← Chapters

ခူးဖူကို သတ်ဖြတ်ခြင်း

Vol. 16 Ch. 163

ခူးဖူကို သတ်ဖြတ်ခြင်း

Vol. 16 Ch. 163

အီဂျစ်နိုင်ငံ...

ခူးဖူ၏ အိမ်တော်တွင်...

ခူးဖူနှင့် လက်ရှိ ဖာရိုဘုရင်တို့ မြက်ခင်းပြင်ပေါ်တွင် တိတ်ဆိတ်စွာ မတ်တတ်ရပ်နေကြ၏။

အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသားတစ်ဦးသည် ရိုသေကိုင်းရှိုင်းစွာဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်နေပြီး သူ၏အမူအရာမှာ အလွန်စိတ်အားထက်သန်နေပုံရသည်။

အဖြူရောင်ဝတ်ရုံနှင့် အမျိုးသား၏ အသံမှာ အက်ရှရှဖြစ်နေပြီး သတင်းပို့လိုက်သည်။

"ဘိုးဘေး... ဖာရိုဘုရင်အရှင်မြတ်... ကျွန်တော်တို့ရဲ့ အစီအစဉ်တွေအားလုံး ပြီးစီးပါပြီ... ကျွန်တော်တို့ရဲ့ အင်အားစုတွေဟာ နိုင်ငံတကာမှာ ဆုတ်ခွာနေရပေမဲ့ အဲ့ဒီ ထိပ်တန်းအဆင့် ပုဂ္ဂိုလ်တွေရဲ့ နေရာတွေကို ချိတ်ပိတ်ပြီးတော့ အောင်မြင်စွာ ချုံခိုတိုက်ခိုက်နိုင်ခဲ့ပါတယ်... အရှင်တို့ စကားတစ်ခွန်း ပြောလိုက်တာနဲ့ ကျွန်တော်တို့ လုံးဝကျဆုံးသွားရင်တောင် အဲ့ဒီလူတွေလည်း ကြီးမားတဲ့ တန်ဖိုးကို ပေးဆပ်ရပါလိမ့်မယ်..."

လက်ရှိ ဖာရိုဘုရင်က မေးလိုက်သည်။

"မင်း သေချာလို့လား..."

အဖြူရောင်ဝတ်ရုံဝတ် အမျိုးသားက တွန့်ဆုတ်မနေရဲဘဲ ပြန်ဖြေလိုက်၏။

"အဲ့ဒီ ပုန်းကွယ်နေတဲ့ မိသားစုတွေရဲ့ မိသားစုခေါင်းဆောင်တွေကိုတော့ ကျွန်တော်တို့ ချိတ်ပိတ်မထားနိုင်ဘူး... ဒါပေမဲ့ သူတို့ရဲ့ မိသားစုဝင် တချို့ကတော့ မခက်ပါဘူး... ပြီးတော့ ရှေးဟောင်းလမ်းကြားက အဘွားအိုရယ်... ရှေးဟောင်းမြို့တော်က ဝမ်ကူရယ်... ပြီးတော့ ဒီနှစ်တွေအတွင်း ကျွန်တော်တို့ စုဆောင်းထားတဲ့ အချက်အလက်တွေအရ... သူနဲ့ ထိတွေ့မိတဲ့သူတိုင်း တန်ဖိုးပေးဆပ်ရပါလိမ့်မယ်..."

လက်ရှိ ဖာရိုဘုရင်က စိတ်ကျေနပ်စွာ ခေါင်းညိတ်ပြပြီး ချီးကျူးလိုက်သည်။

"အရမ်းကောင်းတယ်..."

