← Chapters

အခန်း (၄၀၆-၄၀၈)

Vol. 28 Ch. 406-408

အခန်း (၄၀၆-၄၀၈)

Vol. 28 Ch. 406-408

အခန်း ၄၀၆ - ကုန်သွယ်မှု၊ လှေအသုံးပြုရန် လုံခြုံသည့်အချိန်အား စမ်းသပ်ခြင်း

ချန်စီ၏ ရှင်းရှင်းလင်းလင်းမရှိသည့်အဖြေကို ကြားလိုက်ရသောအခါ ရှောင်းယီ မျက်မှောင်ကြုံ့လိုက်မိသည်။ ဤအဖြေသည် ထိုလူ၏စိတ်ထဲ၌ အနည်းငယ်လောဘကြီးသည်ကို ပြသနေခဲ့သည်။

အဆင့်တစ်ခုကို ချိုးဖျက်ရန် အဆင့်မြင့်အစားအစာ မည်မျှလိုအပ်သည်ကို မည်သူမျှ အတိအကျမပြောနိုင်ပေ။ ၎င်းသည် လူတစ်ဦးချင်းစီ၏ပါရမီနှင့် ဆက်စပ်နေခြင်းဖြစ်သည်။

ချန်စီသည်လည်း ဤပြဿနာကို သတိထားမိဟန်ရှိပြီး ဆက်ပြောလာခဲ့သည်။

“ဒီတောင်းဆိုမှုက အတော်လေးများနေတယ်ဆိုတာ ကျုပ်သိပါတယ်။ ဒါပေမယ့် ကျုပ် B အဆင့်ကို ထိုးဖောက်ပြီး စာချုပ်ပိုင်ရှင်ထက် အဆင့်တစ်ခုမြင့်သွားမယ်ဆိုရင် စာချုပ်ရဲ့အာဏာကို ချိုးဖောက်နိုင်ခြင်း ရှိ၊မရှိကို အခမဲ့ပြောပြမှာပါ။”

“A အဆင့်ငါးအသား တစ်ကတ်တီ။ နောက်ပိုင်းမှာ မင်းအဆင့်တက်သွားခဲ့ရင် အချက်အလက်တွေကို အခမဲ့ပြောပြရမယ်။ သဘောမတူဘူးဆိုရင်တော့ မေ့လိုက်ပါ။”

ရှောင်းယီ အနည်းငယ်စဉ်းစားပြီးနောက် ပြန်ပြောလိုက်၏။

ချန်စီသည် ရှောင်းယီ၏ အကြောင်းပြန်ချက်ကိုမြင်သောအခါ အနည်းငယ်စိတ်ပျက်သွားမိသော်လည်း A အဆင့်ငါး တစ်ကတ်တီလောက်ဆိုလျှင် လုံလောက်မည်ဟုထင်မိပေသည်။

“ကောင်းပြီ ကျုပ် သဘောတူတယ်။”

“[ပင်လယ်ငါး] (A အဆင့်) ၅၀၀ ဂရမ် - အခမဲ့လဲလှယ်ခြင်း။”

ရှောင်းယီသည် သူ့ဘက်မှစ၍ လဲလှယ်မှုတစ်ခုကို စတင်လိုက်သည်။

ချန်စီသည် ၎င်းကို ချက်ချင်းပင် လက်ခံလိုက်ပြီး ငါးတစ်ကတ္တီကို ရရှိခဲ့သည်။

“မင်းအခုထိ ပင်လယ်ထဲမှာ မျောနေတုန်းပဲလား။”

ရှောင်းယီက မေးလိုက်သည်။

“ဟုတ်တယ် အဲ့ဒီ သောက်ခွေးသားရွှမ်းယွမ်ဝူဝေ့က ကျုပ်ကို အသေးစားလှေလေးနဲ့ ပြန်ခိုင်းတယ်လေ။ တကယ် စိတ်တိုစရာပဲ။”

ချန်စီက ကျိန်ဆဲလိုက်၏။

“မင်းရဲ့ကျွန်းက ရွှမ်းယွမ်ဝူဝေ့ရဲ့ကျွန်းကနေ ဘယ်လောက်ဝေးလဲ။”

ရှောင်းယီက မေးလိုက်သည်။

“ကီလိုမီတာ သုံးရာကျော်။”

ချန်စီက ပြန်ဖြေသည်။

“ဒါဆို မင်းကျွန်းကို အမြန်ပြန်သွားပြီး ဖြစ်နိုင်သမျှ မြန်မြန်ထိုးဖောက်ဖို့လုပ်တော့။ ငါအဖြေကို သိချင်တယ်။!”

ရှောင်းယီသည် ထို့သို့ပြောပြီးနောက် တစ်ချိန်တည်းမှာပင် လဲလှယ်မှုတစ်ခုကို စတင်လိုက်၏။

“[အပျော်စီးရွက်သင်္ဘော] (SSS အဆင့်) တစ်နာရီအသုံးပြုခွင့် ၁ - အခမဲ့လဲလှယ်ခြင်း။”

“မင်းရဲ့လှေကို အပျော်စီးရွက်သင်္ဘောနဲ့ ချည်လိုက်။ ခိုင်ခိုင်ချည်ထား။”

ရှောင်းယီက သတိပေးလိုက်သည်။

“အခုချက်ချင်းသုံးနော်။ အပျော်စီးရွက်သင်္ဘောကလည်း လုံခြုံမှုမရှိသေးဘူး။ ခါးပတ်ကို မဖြစ်မနေပတ်ထားရမယ်။ အချိန်တိုအတွင်းတော့ ပြဿနာမရှိပါဘူး။”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် သူဌေး။”

ချန်စီသည် ထိုလဲလှာ်မှုကို မြင်လိုက်ရသောအခါ စိတ်လှုပ်ရှားသွား၏။ အသေးစားလှေငယ်သည် လုံခြုံသည်ဆိုသော်လည်း သူသည် အရာရာတိုင်းကို ကြောက်ရွံ့နေရသည်။ အကယ်၍ အားကောင်းသော ပင်လယ်သတ္တဝါများနှင့် ရင်ဆိုင်ခဲ့ရပါက အန္တရာယ်ရှိလာမည်ဖြစ်သည်။

ရှောင်းယီထံမှ ရရှိသော အပျော်စီးရွက်သင်္ဘောဖြင့်ဆိုလျှင် သူသည် မကြာမီ သူ၏ကျွန်းသို့ ပြန်သွားနိုင်မည်ဖြစ်သည်။

အပျော်စီးရွက်သင်္ဘောသည် ရှေးဦးဧရာမသတ္တဝါကြီးများကို ဆွဲဆောင်နိုင်သော်လည်း နာရီဝက်ခန့်သာ ကြာမြင့်မည်ဖြစ်ရာ ပြဿနာမရှိသင့်ပေ။

ချန်စီသည် သူ၏ကျွန်းသို့ ပိုမိုစောစီးစွာ ပြန်ရောက်နိုင်မည်ကို စိတ်မလှုပ်ရှားဘဲ မနေနိုင်ပေ။ လဲလှယ်မှုကို သဘောတူပြီးနောက် ချန်စီ၏လှေငယ်ဘေးတွင် အပျော်စီးရွက်သင်္ဘောတစ်စင်း ထွက်ပေါ်လာခဲ့လေသည်။

သူသည် သူ၏လှေငယ်ကို အပျော်စီးရွက်သင်္ဘော၏ဘေးတွင် ခိုင်ခံစွာချည်နှောင်ပြီး အပျော်စီးရွက်သင်္ဘောပေါ်သို့ တက်သွားလိုက်သည်။

“ကျေးဇူးပြုပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင် သို့မဟုတ် ပုံကြမ်းပေါ်တွင် ခရီးပန်းတိုင်ကို ထောက်ပံ့ပေးပါ။”

အပျော်စီးရွက်သင်္ဘောပေါ်ရှိ စမတ်အကူ ရှောင်ယောင်က ပြောလိုက်သည်။ ထိုအရာကိုတွေ့လိုက်ရသောအခါ ချန်စီ အံ့ဩထိတ်လန့်သွားပြီး တစ်ကိုယ်တည်း ရေရွတ်မိလိုက်၏။

