← Chapters

အခန်း (၄၁၈-၄၂၀)

Vol. 28 Ch. 418-420

အခန်း (၄၁၈-၄၂၀)

Vol. 28 Ch. 418-420

အခန်း ၄၁၈ - ပြဇာတ်ဆန်သောအောင်ပွဲ၊ အံ့အားသင့်မှု၊ ညှင်းပန်းနှိပ်စက်မှု

အခြားအသက်ရှင်ကျန်ရစ်သူများသည် ဆေးရောင်းခြင်းကို လုံးဝမစဉ်းစားကြပေ။ မည်သို့ပင်ဖြစ်စေ ယီရန်ပင်းသည် ဂုဏ်သတင်းကောင်းပြီး စွမ်းအားကြီးမားသည်။ သူ့အားမှီခိုရန် ဆုံးဖြတ်ချက်ချရန်အတွက် အများကြီးစဉ်းစားစရာမလိုပေ။

ဆေးရောင်းသူသည် ဒေသလံသင်္ဘော နီးကပ်လာသည်ကိုကြည့်ပြီး သူသည် ၎င်းတို့ကိုတားဆီးရန် နည်းလမ်းမရှိတော့ပေ။

ဆေးရောင်းသူသည် ခေါင်းခါကာ သူ့အခန်းထဲသို့သွားပြီး သူ၏ငွေကြေးဥစ္စာအားလုံးကို ယီရန်ပင်းထံသို့ ပေးပို့ရန် ပြင်ဆင်လိုက်သည်။

“ဝုန်း”

ရုတ်တရက် အပြင်ဘက်မှ ကျယ်လောင်သောအသံတစ်ခုကို ကြားလိုက်ရပြီး ဆေးရောင်းသူသည် သူ၏ကျွန်းတစ်ခုလုံး တုန်ခါသွားသည်ကိုပင် ခံစားရလိုက်သည်။

“ဒါက ဘယ်လိုအခြေအနေလဲ။”

ဆေးရောင်းသူသည် လေးနှင့်မြှားကိုင်ကာ ထွက်လာလိုက်၏။ သူ၏မျက်စီရှေ့ရှိ မြင်ကွင်းသည် သူ့အား ပါးစပ်ဟောင်းလောင်းဖြစ်သွားစေခဲ့သည်။

ပင်လယ်ထဲတွင် ပျက်စီးနေသော သင်္ဘောကြီးတစ်စီးတွင် နက်မှောင်နေသောမီးခိုးများ တထောင်းထောင်းထွက်နေပြီး ပတ်ဝန်းကျင်တွင်လည်း ဒေသခံအလောင်းများ ပေါလောမျောနေကာ အချို့မှာ ဆက်လက်၍ ကြောက်လန့်တကြား အော်ဟစ်နေကြ၏။

ဆေးရောင်းသူသည် ချက်ချင်းနားလည်သွားခဲ့သည်။

“ဂေါတမမြတ်စွာဘုရားကို ကျေးဇူးတင်ပါတယ်။ ကွမ်ယင်မယ်တော်ကို ကျေးဇူးတင်ပါတယ်။ ဂျီးစပ်စ်ကိုကျေးဇူးတင်ပါတယ်။ ဘုရားသခင်အားလုံးကိုကျေးဇူးတင်ပါတယ်။ ဒေသခံသင်္ဘောပေါ်က ယမ်းမှုန့်ကိုပေါက်ကွဲစေခဲ့ပြီ။”

ဆေးရောင်းသူသည် ထိတ်လန့်တကြားဖြင့် တစ်ကိုယ်တည်း ရေရွတ်လိုက်၏။

“သူ့ရဲ့ပေါက်ကွဲစေတဲ့လက်နက်တွေကို သေချာပေါက်ကျေးဇူးတင်ရမယ်။ အဲ့ဒါတွေသာမရှိရင် ငါ့ကျွန်းတော့သွားပြီပဲ။”

ဤကဲ့သို့ တစ်ကိုယ်တည်း တတွတ်တွတ်စကားပြောရင်းဖြင့် သူ၏လက်များသည်လည်း အဆက်မပြတ် လှုပ်ရှားနေခဲ့သည်။ ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသွားသော ဒေသခံများကို ပထမဆုံးဖြည့်ဆည်းပေးလိုက်ခြင်းမှာ ကောင်းမွန်သောအလုပ်ဖြစ်ပေသည်။

ခြေလက်မရှိတော့သော ပေါက်ကွဲမှုကြောင့် ဒဏ်ရာရသွားသူများသည် အသက်ရှင်နေလျှင် ပိုမိုဆိုးရွားစွာခံစားရမည်ဖြစ်၏။

ရှင်းလင်းပြီးနောက် ဆေးရောင်းသူသည် မျှော်လင့်မထားဘဲ အသက်ရှင်နေလူနှစ်ဦးကို တွေ့ရှိခဲ့၏။ သို့သော်လည်း သူတို့ကို ရိုက်နှက်လိုက်ဆဲပင်။

