← Chapters

စိတ်စမ်းသပ်ခြင်း

Vol. 5 Ch. 64

စိတ်စမ်းသပ်ခြင်း

Vol. 5 Ch. 64

လမင်းဟာ ကောင်းကင်ထက်မှာ သာလျက် ရှိတယ်။   အဲဒီနေ့ရဲ့ လဟာ အခြား ညတွေကနဲ့ မတူညီဘူး။   ကောင်းကင်မှာ တိမ်တောင် ကင်းစင်လျက်ရှိပြီး လဟာ မယုံနိုင်လောက်အောင် လင်းလက် တောက်ပလျက် ရှိတယ်။  လရောင်ဖြာကျလာပုံက ကောင်းကင်ဘုံနဲ့ မြေလွှာကြားက ကန့်လန့်ကာ ပျော့ပျော့အိအိလေးကို လှပ်လိုက် သလိုမျိုး။

အဝေးကနေတော့ လှပပုံရပေမဲ့ တောင်ထိပ်က ကောင်းကင်အထိ ရောက်ရှိပြီး ထိပ်ဖျားကို မျက်စိတစ်ဆုံး မမြင်ရတဲ့ ကြီးမားတဲ့တောင်ရဲ့ အတွင်းဘက်မှာ ကျတော့ လဟာ ကြောက်မက် ဖွယ်ရာ ကောင်းနေတယ်။

လရောင်အောက်မှာ တောင်ပေါ်က ဖိအားတွေဟာ ကြောက်လန့်ဖွယ်ရာ အရှိန်နဲ့ အဆက်မပြတ် ထွက်ပေါ်လာတာဟာ  လေပြင်းမုန်တိုင်း တစ်ခုလို ပြောင်းလဲသွားပြီး တောင်ထိပ်ကို ပုံပျက်ပန်းပျက် ဖြစ်စေတယ်။ တောင်ထဲမှာ ရှိနေတဲ့သူတွေဟာ ခေါင်းမော့ကြည့်စရာ မလိုဘဲနဲ့ ပတ်ဝန်းကျင်က ရုန်းရင်းဆန်ခတ် ဖြစ်နေတဲ့အခြေအနေကို သိနိုင်တယ်။

အချိန်က ညသန်းခေါင် ဖြစ်တယ်။  လရောင် အလင်းပဆုံး အချိန်ဖြစ်တယ်။  တောင်ပေါ်က ဖိအား အထွတ်အထိပ်ကို ရောက်တဲ့အချိန်လည်း ဖြစ်တယ်။  တောင်ပေါ်မှာ မြူငွေ့တွေ ဆိုင်းနေခြင်းသာ မရှိလျှင်၊ ဘယ်သူမဆို ခေါင်းမော့ ကြည့်လိုက်တာနဲ့ စုမင်နဲ့ အခြားနှစ်ဦးတို့ ကောင်းကင် ထိပ်ဖျားမှာ ရပ်လျက်ရှိတာကို တွေ့ရမှာပဲ။ အကယ်၍ စောင့်ကြည့် နေသူကသာ လက်ကိုမြှောက် လိုက်လျှင် သွားထိမိတော့မလိုပဲ ခြေလှမ်း ၅၀၀ကျော် လျှောက်လှမ်းခဲ့ပြီး သူတွေအတွက်တော့ မိုးကောင်းကင်ထဲ ဝင်ရောက်စ ပြုနေသလိုပဲ။ ရဲဝမ်အတွက်လည်း အလားတူပင်။ အပြင်ဘက်မှာ ဘာတွေဖြစ်နေတယ် ဆိုတာလည်း မသိသလို အခြားသုံးယောက် တိုက်ပွဲပြင်းထန် နေတာလည်း မသိဘူး။  သူ့လမ်းကြောင်း တစ်ခုတည်းကိုပဲ မောဟိုက်နေရင်းနဲ့ တစိုက်မတ်မတ် တစ်လှမ်းချင်း တက်လှမ်းနေတယ်။

''ဒီနေ့ငါ ၈၀၃လှမ်းထိ သွားမယ်”

