← Chapters

ဟုန်ကျယ်တစ်ခုလုံးကို တုန်လှုပ်စေသော ဆွေးနွေးမှု

Vol. 90 Ch. 897

ဟုန်ကျယ်တစ်ခုလုံးကို တုန်လှုပ်စေသော ဆွေးနွေးမှု

Vol. 90 Ch. 897

“ဂိုဏ်းတူ ညီအစ်ကိုတွေ... အချင်းချင်းသတ်ဖြတ်နေကြတာပဲ”

ကောင်းကင်ယံရှိသွေးရောင်လွှမ်းသော မိုင်တစ်သောင်း တောင်တန်းနှင့် မြစ်များပန်းချီကားလိပ်ကို လူအုပ်ကြီးက ထိတ်လန့်တုန်လှုပ်စွာစိုက်ကြည့်နေကြပြီး၊သူတို့၏ မျက်နှာအမူအရာများမှာ ကြောက်ရွံ့မှုနှင့် ဇဝေဇဝါဖြစ်မှုတို့ဖြင့် ရောပြွမ်းနေသည်။

မင်းသားကျစ်ယန်၏ အကြည့်က ကောင်းကင်အလယ်ရှိပလ္လင်ထံသို့ ရောက်ရှိသွားပြီး၊ စစ်ထူဖူဟိုင်သည် သူ၏နောက်ဆုံးအချိန်များတွင် မည်မျှ နာကျင်ခံစားခဲ့ရမည်ကို နားလည်လိုက်၏။

လူတိုင်းက ဤပါရမီရှင်ရန်သူကို သူ အားကောင်းမလာခင်မှာပင် အမြစ်ဖြတ်သုတ်သင်နိုင်မည်ဟု ထင်ခဲ့ကြသော်လည်း၊ရလဒ်မှာမူ အနန္တတာအိုအင်ပါယာဂိုဏ်း၏ကိုယ်ပိုင်နာမည်အောက်အတွင်း ဖြစ်ပွားခဲ့သော ဝမ်းနည်းဖွယ်ပဋိပက္ခတစ်ခုသာ ဖြစ်ခဲ့သည်။

ထို့ပြင်၊ မသေမျိုးကျောက်တိုင်ပေါ်တွင် ရှန်းယီ၏ အဆင့်အတန်းမှာ ဂိုဏ်းခွဲသခင် စစ်ထူဖူဟိုင်ထက်ပင်အဆပေါင်းများစွာ သာလွန်နေခဲ့၏။

“ဟမ်”

ယဲ့ကျိုး နှင့် ချီယန်ရှန်းတို့သည် တစ်ဦးကိုတစ်ဦး လှမ်းကြည့်လိုက်ကြ၏။ ရှန်းယီမှန်း မသိခဲ့ပါက အထက်ရှိပန်းချီကားလိပ်ကို ကြည့်ရုံဖြင့် သူတို့လည်းအလားတူ အတွေးမျိုး ဝင်မိနိုင်ကြောင်း နားလည်သွားကြသည်။

ကျိကျင့်ရှီးကမူ မတတ်သာသည့် အမူအရာများ ပြည့်နှက်နေလေသည်။

သူတို့က သူ့ကိုဂိုဏ်းချုပ်ရှန်းဟု ခေါ်နေခဲ့သည်မှာ ကြာပြီဖြစ်သော်လည်း၊ အပြင်လူများအဖို့မူ သူသည် အနန္တတာအိုအင်ပါယာဂိုဏ်း၏ ဂိုဏ်းချုပ် ဖြစ်သွားခဲ့လေပြီဖြစ်၏။

အမှန်ပင်၊ ဤအရာများသည် အသေးအဖွဲကိစ္စများသာ ဖြစ်သည်။

နောက်ဆုံးတွင်၊ရှန်းယီနှင့် ပတ်သက်လျှင် ထူးဆန်းသောဖြစ်ရပ်များစွာဖြစ်ပွားခဲ့ပြီး ဖြစ်ရာ၊ သူ၏ အမည်ကို ဤမသေမျိုးကျောက်တိုင်ပေါ်တွင်မြင်ရခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။

ပို၍အရေးကြီးသည်မှာ၊ သူ၏ ဆုံးဖြတ်ချက်များသည် အမြဲတစေအမှားအယွင်းမရှိ မှန်ကန်ခဲ့ကြောင်း သူကနောက်တစ်ကြိမ် ထပ်မံ သက်သေပြလိုက်ခြင်းပင်။

ထိုဆုံးဖြတ်ချက်များသည် အလွန်တရာ အတင့်ရဲပြီးအဓိပ္ပာယ်မရှိဟု ထင်ရသော်လည်း၊ သူ၏ အဆမတန်ကြီးမားသော ခွန်အားရှေ့မှောက်တွင် အတားအဆီးအားလုံးမှာ တံလျှပ်များကဲ့သို့သာ ဖြစ်သွားခဲ့သည်။