သူကိုယ်တိုင်က ဆရာဝန်ဖြစ်သောကြောင့် ခန့်မှန်းရန်မှာ အလွန်လွယ်ကူသည်သည်။ သူသည် ထိုလူနှစ်ဦးကိုကြိုးတုတ်ကာ မီးများဖြင့် လောင်ကျွမ်းနေဆဲဖြစ်သောသင်္ဘောကိုကြည့်လိုက်ပြီး ဆေးရောင်းသူသည် ရေပုံးကို ချက်ချင်းပင် ပင့်မြှောက်ကာ မီးသတ်ရန် စတင်လုပ်ဆောင်လိုက်သည်။

နှစ်နာရီကြာအောင်ပက်တင်ခဲ့ပြီးနောက် ဆေးရောင်းသူ ငြှိမ်းသတ်ခဲ့သည်လော သို့်မဟုတ် မီးက သူ့ဘာသာငြှိမ်းသွားသည်လော မသိသော်လည်း ပျက်စီးနေသောသင်္ဘောပေါ်တွင် မီးလျှံများမှာ မရှိတော့ပေ။

အရိုးစုသာကျန်ရှိတော့သည်အထိ မီးလောင်သွားသောသင်္ဘောကိုကြည့်ကာ ဆေးရောင်းသူ ရယ်မောလိုက်၏။ ထိုအခါ သူ၏မည်းနက်သောမျက်နှာပေါ်ရှိ သွားဖြူဖြူနှစ်တန်းသည် အလွန်ထင်ရှားစွာ ပေါ်လွင်‌နေခဲ့သည်။

အရိုးစုရှိနေသရွေ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုအသုံးပြု၍ ပြင်ဆင်လိုက်ပါက သင်္ဘောကြီးတစ်စီးထပ်ရမည်ဖြစ်ပြီး ထိုအရာမှာ အလွန်ကောင်းမွန်ပေသည်။

သင်္ဘောကြီး၏အရိုးစုထဲတွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုလည်း ရှိ‌နေသေးသည်။

ဆေးရောင်းသူသည် ချက်ချင်းပင် ထိုကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို သိမ်းပိုက်ကာ ၎င်း၏လက်အောက်ခံ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အဖြစ် ပြောင်းလဲပြီး ပစ္စည်းများကိုအသုံးပြု၍ သင်္ဘောကို ပကတိအတိုင်းပြင်ဆင်ခဲ့သည်။

“ကျွတ်ကျွတ်ကျွတ်...ဒီရွက်သင်္ဘောကြီးက တကယ် မဆိုးဘူး။ သူဌေးကို လိုချင်လားလို့ မေးကြည့်ရမယ်။ ငါက ပင်လယ်ထဲ ထွက်တာမဟုတ်တော့ ဒါကိုလိုချင်တယ်ဆိုရင်တောင် အသုံးမဝင်ဘူး။ သူဌေးနဲ့သာ ဆက်ဆံရေးကောင်းတစ်ခု တည်ဆောက်ထားနိုင်ရင် အနာဂတ်အတွက် စိတ်ချရလိမ့်မယ်။”

ဆေးရောင်းသူက တစ်ကိုယ်တည်းပြောလိုက်ပြီး သင်္ဘောခန်းဆီသို့ ပြန်သွားကာ ရှောင်းယီဆီသို့ ဗီဒီယိုခေါ်ဆိုမှုတစ်ခု တိုက်ရိုက်ပေးပို့လိုက်သည်။

ရှောင်းယီသည် ထိုခေါ်ဆိုမှုကို သဘောတူလိုက်ပြီးနောက် မည်းနက်သောမျက်နှာနှင့် မျက်နှာအမူအရာမရှိသောလူတစ်ဦးသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ မျက်နှာပြင်ပေါ်တွင် ထွက်ပေါ်လာခဲ့လေသည်။

“ဟေး...အခြေအနေက ဘယ်လိုဖြစ်တာလဲ။ ကျောက်မီးသွေး တူးလာတာလား။”

ရှောင်းယီက မေးလိုက်သည်။

ဤအချိန်သည် ညနေခင်းအချိန်ဖြစ်ပြီး သင်္ဘောခန်းသည် အလင်းရောင်ကောင်းစွာမရရှိသောကြောင့် အနည်းငယ်မှောင်မည်းနေခဲ့သည်။ ဆေးရောင်းသူ၏ ရယ်မောလိုက်၏။ သူစသွားဖြူဖြူနှစ်တန်းသည် လေထဲတွင် တုန်ခါနေခဲ့သည်။

“မီးငြှိမ်းသွားပြီ။”

ဆေးရောင်းသူက ပြုံးကာ ပြောလိုက်၏။

“အောင်မြင်သွားပြီလား။ ဂုဏ်ယူပါတယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ဒီတစ်ခါကံကောင်းသွားတယ်။ ခင်ဗျားရဲ့ပေါက်ကွဲနိုင်တဲ့လက်နက်ကိုမှီခိုပြီး သူတို့သင်္ဘောပေါ်က ယမ်းမှုန့်ကို ပေါက်ကွဲစေခဲ့တာသာမဟုတ်ရင် ကျုပ်ဒီမှာသေသွားလောက်ပြီဆိုတာ ဝန်ခံရမယ်။”

စိုင်းယောင်ဝမ်က ပြန်ဖြေလိုက်သည်။

“ဟမ်...”