သူ့မျက်လုံးတွေထဲကို စေ့စေ့စိုက်ကြည့်သူကိုပါ လောင်မီးကျ သွားစေလောက်တဲ့ တလက်လက်‌ လောင်ကျွမ်း လင်းဖြာနေတဲ့ ဂုဏ်ယူ ဝင့်ကြွားမှုတွေနဲ့အတူ ရဲဝမ်ဟာ အံကို တင်းတင်းကြိတ်လို့ ရှေ့ဆက် လျှောက်သွား နေပါတယ်။

ဒီလောက် ဖိအားအများကြီး အောက်မှာ ဇွဲသာမရှိလျှင် ခြေလှမ်း နှစ်လှမ်းသုံးလှမ်းထက် ပိုလို့လှမ်းနိုင်သူ မရှိလောက်။ ပိစုက ဇွဲရှိပေမဲ့ အဲဒီ ဇွဲစိတ်တွေထဲမှာ  ယုံကြည်ချက် ကင်းမဲ့မှုတွေ ရှိနေတယ်၊ မဟုတ်လျှင် တစ်လှမ်း လှမ်းတိုင်း  ပလိတ်ပြားပေါ်က အဆင့် သတ်မှတ်ချက်တွေကို ငုံ့ကြည့်နေစရာ လိုမယ် မထင်။

''၅၅၆...၅၅၇ ... သေစမ်းကွာ ချန်ချွန်း ငါ့ကို ကျော်သွားပြီ။  သူ ၅၅၈လှမ်း ရောက်သွားပြီ”

ပိစု စိတ် ကသိ‌ကအောက် ဖြစ်သွားတယ်။ အံတင်းတင်းကြိတ်ပြီး နောက်ထပ် ခြေလှမ်းတစ်လှမ်း ထပ်မံ လှမ်းလိုက်ပေမဲ့ ချက်ချင်း ဆိုသလိုပဲ တစ်ကိုယ်လုံး တုန်ယင်သွားတယ်။ တောင်ရဲ့အမြင့်ဆုံး အပိုင်းကလာတဲ့ ကြုံးဝါးသံ ခပ်သဲ့သဲ့ကို ကြားလိုက်ရတယ်။

အသံက ကျိန်းသေပေါက် လူအသံမဟုတ်ဘဲ သားရဲသတ္တဝါကြီး တစ်ကောင်ရဲ့အသံမျိုး ကြုံးဝါးသံကြီး လေထုထဲကို ပျံ့နှံ့လာချိန်မှာ ပိစု တသိမ့်သိမ့် တုန်ယင်သွားတယ်။ ရင်ဘတ်မှာ စူးခနဲ အောင့်တက်လာပြီး ပါးစပ်အပြည့် သွေးတွေ အန်ထုတ်လိုက်တယ်။ သူ့ခန္ဓာကိုယ်က ရှေ့နောက် ယိမ်းထိုးနေလို့ ဘေးကို သတိလစ်ပြီး လဲကျတော့မတတ်ပဲ။

သူ့မျက်နှာဟာ သွေးဆု‌တ် နေတယ်။ အဲဒီ အခိုက်အတန့်လေး အတွင်းမှာ တောင်ကြီး တစ်ခုလုံးကနေ လျှို့ဝှက် ဆန်းကြယ်တဲ့ မျက်စိနဲ့မမြင်နိုင်တဲ့ ကိုယ်ပျောက်သားရဲကြီး အသွင် ပြောင်းလဲသွားတယ်လို့ ခံစားလိုက် ရတယ်။

ချန်ချွန်းလည်း အလားတူ ခံစားခဲ့ရတယ်။  သူ ၅၅၈ ဆင့်မှာ ရပ်နေပြီး နောက်ထပ် ခြေတစ်လှမ်း လှမ်းခါနီးမှာ သူ့ခန္ဓာကိုယ် တစ်ခုလုံး အပြင်းအထန် လှုပ်ခါသွားတယ်။  သူခေါင်းမော့ လိုက်တယ်။ သူ့မျက်လုံးတွေဟာ နီရဲလျက်ရှိပြီး နှုတ်ခမ်းထောင့်ကနေ သွေးတွေ စီးကျလာတယ်။