ထို့နောက် သူ၏အိုမင်းနေသော အကြည့်များသည် ခူးဖူဆီသို့ ရောက်သွားပြီး သူ၏မျက်နှာမှာ အလွန်တည်ငြိမ်နေကာ စကားစလိုက်၏။

"ဘိုးဘေး... အရာအားလုံး အဆင်သင့်ဖြစ်နေပါပြီ... အဲ့ဒီကောင်က အီဂျစ်ကိုလာပြီး သန့်ရှင်းတဲ့နယ်မြေထဲကိုတောင် ဝင်သွားသေးတယ်... ဒါပေမဲ့ အဖြေကို လွှဲပြောင်းပေးဖို့ ရိုးသားမှု လုံးဝမရှိဘူး... ဒီတစ်ခါတော့ သူ့ကို ပြင်းထန်တဲ့ သင်ခန်းစာတစ်ခု ပေးရမယ်..."

ခူးဖူသည် သူ၏ခေါင်းကို အဖြူရောင်အဝတ်စဖြင့် တစ်ဖန်ပြန်၍ရစ်ပတ်ထားပြီး သူ၏မျက်လုံးများသာ ပေါ်လွင်နေကာ သူက အက်ရှရှအသံဖြင့် မေးလိုက်သည်။

"သူ ဂရုစိုက်မယ်လို့ မင်း ထင်လား..."

လက်ရှိ ဖာရိုဘုရင်က အတန်ကြာ စဉ်းစားပြီးနောက် လေးနက်စွာ ပြန်ဖြေလိုက်၏။

"အရာအားလုံးက သူနဲ့ ဆက်စပ်နေတာဆိုတော့... သူ ဂရုစိုက်မှာပါ..."

ခူးဖူက ခေါင်းခါယမ်းလိုက်ပြီး ပြောဆိုသည်။

"အောင်ပွဲရဖို့ အခွင့်အရေးက သောင်းဂဏန်းမှာ တစ်ပုံပဲ ရှိတယ်လို့ အရင်က ငါပြောခဲ့တယ်... တကယ်တော့ ရလဒ်က ပေါ်နေပြီပဲ... နှစ်ပေါင်း ငါးထောင်ကြာပြီးနောက်မှာ အရှင့်အပေါ် ငါ့ရဲ့ နားလည်မှုက ရိုးအလွန်းနေဆဲပဲ..."

လက်ရှိ ဖာရိုဘုရင်က နားမလည်နိုင်စွာ မေးလိုက်သည်။

"ဘိုးဘေး... ဘာကို ဆိုလိုတာလဲ..."

ခူးဖူက ရွှေတောင်ဝှေးကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး တခြားလက်တစ်ဖက်ကို သူ၏ရင်ဘတ်ပေါ်တွင် ညင်သာစွာ တင်ထားကာ ရှင်းပြလိုက်သည်။

"စိတ်နေစိတ်ထားနဲ့ စွမ်းအားတွေက မယုံနိုင်စရာ အဆင့်တစ်ခုကို ရောက်သွားတဲ့အခါ... ဘယ်လို မဟာဗျူဟာ ဒါမှမဟုတ် အစီအစဉ်ကမှ အသုံးဝင်မှာ မဟုတ်တော့ဘူး..."

လက်ရှိ ဖာရိုဘုရင်က မယုံကြည်နိုင်စွာဖြင့် ငြင်းဆိုလိုက်၏။

"မဖြစ်နိုင်ပါဘူး ဘိုးဘေး... ဒီတစ်ခါတော့ သေချာပေါက် အောင်မြင်မှာပါ... ကျွန်တော်တို့ရဲ့ လက်အောက်ငယ်သားတွေ အများကြီးက တရုတ်လူမျိုးတွေချည်းပါပဲ... ကျွန်တော်တို့က ဒီအစီအစဉ်ကို နှစ်ပေါင်းထောင်ချီကြာအောင် ချမှတ်ခဲ့ပြီး မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် စတေးခဲ့ကြတာပါ..."

ခူးဖူက ခေါင်းကို အနည်းငယ်မော့ကာ ကောင်းကင်မှ တောက်ပသော လနီကြီးကို ကြည့်ပြီး ပြောဆိုသည်။

"အင်း... ငါလည်း အရင်က အဲ့ဒီလို ထင်ခဲ့တာပဲ..."

