← Chapters

နတ်ဆိုးတစ်သောင်းခန်းမ ငါ့အပိုင် ၃

Vol. 89 Ch. 883

နတ်ဆိုးတစ်သောင်းခန်းမ ငါ့အပိုင် ၃

Vol. 89 Ch. 883

ဂိုဏ်းချုပ်ရှန်း၏ ကြောက်မက်ဖွယ်ကောင်းသော အင်အားကို သူကောင်းကောင်းသိသော်လည်း၊ ကပ်ဘေးချီလင်မှာ တောင်ပိုင်းမှနဂါးဘုရင်ထက် မနိမ့်ကျသော ပုဂ္ဂိုလ်ဖြစ်လေ၏။

ယခင်က တောင်ပိုင်းနဂါးဘုရင်ကို ဂိုဏ်းချုပ်ရှန်း ကိုင်တွယ်စဉ်က ယခုကဲ့သို့စိတ်အေးလက်အေးနှင့် သက်တောင့်သက်သာရှိသော အခြေအနေမျိုး မဟုတ်ခဲ့ချေ။

ယွဲ့မိသားစုဝင်များမှာမူ သူတို့၏ ကမ္ဘာကြီးတစ်ခုလုံးပြောင်းပြန်လှန်ခံလိုက်ရသကဲ့သို့ မှင်သက်မိနေကြလေသည်။

မိသားစုခေါင်းဆောင်ပြီးလျှင် အင်အားအကြီးဆုံးဖြစ်ပြီးနှစ်ပေါင်းတစ်သိန်းကျော်တိုင် မိသားစုကို ကာကွယ်စောင့်ရှောက်လာခဲ့သည့် မဟာအကြီးအကဲမှာ မြောက်ပိုင်းဟုန်တွင်ပင် အနန္တတာအိုအင်ပါယာဂိုဏ်းနှင့် မြောက်ပိုင်းနဂါးနန်းတော်တို့မှအဆင့်တူပုဂ္ဂိုလ်များနှင့် ရင်ဘောင်တန်းနိုင်သူ ဖြစ်လေသည်။

သို့သော် ယခုအခါ ဤအနောက်ပိုင်းဟုန်တွင် ထိုမျှအစွမ်းထက်သောအကြီးအကဲမှာ အမည်မသိလူငယ်တစ်ဦး၏လက်ဝါးချက်တစ်ချက်တည်းဖြင့် လွင့်စင်သွားခဲ့ရပြီး၊ သူ၏ အစစ်အမှန် ခန္ဓာကိုယ်ကိုပင် ထုတ်ဖော်ရန်အတင်းအကျပ် ဖိအားပေးခံလိုက်ရလေသည်။

"ဟူး... ဟူး..."

ပြင်းထန်သောအသက်ရှူသံများနှင့်အတူ ဖုန်မှုန့်များ ငြိမ်သက်သွားချိန်တွင် ဧရာမကပ်ဘေးချီလင်ကြီး တစ်ကောင် ထွက်ပေါ်လာခဲ့၏။

၎င်း၏ အမွေးများမှာ ယခုအခါထိပ်ဖျားတွင် မီးခိုးရောင်သန်းနေပြီး ငယ်ရွယ်စဉ်ကကဲ့သို့ မည်းနက်မနေတော့ပေ။ ဦးခေါင်းဘေးရှိ အမွေးအမျှင်များမှာလည်းခြောက်သွေ့မွကြဲနေပြီး အိုမင်းရင့်ရော်မှုအငွေ့အသက်ကိုပြသနေလေသည်။

သို့သော် စိတ်ဝင်စားစရာအကောင်းဆုံးမှာ ၎င်း၏ ခြေသည်းများနှင့် ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသော သံချပ်ကာပင်။ ၎င်းကို ဆန်းကြယ်သော အလင်းတန်းများထွက်ပေါ်နေသည့် ရတနာသံရိုင်းဖြင့်ပြုလုပ်ထားပြီး သိပ်သည်းလှသော အဆောင်များဖြင့် တန်ဆာဆင်ထားလေသည်။

အဆောင်တစ်ခုချင်းစီမှာ လက်သန်းထိပ်ခန့်သာ ရှိသော်လည်းပေရာနှင့်ချီ၍ ရှည်လျားသော နတ်ဆိုးခန္ဓာကိုယ်ကို ဖုံးလွှမ်းနိုင်သည့် သံချပ်ကာအပြည့် ရှိနေခြင်းဖြစ်လေသည်။