စုမင် ချွေးတွေနဲ့ ရွှဲနစ်နေခဲ့‌ပေမဲ့ သူ့မျက်လုံးထဲက ဆုံးဖြတ်ချက် ခိုင်မာ ပြတ်သားမှုကတော့ အနည်းငယ်မျှတောင် ကွယ်ပျောက် မသွားခဲ့ဘူး။ အဲဒီအစား ပိုပြီး အင်အားကောင်း လာတယ်။  တစ်ဆင့်ပြီး တစ်ဆင့် ရှေ့ကို ဆက်သွားရာမှာ ...  ၅၄၈၊ ၅၄၉  ... ၅၅၇လှမ်းမြောက်မှ ရပ်တန့်လေတယ်။  စုမင်လည်းပဲ မာန်ဖီ ကြုံးဝါးသံသဲ့သဲ့ကို ကြားတယ်။

အဲဒီ မာန်ဖီကြုံးဝါးသံဟာ ဒေါသတရားတွေနဲ့ ပြည့်နှက်နေတယ်လို့ ထင်ရပြီး ကောင်းကင်ယံကနေ စုမင်ရှိရာထံ အလျင်အမြန် ရောက်ရှိလာတယ်။  ရင်ဝက စူးရှတဲ့နာကျင်မှုနဲ့ သွေးတစ်ပွက် အန်ထွက်လာတယ်။ ကြုံးဝါးသံထဲမှာ ပါရှိနေတဲ့ ဖိအားတွေဟာ ဒီအသံ ကြားလိုက်ရသူတိုင်းကို ဆက်လက် နားထောင်စေလိုတဲ့ပုံပဲ။

သို့ပေမဲ့ စုမင်ရဲ့သွေးတွေ ရှေ့က မြေသားပေါ်က စွန်းထင်း သွားချိန်မှာပဲ စုမင်ရဲ့မျက်လုံးတွေထဲက သွေးလွှမ်းလဟာ တောက်ပတဲ့ အလင်းရောင်နဲ့ ပိုလို့ လက်ဖြာ လာပါတော့တယ်။

စုမင် လက်လျှော့မှာ မဟုတ်ဘူး စုမင်ဟာ အလိုလို ခေါင်းကိုမော့လို့ တောင်ထိပ်ကို ကြည့်ပြီး ကျယ်လောင်စွာ မာန်သွင်း ဟစ်အော်လိုက်တယ်။ သူပြုလိုက်တဲ့ အသံသာ မိုးထစ်ချုန်းသံ တစ်ခုလို အနီးနားဝန်းကျင်ကို ပဲ့တင်ထပ် ပျံ့နှံ့သွားလေတယ်။  စုမင်တစ်ယောက် ညာခြေကိုမလို့ ၅၅၈လှမ်းမြောက် လှေကားထစ်ပေါ်ကို ပြင်းပြင်းထန်ထန် ခြေချလိုက်စဉ်မှာ သူ့မျက်လုံးတွေထဲမှာ တောက်လောင်နေတဲ့ မီးတောက်များဟာ အပြင်ကို လျှံထွက် လာတော့ မတတ်ပဲ။

သူ့ခြေထောက် မြေပေါ်ကို ချမိတာနဲ့ တစ်ပြိုင်နက် စုမင် ခန္ဓာကိုယ်ဟာ တဆတ်ဆတ် တုန်ယင်သွားပြီး သွေးကြောတွေ အားလုံးကို ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့ဖြာဆင်းစေပြီး ဖြစ်ရာ သူ့ကိုယ်ပေါ်မှာ သွေးကြောတွေ ထွက်ပေါ် လာကြတယ်။  သူ့ရဲ့ ကိုယ်ခန္ဓာ တစ်လျှောက် အနီရောင်နဲ့ အပြာရောင်များ လူးလားခေါက်တုံ့‌ ရွေ့လျားနေပုံက စုမင်အနေနဲ့ ဖော်ပြဖို့ ခက်ခဲလှတဲ့ နာကျင် ခံခက်မှုကြီးတစ်ခု ခံစားနေရကြောင်းကို သိသာ ပေါ်လွင်စေပေမဲ့ စုမင်ဟာ အရှုံးမပေးပါဘူး။

သူ ၅၆၃ ကြိမ်မြောက် ခြေလှမ်းကို လှမ်းနိုင်ရမယ်။ အဲဒီနေရာမှာ ကောင်းမွန်စွာ ထိန်းချုပ်ခြင်းကို လေ့ကျင့်ရမယ်။  သူ ဒီအခွင့်အရေးကို မစွန့်လွှတ်ချင်ဘူး။ အဓိက အကြီးအကဲကို စိတ်မပျက် စေချင်ဘူး။  တကယ်လို့  အခုအချိန် သူ လှုပ်ရှား လိုက်မယ်ဆိုလျှင် ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ကြောင့် နောင်တ ရနေရမယ် မထင်ဘူး၊ အခုရော နောင်ရော တစ်သက်တာ လုံးပေါ့။