ရှောင်းယီ ကြောင်အသွားခဲ့သည်။ ဆေးရောင်းသူသည် ဤကဲ့သို့ပြဇာတ်ဆန်ဆန်အနိုင်ရသွားလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။

ဆေးရောင်းသူသည် ယခင်တိုက်ပွဲ၏ အခြေအနေများကို ရှင်းပြခဲ့သည်။

“မင်းက တကယ်ကံကောင်းတာပဲ။ ဒါပေမယ့် အဲ့ဒီဒေသခံကလည်း အစွမ်းထက်ရှိတယ်။ သူတို့က ပေါက်ကွဲစေတဲ့လက်နက်တွေကိုမကြောက်ဘူး။ ကြံ့ကြံ့ခံပြီူ တိုက်ခိုက်ဖို့ဆိုတာ ခက်ခဲတယ်။ အရင်ကငါတွေ့ခဲ့တဲ့ဒေသခံတွေက ကမ်းခြေမှာ ပေါက်ကွဲနိုင်တဲ့လက်နက်တွေကိုမြင်ရင် ပိုပြီးသတိထားကြတယ်။ မင်းတွေ့တဲ့ဒေသခံတွေက တကယ်ကို ထူးဆန်းနေတာများလား။”

ရှောင်းယီက မတတ်သာတော့ဘဲ ခံစားချက်အပြည့်ဖြင့် ပြောလိုက်မိသည်။

“ကျုပ် လူနှစ်ယောက်လည်းဖမ်းမိထားတယ်။ သူတို့ကိုရှာပြီး ညှင်းပန်းနှိပ်စက်လို့ရသေးတယ်။”

ဆေးရောင်းသူက ခေါင်းညိတ်ကာဆို၏။ ရှောင်းယီက ပြုံးကာပြောလိုက်သည်။

“အသက်ရှင်နေတဲ့ပါးစပ်နှစ်ပေါက် ရှိတယ်ဆိုရင်တော့ အရမ်း ရိုးရှင်းတယ်။ သူတို့ကို ခေါ်လာပြီး ငါ့ကိုမေးခွင့်ပေးလိုက်ပါ။”

“ခင်ဗျားက တကယ်ကို ဒီဒေသခံဘာသာစကားကိုနားလည်နေတာပဲ။”

ဆေးရောင်းသူက သူ၏ပြူးကျယ်နေသောမျက်လုံးများဖြင့် ပြောလိုက်သည်။

ရှောင်းယီ၏ ယခင်ကြေညာချက်များမှတစ်ဆင့် ဂရုထဲရှိလူများသည် ရှောင်းယီက ဒေသခံဘာသာစကားကို နားလည်သင့်သည် သို့မဟုတ် အဆင့်မြင့်သတင်းအချက်အလက်အချို့ရရှိရန် အခြားနည်းလမ်းများရှိသည်ဟု ခန့်မှန်းခဲ့ကြသည်။

သို့သော် ဤအရာများသည် ၎င်းတို့၏ခန့်မှန်းချက်များသာဖြစ်ပြီး ရှောင်းယီသည် ဒေသခံဘာသာစကားကို နားလည်ကြောင်း တိကျခိုင်မာသည့် သက်သေအထောက်အထားများ မရှိပေ။

ယခုအခါ ဆေးရောင်းသူအား အံ့အားသင့်စေသည်မှာ ရှောင်းယီက သူ့ကိုယ်တိုင်သူဝန်ခံခဲ့ခြင်းပင်။

ရှောင်းယီက ခေါင်းညိတ်လိုက်၏။

“အင်း သူတို့ကိုခေါ်လာခဲ့ပါ။”

ဆေးရောင်းသူက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

“သူတို့က ပေါက်ကွဲမှုကြောင့် သတိလစ်နေတယ်။ အချိန်နည်းနည်းလောက်ပေးပါ။ ကျုပ် သူတို့ကိုနှိုးလိုက်မယ်။”

“ဒီလောက်ထိ ဒုက္ခခံနေစရာမလိုပါဘူး။”

ရှောင်းယီက ထိုသို့ပြောလိုက်ပြီးနောက် လဲလှယ်မှုတစ်ခုကို စတင်လိုက်သည်။

“[နာနိုဆေးပညာဉာဏ်ရည်တုစက်] (SSS အဆင့်) ၁၀ မိနစ်အသုံးပြုခွင့် ၁ - အခမဲ့လဲလှယ်ခြင်း။”

ဆေးရောင်းသူသည် ထိုအရာကိုကြည့်ရှုရင်း... အထူးသဖြင့် S စာလုံးကြီးသုံးလုံးသည် အလွန်တောက်ပလွန်းသဖြင့် လူတစ်ကိုယ်လုံး မှင်တက်သွားခဲ့သည်။