“ဒီအပျော်စီးရွက်သင်္ဘောမှာ AI ပါတာလား။”

ထို့နောက် သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် သူ့ကျွန်း၏တည်နေရာကို ချက်ချင်းပင် ရှာဖွေတွေ့ရှိခဲ့လေသည်။

“ခရီးပန်းတိုင်နှင့် ၃၁၂ ကီလိုမီတာ ကွာဝေးပါတယ်။ ရောက်ရှိရန် ခန့်မှန်းခြေအားဖြင့် ၃၁ မိနစ် ကြာမြင့်မှာဖြစ်ပါတယ်။ ကျေးဇူးပြုပြီး ခါးပတ်ပတ်ထားပေးပါ။”

ရှောင်ယောက်က ပြောလိုက်သည်။ ထို့နောက် အပျော်စီးရွက်သင်္ဘောသည် ချက်ချင်းပင် စတင်လှုပ်ရှားသွားပြီး အလွန်မြန်ဆန်စွာဖြင့် ရွေ့လျားသွားတော့လေသည်။

ဘေးနှစ်ဖက်ရှိ ပင်လယ်ရေများ လျင်မြန်စွာ နောက်ကျန်ခဲ့သည်ကို မြင်လိုက်ရသောအခါ ချန်စီ တီးတိုးရေရွတ်မိလိုက်၏။

“ကုန်းပတ်ပေါ်မှာရပ်ပြီး ဒီမြန်နှုန်းကို မခံစားရတာ စိတ်မကောင်းစရာပဲ။”

ရှောင်းယီ၏သတိပေးချက်ကို ချန်စီသည် အလွန်တရာ လေးလေးနက်နက်လိုက်နာခဲ့ပြီး သူ့ကိုယ်သူ သေလမ်းရှာခြင်းမရှိခဲ့ပေ။

နာရီဝက်တအချိန် အလျင်အမြန် ကုန်ဆုံးသွားပြီးနောက် အရာအားလုံး ချောမွေ့ခဲ့ပြီး မည်သည့်မတော်တဆမှုများမှ မရှိခဲ့ပေ။

ချန်စီသည် သူ၏ကျွန်းကိုပင် လှမ်းမြင်နိုင်နေပြီဖြစ်သည်။

“ဒီလိုအပျော်စီးသင်္ဘောမျိုးသာရှိရင် ကျယ်ပြောတဲ့ပင်လယ်ပြင်ကြီးထဲကို သူ့ဟာသူရောက်အောင်လာနိုင်တယ်။ အရမ်းကောင်းတာပဲ။”

ချန်စီသည် ခါးပတ်ကို စတင်ဖြေလျှော့လိုက်စဉ် ရုတ်တရက် အလွန်ကျယ်လောင်သောအသံတစ်ခု ကြားလိုက်ရပြီး သူသည် လေပေါ်ပျံတက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

ပိုမိုတိကျစွာပြောရလျှင် အပျော်စီးသင်္ညောတစ်ခုလုံး ပျံသန်းနေခြင်းဖြစ်သည်။

“မကောင်းတော့ဘူး။ တကယ်ပဲ ရှေးဦးဧရာမသတ္တဝါကြီးတွေ လိုက်လာနေပြီ။”

ချန်စီ၏စိတ်တစ်ခုလုံး နှစ်မြုပ်သွား၏။

“ဘာဖြစ်သွားတာလဲ။”

သူက မေးလိုက်သည်။

“ကျုပ်တို့ ရှေးဦးဧရာမသတ္တဝါကြီးရဲ့ တိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်။ ရေဒါစကန်ဖတ်ချက်အရ နက်ပကျွန်းနဂါးတစ်ကောင်နဲ့ အလွန်ဆင်တူပါတယ်။”

ရှောင်ယောက်က ပြန်ဖြေလိုက်သည်။

ချန်စီသည် နက်ပကျွန်းနဂါးဆိုသည်မှာ ဘာကိုဆိုလိုကြောင်း လုံးဝမသိသော်လည်း အမည်ကိုကြားလိုက်ရုံဖြင့် ၎င်းသည် အလွယ်တကူရန်စ၍မရနိုင်ကြောင်း သိလိုက်ရပြီး စိုးရိမ်တကြီး မေးလိုက်၏။

“ဒါဆို အခုဘာလုပ်ရမလဲ။”

“မစိုးရိမ်ပါနဲ့။ ပထမဆုံးအကြိမ်မှာ သူက ကျုပ်တို့ကို မကိုက်ခဲ့ပါဘူး။ ရေထဲဆွဲချဖို့ပဲ ကြိုးစားခဲ့တာပါ။ ကျုပ်တို့မှာ အခွင့်အရေးရှိပါတယ်။”

ရှောင်ယောက်က ပြန်ဖြေသည်။

“ဗုံး”

အပျော်စီးသင်္ဘောသည် ပင်လယ်ထဲပေါ်သို့ ပြန်လည်ပြုတ်ကျရောက်သွားပြီးနောက် ရှောင်ယောက်သည် ချန်စီ၏ကျွန်းဆီသို့ ဆက်လက်မောင်းနှင်သွားလိုက်၏။ သို့သော် နပကျွန်းနဂါးကြီးသည်လည်း သူတို့နောက်မှ အလျင်အမြန်လိုက်လာနေခဲ့သည်။

“ခန့်မှန်းခြေအားဖြင့် ငါးစက္ကန့်အတွင်း နက်ပကျွန်းနဂါးက ကျုပ်တို့ကို ဖမ်းမိပါလိမ့်မယ်။”

ရှောင်းယောက်က အလျင်အမြန်ပြောလိုက်သည်။

“အခု သင့်ရဲ့လှေပေါ်တက်ပြီး အပျော်စီးရွက်သင်္ဘောကို ပြန်အပ်လိုက်ပါ။”

ရှောင်ယောက်၏စကားကိုကြားလိုက်ရသောအခါ ချန်စီသည် လှေပေါ်တက်ရင် သေမှာလားဆိုသည်ကိုပင် စဉ်းစားရန်အချိန်မရှိတော့ဘဲ ချက်ချင်း လှုပ်ရှားလိုက်၏။

ခါးပတ်ကိုဖြေကာ လှေငယ်ဆီသို့ ပြေးသွားပြီး ဓားမြှောင်ဖြင့် ကြိုးကိုဖြတ်ပြီးနောက် လှေငယ်သည် ပင်လယ်ထဲသို့ ကျသွားခဲ့လေသည်။ ထို့နောက် သူသည် လှေငယ်ပေါ်သို့ တိုက်ရိုက်ခုန်ဆင်းလိုက်၏။

ကလစ်

အပျော်စီးရွက်သင်္ဘောသည် ချက်ချင်းရပ်တန့်သွားပြီး ချက်ချင်းပင် လယ်အောက်သို့ နစ်မြုပ်သွားတော့သည်။

ချန်စီသည် ဓားရှည်ကြီးများနှင့်တူသော သွားများပါရှိသည့် ဧရာမပါးစပ်တစ်ခုကိုသာ မြင်တွေ့ခဲ့ရလေသည်။

အပျော်စီးရွက်သင်္ဘော ပင်လယ်အောက်သို့ ဆွဲချခံရခြင်းကြောင့် ဖြစ်ပေါ်လာသော ရေဝဲသည် သူ၏လှေကို မှောင်ချပစ်လုနီးပါးပြုလုပ်နိုင်ခဲ့ပြီး ချန်စီသည် ၎င်းကို တည်ငြိမ်အောင်ကြိုးစားလိုက်ရ၏။

ချန်စီသည် ချက်ချင်းပင် သူ၏ကျွန်းဆီသို့ လှော်ခတ်ပြီး ကျောက်အထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် အပျော်စီးရွက်သင်္ဘောကို ပြန်အပ်လိုက်တော့သည်။

