← Chapters

အချိန်တိုင်း၊စက္ကန့်တိုင်းကို ဆုပ်ကိုင်ထားခြင်း

Vol. 90 Ch. 900

အချိန်တိုင်း၊စက္ကန့်တိုင်းကို ဆုပ်ကိုင်ထားခြင်း

Vol. 90 Ch. 900

မြောက်ပိုင်းဟုန်၊ မသေမျိုးနေထိုင်ရာ

တောင့်တင်းခိုင်မာသော နဂါးရစ်ခွေတိုင်ပေါ်တွင်၊ အမြင့် ဆယ်ကျန်းခန့်ရှိသော နက်မှောင်သည့်ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်တစ်ခုသည် ခေါင်းငိုက်စိုက်ကျနေခဲ့၏။

၎င်း၏နှလုံးသားနေရာတွင်၊ ယွန်းသုတ်ထားသော အနီရောင်သစ်သားသပ်တစ်ခုက နက်ရှိုင်းစွာစိုက်ဝင်နေပြီး၊ကျစ်လစ်ကျယ်ပြန့်သောရင်အုပ်ကို ရှင်းပြ၍မရနိုင်သောညှိုးနွမ်းခြောက်သွေ့မှု ခံစားချက်ကို ပေးစွမ်းနေခဲ့၏။

နက်မှောင်သော ရွှေရောင်အရည်များ စိမ့်ထွက်လာကာကြွက်သားသွေးကြောများတစ်လျှောက် စီးကျလာပြီး ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ အဆောင်များနှင့် ကြိုးများကို စိုရွှဲသွားစေသည်။

"ဟက်…"

ဤမြင့်မားလှသော ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်သည် ဖျော့တော့သောသက်ပြင်းတစ်ချက်ကို ရှူထုတ်လိုက်ပြီး၊ရွှေရည်စိမ်ထားသည်ဟု ထင်ရသော ၎င်း၏မျက်လုံးများက မြေပြင်ကိုသာ စိုက်ကြည့်နေသည်။ ၎င်း၏ မျက်လုံးများထဲရှိ အလင်းရောင်သည် အတိတ်ကလိုလွှမ်းမိုးနိုင်စွမ်း မရှိတော့ဘဲ၊ အဆုံးမရှိသောထုံထိုင်းမှုနှင့် ရုန်းကန်မှုများသာ ကျန်ရစ်တော့လေ၏။

"ပါးစပ်ဟစမ်း၊ဆေးလုံးကို မျိုချလိုက်။"

ကြမ်းတမ်းပြီး နက်မှောင်သည့် အနက်ရောင်နဂါး၏ လက်သည်းတစ်ခုသည် ၎င်း၏ ဘယ်ဘက်ပခုံးပေါ်သို့ ဖိချလိုက်ပြီး တိုင်နှင့်ပြင်းထန်စွာ ဆောင့်ဖိလိုက်၏။ ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်သည် အတင်းအကြပ်ခေါင်းမော့လာသည့် အခိုက်အတန့်တွင်၊အနက်ရောင်နဂါးက ရတနာအလင်းတန်းများတောက်ပနေသော ဆေးလုံးတစ်လုံးကို ၎င်း၏ပါးစပ်ထဲသို့ တိုက်ရိုက် ထိုးထည့်လိုက်သည်။

ရွှေရောင်ခန္ဓာကိုယ်သည် တိုင်ကိုမှီလျက် ခွေကျသွားပြီး၊ဆေးလုံး၏ အားကောင်းသော စွမ်းအင်များကိုယ်တွင်း၌ပျံ့နှံ့လာသည်ကို ခံစားရင်း အရှေ့ရှိ အနက်ရောင်နဂါးကို တိတ်ဆိတ်စွာစိုက်ကြည့်နေမိသည်။

ယုံကြည်မှုစွမ်းအားဖြင့် ဖွဲ့စည်းထားသော ခန္ဓာကိုယ်တစ်ခုကို ဆေးလုံးတစ်လုံးက သက်ရောက်မှုပေးနိုင်သည်ဟူသော အချက်မှာ ၎င်းသည် သာမန် မိုးမြေရတနာများဖြင့် ဖန်တီးထားခြင်း မဟုတ်ကြောင်း သေချာစေသည်။