“မြန်မြန်လုပ်...တစ်မိနစ်စောပြီးသိရရင် တစ်မိနစ်စောပြီး ပြင်ဆင်လို့ရတယ်။”

ရှောင်းယီက တိုက်တွန်းလိုက်၏။

“ဟုတ်...ဟုတ်ကဲ့ပါ။”

ဆေးရောင်းသူသည် ချက်ချင်းပင် လဲလှယ်မှုကိုသဘောတူလိုက်သည်။

လဲလှယ်ပြီးနောက် နာ့နာက ချက်ချင်းမေးလိုက်၏။

“လူဘယ်မှာလဲ။”

ဆေးရောင်းသူသည် ကြောင်အသွားပြီး အပြင်ဘက်ကို ညွှန်ပြလိုက်၏။

နာ့နာသည် ချက်ချင်း ၎င်း၏ပင့်ကူကဲ့သို့သော စက်ရုပ်လက်တံများဖြင့် ထွက်ခွာသွားခဲ့လေသည်။

သတိလစ်နေသော ဒေသခံနှစ်ဦးရှေ့သို့ရောက်သောအခါ နာနိုစက်ရုပ်နှစ်ခုကို စေလွှတ်ပြီး ၁၀ စက္ကန့်အကြာတွင် ပြန်လည်ရယူလိုက်သည်။

ဒေသခံနှစ်ဦးလည်း သတိရလာခဲ့ပြီး ၎င်းတို့ရှေ့တွင် ပင့်ကူကဲ့သို့သော စက်ရုပ်တစ်ခုကို မြင်လိုက်ရသော ကြောက်လန့်တကြားဖြင့် စတင်အော်ဟစ်ကြတော့သည်။

ဆေးရောင်းသူသည် ချက်ချင်းပင် သူတို့နားသို့ ရောက်လာပြီး တစ်ယောက်စီကို တုတ်တစ်ချက်ပေးကာ သူတို့ကို တိတ်တိတ်စေရန် အချက်ပြလိုက်၏။

သို့သော် ၎င်းတို့သည် ဆေးရောင်းသူ၏အဓိပ္ပာယ်ကို နားမလည်နိုင်သောကြောင့် ဆေးရောင်းသူသည် ဆက်လက်ရိုက်နှက်နေခဲ့ရသည်။ သူတို့အော်တိုင်း သူကရိုက်၏။

ရိုက်နှက်ပြီးနောက် နောက်ဆုံးတွင် ထိုလူနှစ်ဦးသည် ဆေးရောင်းသူ၏ဆိုလိုရင်းကို နားလည်သွားပြီး အော်ဟစ်ခြင်းကို ရပ်တန့်လိုက်လေသည်။

“အိုး ပင်ပန်းလိုက်တာ။”

ဆေးရောင်းသူသည် သူတို့နှစ်ယောက်ကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ဆွဲသွားလိုက်၏။

ရှောင်းယီသည် နှာခေါင်းနှင့်မျက်နှာများ ရောင်ရမ်းနေသော ဒေသခံနှစ်ဦးကို ကြည့်ရှုကာ မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် မေးခွန်းထုတ်လိုက်သည်။

“ခုနက သူတို့ကို ဘာလုပ်ခဲ့တာလဲ။”

“သူတို့ကို တိတ်တိတ်နေခိုင်းတာ။ သူတို့မလုပ်တတ်ဘူးလေ။ အဲ့တော့ သူတို့အတွက် စည်းမျဉ်းတွေချမှတ်ပေးလိုက်တာ။”

ဆေးရောင်းသူက ပြန်ဖြေသည်။

ရှောင်းယီသည် သူ၏ခေါင်းကိုခါယမ်းကာ ဒေသခံနှစ်ဦးကိုကြည့်ပြီး မေးလိုက်၏။

“ဒီသင်္ဘောရဲ့ခေါင်းဆောင်ကဘယ်သူလဲ။”

ရှောင်းယီသည် ၎င်းတို့ကို မှော်ဆရာများဟုတ်၊မဟုတ် မေးမြန်းခြင်းမရှိပေ။ အကယ်၍ ၎င်းတို့ထဲတွင် မှော်ဆရာများရှိပါက ဆေးရောင်းသူသည် ဤကြာချိန်အထိ ခုခံနိုင်မည်မဟုတ်ပေ။

သန်မာသောယောက်ျားတစ်ယောက်သည် ဒူးထောက်ကာ ဖြောင့်တန်းစွာထိုင်နေပြီး စကားပြောမည်မပြုတွင် တစ်စုံတစ်ရာစဉ်းစားမိဟန်သွားဟန်ရပြီး ဘေးနားရှိ ဆေးရောင်းသူကို ကြောက်ရွံ့စွာဖြင့် ကြည့်လိုက်သည်။

“ငါ့ကိုဘာကြည့်နေတာလဲ။ သူဌေးမေးနေရင် ဘာဖြစ်ဖြစ်ဖြေလိုက်။”