အနောက်ပိုင်းဟုန်မှ လူအားလုံး၏ ရှေ့မှောက်တွင် အနန္တတာအိုအင်ပါယာဂိုဏ်း၏ ဂိုဏ်းချုပ်နှစ်ဦးကို ပေါ်တင်သတ်ဖြတ်လိုက်ခြင်းမှာ တောင်ပိုင်းဟုန် သားတော်ခုနစ်ပါးပင် စီနီယာအစ်ကို ချင်း၏ ဦးဆောင်မှုအောက်တွင် မတွေးရဲသည့်အပြင် မကြိုးစားဝံ့သည့် ကိစ္စမျိုးဖြစ်သည်။

မည်သည့် ကျိုးကြောင်းဆင်ခြင်တတ်သူမဆို၊ မိမိတို့၏စိန်ခေါ်ခံလိုက်ရသော ဂုဏ်သိက္ခာကို ပြန်လည်ထိန်းသိမ်းရန် အနန္တတာအိုအင်ပါယာဂိုဏ်းက မည်မျှကြောက်မက်ဖွယ်ကောင်းသော မုန်တိုင်းကိုဆင်နွှဲလာမည်ကို ခန့်မှန်းနိုင်ကြ၏။

ဤအသစ်တက်လာသော အင်အားစုကြီးမှာ အရှေ့ဘက်နှင့် မြောက်ဘက်ရှိနဂါးနန်းတော်နှစ်ခုနှင့်ပင် အတိုင်းအတာချင်းတူညီနေပြီး၊ တာအိုနယ်ပယ်ကျွမ်းကျင်သူများလည်း ရှိနေကြသည်။

နောက်တစ်ခါက သူတို့အမှန်တကယ်ဒေါသထွက်သွားပြီး၊ မည်သည့်ကုန်ကျစရိတ်ကိုမဆို ပေး၍ လက်စားချေမှုများ စတင်လာပါက...

စစ်ထူဖူဟိုင်ကို ဤမျှလွယ်ကူစွာ နှိမ်နင်းနိုင်ခဲ့သည်ကို မြင်လိုက်ရသောအခါ၊ ကျိကျင့်ရှီးက အံ့အားသင့်ရုံသာမက ၎င်းသည်မည်သည့်အရာကို ကိုယ်စားပြုကြောင်း သူမ၏ထက်မြက်သော ဉာဏ်ရည်ဖြင့် နားလည်လိုက်၏။

သို့သော်၊ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသင့်သော သူမ၏နှလုံးသားမှာမူ ပုံမှန်မဟုတ်ဘဲ တည်ငြိမ်နေခဲ့သည်။

အတွေးများကိုစုစည်းပြီးနောက်၊ ကျိကျင့်ရှီးသည် သူမ၏ဘေးရှိ အမျိုးသားနှစ်ဦးကို လှမ်းကြည့်လိုက်ရာ၊ ယဲ့ကျိုးနှင့် ချီယန်ရှန်းတို့သည်လည်း ဤကပ်ဘေးကြီးအတွက်ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ကြောင်း သိမြင်လိုက်ရသည်။

ထိုနှစ်ယောက် ယခင်က ပြောခဲ့သလိုပင်။

သူတို့အတွက် ရွေးချယ်စရာမရှိတော့သလို၊ရွေးချယ်စရာလည်းမလိုတော့ပေ။ ပလ္လင်ပေါ်ရှိ ထိုပုံရိပ်နောက်သို့လိုက်ရုံဖြင့် လုံလောက်နေပြီ ဖြစ်သည်။

ဂိုဏ်းချုပ်ရှန်း၏ လုပ်ဆောင်ချက်များက သူသည် ဂိုဏ်းခုနစ်ခုကို ထိန်းချုပ်နိုင်စွမ်းရှိရုံသာမက၊ ထိုထက်မကသောအရာများကိုပါ လုပ်ဆောင်နိုင်ကြောင်းအတည်ပြုပေးခဲ့၏။

“ဒါ ရှန်းယီလား”

တောင်ပိုင်းဟုန်မှ ဂိုဏ်းချုပ်သုံးဦး၏ တိတ်ဆိတ်မှုနှင့် နှိုင်းယှဉ်ပါက၊ ကျစ်ရှန်းက သူမ၏ မျက်လုံးများကို ပြင်းပြင်းထန်ထန်ပွတ်သပ်နေမိသည်။ ဤလူငယ်နှင့် မွေးနေ့ပွဲတော်တွင် ပထမဆုံးတွေ့ဆုံခဲ့စဉ်က သူ၏တည်ငြိမ်မှုအောက်တွင် ပုန်းကွယ်နေသောစိုးရိမ်ပူပန်မှုများကို သူမ ပြန်လည်အမှတ်ရနေမိသည်။

