← Chapters

သွေးချောင်းများစီးစေကာ မုန်တိုင်းထန်သော မိုးမြေကို လှုပ်ခတ်ခြင်း

Vol. 89 Ch. 889

သွေးချောင်းများစီးစေကာ မုန်တိုင်းထန်သော မိုးမြေကို လှုပ်ခတ်ခြင်း

Vol. 89 Ch. 889

"နေဦး"

ကျစ်ရှန်း ခဏတာမျှအံ့အားသင့်သွားခဲ့၏။

ထိုလူကို ဖမ်းဆီးခဲ့သူမှာ သူမ၏အစ်ကိုဖြစ်သည်က ရှင်းနေပါလျက်၊ အနန္တတာအိုအင်ပါယာဂိုဏ်းသည် အဘယ်ကြောင့်ရှန်းယီအပေါ်သို့ သူတို့၏ ဒေါသကို ရုတ်တရက်ပုံချလိုက်ရသနည်း။

တောင်ပိုင်းဟုန်မှ ထွက်ခွာလာသည်မှာ မကြာသေးသော နန်ယန်ဂိုဏ်းချုပ်သည် ထိပ်တန်းအင်အားကြီးများကို တစ်ချိန်တည်းတွင် မည်သို့မည်ပုံ စော်ကားနိုင်ခဲ့သနည်း။

...

ကျစ်ရှန်း၏ တားဆီးမှုအပေါ်၊ အနန္တတာအိုအင်ပါယာဂိုဏ်းမှ ဂိုဏ်းချုပ်နှစ်ဦးမှာ မကြားသကဲ့သို့ပင် ခန်းမထွက်ပေါက်ဆီသို့ ဆက်လက် လျှောက်လှမ်းသွားကြ၏။

"မင်းတို့ရဲ့ လက်စားချေလိုစိတ်ကို ဒီဘုရင် နားလည်ပါတယ်"

ချီရှန့်ထောင် နောက်ဆုံးတွင် မတ်တတ်ရပ်ကာ ဖျောင်းဖျလိုက်၏။

"ဒါပေမဲ့ အဲဒီကျင့်ကြံသူက ယွဲ့ကုန်းကွေ့ကို သတ်ဖြတ်နိုင်ခဲ့တယ်ဆိုရင်တော့ သူ့ကို အထင်သေးလို့ မရဘူး၊ ငါတို့တွေ သတိလက်လွတ် မလုပ်ကြရအောင်။အမှားအယွင်းတွေကနေ ရှောင်ရှားနိုင်ဖို့ ဆုံးဖြတ်ချက်မချခင် သေချာ တိုင်ပင်ကြရအောင်"

အနောက်ပိုင်းနဂါးဘုရင်အတွက်မူ၊ နတ်ဆိုးတစ်သောင်းခန်းမသို့မဟုတ် အနက်ရောင်ဝတ်ရုံနှင့် ကျင့်ကြံသူကို ဖြေရှင်းခြင်းသည် သူ၏ အနောက်ပိုင်းဟုန်မှ သူပုန်များကိုနှိမ်နင်းရာတွင် အခြေခံအားဖြင့် ကူညီပေးခြင်းပင်။

ယခုအခါ ကျစ်ယန်သည် အနောက်ပိုင်းဟုန်သို့ အလွန်ရဲတင်းစွာဝင်ရောက်လာပြီး ရွှယ်ယန်ကို ဖမ်းဆီးလိုက်ပြီဖြစ်ရာ၊ နှစ်ဖက်စလုံး သဟဇာတဖြစ်စွာနေထိုင်ပြီး အတူတကွအလုပ်လုပ်ရန်မျှော်လင့်ခြင်းသည် အချည်းနှီးဖြစ်မည့်ပုံပင်။

သို့တိုင်၊လိုအပ်သော လုပ်ထုံးလုပ်နည်းများကို လျစ်လျူရှုထား၍ မရပေ။

"အမှားအယွင်းတွေလား"

စစ်ထူဖူဟိုင် ဖြည်းညှင်းစွာလမ်းလျှောက်နေရင်းရပ်လိုက်ကာ၊ ချီရှန့်ထောင်ကို သရော်ပြုံးဖြင့် တစ်ချက်ကြည့်လိုက်သည်။

ဤနဂါးအိုကြီးက သူတို့၏ စွမ်းရည်များကို ထောက်ရှု၍ ကျစ်ယန်မင်းသား၏ အရေးပါမှုနှင့် မယှဉ်နိုင်ဟု ခံစားရသောကြောင့် အခြေအနေများကို ရှုပ်ထွေးအောင်လုပ်လိုနေသည်။

