နတ်ဆိုးတစ်သောင်းခန်းမက ငါ့အပိုင် ၂
Vol. 89 Ch. 882
သူ၏အမြင်တွင်၊ ဤကျင့်ကြံသူများသည် သက်ရှိသတ္တဝါများမဟုတ်ဘဲ စစ်တုရင်ရုပ်များမျှသာဖြစ်ပြီး၊ သူတို့လှုပ်ရှားရန် သူ၏ အမိန့်တစ်ခွန်းသာ လိုအပ်ကာ၊ ကောင်းကင်ယံရှိ လောဘဝံပုလွေအစီအရင်သည် ချက်ချင်းနိုးထလာပြီး နတ်ဆိုးတစ်သောင်းခန်းမ၏ တပည့်ထံသို့ ၎င်း၏ကြမ်းကြုတ်သောအစွယ်များကို ထုတ်ဖော်ပြသတော့မည် ဖြစ်လေသည်။
အနန္တတာအိုအင်ပါယာဂိုဏ်းမှ သခင်တစ်ဆယ့်ခုနစ်ဦးထိန်းချုပ်ရန် လိုအပ်သည့် အစီအရင်မြေပုံကို သူတစ်ယောက်တည်း၏ စွမ်းအားဖြင့် လွယ်ကူစွာ ထိန်းချုပ်နိုင်ခဲ့၏။ ဤလုပ်ရပ်တစ်ခုတည်းဖြင့်ပင်၊ သူသည် မြောက်ပိုင်းဟုန်၏ ထိပ်တန်းပါရမီရှင်အဖြစ် သူ၏ ဂုဏ်သတင်းကို ခိုင်မာစေခဲ့လေသည်။
ထိုအခိုက်အတန့်တွင်၊ ရွှယ်ယန်၏ အသံတွင် ရုတ်တရက်အနှောင့်အယှက်ဖြစ်သွားသည့် အရိပ်အယောင် ပေါ်ထွက်လာခဲ့၏။
"ဘာလို့ မလှုပ်ရှားကြတာလဲ"
သေချာသည်မှာ၊မည်သူ့ကိုမျှ သူ၏ ထိန်းချုပ်မှုမှ လွတ်မြောက်ခွင့်ပြုမည်မဟုတ်ဘဲ၊ အသေးအဖွဲ အမှားလေးတစ်ခုကိုပင် လက်ခံနိုင်မည် မဟုတ်ပေ။
ဂိုဏ်းချုပ်အားလုံးသည် ပတ်ဝန်းကျင်ကိုဝေ့ကြည့်လိုက်ကြပြီး၊ မကြာမီမှာပင် သူတို့၏အကြည့်များသည် အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်ပေါ်သို့ ကျရောက်သွားခဲ့လေသည်။
ချောမောသောလူငယ်လေးသည် ထိုနေရာတွင် သက်တောင့်သက်သာရပ်နေပြီး၊ သူ၏လက်ထဲရှိ ဝိညာဉ်ကျောက်စိမ်းသည် မသေချာစွာတဖျပ်ဖျပ် လင်းလက်နေကာ ထိုအချိန်က ရွှယ်ယန်၏ ဒေါသကို ရောင်ပြန်ဟပ်နေလေ၏။
သို့သော် ဤဒေါသက သူ့ကို အနည်းငယ်မျှပင် ထိခိုက်စေနိုင်ခြင်း မရှိချေ။
"ဒါက..."
