← Chapters

အခန်း (၄၀၉-၄၁၁)

Vol. 28 Ch. 409-411

အခန်း (၄၀၉-၄၁၁)

Vol. 28 Ch. 409-411

အခန်း ၄၀၉ - ရှေ့ဆက်သွားမယ်၊ ပစ္စည်းသေတ္တာထဲမှ သက်ရှိများကို ထုတ်ပေးခြင်း

ချန်းပေါင်၏ရှင်းလင်းချက်အပြီးတွင် ရွှမ်းယွမ်ဝူဝေ့သည် စိတ်သက်သာရာရသွားခဲ့ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ အဆဲစစ်ပွဲကို ကြည့်ရှုကာ စိတ်ထဲမှ ရေရွတ်လိုက်သည်။

“ဆဲကြ...။ ဆဲကြစမ်း...။ မင်းတို့ များများပိုဆဲလေ ပိုကောင်းလေပဲ။”

သို့သော် ရွှမ်းယွမ်ဝူဝေ့ ရှာဖွေထားခဲ့သော ထိုစစ်ကူများသည် လုံးဝတိုက်ခိုက်နိုင်စွမ်းမရှိကြပေ။ မကြာမီ ယီထျန်းအဖွဲ့မှ ဒေါသထွက်နေသော အစ်ကိုကြီး၊ အစ်မကြီးများကြောင့် လုံးဝထိတ်လန့်သွားခဲ့ရလေသည်။

ရွှမ်းယွမ်ဝူဝေ့သည် ထိုအရာကို ဂရုမစိုက်တော့ဘဲ သီးသန့်ချန်နယ်သို့ပြောင်းကာ ချန်စီထံသို့ စာပို့လိုက်၏။

“မင်းအခု ဘယ်ရောက်ပြီလဲ။ စားစရာအချို့ ပို့ပေးဖို့လိုသေးလား။”

သို့သော် ချန်းစီ၏တုံ့ပြန်မှုကို စောင့်မျှော်နေခဲ့သော်လည်း အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရပြီး ရွှမ်းယွမ်ဝူဝေ့ မျက်မှောင်ကြုံ့လာခဲ့သည်။

“အန္တရာယ်တွေ့နေတာများလား။”

ရွှမ်းယွမ်ဝူဝေ့ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

“လှေငယ်က အဲ့လောက်ကြီးတာလည်း မဟုတ်ပါဘူး။ စာပို့ရင် သေချာပေါက်ကြားလိမ့်မယ်။ လှေငယ်ပေါ်မှာ အိပ်ပျော်နေတာတော့ မဖြစ်နိုင်လောက်ဘူး။”

သို့သော် သူအန္တရာယ်ထဲကျရောက်နေသည်ဆိုလျှင်ပင် သူအများကြီးမလုပ်ပေးနိုင်ပေ။ ထို့ကြောင့် ရွှမ်းယွမ်ဝူဝေ့သည် သူ၏သစ်သားခုတင်ပေါ်သို့ပြန်သွားပြီး အနားယူရန် ပြင်ဆင်လိုက်တော့သည်။

ညနေခင်းတွင် တိုက်ပွဲဝင်ခဲ့ရသောကြောင့် အနည်းငယ်ပင်ပန်းနေဆဲဖြစ်သည်။

ည ၁၁ နာရီတွင် အန်းယွဲ့သည် ဝေါ်ကီတော်ကီဖြင့် ရှောင်းယီဆီသို့ အစီရင်ခံလာခဲ့သည်။

“ကျွန်းပိုင်ရှင် မင်းဖယ်ထုတ်ခိုင်းထားတဲ့ စင်္ကြံနေရာအားလုံးကို ရှင်းလင်းပြီးပါပြီ။ တိုက်ရိုက်တည်ဆောက်လို့ရပါပြီ။”

“ကောင်းပြီ လူတိုင်းပဲ အလုပ်ကြိုးစားခဲ့ကြတယ်။ စောစောအနားယူလိုက်ကြပါ။”

ရှောင်းယီသည် ပြန်ဖြေပြီးနောက် ချက်ချင်းပင် ရှင်းလင်းပြီးသောနေရာများအားလုံးကို တည်ဆောက်သည်။

ရှောင်းယီသည် ဤအချိန်ထိစောင့်ဆိုင်းပြီး လမ်းကိုအချိန်မီ တည်ဆောက်ခဲ့သည်။ မနက်ဖြန်မှဆောက်ဆိုပါက အတားအဆီးအသစ်များ ပြန်လည်ဖြစ်ပေါ်လာနိုင်ပြီး ထပ်မံရှင်းလင်းရန်လိုအပ်ဦးမည်ဖြစ်ရာ ပိုမိုခက်ခဲသွားမည်ဖြစ်သည်။

ပြင်ဆင်ပြီးနောက် ရှောင်းယီ၏ကျွန်းသည် ပထမဆုံးပတ်လမ်းတစ်ခုကို ဖွဲ့စည်းခဲ့လေသည်။

မြေပုံပေါ်ရှိ ပတ်လမ်းကိုကြည့်ရှုရင်း ရှောင်းယီသည် မနေနိုင်ဘဲ သီချင်းပင်ညီးလိုက်မိ၏။

“အာ... တစ်ကွင်း...မင်းက သုညထက်တော့ တစ်ကွင်းပိုသေးတယ်။ အာ~ တစ်ကွင်းက နှစ်ကွင်းထက်တော့ တစ်ကွင်းနည်းတယ်...။”

ခဏတာဖျော်ဖြေပြီးနောက် ရှောင်းယီသည် သူ၏ခန္ဓာကိုယ်အခြေအနေကို ပြန်လည်သုံးသပ်လိုက်သည်။ ၎င်းသည် S အဆင့်အတိုင်းရှိနေဆဲဖြစ်၏။ S အဆင့်မှ SS အဆင့်သို့ အဆင့်မြှင့်တင်ရန်မှာ ခက်ခဲနေဆဲဟု ထင်ရသည်။

ယခုအခါ သူ့တွင် ဒူခန်း၏ပါရမီလည်း ရှိသေးပေသည်။

S အဆင့် စွမ်းအင်စုပ်ယူခြင်းနှင့် ပြောင်းလဲခြင်း။

အဆင့်မြင့်စွမ်းအင်စုပ်ယူမှုသည် သာမန်လူများထက် ၁၆ ဆဖြစ်၏။ သူသည် သူ၏ခန္ဓာကိုယ်တိုးတက်မှုကို ခံစားနေရသော်လည်း SS အဆင့်သို့ရောက်ရန်မှာ အနည်းငယ်ဝေးကွားနေသေးသည်ဟုတော့ ခံစားနေရဆဲပင်။

လောလောဆယ် ရှောင်းယီ၏ အလျင်အမြန်တိုးတက်မှုကို ကန့်သတ်ထားသည်မှာ SS အဆင့်အစားအစာများ အလွန်နည်းနေသောကြောင့်ဖြစ်သည်။ ရေသန့်သည်သာ SS အဆင့်ဖြစ်ပြီး အခြားအရာများမှာ S အဆင့်သာဖြစ်သည်။

SS အဆင့် သို့မဟုတ် ထို့ထက်မြင့်သော အစားအစာများကိုသာ ပိုမိုရရှိပါက ရှောင်းယီသည် ပိုမိုလျင်မြန်စွာ တိုးတက်လာမည်မှာ သေချာပေသည်။

စာချုပ်သည် မတည်ငြိမ်ကြောင်း ချန်စီထံမှ သတင်းရရှိပြီးနောက် ရှောင်းယီသည် အဆင့်မြှင့်တင်ရန် အလွန်လိုလားနေခဲ့သည်။

မဟုတ်ပါက S အဆင့် ဝမ်ချိုင်မှလွဲ၍ ထို S အဆင့် စာချုပ်ချုပ်ထားသော သတ္တဝါများသည် အချိန်မရွေး ပေါက်ကွဲနိုင်သော ဗုံးများပင်ဖြစ်၏။

ဝမ်ချိုင်သည် စနစ်၏ လက်မှတ်ထိုးရာမှ ရရှိခဲ့သောဆုလာဘ်ဖြစ်ပြီး ၎င်း၏သစ္စာစောင့်သိမှုကို လုံးဝစိုးရိမ်စရာမရှိပေ။

