှ ကျင့်ကြံသူတစ်ဦး ဖြစ်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။

တိုက်တိုက်ဆိုင်ဆိုင်ပင်၊ ၎င်းသည် ထိုလူကို မကြာသေးခင်ကပင် ဖိတ်ခေါ်ထားလေသည်။

"ခမည်းတော်၊ ကျွန်တော် တကယ်ပဲ သူ့ရဲ့အစစ်အမှန်ကိုယ်ပိုင်လက္ခဏာကို မသိခဲ့ပါဘူး ဟုတ်ပါတယ်၊ မရီးတော် သိပါတယ်၊ သခင်ရွှယ်က မရီးတော်ကို သွားမေးနေတာပဲ..."

ချီမိသားစု၏ ပဉ္စမမြောက်သားသည် ဝုန်းခနဲ ဒူးထောက်ကျသွားလေသည်။

"သခင်ရွှယ် ဘယ်မှာလဲ"

ချီရှန့်ထောင်းသည် သူ၏ရင်ထဲမှ တုန်လှုပ်မှုကို အင်အားသုံး၍ ဖိနှိပ်လိုက်၏။ ဤကဲ့သို့သော အချိန်မျိုးတွင် မပြာယာသင့်ကြောင်း သူ သိထားလေသည်။

သူ အိပ်ပျော်နေခဲ့သည်မှာ မည်မျှအထိပင်ကြာခဲ့ပြီမို့ အနောက်ပိုင်းဟုန်က သူကိုယ်တိုင်ပင် နားမလည်နိုင်သည့် အခြေအနေမျိုးအထိပြောင်းလဲသွားရသနည်း။

ထိုသူမှာ မြောက်ပိုင်းဟုန် ယွဲ့မိသားစုမှ အစောင့်အရှောက် မဟာအကြီးအကဲဖြစ်လေသည်။ အကယ်၍ သူကိုယ်တိုင် တိုက်ခိုက်မည်ဆိုလျှင်ပင် ထိုရတနာသံချပ်ကာကို ထိုးဖောက်နိုင်ရန် ခြေသည်းနှင့် သွားများကို အသုံးပြု၍အားထုတ်ရဦးမည် ဖြစ်သော်လည်း၊ အမည်မသိ လူတစ်ယောက်က သူ့ကို အလွန်လွယ်ကူစွာသုတ်သင်သွားခဲ့၏။

ထို့ပြင် ထိုဂိုဏ်းချုပ်များ ပို့လာသောသတင်းကို လုံးဝ မယုံကြည်သော်လည်း၊ ဖော်ပြချက်အရ ထိုအနက်ရောင်ဝတ်ရုံနှင့် ကျင့်ကြံသူသည် ယွဲ့မိသားစုဝင်များကို သတ်ပြီးနောက် နတ်ဆိုးတစ်သောင်းခန်းမကိုပင် ရန်စရန်ကြံရွယ်ခဲ့ခြင်း ဖြစ်လေ၏။

ယွဲ့မိသားစုနှင့် နတ်ဆိုးတစ်သောင်းခန်းမ နှစ်ဖက်စလုံးကို တစ်ပြိုင်တည်းရန်စဝံ့သူမျိုးကို အနောက်ပိုင်းဟုန်၏အရင်းအမြစ်များဖြင့် အမှန်တကယ် ပျိုးထောင်မွေးထုတ်လုပ်နိုင်ပါမည်လော။

"မရီးတော်၊ ခမည်းတော်က မရီးတော်ကို စကားပြောနေတယ်လေ"

ချီကျောက်ဝမ်က သူမကို အသာအယာသတိပေးလိုက်လေသည်။

"အိုး.."