ဂိုဏ်းချုပ်များအားလုံး အနည်းငယ်အံ့အားသင့်သွားကြလေသည်။ ဤမျက်နှာအမူအရာမှာ အမှားလုပ်မိသွားသည့် ပုံစံနှင့် မတူချေ။
ဟွမ်ဝမ်ဖာ တစ်ယောက်သာလျှင် တစ်ခုခုကို ကြိုတင်ခန့်မှန်းမိထားပုံရပြီး၊ သူ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားခဲ့၏။ ဂိုဏ်းချုပ်ရှန်း အဘယ်ကြောင့်ပြန်လာရသနည်း ဆိုသည်ကို သူ နောက်ဆုံးတွင် နားလည်သွားခဲ့ပြီ ဖြစ်လေသည်။
အားလုံး၏ စောင့်ကြည့်နေသော မျက်လုံးများအောက်တွင်၊ ရှန်းယီသည် ဝိညာဉ်ကျောက်စိမ်းကို ညင်သာစွာပွတ်သပ်လိုက်ပြီး၊ နောက်တစ်ခဏတွင် တန်ဖိုးကြီးကျောက်စိမ်းသည် သူ၏ သွယ်လျသော လက်ချောင်းများကြားတွင် တိုက်ရိုက်ကြေမွသွားကာ အမှုန့်အဖြစ် ပြောင်းလဲ၍ လွင့်စဉ်ပျောက်ကွယ်သွားလေတော့သည်။
ဘန်း
တိုးညင်းသော ကွဲအက်သံလေးသည် မိုးကြိုးသံကဲ့သို့ လူတိုင်း၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။
"ဘာတွေဖြစ်နေတာလဲ"
"ပြောကြစမ်း"
အံ့သြမှုနှင့် ဒေါသများ ပြည့်နှက်နေသော ရွှယ်ယန်၏အသံသည် ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားသော်လည်း၊ ရှန်းယီ၏ တည်ငြိမ်သော အကြည့်အောက်တွင် မည်သူမျှဖြေကြားဝံ့ခြင်း မရှိကြချေ။
ဘန်း..ဘန်း
လူတိုင်း၏ လက်ထဲရှိ ဝိညာဉ်ကျောက်စိမ်းများသည် ဆက်တိုက်ဆိုသလို ပေါက်ကွဲသွားသဖြင့် သူတို့အားလုံးအလိုအလျောက် တုန်ယင်သွားကြလေသည်။
နောက်ဆုံးတွင်တော့၊ ယွဲ့ကုန်းကွေ့သည် ထိုဆူညံရုန်းရင်းဆန်ခတ်ဖြစ်မှုကို သတိပြုမိသွားခဲ့၏။
ပိန်လှီသော အဘိုးအိုက ဖြည်းညှင်းစွာလှည့်ကြည့်လိုက်ပြီး၊ သူ၏ အကြည့်များကို အနက်ရောင်ဝတ်ရုံနှင့်ပုံရိပ်ပေါ်သို့ စူးစိုက်စွာရောက်ရှိလာလေသည်။
ငယ်ရွယ်သော မျက်နှာကို ခဏတာစဉ်းစားကြည့်ပြီးနောက်၊ သူ၏ နှုတ်ခမ်းပေါ်တွင် အေးစက်စက်နှင့် ကောက်ကျစ်သောအပြုံးတစ်ခု ထွက်ပေါ်လာကာ ကျောချမ်းဖွယ်သတ်ဖြတ်လိုသော အသံဖြင့် ပြောလိုက်သည်။
"သေချင်နေတာလား"
ဤလူငယ် မည်သည့်အရာကို တွေးနေသနည်း ဆိုသည်ကို သူ နားမလည်နိုင်ချေ။
အခြေအနေများက ယခင်ကထက်ပိုမိုရှင်းလင်းနေသည့်အချိန်မျိုးတွင် သစ္စာဖောက်ရန် ရွေးချယ်လိုက်ခြင်းပင်။
သူ ရူးသွားသည်လော။
"..."
