← Chapters

အခန်း (၄၁၂-၄၁၄)

Vol. 28 Ch. 412-414

အခန်း (၄၁၂-၄၁၄)

Vol. 28 Ch. 412-414

အခန်း ၄၁၂ - ပင်လယ်ဓားပြသေတ္တာထဲမှာဘာတွေရှိလဲ၊ ဦးလေးချန်းပြန်ရောက်လာပြီ

ထိုစာကြောင်းကို ထွက်ပေါ်လိုက်သောအခါ အချို့လူများသည် ချက်ချင်းပင် စောင့်ဆိုင်းပြီး စကားပြောရန် သို့မဟုတ် အနည်းဆုံး မြေတစ်ကွက်ရသည်အထိ စောင့်ဆိုင်းရန် ရွေးချယ်ခဲ့ကြသည်။

နောက်ဆုံးတွင် လူတိုင်း၌ ယွမ်နွန်ကဲ့သို့ ကြွယ်ဝသော စိုက်ပျိုးရေးအသိပညာများ မရှိကြပေ။

ထိုအချိန်တွင် တစ်ပတ်ကျော်ကြာအောင် ပင်လယ်ပြင်တွင် မျောလွင့်နေသော ဦးလေးချန်းသည် သူ၏သင်္ဘောအနီးတွင် ပြန်လည်ဖြည့်တင်းပေးထားသော ပစ္စည်းသေတ္တာထဲမှ ယုန်နှစ်ကောင်ကို ရရှိခဲ့လေသည်။

ရွှမ်းယွမ်ဂရုမှလူတိုင်း၏တုံ့ပြန်မှုများနှင့် ပေါင်းစပ်ကာဖြင့် ဦးလေးချန်းသည် သက်ရှိများရရှိနိုင်ကြောင်း သတိမူမိပြီးသားဖြစ်ပြီး ရွှမ်းယွမ်ဝူဝေ့နှင့် သီးသန့်ဆက်သွယ်လိုက်တော့သည်။

“သခင်လေး အခု ပစ္စည်းသေတ္တာထဲက ထွက်လာတဲ့ ကြက်၊ ဘဲ၊ ငှက်တွေနဲ့ မွေးမြူရေးတိရစ္ဆာန်တွေကို စုဆောင်းဖို့ အာရုံစိုက်ထားပါ။”

ချန်းပေါင်က သတိပေးလိုက်သည်။

“စုဆောင်းမှုကို စတင်ပြီးပြီ။ အဲ့အကြောင်းပြောရရင် ယီရန်ပင်းကလည်း စုဆောင်းပြီးသွားပြီ။”

ရွှမ်းယွမ်ဝူဝေ့က ပြန်ဖြေသည်။

“သူ့ရဲ့လုပ်ရပ်တွေက အမြဲတမ်း ရှေ့ရောက်နေတာပဲ။ ငါတို့မသိတဲ့ သတင်းအချက်အလက်တချို့ကို သူသိထားတယ်လို့တောင် ကျုပ်သံသယရှိနေတယ်။”

ချန်ပေါင်က ပြန်ဖြေလိုက်သည်။ ရွှမ်းယွမ်ဝူဝေ့က ခေါင်းညိတ်လိုက်၏။

“ဟုတ်တယ် သူကအမြဲတမ်း ကျုပ်တို့ထက် ခြေတစ်လှမ်းရှေ့ရောက်နေတယ်လို့ ခံစားရတယ်။ ကျွန်းတွေရဲ့ဆင့်ကဲဖြစ်စဉ်လိုမျိုးပေါ့။ ဒီလိုမျိုးအရာတွေကို ကိုယ့်ဘာသာကိုယ်ရှာဖို့ဆိုတာ ခက်ခဲတယ်။”

“အင်း သူ့ကိုဖမ်းဆီးနိုင်ရင် အရမ်းကောင်းလိမ့်မယ်။”

ဦးလေးချန်းက ပြောလိုက်သည်။ ရွှမ်းယွမ်ဝူဝေ့မှာမူ အနည်းငယ် မျှော်လင့်ချက်ကင်းမဲ့နေခဲ့သည်။

“ကျုပ်တို့မိသားစုက လွန်ခဲ့တဲ့အချိန်က သူ့ကိုဖမ်းဖို့ တစ်စုံတစ်ဦးကို စီစဉ်ထားခဲ့မယ်ဆိုရင် အခုကြည့်ရသလောက်တော့ ကျုပ်တို့မိသားစုမှာ ကျုပ်တို့နှစ်ယောက်ထဲပဲ ကျန်ခဲ့လိမ့်မယ်ထင်တယ်။”

“ဒီကမ္ဘာမှာ ဖယ်ရှားခံရမှုနှုန်းက အရမ်းအံ့သြစရာကောင်းတယ်။ လူတစ်ယောက်တည်းနဲ့ ဆက်လင်ရပ်တည်နေဖို့ဆိုတာ အရမ်းခက်ခဲတယ်။”

ဦးလေးချန်းကလည်း ခံစားချက်အပြည့်ဖြင့် ပြောလိုက်၏။

ယနေ့အချိန်အထိ ရှားနိုင်ငံ၏ လူဦးရေ ၄.၅ ဘီလီယံတွင် လူ ၁၅၀,၀၀၀ ခန့်သာ ကျန်ရှိတော့၏။ ယခုထိ မိသားစုဝင်များကို မတွေ့ရှိရသေးသူများအား အခြေခံအားဖြင့် ဖယ်ရှားပြီးဖြစ်သည်ဟုပင် ဆိုနိုင်ပေသည်။

ဟုတ်ပါသည်။ အလွန်အမင်း ထူးခြားသည့် အခြေအနေတချို့လည်း ရှိနိုင်၏။ ဥပမာ လူသားတစ်ဦးက ဖမ်းစီးထားခြင်း သို့မဟုတ် ဒေသခံတစ်ဦးက ဖမ်းမိသွားခြင်းမျိုးလည်း ဖြစ်နိုင်ပေသည်။ ဤကဲ့သို့သောအခြေအနေမျိုးတွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မရှိဘဲ မည်သည့်သတင်းအချက်အလက်ကိုမျှ ပေးပို့နိုင်မည်မဟုတ်ချေ။

“ဦးလေးချန်း ခင်ဗျားဘယ်တော့ပြန်ရောက်မှာလဲ။”

ရွှမ်းယွမ်ဝူဝေ့က ခေါင်းစဉ်ကိုပြောင်းလိုက်သည်။

“အနည်းဆုံး ဆယ်ရက်လောက်ပေါ့။”

ဦးလေးချန်းက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။

“ဒီအလတ်စားရွက်သင်္ဘောရဲ့မြန်နှုန်းက နှေးကွေးနေတုန်းပဲ။ ယီရန်ပင်းရဲ့ အပျော်စီးရွက်သင်္ဘောရှိရင် အရမ်းကောင်းလိမ့်မယ်။”

“စိတ်တိုစရာပဲ ဒီယီရန်ပင်းက ငါတို့ကိုတားမြစ်ရဲတယ်။”

ရွှမ်းယွမ်ဝူဝေ့က ထပ်မံဆဲဆိုလိုက်၏။

“မနေ့ကဒေသခံတွေကို သူမကူညီခဲ့ဘူးဆိုရင် ဒေသခံတွေရဲ့လမ်းညွှန်ကျောက်တုံးကို ကျုပ်ဆွဲထားနိုင်မှာပဲ။ လမ်းညွှန်ကျောက်တုံးနဲ့သာဆိုရင် ခင်ဗျားလည်း အမြန်ဆုံးနဲ့ပြန်လာနိုင်လိမ့်မယ်။ မြန်မြန်ပြန်လာခဲ့တော့။”

ထိုသို့ပြောသောအခါ ရွှမ်းယွမ်ဝူဝေ့သည် နောက်တစ်ကြိမ် ဒေါသထွက်လာခဲ့ပြန်သည်။

“အိုး ဝမ်းနည်းစရာပဲ။”

ဦးလေးချန်းက သက်ပြင်းချလိုက်မိ၏။

ထိုစဥ် ရုတ်တရက် သူ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ အချက်ပေးသံမြည်လာခဲ့သည်။