စနစ်မှဆုချီးမြှင့်သော SSS အဆင့် စာချုပ်ကတ်ဖြင့် အောင်မြင်စွာစာချုပ်ချုပ်ဆိုထားသော အပြာရောင်နဂါးတစ်ကောင်ကိုလည်း စိုးရိမ်စရာမလိုပေ။

စနစ်သည် အတင်းအကျပ်စာချုပ်ချုပ်ဆိုပြီးနောက် ၎င်း၏သစ္စာစောင့်သိမှုကို မဖော်ပြခဲ့သော်လည်း ရှောင်းယီသည် စနစ်၏စွမ်းရည်ကို ယုံကြည်ပေသည်။

S အဆင့် အပြာရောင်နဂါးတစ်ကောင်အနေဖြင့် ၎င်းသည် ဆန့်ကျင်လိုလျှင်ပင် လုံးဝမခုခံနိုင်ပေ။

သို့သော် ဤကဲ့သို့ အချန်ကြာမြင့်သည့်တိုင် ၎င်းသည်လည်း ဆန့်ကျင်ခဲ့ခြင်းမရှိသေးပေ။ SSS အဆင့် စာချုပ်ကတ်တွင် သစ္စာစောင့်သိမှု၏ ပုန်းကွယ်နေသော ဂုဏ်သတ္တိများရှိနိုင်ပေသည်။

လောလောဆယ် အခြားစာချုပ်ချုပ်ဆိုထားသော သတ္တဝါများသည် အလွန်နာခံကြသော်လည်း တစ်နေ့တွင် ရူးသွပ်မသွားဘူးဟု အတပ်မပြောနိုင်ပေ။ ထိုစာချုပ်ချုပ်ထားသော သတ္တဝါများသည် ၎င်းတို့၏ခန္ဓာကိုယ်၌ မွေူရာပါအားသာချက်များရှိပြီး ရှောင်းယီထက် ပိုမိုအားကောင်းရမည်ဖြစ်ကာ ဤမတည်ငြိမ်သောစာချုပ်ဖြင့် ၎င်းတို့ကို ထိန်းချုပ်နိုင်မည်မဟုတ်ပေ။

“ငါရဲ့ စွမ်းအားကို ဖြစ်နိုင်သမျှ အမြန်ဆုံးမြှင့်တင်ဖို့လိုနေသေးပုံပဲ။”

ရှောင်းယီ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

ယီထျန်းဂရုတွင်မူ ပျော်ရွှင်ဖွယ်ရာလေထုတစ်ခု ဖြစ်တည်နေခဲ့သည်။

“ဟားဟားဟား...ရွှမ်းယွမ်လိပ်ရဲ့ခွေးခြေထောက်တွေက အရမ်းအားနည်းတာပဲ။ ငါက ကစားတောင်မကစားရသေးဘူး သူတို့က ပေါ်မလာရဲတော့ဘူး။”

“ဟုတ်တယ် ဒီလိုမျိုး အားနည်းတဲ့ရေတပ်ကိုရှာနိုင်တာ ရွှမ်းယွမ်လိပ်ကို ငါတကယ်ပဲ ဆရာတင်ရမယ်။”

“ဒါပေမယ့် သူတို့ကအစကတည်းက ငါတို့ကိုအနိုင်ယူဖို့မရည်ရွယ်ခဲ့ဘူးလို့ ငါခံစားရတယ်။”

“ဒါက ဘာအဖြေလဲ။”

လူတိုင်းက မေးခွန်းလိုက်ထုတ်ကြ၏။

“သူတို့ပြောတဲ့ ဒီလိုမျိုး အလားအလာမရှိတဲ့အရာတွေကို ငါတို့ အလွယ်တကူဆန့်ကျင်လို့ရနိုင်တယ်လေ။ အဲ့ဒါကြောင့် သူတို့က အနိုင်ရဖို့မဟုတ်ဘူးဆိုတာ သေချာတယ်။”

ရှောင်းယီသည်လည်း ဤအချိန်တွင် ဂရုထဲရှိလူများနှင့် စကားဝင်ပြောလိုက်သည်။

“သူတို့က လူထုကို စိတ်ရှုပ်ထွေးစေဖို့နဲ့ လူတိုင်းရဲ့အာရုံစိုက်မှုကို ရွှမ်းယွမ်ရဲ့ရန်သူဆီကနေ တခြားကိစ္စရပ်တွေဆီကို လွှဲပြောင်းပေးဖို့ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ ဒါက နည်းနည်းလောက်လေး အာရုံလွှဲလိုက်နိုင်ရုံပါပဲ။”

“ငလူး...ဒီရွှမ်းယွမ်လိပ်က အရမ်းအကြံပက်စက်တာပဲ။”

“ဟုတ်တယ် ဒါပေမယ့် ရွှမ်းယွမ်လိပ်ရဲ့လူနေမှုဟန်ပန်ကို ကြည့်လိုက်ရင် သူက လှည့်ကွက်တွေအများကြီးရှိတဲ့လူမျိုးတော့ မဟုတ်ဘူး။”

“ချန်းပေါင်က အကြံပေးနေတာပဲ ဖြစ်ရမယ်။”

ရှောင်းယီက ခန့်မှန်းလိုက်သည်။

“ငါပြောမယ် အဲ့ဒီလိပ်မှာ လုံးဝဦးနှောက်မရှိဘူး။”

“ချန်းပေါင်က တကယ်သစ္စာရှိလွန်းတယ်။”

“နည်းလမ်းမရှိဘူး။ သူတို့က အစတည်းက ရွှမ်းယွမ်ရဲ့ကျေးကျွန်တွေဖြစ်နေခဲ့ကြတာ။”

“ဒီလိပ်ကလည်း ကံကောင်းတယ်လို့ပြောရမယ်။ ဒီကမ္ဘာကိုရောက်လာပြီးတာနဲ့ သူတို့ကျွန်တွေကို ဒီလောက်မြန်မြန်ရှာတွေ့သွားတယ်။”

“လူတိုင်းပဲ စိတ်ပျက်စရာအကြောင်းတွေ မပြောပါတော့နဲ့။ ပျော်စရာအကြောင်းပဲ ပြောကြစမ်းပါ။”

“ဒီနေ့ရဲ့ပျော်စရာအကောင်းဆုံးကတော့ ရေတပ်ကိုသတ်ပစ်ခဲ့တာပဲ။”

“ဟားဟားဟား... ငါ့မှာနောက်ထပ်ပျော်စရာတစ်ခုရှိသေးတယ်။ ငါဘာရခံ့လဲကြည့်လိုက်စမ်း။ [ဝက်ပေါက်] ၂။

“ဟာ ဒါက ဘယ်လိုအခြေအနေလဲ။ သက်ရှိသတ္တဝါတွေကို မရနိုင်ဘူးမဟုတ်ဘူးလား။”

“ဒါတော့ မသေချာဘူးလေ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က အဲ့လိုမှမပြောဖူးတာ။ လူတိုင်းက ဒါကိုယုံကြည်နေကြတာပဲ။ အခုတော့ ဒီယုံကြည်ချက်က မှားနေတယ်ဆိုတာ အခုသက်သေပြလိုက်ပြီ။”

“သူဌေး မင်းရဲ့ဝက်ပေါက်တွေကြီးလာလို့ မျိုးပွားရင် ငါ့ကိုနှစ်ကောင်လောက် ရောင်းပေးနိုင်မလား။”

“မင်းက တော်တော်လောဘကြီးတာပဲ။ ငါ နှစ်ကောင်တော့ မလိုချင်ဘူး။ ဝက်ပေါက်တစ်ကောင်ပဲရောင်းပေးပါ။”

ရှောင်းယီသည် ထိုလူများကြည့်နေအရာကို ကြည့်လိုက်ပြီးနောက် တီးတိုးမေးခွန်းထုတ်လိုက်မိ၏။

“ဒါကသက်ရှိတွေကို ထုတ်ပေးလိုက်တာလား။”

မနက်ခင်းတုန်းက သူသည်လည်း အဝါရောင်နွားထီးနှစ်ကောင် ရခဲ့သေးသည်။ ယခု တစ်စုံတစ်ယောက်က ဝက်ပေါက်များကို ထပ်မံရရှိလိုက်ပြန်သည်။

အဲ့ဒါတွေကို ရထားပြီးတော့ ဂရုထဲမှာ ဖွင့်မပြောထားတဲ့သူတွေရှိဦးမယ်လို့ ငါယုံကြည်တယ်။