ဖာရိုဘုရင်က ဖျောင်းဖျလိုက်သည်။

"ဘိုးဘေး... အခုပဲ စလိုက်ကြရအောင်... ကျွန်တော်တို့မှာ အခွင့်အရေးရှိတယ်လို့ ထင်တယ်..."

ခူးဖူက ခေါင်းအနည်းငယ်ညိတ်ပြပြီး ညည်းတွားလိုက်သည်။

"ငါ ပင်ပန်းနေပြီ... အသက်ရှည်ရှည် နေရတာ ကောင်းတဲ့ကိစ္စ မဟုတ်ဘူး... အကြိမ်များစွာ... သေချင်ရင်တောင် သေလို့မရဘူး... ဒီနေ့တော့ တကယ်ပဲ စိတ်သက်သာရာ ရနိုင်လောက်မယ်..."

လက်ရှိ ဖာရိုဘုရင်တွင် ယုံကြည်ချက် ရှိနေဆဲဖြစ်ကာ အခိုင်အမာ ပြောဆိုလိုက်၏။

"ဒီနေ့ သေရမယ့်သူတွေက သေချာပေါက် သူတို့ ပဲဖြစ်ရမယ်..."

ခူးဖူ ခေါင်းညိတ်သည်ကို မြင်သောအခါ...

သူသည် မြေပြင်ပေါ်တွင် ဒူးထောက်နေသော အဖြူရောင်ဝတ်ရုံဝတ် အမျိုးသားကို ချက်ချင်း အမိန့်ပေးလိုက်သည်။

"လူတိုင်းကို အကြောင်းကြားပြီး အခုချက်ချင်း တင်လှုပ်ရှားကြစမ်း..."

အဖြူရောင်ဝတ်ရုံဝတ် အမျိုးသားသည် နဖူးပေါ်တွင် ချွေးစေးများစွာ ထွက်နေပြီး မတ်တတ်ရပ်ကာ အလွန်ပြတ်သားစွာ ပြန်ဖြေလေသည်။

"ဟုတ်ကဲ့ပါ..."

ထို့နောက် သူ လှည့်ထွက်သွားလေသည်။

မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို သူ သေချာမသိသော်လည်း...

ကောင်းကင်ယံရှိ လနီကြီး၏ အလင်းရောင်သည် သူ၏အဖြူရောင်ဝတ်ရုံပေါ်သို့ ဖြည်းညှင်းစွာ ကျရောက်လာချိန်တွင် သူ အလွန် မအီမသာ ဖြစ်နေသကဲ့သို့ ခံစားလိုက်ရသည်။

ထိုခံစားချက်မှာ အလွန်ထူးဆန်းလှပေ၏။

...

ထိုအချိန်မှာပင် ကမ္ဘာမြေ၏တစ်ခြမ်းသည် ညအချိန်သို့ ရောက်ရှိသွားလေပြီ။

တရုတ်နိုင်ငံ... ရှေးဟောင်းမြို့တော်...

လင်းယုန်ငှက်ကဲ့သို့ မျက်လုံးများရှိသော အမျိုးသားတစ်ဦးသည် အမြင့်ဆုံးနေရာတစ်ခုတွင် ပုန်းကွယ်နေလေ၏။

နီမြန်းသောလရောင်သည် သူ၏ ဖြူဖွေးသော လက်မောင်းများပေါ်သို့ ကျရောက်လာချိန်တွင် အမျိုးသားက တီးတိုးရေရွတ်လိုက်သည်။

"ဒီနေ့ လရောင်က အရမ်းထူးဆန်းတာပဲ... အရမ်းနီနေတယ်... သွေးတွေလိုပဲ... တကယ့်ကို သတ်ဖြတ်ဖို့ အချိန်ကောင်းပဲ..."