“သင့်ကို ပင်လယ်ဓားပြများက တွေ့ရှိခဲ့ပြီး ပင်လယ်ဓားပြများ လိုက်လံဖမ်းဆီးနေပါသည်။”

ဦးလေးချန်းချန်းသည် တုန်လှုပ်သွားပြီးနောက် ချက်ချင်းပင် ပြောလိုက်၏။

“သခင်လေး ကျုပ် ပင်လယ်ဓားပြတွေနဲ့ တွေ့ပြီ။”

“ဘာ ကျုပ် ဘာလုပ်ရမလဲ။”

ရွှမ်းယွမ်ဝူဝေ့ ပြောလိုက်သည်။

“ကျုပ် လက်နက်တွေ ပို့ပေးရမလား။”

“မဟုတ်ဘူး။ ယီထျန်းဂရုထဲမှာ ပင်လယ်ဓားပြတွေအကြောင်း ဆွေးနွေးခဲ့တာမဟုတ်လား။ သိပ်အားမကောင်းဘူးလို့ ကျုပ်ထင်တယ်။”

ဦးလေးချန်းက ပြောလိုက်သည်။

“ကျုပ် စမ်းကြည့်လိုက်မယ်။ အကျိုးအမြတ်တချို့ ရကောင်းရနိုင်တယ်။”

“အင်း အစစအရာရာဂရုစိုက်ပါ။”

ရွှမ်းယွမ်ဝူဝေ့က ပြောလိုက်သည်။ ဦးလေးချန်းသည် ဘေးနားရှိ လေးနှင့်မြှားကိုကောက်ကိုင်ကာ ထွက်သွားပြီး နောက်မှလိုက်နေသော ပင်လယ်ဓားပြများကိုကြည့်ကာ ချက်ချင်းပင် စတင်ပစ်ခတ်လိုက်တော့သည်။

ဦးလေးချန်းသည် ကုန်းပတ်ပေါ်တွင် သူ့ကို အော်ဟစ်နေသော ပင်လယ်ဓားပြနှစ်ဦးအား ချက်ချင်းသတ်ပစ်လိုက်၏။ ထိုအခါ ကျန်ပင်လယ်ဓားပြများမှာ ချက်ချင်းပင် ပုန်းအောင်သွားကြတော့လေသည်။

ပင်လယ်ဓားပြများ၏လုပ်ရပ်ကိုကြည့်ပြီးနောက် ဦးလေးချန်း ပြုံးကာရေရွတ်လိုက်၏။

“သူတို့က တကယ်ပဲ ဒီနေရာကို အကျိုးအမြတ်‌တွေ လာပေးကြတာပဲ။”

ဦးလေးချန်းသည် သင်္ဘော၏မြန်နှုန်းကို တမင်တကာနှေးကွေးစေပြီး ဖြည်းဖြည်းချင်းရပ်တန့်လိုက်၏။

ပင်လယ်ဓားပြသင်္ဘောသည်လည်း အနောက်မှ အလျင်အမြန်လိုက်ပါလာပြီး ဦးလေးချန်းသည် မည်သည့်တုန့်ဆိုင်းမှုမှမရှိဘဲ ပင်လယ်ဓားပြသင်္ဘောပေါ်သို့ ခုန်တက်သွားခဲ့သည်။

ပင်လယ်ဓားပြများသည် တစ်ဖက်လူက သူ့ဘာသာခုန်တက်လာသည်ကို မြင်လိုက်ရသောအခါ သူတို့လက်နက်များကို ဝှေ့ယမ်းကာ ဦးလေးချန်းဆီသို့ ပြေးဝင်လာကြတော့သည်။

ဦးလေးချန်း၏ခန္ဓာကိုယ်သည် တရားဝင် C အဆင့်ဖြစ်ပြီး ဤသာမန်ပင်လယ်ဓားပြများမှာ ဦးလေးချန်း၏ ပြိုင်ဘက်များမဟုတ်ပေ။

ဦးလေးချန်းသည် ပင်လယ်ဓားပြတစ်ဦးတည်းကျန်သည်အထိ သတ်ပစ်လိုက်သည်။

ဦးလေးချန်းသည် နောက်ဆုံးကျန်ခဲ့သည့် ပင်လယ်ဓားပြ၏လည်ပင်းကို ဓားဖြင့်ထောက်ပြီး ပြောလိုက်၏။

“ရတနာသေတ္တာနဲ့သော့ကို အပ်စမ်း။”

ပင်လယ်ဓားပြသည် တခစ်ခစ်နှင့်သာ ရယ်မောကာ စကားပြောနေပြီး ဦးလေးချန်းသည် ထိုစကားများကို လုံးဝနားမလည်နိုင်ပေ။ သူသည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ခေါင်းခါလိုက်ပြီး သူ့ကိုဓားတစ်ချက်ဖြင့် လက်စသပ်လိုက်တော့လေသည်။

ဦးလေးချန်းသည် ထိုပင်လယ်ဓားပြများ၏အလောင်းများပေါ်တွင် သော့ကို ရှာမတွေ့ခဲ့ပေ။ သူသည် သင်္ဘောအတွင်းခန်းထဲတွင် ရတနာသေတ္တာတစ်လုံးကို တွေ့ရှိခဲ့သော်လည်း ဖွင့်၍မရပေ။

ထိုသင်္ဘောကိုသိမ်းပိုက်ပြီးနောက် သူသည် ရွှမ်းယွမ်ဝူဝေ့ဆီသို့ တိုက်ရိုက်ပို့ပေးလိုက်သည်။

“သခင်‌လေး ဖြေရှင်းပြီးပါပြီ။ ရတနာသေတ္တာတစ်လုံးရထားတယ်။ ဒါပေမယ့် သော့မရှိဘူး။”

ဦးလေးချန်းသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှတစ်ဆင့် ပြောလိုက်သည်။

“အရမ်းကောင်းတယ်။ ကျုပ်မှာတစ်ခုရှိတယ်။ ကျုပ်တို့အတွင်းထဲကနေ ဝယ်ထားတာ။”

ရွှမ်းယွမ်ဝူဝေ့က ပျော်ရွှင်စွာပြောလိုက်သည်။

ဦးလေးချန်းသည် တုန်လှုပ်သွားခဲ့ပြီးနောက် ရတနာသေတ္တာကို ပို့ပေးလိုက်၏။

“[ပင်လယ်ဓားပြရတနာသေတ္တာ] ၁ - အခမဲ့လဲလှယ်မှု။”

ရွှမ်းယွမ်ဝူဝေ့သည် လဲလှယ်မှုကို သဘောတူလိုက်ပြီး သူ၏လက်ထဲရှိသော့ဖြင့် ရတနာသေတ္တာကိုချက်ချင်းဖွင့်ကြည့်လိုက်သည်။

ရတနာသေတ္တာထဲတွင် အုတ်မြစ်ကျောက်ချပ်များကို အထပ်ထပ်ထုပ်ပိုးပြီး စာလိပ်တစ်ခုနှင့် လျှို့ဝှက်ဆန်းကြယ်သော သင်္ကေတများထွင်းထုထားသည့် ကျောက်တုံးတစ်ခု ပါရှိ၏။

ရွှမ်းယွမ်ဝူဝေ့ နှိပ်ကြည့်လိုက်သည်။ စုစုပေါင်းအုတ်မြစ်ကျောက်ငါးဆယ်ရှိပြီး စာလိပ်နှင့် ကျောက်တုံးကိုမူ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ထားလိုက်၏။

“[အကြီးစား ဆက်တိုက်ပစ်ခတ်နိုင်သည့် ဒူးလေးထုတ်လုပ်မှုပုံစံ] ၁၊ [မြို့ပြန်ကျောက်] ၁။”

“ပစ္စည်းကောင်းပဲ။”

ရွှမ်းယွမ်ဝူဝေ့သည် သူ့ရှေ့ရှိအရာနှစ်ခုကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်ရှုနေခဲ့သည်။