“သူဌေး အခုလေးတင် ကျုပ်တို့ ဧရာမသတ္တဝါကြီးနဲ့ ဆုံခဲ့ရတယ်။ လှေပေါ်က AI ရဲ့ညွှန်ကြားချက်အတိုင်း ကျုပ် ခုန်ထွက်ပြီးတာနဲ့ အပျော်စီးရွက်သင်္ဘောကို အဲ့ဒီဧရာမသတ္တဝါက ရေအောက်ကို ဆွဲချသွားတယ်။”

ချန်စီက စိုးရိမ်စွာပြောလိုက်၏။

“ကောင်းပြီ မင်း အပျော်စီးရွက်သင်္ဘောကို ပြန်ပို့လိုက်ရင်ရပြီ။”

ရှောင်းယီ ပြန်ဖြေပြီးနောက် အချိန်ကိုကြည့်ကာ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

“နာရီဝက်အတိအကျပဲ။”

လောကတစ်ခွင် တိုးတက်လာသည်နှင့်အမျှ အပျော်စီးရွက်သင်္ဘောများသည် ပိုပို၍ ပစ်မှတ်ထားခြင်းခံလာကြရသည်။ ဤတစ်ကြိမ်တွင် သူသည် လုံခြုံစွာအသုံးပြုနိုင်သည့်အချိန်ကို စမ်းသပ်ရန် ချန်စီထံသို့ အပျော်စီးရွက်သင်္ဘောအား ငှားရန်စဉ်းစားခဲ့ခြင်းဖြစ်ပေသည်။

ချန်စီက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှတစ်ဆင့် အပျော်စီးရွက်သင်္ဘောကို ပြန်အပ်လိုက်သောအခါ အပျော်စီးရွက်သင်္ဘောအား ဆွဲချသွားသော နက်ပ်ကျွန်းနဂါးကြီး၏ပါးစပ်သည် လစ်ဟာသွားခဲ့ပြီး အပျော်စီးရွက်သင်္ဘောမှာ ပျောက်ကွယ်သွားခဲ့သည်။

နက်ပ်ကျွန်းနဂါးသည် ပင်လယ်ထဲတွင် အလွန်အမင်း ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ထိုဟိန်းသံကြောင့် အနီးအနားရှိ ငါးများမှာ ချက်ချင်းပင် ကြောက်လန့်တကြားထွက်ပြေးသွားကြပြီး အချို့ငါးများမှာမူ နက်ပ်ကျွန်းနဂါး၏ ဟိန်းဟောက်သံကြောင့် အကြောက်လွန်ကာ သေဆုံးသွားခဲ့ကြလေသည်။

လှေငယ်ကိုလှော်ခတ်နေသော ချန်စီသည် ပင်လယ်ပြင်၌ ရုတ်တရက် တဖြည်းဖြည်း လှိုင်းထလာနေသည်ကို သတိထားလိုက်မိပြီး ကျွန်းပေါ်သို့ ပိုမိုအားစိုက်ကာ လှော်ခတ်လိုက်၏။

ချန်စီ အပျော်စီးရွက်သင်္ဘောပေါ်မှ ခုန်ချလိုက်သောနေရာသည် သူ၏ကျွန်းနှင့် ၁၀ ကီလိုမီတာခန့် ဝေးသေးသည်။

အလွန်ပြင်းထန်သည့် အသက်ရှင်သန်လိုစိတ်ကြောင့် ချန်စီသည် အလွန်ပြင်းထန်သောခွန်အားများ ပေါက်ကွဲထွက်လာခဲ့၏။

နာရီဝက်ခန့်သာ ကြာမြင့်ခဲ့ပြီးနောက် ချန်စီသည် အောင်မြင်စွာဖြင့် ကမ်းကပ်နိုင်ခဲ့ပေသည်။ ကမ်းကပ်ပြီးနောက် ချန်စီသည် လှေငယ်ပေါ်မှ ကမ်းစပ်သို့ ခုန်ဆင်းလိုက်၏။ လှေကို ကမ်းစပ်တွင် ချည်နှောင်ပြီးနောက် သူသည် ကျွန်းအတွင်းပိုင်းသို့သွားကာ ရပ်တန့်လိုက်ပြီး အမောတကောဖြင့် ထိန်းမရအောင် ယောက်ရက်ခတ်နေသော ပင်လယ်ပြင်ကို စိုက်ကြည့်လိုက်သည်။

“အဲဒီနက်ပ်ကျွန်းနဂါး ပင်လယ်နဂါးဘုရင်က ငါ့ကျွန်းကို တိုက်ခိုက်မှာတော့ မဟုတ်ဘူးမလား။”

ချန်စီက ထိတ်လန့်စွာ တွေးလိုက်မိ၏။

ပင်လယ်ထဲတွင် လှိုင်းလုံးများ ဆက်လက်တည်ရှိနေပြီး ရေပေါ်တွင် သေဆုံးနေသော ငါးအချို့ပင် ပေါလောမျောနေခဲ့သည်။

လှိုင်းခတ်သံများကို ကြားနေရခြင်းမှလွဲ၍ ပတ်ဝန်းကျင်သည် ခပ်တိတ်တိတ်သာရှိနေ၏။ နောက်အခိုက်တွင် ထိုဧရာမနက်ပ်ကျွန်းနဂါးကြီးသည် ရေထဲမှ ခုန်ထွက်လာကာ သူ၏ကျွန်းတစ်ခုလုံးကို ဖျက်ဆီးမည်ဟုပင် ခံစားနေရလေသည်။

အခန်း ၄၀၇ - ချန်စီ ဘေးကင်းစွာရောက်ရှိခြင်း၊ မျှော်လင့်မထားသော အကျိုးအမြတ်

“သူဌေး ပြန်ရောက်လာပြီ။”

ထိုစဉ် ချန်စီ သူ၏ နောက်ကျောဘောမှ အသံတစ်ခုရုတ်တရက်ကြားလိုက်ရပြီး သူ့ကို လန့်ဖျန့်သွားစေခဲ့သည်။

ချန်စီသည် သူ၏လက်ဝါးဖြင့် ထိုလူကို ဗြန်းခနဲရိုက်ပြီး ပြောလိုက်၏။

“လူကို လန့်အောင်မလုပ်ရဘူးဆိုတာ မင်းမသိဘူးလား။ ကြောက်လို့သေတော့မယ်။”

သူ၏ညီငယ်လေးသည် ဇက်ပုလိုက်ပြီးနောက် မေးလိုက်သည်။

“ဘာဖြစ်သွားခဲ့တာလဲ။ ကျုပ်တို့ရဲ့ အလတ်စားရွက်သင်္ဘောကရော။”

“နောက်မှပြောပြမယ်။”

ချန်စီသည် ပင်လယ်ပြင်ကို စိုးရိမ်စွာဖြင့် ဆက်ကြည့်နေဆဲဖြစ်သည်။

ညီငယ်လေးသည် သံသယာမျက်လုံးများဖြင့် ပင်လယ်ပြင်ကို လှမ်းကြည့်လိုက်ပြီးနောက် မျက်လုံးများတောက်ပလာကာ ပြောလိုက်သည်။

“ငါးတွေအများကြီးပဲ...ကျုပ် ပိုက်ကွန်သွားယူလိုက်မယ်။”

ထိုသို့ပြောပြီးနောက် ထိုညီငယ်သည် ပြေးထွက်လိုက်ချင်ခဲ့သော်လည်း ချန်စီက သူ့ကိုဆွဲတားလိုက်၏။

ဝုန်း

ထိုစဥ် ရုတ်တရက် ဝုန်းခနဲ အလွန်ကျယ်လောင်သည့်အသံတစ်ခုကို ကြားလိုက်ရပြီး ပင်လယ်ထဲမှ ငါးမီတာရှိသော ဧရာမခေါင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

ချန်စီနှင့် သူ၏ညီငယ်သည် ချက်ချင်းပင် ကျောက်ဖြစ်ရုပ်ကြွင်းများဖြစ်သွားပြီး လုံးဝမလှုပ်ရှားဝံ့ကြတော့ပေ။