ဆေးရောင်းသူက သူ့လက်ထဲကတုတ်ကို မြှောက်ပြီးပြောလိုက်၏။

ဒေသခံနှစ်ဦးသည် ချက်ချင်းပင် သူတို့ခေါင်းကို ရှုံ့လိုက်မိကြသည်။

“ပြောပါ...သူ မင်းကိုမရိုက်ပါဘူး။”

ရှောင်းယီက ရယ်မောကာ ပြောလိုက်သည်။

“ကျုပ် ဒီသင်္ဘောရဲ့ခေါင်းဆောင် ဝူနာ့လို့ခေါ်ပါတယ်။”

သန်မာသောလူက ပြန်ဖြေခဲ့သည်။

ရှောင်းယီက ခေါင်းညိတ်လိုက်၏။

“မင်းကမှော်ဆရာရဲ့ညွှန်ကြားချက်အတိုင်း လာပြီးတိုက်ခိုက်တာလား။ ဒါမှမဟုတ် ပစ်မှတ်ကို လွတ်လွတ်လပ်လပ်ရှာပြီး တိုက်ခိုက်တာလား။”

“ပစ်မှတ်ကို ကျပန်းရှာလာတာပါ။”

ဝူနာ့ ရိုးရိုးသားသားပြန်ဖြေလိုက်သည်။

ရှောင်းယီသည် အနည်းငယ်စဉ်းစားပြီးနောက် ထပ်မေးလိုက်သည်။

“သူက မင်းတို့ကျပန်းရှာဖွေတွေ့ရှိခဲ့တဲ့ ပထမဆုံးပစ်မှတ်တော့ မဟုတ်သင့်ဘူး။ ဟုတ်တယ်မို့လား။”

“ငါးခုမြောက်ပါ။”

ဝူနာ့၏တုံ့ပြန်မှုက ရှောင်းယီနှင့် ဆေးရောင်းသူကို တုန်လှုပ်သွားစေခဲ့သည်။

“ငါးယောက်လား။ ရှေ့လေးယောက်က ဘာတုံ့ပြန်မှုမရှိဘူးဆိုတော့ ကျွန်းက ပျက်စီးသွားပြီလား။”

အခန်း ၄၁၉ - အချိန်ပြည့်ဘာသာပြန်၊ ရှောင်းယီ၏ဆုံးဖြတ်ချက်

“ရှေ့လေးယောက်...ကျွန်းပေါ်ကအသက်ရှင်ကျန်ရစ်သူတွေ...မင်းတို့ပြောကြတဲ့ အပြင်လူတွေကို မင်းတို့မတွေ့ခဲ့ဘူးလား။”

ရှောင်းယီက ထပ်မေးလိုက်သည်။

“ပထမတစ်ယောက်ကိုတော့ မတွေ့ခဲ့ဘူး။ ကျုပ်တို့ ကျွန်းပေါ်ကို တိုက်ရိုက်တက်သွားခဲ့တယ်။ နောက်နှစ်ယောက်ကိုတော့ တွေ့ခဲ့ရတယ်။ ဒါပေမယ့် နောက်ကျမှတွေ့ခဲ့တာ။ အဲ့ဒါကြောင့်ဇွတ်အတင်း တိုးဝင်ခဲ့တယ်။”

ဝူနာ့က ပြန်ဖြေ၏။

“စတုတ္ထတစ်ယောက်ကိုတော့ စောစောတွေ့ခဲ့တယ်။ ဒါပေမယ့် သူတစ်ယောက်တည်းက ကျုပ်တို့ကိုမတားဆီးနိုင်ဘူး။”

ဝူနာ့၏တုံ့ပြန်မှုကိုနားထောင်ပြီးနောက် ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ယီထျန်းဂရုသို့ပြောင်းကာ စာတစ်စောင်တင်လိုက်သည်။

“ဒီနှစ်ရက်အတွင်း ဂရုထဲမှာ တစ်ယောက်ယောက်အကူအညီတောင်းခဲ့ဖူးလား။”

“ကျုပ်မှတ်မိသလိုပဲ။ ညဘက် ရေချိုးခန်းသွားတုန်းမြင်ခဲ့တာ။ ဒါပေမယ့် စကားလုံးတစ်လုံးတည်းပဲ။ ပြီးတော့ ပျောက်သွားရော။”

“အာရုံမစိုက်ထားမိဘူး။ ဘယ်သူမှ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့မှာ အမြဲမနေနိုင်ဘူးလေ။”

“သူဌေး ဒါကိုမေးတာဆိုတော့ တစ်ခုခုမှားနေလို့လား။”

ရှောင်းယီက ဂရုထဲတွင် ပြန်ဖြေလိုက်သည်။

“ကျုပ်တို့နိုင်ငံရဲ့တောင်ပိုင်းက ဒေသခံတွေရဲ့ ဝင်ရောက်တိုက်ခိုက်ခြင်းကို ခံခဲ့ရပြီး ဆေးရောင်းသူရဲ့ကျွန်းကို ရောက်လာခဲ့တယ်။”