သူဖြစ်လိုတာက နောင်တ မရခြင်းပါပဲ။  ဘယ်တော့မှ နောင်တ ရမနေရအောင် အစွမ်းကုန် ထုတ်သုံးပြီး တိုက်ခိုက်ပစ်မယ်။

၅၅၉ ၅၆၀ ၅၆၁.... စုမင် နောက်ထပ် ခြေလှမ်း သုံးလှမ်း လှမ်းလိုက်တယ်။  ခြေတစ်လှမ်း လှမ်းလိုက်တိုင်း တစ်ကိုယ်လုံး ပြင်းပြင်းထန်ထန် တုန်ရီလို့ ဆက်မလျှောက် နိုင်တော့ပါဘူး ဆိုသလို အော်ဟစ် ညည်းညူသံတွေ ထွက်ရှိ နေကြတယ်။  အဲဒီ အခြင်းအရာဟာ သူ့ရဲ့အသားနဲ့ အရိုးတွေကို ခြေမွှဖျက်ဆီးလိုက်လု နီးပါးပဲ။ ဒီလို နာကျင်မှုမျိုးဟာ ၁၆နှစ်သာရှိသေးတဲ့ ဆယ်ကျော်သက် ကောင်လေးတစ်‌ယောက် အတွက်တော့ မခံမရပ် နိုင်စရာပါပဲ။

''နောက်ထပ် ၂လှမ်း၊ နောက်ထပ် ၂လှမ်းပဲ'' စုမင် စိတ်ထဲကနေ ကိုယ့်ကိုယ်ကိုယ် ပြောတယ်။

သူဟာ ၅၆၃ လှမ်းမြောက် လှေကားထစ်ကို တက်လှမ်း နိုင်ရမယ်လို့ သူ့ကိုယ်သူ ပြော‌နေခဲ့တယ်။

စုမင် ထပ်ပြီး မာန်သွင်း လိုက်တယ်။ ညာခြေထောက်ကိုလို့ နောက်ထပ် ခြေတစ်လှမ်း လှမ်းလေတယ်။  သူခြေထောက် မြေပေါ် ချမိလိုက်တာနဲ့ တစ်ပြိုင်နက် ကမ္ဘာလောကကြီးနဲ့ တောင်ကြီး  လှုပ်ခါသွားသလို ခံစားလိုက် ရတယ်။  သို့ပေမဲ့ လောကမြေမဟီလည်း မလှုပ်တုန်သလို တောင်တန်းကြီးလည်း လှုပ်ယမ်း မသွားတာကို စုမင် ရှင်းရှင်းလင်းလင်းကြီး သိတယ်၊ လှုပ်ခါသွားတာဟာ သူကိုယ်တိုင်ပါပဲ။

ကမ္ဘာမြေနဲ့ တောင်တန်းများ ရွေ့လျား သွားသလို ခံစားမှုက စုမင်ရဲ့ မျက်နှာကို ချက်ချင်းပဲ သွေးဆုတ် ဖြူဖျော့ သွားစေလေတယ်။ သူခေါင်းကိုမော့လို့ မိုးကောင်းကင်ကို ကြည့်တယ်။ ၎င်းဟာ သူ့ထံကနေ အဝေးကို လွင့်မျော သွားသလိုပဲ၊ သူ့မျက်စိရှေ့မှာ ကောင်းကင်ကြီး ရွေ့လျား နေသလိုပဲ။ အဲဒီအချိန်မှာ အချိန် လည်ပတ်မှုဟာ နှေးကွေး သွားခဲ့တယ်။

သူ့ခန္ဓာကိုယ်ကြီး တဖြည်းဖြည်း အောက်ပြုတ်ကျ သွားတယ်လို့ စုမင် ထင်မြင်မိတယ်။ ကမ္ဘာကြီးလည်း မလှုပ်ရှားခဲ့ပါဘူး။  တောင်ကလည်း မလှုပ်ခတ်ခဲ့ပါဘူး။ သူ့ရဲ့ ကိုယ်ခန္ဓာကသာ သူတတ်စွမ်းနိုင်သမျှ အတိုင်းအတာကို ရောက်ရှိ သွားတာမို့ ဖြည်းညင်းစွာ နောက်ပြန် လန်လျက် ကျဆင်းနေခြင်း ဖြစ်လေတယ်။