ထိုခေါင်းကြီးသည် အနည်းငယ်စောင်းကာ တစ်စုံတစ်ခုကို ရှာဖွေနေဟန်ရှိသော်လည်း မတွေ့တော့သည့်နောက်ဆုံးတွင် ပင်လယ်ထဲသို့ ပြန်ဆင်းသွားခဲ့လေသည်။

ဝုန်း

ပင်လယ်ပြင်တွင် လှိုင်းလုံးကြီးများသည် သုံးမီတာအမြင့်အထိ လှိုင်းထသွားပြီး ချက်ချင်းပင် ချန်စီ၏ကျွန်းဆီသို့ ပြေးဝင်လာခဲ့သည်။

ချန်စီနှင့် သူ၏ညီငယ်တို့သည် ရေများဖြင့် ရွှဲစိုသွားခဲ့သော်လည်း လုံးဝမလှုပ်ရှားဝံ့ကြပေ။

လွန်ခဲ့သည်အခိုက်အတန့်က ပင်လယ်နဂါးဘုရင်၏ အကြည့်တစ်ချက်သည် သူတို့နှစ်ဦးအား သေခြင်းတရားကိုပင် ခံစားရစေခဲ့သည်။

ကံကောင်းထောက်မစွာပင် ၎င်းသည် ချန်စီတို့နှစ်ဦးအား စိတ်ဝင်စားခြင်းမရှိဘဲ ပင်လယ်ထဲသို့ ပြန်ဆင်းသွားခဲ့၏။

“အဲ့ဒါ...အဲ့ဒါ...သွားပြီလား”

ထိုညီငယ်လေး၏ ပေါင်ခြံကြားထဲ၌ ပူနွေးသွားခဲ့သည်။ ချန်စီသည် အသက်ပြင်းရှည်ကြီးတစ်ချက်ကို မှုတ်ထုတ်ပြီး ခေါင်းခါကာ ပြန်ဖြေလိုက်သည်။

“မသိဘူး။ ဒါပေမယ့် သူက ငါတို့ကို စိတ်မဝင်စားဘူးလို့တော့ ငါထင်တယ်။”

“စိတ်မဝင်စားတာ ကံကောင်းတာပဲ။ မဟုတ်ရင် ကျုပ်တို့သေသွားလောက်ပြီ။”

ထိုညီငယ်သည် နောက်ဆုံးတွင် သတိဝင်လာခဲ့ပြီး သူ၏စကားသံများမှာ တုန်ယင်နေဆဲဖြစ်သော်လည်း ပိုမိုရှင်းလင်းလာခဲ့သည်။ ချန်စီက ခေါင်းညိတ်လိုက်သည်။

“သူဌေး ဒီသတ္တဝါမျိုးကို ဘယ်လိုတောင် နှောင့်ယှက်မိခဲ့တာလဲ။”

ထိုညီငယ်က မနေနိုင်တော့ဘဲ မေးလိုက်၏။

“အဲ့ဒါက ဟိုလိပ်မသားရွှမ်းယွမ်ဝူဝေ့ကြောင့်ပဲ။ သူက ငါ့သင်္ဘောကိုယူပြီး ငါ့ကိုလည်း စာချုပ်ချုပ်ခိုင်းခဲ့တယ်။ ပြီးတော့ ငါ့လှေငယ်လေးနဲ့ပြန်ခိုင်းပြီး ပစ္စည်းတွေအကုန်လုံးကို လဲလှယ်ခိုင်းလိုက်တယ်။”

ချန်စီက ဒေါသတကြီးဖြင့် ပြန်ဖြေလိုက်သည်။

“အား သူဌေး ခင်ဗျားက အခု သခင်ရွှမ်းယွမ်ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားပြီလား။”

ညီငယ်က စိုးရိမ်စွာဖြင့် မေးလိုက်၏။

ချန်စီကျွန်းသို့ရောက်သောအခါ ဤညီငယ်သည် အတန်ငယ် စိတ်ကျေနပ်နေခဲ့သည်။ ချန်စီသည် ကောင်းစွာဖွံ့ဖြိုးတိုးတက်နေခဲ့၏။ သူ့တွင် လယ်ကွင်းများရှိပြီး သီးနှံအချို့စိုက်ပျိုးထားကာ နေ့စဉ်ငါးဖမ်းခြင်းဖြင့် အနည်းဆုံး စားစရာအတွက် မပူရတော့ပေ။ ရံဖန်ရံခါ ချန်စီသည် C အဆင့် ပြောင်းဖူးအချို့ကို သူ့အားကျွေးမွေးခဲ့သည်။

ထို့ကြောင့် ဤညီငယ်သည် ချန်းစီအား အလွန်သစ္စာရှိပေသည်။

ချန်စီက ခေါင်းခါကာ ပြောလိုက်၏။

“ဟမ့် အဲ့ဒီလိပ်မသားက ငါ့ရဲ့ရုပ်ခန္ဓာက သူ့နဲ့အတူတူပဲဆိုတာ မျှော်လင့်ထားခဲ့မှာတောင်မဟုတ်ဘူး။ ဒါ့အပြင် ငါက သူထက် နည်းနည်းလေးတောင် ပိုမြင့်နေသေးတယ်။ ဒီလိုမျိုးစာချုပ်ဆက်ဆံရေးက မတည်ငြိမ်ဘူး။ ငါသာ B အဆင့်ရုပ်ခန္ဓာကို ထိုးဖောက်နိုင်မယ်ဆိုရင် အဲ့ဒီသောက်ကျိုးနည်းစာချုပ်ရဲ့ကြိုးကိုင်မှုကို လွတ်မြောက်နိုင်မယ်လို့ ခံစားနေရတယ်။”

သူ၏ညီငယ်က စိုးရိမ်စွာဖြင့် ဆက်ပြောလာခဲ့သည်။

“ဒါပေမယ့် C အဆင့်ကနေ B အဆင့်ကိုရောက်ဖို့က အရမ်းခက်ခဲတယ်လေ။”

“သိပ်မဝေးတော့ဘူးလို့ ငါခံစားရတယ်။ ဒီသတင်းကို ငါ ယီရန်ပင်းသူဌေးဆီမှာ A အဆင့် အစားအစာတစ်ချို့နဲ့ လဲလှယ်ခဲ့တယ်။ အဲ့ဒါတွေက ငါ့ရဲ့တိုးတက်မှုကို ပိုမြန်စေနိုင်သင့်တယ်။”

ချန်စီက ပြန်ဖြေလိုက်သည်။

“အရမ်းကောင်းတယ်။”

ထိုညီငယ်သည် ချန်စီအတွက် အမှန်တကယ် ပျော်ရွှင်သွားခဲ့ပြီး သံသယဖြင့် ဆက်မေးလိုက်၏။

“မဟုတ်သေးပါဘူး။ လှေလှော်ရင်းနဲ့ အဲ့ဒီရှေးဦးဧရာမသတ္တဝါကို ဘယ်လိုဝင်တိုက်မိနိုင်ခဲ့တာလဲ။ လှေငယ်လေးတွေက စိတ်အချရဆုံးလို့ဆိုတယ်မဟုတ်ဘူးလား။”

ချန်စီက ရှင်းပြလိုက်သည်။

“ယီရန်ပင်းနဲ့ စီးပွားရေးလုပ်ပြီးတာနဲ့ သူက အပျော်စီးရွက်သင်္ဘောကို အခမဲ့ငှားပေးခဲ့တယ်။ အန္တရာယ်ရှိတယ်ဆိုပေမယ့် လှေထက်စာရင် အမြဲတမ်းပိုမြန်တယ်လေ။ ငါလည်း အဲ့ဒါကိုသုံးဖို့ ချက်ချင်းဆုံးဖြတ်လိုက်တယ်။ ပြီးတော့ အဲ့ဟာပေါ်လာတာပဖြ။ ငါ အချိန်မီခုန်ချနိုင်ခဲ့ ကံကောင်းတယ်။ မဟုတ်ရင် အပျော်စီးရွက်သင်္ဘောနဲ့အတူ ပင်လယ်ထဲကို ဆွဲချခံရမှာ! အဲ့ဟာ ခုနပြန်ပေါ်လာတာက အပျော်စီးရွက်သင်္ဘောကို လာရှာတာဖြစ်နိုင်တယ်။ အပျော်စီးရွက်သင်္ဘောက သိပ်အဆင့်မြင့်လွန်းနေသေးတယ်။ အဲ့ဒါကြောင့် ဒီလိုမျိုးကန့်သတ်ချက်တွေရှိနေတာ။”

