← Chapters

ဘိုးဘေးကျောက်တိုင် ထွက်ပေါ်လာခြင်း ၃

Vol. 90 Ch. 894

ဘိုးဘေးကျောက်တိုင် ထွက်ပေါ်လာခြင်း ၃

Vol. 90 Ch. 894

ဂရော..

ရှန်းယီက သူ၏ဓားကို မြှောက်လိုက်၏။ နဂါးဟိန်းသံနှင့်အတူ မိုးမြေကိုလွှမ်းခြုံထားသော ဆန်းကြယ်ရွှေရောင်ဓားသွားသည် တောင်တန်းနှင့် မြစ်များပန်းချီကားလိပ်အတွင်းသို့ ပြင်းထန်စွာထိုးစိုက်သွားပြီးနောက် ဘေးသို့အင်အားသုံး၍ ပိုင်းချလိုက်လေတော့သည်။

"ဖယ်ကြ"

စစ်ထူဖူဟိုင်က တစ်စုံတစ်ခုမှားယွင်းနေကြောင်း ခံစားမိလိုက်သဖြင့် အလျင်အမြန်သတိပေးအော်ဟစ်လိုက်သည်။

ရှီလျန့်ချန်ကလည်း လျင်မြန်စွာတုံ့ပြန်ခဲ့၏။ သူသည် ဤတောင်တန်းနှင့် မြစ်များပန်းချီကားလိပ်အတွင်းမှ ချက်ချင်းရှောင်တိမ်းရန် ရည်ရွယ်၍အပေါ်သို့ ခုန်တက်လိုက်သည်။

နောက်တစ်စက္ကန့်တွင်၊ ရှန်းယီသည် ဓားကိုကိုင်လျက်အက်ကွဲကြောင်းအတွင်းမှ ဖြည်းညှင်းစွာ လမ်းလျှောက်ထွက်လာသည်ကို သူ မြင်လိုက်ရ၏။

ဖရိုဖရဲဖြစ်နေသောဆံပင်များအောက်မှ ရှန်းယီ၏ မျက်နှာတွင် မည်သည့် စိတ်ခံစားချက်မျှမရှိသော်လည်း၊သူ၏မျက်လုံးများကမူ ရှီလျန့်ချန်ထံသို့ အနီးကပ်ကပ်ပါနေသည်မှာ သေချာလှသည်။

၎င်းမှာ သေခါနီးလူတစ်ယောက်ကို ကြည့်နေသကဲ့သို့ပင်။

"ဟမ့်"

ရှီလျန့်ချန်က တစ်ဖက်လူ၏စွမ်းဆောင်ရည်ကို သေချာမသိသဖြင့် ထိပ်တိုက်ရင်ဆိုင်ရန် ရည်ရွယ်ချက်မရှိဘဲ တာအိုနန်းတော်ထဲသို့ အရင်ဆုံး ဆုတ်ခွာရန်ပြင်လိုက်၏။

သူသည် အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းကာတာအိုနန်းတော်ထဲသို့ တိုက်ရိုက်ပြေးဝင်သွားသည်။

သူက ထိုင်စရာအခင်းပေါ်သို့ ဆင်းသက်တော့မည့် အချိန်တွင် ရှန်းယီကတည်ငြိမ်စွာ စောင့်ကြည့်နေပြီး ဓားလက်ကိုင်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်၏။

မျက်စိတစ်မှိတ်အတွင်းမှာပင်၊ မိုးမြေတစ်ခုလုံး အေးခဲသွားသယောင် ဖြစ်သွားခဲ့လေသည်။

တာအိုနန်းတော်အတွင်းသို့ ပြေးဝင်နေသည့် ထိုအလင်းတန်းမှာ ရှန်းယွဲ့တူဖြင့်ထုရိုက်ခြင်းကို ခံလိုက်ရသည့်အလားဖြစ်သွားပြီး၊ အလင်းတန်းအတွင်းမှပုံရိပ်တစ်ခုမှာ အောက်သို့ တိုက်ရိုက်လွင့်စင်ကျလာခဲ့သည်။

ကျယ်လောင်သောမြည်ဟီးသံနှင့်အတူ မြေပြင်ပေါ်သို့ ကျရောက်သွားပြီးနောက်၊ ရှီလျန့်ချန်က ခေါင်းကို မော့ကြည့်လိုက်ရာမြင်လိုက်ရသည်မှာ တည်ကြည်သောလူငယ်၏ ပုံရိပ်နှင့် အပေါ်စီးမှ အေးစက်စွာကြည့်နေသော သူ၏မျက်နှာပင်။

သူသည် နောက်ဆုံးတွင် အနည်းငယ် ထိတ်လန့်သွားလေ၏။

"အနန္တတရား..."