"ဘာကြည့်နေတာလဲ ဒီလို မသေမျိုးဆေးလုံးမျိုးကို ငါတောင်မြင်ရခဲတာ၊ မင်းဆီမှာ လာသုံးရတာ တကယ်ကို နှမြောစရာပဲ။"

ချီထျန်းချွမ်က အထင်အမြင်သေးမှုများပြည့်နှက်နေသော မျက်လုံးများဖြင့် ရွှေရောင်ခန္ဓာကိုယ်၏ ဦးခေါင်းကိုလက်သည်းဖြင့် ဆုပ်ကိုင်ကာ အတင်းအကြပ်အောက်သို့ ဖိချလိုက်သည်။

ဤကဲ့သို့သော ကောင်းကင်ဘုံမှ မသေမျိုးဆေးလုံး၏အကူအညီဖြင့် တာအိုပေါင်းစည်းခြင်းအဆင့်ကို မီယုံတမယ်သာရှိသော အသေးအဖွဲ ကျင့်ကြံသူတစ်ဦးအနေဖြင့်၊ မသေမျိုးခုံရုံး၏ အာရုံစိုက်မှုကိုဆွဲဆောင်နိုင်သည့် လှည့်စားမှု ကောက်ကျစ်မှုများသာမရှိခဲ့လျှင် ဤတစ်ဘဝလုံး သူ့ကိုမျက်လုံးချင်းဆုံကြည့်ရန် အခွင့်အရေးရလိမ့်မည် မဟုတ်ပေ။

"ချီ သတိထားစမ်း၊ ငါ့ကို ဆွဲမသွင်းနဲ့။"

အဝါရောင်ဝတ်ရုံနှင့် အဘိုးအိုတစ်ဦးက မျက်မှောင်ကြုတ်ကာ အနက်ရောင်နဂါးကို လှမ်းကြည့်လိုက်ပြီး၊ချိတ်ပိတ်ခြင်းကို မခံနိုင်သောကြောင့်ရွှေရောင်ခန္ဓာကိုယ်ပေါ်တွင် ဖြစ်ပေါ်လာသောအက်ကွဲကြောင်းများကို တည်ငြိမ်စွာ ပြုပြင်ပေးနေသည်။

မသေမျိုးများအတွက် သာမန်အစားအစာတစ်ခုဆိုလျှင်ပင် သူတို့ကဲ့သို့လူမျိုးများက ပေါ့ပေါ့တန်တန် စော်ကားလို့မရပေ။ အစားအစာကို ဖြုန်းတီးခြင်းကကြီးမားသော တားမြစ်ချက်တစ်ခုပင်။

"နှမြောစရာကောင်းတယ်လို့ ထင်လို့ပါ။"

ချီထျန်းချွမ်က ဆေးလုံး၏အနံ့အသက်များ ကျန်ရှိနေသေးသော သူ၏လက်သည်းများကို နမ်းရှူလိုက်ပြီး၊ယစ်မူးဖွယ်ရာ ကောင်းလောက်အောင် ချိုမြိန်သောရနံ့ကြောင့် သက်ပြင်းချလိုက်မိသည်။

ထိုအချိန်တွင်၊ နောက်ကျောဘက်မှ တည်ငြိမ်သောခြေသံများ နီးကပ်လာခဲ့သည်။

နှစ်ဦးစလုံးသည် သူတို့လုပ်နေသည်များကို ချထားလိုက်ပြီး ပြန်လှည့်ကာရိုသေစွာ ဦးညွှတ်လိုက်ကြ၏။

"အရှင် ပေးအပ်ထားတဲ့ တာဝန်ပြီးစီးပါပြီ။ လုံလောက်တဲ့ မသေမျိုးဆေးလုံးတွေနဲ့ သူ့ရဲ့ ဒဏ်ရာတွေကို သေချာစွာပြုပြင်ပေးထားတဲ့အတွက် ဒီချိတ်ပိတ်မှုအောက်မှာ နောက်ထပ် နှစ်တစ်သောင်းလောက်ပြဿနာမရှိဘဲ အသက်ရှင်နေနိုင်ပါတယ်။"