ကျစ်ရှန်းသည် ငေးမှိုင်နေရာမှ သတိဝင်လာခဲ့သည်။

သူမတွင် စိတ်ပိုင်းဆိုင်ရာပြင်ဆင်မှုအချို့ ရှိခဲ့သော်လည်း၊ ဤလုပ်ရပ်အားလုံးမှာ ရှန်းယီ တစ်ဦးတည်း၏လက်ချက်ဖြစ်ကြောင်း အမှန်တကယ် သိလိုက်ရချိန်တွင် သူမ၏ စိတ်များမှာ ရှုပ်ထွေးနေဆဲပင်။

ထိုရိုးရှင်းသော စကားလုံးများနောက်ကွယ်တွင် ခရမ်းရောင်မုတ်ဆိတ်နဂါးဖြူမျိုးနွယ်စုဝင်များ စိတ်ကူးမယဉ်နိုင်သော ရက်စက်ကြမ်းကြုတ်မှုများ ရှိနေလေသည်။

ကောင်းကင်ဘုံနယ်ပယ်နှောင်းပိုင်းမှသည် ကျောက်စိမ်းဖြူမြို့တော်အဆင့်ရှိ ကျွမ်းကျင်သူများ အပါအဝင်ကပ်ဘေးချီလင် ဆယ်ကောင်ကျော်... အရေးကြီးဆုံးအချက်မှာ ထိုသူများထဲမှ မည်သူမျှရှန်းယီကို ကြိုတင်သိကျွမ်းခြင်း မရှိကြခြင်းပင်။ သူတို့သည် နတ်ဆိုးတစ်သောင်းခန်းမကို ရည်ရွယ်၍ လက်စားချေရန် လာကြခြင်းဖြစ်ပြီး တောင်ပိုင်းဟုန် ဂိုဏ်းခုနစ်ဂိုဏ်းကို လာကြခြင်း မဟုတ်ချေ။

ထို့ပြင် အဓိက အကြောင်းရင်းမှာ ရှန်းယီက သူတို့၏မျိုးဆက်သစ်လူငယ်များကို အရင်သတ်ဖြတ်ထားခဲ့ခြင်းကြောင့် ဖြစ်လေ၏။

သတိကြီးစွာထားရန်အတွက် ဂိုဏ်းချုပ်ရှန်းသည် အသက်ရှင်ကျန်ရစ်သူ မရှိစေဘဲပြတ်ပြတ်သားသားလုပ်ဆောင်ခဲ့ခြင်း ဖြစ်လိမ့်မည်။

ကျစ်ရှန်းသည် ဤကဲ့သို့သော လုပ်ရပ်မျိုးနှင့် အကျွမ်းတဝင် မရှိလှချေ။ သူမ၏ စိတ်ထဲတွင် ရှိနေသောအေးစက်သော်လည်း ထိန်းထိန်းသိမ်းသိမ်းရှိကာ ယဉ်ကျေးသိမ်မွေ့သော လူငယ်လေး၏ ပုံရိပ်နှင့် လုံးဝညှိယူ၍ မရနိုင်လောက်အောင်ဖြစ်နေလေ၏။

ကျင့်ရှီးက သူမကို အထူးတလည်သတိပေးခဲ့သည်မှာ မဆန်းတော့ချေ။

နန်ယန်ဂိုဏ်းချုပ်၏ စရိုက်အမှန်မှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းသည်ကို တောင်ပိုင်းဟုန် ဂိုဏ်းခုနစ်ဂိုဏ်းမှ လူများသာလျှင် အမှန်တကယ် သိနိုင်ပေလိမ့်မည်။

"နင် နားထောင်နေရဲ့လား။ သခင်ရွှယ် ဘယ်မှာလဲလို့"

ထိုအမျိုးသမီးက မကြားချင်ယောင်ဆောင်နေသည်ကို မြင်သောအခါ အနန္တတာအိုအင်ပါယာဂိုဏ်းမှ ဂိုဏ်းချုပ်နှစ်ဦးမှာ နောက်ဆုံးတွင် အောင့်မထားနိုင်တော့ဘဲ အသံနှိမ့်၍ ငေါက်ငမ်းလိုက်လေတော့သည်။

"ဘာလို့ အော်နေတာလဲ"

ကျစ်ရှန်းသည် သူမ၏ ရင်ဘတ်ကို ဖိကာ လှည့်ကြည့်လိုက်ပြီး "သူက ရိုင်းစိုင်းတဲ့ စကားတွေပြောလို့ ကျွန်မအစ်ကိုက သူ့ကိုခေါ်သွားပြီ။ ရှင်တို့ မကျေနပ်ရင် ယွီတောင်ကို သွားပြီး ကျွန်မအစ်ကိုဆီမှာ သွားတောင်းလိုက်လေ၏"