ဂရုထဲရှိလူများသည် ဆေးရောင်းသူ၏တည်နေရာကို မသိမှာစိုးသောကြောင့် ရှောင်းယီက ထပ်ပြောလိုက်သည်။

“ဆေးရောင်းသူက ကျုပ်နဲ့ အစတည်းက နယ်မြေတစ်ခုတည်းမှာ ရှိနေခဲ့တာ။”

“ဘာ...ဒါဆိုရက်တော့ အရမ်းလေးနက်သွားပြီ။”

“ဆေးရောင်းသူကို ရေတပ်ဂရုထဲမှာမမြင်ရတာ အံ့သြစရာမဟုတ်တော့ဘူး။ သူက ဒေသခံတွေရဲ့ပစ်မှတ်ထားတာကို ခံနေတာပဲ။”

ရှောင်းယီသည် ယီထျန်းဂရုကိုပိတ်ပြီး ဝူနာ့ကိုပြန်ကြည့်ကာ ဆက်မေးလိုက်သည်။

“ငါတို့ကျွန်းမှာ ပေါက်ကွဲနိုင်တဲ့လက်နက်တွေရှိတာမြင်တော့ မင်းတို့ လုံးဝမစိုးရိမ်ဘူးလား။”

“မစိုးရိမ်ပါဘူး။ မှော်ဆရာကြီးက ပျက်စီးမှုဘယ်လောက်ပြင်းပြင်း အရိုးစုရှိနေသရွေ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှာ ပြန်ပြင်လို့ရတယ်လို့ ပြောထားတယ်။”

ဝူနာ့က ပြန်ဖြေ၏။

“ခင်ဗျားတို့ ကျွန်းပေါ်မှာက လူနည်းတယ်။ ကမ်းပေါ်ရောက်ရင် ကျုပ်တို့ဘက်က သေချာပေါက်နိုင်မှာပဲ။”

ဒေသခံများသည် အသက်ရှင်ကျန်ရစ်သူများ၏အားနည်းချက်ကို နားလည်ထားရသည်။ သူတို့၏ အကြီးမားဆုံးအားနည်းချက်မှာ လူဦးရေနည်းပါးခြင်းဖြစ်သည်။

‘ငါတို့ ပူးပေါင်းဆောင်ရွက်ဖို့လိုနေသေးပုံပဲ။ မဟုတ်ရင် ဒေသခံတွေက တစ်ယောက်ပြီးတစ်ယောက် ဝါးမြိုသွားပြီး တစ်နေ့မှာ ပြောင်ရှင်းသွားလိမ့်မယ်။’

ရှောင်းယီက တွေးလိုက်မိသည်။

ထို့အပြင် ရှောင်းယီတို့ အပြင်ဘက်ရှိ ဤကျွန်းများသည် အကာအကွယ်တစ်မျိုးအဖြစ် တည်ရှိနေခြင်းဖြစ်ပြီး အနည်းဆုံးတော့ ၎င်းတို့သည် ဒေသခံများ၏တိုက်ခိုက်မှုကို ကာကွယ်ရန် ကူညီပေးနိုင်သည်။

အနည်းငယ်စဉ်းစားပြီးနောက် ရှောင်းယီသည် ဆေးရောင်းသူအား ပြောလိုက်၏။

“ဒီဒေသခံနှစ်ဦးကို ခင်ဗျားကိုယ်တိုင် ဖြေရှင်းလိုက်ပါ။ ကျုပ်ရဲ့အကြံပေးချင်တာကတော့ ကျွန်းကိုအတူတကွစောင့်ရှောက်ဖို့အတွက် စာချုပ်ချုပ်ဆိုဖို့ပဲ။ ခင်ဗျားရဲ့ကျွန်းပေါ်မှာ သင်တစ်ဦးတည်းရှိသင့်တယ်။”

“သူဌေးပြောတာမှန်ပါတယ်။ ကျုပ်လည်း စာချုပ်ချုပ်ဖို့လုပ်နေပါတယ်။”

ဆေးရောင်းသူက ပြန်ဖြေသည်။

“ကောင်းပြီ ဒါဆို ခင်ဗျားကိုယ်တိုင်ပဲ စဉ်းစားလိုက်ပါ။”

ရှောင်းယီက ပြောလိုက်သည်။

ဆေးရောင်းသူသည် ရှောင်းယီက ဆက်သွယ်မှုကို အဆုံးသတ်ရန်ပြင်နေသည်ကို မြင်လိုက်ရသောအခါ ချက်ချင်းပြောလိုက်၏။

“အစ်ကိုကြီး ဒီဒေသခံသင်္ဘော...အဲ့ဒီမှာလိုလား။”

ရှောင်းယီ ကြောင်အသွား၏။

“ဒါက ခင်ဗျားရဲ့စစ်ရေးအောင်ပွဲပဲ ခင်ဗျားကိုယ်တိုင်ပဲ ကိုင်တွယ်လိုက်ပါ။”