“ငါကျ ဘာလို့သက်ရှိတွေရနိုင်လောက်အောင် ကံမကောင်းရတာလဲ။”

“စိတ်မပူပါနဲ့ ရသွားလိမ့်မယ်။ တစ်စုံတစ်ယောက်က ရသွားပြီဆိုတော့ အနာဂတ်မှာလည်း အခွင့်အရေးရှိတယ်လို့ ဆိုလိုတာပဲလေ။”

“ဒီလိုပြောပေမယ့် တစ်ရက်နောက်ကျရင် အသားစားရတာ တစ်ရက်နောက်ကျမှာလေ။”

“မင်းရဲ့ပါရမီကိုကြည့်စမ်း။ မင်းမှာ အသားတွေ ဒီလောက်တောင် ချို့တဲ့နေတာလား။ ငါဆိုရင် ဒီမွေးမြူရေးတိရစ္ဆာန်တွေကို မလိုချင်ဘူး။”

“အာ...အသားမဟုတ်ရင် မင်းက ဘာလိုချင်တာလဲ။”

“လှပတဲ့အမျိုးသမီးတစ်ယောက်ရှိတာ ပိုကောင်းတယ်။ ကျီလင်းတို့၊ ကျင်းကုန်းတို့ ဒီကိုလာလို့ရတယ်နော်။”

“သေစမ်း LSP...။”

“ငါဖြည့်စွက်ပေးချင်ပါတယ်။ ငါ့မှာ ကိုယ်တိုင်ဖော်စပ်ထားတဲ့ လျူဝေ့တိဟွမ်းဆေးလုံးရှိတယ်။ မင်း စိတ်ဝင်စားလား။”

ဆေးရောင်းသူက ပြန်လည်ကာ ခုန်ပေါက်ထွက်ပေါ်လာခဲ့သည်။

“မင်းက နေရာတကာမှာ အတုဆေးရောင်းနေတာပဲ။”

“ထပ်လွဲသွားကြပြန်ပြီ။ မွေးမြူရေးတိရစ္ဆာန်တွေကို ရလာခဲ့ရင် ကျွေးဖို့ စားစရာတချို့ပေးရမယ်ဆိုတာကို မင်းတို့တွေးဖူးလား။ မင်း သူတို့ကို ကျွေးနိုင်လို့လား။”

“ဟုတ်တယ် အပေါ်ကလူပြောတာအမှန်ပဲ။ ကျွေးစရာအစားအစာမရှိရင် သတ်ပြီးစားပစ်လိုက်တာက ပိုကောင်းတယ်။ မဟုတ်လို့ မင်းဗိုက်ဆာ‌နေရပြီဆိုရင် ဝတ်ကျသွားသွားလိမ့်မယ်။”

“အီး...ဒါလည်း ဟုတ်ပုံရပဲ။ ဒါပေမယ့် တောထဲမှာတော့ လတ်ဆတ်တဲ့အပင်တွေရှိသင့်တယ်လေ။ အဲ့ဒါတွေနဲ့ သူတို့ကိုအစာကျွေးပေါ့။ ဟူး...ဒါကအရမ်းခက်ခဲတာပဲ။ မွေးမြူရေးတိရစ္ဆာန်တွေရှိရင်တောင် အစာမကျွေးနိုင်ဘူး။ လဥပဲ။”

“ဟုတ်တယ် သက်သက်သာသာစားနိုင်တဲ့အမျိုးအစားဆိုရင်တော့ပြဿနာမရှိဘူး။ လူတွေလိုမျိုး အစားအစာလိုအပ်တဲ့ မွေးမြူရေးတိရစ္ဆာန်ဆိုရင်တော့ စိတ်ရှုပ်ဖို့ကောင်းတယ်။”

ရှောင်းယီသည် ၎င်းတို့၏ဆွေးနွေးမှုများကို ကြည့်ရှုကာ တစ်ယောက်တည်း ပြောလိုက်မိ၏။

“အနာဂတ်မှာ တိရစ္တာန်အစားအစာရောင်းချခြင်းလုပ်ငန်းကို စတင်နိုင်လောက်မလား။ ဘယ်လိုပဲဖြစ်ဖြစ် မစ္စတာယွမ်ကတော့ အဲ့ဟာတွေကို ရှင်းရှင်းလင်းလင်းသိတယ်လေ။”

ထိုအရာများကိုတွေးတောရင်း ရှောင်းယီသည် နူးညံ့သောအိပ်ရာထက်တွင် လဲလျောင်းပြီး လေအေးပေးစက်၏ အေးမြသည့်လေထုအောက်၌ ဖြည်းဖြည်းချင်းအိပ်ပျော်သွားတော့လေသည်။

အခန်း ၄၁၀ - အိပ်မက်၊ ရေသန့်စက်၊ ဒစ်ဂျစ်တယ်ငွေကြေးထုတ်လုပ်ခြင်း

ရှောင်းယီသည် ပင်လယ်လေများ တဖြူးဖြူးတိုက်ခတ်နေသော ကမ်းခြေတွင်ရပ်ကာ အပြာရောင်ပင်လယ်ပြင်ကို ကြည့်ရှုနေရင်း သူ၏စိတ််များ လန်းဆန်းသွားခဲ့သည်။

ဝုန်း

ထိုစဉ် ဧရာမနဂါးခေါင်းကြီးတစ်ခုသည် စိမ်းပြာရောင်တောက်‌နေသည့် ကျောက်မျက်ရတနာများနှင့် စီခြယ်ထားသကဲ့သို့ရှိသည့် အကြေးခွံများဖုံးလွှမ်းနေသော ခန္ဓာကိုယ်ကြီးတစ်ခုနှင့်အတူ ပင်လယ်ထဲမှ ထွက်ပေါ်လာခဲ့သည်။

“ချင်းလုံ မင်းရဲ့အသားအရေက နည်းနည်းညစ်နေတယ်။”

ရှောင်းယီသည် ချင်းလုံ၏ ဖျော့တော့နေသောခန္ဓာကိုယ်ကို ကြည့်ရင်း ပြောလိုက်၏။

“ဒါဆို မင်း ငါ့ကို SS အဆင့် ရေသန့် မြန်မြန်ပေးလိုက်တော့လေ။”

ချင်းလုံသည် ကြမ်းတမ်းရိုင်းစိုင်းစွာပြောပြီး ချက်ချင်းပင် သူ၏ခေါင်းကိုငိုက်ချကာ ရှောင်းယီထံသို့ ချဉ်းကပ်လာခဲ့သည်။

ရှောင်းယီသည် နောက်သို့ ခြေနှစ်လှမ်းဆုတ်ပြီး ချင်းလုံကို မျက်မှောင်ကြုံ့ကာကြည့်ရင်း ပြောလိုက်၏။

“မင်းကိုပေးဖို့ဆိုတာ မဖြစ်နိုင်ဘူး။”

စကားပြောနေစဉ် ရှောင်းယီသည် သူ၏ခါးကို ပွတ်သပ်လိုက်၏။ ထိုနေရာတွင် ရွှမ်းယွမ်ဓားကို ချိတ်ဆွဲထားသင့်သည်။ သို့သော် နောက်အခိုက်အတန့်တွင် ရှောင်းယီ၏မျက်နှာအမူအရာသည် အပြင်းအထန်ပြောင်းလဲသွားခဲ့သည်။ သူ၏ခါးသည် ဗလာဖြစ်နေပြီး သူသည် ဓားကိုအမြဲကိုင်ဆောင်ထားခဲ့သော်လည်း ယနေ့မည်သို့ယူဆောင်မလာမိသည်ကို မသိခဲ့ပေ။

နှင်းစက်ကဲ့သို့ ရေစက်များ သူ၏မျက်နှာပေါ်သို့ ဖိတ်စင်သွားခဲ့ပြီး ချင်းလုံသည် အထင်သေးနေဟန်ဖြင့် ရှောင်းယီကိုကိုက်ရန် သူ၏ပါးစပ်ကြီးကို ဟလိုက်၏။

“မင်းလုပ်ရဲတယ်ပေါ့။”

ရှောင်းယီက အော်ဟစ်လိုက်သည်။

ရှောင်းယီသည် သူ့မျက်နှာပေါ်ရှိ စိုထိုင်းမှုကို ခံစားလိုက်ရပြီး သူ၏လက်ဝါးဖြင့် ရိုက်ထုတ်လိုက်၏။