"နှစ်တစ်သောင်း"

လွင့်မျောနေသောတိမ်တိုက်ကဲ့သို့ အဖြူရောင်ဝတ်ရုံမှာ ဖြည်းညှင်းစွာလူးလွန့်သွားပြီး၊ ထိုရောက်လာသူမှာ တောက်ပသောအလင်းရောင်ထဲမှ ထွက်ပေါ်လာသည်။

သတ္တဝါအားလုံးက ဟုန်ကျယ်မသေမျိုးက တာအိုအငွေ့အသက်များရှိသော အဘိုးအိုတစ်ဦး သို့မဟုတ် အနည်းဆုံးလူလတ်ပိုင်းအရွယ်ခန့် ရှိလိမ့်မည်ဟု ယုံကြည်ထားကြပါလိမ့်မည်။

သို့သော်လည်း အမှန်တကယ်တွင်မူ သူသည် အတော်လေး ငယ်ရွယ်ပုံရပြီး မျက်နှာသွင်ပြင်မှာ အနည်းငယ် ပိန်ချုံးနေခဲ့၏။ ထိုကဲ့သို့ လွင့်မျောနေသောမသေမျိုးဝတ်ရုံများကို ဝတ်ဆင်ထားသော်လည်း သူက ခက်ထန်သောအမူအရာတစ်ခုကို ထုတ်ဖော်နေသည်။

ဟုန်ကျယ်မသေမျိုးက တိုင်ပေါ်ရှိ ပုံရိပ်ဆီသို့ ကြည့်ကာ ပြုံးလိုက်၏။

"မသေမျိုးရောင်းရင်း၊ ဆယ်နှစ်ဆို လုံလောက်ပါတယ်။"

သူတို့လို သတ္တဝါများအတွက်၊ ဆယ်နှစ်ဆိုသည်မှာ မျက်တောင်တစ်ခတ်မျှသာဖြစ်ပြီး၊ ခေတ္တအနားယူခြင်း သို့မဟုတ် တစ်ခါတစ်ရံပြင်ပလောကတွင် တရားထိုင်ခြင်းမျှသာ ဖြစ်သည်။

ဤမျှတိုတောင်းသောအချိန်လေးက သူကိုယ်တိုင်ပင်လိုလားတောင့်တရသည့် ကမ္မကုသိုလ်များကို ရရှိစေနိုင်လေသည်။

၎င်းသည် သူ မသေမျိုးခုံရုံးသို့ ပြန်လည်ရောက်ရှိရေးအတွက် ကောင်းကင်ဘုံက ကူညီပေးနေခြင်းပင်။

"ထွက်သွားကြတော့။"

ဟုန်ကျယ်မသေမျိုးက နူးညံ့သောအသံဖြင့် သူတို့ကို ထွက်သွားခိုင်းလိုက်ပြီး ရွှေရောင်ခန္ဓာကိုယ်ဆီသို့ ဖြည်းညှင်းစွာလျှောက်သွားလိုက်သည်။ သူ၏ဝတ်ရုံများ လွင့်ဝဲသွားသည်နှင့်အမျှ သူသည် ဖြည်းညှင်းစွာအပေါ်သို့ တက်သွားခဲ့၏။

သူတို့၏ မျက်လုံးများ ဆုံတွေ့သွားကြသည်။

ရွှေရောင်ခန္ဓာကိုယ်၏ ထုံထိုင်းနေသော မျက်လုံးများထဲတွင်ကြောက်ရွံ့မှုများ ရုတ်တရက်ပြည့်နှက်လာသည်။

ချင်းဟွာသည် သူမ၏ သခင်၏ နာမည်ကို စိတ်ထဲမှ တိတ်တဆိတ်ရွတ်ဆိုလိုက်သော်လည်း၊ နောက်ထပ်ဘာဖြစ်လာမည်ကို သိနေသည့်အလား နက်မှောင်ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်၏ အနည်းငယ်တုန်ရီနေမှုကို သူမ မထိန်းချုပ်နိုင်ခဲ့ပေ။

