အခန်း (၄၁၅-၄၁၇)
Vol. 28 Ch. 415-417
အခန်း ၄၁၅ - မျိုးစေ့စီမံကိန်း၊ လေဆင်နှာမောင်း၊ ရွှမ်းယွမ်ဓား
“ဒါက ဘယ်လိုအခြေအနေလဲ။ ငါတို့ကို စိုက်ပျိုးရေးလောကထဲ ဝင်ခွင့်ပေးလိုက်တာလား။”
“မင်းပြောတဲ့အတိုင်းဆိုရင် ဒီနေ့ ငါ့ပစ္စည်းသေတ္တာထဲမှာ မြေဆီလွှာအဆင့်မြှင့်တင်ရေးကတ်တစ်ခု အမှန်တကယ်ရလိမ့်မယ် ဟုတ်တယ်မလား။ ဒါပေမယ့် အပြင်မှာကအရမ်းပူနေတော့ ငါမထွက်နိုင်ဘူး။”
“မဟုတ်ဘူး...မထွက်နိုင်ရင်တောင် ထွက်ရမယ်။ တခြားပစ္စည်းတွေက အရေးမကြီးဘူး။ ဒီဟာကတော့ အရမ်းအရေးကြီးတယ်။”
“ကောင်းကောင်းကာကွယ်ကြပေါ့။ ငါကတော့ ပစ္စည်းသေတ္တာထွက်ဖမ်းဖို့ အဆင်သင့်ဖြစ်နေပြီ။”
မူလကက ရာသီဥတုကြောင့် လူတိုင်းသည် ယနေ့၏ပစ္စည်းသေတ္တာများကို စွန့်လွှတ်လိုက်ရန် စီစဉ်ထားခဲ့ကြသော်လည်း ယခုကြည့်ရသည်မှာ စွန့်လွှတ်ကြတော့မည့်ပုံမရပေ။
ရှောင်းယီသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ အလွန်အံ့အားသင့်သွားပြီး ချက်ချင်းပင် ဝေါ်ကီတော်ကီကို ကောက်ကိုင်ကာ အန်းယွဲ့ဆီသို့ ဆက်သွယ်လိာက်၏။
“ဂရုထဲလူတွေက သူတို့အားလုံး မြေဆီလွှာအဆင့်မြှင့်တင်ရေးကတ်တွေ ရနေပြီလို့ပြောနေကြတယ်။ ဦးလေးအန်း သွားပြီးတော့ ကျုပ်တို့ပစ္စည်းသေတ္တာထဲမှာ ရှိမရှိကြည့်လိုက်ပါဦး။”
“ကောင်းပြီ။”
အန်းယွဲ့က ပြန်ဖြေလိုက်သည်။ ဆယ်မိနစ်အကြာတွင် အန်းယွဲ့က အဖြေပြန်ပေးလာခဲ့သည်။
“ရှိတယ်၊ စုစုပေါင်း မြေဆီလွှာအဆင့်မြှင့်တင်ရေးကတ် ၈၂ခုပဲ။”
လောလောဆယ် ရှောင်းယီ၏ကျွန်းပေါ်တွင် လူဦးရေ ၄၁ ဦးရှိပြီး ပျမ်းမျှအားဖြင့် လူတစ်ဦးလျှင် နှစ်ခုစီအတိအကျဖြစ်၏။
“ဒါက တကယ်ပဲ ငါတို့ကို စိုက်ပျိုးရေးလောကထဲ ဝင်ခွင့်ပေးလိုက်တာပဲ။”
ရှောင်းယီ တစ်ကိုယ်တည်းရေရွတ်ကာ အနည်းငယ်စဉ်းစားလိုက်ပြီး ဆက်ပြောလိုက်သည်။
“ကျူးချန်းကလန်ကို ကျော်ထားခဲ့ပြီး ကျန်တာတွေကို မျိုးနွယ်စုလေးစုကို ခွဲဝေပေးလိုက်ပါ။ မျိုးနွယ်စုတစ်စုကို ကတ် ၂၀ စီရမယ်။ သူတို့ရိတ်သိမ်းတဲ့သီးနှံတိုင်းရဲ့ ဆယ်ပုံတစ်ပုံ ပြန်အပ်ခိုင်းပြီး ဆယ်ပုံတစ်ပုံရဲ့ ၂၀ရာခိုင်နှုန်းကိုတော့ ကျူးချန်းကလန်ကို နစ်နာကြေး ပြန်ပေးရမယ်လို့ ပြောလိုက်ပါ။”
နောက်ဆုံးတွင် မြေဆီလွှာအဆင့်မြှင့်တင်ရေးကတ်များစွာတွင် ၎င်းတို့၏ကျေးဇူးများလည်း ရှိနေသေးသည်။
“နားလည်ပါပြီ။”
အန်းယွဲ့က ပြန်ဖြေလိုက်သည်။
ဤအချိန်တွင် ယီထျန်းဂရုတွင်သာမက အခြားချန်နယ်များသည်လည်း ဆူညံပွက်လောရိုက်နေကြပြီဖြစ်သည်။
“ကျုပ် မြေဆီလွှာအဆင့်မြှင့်တင်ရေးကတ် ရသွားပြီ။ ပြီးတော့ နှစ်ခုထပ်ပိုတယ်။”
“ငါရောပဲ။”
“ဟားဟား....ငါက ခြောက်ခုရလိုက်တယ်။ ငါ့ကျွန်းပေါ်မှာ လူသုံးယောက်ရှိတယ်လေ။ အဲ့ဒါက ခေါင်းအရေအတွက်နဲ့ တွက်တာဖြစ်သင့်တယ်။”
“ဒီလိုပူပြင်းတဲ့ရာသီဥတုကြီးထဲမှာ ရေဓာတ်ခန်းခြောက်သွားလုနီးပါးပဲ။ ဒါပေမယ့် တန်ပါတယ်။”
“သူဌေး ကျုပ် မျိုးစေ့ဝယ်ချင်ပါတယ်။”
“ကျုပ်လည်းလိုချင်တယ်။”
ယခု ကျွန်းအားလုံးသည် မျိုးစေ့များဝယ်ယူရန်အတွက် စတင်လုပ်ဆောင်ခဲ့ကြသည်။ ရှောင်းယီသည် အနည်းငယ်စဉ်းစားပြီးနောက် ချက်ချင်းပင် ဝေါ်ကီတော်ကီဖြင့် ယွမ်နွန်ကို ပြောလိုက်၏။
“ဦးလေးယွမ် မျိုးစေ့တွေကို မရောင်းနဲ့ဦး။”
“ဟင်...”