လေးလံသောတရစပ်ဒူးလေးသည် လေးလံသောဒူးလေးကြီး၏ အဆင့်မြှင့်တင်ထားသောဗားရှင်းဖြစ်သည်။ လေးလံသောတရစက်ဒူး‌လေးသည် ဆက်တိုက်ပစ်ခတ်နိုင်ပြီး ၎င်း၏စွမ်းအားသည် သာမန်လေးလံသောဒူးလေးကြီးထက် နှစ်ဆပိုအစွမ်းထက်ပေသည်။

ထိုကျောက်တုံးသည်မူ မြို့ပြန်ကျောက်ဖြစ်၏။ ဂိမ်းကစားဖူးသူတိုင်း ဤအရာကိုသိသင့်ပေသည်။

“[မြို့ပြန်ကျောက်]- ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် ကိုဩဒိနိတ်အမှတ်များကို မှတ်တမ်းတင်ရန် အသုံးပြုနိုင်သည်။ အသုံးပြုပြီးနောက် တစ်ဦးချင်းစီသည် ကိုဩဒိနိတ်အမှတ်သို့ အလျင်အမြန်ပြန်သွားနိုင်သည်။ အသက်သွင်းချိန်မှာ ၂၀စက္ကန့်ဖြစ်ပြီး အေးခဲချိန်မှာ တစ်ရက်ဖြစ်သည်။”

ရွှမ်းယွမ်ဝူဝေ့သည် စိတ်လှုပ်ရှားစွာဖြင့် ထိုအရာကို ဦးလေးချန်းဆီသို့ ပို့ဆောင်လိုက်၏။ ဦးလေးချန်းသည်လည်း အလွန်အံ့ဩသွားခဲ့သည်။ သူသည် ပင်လယ်ပြင်တွင် ဤကဲ့သို့မျောနေခဲ့ရပြီး နောက်ဆုံးတွင် ပြန်သွားနိုင်တော့မည်ဖြစ်သည်။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ ရှင်းလင်းချက်ကိုကြည့်ပြီးနောက် ဦးလေးချန်းက ရွှမ်းယွမ်ဝူဝေ့ကို ပြောလိုက်၏။

“ကျုပ် သစ်သားပြားတစ်ချပ်ပို့ပေးပါ။ သင်္ဘောကိုပြန်ပို့လိုက်မယ်။ ဒီမြို့ပြန်ကျောက်က သင်္ဘောကို မယူသွားလောက်ဘူး။”

ရွှမ်းယွမ်ဝူဝေ့ ခေါင်းညိတ်ကာ “ကောင်းပြီ” ဟုပြန်ပြောလိုက်သည်။

မကြာမီ ရွှမ်းယွမ်ဝူဝေ့သည် ကျွန်းပေါ်ရှိ သစ်ပင်များကို အသုံးပြုကာ ဖောင်တစ်ခုပြုလုပ်ကာ လဲလှယ်ပေးလိုက်သည်။

ဦးလေးချန်းသည် ဖောင်ကို ပင်လယ်ပြင်ပေါ်တွင်ထားလိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပါရှိသည့် သူမောင်းလာသော အလတ်စားရွက်သင်္ဘောကို ပြန်ပို့ပေးလိုက်သည်။

“အရိပ်အမြွက်- လဲလှယ်မှုကို ဆက်လက်လုပ်ဆောင်ပါက ပင်လယ်ထဲပြုတ်ကျတော့မည်ဖြသ်သည်။ ဆက်လက်လဲလှယ်လိုပါသလား။”

“လဲလှယ်မယ်။”

ဦးလေးချန်းသည် ဆက်လက်လဲလှယ်လိုက်ပြီး သင်္ဘောခန်းထဲမှ ပြေးထွက်ကာ ဖောင်ပေါ်သို့ ခုန်ချလိုက်၏။

သူခုန်ထွက်သွားသောအခိုက်အတန့်တွင် အလတ်စားရွက်သင်္ဘောသည် ပျောက်ကွယ်သွားခဲ့ပြီး သူသည်လည်း ဖောင်ပေါ်သို့ အခိုင်အမာ ဆင်းသက်နိုင်ခဲ့သည်။

ထို့နောက် ဦးလေးချန်းသည် မြို့ပြန်ကျောက်ကိုထုတ်ယူကာ ၎င်းပေါ်ရှိ အသက်သွင်းသည့်ခလုတ်ကို နှိပ်လိုက်၏။

လျှို့ဝှက်ဆန်းကြယ်သော မှော်စက်ဝိုင်းတစ်ခုသည် ချက်ချင်းပင် သူ၏ခြေထောက်အောက်တွင် ဖွဲ့စည်းလာပြီး စက္ကန့် ၂၀ အကြာတွင် ဦးလေးချန်းသည် ဖောင်ပေါ်မှ ပျောက်ကွယ်သွားခဲ့တော့လေသည်။

ဦးလေးချန်း နောက်တစ်ခေါက် ပြန်ပေါ်လာသောအခါ ရွှမ်းယွမ်ဝူဝေ့ သတ်မှတ်ထားသောနေရာတွင် ရောက်ရှိနေပြီဖြစ်၏။

“ဦးလေးချန်း နောက်ဆုံးတော့ ခင်ဗျားကိုပြန်တွေ့ရပြီ။”

ရွှမ်းယွမ်ဝူဝေ့က ပျော်ရွှင်စွာ ပြောလိုက်သည်။ ဦးလေးချန်းက ခေါင်းညိတ်လိုက်၏။

“ဟုတ်တယ် ကျုပ် နောက်ဆုံးတော့ ပြန်ရောက်လာခဲလပြီ။ ပင်လယ်ဓားပြရတနာသေတ္တာထဲမှာ ဒီလိုပစ္စည်းကောင်းမျိုးရှိလိမ့်မယ်လို့ မထင်ထားမိခဲ့ဘူး။ သော့အတွက် အုတ်မြစ်ကျောက်ဘယ်နှစ်ခု သုံးခဲ့ရလဲ။”

“ငါးခု။”

ရွှမ်းယွမ်ဝူဝေ့က ပြန်ဖြေလိုက်သည်။

“ဒါက တကယ်ကို အမြတ်ထွက်တာပဲ။”

ဦးလေးချန်းက ပြောလိုက်သည်။

“ဒီလိုဆိုရင် ပင်လယ်ဓားပြတွေကိုတိုက်ဖို့ အထူးအဖွဲ့တစ်ဖွဲ့တောင် ဖွဲ့နိုင်တယ်။ တစ်ချိန်တည်းမှာပဲ သော့တွေကို ဆက်ပြီးစုဆောင်းရမယ်။ ဒီရတနာသေတ္တာထဲက ရတနာတွေရဲ့အရေအတွက်ကို လူတွေမသိသေးခင်မှာ သော့တွေကို ပိုပြီးစုဆောင်းထားနိုင်ရမယ်။”

“ဟုတ်တယ် ဒါကလည်း ကျုပ်တို့ရဲ့ သတင်းအချက်အလက်အားသာချက်ပဲ။”

ရွှမ်းယွမ်ဝူဝေ့၏မျက်လုံးများ တောက်ပလာခဲ့သည်။

“နောက်ဆုံးတော့ ယီရန်ပင်းထက် ခြေတစ်လှမ်းရှေ့ရောက်သွားပြီ။”

အခန်း ၄၁၃ - သော့များစုဆောင်းရခြင်း၏လျှို့ဝှက်ချက်

မကြာမီ အများသုံးချန်နယ်များပေါ်ရှိ လူများသည် ရတနာသေတ္တာသော့များကို ဝယ်ယူရန် စတင်ခဲ့ကြသည်။

“[ရတနာသေတ္တာသော့] အများအပြားလက်ခံသည်။ တစ်ချောင်းလျှင် အုတ်မြစ်ကျောက် ၁၀ ခု။ လိုသလောက်ရနိုင်သည်။”

ဤသတင်းအချက်အလက်ကို မြင်လိုက်ရသောအခါ လူတိုင်း အံ့အားသင့်သွားခဲ့ကြသည်။

“ရတနာသေတ္တာသော့တစ်ချောင်းက အုတ်မြစ်ကျောက် အများကြီးတန်လို့လား။”

“ရတနာသေတ္တာတွေက ပစ္စည်းသေတ္တာတွေနဲ့ အတူတူပဲ။ အားလုံးက ကံစမ်းသေတ္တာတွေ ဖြစ်သင့်တယ်။ မင်းဖွင့်လိုက်လို့ ရလာမယ့်အရာကို ဘယ်သူမှ အာမ,မခံနိုင်ဘူး။”