အဆောင်များမှာ များပြားလွန်းလှသဖြင့် ကြည့်ရသူကိုပင် စိတ်မသက်မသာဖြစ်စေ၏။

တန်ဖိုးကြီးပစ္စည်းများကို နားမလည်သူများပင်လျှင် ဤသည်မှာ ရတနာတစ်ခုဖြစ်ကြောင်းပြောနိုင်ပေလိမ့်မည်။

"တကယ့်ကို အံ့သြစရာကောင်းတဲ့ မသေမျိုးနိယာမပဲ"

ယွဲ့ကုန်းကွေ့သည် သူ၏ ဦးခေါင်းကို မော့လိုက်လေသည်။ သူ၏ ကျောပြင်မှာ နိမ့်ချည်မြင့်ချည်ဖြင့်အသက်ရှူနေရပြီး ပြိုကျနေသောတောင်ကုန်းထဲမှဖြည်းညှင်းစွာ လမ်းလျှောက်ထွက်လာခဲ့သည်။

သူ၏ နီရဲသော မျက်လုံးများထဲတွင် ကပ်ဘေးအငွေ့အသက်များ ပြည့်နှက်နေခဲ့၏။

၎င်း၏လှုပ်ရှားမှုနှင့်အတူ တိမ်နက်များစွာပေါက်ကွဲထွက်လာပြီး ညကောင်းကင်ယံရှိကြယ်များကို အမြန်ဖုံးလွှမ်းသွားကာကြည်လင်နေသော မိုးပြာကောင်းကင်ကြီးကို နိမိတ်မကောင်းသည့် ထူးဆန်းသောနယ်မြေတစ်ခုအဖြစ် ပြောင်းလဲပစ်လိုက်လေသည်။

နတ်ဆိုးမျိုးနွယ်များအတွက်မူ သူတို့သည် တာအိုနားလည်သဘောပေါက်ခြင်းအား ဂရုမစိုက်ကြချေ။

"သတ်ဖြတ်ခြင်းဆိုတာ အရမ်းရိုးရှင်းတဲ့ ကိစ္စပဲ"

"တစ်ဖက်လူရဲ့ကျင့်ကြံခြင်းကို ဆန်ကျင်ပြီး၊ သူတို့ရဲ့ဝတ်ရုံနဲ့ ခန္ဓာကိုယ်ကို ဆုတ်ဖြဲပစ်ဖို့၊ ဒါပဲ လိုအပ်တာ"

"ဒီလို ဟန်ပြအပိုလုပ်တာတွေကဘာအသုံးဝင်မှာလဲ"

စကားဆုံးသည်နှင့်၊ ကပ်ဘေးချီလင်သည် တိမ်နက်များထဲသို့ပျောက်ကွယ်သွားပြီး အရပ်မျက်နှာအနှံ့မှ ဟိန်းဟောက်သံများထွက်ပေါ်လာခဲ့လေတော့သည်။

...

ရှန်းယီသည် လေထဲတွင်ရပ်တန့်နေပြီး ထိုစကားများကို တည်ငြိမ်စွာနားထောင်နေခဲ့၏။ ဘေးမှ ကြည့်နေသူများ၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် သူသည် အမှန်တကယ်ပင် သဘောတူသည့်အလား ခေါင်းညိတ်ပြလိုက်လေသည်။

ကပ်ဘေးချီလင်မျိုးနွယ်စု၏ အကြမ်းတမ်းဆုံးသော တိမ်နက်နတ်ဘုရားစွမ်းရည်ကို သူက မမြင်သကဲ့သို့သဘောထားကာ သူ၏ ညာဘက်လက်ဝါးကို ဆန့်ထုတ်၍လက်ချောင်းများကို ဖြန့်လိုက်ပြီးနောက်ဖြည်းညှင်းစွာ ပြန်လည် ဆုပ်ကိုင်လိုက်လေသည်။