“ဝုတ် ဝုတ်”

ရင်းနှီးနေသောခွေးဟောင်သံတစ်ခုကြောင့် ရှောင်းယီ ထထိုင်လိုက်မိသည်။

ဒါက အိပ်မက်တစ်ခုပဲ။

ဝမ်ချိုင်သည် ရှောင်းယီကို မကျေမနပ်ဖြင့် ကြည့်နေခဲ့သည်။ ရှောင်းယီသည် သူ၏စိုစိစိဖြစ်နေသောမျက်နှာကို ပွတ်သပ်ပြီး ဆူပူလိုက်၏။

“ဘယ်သူက မင်းကိုထပ်ပြီး ဝင်ခွင့်ပေးလိုက်တာလဲ။”

နောက်ဆုံးအကြိမ် လျှာနှင့်အလျက်ခံရပြီးကတည်းက သူသည် ဝမ်ချိုင်အား သူ၏အိပ်ခန်းထဲသို့မဝင်ရန် တားမြစ်ထားခဲ့သည်။

“ဝုတ်”

ဝမ်ချိုင်က အမြီးကိုလှုပ်ယမ်းကာ ညည်းညူလိုက်၏။

ရှောင်းယီသည် ၎င်း၏ဆိုလိုရင်းကို နားလည်သွားခဲ့သည်။ ဝမ်ချိုင်သည် သူ့၏ကျယ်လောင်သောအသံကို ကြားလိုက်ရပြီး ဘာဖြစ်နေမှန်းမသိသောကြောင့် ဤအကြိမ်တွင် ပြေးဝင်လာခဲ့ခြင်းဖြစ်သည်။

အထဲသို့ဝင်လာပြီးနောက် ဝမ်ချိုင်သည် ရှောင်းယီ ကြောက်မက်ဖွယ်တစ်ခုခုနှင့် ရင်ဆိုင်နေရသည်ဟု ထင်မှတ်လိုက်ရပြီး သူ၏ကိုယ်ပိုင်နည်းလမ်းဖြင့် ရှောင်းယီကိုနှိုးရန် ကြိုးစားခဲ့လေသည်။

သို့သော် သူသည် နှစ်ကြိမ်သာလျက်လိုက်ရသေးပြီး လက်ဝါးချက်တစ်ချက်ဖြင့် အိပ်ရာအောက်သို့ ပြုတ်ကျသွားခဲ့၏။

ရှောင်းယီသည် မျှော်လင့်ချက်ကင်းမဲ့သွားခဲ့ပြီး ချက်ချင်းပင်ထရပ်ကာ ရေချိုးခန်းသို့သွားပြီး သန့်ရှင်းရေးလုပ်ပြီးလိုင်၏။

“ဟုတ်ပြီ မင်းငါ့ကိုဂရုစိုက်တာ ငါသိပါပြီ။ ငါအဆင်ပြေပါတယ်။”

“ဝုတ်”

ဝမ်ချိုင်၏အမြီးသည် ပိုမိုပျော်ရွှင်သွားဟန်ဖြင့် လှုပ်ယမ်းလာခဲ့သည်။ ရှောင်းယ သည် ၎င်း၏ခေါင်းကို ပွတ်သပ်ပေးပြီး ပြောလိုက်၏။

“မင်းကိုတော့ စိတ်ချနေရတုန်းပဲ။”

ထို့နောက် သူအချိန်ကိုကြည့်လိုက်သောအခါ ၅ နာရီသာရှိသေးသည်ကိုတွေ့လိုက်ရလေသည်။ လသာဆောင်သို့သွားကာ အပြင်သို့ကြည့်ရှုလိုက်ရာ၌ မိုးကောင်းကင်မှာ စတင်၍ မှောင်နေတုန်းပင် ရှိလေသည်။

ကမ်းခြေမှ တစ်ခု၊ နှစ်၊ သုံး၊ လေး ဟူသော အသံများကိုလည်း ကြားလိုက်ရသည်။ ကျန်းယွင်ထျန်းနှင့် သူ၏အဖွဲ့သားများမှာ လေ့ကျင့်ရန် စတင်ပြင်ဆင်နေပြီဖြစ်သည်။

“စနစ် လက်မှတ်ထိုးဝင်မယ်။”

ရှောင်းယီသည် တက်သစ်စနေမင်းကို ကြည့်ရင်း တစ်ကိုယ်တည်းပြောလိုက်၏။

“လက်မှတ်ထိုးဝင်ခြင်းအောင်မြင်ပါသည်။ ရရှိသောဆုလာဘ်- ပစ္စည်းကိရိယာ အဆင့်မြှင့်တင်ရေးကတ်။”

“ပစ္စည်းကိရိယာ အဆင့်မြှင့်တင်ရေးကတ်- မည်သည့်ပစ္စည်းကိရိယာကိုမဆို တစ်ဆင့်မြှင့်တင်နိုင်သည်။ အမြင့်ဆုံးအဆင့်မှာ SSS အဆင့်ဖြစ်သည်။”

ထိုဆုလာဘ်ကိုမြင်သောအခါ ရှောင်းယီသည် မည်သည့်တုန့်ဆိုင်းမှုမှမရှိဘဲ ထိုပစ္စည်းကိရိယာ အဆင့်မြှင့်တင်ရေးကတ်ကို ထုတ်ယူကာ ရေသန့်စက်ပေါ်တွင် အသုံးပြုလိုက်သည်။

“အောင်မြင်စွာအသုံးပြုပြီးပါပြီ။ ရေသန့်စက်၏အဆင့်ကို SS အဆင့်မှ SSS အဆင့်သို့ မြှင့်တင်ပြီးပါပြီ။”

“ရေသန့်စက် (SSS အဆင့်)- ရေအမျိုးမျိုးကို ရေသန့်အဖြစ်သန့်စင်ပေးနိုင်သည်။ ကုန်ကြမ်းရေထောက်ပံ့မှုလုံလောက်ပါက တစ်နာရီလျှင် ရေသန့် ၆၄၀မီလီလီတာထုတ်လုပ်နိုင်သည်။ စက်ထဲတွင် မသန့်စင်ရသေးသော ရေပမာဏ ၂၀လီတာ၊ ရေသန့်ပမာဏ ၂၀လီတာရှိသည်။ ရေပိုက်နှင့်ချိတ်ဆက်နိုင်သည်။ ပမာဏကန့်သတ်ချက်ကိုအလိုအလျောက်အသိအမှတ်ပြုပြီး အလိုအလျောက်ပိတ်နိုင်သည်။”

ထုတ်လုပ်မှုထိရောက်ခြင်းနှင့် စွမ်းရည်မှာ နှစ်ဆတိုးလာခဲ့လေပြီ။

ရှောင်းယီသည် အနည်းငယ်မကျေနပ်သေးပေ။ အဆင့်အမြင့်ဆုံးသို့မြှင့်တင်ထားသော ရေသန့်စက်တွင် လုပ်ဆောင်ချက်များ ထိုထက်ပိုသင့်သည်ဟု သူထင်မိ၏။

သို့သော် ယခုသူ့တွင် ပိုမိုအဆင့်မြင့်သောရေသန့်များ ရှိပြီးဖြသ်ပြီး သူ၏အဆင့်ကို ပိုမိုလျင်မြန်စွာမြှင့်တင်နိုင်တော့မည်ဖြစ်သည်။

အဆင့်မြှင့်တင်ပြီးနောက် ရှောင်းယီသည် ချက်ချင်းပင် ရေသန့်စက်ဆီသို့လျှောက်သွားပြီး ယခင်ကထုတ်လုပ်ခဲ့သော SS အဆင့်ရေသန့်အားလုံးကို ထုတ်ယူကာ ဘေးရှိလေလုံခွက်ထဲသို့ ထည့်လိုက်သည်။

နောက်တစ်ဆင့်မှာ ရေသန့်စက်သည် ပိုမိုအဆင့်မြင့်သောရေသန့်များကို ထုတ်လုပ်ရန်အတွက် စောင့်ဆိုင်းရုံသာဖြစ်သည်။