အန်းယီသည် လှည့်ကြည့်လိုက်ပြီး၊ သူမ၏ မျက်လုံးများသည် အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးပေါ်သို့ကျရောက်သွားချိန်တွင် လွမ်းဆွတ်မှုများဖြင့် ပြည့်နှက်သွားခဲ့လေ၏။
သခင်ဖြစ်သူကိုယ်တိုင် လှုပ်ရှားသည်ကို သူမ မမြင်ရသည်မှာ အချိန်အတန်ကြာခဲ့ပြီ ဖြစ်လေသည်။
ထိုအတွေးဖြင့်၊ သူမသည် ရုတ်တရက် အင်္ကျီလက်စကိုဆုပ်ကိုင်ထားပြီး ကောင်းကင်အစွန်းတွင် လိမ်လိမ်မာမာရပ်နေသည့် ကောင်မလေးတစ်ယောက်နှင့် တူသွားခဲ့လေသည်။
"ဒီတိုင်းပဲ ငြိမ်ငြိမ်လေးနေ၊ မလှုပ်နဲ့"
ရှန်းယီသည် ကောင်းကင်ယံရှိမက်မွန်ပန်းများကို တစ်ချက်ကြည့်လိုက်ပြီး ရှေ့သို့တစ်လှမ်း လှမ်းလိုက်ကာ၊ လောဘဝံပုလွေကြယ်တာရာမြေပုံအလယ်သို့ တည်ငြိမ်စွာဝင်ရောက်သွားခဲ့သည်။
အခြားဂိုဏ်းချုပ်များက ဘာလုပ်ရမှန်းမသိဘဲ အချင်းချင်း ကြည့်နေကြ၏။
"မလှုပ်နဲ့လို့ မင်းတို့ကိုပြောခဲ့တယ် မဟုတ်လား။ နားမလည်ကြဘူးလား"
ဟွမ်ဝမ်ဖာက ဒေါသတကြီးအော်ဟစ်လိုက်ပြီးနောက်၊ တံတွေးကို ခက်ခဲစွာမျိုချလိုက်ကာ သူ၏ အကြည့်ကို ရှေ့သို့ပြောင်းလိုက်ပေသည်။
"ဟက်"
ယွဲ့ကုန်းကွေ့သည် ရှေ့မှ လူငယ်ကို ကြည့်ပြီး ရုတ်တရက် ရယ်မောလိုက်၏။
"မင်းမသေခင်၊ ငါ့အတွက် ပဟေဠိတစ်ခုဖြေရှင်းပေးသွားပါဦး။ ဘာ်အရာက မင်းကိုရုတ်တရက်ကြီး ဒီလောက် မဆင်မခြင်ဖြစ်သွားစေတာလဲ။ မင်းကရော နတ်ဆိုးတစ်သောင်းခန်းမရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေလို့လား"
ထိုစကားကို ကြားသောအခါ၊ ရှန်းယီက ခေါင်းခါယမ်းလိုက်ပြီး တိုးညင်းစွာပြောလိုက်ပေသည်။
"ခင်ဗျားအနောက်ပိုင်းဟုန်ကို ဘယ်သူ့ကိုရှာဖို့ လာခဲ့တာလဲ"
ယွဲ့ကုန်းကွေ့ အနည်းငယ်အံ့အားသင့်သွားပြီး မျက်လုံးများ မှေးကျဉ်းသွားကာ"ငါတို့ ယွဲ့မိသားစုရဲ့ ပါရမီရှင်ကို သတ်သွားတဲ့လူသတ်သမားကိုပေါ့"
သူ၏စကား မဆုံးမီမှာပင်၊ လူငယ်၏ မျက်နှာပေါ်တွင် နောက်ပြောင်ကျီစယ်သောအပြုံးတစ်ခုကို သူ မြင်လိုက်ရပြီး၊ ထိုအပြုံးမှာ ချက်ချင်းပင်ပျောက်ကွယ်သွားကာ အေးတိအေးစက်အမူအရာဖြင့် အစားထိုးသွားခဲ့လေ၏။
"အခု ခင်ဗျား သူ့ကို တွေ့ပြီလေ"