ယွမ်နွန် အနည်းငယ်ရှုပ်ထွေးသွားခဲ့သည်။
“ကျုပ်ဆီက သတင်းကို စောင့်နေပါ။”
ရှောင်းယီက ရှင်းပြပြီးနောက် ယီထျန်းဂရုထဲသို့ချက်ချင်းပင် စာပို့လိုက်၏။
“လူတိုင်းပဲ အခုချိန်မှာ လူတိုင်းက မြေဆီလွှာအဆင့်မြှင့်တင်ရေးကတ်တွေ ရထားပြီးကြပြီ။ ဒါပေမယ့် ကျုပ်တို့လက်ထဲမှာ မျိုးစေ့တွေ ဒီလောက်အများကြီး မရှိဘူး။ စိုက်ပျိုးဖို့အတွက် အချိန်အနည်းငယ်တော့ ကြာပါဦးမယ်။ အားလုံးပဲ နားလည်ပေးကြမယ်လို့ ကျုပ်မျှော်လင့်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီရာသီဥတုမှာ စိုက်ပျိုးမယ်ဆိုရင် နေပူလောင်သွားလိမ့်မယ်။ အဲ့ဒါကြောင့် ကျုပ်တို့ အလောက်တကြီးမလုပ်လိုဘူး။”
ရှောင်းယီ၏စကားလုံးများကို မြင်လိုက်ရသောအခါ လူတိုင်း ချက်ချင်းပင် တုံ့ပြန်လိုက်ကြ၏။
“သူဌေးပြောတာမှန်တယ်။ ငါတို့အုပ်စုမှာ နေရာ ၁၀၀,၀၀၀ ကျော်ရှိတယ်။ နေရာတစ်ခုကို မျိုးစေ့တစ်ကတ္တီကုန်ကျမယ်ဆိုရင် ၁၀၀,၀၀၀ ကတ္တီနဲ့အထက် လိုအပ်လိမ့်မယ်။ ကျွန်းတွေပိုများလာရင် နည်းလမ်းမရှိနိုင်တော့ဘူး။ တွက်ကြည့်မယ်ဆိုရင် ဒီကိန်းဂဏန်းက အရမ်းကြီးမားလွန်းတယ်။”
“ဒီလောက်များတဲ့ပမာဏအတွက် တကယ်ပဲ ပြင်ဆင်ဖို့လိုတယ်။ ဒါပေမယ့် သူဌေးက အရမ်းရိုးသားလွန်းတယ်။ ဒီရာသီဥတုက စိုက်ပျိုးရေးအတွက်မကောင်းဘူးလို့တောင် သတိပေးသွားတယ်။”
“သူဌေးရဲ့စရိုက်က လုံးဝသံသယဖြစ်ဖွယ်ရာ မရှိဘူး။ သူ့နေရာမှာ အခြားတစ်စုံတစ်ယောက်သာဆိုရင် အရင်ရောင်းလိုက်ပြီးလောက်ပြီး။ ငါတို့ စိုက်ပျိုးလို့ သေဆုံးသွားရင် သူက နောက်ထပ် ထပ်ရောင်းနိုင်သေးတယ်။”
“ဟုတ်တယ်။”
လူတိုင်း၏စကားလုံးများကို မြင်လိုက်ရသောအခါ ရှောင်းယီသည် အနည်းငယ်လိပ်ပြာမလုံသလို ခံစားလိုက်ရပြီး သူ၏မေးစေ့ကို ပွတ်သပ်လိုက်၏။
“ဒီတော့ ငါက ဒီလောက်ကောင်းတယ်ပေါ့။”
ရှောင်းယီ ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။
“တကယ်တော့ ငါက နှစ်ဆတိုးတဲ့အချိန်မှာ ချမ်းသာအောင် လုပ်ချင်ရုံပါပဲ။”
ဂရုထဲရှိလူတိုင်းသည် ဤစကားကိုသာကြားလျှင် အတူတကွ သွေးအန်ကြလိမ့်မည်ဟုပင် ခန့်မှန်းရ၏။
ရှောင်းယီ၏လက်ရှိစာရင်းထဲတွင် ၎င်းတို့လိုချင်သောမျိုးစေ့အများစုကို ထောက်ပံ့ပေးနိုင်ပေသည်။ အကြောင်းမှာ ခြံတန်းသည် စိုက်ပျိုးခြင်းကို မည်သည့်အခါကမျှ မရပ်တန့်ခဲ့သောကြောင့်ပင်။
အလုံးစုံထောက်ပံ့ခြင်းသည် အနည်းငယ်ယုတ္တိမရှိသော်လည်း လောလောဆယ်၌ အချိန်အနည်းငယ် ပိုရှိသင့်သည်။ အကယ်၍ သင်သည် အလုံးစုံ အသုံးပြုလိုက်ပါက အလွန်နောက်ကျသွားနေနိုင်၏။
ဂရုထဲသို့ စာပို့ပြီးနောက် ရှောင်းယီသည် ယွမ်နွန်နှင့်သီးသန့်ဆက်သွယ်ရန်အတွက် ဝေါ်ကီတော်ကီကို အသုံးပြုလိုက်သည်။
“ဦးလေးယွမ်...ဦးလေးအန်းက မြေဆီလွှာအဆင့်မြှင့်တင်ရေးကတ် ၈၂ ခုရခဲ့ပြီး မျိုးနွယ်စုလေးစုကို ခွဲဝေပေးခဲ့တယ်။ အခု ဦးလေးက ဒီမြေဆီလွှာအဆင့်မြှင့်တင်ရေးကတ်တွေကိုကို အလုံးစုံအသုံးပြုဖို့ လိုလာပြီ။ မျိုးစေ့တွေကို အမြန်ဆုံးစိုင်ပျိုးပါ။ အဓိကစားသုံးတဲ့ သာမန်သီးနှံတွေကို ပိုစိုက်ရမယ်။ ဒါက ကျုပ်တို့ကျွန်းကို နောက်တစ်ကြိမ် အမြန်ဆုံးချဲ့ထွင်နိုင်မယ့် အခွင့်အရေးပဲ။”
ရှောင်းယီက ရှင်းရှင်းလင်းလင်း မပြောခဲ့သော်လည်း ယွမ်နွန်သည် သူ၏ဆိုလိုရင်းကို ချက်ချင်းပင် နားလည်သွား၏။
“မစိုးရိမ်ပါနဲ့ ငါစီစဉ်လိုက်မယ်။”
ယွမ်နွန်သည် ရှောင်းယီ၏အမိန့်အတိုင်း သူ့နောက်လိုက်ဒေသခံများကို ချက်ချင်းပင် မျိုးနွယ်စုလေးစုကြားထဲသို့ ခွဲထုတ်လိုက်သည်။
ပူပြင်းသောနေရောင်အောက်တွင် တဲများ စတင်ဆောက်လုပ်ကြ၏။ ယခု နေရောင်သည် အလွန်ပြင်းထန်နေပြီဖြစ်ရာ တဲဆောက်ကာ သီးနှံများကို အပူလောင်သေဆုံးခြင်းမှကာကွယ်ရန် လိုအပ်ပေသည်။
ဒေသခံများ ဆောက်လုပ်နေစဉ် ယွမ်နွန်ဆီမှ ရောက်လာသော နည်းပညာရှင်များသည် မြေဆီလွှာအဆင့်မြှင့်တင်ရေးကတ်များကို အသုံးပြုပြီးသားလယ်ကွင်းများပေါ်တွင် စိုက်ပျိုးနေကြပြီဖြစ်သည်။
ဤသည်မှာ ထိုဒေသခံများအတွက် သီးနှံအမျိုးမျိုးစိုက်ပျိုးရန်အတွက် သင်ယူနိုင်မည့် အခွင့်အရေးတစ်ခုလည်းဖြစ်ပေသည်။
အကြောင်းမှာ ဤအကြိမ်လိုအပ်သော မျိုးစေ့များသည် အမျိုးအစားစုံလင်သောကြောင့်ပင်။
လူတိုင်းသည် ကျွန်းပေါ်တွင် အလုပ်လုပ်နေစဉ် ကျန်းယွင်ထျန်း၏ရေဒါထောက်လှမ်းရေးစက်သည် နောက်တစ်ကြိမ် အချက်ပေးသံ မြည်လာခဲ့ပြန်သည်။