အနောက်ပိုင်းဟုန်မှ နဂါးနန်းတော်လေးက အနန္တတာအိုအင်ပါယာဂိုဏ်းကို အထင်သေးရဲသည်လော။

"အနောက်ပိုင်းဟုန်မှာ ဘိုးဘေးကျောက်တိုင်ကို ငါဆင့်ခေါ်လိုက်တာနဲ့ ဘာတွေမှားယွင်းလာနိုင်မှာလဲဆိုတာ ငါ သေချာသိချင်မိတယ်။"

ထိုတိုတောင်းသော စကားစုက လူတိုင်း၏ စိတ်ထဲတွင် စကားလုံးနှစ်လုံးတည်းကိုသာ ပဲ့တင်ထပ်စေခဲ့၏။

ဘိုးဘေး ကျောက်တိုင်

အနန္တတာအိုအင်ပါယာဂိုဏ်းအတွင်းတွင် တပည့်များအားလုံး၏ အင်ပါယာတာအိုနည်းစနစ်ကျင့်စဉ်များကို မှတ်တမ်းတင်ထားသော မသေမျိုး ကံကြမ္မာကျောက်တိုင် တစ်ခုရှိကြောင်း ကောင်းစွာသိရှိကြပြီး၊ ၎င်းအပြင် ဤဘိုးဘေးကျောက်တိုင်တွင် နဂါးသိုက်နှင့် ဆင်တူသော စွမ်းဆောင်ရည်တစ်ခု ရှိလေ၏။

ဂိုဏ်းချုပ်နှစ်ဦးသည် ဤဘိုးဘေးကျောက်တိုင်ကို အနောက်ပိုင်းဟုန်သို့ ယူဆောင်လာနိုင်မည် မဟုတ်သည်မှာ သေချာသော်လည်း၊ သူတို့ ဆိုလိုရင်းအရ ဤမျှကျယ်ပြန့်သောအကွာအဝေးကို ဖြတ်ကျော်၍ပင် ကျောက်တိုင်၏ စွမ်းအားအချို့ကို အသုံးပြုနိုင်ဆဲဖြစ်သည်။

အမှန်တကယ်ပင် အံ့သြဖွယ်ကောင်းသော ရတနာတစ်ခုပင်။

သူတို့တွင် ဝှက်ဖဲတစ်ချပ် ကျန်ရှိနေသေးသည်။

ချီရှန့်ထောင်၏ ရင်ထဲတွင် လှိုင်းလုံးများတအိအိ မြင့်တက်လာသော်လည်း သူ၏ မျက်နှာအမူအရာမှာမူ ကျစ်ယန်၏ အင်အားက ကြီးမားလွန်းသဖြင့် အခြားရွေးချယ်စရာမရှိသည့်အလား အရှုံးပေးလိုက်ရသော အသွင်အပြင်ကို ဖော်ပြနေသည်။

"ဒီလိုဆိုရင်လည်း၊ ဂိုဏ်းချုပ် စစ်ထူကျင်းလွေ့အတွက် ကလဲ့စားချေဖို့ ခင်ဗျားတို့ရဲ့တရားမျှတမှု ရှာဖွေရေးခရီးစဉ်မှာ အောင်ပွဲခံနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။"

"စိတ်ချပါ၊ ငါတို့ အောင်ပွဲခံမှာပါ။"

ရှီလျန့်ချန်၏ အသံမှာ အေးစက်နေပြီး လူသားကျင့်ကြံသူများထိန်းချုပ်ထားသော ထိပ်တန်းအင်အားစုသုံးခုအနက်မှ တစ်ခုဖြစ်သည့်အပြင်၊ သတ်ဖြတ်ခြင်းခေတ်သစ်တွင် ထွန်းသစ်စ အင်အားစုဖြစ်သော အနန္တတာအိုအင်ပါယာဂိုဏ်းအား အခြားနဂါးနန်းတော်နှစ်ခုထက် နိမ့်ကျသည်ဟု ရှုမြင်ခံရခြင်းကို ရွံရှာသည်။

"အဲဒီကျင့်ကြံသူကို ရှာဖွေဖို့ ကူညီပေးရမယ့်သူ တစ်ယောက်လောက် လွှတ်ပေးဖို့လိုသေးလား"

ချီရှန့်ထောင်၏ လေသံမှာ ပို၍ ယဉ်ကျေးလာ၏။

"ဟက်၊ခင်ဗျားရဲ့ နတ်ဆိုးတစ်သောင်းခန်းမကိုသာ ဂရုစိုက်လိုက်တာ ပိုကောင်းမယ်။"

