← Chapters

သွေးချောင်းများစီးစေကာ မုန်တိုင်းထန်သော မိုးမြေကို လှုပ်ခတ်ခြင်း ၃

Vol. 90 Ch. 891

သွေးချောင်းများစီးစေကာ မုန်တိုင်းထန်သော မိုးမြေကို လှုပ်ခတ်ခြင်း ၃

Vol. 90 Ch. 891

"နေပါဦး၊ သူတို့က ရှန်းယီဆီကနေ ဘာလိုချင်လို့လဲ" ယဲ့ကျိုးက စကားပြောနေသူကို ကြားဖြတ်မေးလိုက်လေသည်။

"ရှင်တို့ မသိကြဘူးလား"

ကျစ်ရှန်းက အံ့ဩသွားသော အမူအရာဖြင့် သူမ၏လက်ကို မြှောက်ကာ "ရှင်တို့ရဲ့ ဂိုဏ်းချုပ်ရှန်းကလေ၊ အနောက်ပိုင်းဟုန်တစ်ခုလုံးရဲ့ ရှေ့မှာ ယွဲ့ကုန်းကွေ့ နဲ့ ယွဲ့မိသားစု တပည့်တစ်အုပ်လုံးကို သတ်ပစ်ခဲ့တာ။ပြီးတော့ အနန္တတာအိုအင်ပါယာဂိုဏ်းဆီကနေ အစီအရင်မြေပုံကို လုယူခဲ့ပြီး၊ မတော်တဆအမှားအယွင်းတချို့ကိုလည်း ဖော်ထုတ်ပြလိုက်သေးတယ်။ စစ်ထူကျွင်းလွေ့ရဲ့ ကိစ္စကိုပါ သူ့အပေါ် ပုံချလိုက်သေးတာ"

"..."

ကျစ်ရှန်း၏ တိုတောင်းပြီး လိုရင်းတိုရှင်းဖြစ်သော ရှင်းပြချက်ကြောင့် သူတို့သုံးယောက်စလုံးမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး နေရာတွင်ပင် အမြစ်တွယ်နေသလို ရပ်တန့်သွားကြလေ၏။

အထူးသဖြင့် ဂိုဏ်းချုပ်ရှန်းသည် ပန်ရှန်းဂိုဏ်းအတွင်း မိမိကိုယ်ကို လုံခြုံစွာနေရာယူထားပြီး အနောက်ပိုင်းဟုန်၏ အပြောင်းအလဲများကို တည်ငြိမ်စွာစောင့်ကြည့်ကာ ကြီးမားသော ရေစီးကြောင်းများနှင့်အညီ ပြုမူနေပုံမှာ စီနီယာအစ်ကိုကြီး ချင်း နှင့် ခပ်ဆင်ဆင်တူနေပြီဖြစ်ကြောင်း ယခုလေးတင်မှတ်ချက်ပေးခဲ့သော ချီယန်ရှန်းမှာမူ၊ ယခုအခါတွင် မိမိကိုယ်ကို ပါးရိုက်ပစ်ချင်စိတ် ပေါက်သွားလေတော့သည်။

"ဆက်ပြောပါဦး"

ယဲ့ကျိုးက သူ၏ အသက်ရှူနှုန်းကို ထိန်းညှိရန် ကြိုးစားလိုက်ပေသည်။

အင်အားရှုထောင့်မှဖြစ်စေ၊ အပြုအမူရှုထောင့်မှဖြစ်စေ ဤကိစ္စမှာဖော်ပြ၍မရနိုင်လောက်အောင် လွန်ကဲလွန်းလှပေသည်။ သို့သော်လည်း သူတို့၏ ဂိုဏ်းချုပ်ရှန်းနှင့် ဆက်စပ်နေသရွေ့ သူက ပိုမိုလွယ်ကူစွာလက်ခံနိုင်ဖွယ်ရှိလာပုံရလေသည်။

"အတိုချုပ်ပြောရရင်၊ အနန္တတာအိုအင်ပါယာဂိုဏ်းက အခု ပန်ရှန်းဂိုဏ်းကို ပြဿနာသွားရှာနေကြပြီ။ ဟွမ်ဝမ်ဖာက တောင်ပိုင်းဟုန်ကို ကူညီဖို့ သူ့အသက်ကိုတောင်စွန့်လွှတ်ခဲ့တာဆိုတော့ ရှင်တို့ကလည်းဘေးဒုက္ခကို လျစ်လျူရှုထားမှာ မဟုတ်ဘူးဆိုတာ ကျွန်မသိပါတယ်။ ဒါပေမဲ့ ရှင်တို့ ဝင်ပါလိုက်ရင်ကိစ္စတွေက ပိုဆိုးသွားလိမ့်မယ်"