မဟုတ်သေးပေ၊ စစ်ထူဖူဟိုင်ကို တစ်ချက်တည်းဖြင့် နှိမ်နင်းနိုင်သည့်ခွန်အားရှိပါလျက်နှင့်၊ သူက မည်သည့်အရာကိုများ စိုးရိမ်နေခဲ့သနည်း။

ငါ့ကို စိုးရိမ်နေတာလား၊ ကောင်းကင်ဘုံနယ်ပယ် အလယ်အဆင့်ရှိပြီးကြက်ကလေးတစ်ကောင်ကိုတောင်မဖမ်းနိုင်တဲ့ ငါလိုအားနည်းတဲ့ အမျိုးသမီးလေးကိုလား။

ကျစ်ရှန်းက သူမ၏ နှာခေါင်းကို အလိုအလျောက် လက်ညှိုးထိုးပြမိသည်။

မည်သူမဆို ကျောက်စိမ်းဖြူမြို့တော်မှ ကောင်းကင်ဘုံနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သို့ ဤမျှတိုတောင်းသော အချိန်အတွင်းတက်လှမ်းနိုင်လိမ့်မည်ဟု လုံးဝမယုံကြည်ကြမည်မဟုတ်ပေ။

ထိုကာလမှာ သေမျိုးအဆင့်မှ တာအိုပေါင်းစည်းခြင်းကို ရရှိခြင်းထက်ပင် ပို၍ဝေးကွာနေသေး၏။

“ရှင် ဘာလို့ စကားမပြောတာလဲ”

ကျစ်ရှန်းက ရှန်းယီနှင့် ပတ်သက်သည့် အချက်အလက်အားလုံးကို သူမ သိရှိထားသည်ဟု ထင်မှတ်ကာ၊သူ့ကို အကြံဉာဏ်များပေးခဲ့သည်ကို ပြန်လည်သတိရမိသဖြင့် အနည်းငယ်ရှက်ရွံ့နေမိသည်။

...

သို့သော်၊ ပန်ရှန်းဂိုဏ်းသို့မဟုတ် တောင်ပိုင်းဟုန်မှ ဂိုဏ်းချုပ်များဖြစ်စေ၊ မင်းသား ကျစ်ယန်အပါအဝင်လူတိုင်းက ဤအခိုက်အတန့်တွင် တိတ်ဆိတ်နေကြသည်။

ကောင်းကင်ယံမှ ထိုပုံရိပ်လှုပ်ရှားမှု မပြုမချင်း၊ စကြဝဠာတစ်ခုလုံးရပ်တန့်သွားသကဲ့သို့ ခံစားရ၏။

နောက်ဆုံးတွင်၊ လူတိုင်း၏ စောင့်ကြည့်နေသော မျက်လုံးများအောက်၌

ရှန်းယီ၏ မျက်လုံးများရှိ မီးခိုးရောင်များမှာ တဖြည်းဖြည်းမှေးမှိန်သွားပြီး၊ သူ၏ မျက်နှာတွင် စိတ်ခံစားမှုများ ပေါ်ပေါက်လာပါသည်။

သူသည် ဖြည်းညှင်းစွာထရပ်လိုက်ပြီး လှေကားထစ်များအတိုင်းအောက်သို့ ဆင်းလာခဲ့သည်။

ဘေးသို့လှည့်မကြည့်ဘဲ၊ နာကျင်မှုကြောင့် မျက်နှာပျက်ယွင်းနေသော စစ်ထူကျွင်းလွေ့၏ ဘေးမှ ဖြတ်ကျော်သွားခဲ့သည်။ သူဖြတ်ကျော်သွားသည့် ခဏမှာပင် အနန္တတာအိုအင်ပါယာဂိုဏ်း၏ ဂိုဏ်းချုပ်မှာ အစိတ်စိတ်အမြွှာမြွှာကွဲထွက်သွားလေ၏။

ရှန်းယီသည် တိမ်တိုက်များပေါ်တွင် လက်နှစ်ဖက်ကို ဘေးချလျက်ရပ်နေပြီး၊ရှေ့ရှိ မြင့်မားသော မသေမျိုးကျောက်တိုင်ပုံရိပ်ယောင်ကို တည့်တည့် စိုက်ကြည့်နေခဲ့သည်။

စစ်ထူဖူဟိုင် သေဆုံးသွားပြီးနောက်၊ ရှေးဟောင်း ကျောက်တိုင်သည် စတင်ပြိုကွဲလာပြီး ၎င်း၏ အသွင်အပြင်များမှာလည်း ဝေဝါးလာခဲ့သည်။