ဤသေးငယ်သော လှုပ်ရှားမှုနှင့်အတူ

နေနှင့် လကဲ့သို့ နက်မှောင်ကာ အလွန်ကြီးမားလှသည့် စံအိမ်ကြီးတစ်ခု ကောင်းကင်ယံမှကျဆင်းလာပြီး၊ ပျံ့နှံ့နေသောတိမ်နက်များကို ဖယ်ရှားကာ ကပ်ဘေးချီလင်ကို ၎င်း၏အောက်တွင်တိကျစွာ ဖိနှိပ်ထားလိုက်သည်။

အထွတ်အထိပ် မရဏကမ္ဘာ

ရှန်းယွဲ့ ကျန်းချင်ထျန်း

နတ်ဘုရားစွမ်းရည် နှင့် မသေမျိုးနိယာမကို ပေါင်းစပ်လိုက်ခြင်းကြောင့် ယွဲ့ကုန်းကွေ့မှာ တိမ်နက်များထဲမှထွက်ပေါ်လာရန် ဖိအားပေးခံလိုက်ရပြီး မယုံကြည်နိုင်ဟန်ဖြင့် မော့ကြည့်နေခဲ့၏။

တိမ်နက်များမှာ ရှန်းယီထံသို့ တိုးကပ်လာခဲ့လေသည်။

သို့သော် ၎င်းတို့သည် လူငယ်၏အနီးသို့ ရောက်ရှိလာချိန်တွင်၊သူ၏ အနက်ရောင်ဝတ်ရုံအတွင်းမှ ပိုမိုများပြားသော နက်မှောင်သည့်‌အငွေ့များလိမ့်ထွက်လာပြီး ပတ်ဝန်းကျင်ရှိတိမ်တိုက်များနှင့် ပေါင်းစပ်သွားကာ အတူတကွပေါင်းစပ်သွားကြသည့်အလား လှိုင်းထနေခဲ့လေသည်။

အခြားသူများ၏ အမြင်အာရုံ နှင့် အကြားအာရုံကို ဖုံးကွယ်နိုင်သောကပ်ဘေးချီလင်၏ နတ်ဘုရားစွမ်းရည်က ရှန်းယီကို ပို၍ပင်ရှင်းလင်းစွာမြင်တွေ့နိုင်စေခဲ့သည်။

တိမ်နက်များအတွင်းရှိသော ကပ်ဘေးများနှင့် ပတ်သက်၍မူ...

ရှန်းယီ၏ မီးခိုးရောင်မျက်လုံးများဖြည်းညှင်းစွာ နှိမ့်လိုက်ပြီး သူ၏ ညာဘက်လက်ဝါးကို ကြည့်ကာ၊ဤနက်မှောင်ကမ္ဘာတွင် သူ့ထက် မည်သူက ပို၍ ကပ်ဘေးနှင့် တူနိုင်မည်နည်းဟု တွေးတောနေခဲ့လေသည်။

ရွှေရောင်နှင့် အနက်ရောင်အငွေ့အသက်များ လက်ဝါးထဲတွင်စုစည်းလာပြီး ဓားရှည်တစ်လက်အဖြစ် ပြောင်းလဲသွားခဲ့၏။

သို့သော် ဤတစ်ကြိမ်တွင်မူ ဓားသွားပေါ်ရှိ ရှုပ်ထွေး ရွှေရောင်သင်္ကေတများမှာ ဓားရိုးကို ဆုပ်ကိုင်ထားသောနဂါးလက်သည်းများအဖြစ် ပြောင်းလဲသွားပြီး၊ကောင်းကင်ကို ဝါးမြိုကာ ကမ္ဘာကြီးကိုသေခြင်းတရားအမှောင်ထုအဖြစ် ပြောင်းလဲပစ်မည့်အလားပင်။

[နတ်ဆိုးအင်ပါယာလက်နက်- နေမင်းဝါးမြိုမိုးပြာနဂါး]

ဤသည်မှာ ရှန်းယီ ကြိုတင်ပြင်ဆင်ထားခဲ့သော အစိတ်အပိုင်းတစ်ခု ဖြစ်လေသည်။

သူက ဓားကို ရုတ်တရက်ဆုပ်ကိုင်လိုက်ရာ နဂါးဟိန်းသံကြီးမှာ ပင်လယ်လေးစင်္ကြာဝဠာအနှံ့ ပဲ့တင်ထပ်သွားခဲ့၏။