ကျစ်ရှန်းက သူမ၏လက်ကို ဝှေ့ယမ်းလိုက်ကာ "ကျွန်မကို ယုံပါ... ဒီတစ်ကြိမ်တော့ ကျွန်မအစ်ကိုကို ယုံကြည့်လိုက်ပါ။ ဒီကိစ္စကို သူ့ကို ကိုင်တွယ်ခွင့် ပေးလိုက်ပါ။ရှင်တို့ရဲ့ ဂိုဏ်းချုပ်ရှန်းက အဲဒီလောက်သတ်ဖြတ်ဖို့ ဝန်မလေးဘဲ ရက်စက်ကြမ်းကြုတ်ပေမဲ့လိမ္မာပါးနပ်ပြီး ပြတ်သားတဲ့သူဆိုတော့ ဒီလိုနောက်ကျိနေတဲ့ရေထဲကို ဝင်လာဖို့ သိပ်မဖြစ်နိုင်ပါဘူး"

သူမ စကားမဆုံးမီမှာပင်၊ ကျိကျင့်ရှီး အနည်းငယ် တုန်ရီသွားသည်ကို မြင်လိုက်ရပြီး၊ ယဲ့ကျိုး နှင့် ချီယန်ရှန်းတို့မှာ လုံးဝ တိတ်ဆိတ်သွားကြလေ၏။

"ရှင်တို့ ဘာကို ဆိုလိုတာလဲ"

ကျစ်ရှန်းမှာ နေရာတွင်ပင် မှင်သက်သွားလေသည်။

ကျိကျင့်ရှီးက ခပ်လှမ်းလှမ်းသို့ ရှုပ်ထွေးသော အကြည့်ဖြင့် ကြည့်လိုက်ပြီး၊ ခဏတာ တုံ့ဆိုင်းနေပြီးနောက်၊ကူကယ်ရာမဲ့သော အပြုံးတစ်ခုကို ညှစ်ထုတ်လိုက်လေသည်။

"တကယ်လို့ ရှန်းယီသာ ဒီကိစ္စကို သိသွားရင်၊ အကယ်၍ အနန္တတာအိုအင်ပါယာဂိုဏ်းက ပန်ရှန်းဂိုဏ်းကို တကယ်ပဲ အရေးယူဖို့ရောက်လာခဲ့မယ်ဆိုရင်..."

"သူ့အပေါ် ငါတို့ နားလည်ထားသလောက်ဆိုရင်"

ယဲ့ကျိုး၏ မျက်လုံးများ တဖြည်းဖြည်း မှေးကျဉ်းသွားပြီး၊ သတ်ဖြတ်လိုသော အငွေ့အသက်များ အတွင်း၌ လင်းလက်သွား၏။

"ရှန်းယီက ဝင်ပါရုံတင်မကဘူး၊ နောက်ကျိနေတဲ့ရေကို အနီရောင်သွေးပင်လယ်ကြီးအဖြစ် ပြောင်းလဲပစ်လိမ့်မယ်။ သေဆုံးတဲ့အထိ မပြီးဆုံးမယ့် သွေးပင်လယ်မျိုးပဲ"

သတိပြုရမည်မှာ၊ မူလက ပန်ရှန်းဂိုဏ်းသည် ဂိုဏ်းချုပ်ရှန်း၏ မျက်နှာကြောင့်သာ တောင်ပိုင်းဟုန်ဂိုဏ်းခုနစ်ဂိုဏ်း၏ ကံဆိုးမိုးမှောင်ကျနေသော သင်္ဘောပေါ်သို့ တက်ခဲ့ခြင်းဖြစ်လေသည်။

ထို့နောက်တွင်၊ ရတနာပန်းပွင့်ဂိုဏ်းပင်လျှင် ပူးပေါင်းပါဝင်လာခဲ့ပြီး၊ နဂါးဘုရင်ကို သတ်ဖြတ်ခြင်းဟူသောကြီးမားလှသည့် အဖြစ်အပျက်ကြီးကို ဂိုဏ်းခုနစ်ဂိုဏ်းနှင့်အတူ ပခုံးလွှဲပြောင်း ထမ်းဆောင်ပေးခဲ့လေသည်။

၎င်းမှာ သူတို့၏ အသက်နှင့် ကံကြမ္မာကို ရှန်းယီထံသို့ လုံးလုံးလျားလျားအပ်နှင်းထားလိုက်သကဲ့သို့ပင်။

ထိုလူငယ်၏ စရိုက်လက္ခဏာအရ၊ သူက မည်သို့လုပ် လျစ်လျူရှုထားနိုင်မည်နည်း။

သို့သော်လည်း၊ အနန္တတာအိုအင်ပါယာဂိုဏ်းမှ ဂိုဏ်းချုပ်သုံးဦးသာ ရောက်ရှိလာခဲ့သော်လည်း၊ ၎င်းတို့ထဲတွင် အခြေအနေကို နားမလည်သော ကောင်လေးတစ်ဦး ပါဝင်နေလေ၏။

အကယ်၍ ၎င်းတို့ကိုယ်တိုင်သာ အရေးယူဆောင်ရွက်ခဲ့ပါက၊ တောင်ပိုင်းနဂါးဘုရင် သေဆုံးသွားသည့်အချက်မှာ ဆက်လက်၍ ဖုံးကွယ်ထားနိုင်တော့မည် မဟုတ်ချေ။

"ဟင်း.."