ရှောင်းယီသည် သူ၏ခါးပေါ်ရှိ ရွှမ်းယွမ်ဓားကို ပွတ်သပ်ကြည့်ပြီးနောက် အပြင်ထွက်လာကာ ခြံထဲသို့ရောက်ရှိလာခဲ့သည်။ ထို့နောက် မြင်းတစ်ကောင်စီး၍ တံတိုင်းအပြင်ဘက်သို့ ထွက်လာခဲ့လိုက်၏။

ရှောင်းယီ တံတိုင်းအပြင်ဘက်သို့ ထွက်လာသောအခါ ၆မီတာခန့်ကျယ်ဝန်းသော ပြေပြစ်ဖြောင့်ဖြူးသည့်လမ်းမကြီးတစ်ခုကို မြင်တွေ့လိုက်ရလေသည်။

“သွား”

ရှောင်းယီ အော်ဟစ်လိုက်၏။ ဖာဂာနာမြင်းသည် ချက်ချင်းပင် ပြေးထွက်သွားပြီး ယခင်က ကျောက်ကြမ်းများဖြင့် ပြုပြင်ထားသောလမ်းများထက် များစွာပိုမိုမြန်ဆန်သွားခဲ့သည်။

“မိုက်တယ်။”

ရှောင်းယီ တစ်ကိုယ်တည်း ပြောလိုက်သည်။

သူ နက်လူမျိုးစုသို့ရောက်လာသောအခါ ၎င်းတို့သည် သစ်သားခြံစည်းရိုးတစ်ခု ဆောက်လုပ်ထားကြောင်းတွေ့ရှိလိုက်ရလေသည်။ ရှောင်းယီသည် မရပ်တန့်ဘဲ နက်လူမျိုးစုကိုဖြတ်ကျော်ကာ ကျွန်း၏မော်တော်ကားပတ်လမ်းအတိုင်းပတ်ပြီး ဖြတ်သန်းသွားလိုက်သည်။

မျိုးနွယ်စုလေးစုသည် ၎င်းတို့၏မျိုးနွယ်စုများကို အပြည့်အဝတည်ဆောက်နေကြပြီး ရှောင်းယီကိုမြင်သောအခါ တက်ကြွစွာပင် နှုတ်ဆက်လိုက်ကြ၏။

ရှောင်းယီသည် လူများနှင့်တွေ့ဆုံလိုက်ရသောအခါ သူ၏အရှိန်သည် နှေးကွေးသွားပြီး ပြန်လည်တုံ့ပြန်လိုက်သည်။

နောက်ဆုံးတွင် သူသည် ဝက်ဝံမျိုးနွယ်စုတွင် အန်းယွဲ့နှင့်တွေ့ဆုံခဲ့၏။ အန်းယွဲ့သည် ဝက်ဝံမျိုးနွယ်စု၏ ဒေသခံများအား အများပြည်သူဆိုင်ရာအခြေခံကျန်းမာရေးအသိပညာများကို ဖြန့်ဝေပေးနေခဲ့သည်။

တကယ်တမ်းတွင် ယခင်ကတည်းက ဖြန့်ဝေခဲ့ပြီးသားသော်လည်း အများပြည်သူဆိုင်ရာကျန်းမာရေးအသိပညာများကို ဆက်လက်ဖြန့်ဝေရန် လိုအပ်နေဆဲဖြစ်ပြီး ဒေသခံအသစ်များရှိသောကြောင့် နောက်ထပ်ဖြန့်ဝေရန်လိုအပ်သည်။

လူဦးရေတိုးပွားလာသောအခါ အလွန်ကမောက်ကမဖြစ်သွားမည်ဟုထင်ရသော်လည်း ရှောင်းယီသည် ထိုသို့လုံးဝမဟုတ်ကြောင်း အံ့အားသင့်စွာ တွေ့ရှိလိုက်ရ၏။ ဒေသခံများအားလုံးသည် ပြင်းထန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နေကြပြီး အန်းယွဲ့တို့အဖွဲ့မှ ပြဋ္ဌာန်းထားသော စည်းမျဉ်းများကို အနည်းငယ်မျှပင် လျော့ရဲမှုမရှိခဲ့ကြပေ။

ပိုမိုရိုးသားသည့်လူများကို စီမံခန့်ခွဲရာ၌ ပိုမိုလွယ်ကူလေသည်။ ဆန့်ကျင်ဘက်အားဖြင့် မိမိကိုယ်ကို အရာရာလုပ်ဆောင်နိုင်သည်ဟု ထင်နေသူများမှာ ပျင်းရိပြီး အချောင်ခိုတတ်ကြ၏။ အထက်မှအမိန့်များသည်လည်း အတူတူပင်ဖြစ်သည်။

အန်းယွဲ့သည် ရှောင်းယီလာနေသည်ကိုမြင်သောအခါ ဟောပြောပို့ချမှုလုပ်ငန်းများကို သူ့အနီးအနားရှိ လူတစ်ဦးထံသို့ ပေးအပ်လိုက်သည်။ ထိုအမျိုးသားသည် ကျွန်းပေါ်တွင်ကျန်ရစ်ခဲ့သော ကျူးချန်းကလန်မှ အန်းယွဲ့ကိုယ်တိုင် ရွေးချယ်ထားခဲ့ခြင်းဖြစ်လေသည်။

ဤအများပြည်သူဆိုင်ရာကျန်းမာရေးအသိပညာများသည် အခြေခံအကျဆုံးဖြစ်ပြီး အနည်းငယ်လေ့ကျင့်ရုံဖြင့် သင်ကြားပေးနိုင်သည်။

“ကျွန်းပိုင်ရှင် လူတိုင်းကို မနေ့ကချစ်ပ်ပြားတွေ ထည့်ထားပြီးပါပြီ။ ငွေကြေးထုတ်ဝေဖို့အချိန်ရောက်ပြီလို့ ကျုပ်ထင်တယ်။ နောက်ပိုင်းမှာ သူတို့ရဲ့အစားအစာတွေကို ငွေနဲ့ဝယ်ယူရမှာဖြစ်ပြီး အခုလိုမျိုး အမြဲတမ်းဖြစ်မနေလို့မရဘူး။”

အန်းယွဲ့က ပြောလိုက်သည်။ ရှောင်းယီ ခေါင်းညိတ်ပြလိုက်၏။

“ကျွန်တော်က ဘဏ္ဍာရေးကို သိပ်နားမလည်ဘူး။ ဦးလေးကိုယ်တိုင်စဉ်းစားလိုက်ပါ။ ပြီးရင် ဘယ်လောက်လိုအပ်လဲဆိုတာ ပြောပြပေါ့။”

“ဟုတ်ကဲ့ ကျုပ်ရဲ့အကြံဉာဏ်ကတော့ ငွေကြေးတန်ဖိုး ၁၀၀အမှတ်ကို အုတ်မြစ်ကျောက်တစ်ခုပါ။ အခု ကျုပ်တို့ကျွန်းမှာ အုတ်မြစ်ကျောက် ၇.၂သန်းရှိတယ်။ ငွေကြေး များများထုတ်ဝေတာက ပိုကောင်းပါတယ်။ အခု ကျုပ်တို့မှာ ပြင်ပကနေ ရောင်းဝယ်ဖောက်ကားမှုတွေ မရှိသေးဘူးဆိုတော့ အများကြီးလည်း စဉ်းစားစရာမရှိဘူ။ ရှိရင်တောင် ကျုပ်တို့ရဲ့ငွေလဲလှယ်နှုန်းကို သဘောမတူလို့မရနိုင်ဘူး။”

“ကောင်းပြီ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဒါဆို များများထုတ်ဝေလိုက်ပါ။ ငွေကြေးတန်ဖိုးကတော့ အရင်ကမ္ဘာရဲ့ငွေကြေးယူနစ်အတိုင်း ယွမ်ကိုပဲ အသုံးပြုလိုက်ပါ။ ယွမ်ဆိုတာ စတင်ခြင်း၊ ပထမနဲ့ အဓိပ္ပာယ်ကို ကိုယ်စားပြုနယ်။ ကျုပ်တို့ ဒီငွေကြေးယူနစ်တစ်ခုတည်းကိုပဲ စီစဉ်မယ်။”

“ဟုတ်ကဲ့။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။

သူတို့ထုတ်ဝေသော ဒစ်ဂျစ်တယ်ငွေကြေးတွင် ကိုယ်ထည်လုံးဝမရှိပေ။ ထို့ကြောင့် မည်သည့်ဒသမကိန်းမဆို ပေါ်လာနိုင်သည်။