ရေဒါထောက်လှမ်းရေးစက်ကို ယူကြည့်ပြီးနောက် ကျန်းယွင်ထျန်း၏မျက်နှာအမူအရာသည် အကြီးအကျယ်ပြောင်းလဲသွားပြီး ဗီလာ၏တတိယထပ်သို့ တန်းတက်သွားကာ ရှောင်းယီကို ရှာဖွေလိုက်၏။
“ကျွန်းပိုင်ရှင် လေဆင်နှာမောင်းလာနေပြီ....။”
ကျန်းယွင်ထျန်းက ပြောလိုက်၏။
“ငါ့ကို ထောက်လှမ်းရေးစက်ကို တစ်ချက်လောက်ကြည့်ခွင့်ပေး။”
ရှောင်းယီသည် လေဆင်နှာမောင်း၏လမ်းကြောင်းကို ကြည့်ရှုလိုက်သောအခါ သူ၏ကျွန်းဆီသို့ ဦးတည်နေကြောင်း တွေ့လိုက်ရလေသည်။
တစ်ဖက်၏ရွေ့လျားမှုအရှိန်အရ ၎င်းသည် သူ၏ကျွန်းသို့မရောက်မီ ခန့်မှန်းခြေအားဖြင့် ဆယ်မိနစ်ခန့်မျှသာကြာမည်ဖြစ်သည်။
“အရေးပေါ်အသိပေးချက်: လေဆင်နှာမောင်းလာနေပြီ။ လူတိုင်း အခုချက်ချင်း မြေအောက်ခိုလှုံရေးစခန်းတွေဆီ ပြန်သွားရမယ်။”
ရှောင်းယီသည် ဝေါ်ကီတော်ကီးကိုကောက်ယူကာ လေးနက်နေသောလေသံဖြင့် ပြောကြားလိုက်၏။
ထိုမြေအောက်ခိုလှုံရေးစခန်းကို တူးဖော်ခဲ့သည်မှာ အချိန်အတော်ကြာပြီဖြစ်သည်။ ရှောင်းယီတို့အဖွဲ့သည် ယခင်က လေဆင်နှာမောင်းနှင့် ရင်ဆိုင်ခဲ့ရပြီး ၎င်း၏ပြင်းထန်မှုကို သိရှိထားခဲ့၏။
မြေကြီးထဲတွင် ပုန်းအောင်းခြင်းမှာ အနည်းငယ်ပိုမိုဘေးကင်းသည်။
ကျွန်းပေါ်တွင် လူဦးရေတိုးပွားလာသည်နှင့်အမျှ ဗီလာ၏မြေအောက်ခန်းထဲသို့ အားလုံးကို ပြွတ်သိပ်ထည့်ထားရန်မှာ မဖြစ်နိုင်ပေ။
ထို့ကြောင့် ရှောင်းယီသည် အန်းယွဲ့တို့အဖွဲ့အား မျိုးနွယ်စုတစ်ခုစီ၏ စုဝေးရာနေရာအနီးတွင် မြေအောက်ခိုလှုံရေးစခန်းတစ်ခုတူးရန် တောင်းဆိုခဲ့၏။ ၎င်းကို ယခင်က မြေအောက်သိုလှောင်ခန်းအဖြစ်အသုံးပြုခဲ့ပြီး သဘာဝဘေးအန္တရာယ်ကျရောက်ပါက ဤတစ်ကြိမ်ကဲ့သို့ ခိုလှုံရေးစခန်းအဖြစ် အသုံးပြုမည်ဖြစ်သည်။
ထိုသတင်းကိုရရှိလိုက်သောအခါ မျိုးနွယ်စုအားလုံး၏ဒေသခံများသည် ချက်ချင်းပင် မြေအောက်ခိုလှုံရေးစခန်းများဆီသို့ ပြေးသွားကြတော့သည်။
ငါးမိနစ်အတွင်း ရှောင်းယီတို့အဖွဲ့အပါအဝင် လူတိုင်းသည် မြေအောက်သို့ နောက်တစ်ခေါက် ရောက်သွားခဲ့ကြသည်။
ရှောင်းယီ ရေဒါထောက်လှမ်းရေးစက်ကိုကြည့်ရှုနေ၏။ မကြာမီ လေဆင်နှာမောင်းသည် ကျွန်း၏အနောက်တောင်ဘက်သို့ ရောက်ရှိလို့လာခဲ့သည်။ သို့သော်လည်း မှော်ဆန်သောမြင်ကွင်းတစ်ခု နောက်တစ်ကြိမ်ဖြစ်ပေါ်လာခဲ့သည်။
လေဆင်နှာမောင်းသည် အနောက်တောင်ဘက်မှအရှေ့မြောက်ဘက်သို့ ဆင်းသက်ကာ ရှောင်းယီ၏ကျွန်းတစ်ခုလုံးကို ဖြတ်သန်းသွားသင့်ပေသည်။
သို့သော် အံ့အားသင့်စရာမှာ လေဆင်နှာမောင်းသည် သတိရှိရှိဖြင့် အနောက်ဘက်သို့လှည့်သွားကာ ရှောင်းယီတို့ကျွန်း၏ အနောက်ဘက်ကို ပွတ်တိုက်ပြီး ထွက်ခွာသွားခဲ့၏။
ပိုင်ချီတို့အုပ်စုထဲရှိလူများသည် မြေပြင်ပေါ်ရှိ အသံမျိုးစုံကိုနားထောင်ကာ စိတ်အတွင်းထဲမှ ဝမ်းမြောက်ဝမ်းသာဖြစ်သွားခဲ့ကြသည်။
ကျွန်းပိုင်ရှင်သာ ကြိုပြီးသတိမပေးခဲ့ဘူးဆိုရင် ငါတို့ လူအများကြီးကို စတေးခဲ့ရမှာပဲ။
လေဆင်နှာမောင်း၏လမ်းကြောင်းကို ကြည့်ရှုကာဖြင့် ကျန်းယွင်ထျန်းတစ်ယောက် အံ့ဩတကြီး ပြောလိုက်မိ၏။
“ဒီလေဆင်နှာမောင်းက ငါတို့ကို အရမ်းကြင်နာနေတာပဲ။”
“ဒါက ငါတို့ကျွန်းပေါ်က တောင်တွေကြောင့်များဖြစ်နိုင်မလား။”
ယွမ်နွန်က ခန့်မှန်းကြည့်လိုက်သည်။
“မဟုတ်ရင် ဒီလေဆင်နှာမောင်းက ဘယ်လိုလုပ်ပြီး ရုတ်တရက်လှည့်ထွက်သွားမှာလဲ။”
ရှောင်းယီသည် သူ၏ခါးပေါ်ရှိ ရွှမ်းယွမ်ဓားကို ပွတ်သပ်လိုက်မိ၏။ ဤအကြိမ်တွင် သူသည် ဤအရာကိုအထူးဂရုစိုက်ထားခဲ့ပြီး လေဆင်နှာမောင်းဆင်းသက်သောအခါ ၎င်းသည် တဒင်္ဂမျှတုန်ခါသွားခဲ့သည်။
“ဖြစ်နိုင်တယ်...။ အဲ့ဒါက ပြီးသွားသင့်ပြီ။ ပိုင်ချီရဲ့သေဆုံးဒဏ်ရာရသူတွေနဲ့ အဆောက်အဦပျက်စီးမှုတွေကိုသွားကြည့်ပြီး သူတို့ရဲ့အိမ်တွေကို အမြန်ဆုံးပြန်တည်ဆောက်ဖို့ ကူညီပေးလိုက်ပါ။”
ရှောင်းယီက အမိန့်ပေးလိုက်သည်။
အခန်း ၄၁၆ - လေဆင်နှာမောင်းအရှုပ်တော်ပုံ၊ မြောက်ဘက်ကိုအပ်နှံခြင်း
ရှောင်းယီ၏ညွှန်ကြားချက်ကို ကြားလိုက်ရသောအခါ လူတိုင်းသည် မြေအောက်ခန်းထဲမှ တစ်ယောက်ပြီးတစ်ယောက် ထွက်လာခဲ့ကြသည်။
“လေဆင်နှာမောင်း ထွက်သွားပြီ။ လူတိုင်း အပြင်ထွက်လို့ရပြီ။ ဘေးကင်းရေးကို သတိထားကြပါ။ ပြိုလဲသွားတဲ့ သစ်ပင်တွေနဲ့ အဆောက်အဦတွေကို အထူးသတိထားရမယ်။ မျိုးနွယ်စုတစ်ခုစီက သူတို့ရဲ့ဆုံးရှုံးမှုတွေကို ရေတွက်ပြီး အန်းယွဲ့ဆီကိုတင်ပြကြရမယ်။”