စစ်ထူဖူဟိုင် တိုးတိုးလေးလှောင်လိုက်ပြီး "ကျုပ် မှတ်မိသလောက်တော့ ကျုပ်ညီက ပန်ရှန်းဂိုဏ်းကို သွားတုန်းက ပျောက်သွားတာ။အဲဒီ အနက်ရောင်ဝတ်ရုံနဲ့ ကျင့်ကြံသူကလည်း ပန်ရှန်းဂိုဏ်းချုပ်နဲ့အတူ ဒီကို လာခဲ့တာ မဟုတ်ဘူးလား"

"နှုတ်ဆက်ပါတယ်။"

ထိုနှစ်ဦးသည် နောက်ထပ်တုံ့ဆိုင်းမနေတော့ဘဲ ခန်းမကြီးထဲမှ တိုက်ရိုက် ထွက်ခွာသွားကာ အထက်ရှိ ရေပြင်ဆီသို့ ဦးတည်သွားကြ၏။

မည်သူမျှ သတိမထားခဲ့မိသော်လည်း၊ ပန်ရှန်းဂိုဏ်းဟူသော အမည်ကိုကြားလိုက်ရသောအခါ ကျစ်ရှန်း၏အသက်ရှူသံမှာ ခေတ္တမျှမတည်မငြိမ်ဖြစ်သွားခဲ့သည်။

ချီရှန့်ထောင်သာ မရှိလျှင် သူမလည်း စိတ်ခံစားမှုများကို မထိန်းချုပ်နိုင်ဘဲခန်းမထဲမှ ထွက်ပြေးသွားမိမည်မှာ သေချာသည်။

ရှန်းယီသည် ပန်ရှန်းဂိုဏ်းတွင် ရှိမရှိကို သူမ မသိပေ။

သို့သော် ဤဂိုဏ်းသည် အတိတ်က နန်ယန်ကို အကူအညီပေးခဲ့ဖူးကြောင်းနှင့် ယခု အနောက်ပိုင်းဟုန်တွင် ကျိကျင့်ရှီး ရှိနေချိန်၊ တောင်ပိုင်းဟုန် သားတော်ခုနစ်ပါး၏ စိတ်နေသဘောထားအရ သူတို့၏ကျေးဇူးရှင် ဒုက္ခရောက်နေသည်ကို မည်သို့ ရပ်ကြည့်နေနိုင်မည်နည်း။

ဒါက အခြေအနေမကောင်းဘူး။

ဤအတွေးဖြင့် ကျစ်ရှန်းသည် မသိစိတ်မှ ယွီတောင်ဆီသို့ လှမ်းကြည့်လိုက်၏။

ဤပြဿနာကို ဖြေရှင်းရန်အတွက်၊ အနောက်ပိုင်းဟုန်၏ကျယ်ပြန့်သော နယ်မြေများကြားတွင် သူမ၏ အစ်ကိုတစ်ယောက်တည်းသာ ကူညီနိုင်စွမ်း ရှိပေမည်။

...

အနောက်ပိုင်းဟုန်၊ ပန်ရှန်းဂိုဏ်း အတွင်း

ယခင်က တောင်ကုန်းနိမ့်တစ်ခုရှိခဲ့ရာနေရာတွင်၊ ယခုအခါ ၎င်းကိုဖယ်ရှားပြီးနောက် ထိုနေရာတွင် အမှတ်တရအဖြစ်ကြီးမားသော ခန်းမတစ်ခုကို တည်ဆောက်ခဲ့သည်။

ဟွမ်ဝမ်ဖာသည် တည်ထောင်သူဘိုးဘေး၏ ဂိုဏ်းအမည် ရွေးချယ်မှုကြောင့် အလွန်ကံမကောင်းဟု အမြဲ ခံစားခဲ့ရသည်။

ပန်ရှန်းဂိုဏ်း၊ ပန်ရှန်းဂိုဏ်း၊ တကယ်လည်း တစ်စုံတစ်ယောက်က ထိုတောင်ကို ယူသွားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့်၊ ထိုတောင်ကို ယူသွားသူမှာ အခြားသူမဟုတ်ဘဲ ဂိုဏ်းချုပ်ရှန်းဖြစ်နေခဲ့၏။ ဂိုဏ်းသည် ရတနာတောင်ကို ဆုံးရှုံးခဲ့ရသော်လည်း ထိုတောင်ထဲမှလျှို့ဝှက်ချက်များကို ရှာဖွေတွေ့ရှိခဲ့သည်။

"ဟူး။"

ဟွမ်ဝမ်ဖာသည် သူ၏ လက်ထဲရှိ ကျောက်စိမ်းပြားကို ဖြည်းညှင်းစွာပွတ်သပ်လိုက်၏။ ဤထူးခြားမှုမရှိသော အသွင်အပြင်အောက်တွင် စစ်မှန်သော မသေမျိုးနိယာမတစ်ခု ပါဝင်နေလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။