တစ်ချိန်တည်းမှာပင် အမည်းရောင် သေနတ်ပြောင်းဝတစ်ခုသည် လမ်းပေါ်တွင် လျှောက်သွားနေသော အဘိုးအိုတစ်ဦးဆီသို့ ချိန်ရွယ်ပြီး တိတ်ဆိတ်စွာ ဆန့်ထွက်လာပေ၏။

သူ၏မျက်လုံးများမှာ အေးစက်နေပြီး သူ၏တစ်ကိုယ်လုံး ငြိမ်သက်နေသည်။

ထို့နောက် သူ၏လက်ချောင်းကို လှုပ်ရှားကာ ခလုတ်ကို ဆွဲချင်ခဲ့သော်လည်း သူ၏လက်ညှိုး အနည်းငယ် တင်းမာသွားချိန်တွင် နီမြန်းသော လရောင်မှာ အနည်းငယ် စူးရှလာသည်။ ထို့နောက် အလင်းရောင် ကျဆင်းလာကာ သူ၏ခန္ဓာကိုယ်ပေါ်ရှိ စွမ်းအားများအားလုံး မျက်စိတစ်မှိတ်အတွင်း ပျက်ပြယ်သွားလေ၏။

သူ၏အသိစိတ်သည်လည်း မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။

စက္ကန့်အနည်းငယ်အကြာတွင် အမြင့်ဆုံးနေရာ၌ သွေးအိုင်တစ်အိုင် အပိုင်းပိုင်းပြတ်တောက်နေသော ရုပ်အလောင်းနှင့် သေနတ်များသာ ကျန်ရစ်ခဲ့သည်။

ဤအမျိုးသားသည် အစမျှသာ ဖြစ်ပေ၏။

သူ သေဆုံးသွားသည့် အခိုက်အတန့်တွင် ဖာရိုဘုရင်၏ ကမ္ဘာလုံးဆိုင်ရာ နေရာချထားမှုမှ လုပ်ကြံသတ်ဖြတ်သူများအားလုံးသည် မှော်ဆန်သော အလင်းတန်းတစ်ခုဖြင့် ခေါင်းဖြတ်သတ်ခြင်း ခံလိုက်ကြရသည်။ သူတို့သည် တုံ့ပြန်ရန် မည်သည့်အခွင့်အရေးမျှ မရခဲ့ကြချေ။

အလင်းတန်းတချို့သည် လခြမ်းကွေးဓားများ၏ ပုံသဏ္ဌာန်ဖြင့် ထွက်ပေါ်လာခဲ့သည်။

မှော်ဆန်သော အလင်းတန်းတချို့သည် တိုက်ရိုက် ပြောင်းလဲသွားပြီး ထက်ရှသော ဓားသွားများကို ဖော်ပြနေသည်။

...

အီဂျစ်... လျှို့ဝှက်ဆန်းကြယ်သော အိမ်တော် အပြင်ဘက်...

ဖာရိုဘုရင် နေထိုင်ရာနေရာဖြစ်သောကြောင့် ပတ်ပတ်လည်တွင် အလွန်တင်းကျပ်သော လုံခြုံရေးအစီအမံများ ရှိနေ၏။

ဤနေရာ၌ အချိန်ပြည့် အဆက်မပြတ် ကင်းလှည့်နေသော ထိပ်တန်းအထူးတပ်ဖွဲ့ဝင်များ မရေမတွက်နိုင်အောင် ရှိနေသည်။ သူတို့၏ ခွင့်ပြုချက်မရှိဘဲ ခြင်တစ်ကောင်ပင် အထဲသို့ ဝင်ရောက်နိုင်မည် မဟုတ်ချေ။

သို့သော် ယနေ့တွင် သူတို့အားလုံး တစ်ခုခု မှားယွင်းနေသည်ဟု ခံစားလိုက်ရသည်။

တစ်စုံတစ်ယောက်က ညည်းတွားလိုက်သည်။

"ဟေ့လူ... ဒီနေ့ တကယ်ကို အေးတာပဲ..."