လူငယ်၏ အသံမှာ မကျယ်လောင်သော်လည်း၊ ယွဲ့မိသားစုဝင်များ၏နားထဲတွင် တီးတိုးစကားသံကဲ့သို့ ပဲ့တင်ထပ်သွားပြီး၊ သူတို့၏ မျက်နှာအမူအရာများကို သိသိသာသာပြောင်းလဲသွားစေကာ၊ သူတို့၏ ရင်ဘတ်ထဲမှ သတ်ဖြတ်ခြင်းရည်ရွယ်ချက်များ ပေါက်ကွဲထွက်လာပြီး စိတ်ထဲသို့ အရှိန်အဟုန်ဖြင့် စီးဆင်းသွားစေခဲ့လေသည်။
"မင်း ဘယ်လိုများ ရဲတင်းရတာလဲ"
ဟိန်းဟောက်သံကြီးက ပတ်ဝန်းကျင်တွင် ပဲ့တင်ထပ်သွားလေသည်။
ပတ်ဝန်းကျင်ရှိ အပြောင်းအလဲများကို ခံစားမိသောကြောင့် ယွဲ့ကုန်းကွေ့ တစ်ယောက်တည်းသာလျှင် တည်ငြိမ်နေခဲ့လေ၏။ ထိုစကားများကို ပြောလိုက်သည့်အခိုက်အတန့်တွင်၊ တစ်ကမ္ဘာလုံး၏ လေထုကြီးကို နေရာတစ်ခုတည်းသို့ အတင်းအကျပ်ဆွဲယူလိုက်သည့်အလား ထင်မှတ်ရပြီး၊ ဤမျှလွှမ်းမိုးနိုင်သော နည်းလမ်းမှာတတစ်ခုတည်းသာရှိသည်။
"မသေမျိုးနိယာမ..."
ယွဲ့ကုန်းကွေ့က သူ့ဘာသာရေရွတ်လိုက်ပြီး၊ သူ၏ နောက်ကျိနေသော မျက်လုံးများတဖြည်းဖြည်း ကြည်လင်လာကာ၊ ပြင်းထန်သော စိတ်လှုပ်ရှားမှုကို ထုတ်ဖော်ပြသလာခဲ့လေသည်။
ဤနတ်ဘုရားများ၏ အစွန့်ပစ်ခံနေရာတွင်၊ ပြီးပြည့်စုံသောအဆင့်ရှိ မသေမျိုးနိယာမတစ်ခုနှင့် ကြုံတွေ့ရရန် အခွင့်အရေးရခဲ့ပြီ ဖြစ်လေသည်။
သူ၏ မျက်နှာမှာ ရုပ်ဆိုးအကျည်းတန်သော အပြုံးတစ်ခုအဖြစ်တွန့်လိမ်သွားပြီး၊ ရုတ်တရက် သီးခြားနေရာတစ်ခုကို ကြည့်လိုက်၏။
"မင်းကို တွေ့ပြီ"
လူသားပုံစံကိုထိန်းသိမ်းထားသော အိုမင်းနေသည့် ကပ်ဘေးချီလင်သည် တောင်တန်းများကိုပင် ထမ်းပိုးနိုင်စွမ်းရှိပုံရသော ၎င်း၏ ပိန်လှီနေသော လက်မောင်းများဖြင့် ရှေ့သို့မိုးကြိုးပစ်ချသည့်အလား တိုက်ခိုက်လိုက်လေသည်။
ဟင်းလင်းပြင်ထဲမှ၊သေသပ်လှပပြီး သွယ်လျသောလက်တစ်ဖက်ဖြည်းညှင်းစွာ ထွက်ပေါ်လာခဲ့၏။
ရှန်းယီသည် ယွဲ့ကုန်းကွေ့၏ ရှေ့တွင် ရပ်နေပြီး၊ သူ၏ မီးခိုးရောင်မျက်လုံးများမှာ လုံးဝ ငြိမ်သက်နေလေသည်။
သူ၏ အနက်ရောင်ဝတ်ရုံမှာ လေထဲတွင် လွင့်လူးနေပြီး သူ၏ ပုံရိပ်ကို ပို၍ပင် သွယ်လျသွားစေပုံလေ၏။ သူသည် သူ၏ လက်ဝါးကို တည်ငြိမ်စွာ ဖိချလိုက်လေသည်။