ရှန်းယွဲ့ကျန်းချင်ထျန်း

ထို့အပြင် အခြားသော မသေမျိုးနိယာမများနှင့် နှိုင်းယှဉ်ပါက၊ ဤရှန်းယွဲ့ကျန်းချင်ထျန်းတွင် နည်းစနစ်သုံးခုပါဝင်ပြီး၊ အဆင့်ဆင့် တိုးတက်လာကာ ဝင်ရောက်လေ့လာရမည့်အခက်အခဲကို သိသိသာသာ လျှော့ချပေးထားသည်။

၎င်းသည် ဂိုဏ်းကို ဟုန်ကျယ်၏ ထိပ်တန်း အင်အားစုတစ်ခုအဖြစ် တွန်းပို့ပေးနိုင်သည့် အရာတစ်ခု ဆိုသည်မှာအမှန်ပင်။

သို့သော် ဂိုဏ်းချုပ်ရှန်းသည် စကားတစ်ခွန်းမျှ မပြောဘဲ ထိုပစ္စည်းကို သူထံသို့ ပစ်ထည့်သွားခဲ့၏။

"ဒါကြောင့် ငါပြောတာ၊ အဲဒီတောင်ကို ကိုးကွယ်နေလို့ ဘာအကျိုးရှိမှာလဲ၊ ဂိုဏ်းချုပ်ရှန်းကို အရိုအသေပိုပေးဖို့အချိန်ဖြုန်းတာက ပိုကောင်းပါတယ်လို့။"

ဟွမ်ဝမ်ဖာသည် ကျောက်စိမ်းပြားကို သိမ်းဆည်းလိုက်ပြီး လက်နှစ်ဖက်ကိုယှက်ကာ ခန်းမကြီးဘက်သို့ စေတနာအပြည့်ဖြင့် နှစ်ကြိမ်တိုင်တိုင် ဦးညွှတ်လိုက်သည်။

ယန်ချုံကျန်းမှာလည်း ခန်းမဘက်သို့ လှမ်းကြည့်လိုက်သောအခါ ရယ်ချင်စိတ်နှင့် နက်ရှိုင်းသောစာနာမှုကိုပါ တပြိုင်နက်တည်း ခံစားလိုက်ရပြီး၊ ဤရှန်းယွဲ့ကျန်းချင်ထျန်း တစ်ခုတည်းအတွက်ပင် ပန်ရှန်းဂိုဏ်းအနေဖြင့် အနန္တတာအိုအင်ပါယာဂိုဏ်းကိုစော်ကားမိခြင်းသည် တန်ဖိုးရှိသည်ဟု ခံစားရသည်။

အဆုံးတွင်တော့၊ ဂိုဏ်းချုပ်ရှန်းသည် ပန်ရှန်းဂိုဏ်းအပေါ် ဖိအားများ အမှန်တကယ် ကျရောက်လာရန် မည်သည့်အခါမျှခွင့်မပြုခဲ့ပေ။

ယွဲ့မိသားစုဝင်များကို သတ်ဖြတ်ခဲ့ပြီးနောက်၊ သူနှင့် တိုင်ပင်ဆွေးနွေးရန် အနားတွင် မည်သူမျှ မရှိဘဲ ယခု သူ မည်သို့ ခံစားနေရမည်ကိုသာ မသိနိုင်ပေ။

တစ်ချိန်တည်းမှာပင်၊ ထိုခန်းမအတွင်းတွင်

"အဟွတ်၊ အဟွတ်။"

ယွီလန်လက်နှစ်ဖက်ကို ပိုက်ကာ၊ သူမဘေးရှိ လူ၏ တောင်းပန်နေသောမျက်လုံးများကို မမြင်ဟန်ဆောင်နေလိုက်၏။

သူမ ရင်ထဲတွင် အနည်းငယ်ခါးသီးသလို ခံစားရသည်။

ဤမျှကြီးမားသော အကျိုးအမြတ်ကိုရရှိပြီးနောက်တွင်၊ အရိုးကြေမတတ်အလုပ်လုပ်ရသည်မှာ ပုံမှန်သာဖြစ်သည်။

"သခင်၊ ထျန်းကျီက အစီအရင်တွေမှာ တကယ်ကို မကျွမ်းကျင်ပါဘူး။"

ရတနာချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသော ယွဲ့ထျန်းကျီမှာ ခါးသီးသောမျက်နှာအမူအရာဖြင့် ပြည့်နှက်နေလေ၏။ ၎င်း၏မျက်နှာမှာ ခါသီးနေသော်လည်း သူ၏ ခန္ဓာကိုယ်ပတ်လည်ရှိ အရှိန်အဝါမှာ ယခင်နှင့် နှိုင်းယှဉ်ပါက သိသိသာသာပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

All Chapters