“ဟုတ်လောက်မယ်။ လောင်းကစားသမားတွေက အမြဲတမ်း မကုန်နိုင်သေးပုံပဲ။”

“ဒါမှမဟုတ် ဝယ်ယူသူက ရတနာသေတ္တာရဲ့တန်ဖိုးကိုသိနေလို့များ။”

“လောလောဆယ်မှာ တွေ့ရတဲ့ပင်လယ်ဓားပြအရေအတွက်က နည်းနေသေးတယ်။ ဒီအချိန်အထိ ယီရန်ပင်းသူဌေးပဲ ရတနာသေတ္တာနဲ့ ကစားဖူးတယ်လို့ သိရသေးတာ။”

“တော်စမ်းပါကွာ။ တခြားသူတွေက ရတနာသေတ္တာရထားရင်တောင် ပြောမှာမဟုတ်ဘူး။”

“ဒါပေမယ့် အုတ်မြစ်ကျောက် ၁၀ ခုနဲ့ သော့တစ်ချောင်းလဲတာကလည်း မဆိုးပါဘူး။ ဒီလိုအုတ်မြစ်ကျောက်အများကြီးက အနည်းဆုံး သုံးရက်စာ ရိုက်သိမ်းမှုရဲ့ ရလဒ်ပဲ။”

“ကျွန်း ၁၀ စတုရန်းမီတာအတွက် သော့တစ်ချောင်းလဲတာက ဈေးပေါတယ်လို့ ငါထင်တယ်။”

ရှောင်းယီသည်လည်း ထိုအရာကို အလျင်အမြန်သတိပြုမိသွား၏။

“သော့တစ်ချောင်းအတွက် အုတ်မြစ်ကျောက်ဆယ်ခုလဲမယ်ဆိုရင် ဒီရတနာသေတ္တာထဲမှာရှိတဲ့အရာတွေက တန်ဖိုးရှိလောက်တယ်။”

လူအချို့ရဲ့ လောင်းကစားသဘောသဘာဝကို ဖယ်ရှား၍မရနိုင်သော်လည်း ရှောင်းယီသည် ထိုကဲ့သို့သောစျေးကြီးကြီးဖြင့် ဝယ်ယူခြင်းမှာ တန်ဖိုးရှိမှသာဖြစ်မည်ဟု ယုံကြည်နေဆဲဖြစ်သည်။

တစ်ချိန်က လက်ထဲတွင် သော့ရှိသူများစွာသည် ထိုအရာများ ရောင်းချရန် ရွေးချယ်ခဲ့ကြပြီး သူတို့သည်လည်း ပင်လယ်ဓားပြများနှင့် တွေ့နိုင်မည်မဟုတ်ပေ။ ကျွန်း ၁၀ စတုရန်းမီတာအကျယ်နှင့် အစားထိုးခြင်းက ပို၍ကောင်းပေသည်။

ကျွန်း၏ဧရိယာကြီးလာပါက ပိုမိုများပြားပြီးကောင်းမွန်သော ပစ္စည်းများကို ပြန်လည်မွမ်းမံနိုင်မည်ဖြစ်ကာ မိမိ၏ကျွန်းဖွံ့ဖြိုးတိုးတက်မှုကိုလည်း မြှင့်တင်ပေးနိုင်ပြီး အလွန်ကောင်းမွန်ပေသည်။

မက်ဆေ့ချ်ကို အများသုံးချန်နယ်တွင် တင်ထားခြင်းဖြစ်သောကြောင့် သော့ရနိုင်မှုအခွင့်အလမ်းမရှိသော်လည်း ရွှမ်းယွမ်ဝူဝေ့သည် သော့ ၁၃ချောင်း ရရှိခဲ့သည်။

“ဟားဟား အရမ်းကောင်းတယ်။ ပင်လယ်ဓားပြရတနာသေတ္တာကိုရှာတွေ့နိုင်သ၍ ကျုပ်တို့ ဖွံ့ဖြိုးတိုးတက်လာလိမ့်မယ်။”

ရွှမ်းယွမ်ဝူဝေ့က ပျော်ရွှင်စွာပြောလိုက်သည်။ ချန်းပေါင်သည်လည်း ပြုံးနေ၏။

“ရတနာသေတ္တာဆိုတဲ့အတိုင်းပဲ သာမန်ပစ္စည်းသေတ္တာထက်စာရင် များစွာပိုကောင်းသင့်တယ်။ ဒါကို အမြတ်လို့ ယူဆရမယ်။ ပင်လယ်ဓားပြတွေကို ထပ်တွေ့နိုင်ပါ့မလားဆိုတာပဲ သိချင်မိတယ်။”

“ကိစ္စမရှိပါဘူး။ သူတို့နဲ့မတွေ့ရင်တောင် ပြဿနာမရှိဘူး။ ရတနာသေတ္တာဖွင့်ပြီး ရရှိလာတဲ့ပစ္စည်းတွေကိုကြေညာလိုက်ရုံနဲ့ ဒီသော့တွေကို ဈေးနှစ်ဆတိုးပြီး ရောင်းလို့ရသေးတယ် စိုးရိမ်မနေနဲ့။”

ရွှမ်းယွမ်ဝူဝေ့က ပြန်ဖြေလိုက်သည်။ ဦးလေးချန်းက ခေါင်းညိတ်လိုက်၏။

“ဒီအချိန်ဆို ချန်စီ သူ့ကျွန်းကိုပြန်ရောက်သင့်ပြီမဟုတ်လား။ အခုထိ သခင်လေးကို အကြောင်းမပြန်သေးဘူးလား။”

ရွှမ်းယွမ်ဝူဝေ့ မျက်မှောင်ကြုံ့လိုက်သည်။

“အင်း အနည်းဆုံးတော့ အခုထိ မပြန်သေးဘူး။ စိုးရိမ်စရာမလိုပါဘူး။ ကျုပ်တို့ကြားမှာ စာချုပ်ရှိပါတယ်။”

“အင်း ကျုပ် သခင်လေးကို နောက်တစ်ကြိမ်သတိပေးပါ့မယ်။”

ဦးလေးချန်းက ပြောလိုက်သည်။

ထိုအချိန်တွင် ချန်စီသည် A အဆင့် ပင်လယ်ငါး ငါးကီလိုဂရမ်ကို စားခဲ့ပြီးဖြစ်၏။ ပိုမိုမြင့်မားသောအဆင့်သို့ အမြန်ဆုံး တိုးမြှင့်နိုင်ရန်အတွက် သူသည်လည်း ရုန်းကန်နေခဲ့ရသည်။

သို့သော် လူ့ခန္ဓာကိုယ်၏စုပ်ယူနိုင်စွမ်းသည် ကန့်သတ်ချက်ရှိ၏။ ထို့ကြောင့် ဤကဲ့သို့စားသောက်ခြင်းသည် ဆုံးရှုံးမှုများကိုသာ ပိုများစေနိုင်ပေသည်။

“သူဌေး ဦးလေးချန်းက မင်းဘယ်မှာလဲလို့ မက်ဆေ့ချ်ပို့ထားတယ်။ အကြောင်းပြန်မှာလား။”

သူ၏ညီငယ်က အပြင်ဘက်မှဝင်လာပြီး သူ့ကိုမေးလာခဲ့သည်။

ချန်စီ မျက်မှောင်ကြုံ့ကာ စဉ်းစားလိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။

“ငါပြန်ဖြေလိုက်မယ်။”

ထို့နောက် ချန်စီသည် ပင်လယ်ကမ်းခြေရှိ လှေငယ်ဆီသို့သွားကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ပြန်ဖြေလိုက်၏။

“ကျုပ်လှေလှော်ပြီး ပင်လယ်ထဲမှာ ဆက်မျောနေတုန်းပဲ။”

ဦးလေးချန်းသည် သူ၏စကားကို ကြားလိုက်ရသောအခါ အံ့အားသင့်သွားပြီး စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။