ရှောင်းယီက ဝေါ်ကီတော်ကီဖြင့် ပြောလိုက်၏။
“ဟုတ်ကဲ့။”
လူတိုင်းက တုံ့ပြန်လိုက်ကြသည်။
ပိုင်ချီသည် လူအနည်းငယ်ကိုခေါ်ကာ မြေအောက်ခိုလှုံရေးစခန်း၏ သံတံခါးကို အတူတကွဆွဲဖွင့်လိုက်၏။ သို့သော်လည်း သံတံခါးမှာ လှုပ်ရှားမှုမရှိကြောင်း တွေ့ရှိလိုက်ရလေသည်။
၎င်းသည် သူတို့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြု၍ ပြုလုပ်ထားသော လေးလံသည့်သံတံခါးဖြစ်သော်လည်း သူတို့ ဤနေရာသို့ ရောက်မလာမီက လှုပ်ရှား၍နိုင်ခဲ့သည်။
ပိုင်ချီသည် ချက်ချင်းပင် တုံ့ပြန်လိုက်၏။ အပြင်ဘက်တွင် တစ်စုံတစ်ခု ပိနေသည်ဟုထင်ရသည်။
သူသည် ဝေါ်ကီတော်ကီကို ကောက်ကိုင်ကာ ရှောင်းယီဆီသို့ သတင်းပို့လိုက်၏။
“ကျွန်းပိုင်ရှင် ကျုပ်တို့ရဲ့မြေအောက်ခိုလှုံရေးစခန်းရဲ့တံခါးကပီနေပြီး ဖွင့်လို့မရဘူး။”
ရှောင်းယီက ချက်ချင်းပြန်ဖြေလိုက်သည်။
“ကောင်းပြီ ငါသွားပြီးကြည့်လိုက်မယ်။ အခြားမျိုးနွယ်စုသုံးစုက မျိုးနွယ်စုတစ်ခု ၂၀၀ စီခွဲပြီး ကူညီပေးမယ်။”
“ဟုတ်ကဲ့။”
လူတိုင်းက ဝေါ်ကီတော်ကီဖြင့် တုံ့ပြန်လိုက်ကြ၏။
ရှောင်းယီသည် ဖာဂါနာမြင်းကိုစီးကာ ပထမဆုံး ပိုင်ချီထံသို့ အပြေးအလွှားထွက်သွားခဲ့သည်။
မြင်ကွင်းတစ်ခုလုံးသည် ရှုပ်ရှက်ခတ်နေပြီး လေဆင်နှာမောင်းသည် အနောက်ဘက်ရှိသစ်တောများကို လုံးဝဖျက်ဆီးပစ်ခဲ့သည်။
လေတိုက်ခံခဲ့ရသော သစ်ပင်များကို နေရာတိုင်းတွေ့မြင်နိုင်ပြီး အချို့မှာမှာ အမြစ်ပါပါသွား၏။
ပိုင်ချီတို့၏အိမ်များအားလုံးမှာ ပျက်စီးနေသော်လည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်များမှာမူ ကျန်ရှိနေခဲ့ပြီး တိုက်ရိုက်ပြင်ဆင်နိုင်ခဲ့ကာ လူအားနှင့် အချိန်များစွာကို မဖြုန်းတီးခဲ့ရပေ။
မြေအောက်ခိုလှုံရေးစခန်းဝင်ပေါက်သို့ရောက်သောအခါ ထိုနေရာတွင် သစ်တုံးများ အများအပြား စုပုံနေသည်ကို တွေ့လိုက်ရလေသည်။
မူလက ဤခိုလှိုရေးစခန်း၏တံခါးသည် လုံခြုံရေးအတွက် အတန်ငယ်လေးလံအောင်ပြုလုပ်ထားခဲ့ပြီး အပြင်ဘက်တွင် သစ်တုံးများပုံထပ်နေခြင်းကြောင့် ၎င်းတို့ဖွင့်သည့်အခါ အရာမရောက်ခြင်းကို နားလည်နိုင်ပေသည်။
မကြာမီ အခြားမျိုးနွယ်စုသုံးစုမှ လူများသည်လည်း အပြေးအလွှား ရောက်ရှိလာခဲ့ကြ၏။
ရှောင်းယီသည် သူ့တို့ကို ခိုလှုံရေးစခန်းဝင်ပေါက်ရှိ သစ်တုံးများအား ညွှန်ပြကာ ပြောလိုက်သည်။
“လူတစ်ရာက ဒီကသစ်တုံးတွေရှင်းပစ်လိုက်။ ကျန်တဲ့သူတွေက ပိုင်ချီတို့မျိုးနွယ်စုထဲက အမှိုက်သရိုက်တွေကို ရှင်းပစ်ကြ။”
“ဟုတ်ကဲ့။”
အန်းယွဲ့က ပြန်ဖြေပြီး ထိုဒေသခံများအတွက် အလုပ်များ ခွဲဝေပေးလိုက်သည်။
လူဦးရေ များပြားခြင်းမှာလည်း အားသာချက်တစ်ခုဖြစ်ပေသည်။ မိနစ် ၂၀အတွင်း မြေအောက်ခိုလှုံရေးစခန်းဝင်ပေါက်ရှိ သစ်တုံးများကို ရှင်းလင်းပစ်လိုက်နိုင်၏။
တံခါးသည် ချောမွေ့စွာပင် ပွင်းသွားခဲ့ပြီး အထဲမှလူများတို့သည်လည်း အပြင်ထွက်လာနိုင်ခဲ့ကြသည်။
“ကူညီဖို့ရောက်လာပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
ပိုင်ချီသည် အပြင်ဘက်ရှိ ကူညီရန်ရောက်လာသောသူများကို ကျေးဇူးတင်စကား ပြောလိုက်၏။ ဒေသခံများသည်လည်း သူတို့၏လက်များကို ခါယမ်းကာ အဆင်ပြေကြောင်းပြလိုက်ကြသည်။
“ငါတို့ကျွန်းပေါ်မှာဆိုရင် မင်းတို့ကမိသားစုတွေပဲ။ မျိုးနွယ်စုလေးစုက အချင်းချင်း ယှဉ်ပြိုင်နိုင်တယ်။ ဒါပေမယ့် တစ်ဦးနဲ့တစ်ဦး မသတ်ရဘူး။ သဘာဝတရားနဲ့ လူကြောင့်ဖြစ်လာတဲ့ဘေးအန္တရာယ်တွေကြုံလာရတဲ့အခါ မင်းတို့က စကားလုံးရှစ်လုံးနဲ့ အလုပ်လုပ်ရမယ်။ အဲ့ဒါကဘာလဲဆိုတော့ တစ်ဖက်ကဒုက္ခရောက်ရင် အကုန်လုံးက ကူညီပေးရမယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့။”
လူတိုင်းက တစ်စိတ်တစ်ဝမ်းတည်း တုံ့ပြန်လိုက်ကြ၏။
“ကျန်တာတွေကို ဂရုစိုက်လိုက်တော့။ ပိုင်ချီတို့ဘက်ကအိမ်တွေကို ကျွန်းအထိန်းအမှတ်ကျောက်တိုင်နဲ့ ပြန်ပြင်ပေးမယ်။”
ရှောင်းယီက နှိုးဆော်လိုက်ပြီးနောက် မြင်းကိုစီးကာ ဗီလာသို့ ပြန်သွားခဲ့သည်။
ထိုအချိန်တွင် ယီထျန်းဂရုထဲရှိ လူများစွာသည်လည်း အော်ဟစ်ငိုကြွေးနေကြ၏။
“မိုးသည်းကြီးမည်းကြီးရွာပြီးတာနဲ့ ဘာလို့လေဆင်နှာမောင်းက ထပ်ဖြစ်လာရပြန်တာလဲ။ ပြီးသွားရင် ငါ့ဆီကိုရောက်လာတော့မယ်။”