သူ၏ဘေးမှ လူတစ်ယောက်သည် သူ၏လက်ချောင်းများ အနည်းငယ် အေးစက်နေသည်ကို ခံစားလိုက်ရပြီး ထောက်ခံလိုက်၏။

"ဟုတ်တယ်... ငါလည်း ခံစားရတယ်... ရာသီဥတုကလည်း ထူးဆန်းတယ်... ဒီနေ့ နေ့ခင်းဘက်က အီဂျစ်နိုင်ငံတစ်ခုလုံးမှာ မိုးသည်းကြီးမည်းကြီး ရွာနေသလိုပဲ... ဒါပေမဲ့ အခုကျတော့ လမင်းကြီးက အရမ်းနီနေတယ်..."

"လမင်းက ငွေရောင် ဖြူဖွေးနေရမှာလေ..."

"ဒါပေမဲ့ ဒီနေ့က နီနေတယ်... တစ်ခုခုတော့ ဖြစ်တော့မယ်လို့ ငါ အမြဲတမ်း ခံစားနေရတယ်..."

"ငါ့ရဲ့နှလုံးသားထဲမှာလည်း ထိတ်လန့်စရာကောင်းတဲ့ ခံစားချက်မျိုး ရှိနေတယ်... ပြီးတော့ အဲ့ဒီခံစားချက်က အရင်က ငါ့အသက်အန္တရာယ် ရှိလာတဲ့အချိန်မှပဲ ပေါ်လာဖူးတာ..."

"အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းပါနဲ့... ဒီမှာပဲ ကောင်းကောင်း ကင်းစောင့်နေပါ... ဒီအိမ်တော်က အီဂျစ်မှာ သေချာပေါက် အလုံခြုံဆုံးနေရာပဲ... ဒီမှာ ဘယ်သူမှ လာပြီး ပြဿနာမရှာရဲဘူး..."

ထိုကဲ့သို့ စကားပြောဆိုမှုများစွာ ရှိနေခဲ့၏။

သို့သော် ဤစကားများကို သူတို့ ပြောဆိုလိုက်ချိန်တွင် သူတို့ကို ဖုံးလွှမ်းထားသော နီမြန်းသည့်လရောင်သည် ရုတ်တရက် အလွန်ထက်ရှသော ဓားတစ်လက် ဖြစ်လာခဲ့သည်။

ဝှစ်... ဝှစ်... ဝှစ်... ဝှစ်...

အိမ်တော်အပြင်ဘက်ရှိ ထိပ်တန်းအထူးတပ်ဖွဲ့ဝင်များအားလုံး သူတို့၏ခန္ဓာကိုယ်များ အပိုင်းပိုင်းအဖြတ်ခံလိုက်ရသည်။

...

လက်ရှိဖာရိုဘုရင်သည် မြက်ခင်းပြင်ပေါ်တွင် မတ်တတ်ရပ်နေကာ အေးစက်သောအသံဖြင့် ပြောဆိုလိုက်၏။

"ဘိုးဘေး... သုံးမိနစ် ကုန်သွားပြီ... အခုဆို ရလဒ်တွေ ထွက်လာလောက်ပြီ... အဲ့ဒီလူတွေအားလုံး ပြီးဆုံးသွားလောက်ပြီလို့ ထင်တယ်..."

သူ၏ဘေးမှ ခူးဖူသည် နီမြန်းသောလရောင်ကို မော့ကြည့်နေပြီး သူ၏မျက်လုံးများ နက်ရှိုင်းနေသည်။

ဟူး...

သူ အသက်ပြင်းပြင်း ရှူလိုက်သည်။

သူ၏ခန္ဓာကိုယ်မှ ပုပ်ဟောင်နေသော အနံ့အပြင် လေထုထဲတွင် သွေးနံ့အနည်းငယ်လည်း ရှိနေပေ၏။

ခူးဖူက တိတ်ဆိတ်သောအသံဖြင့် ပြောဆိုလိုက်သည်။

"အရှင်က အရေးယူနေပြီပဲ... နှစ်ပေါင်းငါးထောင်ကနေ စတင်ပြီး... ပျောက်ကွယ်သွားသင့်တဲ့ ဖာရိုမိသားစုက ဒီနေ့ လုံးဝပျက်စီးသွားပြီ..."