ဤကြေညာချက်ကြောင့် ထိုနေရာရှိ လူအားလုံး တုန်လှုပ်သွားကြသည်။

အနန္တတာအိုအင်ပါယာဂိုဏ်းမှ ဂိုဏ်းချုပ်နှစ်ဦးမှာ တံတွေးကို ခက်ခဲစွာမျိုချလိုက်ရပြီး ဘာပြန်ပြောရမှန်း မသိဖြစ်နေကြ၏။

အနောက်ပိုင်းနဂါးဘုရင်ပင်လျှင် အတော်ကြာ မှင်သက်သွားပြီးမှ အံ့အားသင့်သောအမူအရာဖြင့် ပြုံးကာ ပြောလိုက်လေသည်။

"မင်းသား ကျစ်ယန်က အနောက်ပိုင်းဟုန်မှာ ရှိနေတာလား။ ငါ့ကို ဘာလို့ ကြိုမပြောတာလဲ"

ဤအရှေ့ပိုင်းနဂါးနန်းတော်၏ အိမ်ရှေ့မင်းသား၏ အကူအညီနှင့် သူ၏ နောက်ကွယ်ရှိ ကြီးမားသော အင်အားသာရှိပါက၊ နတ်ဆိုးတစ်သောင်းခန်းမ၏ အရှင်သခင်သည် ဟုန်ကျယ်မသေမျိုးကိုယ်တိုင်ဖြစ်မနေသရွေ့ မည်သို့ပင်ဖြစ်စေ သူတို့အတွက် ပြဿနာရှိမည် မဟုတ်တော့ချေ။

"မင်းသား ကျစ်ယန် ကိုယ်တိုင် ရှိနေရင်တောင်မှ ငါတို့ အနန္တတာအိုအင်ပါယာဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို ဘယ်လိုလုပ် ခေါ်သွားနိုင်မှာလဲ"

စစ်ထူဖူဟိုင်က မျက်လုံးများကို အနည်းငယ် မှေးကျဉ်းကာ ရှေ့သို့ တက်လာခဲ့၏။

"သူ့ကို ခေါ်သွားတာ ကျွန်မ မဟုတ်ဘူး၊ ရှင်တို့မှာ ပြောစရာရှိရင် သူ့ကိုပဲ သွားမေး"

ကျစ်ရှန်းက မျက်လုံးလှန်ပြလိုက်ပြီး တစ်ဖက်လူကို အနည်းငယ်မှ မျပ်နှာသာမပေးချေ။

"ဪ၊ ပြီးတော့ သူ ပြောလိုက်သေးတယ်။ ရွှယ်ယန်အပြင်၊နတ်ဆိုးတစ်သောင်းခန်းမကိစ္စတွေ မပြီးမချင်း ရှင်တို့ နှစ်ယောက်လည်း ဘယ်အချိန်မဆို ခေါ်ရင် အဆင်သင့်ဖြစ်နေရမယ်တဲ့"

၎င်းကို ကြားလိုက်ရချိန်တွင် ဂိုဏ်းချုပ်နှစ်ဦး၏ မျက်နှာများမှာ ချက်ချင်းမည်းမှောင်သွားခဲ့လေသည်။

သူတို့သည် မဆိုင်းမတွပင်ကျောက်စိမ်းပေလွှာကို လှမ်းယူကာ မြောက်ပိုင်းဟုန်သို့ သတင်းပို့ရန် ကြံရွယ်လိုက်ကြ၏။

အရှေ့ပိုင်းနဂါးနန်းတော်က အကျိုးအကြောင်းမရှိ လုပ်ဆောင်နေပါက၊ အနန္တတာအိုအင်ပါယာဂိုဏ်းသည်လည်း အနိုင်ကျင့်ခံရမည့်သူ မဟုတ်ချေ။

"မဆူညံကြနဲ့ဦး"

ချီရှန့်ထောင်က နောက်ဆုံးတွင် လက်ဝါးကို မြှောက်လိုက်ပြီး သူ၏ နတ်ဆိုးစွမ်းအားကို အသုံးပြုကာ ထိုလူနှစ်ဦးကို တားဆီးလိုက်လေသည်။

"လူတိုင်းက အဲဒီ လူယုတ်မာတွေကို နှိမ်နင်းဖို့ ကောင်းတဲ့ ရည်ရွယ်ချက်နဲ့လာကြတာပဲ။ နားလည်မှုလွဲတာလေးတွေကြောင့် အချင်းချင်း မတိုက်ခိုက်ကြစမ်းပါနဲ့..."