ထို့သို့ယပြောပြီးနောက် ရှောင်းယီသည် ဆက်သွယ်မှုကို အဆုံးသတ်လိုက်သည်။

ဆေးရောင်းသူသည် အလွန်စိတ်လှုပ်ရှားနေ၏။ သူ၏ကျွန်းပေါ်တွင် သင်္ဘောမရှိသေးကြောင်း သိထားရမည်ဖြစ်ပြီး ရွက်သင်္ဘောကြီးတစ်စီးရရှိလာမည်ဟု မျှော်လင့်မထားခဲ့ပေ။

“သူဌေးက တကယ်ချမ်းသာပြီး စွမ်းအားကြီးတယ်။ ရွက်သင်္ဘောကြီးမလိုချင်ဘူးဆိုရင် မလိုချင်ဘူးပဲ။”

ဆေးရောင်းသူက အကူညီမဲ့စွာပြောလိုက်ပြီး သူ့လက်ထဲကတုတ်ကိုမြှောက်ကာ ဒေသခံနှစ်ဦးကို ကြည့်လိုက်သည်။

ဒေသခံနှစ်ဦးသည် ချက်ချင်းပင် တိတ်သွားပြီး အသံမထွက်ရဲကြတော့ပေ။

“စာချုပ်ချုပ်မယ်။ မင်းတို့ မခုခံလို့မရဘူး။”

ဆေးရောင်းသူက စာချုပ်ကတ်တစ်ခုထုတ်ယူကာ ဝူနာ့အား ပြောလိုက်သည်။

ဝူနာ့သည် ဆေးရောင်းသူပြောသည်ကို နားမလည်သောကြောင့် သူ့ကိုစိုက်ကြည့်ရုံသာ ကြည့်နေ၏။

ဆေးရောင်းသူသည် သူနားလည်သည်ဟုယူဆကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် အသုံးပြုလိုက်သည်။

မှောင်မိုက်နေသော အနီရောင်ချိန်းကြိုးတစ်ခုသည် ဝူနာ့၏ စိတ်ဝိဉာည်ပင်လယ်ထဲသို့ ပျံသန်းဝင်ရောက်သွားခဲ့သည်။ ဝူနာ့သည် မည်သည့်ခုခံမှုမျှ မပြုလုပ်ရဲသောကြောင့် စာချုပ်ချုပ်ဆိုခြင်းမှာ အောင်မြင်သွားခဲ့၏။

“မင်း သူ့ကိုခေါ်ပြီး ကမ်းခြေမှာ စောင့်ကြည့်ခိုင်းလိုက်။ ပင်လယ်ထဲမှာ တခြားသင်္ဘောတွေချဉ်းကပ်လာနေရင် ငါ့ကိုအချိန်မီအသိပို့။”

ဆေးရောင်းသူက အမိန့်ပေးလိုက်သည်။

သို့သော် ဝူနာ့က သူ့ကိုစိုက်ကြည့်နေဆဲဖြစ်၏။ ဆေးရောင်းသူသည် လုံးဝအရှုံးပေးလိုက်ရပြီး ရှောင်းယီထံ စာပို့ရန် အကြောင်းဖန်လာခဲ့ပြန်သည်။

“အစ်ကိုကြီး ကျုပ်ကိုကူညီပါဦး။ သူတို့ကို ထားပြီး ဆက်သွယ်ဖို့နည်းလမ်းမရှိဘူး။”

“@ပြောင်းဖူး ကိုဆက်သွယ်လိုက်။ ဒီအိုင်ဒီက ဘာသာပြန်ဖို့ ကူညီပေးမယ့် ဒေသခံတွေပဲ။ သူတို့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့မှာ ရှိနေလိမ့်မယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

ပြောင်းဖူးကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ရှောင်းယီသည် ပုယီယဲ့ထံမှ သိမ်းယူခဲ့ခြင်းဖြစ်သည်။ ပုယီယဲ့ ယသည် ကွန်းဒေသ၏တိုင်းရင်းသားဖြစ်သောကြောင့် ရှောင်းယီသည် ထိုကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ပြောင်းဖူးဟူသည့် အိုင်ဒီအား ပေးခဲ့ခြင်းပင်။

ထိုရွက်သင်္ဘောသည် ဆိပ်ကမ်းတွင် ရပ်နားထားပြီး အန်းယွဲ့သည် ဒေသခံများအား သင်္ဘောပေါ်တွင် တာဝန်ကျထမ်းဆောင်ရန် အထူးစီစဉ်ပေးခဲ့သည်။ ရှားဘာသာစကားကိုနားလည်သော ဒေသခံများသည် ၂၄နာရီ တာဝန်ယူထားကြရသည်။

ကနဦးတွင် ထိုအရာကို ကုထောင်ချွေ့ရှန်းအတွက် ပြင်ဆင်ထားခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင် ရှောင်းယီသည် ဒေသခံအုပ်စုတစ်စုကိုခေါ်ဆောင်လာသောအခါ စွန်းကုထောင်သည် ဤဘာသာပြန်ဆိုမှုကို မလိုအပ်တော့ပေ။ ယခုအခါ ထပ်မံအသုံးပြုနိုင်ပေသည်။