ဥပမာ- ပန်ကိတ်တစ်ဝက်ကို ယွမ် ၀.၀၀၁ ဖြင့်ဝယ်ယူပါက ချစ်ပ်ပြားပေါ်တွင် ၀.၀၀၁ ထည့်ရန်လိုအပ်သည်။ ထို့ကြောင့် ယခင်ကမ္ဘာမှ အခြားငွေကြေးယူနစ်များ မလိုအပ်ပေ။

“အရင်က စင်္ကြံကိုပြင်ဆင်ခဲ့တဲ့လူတွေကို တစ်ယောက်ကို ယွမ် ၂၀၀ ပေးမယ်။”

ရှောင်းယီက အချိန်အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ကောင်းပြီ ငါစီစဉ်လိုက်မယ်။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။

“စျေးနှုန်းတွေအတွက်ကတော့ ဦးလေးဘာသာဖြည်းဖြည်းချင်းညှိလိုက်ပါ။ မအောင်မြင်မှာကို ကြောက်စရာမလိုဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်းတစ်ခုလုံးက ကျုပ်တို့ပိုင်တာပဲ။”

ရှောင်းယီက နောက်ဆုံးအနေဖြင့် ပြောလိုက်သည်။

နောက်ဆုံးတွင် အန်းယွဲ့သည် ဘောဂဗေဒကို မလေ့လာခဲ့ပေ။ သူသည် ယခင်က စီးပွားရေးသမားနှင့် ကုမ္ပဏီမန်နေဂျာတစ်ဦးသာ ဖြစ်ပေသည်။

“အင်း ငါနားလည်ပါတယ်။ ငါ အားသွန်ခွန်စိုက်ကြိုးစားမှာပါ။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။

“ဦးလေးကိုကူညီဖို့ လူနည်းနည်းလောက် ထပ်ရှာလိုက်ပါ။ အကယ်၍ ပရော်ဖက်ရှင်နယ်တစ်ယောက်ရှာနိုင်ရင် အကောင်းဆုံးပဲ။”

ထို့နောက် ရှောင်းယီသည် မြင်းပေါ်သို့တက်ကာ ဗီလာသို့ ပြေးထွက်သွားတော့လေသည်။

အခန်း ၄၁၁ - မွေးမြူရေးတိရစ္ဆာန်များ၊ ကြက်ဘဲငှက်များ၊ အစာများကို စုဆောင်းခြင်း

ရှောင်းယီ ဗီလာသို့ပြန်ရောက်သောအခါ ရေသန့်စက်သည် SSS အဆင့် ရေသန့်အများအပြားကို ထုတ်လုပ်ထားပြီးဖြစ်လေသည်။

ရှောင်းယီသည် ရေသန့်စက်မှ ရေတစ်ခွက်ထည့်ပြီး ခေါင်းမော့သောက်လိုက်၏။

အလွန်ထူးခြားဆန်းပြား၍ ပြင်းထန်သော စွမ်းအင်တစ်ခုသည် သူ၏ခြေလက်အင်္ဂါများနှင့် ရိုးတွင်းခြင်ဆီများဆီသို့ စီးဆင်းသွား၏။ ဤခံစားချက်ကို မခံစားခဲ့ရသည်မှာ အချိန်အလွန်ကြာမြင့်ခဲ့ပြီဖြစ်သည်။

ယခင်က SS အဆင့် ရေသန့်ရှိပြီး စွမ်းအင်အများအပြားရှိသော်လည်း ၎င်းသည် ဤအရာနှင့် လုံးဝနှိုင်းယှဉ်၍မရပေ။

ရှောင်းယီသည် သူ၏ခန္ဓာကိုယ်မှာ ဤ SSS အဆင့် ရေသန့်၏ လုပ်ဆောင်မှုအောက်တွင် ဖြည်းဖြည်းချင်းတိုးတက်လာနေသည်ကိုပင် ခံစားရနိုင်သည်။

သိသာထင်ရှားစွာပင် ၎င်းသည် S အဆင့် ပါရမီလုပ်ဆောင်ချက်ဖြစ်ပြီး ဤထိပ်တန်းရေသန့်၏စွမ်းအင်ကို စုပ်ယူသည့်အရှိန်နှင့် ထိရောက်မှုကို မြှင့်တင်ပေးနေခြင်းဖြစ်ပေသည်။

“အဆင့်တက်ဖို့ သိပ်မဝေးလောက်တော့ဘူး။”

ရှောင်းယီက တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်သို့ ပြန်မသွားမီ ရှောင်းယီသည် ယီထျန်းဂရုကို တစ်ချက်ကြည့်လိုက်ပြီး ထိုအထဲတွင် သက်ရှိများရရှိထားသည့် လူအုပ်စုတစ်စု ထွက်ပေါ်လာသည်ကို တွေ့ခဲ့ရသည်။

“ဟားဟား...ငါ သိုးနှစ်ကောင် ရလိုက်တယ်ကွ။ အရမ်းကောင်းတယ်။ ငါ အနာဂတ်မှာ သိုးသားစားရတော့မယ်။”

“နိုးထလိုက်စမ်းပါကွာ။ မင်းမှာ ကျွေးစရာအစာရှိလို့လား။”

“သိုးတွေက မြက်စားလို့ရတယ်လေ။ ချုံတွေထဲ လွှတ်ထားလိုက်ရုံပဲ။”

“ဒါဆို အဆိပ်ရှိတဲ့မြက်ပင်တွေ စားမိသွားရင်ရော။”

“အမ် သူတို့က အဆိပ်ရှိတဲ့မြက်ပင်တွေတော့ မစားလောက်ပါဘူး ဟုတ်တယ်မလား။”

“ဒါကတော့ မပြောနိုင်ဘူးလေ။ အဆိပ်ရှိတဲ့မြက်ပင်တွေကို မတော်တဆစားမိနိုင်သေးတာပဲ။”

ရှောင်းယီသည် တစ်စုံတစ်ယောက်က သိုးများရရှိခဲ့သည်ကို မြင်လိုက်ရပြီးနောက် သူ၏နှုတ်ခမ်းကို လျှာဖြင့်လျက်လိုက်မိ၏။

“သိုးသားတုတ်ထိုးက တကယ်စားလို့ကောင်းတယ်။”

ရှောင်းယီ၏ကျွန်းပေါ်တွင် သိုးရိုင်းနှင့် ဝက်ရိုင်းများပေါ်ပေါက်လာခဲ့သော်လည်း ယဉ်ပါးအောင်ပြုလုပ်ခြင်းသည် အမြဲတမ်းလုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ယခုအခါ ယဉ်ပါးသောဝက်သားနှင့် သိုးသားများကို မစားနိုင်သေးပေ။

ရှောင်းယီ အချိန်အနည်းငယ်ကြာအောင် စဉ်းစားပြီးနောက် နည်းလမ်းတစ်ခုကို ရုတ်တရက်စဉ်းစားမိသွားခဲ့သည်။

“လူတိုင်းပဲ လူအများအပြားမှာ ကြက်၊ဘဲ၊ငှက်နဲ့ မွေးမြူရေးတိရစ္ဆာန်တွေရှိနေကြပြီ။ ကျုပ်မှာ စိတ်ကူးတစ်ခုရှိပါတယ်။ ကျုပ်နဲ့ ပူးပေါင်းဆောင်ရွက်ချင်တယ်ဆိုရင် သီးသန့်ဆက်သွယ်နိုင်ပါတယ်။”

ရှောင်းယီက ပြောလိုက်သည်။

လူတိုင်းသည် ယီရန်ပင်း၏အဆိုကို မြင်လိုက်သောအခါ ချက်ချင်းပင် မေးမြန်းလိုက်ကြသည်။

“ဘာအစီအစဉ်လဲ။ ဘယ်လိုပူးပေါင်းဆောင်ရွက်ရမှာလဲ။”