''၅၆၂ ‌လှမ်းမြောက်အဆင့်ဟာ စမ်းသပ်မှုတစ်ခုပဲ''

စုမင် ရဲ့နှုတ်ခမ်းထက်မှာ ခါးသီးတဲ့ အပြုံးတစ်ခု ပေါ်လာတယ်။

‘ကမ္ဘာကြီးလည်း မလှုပ်ရှားခဲ့ပါဘူး။  တောင်ကလည်း မလှုပ်ခတ်ခဲ့ပါဘူး။ မင်းလည်း လှုပ်ရှားမယ် ဆိုလျှင်တောင် ဒီအရာတွေဟာ ဘာမှပြောင်းလဲသွားမှာ မဟုတ်ပါဘူး''

"အကြီးအကဲ၊ ဘာဖြစ်လို့ ကျွန်တော် ပြေးနေတဲ့အချိန်မှာ ကျွန်တော့်ဘေးနားက သစ်ပင်တွေပါ လိုက်ရွေ့လျား နေတာလဲ။ ကျွန်တော့်က ရှေ့ဆက် ပြေးနေတာလား၊ သစ်ပင်တွေကပဲ နောက်ပြန် ရွေ့နေတာလား ကျွန်တော် နားမလည်ဘူး။  ဘာတွေ ဖြစ်နေတာလဲ"   လက်ရှိ ကြုံတွေ့နေရတဲ့ အခြေအနေကို ခါးခါးသီးသီး ခံစားရခက်နေချိန်မှာ အကြီးအကဲကို ငယ်ငယ်က မေးခွန်းထုတ်နေတဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်မြင်ယောင် လာတယ်။

"မင်းမျက်လုံးတွေက မင်းကို လှည့်စား လိမ့်မယ်။ လာစု‌လေး.... မင်း ကြီးပြင်းလာရင် နားလည် သွားမှာပါ။ မင်း မြင်နေတာက မှန်ချင်မှ မှန်မယ်။ မင်းမျက်လုံးတွေက မင်းကို လိမ်ညာနေတာ ဖြစ်ကောင်း ဖြစ်မယ်။ သစ်ပင်တွေကို ကြည့်လိုက်စမ်းပါ။ တကယ် ရွေ့လျားနေသလား။  မင်းက ရွေ့လျားနေတာလား၊ သစ်ပင်တွေ ရွေ့လျား နေတာလား။ ဒါမှမဟုတ်.... အခြား တစ်ခုလား''

အကြီးအကဲထံက အဖြေကို ကြားချိန်ကနေ အခုထိ စိတ်ထဲမှာ ရှုပ်ရှုပ်ထွေးထွေးနဲ့ နားမလည် နိုင်သေးတာကို သတိရတယ်။ ဒါပေမဲ့ အခု ပြန်သတိရမိတဲ့ အခါမှာ သူ မှင်တက် နေမိတယ်။

"လှုပ်ရှားနေတာက ကမ္ဘာမြေလည်း မဟုတ်၊ တောင်လည်း မဟုတ်ဘူး။ ခန္ဓာကိုယ်က လှုပ်နေလို့သာ အရာအားလုံး လှုပ်ရှားနေတယ်လို့ ထင်ရတာ။ တကယ်တမ်းကျတော့ ကမ္ဘာမြေလည်း မလှုပ်၊ တောင်လည်းမလှုပ်....တကယ် လှုပ်ခတ်နေတာက...."