ကျစ်ရှန်းက သူမ၏နဖူးကို ရိုက်လိုက်ပြီး ဤအုပ်စုတစ်ခုလုံးရူးသွပ်နေကြသည်ဟု ခံစားလိုက်ရလေသည်။

ခရမ်းရောင်မုတ်ဆိတ်နဂါးဖြူမျိုးနွယ်စုမှာ အနိုင်ကျင့်ရလွယ်ကူသည်ဟု ဆိုမည်ဆိုလျှင်၊ တောင်ပိုင်းဟုန် ဂိုဏ်းခုနစ်ဂိုဏ်းကရော ထိုနည်းတူ ဖြစ်နေသည်လော။

လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းက သူတို့ ပေါင်းဖက်နိုင်ခဲ့သည်မှာ အံ့သြစရာမရှိချေ။ အမှန်တကယ်ပင် စရိုက်တူသူများ စုပေါင်းနေခြင်းပင်။

ထိုအချိန်တွင်၊ တည်ငြိမ်သော အသံတစ်ခုက တိတ်ဆိတ်မှုကို နောက်ဆုံးတွင်ဖြိုခွဲလိုက်လေ၏။

"အခြေအနေ နှစ်ခုရှိတယ်"

"မင်းတို့ ဝင်မပါရဘူး၊ အားလုံးကို ငါ့ရဲ့ စီစဉ်မှုအောက် လွှဲထားရမယ်"

"ဒုတိယအချက်က၊ဒီကိစ္စ ပြီးသွားရင်၊ ရှန်းလို့ နာမည်ရတဲ့ အဲဒီကျင့်ကြံသူကို လိမ္မာပါးနပ်စွာနေခိုင်းလိုက်ပါ။ နတ်ဆိုးတစ်သောင်းခန်းမနဲ့ ပတ်သက်တဲ့ကိစ္စကို ငါ ရှင်းလင်းလို့ မပြီးမချင်း နေရာတကာမှာပြဿနာတွေ လိုက်မရှာဖို့ ပြောထားလိုက်"

ထိုစကားများအပြီးတွင်၊ ကြီးမြတ်ခမ်းနားသော ပုံရိပ်တစ်ခု နောက်ဆုံးတွင်ထွက်ပေါ်လာခဲ့လေသည်။

မင်းသား ကျစ်ယန်သည် သူ၏ ညီမဖြစ်သူကို တိတ်ဆိတ်စွာကြည့်လိုက်ပြီး၊ သူမနှင့် ကျိကျင့်ရှီးတို့၏ ချိတ်ဆက်ထားသော လက်မောင်းများကို ကြည့်ကာ အံကိုတင်းတင်းမကြိတ်ဘဲမနေနိုင်ခဲ့ပေ။

သူ၏ စိတ်ခံစားချက်များကို အနည်းငယ်ပြုပြင်ထိန်းညှိလိုက်ပြီးနောက် သူ၏ အကြည့်များကို တောင်ပိုင်းဟုန် ဂိုဏ်းချုပ်သုံးဦးထံသို့ လှည့်လိုက်၏။

ထိုအုပ်စုသည် ရှုပ်ထွေးသောအကြည့်များကို အပြန်အလှန် ဖလှယ်လိုက်ကြသည်။

တစ်ချိန်က အတူတကွအောင်ပွဲခံခဲ့ကြသော မိတ်ဆွေဟောင်းများသည်၊ ယခုအခါတွင် အရာရာက ယခင်ကကဲ့သို့မဟုတ်တော့သဖြင့် စိမ်းကားသွားသကဲ့သို့ ခံစားလိုက်ကြရလေသည်။

"တောင်ပိုင်းဟုန်က ကျိကျင့်ရှီး၊ မင်းသား ကျစ်ယန်ကို ဂါရဝပြုပါတယ်"

"တောင်ပိုင်းဟုန်ပ ချီယန်ရှန်း၊ မင်းသား ကျစ်ယန်ကို ဂါရဝပြုပါတယ်"

အချိန်အတော်ကြာပြီးနောက်၊ ကျိကျင့်ရှီးသည် သူမ၏ နှုတ်ခမ်းထောင့်များကို ညင်သာစွာတွန့်လိုက်ပြီး၊ လက်ကိုယှက်ကာ အနည်းငယ် ဦးညွှတ်လိုက်လေ၏။

ချီယန်ရှန်းကလည်း အလားတူ လိုက်လုပ်လေသည်။

ယဲ့ကျိုးကပါ ဂါရဝပြုရန်လက်ယှက်ဖို့ ပြင်ဆင်နေသည်ကို မြင်သောအခါ၊ မင်းသား ကျစ်ယန်သည် သူ၏တည်ငြိမ်မှုများ ကျိုးပေါက်သွားသည့်အလား၊သူ၏ ဝတ်ရုံစကို ဒေါသတကြီးဝှေ့ယမ်းကာလှည့်ထွက်သွားရင်း ကျိန်ဆဲလိုက်လေတော့သည်။

"ငရဲကိုသာ သွားလိုက်ကြစမ်းပါ"

All Chapters