“မင်းက ဒီမှာစကားဆက်ပြောချင်စိတ်ရှိနေသေးတယ်ပေါ့။ မြန်မြန်ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နဲ့ ကိုယ့်ကိုယ်ကိုယ် ချည်ထားလိုက်စမ်းပါ။”
“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နဲ့ ချည်ပြီးသွားပြီ။ ငါအခု ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှာဟ။ မဟုတ်ရင် ဘယ်လိုစကားပြောရမှာလဲ။”
“ဒီလိုသဘာဝဘေးအန္တရာယ်မျိုးက မြေအောက်မှာနေရင် ပိုပြီးလွယ်တယ်လို့ငါထင်တယ်။”
“ဒါပေမယ့် အခုမှ မြေတွင်းတူးဖို့ဆိုတာ နောက်ကျသွားပြီ။”
“ဒါဆို ကြိုတင်မကာကွယ်ထားတဲ့ ကိုယ့်ကိုယ်ကိုပဲအပြစ်တင်ရမယ်။ အရင်ကလည်း လေဆင်နှာမောင်း ကြုံဖူးတာပဲ။ အမှတ်ကို မရှိသေးဘူး။”
“ဒီတစ်ခါတော့အမှတ်ရှိသွားပြီ။ လေဆင်နှာမောင်းက ကျော်သွားပြီဆိုရင် ဘာမှမလုပ်တော့ဘူး။ အရင်ဆုံး တွင်းတစ်တွင်း တူးထုတ်လိုက်မယ်။ အား....ရောက်လာပြီ။”
“ငါငိုနေပြီ။ နောက်ဆုံးမှ ငါ ပြန်ဖြည့်ထားတဲ့သစ်တောက ဆင့်ကဲပြောင်းလဲဖို့အချိန်တောင်မရသေးဘူး။ လေဆင်နှာမောင်းက ဖျက်ဆီးပစ်လိုက်ပြီကွာ....။”
“လေဆင်နှာမောင်းက မင်းကျွန်းကိုဖြတ်သွားတာလား။ လေဆင်နှာမောင်းက မင်းကို ယူမသွားတာကိုပဲ ဝမ်းသာသင့်တာမဟုတ်ဘူးလား။”
“ငါက အပူဒဏ်ကိုရှောင်ဖို့ အစောကြီးကတည်းက မြေအောက်ခန်းတစ်ခုတူးထားတယ်။ လေဆင်နှာမောင်းကိုမြင်တာနဲ့ မြေအောက်ခန်းထဲမှာ ဝင်ပုန်းနေတာ။ သူထွက်သွားမချင်းမချင်း ငါအပြင်မထွက်ခဲ့ဘူး။”
“မင်းက သစ်တောပဲဆုံးရှုံးသွားတာ။ ငါဆိုရင် ခုနကမှရထားတဲ့သိုးကလေး လေနဲ့ပါသွားတာကွ။”
“ဒီလေဆင်နှာမောင်းက အရမ်းမြန်တယ်။ ကိုယ့်ကိုယ်ကို ဂရုစိုက်နိုင်တာကတင် ကောင်းနေပြီ။ တခြားအရာတွေကို ဘယ်သူက စဉ်းစားနိုင်မှာလဲ။”
“အိုး! ငါကတော့ ဘဝလေး နည်းနည်းတိုးတက်လာပြီလို့ ခံစားလိုက်ရတာ။ အခုတော့ လေဆင်နှာမောင်းက ငါ့ကိုပြန်ယူသွားခဲ့ပြီ။”
ထိုကားများကိုကြည့်နေရင်း ရှောင်းယီသည် အနည်းငယ်စဉ်းစားပြီးနောက် စွန်းကုထောင်ထံသို့ မက်ဆေ့ချ်ပို့လိုက်သည်။
“ပင်လယ်ပြင်ကို စောင့်ကြည့်ဖို့ လူတစ်ယောက်လောက် စီစဉ်ထား။ လေဆင်နှာမောင်းလာရင် ပုန်းအောင်းရအောင်။ အရေးကြီးတဲ့ပစ္စည်းတချို့လည်း ယူသွား။”
“ဟုတ်ကဲ့ ကျွန်းပိုင်ရှင်။”
စွန်းကုထောင်က ပြန်ဖြေလိုက်သည်။
“ကျုပ် အရပ်လေးမျက်နှာကို အဆက်မပြတ်လေးမျက်နှာစောင်းကြည့်ဖို့ လူလေးယောက် စီစဉ်ထားပြီးပါပြီ။”
“အင်း ဒေသခံတွေ မင်းကို ထပ်မတိုက်သေးဘူးလား။”
ရှောင်းယီက မေးလိုက်သည်။
“မရှိပါဘူး။ နောက်ဆုံးအကြိမ် သူတို့ရှုံးသွားပြီးတော့ အသံမကြားရတော့ဘူး။ ဒါပေမယ့် ဒီတိုင်းရင်းသားတွေက အလုပ်လုပ်ရတာ တကယ်ကောင်းတယ်။ ဒီလိုမျိုးအပူချိန်အောက်မှာ ကျုပ်တို့ လုံးဝအလုပ်မလုပ်နိုင်ဘူး။ ဒါပေမယ့် သူတို့ကကျ လုံးဝမဂရုမစိုက်ဘူး။”
“အင်း သူတို့ကိုသုံးပြီး ကိုယ့်ကျွန်းကို ဖွံ့ဖြိုးတိုက်တက်အောင်လုပ်။ မင်း မြေဆီလွှာမြှင့်တင်ရေးကတ်လည်းရထားပြီးပြီမို့လား။”
ရှောင်းယီက မေးလိုက်သည်။
“ဟုတ်ကဲ့ ရပြီးပါပြီ။ အဲ့ဒီမှာ လိုအပ်လား။”
စွန်းကုထောင်က မေးလိုက်သည်။ ရှောင်းယီက ခေါင်းခါပြလိုက်သည်။
“မလိုပါဘူး။ မင်းရဲ့ကျွန်းပေါ်မှာ မင်းကိုယ်တိုင်သုံးနိုင်တယ်။ ဇီဝချစ်ပ်ပြားတွေရော ထည့်ပြီးပြီလား။”
“ပြီးပါပြီ။”
စွန်းကုထောင်ပ ပြန်ဖြေလိုက်သည်။
“နောက်ပိုင်းမှာ အချိန်တိုင်း ထမင်းအိုးကြီးတစ်လုံးတည်းပဲ စားမနေနဲ့။ လူတိုင်းက အလုပ်လုပ်ပြီး လစာရရမယ်။ ပြီးရင် ကိုယ့်လစာနဲ့ ကိုယ်စားစရာဝယ်စားရမယ်။”
ရှောင်းယီက ပြောလိုက်၏။
“ဟုတ်ကဲ့။”
စွန်းကုထောင်က ပြန်ဖြေသည်။
“ဆရာကြီးအန်းက ကျုပ်ကိုပြောထားပြီးပါပြီ။”
“အင်း နောက်ထပ်ကိစ္စတစ်ခုရှိသေးတယ်။ နောက်ဆုံးအခေါက်တုန်းက မင်းက ဒေသခံတွေအများကြီးဖြစ် နေတဲ့အကြောင်း ပြောပြခဲ့တယ်မို့လား။ ငါဖြေရှင်းနည်းတစ်ခုစဉ်းစားမိထားတယ်။ မင်းဘက်မှာလည်း သင်္ဘောတချို့ရှိတယ်ဆိုတော့ သူတို့ကို လမ်းကြောင်းပေါ်မှာ ငါးဖမ်းခိုင်းလိုက်ပါ။ ပင်လယ်ဓားပြတွေ့နိုင်မလားဆိုတာ ကြည့်ကြည့်။ ရတနာသေတ္တာထဲမှာ ပစ္စည်းကောင်းတွေရှိတယ်။”
ရှောင်းယီက ပြောလိုက်သည်။
“စိတ်ကူးကောင်းပဲ။ ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”
စွန်းကုထောင်၏မျက်လုံးများ တောက်ပသွားခဲ့သည်။
“ဒါ့အပြင် မင်းရဲ့အနောက်မြောက်ဘက်ကို သတိထား။ အားကောင်းတဲ့ဒေသခံမျိုးနွယ်စုတွေရှိရင် ပထမဆုံးငါ့ကိုပြောရမယ်။”