သူက သူ၏လက်ချောင်းများဖြင့် မန္တန်စတင်ဖော်ထုတ်လိုက်သည့်အခိုက်အတန့်မှာပင်၊တာအိုနန်းတော်က အပေါ်မှနေ၍ ရွှေရောင်အလင်းတန်းများ ထုတ်လွှတ်ကာတိုက်ရိုက်ဆင်းသက်လာခဲ့ပြီး ရှီလျန့်ချန်၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံထားလိုက်၏။

သို့သော် သူ၏စကားသံများမှာ ရုတ်တရက် ရပ်တန့်သွားခဲ့ရသည်။

ရှန်းယီ၏မျက်လုံးများထဲမှ မြူခိုးများမှာပိုမိုထူထပ်လာပြီး သူ၏ညာလက်မောင်းကို အင်အားသုံး၍ရှေ့သို့ထိုးသွင်းလိုက်၏။ ဆန်းကြယ်ရွှေရောင်ဓားရှည်ထဲမှ နဂါးဟိန်းသံမှာ စူးရှထင်ရှားလာသည်။

နေမင်းဝါးမြိုမိုးပြာနဂါးနည်းလမ်းကို ကပ်ဘေးချီလင်ခန္ဓာကိုယ်ဖြင့်ပင် မတားဆီးနိုင်ခဲ့ရာ သာမန်တာအိုပညာရပ်တစ်ခုက မည်သို့တားဆီးနိုင်ပါမည်နည်း။

ဓားသွားရှေ့တွင် ရွှေရောင်အလင်းတန်းမှာ စက္ကူတစ်ချပ်ကဲ့သို့ပင် ဖြစ်နေလေ၏။

ရှီလျန့်ချန်သည် နောက်ဆုံးစာလုံးကိုပင် မပြောလိုက်ရမီမှာပင်၊ သူ၏ ရင်ဘတ်ကို ဓားက ဖောက်ထွက်သွားသည်ကို ကြောင်ကြည့်နေခဲ့မိ၏။ ဆန်းကြယ်ရွှေရောင်ဓားသွားသည် သူ၏ တာအိုဝိညာဉ်၏ကိုယ်တွင်းအင်္ဂါငါးခုကို ချက်ချင်းပင် ဆွဲဖြဲပစ်လိုက်လေတော့သည်။

သို့သော်လည်း၊အနန္တတာအိုအင်ပါယာဂိုဏ်းတွင် သက်တမ်းကြာရှည်စွာ တာဝန်ထမ်းဆောင်ခဲ့သော ဂိုဏ်းခွဲသခင်တစ်ဦးအနေဖြင့် သူသည်တိုက်ပွဲတစ်ခုတွင် အလွယ်တကူအာရုံပျံ့လွင့်မည့်သူ မဟုတ်ချေ။

ချက်ချင်းဆိုသလိုပင် သူကထရပ်ရန် ကြိုးစားရင်း ရှန်းယီ၏ ခြေထောက်များကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ကာ တစ်ချိန်တည်းမှာပင် အော်ဟစ်လိုက်၏။

"ဘိုးဘေးကြီး၊ ကျေးဇူးပြုပြီး..."

ဝုန်း

ရှန်းယီသည် ဂရုမစိုက်ဟန်ဖြင့် သူ၏လက်ဝါးကို ပြန်ရုပ်ကာတစ်ဖက်လူ၏ ပါးပြင်ကို ရိုက်ချလိုက်ရာတစ်ခဏအတွင်းမှာပင် ရှီလျန့်ချန်၏ ဦးခေါင်းတစ်ခုလုံး သွေးအိုင်ထဲတွင် ပေါက်ကွဲသွားတော့သည်။

အစမှ အဆုံးအထိ၊ သူသည် ရှီလျန့်ချန်ကို နောက်ထပ် တစ်ချက်ပင် လှည့်မကြည့်ခဲ့ပေ။

ဖြည်းညှင်းစွာလဲကျနေသော ခန္ဓာကိုယ်အတွင်းမှ ဝိညာဉ်ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး တောင်တန်းနှင့် မြစ်များပန်းချီကားလိပ်ဆီသို့ ထွက်ပြေးသွားသော်လည်း၊၎င်းမှာ ရှန်းယီ၏ စိတ်ဝင်စားမှုကို မဆွဲဆောင်နိုင်ခဲ့ချေ။

"စစ်ထူ၊ ငါ့ကို အရင်ကူပေးဦး"

ဝိညာဉ်ပုံရိပ်မှာ တည်ငြိမ်မှုကိုထိန်းသိမ်းထားရင်း မဆိုင်းမတွဘဲလျင်မြန်စွာ ထွက်ပြေးသွားသည်။

တာအိုနန်းတော်သို့သာ ပြန်ရောက်သွားပါက၊ တိုက်ပွဲသည် စတင်ရုံသာရှိသေးပြီး၊ ဘိုးဘေးကျောက်တိုင်ကိုလည်း မခေါ်ယူရသေးသဖြင့် သူ၌ အသုံးမပြုရသေးသောနည်းဗျူဟာများစွာ ရှိနေသေးသည်ဟု သူက ယူဆထားသည်။