အား

ထိုနဂါးဟိန်းသံနှင့်အတူ ရှန်းယီသည် ထပ်မံ ပျောက်ကွယ်သွားခဲ့လေသည်။

လွင့်လူးနေသော အနက်ရောင်ဝတ်ရုံက ယွဲ့ကုန်းကွေ့၏ အမြင်ကို ဖုံးကွယ်ထားခဲ့သည်။

ကောင်းကင်ယံကို ဆုတ်ဖြဲပစ်နိုင်သည့်ကြိမ်လုံးတစ်ချောင်းကဲ့သို့သော ပြင်းထန်သောခြေကန်ချက်တစ်ချက်မှာ တောင်ငယ်တစ်ခုနှင့် နှိုင်းယှဉ်နိုင်သည့် ဧရာမနတ်ဆိုးခန္ဓာကိုယ်ကြီးကို အကြမ်းပတမ်း ရိုက်ချလိုက်၏။

အဆောင်များရေးဆွဲထားသော ရတနာသံချပ်ကာမှာ ထိုရိုက်ခတ်မှုကို ခုခံရန် လွန်စွာလင်းလက်လာပြီး ၎င်း၏မျက်နှာပြင်မှာ အစင်းရာတစ်ချက်မျှမရှိဘဲ ချောမွေ့သွားခဲ့၏။

"ငါ့ရဲ့ဒီရတနာသံချပ်ကာက ယွဲ့မိသားစုက..."

ယွဲ့ကုန်းကွေ့က လှောင်ပြောင်လိုက်သည်။ သူ၏ ခန္ဓာကိုယ်အား အောက်သို့ဖိနှိပ်ချနေသော ဧရာမအင်အားကြီးရှိနေသော်လည်း သူ၏ စိတ်နှလုံးမှာမူ မတုန်လှုပ်ချေ။

သို့သော် သူ စကားမဆုံးမီမှာပင် ရှန်းယီက သူ၏ ဦးခေါင်းကိုအင်အားသုံး၍ နင်းချလိုက်သဖြင့် အောက်သို့ ငိုက်ကျသွားခဲ့ရလေသည်။

ရွှေရောင်မှော်အက္ခရာဆန်းကြယ်ဓားရှည်သည် သူ၏ လည်ပင်းဆီသို့ ပြင်းထန်စွာခုတ်ပိုင်းလိုက်၏။ (ရွှေရောင်သင်္ကေတအစား မှော်အက္ခရာလို့ပြောင်းလဲသုံးနှုန်းလိုက်ပါတယ်)

အဆောင်များ ဆက်တိုက်ဆိုသလို ပေါက်ကွဲကွဲအက်သွားခဲ့လေသည်။

ဓားသွားမှာ ထူထဲသောသံချပ်ကာအတွင်းသို့ ထိုးဖောက်ဝင်ရောက်သွားသော်လည်း ယွဲ့ကုန်းကွေ့၏ အသားကိုမူ မထိခိုက်နိုင်သေးပေ။

သို့သော်လည်း ဤအရာကပင်အိုမင်းနေသော မဟာနတ်ဆိုးကြီးကို ထိတ်လန့်သွားစေရန် လုံလောက်နေခဲ့၏။ သူသည် အလန့်တကြားဖြင့် မော့ကြည့်ရန်ကြိုးစားသော်လည်း ရှန်းယီ၏ ဖိနပ်က သူ့ကို ပြန်လည်နင်းချထားခဲ့လေသည်။

ရှန်းယီသည် နတ်ဆိုး၏ လည်ဂုတ်ကို တိတ်ဆိတ်စွာ စိုက်ကြည့်နေခဲ့၏။

အဘိုးကြီးပြောသည်မှာ အမှန်ပင်။

အနှစ်သာရအားဖြင့် ကျင့်ကြံခြင်းတိုက်ပွဲဆိုသည်မှာ တိုက်စစ်နှင့် ခံစစ်အပေါ်တွင်သာ မူတည်လေ၏။

ကံမကောင်းစွာဖြင့်၊ ကပ်ဘေးချီလင် မျိုးနွယ်စု၏ သံချပ်ကာမှာ လုံလောက်အောင်မထူသလို လုံလောက်အောင်လည်း မမာကျောပေ။