‘သခင်လေးက အရမ်းငယ်နေတုန်းပဲ။ အရမ်းဒေါသထွက်လွယ်တယ်။ ချန်စီအတွက် ကိုယ်ချင်းစာပေးရင်တောင် နောက်ကျသွားပြီ။ သူပြန်လာတာကို စောင့်နေရုံပဲ။ ဒါက သူ့ရဲ့ကိုယ်ပိုင်ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေမှာ မဟုတ်ဘူးလား။’

“အင်း လမ်းခရီး ဘေးကင်းရေးကို အာရုံစိုက်ပါ။”

ဦးလေးချန်းက ပြောလိုက်သည်။ ချန်စီသည် သူ၏မျက်လုံးများကို လှိမ့်ကာမေးလိုက်၏။

“ဦးလေးချန်း ခင်ဗျားပြန်ရောက်နေပြီလား။”

“အင်း ငါပြန်ရောက်နေပြီ။ ငါအခုလေးတင်ပင်လယ်ဓားပြအဖွဲ့တစ်ဖွဲ့နဲ့တွေ့ခဲ့ပြီး ရတနာသေတ္တာထဲကနေ မြို့ပြန်ကျောက်တစ်လုံးရခဲ့တယ်လေ။”

ချန်းပေါင်က ရိုးသားစွာပင် ပြန်ဖြေလိုက်သည်။

“ရတနာသေတ္တာထဲမှာ ကောင်းတဲ့အရာတွေ အများကြီးရှိတယ်။”

သူ၏သခင်လေးသည် ချန်စီနှင့်စာချုပ်ချုပ်ဆိုပြီးကတည်းက သူတို့လူအဖြစ်ယူဆထားခဲ့ပြီးသောကြောင့် ဦးလေးချန်းသည် ဘာကိုမှ ဖုံးကွယ်မထားခဲ့ပေ။

“အမ် မြို့ပြန်ကျောက်လိုမျိုးအရာတွေကိုတောင် ခင်ဗျား တကယ်ရခဲ့တာလား။”

ချန်စီက အံ့အားသင့်စွာမေးလိုက်သည်။

“အဲ့ဒါတွေအပြင် ဘာတွေထပ်ရှိသေးလဲ။”

ချန်စီ၏မေးခွန်းကို နားထောင်လိုက်ပြီးနောက် ဦးလေးချန်းသည်အနည်းငယ်မျက်မှောင်ကာ ပြန်ဖြေလိုက်၏။

“မင်းပြန်ရောက်ရင် သိရလိမ့်မယ်။ မင်းရဲ့ကျွန်းကိုပြန်သွားပြီး ပစ္စည်းတွေ လွှဲပြောင်းလိုက်တော့။”

“ဟုတ်ကဲ့ ကျုပ် စကားအများကြီး ပြောမိသွားတယ်။ ကျုပ် လှေငယ်ကို အားအပြည့်နဲ့ လှော်သွားလိုက်ပါ့မယ်။”

ချန်စီသည် ထိုသို့ပြောလိုက်ပြီးနောက် ဆက်သွယ်မှုကို အဆုံးသတ်လိုက်လေသည်။

ချန်းစီသည် အချိန်အနည်းငယ်စဉ်းစားပြီးနောက် ရှောင်းယီဆီသို့ တိုက်ရိုက်မက်ဆေ့ချ်ပို့ကာ ပြောလိုက်၏။

“သူဌေး ကျုပ်မှာသတင်းအသစ်တစ်ခုရှိတယ်။”

“ပြောပါ။”

ရှောင်းယီက ပြောလိုက်သည်။

“ငါ သင့်တော်တဲ့တန်ဖိုးရှိတဲ့ပစ္စည်းတွေနဲ့ လဲလှယ်ပေးမယ်။”

“ကောင်းပြီ။”

ချန်စီ ဝမ်းသာသွားခဲ့ပြီး ဦးလေးချန်းနှင့် ပြောဆိုထားသော အချက်အလက်များပါဝင်သည့် စခရင်ရှော့ကို ရှောင်းယီဆီသို့ ချက်ချင်းပေးပို့လိုက်လေသည်။

စခရင်ရှော့ကိုမြင်ပြီးနောက် ရှောင်းယီသည် ချန်စီပင်ရှင်းပြစရာမလိုဘဲ နားလည်သွားခဲ့သည်။

“မင်းဘာလိုချင်လဲ။”

ရှောင်းယီက မေးလိုက်သည်။

“ကျုပ် အဆင့်မြင့်အစားအစာပဲ လိုချင်ပါတယ်။”

ချန်စီက ပြန်ဖြေလိုက်သည်။ ရှောင်းယီ အနည်းငယ်စဉ်းစားလိုက်ပြီး မနက်ခင်းကကျန်နေသော ကြက်ဥပြုတ်နှစ်လုံးကို လဲလှယ်ပေးလိုက်သည်။

ချန်စီသည် A အဆင့် ကြက်ဥပြုတ်နှစ်လုံးကို မြင်လိုက်ရပြီးနောက် ချက်ချင်းပင် လဲလှယ်မှုကိုသဘောတူပြီး ပြောလိုက်၏။

“ကျေးဇူးတင်ပါတယ် သူဌေး။”

“ငါသတိပေးချင်တာက ခန္ဓာကိုယ်ရဲ့စွမ်းအင်စုပ်ယူတဲ့နေရာမှာ ထိရောက်မှုက တိကျတယ်။ မင်းပိုပြီးစားရင်တောင် တိုးလာမှာမဟုတ်ဘူး။ အရည်အသွေးမြင့်တဲ့အစားအစာတွေကို မဖြုန်းတီးမိစေနဲ့!”

ရှောင်းယီက နောက်ဆုံးတွင် ပြောလိုက်သည်။

ချန်စီသည် ထိုအကြောင်းအရာကို မြင်လိုက်ရသောအခါ တုန်လှုပ်သွားပြီး တစ်ကိုယ်တည်း ရေရွတ်မိလိုက်သည်။

“ငါ အစားအစာတွေ အများကြီးစားနေတာက တကယ်ပဲ ဖြုန်းတီးရာရောက်နေပြီလား။”

စကားပြောဆိုမှုကို အဆုံးသတ်ပြီးနောက် ရှောင်းယီသည် သူ၏အခန်းထောင့်ရှိ ရတနာသေတ္တာကို ကြည့်ကာ ပြောလိုက်၏။

“မြို့ပြန်ကျောက်လိုမျိုးအရာတွေကိုတောင် ရနိုင်တယ်ဆိုတော့ ဒီရတနာသေတ္တာက တကယ်ကောင်းပုံပဲ။ ဒီလိုရှုထောင့်မျိုးနဲ့ဆိုရင် အများသုံးချန်နယ်ကနေ သော့တွေဝယ်နေတဲ့လူက ရွှမ်းယွမ်ပဲဖြစ်သင့်တယ်။ တခြား ဘယ်သူမှမဟုတ်နိုင်ဘူး။”

ရှောင်းယီသည် များစွာတုန့်ဆိုင်းမနေဘဲ ချက်တင်မျက်နှာပြင်ကို ယီထျန်းဂရုသို့ပြောင်းကာ စာပို့လိုက်၏။

“မင်းတို့လက်ထဲမှာသော့ရှိနေတယ်ဆိုရင် ဂရုတစိုက်ရောင်းကြပါ။ ရတနာသေတ္တာထဲမှာ တန်ဖိုးရှိတဲ့အရာတွေ အများကြီးရှိတယ်။”

“အမ်...ခင်ဗျား သော့ရသွားပြီလား။ ရတနာသေတ္တာကို ဒီလောက်မြန်မြန်ဖွင့်လိုက်နိုင်ပြီပေါ့။”

“ရတနာသေတ္တာထဲမှာ ဘယ်လိုရတနာတွေရှိလဲဆိုတာ ငါတကယ်သိချင်မိတယ်။”

“ဒါကရိုးရိုးလေးပါ။ မင်းကိုယ်တိုင်ပင်လယ်ထဲသွားလိုက် ပင်လယ်ဓားပြနဲ့တွေ့ရင် ရတနာသေတ္တာကို ခေါက်ကြည့်လို့ရပြီပေါ့။”

“ဒါပေမယ့် ငါ့မှာသော့မရှိဘူးလေ။”