စုမင်မျက်လုံးတွေ ပြူးကျယ် သွားတယ်။ သူ အတွေးတစ်စကို ဖမ်းဆုပ် မိလိုက်ပြီပဲ။

"တကယ်တမ်း လှုပ်ခတ်နေတာက ငါ့ရဲ့စိတ်ပဲ"

"ငါပြေးလွှားတဲ့ အချိန်မှာ ငါ့ခန္ဓာကိုယ်က ရွေ့လျားသွားတယ်၊ သစ်ပင်တွေက ရွေ့လျားတာ မဟုတ်ဘူး။ ဒါပေမဲ့ ငါ့မျက်လုံးတွေက သစ်ပင်တွေ ရွေ့နေတာကို မြင်တယ်။ ဘာလို့လဲဆိုတော့ ငါ့ရဲ့စိတ်က ငါ့မျက်လုံးတွေရဲ့ လှည့်စားမှုကို ခံနေရတာပဲ။ တကယ်တမ်း လှုပ်ခတ်နေတာက ငါ့ရဲ့စိတ်ပဲ"

''ငါ့ခန္ဓာကိုယ် ရွေ့လျားနေတာတောင် ငါ့စိတ်အစဉ်ကသာ မလှုပ်ခတ်‌ခဲ့ရင် ကမ္ဘာလောကကြီးလည်း မလှုပ်ရှားဘူး၊ သစ်ပင်တွေလည်း ရွေ့နေမှာ မဟုတ်သလို ဘာမှ ရွေ့လျားနေမှာ မဟုတ်ဘူး။ ငါ့မျက်လုံးတွေ၊ ငါ့ရဲ့ခန္ဓာကိုယ် အားလုံးက ငါ့စိတ်ကို လှည့်စားပြီး ငါ လှုပ်ရှားနေတယ်လို့ ထင်မြင်စေတယ်..."

စုမင် တုန်လှုပ်သွားတယ်။ သဘောတရားကို နားလည်ပေမဲ့ သူ့ခေါင်းထဲမှာ ကြုံးဝါးသံကို ကြားလိုက်ရတယ်။ ကြုံးဝါးသံရဲ့ ကျယ်လောင်မှုဟာ စုမင်ကို သတိလစ် သွားစေမတတ်ပဲ။ မူးဝေမှု တရိပ်ရိပ် ပျောက်ကွယ် သွားတာနဲ့အမျှ စုမင် ထရပ်တယ်၊ သူ မှင်တက် နေမိပါရဲ့။

ခေါင်းငုံ့လို့ သူ့ခြေဖဝါးအောက်က လှေကားထစ်ကို ကြည့်ပြီး တစ်ဖန် အနီးအနား ဝန်းကျင်ကို ကြည့်တယ်။ သူဟာ လှေကားထစ်တွေပေါ်မှာ ရပ်လျက်ရှိဆဲပါပဲ။ သူ့ရဲ့ ညာခြေဟာ ၅၆၂လှမ်းမြောက်မှာ ရှိနေပြီး ဘယ်ခြေဟာ ၅၆၁လှမ်း မြောက်မှာ ရှိနေဆဲ။

တကယ်တမ်းတော့ သူ့ခန္ဓာကိုယ်မှာ ဘာမှ ပြောင်းလဲခြင်း မဖြစ်ပေါ်ပါဘူး။

စုမင်ဟာ တိတ်ဆိတ်စွာနဲ့ပဲ ဘယ်ခြေကို မလို့ ၅၆၂လှမ်းမြောက် လှေကားထစ်ပေါ်မှာ ခြေချလိုက်ပါတယ်။ အဲဒီလို ခြေချလိုက်တာနဲ့ အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သူ့မျက်လုံးတွေ ထဲမှာ နားလည်သွားတဲ့ အရိပ်အယောင်တွေ ပေါ်လာတယ်။

''ငါနားလည်ပြီ၊ ငါ့စိတ်ကသာ မလှုပ်ခတ်နေရင် ဘယ်အရာမှ ရွေ့လျားနေမှာ မဟုတ်ဘူး။ ဒါဟာ ကောင်းမွန်စွာ ထိန်းချုပ်ခြင်းရဲ့ အစစ်မှန်ဆုံး အဓိပ္ပာယ်ပဲ" စုမင်ဟာ ရေရွတ် မြည်တမ်းရင်း ၅၆၃လှမ်းမြောက် လှေကားထစ်ဆီ ခြေလှမ်း လိုက်တယ်။ စုမင်ရဲ့ ဖြူဖျော့နေတဲ့ မျက်နှာပေါ်မှာ အပြုံးလေးတစ်ပွင့် ဖြစ်ပေါ်လာတယ်။ ကောင်းမွန်စွာ ထိန်းချုပ်ခြင်းရဲ့ နောက်ကွယ်က အဓိပ္ပာယ် အစစ်အမှန်ကို နားလည်သွားပြီး နောက်မှာ တရားရှုမှတ်တဲ့ အနေအထားနဲ့ ထိုင်ချ လိုက်ပါတယ်။