ရှောင်းယီက သတိပေးလိုက်၏။
“ဟုတ်ကဲ့။”
စွန်းကုထောင်က ပြောသည်။
“ကျွန်းပိုင်ရှင် ခင်ဗျားက အဲ့ဒီချူဖုန်းမြို့ကို စိုးရိမ်နေတာလား။”
“ဟုတ်တယ်။ ဆောင်းဦးလေညှင်း(ချူဖုန်း)မြို့ရဲ့မှော်ဆရာတွေက အရမ်းစွမ်းအားကြီးတယ်။ အဲ့ဒါကြောင့် ငါမစိုးရိမ်ဘဲမနေနိုင်ဘူး။”
ရှောင်းယီက သက်ပြင်းချလိုက်သည်။
“ကျွန်းပိုင်ရှင် စိတ်ချထားလိုက်ပါ။ ကျုပ် သူတို့ကိုသေချာဂရုစိုက်လိုက်ပါ့မယ်။ ကျုပ်သေသွားရင်တောင် သေတော့မယ်ဆိုရင်တောင်မှ ခင်ဗျားကို သတင်းရအောင်ပို့ပေးမယ်။”
စွန်းကုထောင်က ပြန်ပြော၏။
“အရမ်းလည်း ချဲ့ကားမနေပါနဲ့။ မင်းသူတို့ကိုတွေ့ရင်း လမ်းကြောင်းအတိုင်းတိုက်ရိုက်ဆုတ်ခွာလာခဲ့။ ခိုင်ခိုင်မာမာ ရပ်တည်ထားဖို့မလိုဘူး။။ ငါတို့ အချိန်မီ တည်နေရာကူးပြောင်းနိုင်တယ်။ သူတို့ ငါတို့ကိုရှာတွေ့ရင်တောင်မှ ငါတို့ အဲ့ဒီဆောင်းဦးလေညှင်းမြို့ကို လုံးဝကြောက်စရာမလိုဘူး။”
ရှောင်းယီက ပြောလိုက်သည်။
“ဟုတ်ကဲ့။”
စွန်းကုထောင်က ဖြေသည်။
ထိုအချိန်တွင် ရွှေရောင်မျောက်တစ်ကောင်သည် အပြင်ဘက်မှ ခုန်ဝင်လာ၏။
ရှောင်းယီက သူ့ကိုကြည့်ကာ ပြောလိုက်သည်။
“မင်းရှေ့တံခါးကနေ ဝင်မလာနိုင်ဘူးလား။”
“စကွစ်! (ရှေ့တံခါးမှာ နံရံရှိတယ်လေ)”
ရှောင်ရှန်းက ပြန်ဖြေ၏။ ရှောင်းယီသည် သူ၏မျက်လုံးများကို လှိမ့်လိုက်ပြီး ရေသန့်စက်မှ ရေတစ်ခွက်ယူပြီး သူ့ဆီသို့ပေးကာ မေးလိုက်၏။
“မင်း မျိုးနွယ်စုမှာ ဒဏ်ရာရသွားတဲ့သူရှိလို့လား။”
“မရှိပါဘူး။ မရှိပါဘူး။”
ရှောင်းရှန်းသည် ဤအချိန်တွင် ရေသန့်ဖြင့် လုံးဝဆွဲဆောင်ခံနေရပြီး သမန်ကာလျှံကာသာ ပြန်ဖြေလိုက်သည်။ ရေသန့်ကို တစ်ငုံသောက်လိုက်ပြီးနောက် သူ၏မျက်လုံးများ လင်းလက်သွား၏။
“ဒီရေ...အဆင့်မြှင့်လိုက်တာလား။”
အခန်း ၄၁၇ - ဆေးရောင်းသူ၏ အကူအညီတောင်းခံခြင်း
ရှောင်းယီ ပြုံးလိုက်၏။
“မင်းက အများကြီးသိနေတာပဲ။ အဆင့်မြှင့်တင်တယ်ဆိုတဲ့စကားလုံးကိုတောင် သိသေးတယ်ပေါ့။”
“ဒါဆို နောက်ထပ်သောက်လို့ရမလား။”
ရှောင်ရှန်းက ကျေနပ်ဝမ်းမြောက်စွာဖြင့် ပြန်ဖြေလိုက်သည်။
“မရဘူး။ တစ်နေ့တစ်ခွက်ပဲ ကန့်သတ်ချက်ရှိတယ်။”
ရှောင်းယီက သူ့ကိုကြည့်ကာ ပြောလိုက်၏။
“တစ်ခွက်တည်းလား။”
ရှောင်ရှန်းသည် သူ၏မျက်လုံးများကို လှိမ့်လိုက်၏။ သူဘာလုပ်နေသည် သူသိပေသည်။
“သတိပေးရဦးမယ်။ မင်း ဒီရေသန့်ကိုလျှော့သောက်ဖို့ စိတ်ကူးထား။ မဟုတ်ရင် ဘာမှရတော့မှာမဟုတ်ဘူး။”
ရှောင်းယီက ခြိမ်းခြောက်လိုက်သည်။ ရှောင်ရှန်းသည် သူ၏ပါးကိုကုတ်ကာ ပြန်ဖြေလိုက်၏။
“မလုပ်ပါနဲ့။ မလုပ်ပါနဲ့။ ဒါနဲ့ သူတို့ကရော။”
သားရဲဘုရင်၊ တပိုင်နှင့် ခွန်းယွီတို့ အားလုံးသည်လည်း ဤအချိန်တွင် အပြေးအလွှား ရောက်ရှိလာခဲ့ကြသည်။
“သေချာပေါက် တစ်ယောက်တစ်ခွက်စီပဲပေါ့။ အများကြီးမရဘူး။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
ရေတစ်ခွက်၏ပမာဏသည် ၂၅၀မီလီလီတာခန့်ရှိပြီး SSS ရေသန့်စက်၏ထိရောက်မှုအရ သူသည် ပိုမို၍ထောက်ပံ့ပေးနိုင်၏။
သို့သော် ရှောင်းယီ ဤသတ္တဝါများသာ သူ့ထက် SS အဆင့်သို့ ကြိုတင်ရောက်ရှိသွားပါက အန္တရာယ်များလွန်းမည်ကို စိုးရိမ်နေမိသည်။
သားရဲဘုရင်သည် ထို SSS အဆင့် ရေသန့်ကိုသောက်လိုက်သောအခါ သဘာဝအတိုင်း အံ့အားသင့်သွားပြီး တစ်ချိန်တည်းမှာပင် သူတို့သည် ရှောင်းယီနှင့်အတူ နေထိုင်ရန်အတွက် ပို၍ပင်စိတ်ချလက်ချဖြစ်သွားခဲ့သည်။
ပိုမိုမြင့်မားသည့် အရည်အသွေးရှိသောရေသန့်နှင့်အစားအစာများကို ဆက်လက်ရရှိနိုင်ခြင်းသည် ၎င်းတို့၏ အဆင့်မြှင့်တင်မှုအတွက် အကျိုးကျေးဇူးများစွာရှိသောကြောင့် စိတ်ချလက်ချနေထိုင်ခြင်းမှာ အဘယ်ကြောင့်မဖြစ်နိုင်ရပါမည်နည်း။
ဟုတ်ပါသည်။ စာချုပ်၏အစွမ်းသတ္တိနှင့် ပေါင်းစပ်လိုက်သည့်အခါ လက်ရှိအချိန်တွင် အောင်မြင်စွာခုခံနိုင်ရန်မှာ မသေချာသောကြောင့် စိတ်ချလက်ချသာ နေလိုက်ရုံပင်။
ရှောင်းယီသည် ၎င်းတို့အားလုံးကိုမောင်းထုတ်ပြီးနောက် ရေတစ်ခွက်လောင်းထည့်ကာ ကမ်းခြေဘက်သို့ ထွက်လာခဲ့လိုက်သည်။
နေ့စဥ်နေ့တိုင်း ချင်းလုံမှာ အလုပ်အများဆုံးဖြစ်သည်။ ယခုအခါ ၎င်းသည် ပင်လယ်သတ္တဝါများ၏ တိုက်ခိုက်မှုများကို ဖြေရှင်းပေးသည့်တစ်ခုတည်းသောသားရဲဖြစ်ပြီး နေ့စဉ်ပစ္စည်းသေတ္တာများကိုလည်း စုဆောင်းရန် ကူညီပေးနေရသည်။