“ပထမဆုံး ရတနာသေတ္တာနဲ့အတူပြန်လာပြီးမှ သော့အကြောင်းစဉ်းစားလေ။”

“သေစမ်း...။ သူဌေးပြောတာကို နားထောင်ပြီးမှ သော့ရောင်းမိလိုက်ရတာကိုတောင် နောင်တရသွားပြီ။”

“ဘာနောင်တရစရာရှိလို့လဲ။ မင်းမှာသော့ရှိတယ်ဆိုရင်တောင် ပင်လယ်ဓားပြနဲ့ မတွေ့နိုင်ဘူး။ ပင်လယ်ဓားပြတွေကိုလည်း မင်း မတိုက်ခိုက်နိုင်ဘူး။”

“ဒါပေမယ့် သူဌေး အထူးသတိပေးထားတယ်လေ။ အဲ့တော့ ရတနာသေတ္တာထဲကအရာတွေက တကယ်ကောင်းမယ်ဆိုတဲ့သဘောပဲ။”

“ဟုတ်တယ် လောင်းကြေးထပ်ကြည့်လိုက်ပေါ့။ လက်ထဲကသော့တွေကို ဘယ်သူ့ကိုမှ မရောင်းနဲ့။”

ရွှမ်းယွမ်ဝူဝေ့သည် ချက်ချင်းပင် ထိုသတင်းကို ရရှိသွားခဲ့ပြီး အလွန်ဒေါသထွက်သွားခဲ့၏။

“မင်းရတနာသေတ္တာဖွင့်ပြီးပြီဆိုရင်လည်း မပြောဘဲနေလိုက်လေ။ ဒါက ငါ့ရဲ့ငွေကြေးလမ်းကြောင်းကိုဖျက်စီးနေတာမဟုတ်ဘူးလား။”

ဆိုရိုးစကားအရ ငွေကြေးကိုဖျက်စီးခြင်းသည် မိဘများကို သတ်ပစ်ခြင်းနှင့်တူညီသည်။ ဤအချိန်တွင် ရွှမ်းယွမ်ဝူဝေ့သည် ယီရန်ပင်း၏အသားကိုစားပြီး သွေးကိုသောက်ချင်နေ၏။

သူ့အမြင်တွင် ယီရန်ပင်းသည် သော့ကိုတွေ့ရှိခဲ့ပြီး ရတနာသေတ္တာကို ဖွင့်ခဲ့သည်မှာ သေချာပေသည်။

သို့သော် မည်သို့ပင်ဆိုစေ သူသည် ရှောင်းယီမှာ ရတနာသေတ္တာကို လုံးဝဖွင့်မကြည့်ခဲ့ဘဲ ဦးလေးချန်းမှ သတင်းလွှင့်ခဲ့ခြင်းကြောင့်ဟု ထင်မိမည်မဟုတ်ချေ။

ရှောင်းယီ၏သတိပေးချက်ကြောင့် ရွှမ်းယွမ်ဝူဝေ့သည် သော့တစ်ချောင်းမျှ မရရှိနိုင်တော့လုနီးပါး ဖြစ်သွားခဲ့လေသည်။

ချူရှန်းသည် ဂရုထဲတွင် ရှောင်းယီ၏သတိပေးချက်ကို မြင်လိုက်ရပြီးနောက် အလျင်အမြန် မေးမြန်းလိုက်၏။

“ကျွန်းပိုင်ရှင် ရတနာသေတ္တာကို တကယ်ပဲဖွင့်ပြီးသွားပြီလား။ အထဲမှာဘာတွေရှိလဲ။”

အခန်း ၄၁၄ - အဆိုပြုချက်၊ မိုးရွာပြီးနောက်၊ မြေဆီလွှာအဆင့်မြှင့်တင်ရေးကတ်များ ပြင်းထန်စွာထွက်ပေါ်လာခြင်း

ရှောင်းယီက ချူရှန်း၏မေးခွန်းကို ချက်ချင်းပြန်ဖြေလိုက်သည်။

“ငါ ရတနာသေတ္တာကို လုံးဝမဖွင့်ရသေးဘူး။ ချန်စီဆီက သတင်းရခဲ့တာ။”

ထိုသို့ပြောကာ ရှောင်းယီသည် ချန်စီပို့ပေးခဲ့သော သတင်းကို ချူရှန်းအား ပြောပြလိုက်သည်။

ချူရှန်း ကြက်သေသေသွားပြီးနောင် ပြောလိုက်၏။

“ကျွန်းပိုင်ရှင် ခင်ဗျားက ကောင်းတာလား ဆိုးတာလား။”

“မင်းဘာလို့ ဒီလိုပြောတာလဲ။ ငါ ဘာလို့ရွဲ့နေတယ်လို့ ခံစားနေရတာလဲ။”

ရှောင်းယီက ပြောလိုက်သည်။

ချူရှန်းသည် သူ၏မျက်လုံးများကို လှိမ့်ကာ ပြောလိုက်၏။

“ရွှမ်းယွမ်လိပ်သာ အဖြစ်မှန်ကိုသိသွားရင် သွေးအန်လောက်မယ်ထင်တယ်။”

“ငါ ချန်စီဆီက နောက်ထပ်အရေးကြီးတဲ့သတင်းတစ်ခုကိုလည်း စောင့်နေရသေးတယ်။ အဲ့ဒါကြောင့် အခုချိန်မှာ လိပ်ကိုရန်စမှာ မဟုတ်သေးဘူး။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“အိုကေ ကျုပ်နားလည်ပြီ။”

ချူရှန်းက တုံ့ပြန်လိုက်၏။

“လမ်းကြောင်းထဲမှာ မတော်တဆမှုတစ်ခုခုဖြစ်ခဲ့လို့လား။”

ရှောင်းယီက မေးလိုက်သည်။

“မရှိပါဘူး။ နေ့တိုင်းနီးပါးက ပစ္စည်းသေတ္တာတွေရိတ်သိမ်းဖို့၊ လူတွေကို ဝင်ခေါ်ဖို့၊ ပို့ဆောင်ဖို့နဲ့ ပင်လယ်သတ္တဝါတွေရဲ့ ရိုးရှင်းတဲ့ နေ့စဉ်နှောင့်ယှက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ပဲရှိတယ်။”

ချူရှန်းက ပြန်ဖြေသည်။

“ဒါပေမယ့် ဒီနှစ်ရက်အတွင်း ပိုပိုပြီးပူလာနေပြီ။ အခုထိ မရောက်နိုင်သေးဘူး။ နေ့လယ်ပိုင်းမှာဆိုရင် ကုန်းပတ်ပေါ်မှာ ဘယ်သူမှမလှုပ်ရှားနိုင်တော့ဘူး။”

ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“အပူလှိုင်းတွေကိုကာကွယ်ပြီး အေးမြအောင်ဂရုစိုက်ပါ။ မင်းနဲ့အန်းရန်က ရေခဲတုံးတွေ ပိုပြီးလိုအပ်တယ်!” ဟုဆိုသည်။

“ဟုတ်ကဲ့ပါ ကျွန်းပိုင်ရှင်။”

ချူရှန်းက ပြန်ဖြေလိုက်သည်။

“အန်းယွဲ့က ကျုပ်တို့အတွက် အခြေခံအားဖြင့် စီစဉ်ပေးထားပြီးပါပြီ။”

“ကောင်းပြီ လမ်းကြောင်းကိုစီစဉ်ပြီး အားလပ်ရက်ကျရင် ပြန်လာပြီးအနားယူကြပေါ့။”

ရှောင်းယီက ပြောလိုက်၏။

“ဟုတ်ကဲ့။”

ချူရှန်းက ပြန်ဖြေလိုက်သည်။

“ကောင်လေးတွေကလည်း အားလပ်ရက်မှာ နှစ်ရက်လောက်ပြန်ပြီး အပန်းဖြေချင်တယ်လို့ ပြော‌နေကြတာ။”