လေ့ကျင့်ရတာ အရင်လေးခေါက်နဲ့ လုံးဝ မတူတော့ဘူး။ အရင်‌က သူဟာ လျစ်လျူရှုမှုတွေနဲ့ လုပ်ဆောင်ခဲ့တယ်။ သူ့ရဲ့ခွန်အားတွေ အကုန်လုံးကို ချီစွမ်းအင် ထိန်းချုပ်ခြင်း အပေါ်မှာ အသုံးချခဲ့တယ်။ ဒါဟာ ပြင်ပ အင်အားကို အမှီပြုခြင်းပဲ ဖြစ်တယ်။

အခုချိန်မှာတော့ သူနားလည် သဘောပေါက် သွားခဲ့ပါပြီ၊ ကောင်းမွန်စွာ ထိန်းချုပ်ခြင်းက ပြင်ပအင်အားဖြစ်တဲ့ ချီကို ထိန်းချုပ်ခြင်း အပေါ်မှာ မှီတည်နေတာ မဟုတ်ဘဲ သူ့ရဲ့ စိတ်အပေါ်မှာ မူတည်နေတယ် ဆိုတာကိုပေါ့။

ချီဟာ စိတ်လှုပ်ခတ်တဲ့ အချိန်မှာ ရွေ့လျားပါတယ်။ စိတ်က မလှုပ်ခတ်လျှင် ချီဟာလည်း ဒီအတိုင်းပဲ နေနေလိမ့်မယ်။

စုမင် ထိုင်ချလိုက်တဲ့ အခိုက်မှာပဲ ပိစုဟာ ဒေါသတကြီး ကြုံးဝါးသံကို ပြုလေတယ်။ သူ့ညာခြေထောက်ဟာ တုန်ယင်နေပြီး ၅၆၂လှမ်းကို ခြေမချနိုင်ဘဲ တန်းလန်းကြီး ဖြစ်နေတယ်။ သို့ပေမဲ့ ဘယ်လိုပဲလုပ်လုပ် ခြေထောက်ကို မချ‌လိုက်နိုင်ဘူး။ အဲဒီအပေါ်မှာ ခြေချ မိလိုက်လျှင်လည်း သူ့ကိုယ်ခန္ဓာက ခံနိုင်မှာ မဟုတ်ဘူးဆိုတဲ့ ခံစားချက်မျိုးလည်း ရနေတယ်။ ခံစားချက်က သိပ်ကို အားကောင်းလွန်းတာမို့ ယုံကြည်လိုက်ဖို့က လွဲလျှင် သူ တခြား မတတ်နိုင်ခဲ့ဘူး။ ရုတ်တရက် သူရပ်ပစ်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူ မစွန့်စားရဲဘူး။

ချန်ချွန်းရဲ့ မျက်နှာဟာ တည်ငြိမ် လေးနက်လွန်း နေတယ်။ ဒါဟာ သူ့မျက်နှာပေါ်မှာ တွေ့ရခဲတဲ့ မျက်နှာထားမျိုး ဖြစ်တယ်။ သူဟာ ၅၆၁ လှမ်းမြောက်မှာ ရပ်နေပြီး ၅၆၂လှမ်းမြောက်ကို ကြည့်နေတယ်။ သူအကြာကြီး ငြိမ်သက်နေခဲ့တယ်။ ဒီအဆင့်နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ သူကြားဖူးနားဝ ရှိထားတယ်။

အချိန်အကြာကြီး လွန်မြောက်ပြီး နောက်မှာတော့ စုမင်ဟာ အံကို တင်းတင်းကြိတ်လို့ ရှေ့ဆက် လျှောက်လေတယ်။ လှေကားထစ်ပေါ် ခြေချမိလိုက်တယ် ဆိုလျှင်ပဲ သူ့ခန္ဓာကိုယ်ဟာ တောင့်မတ်သွားခဲ့ပြီး မလှုပ်နိုင် မရှားနိုင်နဲ့ မှင်တက် နေခဲ့တယ်။ သူ့မျက်လုံးတွေဟာ ဗလာ ကျင်းသွားတယ်။ ဝင်သက် ခုနစ်ခါအပြီးမှာ ချန်ချွန်းဟာ ပါးစပ် အပြည့်သွေးတွေ အန်ထုတ်ပြီး ၅၆၁လှမ်းနဲ့ ၅၆၂လှမ်းမြောက်မှာ အရုပ်ကြိုးပြတ် လဲကျ သွားလေတယ်။ အဆုံးသတ်မှာတော့ သူဟာ ဒီအဆင့်မှာ တည်ရှိနေတဲ့ စိတ်စမ်းသပ်မှုကို မကျော်လွန်နိုင်ခဲ့ပါဘူး။