“အံ့ဩစရာမဟုတ်တော့ဘူးပဲ။”

သူ၏ညီငယ်က ရုတ်တရက်နားလည်သွားပြီး ပြောလိုက်သည်။

“ဒီယီရန်ပင်းက တကယ်ကောင်းတယ်။”

ချန်စီက သဘောတူဟန် ခေါင်းညိတ်လိုက်သည်။ ထိုညီငယ်သည် ငြိမ်သက်နေသောပင်လယ်ပြင်ကို ထပ်မံကြည့်ရှုပြီးနောက် မေးလိုက်၏။

“သူဌေး အဲဒီဟာက သွားပြီလို့ မင်းပြောခဲ့တယ်မလား။ ကျုပ်တို့ သေနေတဲ့ငါးတွေအကုန်လုံးကို ဖမ်းလို့ရမလား။”

ချန်စီက ခေါင်းညိတ်ပြလိုက်သည်။

“အင်း ပိုက်ကွန်ကိုမြန်မြန်သွားထုတ်ခဲ့ ခဏနေရင်အဝေးရောက်သွားလိမ့်မယ်။”

ထိုညီငယ်သည် ချက်ချင်းပင် ကျွန်းထဲသို့ပြေးဝင်သွားပြီး ပိုက်ကွန်တစ်ခုကိုယူကာ သေနေသောငါးများအားလုံးကို အတူတကွဖမ်းယူလိုက်ကြသည်။

“အများကြီးပဲ ကျုပ်တို့ အချိန်အကြာကြီးစားဖို့အတွက် လုံလောက်နိုင်တယ်။”

ညီငယ်သည် ပျော်ရွှင်စွာပြောလိုက်ပြီး ချန်စီနှင့်အတူ ရွှမ်းယွမ်ဝူဝေ့ကို သွားရောက်ကူညီခဲ့သော သူ၏ပါတနာအကြောင်း ရုတ်တရက်သတိရသွားခဲ့ပြီး မေးလိုက်သည်။

“ဒါနဲ့ ရှောင်းယွီရော...။”

ချန်စီက ဝန်လေးစွာဖြင့် ခေါင်းခါပြီး ပြောလိုက်၏။

“ဒေသခံတွေက သူ့ကို သတ်ပစ်လိုက်ပြီ။ အဲ့ဒါက ရွှမ်းယွမ်ဝူဝေ့ကြောင့်ပဲ။ သူက ငါ့ကို ဒေသခံတွေကို တိုက်ခိုင်းခဲ့တယ်။ ဒေသခံသင်္ဘောနားကပ်သွားနိုင်ခဲ့ပေမယ့် ဒေသခံတွေလက်ထဲက သေနတ်တွေက အရမ်းရက်စက်နေတုန်းပဲ။”

“ဒီရွှမ်းယွမ်က ဘယ်လိုတောင်လုပ်နိုင်ရတာလဲ။”

ထိုညီငယ်သည်လည်း သဘာဝကျကျောပင် စက်ဆုပ်ရွံရှာပြီး ခံပြင်းဒေါသထွက်သွားခဲ့သည်။

“ဟူး....ဒါက ငါ့အပြစ်လည်းပါပါတယ်။ C အဆင့် ရေသန့်ကို ငါလောဘကြီးခဲ့လို့သာ မဟုတ်ရင်... ဟူး။”

ချန်စီ သက်ပြင်းချလိုက်မိသည်။

“ဒါက ကျုပ်တို့ အတူတူဆုံးဖြတ်ချက်ချခဲ့တာပဲ။ ခင်ဗျားတစ်ယောက်တည်းကိုပဲ အပြစ်တင်လို့မရပါဘူး။ ခင်ဗျားရဲ့အဆင့်ကို လုံလောက်တဲ့အဆင့်အထိတိုးမြှင့်နိုင်မှသာ ကျုပ်တို့ပိုကောင်းကောင်းနေထိုင်နိုင်လိမ့်မယ်။”

ထိုညီငယ်က နှစ်သိမ့်ပေးလိုက်သည်။

“ကောင်းပြီး ဒီပင်လယ်ငါးတွေအားလုံးကို ဆေးကြောလိုက်ပါ။”

ချန်စီကပြောပြီး လှေငယ်ပေါ်တက်ကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ကြည့်လိုက်သည်။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ယီရန်ပင်းက အမှန်တကယ်ပင် စာပို့ထားခဲ့သည်။

“ဆိုတော့ ရှေးဦးဧရာမသတ္တဝါကြီးက မင်းရဲ့ကျွန်းကိုမတိုက်ခိုက်ခဲ့ဘူးလား။”

ရှောင်းယီက ဂရုတစိုက် မေးလိုက်သည်။ တကယ်တမ်းတွင် သူသည် အပျော်စီးရွက်သင်္ဘောအား အနာဂတ်၌ မည်သို့အသုံးပြုမည်ကို အတည်ပြုနေခြင်းဖြစ်သည်။

“စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဧရာမသတ္တဝါကြီးက ပြန်ထွက်လာပြီး ကျုပ်ကျွန်းကိုပတ်ပြီး ကြည့်နေတာ။ သူက အပျော်စီးရွက်သင်္ဘောကို ရှာနေသလိုပဲ။ မရှိဘူးဆိုတာသိတော့ ထွက်သွားခဲ့တယ်။”

ချန်စီက ပြန်ဖြေလိုက်သည်။

“ကောင်းပြီ တိုက်ခိုက်မှုမရှိရင်ပြီးတာပါပဲ။”

ရှောင်းယီက ပြန်ဖြေပြီး အပျော်စီးရွက်သင်္ဘောမရှိပါက ပင်လယ်ပြင်ရှိ ရှေးဦးဧရာမသတ္တဝါကြီးများသည် ကျွန်းများနှင့် လူသားများကို ဆက်လက်တိုက်ခိုက်မည်မဟုတ်ကြောင်း တစ်ကိုယ်တည်းမှတ်သားထားလိုက်သည်။

ပင်လယ်ပြင်ပေါ်ရှိ သေဆုံးနေသော ပင်လယ်ငါးများနှင့်ပတ်သက်၍ ချန်စီသည် ဘာမှမပြောခဲ့ပေ။ ယီရနိပင်းသည်လည်း ထိုပင်လယ်ငါးများကို လိုအပ်မည်မဟုတ်ပေ။

“အင်း ဒါဆို ကျုပ်ကျွန်းကို အရင်ပြန်သွားလိုက်ဦးမယ်။ B အဆင့်ကိုကျော်ဖြတ်ပြီးတာနဲ့ ရလဒ်ကိုပြောပြပါ့မယ်။”

ချန်စီက ပြောလိုက်သည်။

“ဟုတ်ပြီ ကျေးဇူးတင်ပါတယ်။”

ရှောင်းယီက တုံ့ပြန်လိုက်၏။

“ရပါတယ် ဒါက ကျုပ်လုပ်သင့်တာပါ။”

ချန်စီသည် ရှောင်းယီနှင့် စကားပြောပြီးနောက် ကျွန်းဆီသို့ ပြန်သွားခဲ့သည်။

“သူဌေး...သူဌေး...ဒီကိုလာကြည့်ဦး။”

ချန်စီသည် သူ၏သစ်သားအိမ်လေးဆီသို့ လျှောက်သွားနေစဉ် မရောက်မီမှာပင် သူ့ညီငယ်၏ အလန့်တကြားအော်ခေါ်သည့်အသံကို ကြားလိုက်ရ၏။

ချန်စီသည် အလျင်အမြန် ခြေလှမ်းအနည်းငယ်လှမ်းကာ သစ်သားအိမ်အတွင်းသို့ ဝင်သွားပြီး မေးလိုက်သည်။

“ဘာဖြစ်သွားတာလဲ။”