ထိုအချိန်တွင်၊ ဟင်းလင်းပြင်အတွင်းမှ ကြောက်မက်ဖွယ်ကောင်းသော ကျားပုံရိပ်ကြီးနှစ်ခု ထွက်ပေါ်လာခဲ့၏။

တစ်ခုမှာ နက်မှောင်ကာဆန်းကြယ်နေပြီး အခြားတစ်ခုမှာဖြူဖွေးနေကာ၊ နှစ်ခုစလုံးသည် မဟာတာအိုနှင့် အပြည့်အဝပေါင်းစပ်နေကြသလိုပင်။

၎င်းမှာ နတ်ဆိုးအင်ပါယာလက်နက်ဖြစ်သော ရှင်သန်ခြင်း နှင့် သေဆုံးခြင်းယင်ယန် ပင်။

ထိုသန်မာပြီး ရက်စက်သော ဆန်းကြယ်နက်မှောင်သည့်ကျားသည် ကြိုတင်တွက်ဆထားသည့်အလား ရှီလျန့်ချန်၏ ထွက်ပြေးလမ်းကြောင်းပေါ်တွင် ထွက်ပေါ်လာခဲ့ပြီး၊ ဝိညာဉ်ပုံရိပ် ဝင်လာရန်အတွက် သွေးအေးစက်စက်ပါးစပ်ကြီးကိုဟထားလိုက်၏။

ဆန်းကြယ်ကျားက အင်အားသုံး၍အကြိမ်အနည်းငယ် ဝါးစားလိုက်ပြီးနောက်၊ ရှီလျန့်ချန်ကို သူ၏မျှော်လင့်ချက်ကင်းမဲ့ပြီး စူးရှသောအော်ဟစ်သံများနှင့်အတူ ဝမ်းဗိုက်ထဲသို့ မျိုချလိုက်လေတော့သည်။

ဤအရာအားလုံး ပြီးဆုံးသွားပြီးနောက်၊ကြောက်မက်ဖွယ်ကျားနှစ်ကောင်သည် ယင်ယန်ဆန်းကြယ်ဆွဲပြားအဖြစ် ပြန်လည်ပြောင်းလဲသွားကာ ရှန်းယီ၏ လက်ဝါးထဲသို့ ဖြည်းညှင်းစွာ ကျဆင်းသွား၏။

"..."

စစ်ထူဖူဟိုင်သည် တာအိုနန်းတော်အတွင်း ရပ်နေရင်း မန္တန်ထုတ်ဖော်နေသောသူ၏လက်ချောင်းများမှာ အနည်းငယ်တုန်ရီသွားခဲ့သည်။

ရှီလျန့်ချန်၏ ရည်ရွယ်ချက်အားလုံးသည် ဤလူငယ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေပုံရသည်။ သူ၏ အနန္တတာအိုအင်ပါယာဂိုဏ်းအပေါ် နားလည်မှုမှာ စစ်ထူဖူဟိုင်၏ နှလုံးသားကို တုန်လှုပ်စေလောက်သည့် ကြောက်မက်ဖွယ်အဆင့်သို့ရောက်ရှိနေပြီ ဖြစ်သည်။

သူ စိတ်ပျက်အားငယ်နေချိန်တွင်၊

ရှန်းယီသည် ကျောက်စိမ်းဆွဲပြားကို ဖြည်းညှင်းစွာ ဆုပ်ကိုင်လိုက်ပြီး တာအိုနန်းတော်ရှိ စစ်ထူဖူဟိုင်ဆီသို့ သူ၏အကြည့်ကို လွှဲလိုက်၏။

ရှုပ်ထွေးနေသောဆံပင်များကြားမှ သူ၏နှုတ်ခမ်းများက ရုတ်တရက်ပြုံးလိုက်သည်။

သန့်ရှင်းစင်ကြယ်သော အပြုံးတစ်ခုပင်။

သို့သော် ၎င်းက စစ်ထူဖူဟိုင်ကို နောက်သို့ ခြေလှမ်းဆုတ်သွားအောင်ပြုလုပ်လိုက်ပြီး၊ အသစ်ထွက်ပေါ်လာသော ဘိုးဘေးကျောက်တိုင်၏ ကြီးမားသောအရိပ်ကို မှီထားရင်း အသက်ကို ပြင်းပြင်းရှူနေရတော့သည်။

ကျောက်တိုင်ပေါ်တွင် မည်သည့်စာသားမျှမပါရှိဘဲ၊အောက်ခြေမှ အပေါ်ဆုံးအထိ ရေတွက်၍မရနိုင်သော တာအိုနန်းတော်ဖွဲ့စည်းပုံများသာရှိနေလေ၏။

All Chapters