ဓားရှည်သည် ပေတစ်ထောင်ရှည်သော ဆန်းကြယ်ရွှေရောင်ဓားသွားအဖြစ် ထပ်မံပြောင်းလဲသွားပြီး ရှန်းယီ၏ လက်ဝါးထဲမှ စူးရှသောနဂါးဟိန်းသံနှင့်အတူ ပေါက်ကွဲထွက်လာခဲ့လေ၏။

သူသည် ဓားရိုးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်လိုက်လေသည်။

မည်သူမျှ သတိမထားမိလိုက်သော အခိုက်အတန့်တွင်၊ရှန်းယီ၏ လက်ကောက်ဝတ်တစ်ဖက်စီမှ နက်မှောင်သောရွှေရောင်နဂါးရိပ်များ ပေါ်ထွက်လာခဲ့၏။ ၎င်းတို့မှာ လက်ကောက်များ သို့မဟုတ် အဆောင်တစ်ခုခုနှင့် တူနေပြီး သူ၏ အရေပြားပေါ်တွင် ရုတ်တရက်ခတ်နှိပ်လိုက်သည့်အလားပင်။

ဘန်း

အမည်မသိအစွမ်းထက်သည့် အင်အားတစ်ခုအောက်တွင်၊ ဆန်းကြယ်ရွှေရောင်အလင်းတန်းမှာ ယွဲ့ကုန်းကွေ့၏ လည်ပင်းကို ပြင်းထန်စွာဖြတ်တောက်သွားပြီး နီရဲသောသွေးများ ပန်းထွက်လာခဲ့လေတော့သည်။

"မင်း... မင်း... မင်းက ဘယ်သူလဲ"

ယွဲ့ကုန်းကွေ့သည် နောက်ဆုံးတွင် ထိတ်လန့်တုန်လှုပ်သွားခဲ့ရလေ၏။ ဤအနောက်ပိုင်းဟုန်တွင် တစ်စုံတစ်ယောက်က သူ၏ရတနာသံချပ်ကာကို ဖောက်ထွက်နိုင်လိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

ဤသည်မှာ အမည်မသိလူတစ်ယောက် လုပ်ဆောင်နိုင်သောအရာ မဟုတ်ချေ။

ဒါတွေက အိမ်မက်ပဲဖြစ်မယ်၊စိတ်ကူးယဉ်နေတာပဲဖြစ်မယ်။

သူက အသည်းအသန်ရုန်းကန်ရန် ကြိုးစားသော်လည်းနောက်ကျသွားခဲ့ပြီဖြစ်လေသည်။ အတွင်းပိုင်းမှပြင်းထန်သော နာကျင်မှုနှင့် သူ၏ နတ်ဝိညာဉ်ဝါးမြိုခံရသည့် ဝေဒနာကြောင့် အိုမင်းနေသော ကပ်ဘေးချီလင်မှာ မည်သည့်ခုခံမှုကိုမျှ မလုပ်ဆောင်နိုင်တော့ပေ။

ရှန်းယီသည် ထူထဲလှသောလည်ပင်းအရိုးများကိုဖြတ်တောက်လိုက်ပြီးနောက်၊ ဆန်းကြယ်ရွှေရောင်အလင်းတန်းမှာ ဧရာမနတ်ဆိုးခန္ဓာကိုယ်အတွင်းသို့ လျှင်မြန်စွာပျံ့နှံ့သွားကာ အငမ်းမရ ဆုတ်ဖြဲပစ်လိုက်လေ၏။

အနီရောင်ရဲရဲများက သူ၏အမြင်အာရုံကို လွှမ်းမိုးသွားချိန်တွင်၊သူ၏ မျက်လုံးထဲမှ မီးခိုးရောင်များအငွေ့အသက်များမှာလည်း တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့တော့သည်။

ထိုအချိန်တွင်ပင် ယွဲ့ကုန်းကွေ့၏ နားထဲတွင် သူ၏ ဇဝေဇဝါဖြစ်မှုကိုအဖြေပေးမည့် တည်ငြိမ်သော အသံတစ်သံကို ကြားလိုက်ရလေသည်။

"ငါက နတ်ဆိုးတစ်သောင်းခန်းမက မဟုတ်ဘူး"

"နတ်ဆိုးတစ်သောင်းခန်းမက ငါ့အပိုင်ပဲ"

"ပြီးတော့ ခင်ဗျားကလည်း ငါ့အပိုင်ပဲ"

All Chapters