“အဲ့ဒီသေနေတဲ့ငါးတွေထဲမှာ A အဆင့် ပင်လယ်ငါးတွေတကယ်ပါနေတယ်။ ၁၀ ကီလိုလောက်တောင် ရှိလောက်တယ်။”

ထိုညီငယ်က တုန်ယင်နေသည့်လေသံဖြင့် ပြောလိုက်၏။

“၁၀ ကီလို ဟုတ်လား။”

ချန်စီလည်း အံ့အားသင့်သွားပြီး ချက်ချင်းပင် သစ်သားအိမ်အတွင်းရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့သွားကာ ကြည့်ရှုလိုက်သည်။

“သေချာတာပေါက် A အဆင့်ပါပဲလား။ ဘုရားသခင်ကတောင် ငါ့ကိုကူညီနေတာပဲ။”

ချန်စီက ဝမ်းသာအားရ ပြောလိုက်သည်။

မှန်ပါသည်...။ ချန်စီ၏ကျွန်းပေါ်ရှိ သစ်သားအိမ်ငယ်ထဲတွင်လည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုရှိ၏။ သူသည် ယခင်က ရွှမ်းယွမ်ဝူဝေ့ကို လှည့်စားခဲ့ခြင်းဖြစ်ပေသည်။

စာချုပ်သည် မတည်ငြိမ်သောကြောင့် ရွှမ်းယွမ်ဝူဝေ့သည် သူလှည့်စားခံလိုက်ရကြောင်း သတိမထားမိခဲ့ပေ။

A အဆင့် ငါးများ အများအပြားရှိခြင်းဖြင့် ချန်စီသည် သူလုံးဝထိုးဖောက်နိုင်မည်ဟု ခံစားလိုက်ရ၏။

ချန်စီသည် ရွှမ်းယွမ်ကျွန်းမှ နောက်ဆုံးမှထွက်ခွာသွားသူဖြစ်သော်လည်း သူ၏ကိုယ်ပိုင်ကျွန်းသို့ ပထမဆုံးပြန်လည်ရောက်ရှိလာခဲ့သူဖြစ်သည်။

အလတ်စားရွက်သင်္ဘောဖြင့် အိမ်ပြန်နေသော အခြားကူညီရေးတပ်ဖွဲ့ဝင်များသည် ဤအချိန်တွင် ၎င်းတို့၏အလုပ်ကို စတင်နေပြီဖြစ်သည်။

အများသုံးချန်နယ်တွင် ဘာသာစကားအမျိုးမျိုးဖြင့် ယီရန်ပင်းနှင့်ပတ်သက်သော မှတ်ချက်များ ချက်ချင်းထွက်ပေါ်လာခဲ့သည်။

အခန်း ၄၀၈ - အများသုံးချန်နယ်တွင် စကားများခြင်း

“ယီရန်ပင်းက တကယ့်ကိုရန်လိုတာပဲ။ သူက ရွှမ်းယွမ်ဝူဝေ့ကို ရှုံးနိမ့်သွားတဲ့ ဒေသခံတပ်ကိုတောင် လွှတ်ပေးလိုက်တယ်။”

“ကျုပ်တို့အရှေ့မြောက်မဟာမိတ်တပ်တွေက အကြီးစားဒေသခံသင်္ဘောကြီးကို ချန်ထားနိုင်လုနီးပါးဖြစ်နေပြီ။ ဒါပေမယ့် ယီရန်ပင်းရဲ့ထောက်ပံ့မှုကြောင့် ဒေသခံတွေက သင်္ဘောကြီးကို ပြင်ဆင်ပြီး ထွက်ပြေးသွားနိုင်ခဲ့ကြတယ်။”

“ယီရန်ပင်းက ကျုပ်တို့လူသားမျိုးနွယ်ရဲ့ ရန်သူပဲ။ လူတိုင်းပဲ သူနဲ့ရောင်းဝယ်ဖောက်ကားမှုကို ဆန့်ကျင့်နိုင်မယ်လို့ မျှော်လင့်မိတယ်။”

“ယီရန်ပင်းက သူ့ရဲ့ကိုယ်ပိုင်အပျော်စီးရွက်သင်္ဘောကိုမောင်းသွားခဲ့တယ်လေ။ ဒါပေမယ့် မျှော်လင့်မထားစွာပဲ ကျွန်းတွေက အမျိုးသမီးအားလုံးကို သူ့ကျွန်းပေါ်သို့ ခေါ်သွားပြီး နောက်ပိုင်းမှာ အပျော်အပါးလိုက်စားခဲ့တယ်။”

“ငါ ဒီကမ္ဘာကို ပထမဆုံးရောက်လာတဲ့အချိန်တုန်းက စားစရာတွေမရှိသလောက်ဖြစ်နေချိန်မှာ ယီရန်ပင်းက သူ့သူငယ်ချင်းတွေကို သတ်ပြီး စားသောက်ခဲ့တယ်။ ဒီလို လူသားဆန်ခြင်းမရှိတဲ့ အပြုအမူမျိုးကို လူတိုင်း စုပေါင်းဆန့်ကျင်ကြရမယ်။”

ဆုဝမ်သည် ထိုမှတ်ချက်များကို ပထမဆုံးသတိထားမိခဲ့သူဖြစ်ပြီး သူမသည် ချက်ချင်းပင် ဝေါ်ကီတော်ကီဖြင့် ရှောင်းယီကို ဆက်သွယ်လိုက်၏။

“ကျွန်းပိုင်ရှင် အများသုံးချန်နယ်ကိုကြည့်လိုက်ပါဦး။ တစ်စုံတစ်ဦးက ရှင့်ကို ရည်ရွယ်ချက်ရှိရှိ အသရေဖျက်နေတယ်။”

“ငါတွေ့တယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“သူတို့ဘာပြောပြော ငါ့ရဲ့ဆံချည်တစ်မျှင်တောင် ဆုံးရှုံးမှာမဟုတ်ဘူးဘူး။”

“ဒါပေမယ့်...”

ဆုဝမ်သည် အခြားတစ်ခုခု ပြောလိုနေခဲ့သည်။ ရှောင်းယီက ပြောလိုက်၏။

“ဘာမှမဖြစ်ပါဘူး လူတိုင်း ကောင်းကောင်းအနားယူလိုက်ကြပါ။ ဒီလိုရေဆိုးရေညစ်မျိုးကို ရှင်းပြနေရတာက အချိန်နဲ့စွမ်းအားကုန်တာပဲရှိတယ်။ ဘယ်သူကမှ တစ်ဦးတစ်ယောက်ချင်းစီရဲ့ သေဆုံးမှုရဲ့ သက်သေမပြနိုင်ဘူး။ အဲ့တော့ လူတိုင်းမှာ ဆင်ခြေပေးစရာအကြောင်းပြချက်တွေ အများကြီးရှိတယ်။”

ဆုဝမ်သည် အလွန်အမင်း ဒေါသထွက်နေခဲ့သော်လည်း ရှောင်းယီကို ဆက်လက်ဖျောင်းဖျခြင်းမပြုတော့ဘဲ အများသုံးချန်နယ်တွင် ဘာသာစကား ၇ မျိုးဖြင့် စာတစ်ခုတင်လိုက်သည်။

“အသိဉာဏ်ရှိသူတွေအတွက် မက်ဆေ့ချ်တစ်ခုချန်ထားခဲ့ပါမယ်။ လူတစ်ယောက်ကို အသေရေဖျက်စွပ်စွဲခြင်းချင်တယ်ဆိုရင် ပါးစပ်နဲ့ပြောနေရုံနဲ့ မလုံလောက်ဘူး။”

ဤစာကြောင်းကိုပို့ပြီးနောက် ဆုဝမ်သည်လည်း အနားယူရန်ပြင်ဆင်လိုက်တော့သည်။

သို့သော် ယီထျန်းဂရုမှလူများသည် အများသုံးချန်နယ်၌ ယီရန်ပင်းအား အသေရေဖျက်စော်ကားပြောဆိုသည့်စကားလုံးများကို သိရှိသွားကြပြီး အားလုံး ဒေါသများပေါက်ကွဲထွက်ကုန်ကြတော့သည်။