သို့ပေမဲ့ ပိစုနဲ့ယှဉ်လျှင်တော့ ချန်ချွန်းမှာက သူ့ကိုယ်သူ ခွန်အားကြီးမားတဲ့ မာန်စွမ်းအားရှင် တစ်ယောက်အဖြစ် ပြောင်းလဲ ပစ်လိုက်နိုင်တဲ့ စိတ်ထားနဲ့ နှလုံးသား ရှိတယ်။

ကွင်းပြင်ကျယ်သာ တစပြင်လို တိတ်ဆိတ်နေတယ်။ ဆွေးနွေး တိုင်ပင်မှုမရှိ၊ လှုပ်ရှားမှုမရှိ။ သိမ်းငှက် ရုပ်တုတွေပေါ်က အဆင့် သတ်မှတ်ချက်တွေကိုပဲ ရင်သပ်ရှုမောစွာ စောင့်ကြည့် နေကြလေတယ်။ သူတို့ခေါင်းထဲကို ဝင်လာတဲ့ ထိတ်လန့်မှုဟာ အတွေးတွေ အားလုံးကို အစားထိုးနေရာယူ လိုက်တယ်။

အဆင့် ၁ ၊ ရဲဝမ် ၈၀၃လှမ်း

အဆင့် ၂၊ မော့စု ၅၆၃လှမ်း

ဒီစာတန်းနှစ်ခုဟာ သူတို့ရဲ့အာရုံစိုက်မှုတွေ အားလုံးကို သိမ်းကျုံးယူငင် လိုက်တယ်။ အရင်ကတော့ မော့စုဆိုတာ ဘယ်သူမှ မကြားဖူးတဲ့ အညတရ နာမည်တစ်ခု။ အခုတော့ သူဟာ ကျော်ကြားခဲ့ပြီ။

အချိန်ဟာ တဖြည်းဖြည်း ကုန်လွန်လာတယ်။ တစ်မူ ထူးခြားဆန်းကြယ်လွန်းတဲ့ည။ အရင်ညတွေက ထက်တောင် ပိုလို့ မှင်တက် အံ့ဩဖွယ်ရာည။ စစ်မြေပြင်ပေါ်က လူနှစ်ယောက်နဲ့သာ သက်ဆိုင်နေတဲ့ ည။

ကွင်းထဲမှာ စိတ်မရှည်လက်မရှည် ဖြစ်နေတဲ့သူ တစ်ဦးတစ်လေမှ မရှိဘူး။ ဆိတ်ငြိမ်မှုတွေ အလယ်မှာ သူတို့ စောင့်ဆိုင်းခဲ့ကြတယ်။ နှစ်ယောက်သား ရွေ့လျားမယ့် အချိန်ကို သူတို့ စောင့်ကြတယ်။ ညသန်းခေါင်ယံ အချိန် လွန်မြောက်လို့ အရုဏ်တက်ချိန် ရောက်ဖို့ အချိန်အနည်းငယ်မျှသာ လိုပါတော့တယ်၊ ငှက်ရုပ်ပေါ်က စုမင်‌နာမည် နောက်က နံပါတ်တွေဟာ စဉ်ဆက်မပြတ် ပြောင်းလဲ နေ‌လေတယ်။

သူ လှုပ်ရှားနေချိန်မှာ ရာသီဥတုများ မပြောင်းလဲသလို လေတွေလည်း မတိုက်ခတ်ပါ။ သို့ပေမဲ့ သူ့ကဲ့သို့ လှုပ်ရှား ရွေ့လျားမှုတိုင်းဟာ စောင့်ကြည့်နေသူ အားလုံးရဲ့ရင်ထဲမှာ ဒေါသတကြီး တိုက်ခတ်နေတဲ့ မုန်တိုင်းတစ်ခုလို အင်အား ပြင်းထန်လျက်...။

***

All Chapters