သူမသည် ဓမ္မကိုယ်ထည်၏ နက်ရှိုင်းသောနေရာတွင်ကွေးကွေးလေးဖြစ်နေကာ အံများကို တင်းတင်းကြိတ်ထားလိုက်၏။

နောက်တစ်စက္ကန့်တွင်၊ ဟုန်ကျယ်မသေမျိုးက သူ၏လက်ညှိုးကို ဆန့်ထုတ်လိုက်ပြီး ဟင်းလင်းပြင်ဆီသို့ ဖြည်းညှင်းစွာညွှန်ပြလိုက်သည်။

"ဝုန်း"

တစ်ပြိုင်နက်တည်းမှာပင်၊ တောင့်တင်းခိုင်မာသော ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်သည် လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်လိုက်ပြီး၊ ရွှေရောင်အလင်းတန်းများခန္ဓာကိုယ်ပေါ်တွင် လွှမ်းခြုံလာကာ၊တစ်စစီခွာချခံရပြီး မသေမျိုး၏ လက်ချောင်းထိပ်ဖျားအတွင်းသို့ စုပ်ယူခြင်းခံလိုက်ရလေသည်။

၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံး တင်းမာသွားပြီး သွေးကြောများဖောင်းကြွလာကာ လက်ဝါးများမှာ ရူးသွပ်စွာတုန်ယင်လာခဲ့၏။

ကောင်းကင်ဘုံတွင် ၎င်း၏အဆင့်အတန်းကို မြှင့်တင်ပေးနိုင်သည့် ထိုကမ္မကုသိုလ်များသည် အခြားသူတစ်ဦး၏ ခိုးယူခြင်းကို ဖြည်းညှင်းစွာ ခံနေရသည်။

မြင့်မားလှသော ဤရွှေရောင်ခန္ဓာကိုယ် အတွင်းဝယ်..

နှင်းပွင့်ကဲ့သို့ဖြူဖွေးသော ဝတ်ရုံကို ဝတ်ဆင်ထားသည့် ချောမောသောယင်ဝိညာဉ်မှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ဖြစ်သွားပြီး၊ သူ၏ညာဘက်လက်ဝါးကိုတွေဝေစွာ ဆန့်ထုတ်ကာ ထိုကမ္မကုသိုလ်မှုများကို ထိန်းသိမ်းထားရန် ကြိုးစားသော်လည်း၊လေဟာနယ်ကိုသာ ဆုပ်ကိုင်နေမိလေသည်။

"သခင်.."

ငယ်ရွယ်ပုံရသော ယင်ဝိညာဉ်၏ နှုတ်ခမ်းများ အနည်းငယ် တုန်ရီနေခဲ့သည်။

ချင်းဟွာကို အမှန်တကယ်စိတ်ပျက်အားငယ်စေသည်မှာ သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းမိုးသွားသောပြင်းထန်လှသည့် နာကျင်မှုကြောင့် မဟုတ်ပေ။

သူမသည် ယင်ဝိညာဉ်ကို ထိန်းချုပ်ကာ သူမသခင်၏ ကိုယ်စား ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်ကို စီမံခန့်ခွဲနေစဉ်၊ ရှန်းယီပိုင်ဆိုင်သော အရာများ အယူခံလိုက်ရသည်ကို မကာကွယ်နိုင်ဘဲ လက်ပိုက်ကြည့်နေရုံသာ တတ်နိုင်၍ဖြစ်လေ၏။

"မင်း ဘယ်သူ့ကို ခေါ်နေတာလဲ။"

ဟုန်ကျယ်မသေမျိုးက ရွှေရောင်ခန္ဓာကိုယ်ကို အပေါ်စီးမှငုံ့ကြည့်လိုက်ပြီး ၎င်း၏ တိတ်တဆိတ် ရွတ်ဆိုနေမှုကို သတိပြုမိကာအနည်းငယ် ရယ်စရာကောင်းသည်ဟု ထင်လိုက်၏။