“အများသုံးချန်နယ်မှာ သူဌေးကို စော်ကားပြောဆိုနေကြတာကို မင်းတို့တွေ့ကြလား။”

“ဘာ...ဒီလိုမျိုးလုပ်နိုင်ဖို့ လူတစ်ယောက်က ဘယ်လောက်တောင် ဆင်ခြင်တုံတရားကင်းမဲ့လိုက်သလဲ။”

“ကြည့်လိုက်ကြစမ်းပါ။ သူတို့က ဘာသာစကားမျိုးစုံနဲ့ စော်ကားနေကြတာပဲ။ ဒီပြင်ဆင်မှုက တကယ်ကို ပြီးပြည့်စုံတယ်။”

“ငါသည်းမခံနိုင်တော့ဘူး။ ဒီလိုမှတ်ချက်မျိုးတင်လို့ရမလားကွ။”

“ငါအများသုံးချန်နယ်ကို ရောက်နေပြီ။ ညီအစ်ကိုတို့ ငါတို့ရဲ့ပေါက်ကွဲနိုင်စွမ်းကို သူတို့မြင်အောင်လုပ်လိုက်ကြရအောင်ကွာ။”

“ငါနိုင်ငံခြားဘာသာစကားပြောတတ်တယ်။ ဘာသာပြန်တာကို ငါတာဝန်ယူမယ်။ မင်းတို့ကောင်တွေက ဆက်ပြီးပျော်ရွှင်မှု ခံစားလိုက်ကြ...မင်းတို့ရဲ့‌ပေါက်ကွဲနိုင်စွမ်းကို တစ်ကမ္ဘာလုံးသိအောင်ငါလုပ်ပေးမယ်။”

“ကောင်းတယ် အများသုံးချန်နယ်ကို သွားကြရအောင်။”

အများသုံးချန်နယ်များရှိ နိုင်ငံခြားသားများသည် ထိုမှတ်ချက်ကို သတိထားမိသွားပြီးဖြစ်ကာ စတင်ဆွေးနွေးနေကြပြီဖြစ်သည်။

“ဒီယီရန်ပင်းက အရင်တုန်းက အဆင့်မြင့်အစားအစာတွေအများကြီး စာရင်းသွင်းထားတဲ့သူမဟုတ်လား။”

“ဟုတ်တယ် သူပဲ။ သူ့ကို ဒီလိုလူမျိုးဖြစ်လိမ့်မယ်လို့ ငါမထင်ထားမိခဲ့ဘူး။ သူ့ရဲ့အဆင့်မြင့်အစားအစာတွေက ဒေသခံတွေဆီကဝယ်ထားတာတောင် ဖြစ်နိုင်တယ်။”

“ဒါဆိုရင် ငါတို့ ဒီကမ္ဘာကဒေသခံတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ စဉ်းစားကြည့်နိုင်လောက်မလား။ ငါတို့ဘဝတွေ ပိုကောင်းလာတာမျိုး ဖြစ်ကောင်းဖြစ်လာနိုင်တယ်လေ။”

“ဖြစ်နိုင်ပါတယ်...။ ဒါပေမယ့် ဒီနေရာက ဒေသခံတွေရဲ့ဘာသာစကားကို ဘုရားသခင်ပဲ နားလည်နိုင်လိမ့်မယ်။”

“လူတိုင်းပဲ ရွှမ်းယွမ်လိပ်တို့ရေတပ်ရဲ့ လှည့်စားတာကိုမခံရစေနဲ့။ ယီရန်ပင်းသူဌေးက ဒီလိုလူမျိုးမဟုတ်ဘူး။”

“ဟုတ်တယ် ရန်သူအကြောင်းအရင်ပြောရမယ်။ ယီရန်ပင်းသူဌေးက ဘာမှလုပ်ခဲ့တာမဟုတ်ဘူး။ ငါလုပ်ခဲ့တာကွ။ မင်းတို့မှာ ဘာလှည့်ကွက်တွေရှိလဲ။ ငါ့ဆီကို လာခဲ့စမ်းပါ။”

“ဟုတ်တယ် ငါကလည်းရန်သူပဲ။ ဒါပေမယ့် ငါကမှ ယုတ္တိရှိသေးတယ်။ အပေါ်ကခွေးတွေရဲ့သခင်အကြောင်းကို ခင်ဗျားတို့မသိဘူး။ ရွှမ်းယွမ်လိပ်က အနောက်မြောက်ဘက်မှာ တိုက်ပွဲဖြစ်တုန်းက ဒေသခံတွေကို အောက်ခြေစည်းမျဉ်းတောင်မရှိပဲထောက်ပံ့ပေးခဲ့တယ်။ သူ့ကို ပြန်ပြီးကလဲ့စားချေတော့ရော ဘာဖြစ်သလဲ။”

“ခင်ဗျားတို့တွေက သွေးခွဲနေကြတာပဲ။ ကျုပ်တို့ရဲ့ သခင်ကြီးရွှမ်းယွမ်က ရန်သူလိုမျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးဘူး။”

“ဟေ့...ဒီမှာ စခရင်ရှော့ရိုက်ထားတယ်။ ရှားဘာသာစကားကိုနားလည်ရင် ကိုယ့်ဘာသာကြည့်လိုက်ကြ။ ဒီ စခရင်ရှော့မှာ ဘာပြောထားလဲဆိုတာကို။”

တစ်စုံတစ်ဦးသည် ရှောင်းယီ ယီထျန်းဂရုတွင် တင်ပေးခဲ့ဖူးသော ရွှမ်းယွမ်ဝူဝေ့၏ချက်တင်စခရင်ရှော့များကို အများသုံးချန်နယ်သို့ ပြန်တင်လိုက်သည်။

အချို့သောနိုင်ငံခြားသားများသည်လည်း ရှားဘာသာစကားကို ပြောဆိုတတ်ကြပြီး သဘာဝအလျောက် အထက်ပါချက်တင်များကို နားလည်နိုင်ခဲ့သည်။

“ဝိုး...ဒီရွှမ်းယွမ်ဝူဝေ့က ဒေသခံတွေကို အရင်းမြစ်တွေ ထောက်ပံ့ပေးခဲ့တယ်ဆိုပဲ။”

“ဒါက ဘယ်လိုအခြေအနေလဲ။ ရှားနိုင်ငံသားတွေ အချင်းချင်း စိတ်ဝမ်းကွဲနေကြတာလား။”

“ကျွတ်... ကျွတ်... ကျွတ် ရှားနိုင်ငံသားတွေက မျှော်လင့်ထားသလိုပဲ အရမ်းအတ္တကြီးတယ်။”

“မဟုတ်ဘူး...ဒီချက်တင်တွေက အတုတွေပဲ။ တစ်ခုမှ အစစ်အမှန်မဟုတ်ဘူး။”

“လာပါ...လာစမ်းပါ...မင်း ငါ့အတွက် တူညီတဲ့ စခရင်ရှော့တစ်ခုလောက် အတုလုပ်ပေးနိုင်မလား။ မင်းသာအတုလုပ်ပေးနိုင်မယ်ဆိုရင် ငါ့ရဲ့ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ငါချက်ချင်းစားပြမယ်။”

“ဘယ်လိုပဲဖြစ်ဖြစ် ဒါက လုံးဝမမှန်ဘူး။”

“နင်တို့မှာ ရှက်မရှိဘူးလို့ ငါထင်တယ်။ စိုးရိမ်စရာမလိုပါဘူး...ဆက်သွားကြရအောင်။ အပျော်စီးသင်္ဘောနဲ့ အမျိုးသမီးတွေကို ပြန်ပေးဆွဲတယ်လို့ နင်ပြောခဲ့တယ်နော်။ ဒါပေမယ့် နင်သိလား။ ငါဆိုတဲ့ ဒီမိန်းမအိုကြီးက ညတိုင်းအိပ်မက်မက်နေတာ။ အိပ်မက်ထဲမှာ ရေစီးကြောင်းတွေပြည့်နေပေမယ့် အဲ့ဒီသောက်အိမ်မက်က တစ်ခါမှ အမှန်ဖြစ်မလာခဲ့ဘူး။”