ရှောင်းယီက ပြုံးလိုက်၏။

“အင်း သူတို့ကို သုံးခိုင်းလိုက်ပါ။ အခု ဇီဝချစ်ပ်ပြားတွေလည်း ပြင်ဆင်ထားပြီးပြီ။ ဒစ်ဂျစ်တယ်ငွေကြေးကို စတင်ထုတ်ဝေနေပြီ။ နောက်ပိုင်းမှာအရောင်းအဝယ်အားလုံးက ငွေကြေးကုန်ကျလိမ့်မယ်။”

“နားလည်ပါတယ်...ကျုပ်လည်း သူတို့ကိုပြောထားပြီးပါပြီ။ သူတို့အားလုံးက အရင်ကလို ပြန်သွားရုံပါပဲ။ ကုန်ကျစရိတ်က ပြဿနာမရှိဘူးလို့ ပြောကြတယ်။”

ချူရှန်းက ပြောလိုက်၏။

“အင်း သူတို့ထောက်ခံဖို့ပဲလိုတယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“စကားမစပ် ကျွန်းပိုင်ရှင် အခု ကျုပ်တို့ရဲ့ငွေကြေးကိုလည်း ထုတ်ဝေပြီးပြီဆိုတော့ နိုင်ငံခြားသားတွေနဲ့ စီးပွားရေးလုပ်လို့ရမလား။ ဘာပဲပြောပြော အပန်းဖြေတဲ့နေရာမှာ ဘာမှမရှိရင် ဝမ်းနည်းစရာကောင်းတယ်လေ။”

ချူရှန်းက ပြောလိုက်၏။

ချူရှန်း၏စကားကိုကြားလိုက်ရသောအခါ ရှောင်းယီ မျက်မှောင်အနည်းငယ်ကြုံ့လိုက်မိသည်။

“ဒါပေမယ့် အခုချိန်မှာ ဒီလိုမျိုး လိုအပ်ချက်တွေကို အရမ်းနိမ့်နေသေးတယ်။ စျေးကွက်က သိပ်ပြီးသေးလွန်းနေတယ်။ အဲ့လိုလုပ်တာက အဓိပ္ပာယ်မရှိဘူး။”

“ကျွန်းပိုင်ရှင် ဒီလိုအပ်ချက်က လုံးဝမနိမ့်ပါဘူး။”

ချူရှန်းက ပြန်ဖြေလိုက်သည်။

“လူဘယ်နှစ်ယောက်က အတိတ်ကိုပြန်သွားပြီး အရင်ဘဝမှာ နေထိုင်ချင်နေကြတယ်ဆိုတာကို ခင်ဗျားမသိဘူး။ တစ်ရက်တည်းဆိုရင်တောင်မှပေါ့။”

“ငါ အရင်ဆုံး စဉ်းစားလိုက်ဦးမယ်။”

ရှောင်းယီက တုံ့ပြန်လိုက်သည်။

“ကောင်းပါပြီ။”

ချူရှန်းက ပြောလိုက်၏။

“ကျုပ် အဲ့အကြောင်း စဉ်းစားထားတယ်။ ဖောက်သည်တွေကို ဆွဲဆောင်တဲ့အခါမှာ ကြော်ငြာလို့ရတယ်။”

“ဟုတ်ပြီ။ မင်းကိုယ်ပိုင်ခရီးသည်တင်လုပ်ငန်းကိုသာ အရင်လုပ်ပါဦး။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။

ချူရှန်း၏ လမ်းကြောင်းပေါ်ရှိ ခရီးသည်ပို့ဆောင်ရေး၏ လွယ်ကူမှုအကြောင်း ကြားရသောအခါ ရှောင်းယီသည် သူ့ကျွန်းအား လမ်းကြောင်းများအတိုင်း ဦးတည်၍ ဖွံ့ဖြိုးတိုးတက်ရန် သင့်မသင့် ရုတ်တရက်သတိမူမိသွားခဲ့သည်။

လူတိုင်း၏ကျွန်းများသည် လမ်းကြောင်းနှင့် နီးကပ်နေပါက ထိခိုက်မှုများမရှိဘဲ လမ်းကြောင်းမှတစ်ဆင့် တစ်ဦးနှင့်တစ်ဦး၏ကျွန်းများသို့ ရောက်ရှိနိုင်ပြီး လူမှုရေးဖလှယ်မှုများကို နက်ရှိုင်းစေနိုင်ပေသည်။ အဓိကအားဖြင့် ကုန်သွယ်ရေးဖလှယ်မှုများဖြစ်ပြီး သင်သည် အုတ်မြစ်ကျောက်များကိုပင် ဝင်ငွေအဖြစ် ရရှိနိုင်သည်။

ဟုတ်ပါသည်...ဤနေရာတွင်လည်း အန္တရာယ်များစွာရှိ၏။ အခြားအသက်ရှင်ကျန်ရစ်သူများသည် လမ်းကြောင်းမှတစ်ဆင့် ရှောင်းယီ၏ကျွန်းဆီသို့ ရောက်ရှိလာနိုင်သည်။ ထိုလူများ၏စိတ်ထဲတွင် လွဲမှားနေသောအတွေးများရှိနေပါက ဒုက္ခဖြစ်စေနိုင်မည်ဖြစ်သည်။ ကောင်းမွန်သော ဘဝအစီအစဉ်တစ်ခု လိုအပ်နေပုံပင်။

မနက် ၁၀နာရီတွင် ပူပြင်းသောနေမင်းသည် ကောင်းကင်ယံတွင်တည်ရှိပြီး ပူပြင်းသောရာသီဥတုကို ကျင့်သားရနေသော ဒေသခံများမှလွဲ၍ အန်းယွဲ့တို့အဖွဲ့သည် ယခုထိ ဗီလာထဲသို့ ပြေးဝင်နေကြရတုန်းပင်။

အန်းယွဲ့သည် ကောက်ရိုးဦးထုပ်ကိုချွတ်ကာ ပထမထပ်ရှိရေချိုးခန်းတွင် ရေချိုး၊ အဝတ်အစားလဲပြီး ပြန်ထွက်လာကာ အပြင်ဘက်မိုးကောင်းကင်ကိုကြည့်လိုက်၏။

“ဒီရာသီဥတုက ၄၀ဒီဂရီလောက် ရှိမယ်ထင်တယ်။”

အလားတူ အပြေးအလွှား ပြန်ဝင်လာသော လီယန်က ပြန်ပြောလိုက်၏။

“အဲ့နီးနီးတော့ ဖြစ်သင့်တယ်။ အရမ်းပူတာပဲ။ ချည်မျှင်စက်ရုံကအလုပ်သမားတွေကို ညနေ ၄နာရီမှ ပြန်လာခိုင်းထားတယ်။”

“ဒီနေရာကဒေသခံတွေက အပူဒဏ်ကို အရမ်းခံနိုင်ရည်ရှိတာကို ကျုပ်တွေ့ခဲ့ရတယ်။ ဒီလိုရာသီဥတုမျိုးမှာတောင် သူတို့က လေ့ကျင့်နေနိုင်တုန်းပဲ။”

ကျန်းယွင်ထျန်းသည်လည်း အပြင်ကနေဝင်လာပြီး မျှော်လင့်ချက်မဲ့စွာ ပြောလိုက်၏။

အောက်ထပ်ရှိ စကားသံများကို ကြားလိုက်ရပြီးနောက် ရှောင်းယီသည်လည်း အောက်ထပ်သို့ဆင်းလာခဲ့ပြီး အပြင်ဘက်ကိုတစ်ချက်ကြည့်ကာ ပြောလိုက်သည်။

“အပြင်အပူချိန်က ၃၉.၂ဒီဂရီစင်တီဂရိတ်ရှိတယ်။ ဒေသခံတွေကို ဘာမှမလုပ်စေနဲ့။”

“ငါ သူတို့ကို ပြန်ပြီးဆူထားခဲ့ပြီးပြီ။ ငါရေအရင်သွားချိုးလိုက်ဦးမယ်။”

ထိုသို့ပြောကာ သူသည် ပထမထပ်ရှိရေချိုးခန်းဆီသို့ပြေးဝင်သွားတော့သည်။

အန်းယွဲ့တို့အဖွဲ့သည် ကပ်လျက်ရှိဗီလာတွင်နေထိုင်ကြသော်လည်း အခြေခံအားဖြင့် သူတို့သည် နေ့ခင်းဘက်တွင် ရှောင်းယီဆီသို့ လာရောက်ကြ၏။