"ဗုဒ္ဓဘုရားတွေဆီ ဆုတောင်းနေတာလား မင်း မေ့နေပြီလား၊ ငါက မသေမျိုးလေ။"

သူ၏စကားသံများသည် ခန်းမကြီးတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားပြီး စိတ်ပျက်အားငယ်ဖွယ်လေထုကို ဖြစ်ပေါ်စေခဲ့သည်။

မသေမျိုးအောက်တွင်၊ သတ္တဝါအားလုံးမှာ သာမန်သေမျိုးများသာ ဖြစ်ကြလေ၏။

"..."

အဖြူရောင်ဝတ်ရုံနှင့် ယင်ဝိညာဉ်၏ တုန်ရီနေသောလက်ချောင်းများမှာ တဖြည်းဖြည်း တည်ငြိမ်သွားပြီး၊ သူ၏မျက်လုံးများထဲရှိ ရုန်းကန်မှုများမှာလည်းငြိမ်သက်သွားကာ ငြိမ်သက်နေသော ရေပြင်ကဲ့သို့ အေးချမ်းသွားပါသည်။

သူလက်သီးကို ဆုပ်လိုက်၏။

ခန္ဓာကိုယ်အနှံ့နာကျင်မှုကို ခံစားရင်း၊ လူငယ်က အချိန်အတော်ကြာတိတ်ဆိတ်နေပြီးနောက်၊ နောက်ဆုံးတွင် သူ၏နှုတ်ခမ်းများကို တွန့်ကွေးကာ ကြောက်မက်ဖွယ်ကောင်းသောအပြုံးတစ်ခုကို ပြုံးလိုက်လေသည်။

"ဟင်"

ဟုန်ကျယ်မသေမျိုးက ညင်သာစွာညည်းတွားလိုက်ပြီး မျက်မှောင်အနည်းငယ်ကြုတ်လိုက်၏။

ထို့နောက် ယခင်က ထုံထိုင်းနေသော မျက်နှာနှင့် ရွှေရောင်ခန္ဓာကိုယ်သည် ခေါင်းကိုဖြည်းညှင်းစွာ မော့လာသည်ကို သူ မြင်လိုက်ရပါသည်။ ရုန်းကန်နေရသောထိုရွှေရောင်မျက်လုံးများမှာ ယခုအခါတွင် အံ့ဩစရာကောင်းလောက်အောင် ကြည်လင်နေလေ၏။

မည်သည့် စိတ်ခံစားချက်မျှမရှိဘဲ၊ သူ့ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့၏။

ယင်းက ဟုန်ကျယ်မသေမျိုးကိုပင် အနည်းငယ် စော်ကားခံရသလို ခံစားရစေပြီး ဒေါသထွက်စေသော်လည်း၊သူက မသေမျိုးတစ်ဦး၏ ကြီးမြတ်သောစိတ်ထားကို ထိန်းသိမ်းထားဆဲပင်။

"ကြည့်စမ်း၊မင်း အသက်ရှင်ဖို့ ဆယ်နှစ်ကျော်ကျော်လေးပဲ ကျန်တော့တယ်။"

ရွှေရောင်ခန္ဓာဓမ္မကိုယ်ထည်က တစ်ဖက်လူ၏ လက်ချောင်းထိပ်ဖျားများအတွင်းသို့ ကမ္မကုသိုလ်စွမ်းအားများစီးတက်သွားသည်ကို ကြည့်နေသည်။

၎င်း၏ အကြည့်က မသေမျိုး၏ မျက်နှာပေါ်တွင် ရပ်တန့်သွားပြီး ထိုမျက်နှာသွင်ပြင်ကို မှတ်သားထားရန်ကြိုးစားနေသည့်အလား၊ နောက်ဆုံးတွင် ၎င်းက ပါးစပ်ကိုဟလိုက်ရာ၊ ၎င်း၏ နက်ရှိုင်းသော အသံက ခန်းမကြီးတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။

All Chapters