“လူတိုင်းက သူတို့ကျွန်းတွေမှာ တိရစ္ဆာန်အစာတွေကင်းမဲ့နေတာကို စိုးရိမ်နေကြတယ်။ ဒါပေမယ့် ကျုပ်ရဲ့ကျွန်းတွေမှာတော့ ဒီအကြောင်းကို စိုးရိမ်စရာမလိုဘူး။ ခင်ဗျားတို့ရထားတဲ့ ကြက်၊ဘဲ၊ငှက်တွေနဲ့ မွေးမြူရေးတိရစ္ဆာန်တွေကို ကျုပ်နဲ့ရောင်းဝယ်ဖောက်ကားလို့ရတယ်။ မျိုးပွားပြီးရင် ကြက်၊ဘဲ၊ငှက်နဲ့ မွေးမြူရေးတိရစ္ဆာန်အရေအတွက်အတိုင်း အခမဲ့ပြန်ပေးမယ်။ ပြီးရင် လျှော့ဈေးနဲ့လည်း ပေးဦးမယ်။ အစာကျွေးဖို့စျေးနှုန်းကတော့ ကျုပ်တို့ကျွန်းပေါ်မှာ မရှိသေးတဲ့ ကြက်၊ဘဲ၊ငှက်တွေနဲ့ မွေးမြူရေးတိရစ္ဆာန်တွေကို ပူးပေါင်းဆောင်ရွက်ပေးဖို့ပါပဲ။”

ရှောင်းယီ ဆက်ပြောလိုက်သည်။ ထိုစကားပြောပြီးနောက် လူတိုင်း တဒင်္ဂတိတ်ဆိတ်သွားခဲ့သည်။

“သူဌေး ခင်ဗျား အခုအစာတွေ ထောက်ပံ့ပေးလို့မရဘူးလား။ ကျုပ်မွေးမြူပြီးမျိုးပွားပြီးရင်လည်း အဲ့ဒါတွေကို ခင်ဗျားနဲ့ရောင်းဝယ်ဖောက်ကားလို့ရတယ်လေ။”

“အခုတော့ မရသေးဘူး။ မင်းက မျိုးပွားတတ်လို့လား။”

ရှောင်းယီက ပြန်မေးလိုက်သည်။

“အစာတစ်ခုခု ကျွေးတာပဲကို အစာပဲကျွေးလိုက်စမ်းပါ။”

“အပေါ်ကလူ မင်းက တော်တော်ကိုတာဝန်မဲ့တာပဲ။ မင်းလက်ထဲက ကြက်ဘဲငှက်တွေကို အမြန်အပ်လိုက်တော့ မဟုတ်ရင် ပျက်စီးသွားလိမ့်မယ်။”

“အစာကျွေးတာက မလုံလောက်ဘူးလား။”

“တကယ်ကို မလုံလောက်ဘူး။ အဆင့်အမျိုးမျိုးရှိတဲ့ ကြက်၊ဘဲ၊ငှက်တွေနဲ့ မွေးမြူရေးတိရစ္ဆာန်တွေက အာဟာရဓာတ် အမျိုးမျိုး လိုအပ်တယ်။ အချိန်ကာလအလိုက် အထူးအစာတွေ ကျွေးဖို့လိုတယ်။ မဟုတ်ရင် ပြဿနာအမျိုးမျိုး ကြုံရလိမ့်မယ်။ မင်း အသက်ရှင်အောင်တော့ ကျွေးကောင်းကျွေးနိုင်လိမ့်မယ်။ ဒါပေမယ့် ကောင်းကောင်းမကျွေးဘူးဆိုရင် မင်းကိုယ်တိုင်စဉ်းစားကြည့်ပေါ့။ သိုးတွေမှာ ကိုယ်ဝန်ရှိလာရင် မင်းမွေးမှာလား။ မွေးကင်းစသိုးကလေးကို မင်းကိုင်တွယ်ဖြေရှင်းနိုင်မှာလား။”

“အမ်...ဒါက သိပ်ကောင်းတယ်လို့ မထင်ဘူး။ ဒါပေမယ့် မရှိမဖြစ်လိုအပ်နေတယ်လို့လည်း မဆိုနိုင်ဘူးလေ။”

ထိုစာများကိုကြည့်ရင်း ရှောင်းယီသည် ပြုံးကာ ပြောလိုက်၏။

“လောင်ယွမ်က ကျုပ်ရဲ့ကျွန်းပေါ်မှာရှိနေတယ်။”

“ခင်ဗျားကျွန်းပေါ်မှာ ဘယ်သူရှိလဲဆိုတာ မသေချာ... ခင်ဗျား အခုနကဘာပြောလိုက်တာလဲ။”

“လောင်ယွမ်က ကျုပ်ရဲ့ကျွန်းပေါ်မှာရှိတယ်။”

ရှောင်းယီက ထပ်ပြောလိုက်သည်။

“ဟယ် သူ‌ဌေးက အဆင့်မြင့်အစားအစာတွေ ဒီလောက်များများ ဘယ်လိုစိုက်လဲဆိုတာကို ကျုပ် အခုလေးတင်ပြောနေတာ။ သူ့ကျွန်းပေါ်မှာ ရုပ်တုကြီးရှိနေတာကိုး။”

“လောင်ယွမ် ကျွန်းပေါ်မှာရှိနေတာဆိုရင်တော့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးအတွက် လုံးဝစိုးရိမ်စရာမလိုတော့ဘူး။”

“လောင်ယွမ်နဲ့ဆိုရင် အဆင်ပြေပြီ။ ကျုပ် ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူပါတယ်။ သူဌေး ကျုပ် ခင်ဗျားကို သီးသန့်ဆက်သွယ်လိုက်ပါ့မယ်။”

“ကျုပ်လည်း ပူးပေါင်းဆောင်ရွက်ဖို့သဘောတူတယ်။”

အချိန်တစ်ခုအထိ တစ်စုံတစ်ယောက်သည် ရှောင်းယီနှင့် သီးသန့်ဆက်သွယ်နေဆဲဖြစ်သည်။ ရှောင်းယီသည် ချက်ချင်းပင် ဗီလာ၏ဧည့်ခန်းရှိ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ အိုင်ဒီကို တင်ပေးပြီး ပြောလိုက်၏။

“ဒီအိုင်ဒီနဲ့ ဆက်သွယ်လိုက်ပါ။ ကျုပ်တို့ လူတိုင်းရဲ့အချက်အလက်တွေကို ရေတွက်သွားပါမယ်။ ဒီနေရာမှာ မျိုးပွားမှုက ပိုပြီးလျင်မြန်တယ်။ လူတိုင်းပဲ အကြာကြီးစောင့်ဆိုင်းရမှာမဟုတ်ပါဘူး။”

“သူဌေးရဲ့ဂုဏ်သတင်းကအရမ်းကောင်းတယ်။ ကျုပ်တို့ လုံးဝစိုးရိမ်စရာမလိုဘူး။”

“ဟုတ်တယ်။ အခု ငါတို့ ဒုတိယမျိုးဆက်သိုးကလေးကို စောင့်နေဖို့ပဲ ကျန်တော့တယ်!”

“အိုး...ဝမ်းနည်းစရာပဲ။ ငါရလိုက်တဲ့ဟာက သူဌေးရဲ့ကျွန်းမှာ ရှိပြီးသားဟာကြီးဖြစ်နေတယ်။”

“လူတိုင်းပဲ စိတ်မပူပါနဲ့။ အခု တိရစ္ဆန်အစာတွေကို ဝယ်ယူလို့ရပါပြီပြီ။ တိကျတဲ့စျေးနှုန်းအတွက်ကတော့ ခုနကပြောခဲ့တဲ့အိုင်ဒီနဲ့ စကားပြောကြည့်နိုင်ပါတယ်။”

ရှောင်းယီက ပြောလိုက်သည်။

ယွမ်နွန်၏တုံ့ပြန်မှုအရ မိနစ် ၂၀ အတွင်း ရှောင်းယီသည် ဤနေရာ၌ရှိသဪ သာမန်ကြက်ဘဲငှက်များနှင့် မွေးမြူရေးတိရစ္ဆာန်အားလုံးကို စုဆောင်းနိုင်ခဲ့သည်။

အားလုံးသာမန်အဆင့်များဖြစ်သော်လည်း အကုန်လုံးရရှိနိုင်ပေသည်။

ကြက်ဘဲငှက်များနှင့် မွေးမြူရေးတိရစ္ဆာန်များ၏အမျိုးအစားများ ပိုမိုကြွယ်ဝလာပြီးနောက် ယွမ်နွန်မှာ နောက်တစ်ကြိမ်အလုပ်များလာခဲ့ပြန်သည်။ လက်ရှိအချိန်တွင် စိုက်ပျိုးရေးကိစ္စများကို အရမ်းအာရုံစိုက်ရန် မလိုအပ်သော်လည်း မွေးမြူရေးလုပ်ငန်းကိုမူ သူကသာ ဦးဆောင်ရမည်ဖြစ်သည်။