ရှန်းယီသည် ဤကျောက်တိုင်ကို ထိန်းသိမ်းရန် မကြိုးစားခဲ့ပေ။

အကြောင်းမှာ၊ရန်သူ၏ မူလခန္ဓာကိုယ်မှာ အနန္တတာအိုအင်ပါယာဂိုဏ်းအတွင်း၌ ရှိနေပြီး၊ ဤလူများသည် မသေမျိုးကျောက်တိုင်ကို နှစ်ပေါင်းများစွာ ထိန်းချုပ်ခဲ့ကြ၏။ သူတို့တွင် ၎င်းကိုကြိုးကိုင်ရန်နည်းလမ်းများ သေချာပေါက်ရှိမည်ဖြစ်ပြီး၊ အပြင်လူတစ်ဦးကို ဝင်ရောက်စွက်ဖက်ခွင့် ဘယ်သောအခါမှ ပေးမည် မဟုတ်ပေ။

သို့သော်လည်း၊အခွင့်အရေးပေးပါက ဤမသေမျိုး ကျောက်တိုင်အတွက် မြောက်ပိုင်းဟုန်သို့ နောက်ထပ်ခရီးစဉ်တစ်ခု သွားရောက်ရန် သူ စဉ်းစားကောင်း စဉ်းစားပေလိမ့်မည်။

မသေမျိုးကျောက်တိုင်၏ ပုံရိပ်ယောင်မှာ လုံးဝ မရှိခဲ့ဖူးသည့်အလား ပျောက်ကွယ်သွားခဲ့လေ၏။

“ဟူး...”

ရှန်းယီသည် တာအိုနန်းတော်၏ စွမ်းအားထောက်ပံ့မှုများပြန်လည်ရုပ်သိမ်းသွားသည်ကို ခံစားလိုက်ရပြီး သက်ပြင်းတစ်ချက်ညင်သာစွာ ချလိုက်သည်။

သူသည် အဝေးမှ မင်းသားကျစ်ယန်ကို ဘေးတိုက် လှမ်းကြည့်လိုက်၏။

“အခု စကားပြောဖို့အချိန်ရပြီလား”

ယခင် ကောင်းကင်ဘုံနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်ခွန်အားဖြင့်၊ ရှန်းယီက နဂါးပုလဲ၏ အကာအကွယ်မှ ထွက်လာသောစီနီယာအချို့နှင့် သူတို့ဘေးမှ ကျစ်ရှန်းကို မည်သို့အာရုံမခံမိဘဲ နေပါမည်နည်း။

သူစိမ်းဖြစ်သော သူ့ကို ကူညီရန်လိုလားနေသည့် သူတို့၏ အဆင့်အတန်းမှာလည်း ထင်ရှားနေပြီ ဖြစ်သည်။

ဤသူသည် အရှေ့နဂါးနန်းတော်မှ လွန်စွာ လေးစားခံရပြီးဩဇာအာဏာရှိသည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ရပေမည်။

ထို့ပြင်၊ ဤပုဂ္ဂိုလ်သည် မည်သည့် ပြင်ပအထောက်အပံ့ကိုမျှ အသုံးမပြုဘဲကောင်းကင်ဘုံနယ်ပယ်ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနေသော ခရမ်းရောင်မုတ်ဆိတ်နဂါးဖြူ ဖြစ်နေလေသည်။

...

မင်းသားကျစ်ယန်မှာ ဇဝေဇဝါဖြစ်နေသော မျက်နှာအမူအရာ ရှိနေလေ၏။

ဤလူငယ်လေးသည် သူ မချင်သည့် ကျောက်တိုင်ကို မသလို၊ သူသတ်ချင်သည့်လူကို သတ်သေး၏။ယခုမူတော့ သူပြောချင်သော စကားများကိုပင် ပြောနေခဲ့လေပြီ။

ဤကဲ့သို့သော မသက်မသာခံစားချက်မျိုးမှာ မင်းသားကျစ်ယန် မခံစားရသည်မှာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်သည်။

သူနှင့် နှိုင်းယှဉ်ပါက၊ အဘယ်ကြောင့် ဤလူငယ်လေးက ပိုမြင့်မားသောရာထူးနေရာတွင် ရှိနေသကဲ့သို့ ခံစားနေရသနည်း၊သူ၏ အမိန့်ပေးနိုင်သောအရှိန်အဝါမှာ ယခင် ချင်းကျောင်းယန်ထက်ပင် သာလွန်ချင်သာလွန်နေပေလိမ့်မည်။

(ပြင်ပအထောက်အပံ့မပါ ပြီးပြည့်စုံခြင်းရောက်နေတယ်ဆိုတာ ဥပမာ - နဂါးသိုက်၊ဘိုးဘေးကျောက်တိုင်တွေလိုပါ)

All Chapters