ထပ်တူကျနေသောလှုပ်ရှားမှုက ယွဲ့ကုန်းကွေ့အား ရှင်းပြ၍မရသောရင်းနှီးမှုမျိုးကို ခံစားလိုက်ရစေသည်။
သို့သော် အသက်တစ်ရှိုက်စာအတွင်းမှာပင်၊ ထိုလက်သည် သူ၏ကိုယ်ပိုင် လက်မောင်းများကို ဖိချလာခဲ့လေသည်။
တောင်တန်းထောင်ပေါင်းများစွာကို မှောက်လှန်ပစ်နိုင်သော နတ်ဆိုးခန္ဓာကိုယ်ကြီးသည် ရုတ်တရက် နိမ့်ဆင်းသွားခဲ့လေ၏။ ပိန်လှီသော အဘိုးအို၏ အရိုးများသည် ဝါးများပေါက်ကွဲကွဲအက်သွားသကဲ့သို့မြည်ဟည်းသွားပြီး၊ အားကောင်းသော နတ်ဆိုးစွမ်းအင်များလိမ့်ထွက်လာကာ တစ်ကမ္ဘာလုံးကိုအရောင်ဖျော့ဖျော့အနီရောင်အဖြစ် ဆိုးသွင်းလိုက်လေသည်။
ပုံရိပ်နှစ်ခုမှာ ဤကမ္ဘာကြီးနှင့် မသက်ဆိုင်တော့သည့်အလား ထင်မှတ်ရလေသည်။
ကမ္ဘာမြေကြီး လည်ပတ်သွားပြီး၊ ဟိန်းဟောက်သံ မရှိသလိုလေပြင်းတိုက်ခတ်မှုလည်း မရှိတော့ချေ။ လူတိုင်း၏ နားထဲတွင် အဆုံးမဲ့ ဆူညံသံတစ်ခုသာ ရှိနေလေသည်။
ရုတ်တရက် ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာသည်အထိပင်။
ဝုန်း...
ယွဲ့ကုန်းကွေ့၏ ကိုယ်ပေါ်ရှိ အဝတ်အစားများ ဆုတ်ဖြဲခံလိုက်ရပြီး၊ သူသည် အနောက်ဘက်သို့ လွင့်စင်သွားကာလေထဲတွင် ပေရာနှင့်ချီ၍ ရှည်လျားသော ဧရာမနတ်ဆိုးခန္ဓာကိုယ်ကြီးအဖြစ် ပြောင်းလဲသွားပြီးနောက်၊ အောက်ဘက်ရှိ ကျယ်ပြန့်သောမြေပြင်ကြီးကို နှစ်ခြမ်းခွဲကာ ရေပြင်ထဲသို့ ပြိုကျသွားခဲ့လေသည်။
ဖုန်မှုန့်များထောင်းထောင်းထကာ၊ တောင်စောင်းများ အက်ကွဲသွားခဲ့စေသည်။
အဝတ်အစားများလွင့်လူးနေသော အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးသည် အိုမင်းနေသော ကပ်ဘေးချီလင်ကို အေးတိအေးစက်ကြည့်ကာ၊ သူ၏လက်ကို ဖြည်းညှင်းစွာပြန်လည်ရုပ်သိမ်းလိုက်သည်။
"..."
ဟိန်းဟောက်သံများ ရပ်တန့်သွားသောအခါ၊ ဂိုဏ်းချုပ်များစွာ၏ စိတ်ထဲတွင် ဗလာဟင်းလင်း ဖြစ်နေဆဲပင်။ သူတို့ကဲ့သို့ပင် စစ်တုရင်ရုပ်နှင့် အစီရင်စုကျောက်တုံးတစ်ခုအဖြစ် အသုံးချခံခဲ့ရသောလူငယ်လေးသည် မည်သို့မည်ပုံရုတ်တရက် ဤသို့ ပြောင်းလဲသွားခဲ့သည်ကို သူတို့ နားမလည်နိုင်ကြချေ။
ရှန်းယီနှင့် အရင်းနှီးဆုံးဖြစ်သော ဟွမ်ဝမ်ဖာပင်လျှင် ဆွံ့အလျက်မှင်သက်နေခဲ့လေတော့သည်။