ထို့ကြောင့် ရှောက်းယီသည် စိုးရိမ်ပူပန်နေသော်လည်း သူသည် ချင်းလုံအား ပေးနေဦးမည်ဖြစ်သည်။
“ချင်းလုံ”
ရှောင်းယီသည် ကမ်းခြေပေါ်တွင်ရပ်ကာ သူ၏ဘယ်ဘက်လက်တွင် ရေခွက်ကိုင်ပြီး ညာဘက်လက်ဖြင့် ရွှမ်းယွမ်ဓား၏လက်ကိုင်ကို ကိုင်ထားရင်း နှုတ်ဆက်လိုက်သည်။
ထို့နောက် တဝေါဝေါအသံနှင့်အတူ ချင်းလုံသည် ရေထဲမှ ထွက်လာခဲ့လေသည်။
ဧရာမနဂါးခေါင်းကြီးနှင့်နှိုင်းယှဉ်ပါက ရှောင်းယီ၏လက်ထဲရှိ ရေခွက်သည် အလွန်သေးငယ်နေခဲ့သည်။
သေးငယ်သော်လည်း ချင်းလုံသည် ထိုခွက်ထဲရှိရေများကို အလွန်အလေးထားပေသည်။
ချင်းလုံသည် သူစပါးစပ်ကို ဟပေးလိုက်သောအခါ ရှောင်းယီက SSS အဆင့် ရေသန့်ကို လောင်းထည့်ပေးလိုက်သည်။
ချင်းလုံသည် ထိုရေသန့်၏အဆင့်ကို ချက်ချင်းပင် ခံစားမိသွားပြီး စိတ်လှုပ်ရှားစွာဟိန်းဟောက်လိုက်၏။
ထိုနဂါးဟိန်းသံထဲတွင် ရှောင်းယီသည် ကျေးဇူးတင်စကားကို ကြားလိုက်ရပြီး နောက်ပိုင်းတွင် ချင်းလုံသည် သူ၏အလုပ်ကိုဆက်လက်လုပ်ဆောင်ရန် ရေထဲသို့ ငုံ့လျှိုးသွားခဲ့တော့လေသည်။
ချင်းလုံကို ယခင်အတိုင်း မြင်လိုက်ရသောအခါ ရှောင်းယီ စိတ်သက်သာရာရသွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် သူ၏ညာဘက်လက်ကို လျှော့ချလိုက်၏။
သူ့နဖူးပေါ်ရှိ ချွေးစက်များကို လက်ဖြင့်သုတ်ကာ ရှောင်းယီသည် ဤနေ့ တကယ် မခံမရပ်နိုင်အောင် ပူပြင်းသည်ဟု ခံစားလိုက်ရသည်။
ရှောင်းယီသည် ဗီလာသို့ အပြေးအလွှားပြန်သွားပြီး ရေချိုးကာ အဝတ်အစားလဲပြီး နောက်ဆုံးတွင် ခန္ဓာကိုယ်တစ်ခုလုံး စိုစွတ်ကပ်စေးနေခြင်းမရှိတော့ပေ။
ဆံပင်ကိုသုတ်ရင်း ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်သို့ ပြန်သွားလိုက်ပြီး တစ်စုံတစ်ယောက်က သူဆီသို့ သီးသန့်ဆက်သွယ်ထားသည်ကို တွေ့လိုက်ရလေသည်။
“သူဌေး ဒေသခံသင်္ဘောကြီးတစ်စီးလာနေတယ်။ ကျေးဇူးပြုပြီး ကျုပ်ကူညီပေးပါဦး။”
၎င်းသည် ဆေးရောင်းသူထံမှ သီးသန့်စာတိုပင်ဖြစ်လေသည်။
“မင်းဒေသခံတွေနဲ့ ပထမဆုံးအကြိမ် တွေ့ရတာတော့မဟုတ်ဘူးမို့လား။”
ရှောင်းယီက မယုံသင်္ကာဖြင့် မေးလိုက်သည်။
“မဟုတ်ပါဘူး။ အရင်ကဒေသခံတွေကို ဂရုထဲမှာခင်ဗျားတင်ပေးထားတဲ့ လေးလံသောဒူးလေးတွေသုံးပြီး မောင်းထုတ်ခဲ့တာ။ ဒီတစ်ခါဒေသခံတွေရဲ့လှေကအရင်ကထက်ပိုကြီးတယ်။ ကျုပ် မှန်ပြောင်းနဲ့ကြည့်တော့ သူတို့လက်ထဲမှာ သေနတ်တွေရှိနေတာကို မြင်လိုက်ရတယ်ယ။”
ဆေးရောင်းသူဝမ်က ပြန်ဖြေ၏။
“အစ်ကိုကြီး ကျုပ်ကူညီပါဦး။ ခင်ဗျားသာ ကူညီပေးရင်ပဲ နောက်ပိုင်းမှာ ခင်ဗျားရဲ့အခမဲ့ဆရာဝန်ဖြစ်ပေးပါ့မယ်။”
“မင်းက လျူဝေ့တိဟွမ်းဝမ်ကို အခမဲ့ထောက်ပံပေးမှာလား။”
ရှောင်းယီက မေးလိုက်သည်။
ဆေးရောင်းသူသည် ထိုမေးခွန်းကိုကြားရသောအခါ တခဏကြက်သေသေသွားပြီး ပြန်ဖြေလိုက်၏။
“သေချာပေါက်ပဲပေါ့။ ခင်ဗျားဘယ်လောက်လိုချင်လဲ။ ကျုပ် ခင်ဗျားအတွက် ဘယ်လောက်လုပ်ပေးရမလဲ။”
“ဟားဟား ငါကဟာသလုပ်နေတာပါ။ အနာဂတ်မှာ အထူးဆေးဖက်ဝင်ပစ္စည်းတွေရှိရင် ငါ့ကိုပေးပေါ့။”
ရှောင်းယီက ပြောလိုက်၏။
“အုတ်မြစ်ကျောက်တစ်ခု။ ငါ မင်းကိုလက်နက်တချို့ငှားပေးလိုက်မယ်။ ဒီနည်းနဲ့မှ မတားဆီးနိုင်ဘူးဆိုရင်တော့ ငါ့ကိုအပြစ်မတင်နဲ့။”
“ကောင်းပြီ။”
ဆေးရောင်းသူသည် ချက်ချင်းတုံ့ပြန်ပြီး လဲလှယ်မှုတစ်ခုကို စတင်လိုက်သည်။
“[အုတ်မြစ်ကျောက်] ၁ - အခမဲ့လဲလှယ်ခြင်း။”
ရှောင်းယီသည် အနည်းငယ်စဉ်းစားပြီးနောက် လဲလှယ်မှုတစ်ခုကို စတင်လိုက်သည်။
“[သုံးချက်ပစ် လောက်လွှဲ] ခြောက်နာရီအသုံးပြုခွင့် ၁၊ [မီးဘောလုံး] ၉၊ [ဒုံးကျည်] ၂၅ - အခမဲ့လဲလှယ်ခြင်း။”
ရှောင်းယီပို့လိုက်သော လက်နက်ကိုမြင်လိုက်ရသောအခါ ဆေးရောင်းသူ လုံးဝတုန်လှုပ်သွားခဲ့သည်။
သုံးချက်ပစ်လောက်လွှဲသည် အဘယ်အရာကိုဆိုလိုကြောင်း ကြည့်နေရန်ပင် မလိုအပ်ပေ။ မီးဘောလုံးဆိုသည်မှာ အဘယ်နည်း။ လောင်ကျွမ်းနေသောမီးဘောလုံးတစ်လုံးနှင့်ပင် လဲလှယ်၍ရနိုင်ပါ၏လော။
ပြီးတော့ ဒုံးကျည်တွေ...ခင်ဗျား တိုက်ရိုက်ထုတ်လွှင့်မှုမရှိဘဲနဲ့ ဒုံးကျည်တွေကို အသုံးပြုနိုင်သေးတယ်ပေါ့။
ဆေးရောင်းသူသည် ချက်ချင်းပင် ဤထူးဆန်းသောအမည်များဖြင့်ပစ္စည်းများကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် စစ်ဆေးကြည့်လိုက်၏။