“ငါရောပဲ...ငါလည်း သူဌေးရဲ့ကျွန်းကိုသွားနိုင်ဖို့ အမြဲတမ်း အိပ်မက်မက်နေတာခဲ့တာ။ ဒါပေမယ့် သူဌေးက ဒီလူကို ဘယ်တုန်းကမှလက်မခံခဲ့ဘူး။ အထူးသဖြင့် အမျိုးသမီးတွေကိုပေါ့။”

“+၁၊ ငါ ဘယ်ဂုဏ်ဒြပ်ကိုမှ မလိုချင်ဘူး။ သူဌေးနောက်ကိုပဲ လိုက်ခွင့်ပြုပါ။”

“မင်းတို့ အရှက်မရှိတဲ့လူတစ်ခုက ယီရန်ပင်းရဲ့ ယုံကြည်မှုဖြစ်ရမယ်။”

“ဘာပဲပြောပြော သူဌေးနဲ့သာနေရမယ်ဆိုရင် ပိုကောင်းတဲ့ဘဝမှာ နေထိုင်နိုင်တယ်။ ဒါကိုကန့်ကွက်သူမရှိနိုင်ဘူး ဟုတ်တယ်မလား။ ဒီတော့ သူဌေးက အမျိုးသမီးတွေကို လုံးဝပြန်ပေးဆွဲစရာမလိုဘူး။ လူအများကြီးက အောက်ကနေ အမြင့်ကို တက်ချင်ကြနေတာပဲ ဟုတ်ပြီလား။”

“မင်းတို့ပြောနေတာကို ငါမယုံဘူး။”

“မင်းအသက်မရှင်နိုင်တော့တဲ့အချိန်ကျရင် မင်းယုံရမှာပဲ။”

“နောက်တစ်ခု သူဌေးက လူသားစားတယ်ဆိုတာကို မင်းကယုံနေတာလား။ ဒါက တကယ့်ကို မဟာဟာသကြီးပဲ။ ငါကအစကတည်းက သူ‌ဌေးနဲ့ နယ်မြေတစ်ခုတည်းမှာ ရောက်နေခဲ့တာ။ သူဌေးက နောက်တစ်နေ့မှာတင် အစားအစာတွေ ရောင်းနေပြီ။ ဒါက ငါ့ရဲ့ပထမဆုံး အရောင်းအဝယ်မှတ်တမ်းပဲ။”

“[မီးကျွမ်းနေသောငါးကင် ၁၀ ဂရမ်] လဲလှယ်မှု - [သတ္ထုပြား] ၁.......”

ထိုအချိန်က ရှောင်းယီသည် ရေသန့်စက်တစ်လုံးလိုအပ်နေပြီး လိုအပ်သောအရင်းအမြစ်များမရှိသောကြောင့် ဈေးကွက်တွင် ရောင်းဝယ်ခြင်းဖြင့် ထိုအရင်းအမြစ်များကို ရယူရန် ရွေးချယ်ခဲ့ရသည်။

ပထမဆုံးအကြိမ် ငါးကင်ချိန်တွင် အတွေ့အကြုံမရှိသောကြောင့် သူသည် ပင်လယ်ငါးအချို့ကို မီးရှို့မိခဲ့ပြီး ထိုအမှိုက်သရိုက်များဖြင့် အရင်းအမြစ်အချို့ကို လဲလှယ်ရန် ပြင်ဆင်ထားခဲ့သည်။

“ဒီအရောင်းအဝယ်မှတ်တမ်းက လူကိုဘယ်တော့မှမလှည့်စားဘူး။ နောက်တစ်နေ့မှာတင် ငါးကင်ရောင်းတဲ့လူသားက အစားအစာချို့တဲ့မှာတဲ့လား။”

“ဒီကောလာဟလသတင်းတွေ ဖြန့်တဲ့နည်းလမ်းက အရမ်းအဆင့်နိမ့်လွန်းတယ်။”

“အဲ့ဒါလေးနဲ့ ယီရန်ပင်းက ဘယ်တုန်းကမှ လူသားအသားမစားခဲ့ဘူးလို့ မဆိုလိုဘူးလေ။”

“ပြောချင်တာက မင်းက သူဌေးရဲ့ကျွန်းကိုရောက်ဖူးပြီး သူစားတာကိုကြည့်ဖူးတယ်ပေါ့ ဟုတ်လား။ ဒီလိုပြောတာက မင်းရဲ့ စိတ်ပိုင်းဆိုင်ရာကို ဒိတ်အောက်နေသလိုမခံစားရဘူးလား။”

“ဘယ်လိုပဲဖြစ်ဖြစ် ငါသိတယ်ကွာ...။ ငါဘယ်လိုသိလဲဆိုတာကို မင်းဂရုစိုက်စရာမလိုဘူး။”

“ပြောစရာမရှိတော့ဘူးပေါ့ ဟုတ်လား။ ဘယ်သူ ညစ်ပတ်တဲ့ရေတွေ လောင်းချင်သေးလဲ။ ဒီနေ့ငါဒီမှာနေပြီး မင်းတို့နဲ့အတူ တန်းစီဖို့စောင့်နေမယ်။”

“ဟုတ်တယ် ယီရန်ပင်းသူဌေးက သဘောကောင်းတယ်။ ဒါပေမယ့် ငါကတော့ သဘောမကောင်းဘူးကွ။ မင်းတို့ရေတပ်သားတွေ လာကြစမ်းပါ။ ဘယ်အချိန်ဘယ်နေရာပဲဖြစ်ဖြစ် ငါအဆုံးထိလိုက်ပါပေးမယ်။”

ရှောင်းယီသည် အများသုံးချန်နယ်ရှိ ထိုလူများ၏ အငြင်းပွားမှုကို ကြည့်ရှုနေရင်း သူ၏မေးစေ့ကို ပွတ်သပ်ကာ ရေရွတ်လိုက်မိ၏။

“လူတိုင်းရဲ့မျက်လုံးထဲမှာ ငါက ဒီလောက်တောင် ကောင်းနေတာပေါ့။”

ဤအချိန်တွင် ရွှမ်းယွမ်ဝူဝေ့သည် ယီထျန်းဂရုထဲမှလူများသည် ဤမျှစွမ်းအားကြီးနေသည်ကို မြင်လိုက်ရသောအခါ မျက်မှောင်ကြုံ့လိုက်ပြီး ချန်းပေါင်နှင့်သီးသန့်ဆက်သွယ်လိုက်သည်။

“ယီရန်ပင်းကိုထောက်ခံတဲ့သူတွေ အများကြီးရှိတယ်။ ကျုပ်တို့ရဲ့မှတ်ချက်တွေက သူ့အပေါ်မှာ အကျိုးသက်ရောက်မှုမရှိဘူး။”

ထိုစကားကိုကြားသောအခါ ချန်းပေါင်သည် အနည်းငယ်ပြုံးရင်း ပြောလိုက်သည်။

“သူ့အပေါ် အကျိုးသက်ရောက်မှုရှိစရာ မလိုပါဘူး။ ကျုပ်က စကားပြောတဲ့နေရာမှာ အရှုပ်အထွေးတွေကို ဖန်တီးချင်ရုံပါပဲ။ ဒါက သခင်လေးရဲ့ အရင်ရန်သူတွေရဲ့ သက်ရောက်မှုကို ဖြစ်နိုင်သမျှ အမြန်ဆုံးလျှော့ချဖို့ပဲ။”

ဤအရာအားလုံးသည် ချန်းပေါင်၏နည်းဗျူဟာ အလှည့်အပြောင်းသာ ဖြစ်လေသည်။

ရွှမ်းယွမ်ဝူဝေ့သည်လည်း ဤအချိန်မှသာ ချန်းပေါင်၏ဆိုလိုရင်းကို နားလည်သွား၏။

“ဦးလေးချန်းက အဲ့အကြောင်းကို စဉ်းစားနေတုန်းပဲ။”

All Chapters