၎င်းအနေဖြင့် အရှေ့ပိုင်းနဂါးနန်းတော်နှင့် အနန္တတာအိုအင်ပါယာဂိုဏ်းတို့၏ ရန်ငြိုးကို ဂရုမစိုက်ချေ။ ၎င်း၏ အနောက်ပိုင်းဟုန်ကို သန့်ရှင်းရေးလုပ်ရန်မှာ ပို၍အရေးကြီးလေသည်။

"စိတ်မကောင်းပါဘူး၊ ကျုပ်တို့က နတ်ဆိုးတစ်သောင်းခန်းမအတွက် လာတာမဟုတ်ဘူး"

ဂိုဏ်းချုပ်နှစ်ဦးသည် ကျောက်စိမ်းပေလွှာများကို ပြန်သိမ်းလိုက်ပြီး အနောက်ပိုင်းနဂါးဘုရင်ကို လှောင်ပြောင်သည့်အလား ကြည့်လိုက်ကြလေသည်။ ဤအိုမင်းနေသော သတ္တဝါကြီးက ပြဿနာကို ရောချပစ်ရန်ကြိုးစားနေသည်ကို သူတို့ ရှင်းရှင်းလင်းလင်း မြင်နေရ၏။

"တကယ့် တရားခံအစစ်က အဲဒီ သတင်းထဲမှာ ရှိနေနိုင်တယ်"

ထိုစဉ်က ကျောက်စိမ်းပေလွှာသတင်းသည်လည်း အနောက်ပိုင်းဟုန်တွင် အတော်လေးလှုပ်ခတ်သွားခဲ့သည်။ ရွှေရောက်မှော်အက္ခရာဆန်းကြယ်ဓားရှည်ကို ကိုင်ဆောင်ထားသောကျင့်ကြံသူသည် အနန္တတာအိုအင်ပါယာဂိုဏ်း တပည့်၏ တာအိုလက်နက်ကို ဖိနှိပ်ခဲ့သည်ဟုသတင်းထဲတွင် ဖော်ပြထားသောအချက်နှင့် အနည်းငယ် ဆင်တူနေလေသည်။

"နတ်ဆိုးတစ်သောင်းခန်းမ ကိစ္စကိုတော့ အရှေ့ပိုင်းနဂါးနန်းတော်ပဲ ဖြည်းဖြည်းချင်းကိုင်တွယ်ဖို့ လွှတ်ထားလိုက်ပါတော့မယ်"

"ကျုပ်တို့ သွားတော့မယ်"

စစ်ထူဖူဟိုင်သည် လှည့်ထွက်သွားပြီး ခန်းမအထွက်သို့ လျှောက်သွားလေ၏။

တံခါးဝသို့ ရောက်သောအခါ သူက ရပ်တန့်လိုက်ပြီး "ကိစ္စတွေ ပြီးသွားရင် ကျုပ်တို့မြောက်ပိုင်းဟုန်ကို ပြန်သွားမယ်။ အဲဒီအချိန်ကျရင် သခင်ရွှယ်ရဲ့ ဆံပင်တစ်ပင်လေးတောင်ထိခိုက်ခဲ့မယ်ဆိုရင်၊ ယွဲ့မိသားစုက သူတို့ရဲ့ပါရမီရှင်အတွက် လုပ်ဆောင်မယ့်လုပ်ရပ်မျိုးကို ကျုပ်တို့ အနန္တတာအိုအင်ပါယာဂိုဏ်းကလည်း လုပ်ဆောင်နိုင်တယ်ဆိုတာ မှတ်ထားလိုက်ပါ"

"ယွီတောင်ရဲ့ နဂါးကြင်ယာတော်က ဒီသတင်းစကားကို ပါးပေးမယ်လို့မျှော်လင့်ပါတယ်"

All Chapters