ကံကောင်းထောက်မစွာပင် သူသည် ယခုအခါ ခေါင်းမာသော ဒေသခံအုပ်စုတစ်စုနှင့် ဝန်းရံလျက်ရှိပြီး သူတို့သည် အခြေခံအားဖြင့် အမိန့်ပေးရုံသာလိုပေသည်။ ပြဿနာများနှင့်ရင်ဆိုင်ရမှသာ သူသည် ရှေ့သို့ထွက်လာမည်ဖြစ်သည်။

အစာကျွေးခြင်းနှင့် ပတ်သက်သည့် ကိစ္စရပ်အတွက်မူ ရှောင်းယီသည် ၎င်းကို ယွမ်နွန်အားဆုံး ဖြတ်ခွင့်ပေးထားခဲ့သည်။ သူ့တွင် တောင်းဆိုချက်တစ်ခုသာရှိပြီး အားလုံးကို အုတ်မြစ်ကျောက်များဖြင့်သာ လဲလှယ်ရမည်ဖြစ်သည်။

အုတ်မြစ်ကျောက်တစ်ခုဖြင့် တစ်ပတ်စာ အစားအစာများကို ထောက်ပံ့ပေးရလျှင်ပင် အခြားလဲလှယ်ရေးပစ္စည်းများကို လက်ခံမည်မဟုတ်ပေ။

ရှောင်းယီသည် အခြားအရာများကို နှစ်သက်ခြင်းမရှိချေ။ အဆင့်မြင့်အစားအစာများနှင့်ပတ်သက်လာလျှင် မည်သူမျှ သူနှင့်မနှိုင်းယှဉ်နိုင်ပေ။

ထို့အပြင် ပုံမှန်မဟုတ်သောအရာများအတွက်မူ လက်ရှိတွင် လူအနည်းငယ်သာ ရရှိနိုင်ပေသည်။

“ဗိုက်ပြည့်အောင်မစားရင် အသက်မရှင်နိုင်ဘူး။ လက်ထဲမှာရှိထားရင် နောက်ပိုင်းမှာ အသုံးဝင်လာနိုင်တယ်။”

ဤသည်မှာ လူတိုင်းနီးပါး၏ စိတ်ထဲရှိ အတွေးများပင်ဖြစ်သည်။

ဤအစာများ၏ထုတ်လုပ်မှုသည် ကောက်ရိုးများ၊ ငါးအရိုးများ သို့မဟုတ် မြက်ခင်းပြင်များကဲ့သို့သော ဈေးပေါသည့်အရာများကိုသာ အခြေခံအားဖြင့်အသုံးပြုထားပြီး လုပ်အားအနည်းငယ်သာကုန်ကျပေသည်။ ထို့ကြောင့် ယွမ်နွန်၏စျေးနှုန်းသည် ပိုမိုကောင်းမွန်ပြီး အုတ်မြစ်ကျောက်တစ်ခုလျှင် အစာ ၅၀၀ ကီလိုဂရမ်ဖြစ်သည်။

အကယ်၍ ၎င်းကို အဆင့်မြင့်ကောက်ရိုး၊ ငါးရိုး၊ မြက်ခင်းပြင်များဖြင့် ပြုလုပ်ထားပါက စျေးနှုန်းသည် အဆင့်အလိုက် တိုးမြင့်လာမည်ဖြစ်သည်။

သို့သော် လောလောဆယ်တွင် ၎င်းတို့အားလုံးသည် သာမန်ကြက်၊ ဘဲ၊ ငှက်များနှင့် မွေးမြူရေးတိရစ္ဆာန်များဖြစ်ပြီး မည်သူကမှ ထိုအဆင့်မြင့်အစာများကို မလိုအပ်သေးပေ။

ရှောင်းယီသည် ကြက်၊ ဘဲ၊ ငှက်များနှင့် မွေးမြူရေးတိရစ္ဆာန်အမျိုးမျိုးကို စုဆောင်းရန် အလုပ်များနေစဉ် အခြားအင်အားနှစ်စုသည်လည်း အလားတူပင် လုပ်ဆောင်နေခဲ့ကြသည်။

တိလင်ထျန်းရှားသည် လင်းအင်ပါယာဂရုတွင် တိုက်ရိုက်ပြောကြားခဲ့သည်။

“မင်းတို့ရထားတဲ့ ကြက်၊ ဘဲ၊ ငှက်တွေနဲ့ မွေးမြူရေးတိရစ္ဆာန်တွေကို ကျုပ်တို့ရဲ့စွမ်းအားအတွင်းမှာပဲ ထားရှိရမယ်။ လယ်ကွင်းရှိတဲ့လူတိုင်းက လူတိုင်းအတွက် အစာကျွေးနိုင်ဖို့ တိရစ္ဆာန်အစာအဖြစ် အသုံးပြုနိုင်တဲ့ သီးနှံအမျိုးအစားတွေကို ရှာဖွေရမယ်။”

“သူဌေး ကျုပ်တို့မှာ မျိုးစေ့တွေမရှိဘူး။”

ချက်ချင်းပင် တစ်စုံတစ်ယောက်က ပြောလာခဲ့သည်။

တိလင်းထျန်းရှားက ပြန်ဖြေ၏။

“ယီရန်ပင်းဆီမှာ အုတ်မြစ်ကျောက်နဲ့လဲလိုက်ပါ။ စွမ်းအားစုထဲမှာ အုတ်မြစ်ကျောက်တစ်ဝက်ပြန်အမ်းခံရမယ်။”

“ကောင်းတယ်။”

ယီထျန်းဂရုမှ တစ်စုံတစ်ယောက်သည် ယီရန်ပင်းထံမှ မျိုးစေ့များ ရောင်းဝယ်ဖောက်ကားရေးကိစ္စကို ချက်ချင်းပင် မြှင့်တင်လိုက်သည်။

လွန်ခဲ့သော နှစ်ပတ်ခန့်က ရှောင်းယီသည် စျေးကွက်တွင် သီးနှံမျိုးစေ့အားလုံးကို တတ်နိုင်သမျှ စုဆောင်းထားခဲ့သည်။ ထိုအချိန်က ၎င်းတို့သည် ထိုမျိုးစေ့များကို အသုံးပြု၍ အစားအစာအနည်းငယ်သာ ရရှိနိုင်ခဲ့သည်။

ယခု တစ်စုံတစ်ယောက်သည် မျိုးစေ့များကို ဝယ်ယူလိုပါက အစားအစာနှင့် လဲလှယ်၍မနိုင်တော့ပေ။

“သာမန်အဆင့် မျိုးစေ့တွေက တစ်ကတ္တီကို အုတ်မြစ်ကျောက်တစ်ခုတန်တယ်။ အဆင့်မြင့်မျိုးစေ့တွေက အဆင့်တိုင်းအတွက် အုတ်မြစ်ကျောက်နှစ်ဆတိုးမယ်။”

ရှောင်းယီ အနည်းငယ်စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။

ဤနေရာတွင် ယွမ်နွန်ရှိနေသောကြောင့် ထိုမျိုးစေ့များအား လိုချင်သလောက်နီးပါး ရနိုင်ပေသည်။

အုပ်စုထဲရှိလူများသည် ထိုစျေးနှုန်းကိုကြားသောအခါ တီးတိုးရေရွတ်လိုက်ကြ၏။

“ဒါက စျေးမကြီးဘူး။ နောက်ပိုင်းမှာသုံးဖို့အတွက် တစ်ကတ္တီလောက် ဝယ်ထားလိုက်မယ်။”

အချိန်တစ်ခုအထိ လူများစွာသည် မျိုးစေ့များကို ဝယ်ယူလာကြ၏။

ရှောင်းယီ ခေါင်းခါကာ သတိပေးလိုက်သည်။

“လူတိုင်းပဲ အာရုံစိုက်ပေးကြပါ။ မျိုးစေ့တွေကို မူလအခြေအနေအတိုင်း သိမ်းဆည်းထားရမယ်။ မျိုးစေ့တွေကို မင်းတို့ကိုယ်တိုင်သိမ်းဆည်းထားမှုကြောင့် ပြဿနာရှိခဲ့မယ်ဆိုရင်တော့ ကျုပ်တို့ဆီမလာပါနဲ့။”

All Chapters