အန်းရန်သည် ရေခဲစိမ်ထားသော ဖရဲသီးများကို ပြင်ဆင်ထားပြီးဖြစ်သည်။ သူတို့သည် ဖရဲသီးကို အပိုင်းပိုင်းမစိတ်ထားခဲ့ပေ။ ယင်းအစား အလယ်မှတစ်ချက်ခုတ်ကာ တစ်ဦးစီကို ထမင်းဇွန်းများပေးပြီး မိမိဘာသာ ခပ်ယူစားသုံးကြပေသည်။

“ကျုပ်ဒီကိုရောက်မလာခင်က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှာ လူတွေအားလုံးက ရာသီဥတုအရမ်းပူတယ်လို့ ညည်းညူနေတာကို မြင်ခဲ့တယ်။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“သေချာတာပေါ့... မင်းမှာလေအေးပေးစက်မရှိရင်မင်းလည်းညည်းညူနေမှာပဲလေ။”

အန်းယွဲ့က ပြန်ပြောလိုက်သည်။

ရှောင်းယီသည် သူ့လက်ထဲတွင် S အဆင့် အုန်းသီးတစ်လုံးကိုကိုင်ထားပြီး ပိုက်တစ်ချောင်းထိုးကာ စုပ်သောက်လိုက်၏။

“မိုးရွာရင် ပိုကောင်းမယ်။”

သူ၏စကားမဆုံးခင်မှာပင် အပြင်ဘက်ရှိ ရှင်းလင်းနေသောကောင်းကင်မှ ရုတ်တရက် မိုးချိန်းသံတစ်ချက် ကြားလိုက်ရလေသည်။

“ဂျိန်း”

လူတိုင်း တုန်လှုပ်သွားပြီး ရှောင်းယီကိုကြည့်ကာ တစ်ယောက်ပြီးတစ်ယောက် ပြောလိုက်ကြ၏။

“မင်းက တော်တော်ပါးစပ်စီးတာပဲ။”

ရှောင်းယီသည် မျှော်လင့်ချက်မဲ့စွာဖြင့် လက်ကိုဆန့်တန်းကာ ပြောလိုက်သည်။

“သူတို့အားလုံးကို ပြန်သွားခိုင်းလိုက်တော့။ မိုးကြိုးမုန်တိုင်းဖြစ်နေတဲ့အချိန် သစ်ပင်အောက်မှာ မနေရဘူး။”

အန်းယွဲ့သည် ချက်ချင်းပင် ဝေါ်ကီတော်ကီကို ကောက်ကိုင်ကာ ထိုကိစ္စရပ်ကို ပြောပြလိုက်၏။

အန်းယွဲ့ စီစဉ်ပြီးသည်နှင့် ကောင်းကင်သည် ချက်ချင်းပင် မှောင်မိုက်သွားပြီး ညအချိန်ရောက်ရှိလာနေသည်ဟု ထင်ရလေသည်။

ဝေါ......။

မိုးများ သည်းထန်စွာရွာသွန်းလာ၏။

မိုးစက်ကန့်လန့်ကာသည် မြင်ကွင်းများကိုပင် ကာဆီးထားပြီး သုံးမီတာအကွာရှိ အခြေအနေများကို လုံးဝမြင်နိုင်တော့ပေ။

နွေရာသီမိုးသည် လျင်မြန်စွာရွာသွန်းပြီးနောက် လျင်မြန်စွာ ပြီးဆုံးသွားခဲ့သည်။ မိုးသည်းထန်စွာရွာသွန်းမှုသည် မိနစ် ၂၀သာကြာမြင့်ခဲ့ပြီး ရပ်တန့်သွားကာ နေမင်းမှာ ပြန်လည်ထွက်ပေါ်လာပြီး ကမ္ဘာမြေကို ဆက်လက်ပူလောင်စေခဲ့သည်။

ရှောင်းယီသည် လက်ထဲတွင် အုန်းသီးကိုင်ကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်သွားလိုက်သည်။ ယီထျန်းဂရုသည် ရာသီဥတုမှာ အလွန်ပူပြင်းလှသည်ဟု ဆက်လက်ညည်းညူနေကြဆဲပင်။

“ရာသီဥတု အရမ်းပူတာပဲ။ အပြင်တောင် မထွက်နိုင်တော့ဘူး။”

“ဟုတ်တယ်...ဒီနေ့အတွက် ပစ္စည်းသေတ္တာက မွန်းတည့်လောက်မှ ကျွန်းနားကပ်လာမှာ။ ဘုရားသခင်က ငါ့ကိုလှည့်စားနေတယ်လို့တောင် ငါသံသယရှိနေပြီ။”

“ငါရောပဲ....ဒါပေမယ့် မိုးရွာပြီး အပူချိန်ပးအရမ်းမမြင့်ခင် ပစ္စည်းသေတ္တာကို ရအောင်ပြန်ယူပြီး ကောင်းတဲ့အရာတစ်ခု ဖွင့်နိုင်ခဲ့တယ်။”

“မင်းဘက်မှာ မိုးရွာတာလား။ ငါဘက်မှာကျ ဘာလို့မရွာတာလဲ။”

“ဘာပစ္စည်းကောင်းလဲ ထုတ်ပြးစမ်းပါ ကြည့်ရအောင်။”

“[မြေဆီလွှာအဆင့်မြှင့်တင်ရေးကတ်] ၂။ ဘယ်လိုလဲ။ မဆိုးဘူးမို့လား။”

“ဟား....မင်းရဲ့ကံအရမ်းကောင်းတာပဲ။ တစ်ချိန်တည်း နှစ်ခုတောင်ရလိုက်တယ်။ စတုရန်းမီတာ ၅၀ရှိတဲ့လယ်ကွင်းရှိရင် ဗိုက်ဆာမှာကို စိုးရိမ်စရာမလိုတော့ဘူး။ စတုရန်းမီတာ ၁၀၀ရှိမယ်ဆိုရင်တော့ အနာဂတ်မှာ အစားအစာတွေ အများကြီးရလိမ့်မယ်။”

“ဒါပေမယ့် ငါစိုက်ပျိုးရေးမလုပ်တတ်ဘူး။”

“စိုက်ပျိုးရေးနည်းလမ်းတွေမသိရင် သွားသင်ပြီး ဖြည်းဖြည်းချင်းလေ့လာလိုက်။ အဲ့လိုမှ မတတ်နိုင်တော့ဘူးဆိုရင် လောင်ယွမ်ကိုမေးပေါ့။ တစ်ခုတော့ မှတ်ထား... ကိုယ့်ဟာကိုယ်လုပ်မှ အစားအစာတွေကို အပြည့်ရလိမ့်မယ်။”

“အပေါ်ကအစ်ကိုကြီးပြောတာမှန်တယ်။ ယီရန်ပင်းကဘအခုဆိုရင် မျိုးစေ့တွေညထောက်ပံ့ပေးနိုင်နေပြီ။ မင်းကလည်း မြေဆီလွှာအဆင့်မြှင့်တင်ရေးကတ်ကို ရထားတယ်။ မင်းကံက အရမ်းကောင်းတာ သေချာတယ်။ ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ထားရမယ်။”

“အစ်ကိုကြီးတွေ ပြောတာမှန်တယ်။ ကျုပ် မျိုးစေ့တချို့ဝယ်ပြီး လယ်ယာစိုက်ပျိုးလုပ်ဖို့ သင်ယူပြီး ကိုယ့်ကိုယ်ကိုယ်ဖြည့်ဆည်းမယ်။ ဒါဆို ကျုပ် ဘယ်တော့မှ ဆာလောင်တော့မှာမဟုတ်ဘူး။”

ထိုအချိန်တွင် တစ်စုံတစ်ယောက်က ရုတ်တရက် ထပြောလိုက်၏။

“ကျုပ်လည်း မြေဆီလွှာအဆင့်မြှင့်တင်ရေးကတ်နှစ်ခု ရခဲ့တယ်။”

“ဘာ...”

လူတိုင်း ထိတ်လန်သွားခဲ့ကြ၏။

“ငါလည်း ရပြီဟ။”

All Chapters