သူသည် တခြားသူများနှင့် ကွဲပြားခြားနားသည်။ သူ၏အမြင်အာရုံတွင် နီမြန်းသောလရောင်ကို ကြည့်နေစဉ် ထိုအလင်းရောင်ထဲတွင် ပုန်းကွယ်နေသော ထက်ရှသည့် ဓားများစွာကိုလည်း သူ မြင်တွေ့ခဲ့ရသည်။

ထိုဓားများသည် အလွန်အေးစက်ပြီး လုံးဝမတည်ရှိသည့်အလားပင်။

ထိုဓားများသည် အလွန်မြန်ဆန်ပြီး သနားညှာတာမှု ကင်းမဲ့ကာ ရက်စက်လှသည်။

ဓားတစ်လက်စီတွင် အသက်တစ်ချောင်းစီ ပါရှိပြီး အလင်းရောင် စတင်ဖွဲ့စည်းချိန်မှစ၍ ထိုအရာ၏ပစ်မှတ်ကို တိတ်ဆိတ်စွာ ချိတ်ပိတ်ထားခဲ့ပြီးဖြစ်သည်။

သူ၏နံဘေးမှ လက်ရှိဖာရိုဘုရင်သည် ထိုကိစ္စကို သတိမထားမိသေးချေ။ သူသည် အံ့တင်းတင်းကြိတ်ကာ သူ၏မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှုများ ထင်ဟပ်နေပြီး သူက လက်မလျှော့သေးဘဲ ပြောဆိုလိုက်၏။

"ဘိုးဘေး... နောက်ဆုံးရလဒ်ကို ကျွန်တော် သူတို့ကို မေးလိုက်ပါ့မယ်... အဲ့ဒီ သောက်သုံးမကျတဲ့ကောင်တွေ... သုံးမိနစ်ပြည့်တာနဲ့ ချက်ချင်း သတင်းပို့ဖို့ ကျွန်တော် ပြောထားပြီးသားကို..."

ထို့နောက် ငွေရောင်တောင်ဝှေးပေါ်တွင် တင်ထားသော သူ၏လက်ချောင်းသည် ဖိချရန် အသင့်ဖြစ်နေလေပြီ။

သို့သော် သူ ပို၍ အားစိုက်ထုတ်လိုက်ချိန်တွင်...

ခူးဖူ၏အသံ တစ်ဖန်ထပ်၍ ထွက်ပေါ်လာခဲ့သည်။

"လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ် အရှင်..."

ဤစကားကို ကြားလိုက်ရသောအခါ လက်ရှိဖာရိုဘုရင် အလွန်စိတ်ရှုပ်ထွေးသွားသည်။

ထို့နောက် သူ၏ခေါင်းကိုလှည့်ကာ ခူးဖူကို ကြည့်လိုက်၏။

မူလက ရက်စက်ကြမ်းကြုတ်မှုများ ထင်ဟပ်နေသော မျက်လုံးများသည် မျက်စိတစ်မှိတ်အတွင်း ပြူးကျယ်သွားပြီး သူ၏မျက်လုံးထဲရှိ အရာအားလုံးမှာ မယုံနိုင်စရာ ဖြစ်နေခဲ့သည်။

သူ၏မှတ်ဉာဏ်ထဲတွင် အရာအားလုံးကို စွမ်းဆောင်နိုင်ပြီး အလွန်အစွမ်းထက်သော ဘိုးဘေးခူးဖူ၏ ခန္ဓာကိုယ်သည် မရေမတွက်နိုင်သော ထက်ရှသည့် ဓားများဖြင့် ရူးသွပ်စွာ ခုတ်ထစ်ခံလိုက်ရသကဲ့သို့ ချက်ချင်း အပိုင်းအစရာပေါင်းများစွာ ကွဲထွက်သွားတော့သည်။

All Chapters