ဖတ်ကြည့်ပြီးနောက် ဆေးရောင်းသူသည် နောက်ဆုံးတွင် ထိုအရာများအားလုံးသည် ပေါက်ကွဲစေသည့်လက်နက်များဖြစ်ကြောင်း နားလည်သွားခဲ့လေသည်။
သူဌေးက ယမ်းမှုန့်ရသွားပြီပေါ့။”
ဆေးရောင်းသူက တုန်လှုပ်စွာ တွေးလိုက်မိ၏။
“အရမ်းအားကောင်းတာပဲ။”
နောက်အခိုက်တွင် သူသည် ထိုအရာများအားလုံးကို ဒေသခံများလာရာဘက်သို့ ချက်ချင်းပင် နေရာချလိုက်သည်။
သူသည် မှန်ပြောင်းမှတစ်ဆင့် ဒေသခံသင်္ဘောကို ကြည့်ရှုခဲ့သောကြောင့် အချိန်တိုအတွင်း ဒေသခံများသည် သူ၏ကျွန်းသို့မရောက်လာသေးဘဲ ပင်လယ်ပြင်တွင်သာ ရှိနေဆဲပင်။
“လောက်လွှဲစင်က ငါပေးထားတဲ့အချက်အလက်တွေနဲ့ ခန့်မှန်းပြီးပစ်လို့ရတယ်။ ဒုံးကျည်အတွက်ကတော့ မင်းရဲ့လေးနဲ့ မြှားတချို့ကို အရင်ပစ်ကြည့်ဖို့လိုတယ်။”
ရှောင်းယီက သတိပေးလိုက်သည်။
ဒုံးကျည်များသည် ယမ်းမှုန့်ပါသော မြှားများဖြစ်သောကြောင့် သာမန်မြှားများနှင့် ကွဲပြားသည်။ ဒုံးကျည်ပစ်လွှတ်ပြီးနောက် ဒုံးကျည်၏ခန့်မှန်းလမ်းကြောင်းကို ရှာဖွေရန်လိုအပ်ပေသည်။
ဆေးရောင်းသူသည် ချက်ချင်းပင် ဒုံးကျည်၏လမ်းကြောင်းကို စမ်းသပ်ရန် ခိုင်မာသောလေးကို စတင်အသုံးပြုလိုက်သည်။
လေ့ကျင့်မှုအချို့ပြုလုပ်ပြီးနောက်ဆုံးတွင် ဒုံးကျည်၏ပစ်ခတ်မှုလမ်းကြောင်းကို တစ်မီတာအတွင်းတွင် ထိန်းချုပ်နိုင်သွားခဲ့သည်။
ဒုံးကျည်တစ်ခုအတွက် အရေးအကြီးဆုံးမှာ လောင်ကျွမ်းနိုင်စွမ်းဖြစ်ပြီး သင်္ဘောပေါ်သို့ ပစ်တင်နိုင်ပါက အောင်မြင်မှုတစ်ခုဖြစ်သည်။
လေ့ကျင့်ပြီးနောက် ဆေးရောင်းသူသည် ကမ်းခြေပေါ်တွင် မီးပုံတစ်ခု ဖိုထားလိုက်၏။ ဤသို့ပြုလုပ်ခြင်းဖြင့် မီးဘောလုံးများ သို့မဟုတ် မီးကျည်များကို မီးရှို့ရာ၌ ပိုမိုလွယ်ကူစေမည်ဖြစ်သည်။
အကြီးစားဒေသခံသင်္ဘောသည် ဆေးရောင်းသူ၏ကျွန်းသို့ လျင်မြန်စွာချဉ်းကပ်လာခဲ့ပြီး လောက်လွှဲ၏တိုက်ခိုက်မှုအကွာအဝေးအတွင်းသို့ ဝင်ရောက်လာခဲ့သည်။
ဆေးရောင်းသူသည် တုန့်ဆိုင်းမနေတော့ဘဲ လောက်လွှဲကို ချက်ချင်းပင် အသုံးပြုလိုက်ပြီး မီးဘောလုံးသုံးလုံးသည် သင်္ဘောကြီးဆီသို့ ပျံသန်းသွားခဲ့သည်။
တစ်ချက်လွဲသွားပြီး နှစ်ချက်ထိသွား၏။
ဆေးရောင်းသူသည် မီးဘောလုံး၏အကျိုးသက်ရောက်မှုကို စစ်ဆေးရန် အချိန်မရှိဘဲ လောက်လွှဲစင်၏ဦးတည်ရာကို ချက်ချင်းညှိပြီး နောက်တစ်ကြိမ်ပစ်လွှတ်လိုက်သည်။ ဤအကြိမ်တွင်မူ သုံးချက်စလုံးထိမှတ်ခဲ့လေသည်။
ထပ်လာမယ်။
မီးဘောလုံးကိုးလုံးကို ရှင်းပစ်ပြီးနောက် ဆေးရောင်းသူသည် လေးနှင့်မြှားကိုကိုင်ကာ မီးဘောလုံးများမလောင်ကျွမ်းသောနေရာများကို ပစ်မှတ်ထားပြီး ဒုံးကျည် ၁၀ချောင်း ဆက်တိုက်ပစ်လွှတ်လိုက်၏။
ဒေသခံသင်္ဘောသည် ကစဉ့်ကလျားဖြစ်နေပြီး နေရာတိုင်းတွင် မီးများ စွဲလောင်နေပြီဖြစ်သည်။ သင်္ဘောပေါ်ရှိ ဒေသခံများသည် ပင်လယ်ထဲမှ ရေများကို ဆက်တိုက်ခပ်ယူကာ လောင်ကျွမ်းနေသော မီးများကို ငြှိမ်းသတ်ရန် ကြိုးစားနေကြ၏။
ဆေးရောင်းသူသည် ချက်ချင်းပင် လေးလံသောဒူးလေးကြီးကိုထုတ်ယူကာ ကမ်းခြေရှိ ဒေသခံများကို ထပ်မံ စတင်ပစ်ခတ်ပြန်သည်။
သူသည် ရေခပ်နေသည့် ဒေသခံလေးငါးယောက်ကို တခဏအတွင်း သတ်ပစ်လိုက်လေသည်။
ယခုအခါတွင် ဒေသခံများမှာ ဆုပ်လည်းစူး စားလည်းရူး ဖြစ်နေခဲ့ကြ၏။ သူတို့သည် ရေခပ်ပါက ကမ်းခြေရှိ ဒူးလေးကြီး၏လက်ချက်ဖြင့် သေဆုံးရမည်ဖြစ်သည်။ ရေမခပ်ပါကလည်း သင်္ဘောပေါ်ရှိ မီးများကို မငြှိမ်းသတ်နိုင်ဘဲ မီးကို မထိန်းချုပ်နိုင်သည်ကို မြင်လိုက်ရသောကြောင့် ဒွိဟဖြစ်သွားခဲ့ကြ၏။
သင်္ဘောခေါင်းဆောင်က အော်ဟစ်လိုက်၏။
“ကျွန်းဘက်ကိုမျက်နှာမူထားတဲ့ သင်္ဘောဦးမှာ ခိုင်ခံ့တဲ့အကာအရံအားလုံးနဲ့ ပိတ်ဆို့ထားပြီး ကျန်တဲ့သူတွေက မီးသတ်ဖို့ သင်္ဘောအဆုံးသို့ သွားကြ။”
ဆေးရောင်းသူတွင် ပေါက်ကွဲနိုင်သည့့်လက်နက်များရှိကြောင်း သိလိုက်ရသော်လည်း ကပ္ပတိန်သည် ဆုတ်ခွာခြင်းမရှိဘဲ အမြဲတမ်း ဆေးရောင်းသူကျွန်းဆီသို့ ပြေးဝင်လာနေတုန်းပင်။
ဆေးရောင်းသူသည် ဒေသခံသင်္ဘော သူ၏ကျွန်းဆီသို့ မရပ်မနားချဉ်းကပ်လာနေသည်ကိုကြည့်ကာ မျှော်လင့်ချက်မဲ့စွာဖြင့် သူ့ကိုယ်ပေါ်ရှိ နောက်ဆုံးမီးမြှားကို ပစ်လွှတ်ပြီး ကျွန်းအတွင်းပိုင်းသို့ ဆုတ်ခွာသွားခဲ့သည်။
“လူနှစ်ယောက်ထပ်သာ ပိုရှိခဲ့ရင် သူတို့ကို ထိမ်းထားနိုင်လိမ့်မယ်။”
ဆေးရောင်းသူက တွေးလိုက်မိ၏။
“အခုတော့ ယီရန်ပင်းကိုပဲ မှီခိုရတော့မယ်။”