ဆေးရောင်းသူသည် ရှောင်းယီ၏တုံ့ပြန်ချက်ကို မြင်လိုက်ရသောအခါ နောက်တစ်ခါ ထပ်မံတုန်လှုပ်သွားပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်မိ၏။

“ခင်ဗျားတို့အားလုံးက ဒေသခံဘာသာပြန်တွေ မွေးထားကြတာလား။ ဒီကွာဟမှုက ဘယ်လောက်တောင်ကြီးလိုက်သလဲ။”

အခြားမည်သူမျှ ဆက်သွယ်၍မရပေ။ ရှောင်းယီသည် သူ့ကိုယ်တိုင်ဆက်သွယ်နိုင်သည်သာမက ဘာသာပြန်တစ်ဦးကိုပါ ရှာဖွေတွေ့ရှိခဲ့သည်။

အံ့အားသင့်သွားသော်လည်း ယောင်ယောင်ဝမ်သည် ပြောင်းဖူးအိုင်ဒီကို ပထမဆုံးဆက်သွယ်လိုက်၏။

“မင်္ဂလာပါ...ကျွန်တော်က ပြောင်းဖူးဘာသာပြန်ပါ။ ဘာများကူညီပေးရမလဲ။”

ဘာသာစကားသည် အနည်းငယ်မပီသသော်လည်း အလွန်ချောမွေ့နေသည်။

“မင်္ဂလာပါ ကျုပ် ဒေသခံတွေနဲ့ ဆက်သွယ်ဖို့လိုတယ်။ ဒါကို ဘယ်လိုလုပ်ရမလဲ။”

ဆေးရောင်းသူက မေးလိုက်သည်။

ပြောင်းဖူးက ဗီဒီယိုခေါ်ဆိုမှုတစ်ခု ပို့လိုက်၏။ ဆေးရောင်းသူသည် ချက်ချင်းပင် သဘောတူလိုက်သည်။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ကော်တွန်အင်္ကျီဝတ်ထားသော ဒေသခံတစ်ဦးပေါ်လာပြီး အပြုံးတစ်ခုဖြင့် မေးလိုက်သည်။

“ခင်ဗျားသာပြောလိုက်ရင် ကျုပ်ဘာသာပြန်ပေးနိုင်ပါတယ်။”

ဝူနာ့သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ အခြားဒေသခံများ၏မြင်ကွင်းကို စိုက်ကြည့်နေ၏။ သူတို့သည် ထူးဆန်းသောအဝတ်အစားများကို ဝတ်ဆင်ထားကြသည်။

“သူတို့ကို ကမ်းခြေမှာလှည့်လပတ်ပြီး ပင်လယ်ပြင်မှာ တခြားသင်္ဘောတွေ ချဉ်းကပ်နေလားဆိုတာ ကြည့်ခိုင်းပေးပါ။”

ယောင်ဝမ်က ပြောလိုက်သည်။

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ထဲရှိ ဒေသခံက ထိုအမိန့်ကို ပြန်လည်ပြောပြခဲ့ပြီးနောက် ဝူနာ့က ခေါင်းညိတ်ကာ အခြားဒေသခံတစ်ဦးနှင့်အတူ ထွက်ခွာသွားခဲ့သည်။

“ကျေးဇူးတင်ပါတယ်။”

ဆေးရောင်းသူက ပြောလိုက်သည်။ တစ်ဖက်လူသည် ဒေသခံဖြစ်သော်လည်း တာ့လော်ကျွန်းရှိ ဒေသခံများသည် လိုအပ်သောယဉ်ကျေးမှုဓလေ့များ လိုအပ်နေဆဲပင်။

“ရပါတယ် ခင်ဗျားအတွက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြုစရာမရှိဘူးဆိုရင် သူတို့နှစ်ယောက် အချိန်ရရင် ကျုပ်တို့နဲ့အတူ ခင်ဗျားတို့ရဲ့ဘာသာစကားကို သင်ယူလို့ရတယ်။”

ထိုစကားကိုကြားသောအခါ ဆေးရောင်းသူ၏မျက်လုံးများ တောက်ပသွား၏။

“ဒါက ဖြစ်နိုင်ရဲ့လား။”

“သေချာတာပေါ့။”

“အရမ်းကောင်းတယ်။ အချိန်ရရင် ထပ်ပြီးဆက်သွယ်လိုက်ပါ့မယ်။ ကျေးဇူးတင်ပါတယ် “

ဆေးရောင်းသူက ပြန်ဖြေလိုက်သည်။ ထို့နောက် တစ်ဖက်လူက စကားပြောဆိုမှုကို အဆုံးသတ်လိုက်၏။

ရှောင်းယီသည် ဝူနာ့ကို စစ်ဆေးမေးမြန်းပြီးနောက် ဆုံးဖြတ်ချက်ချခဲ့သည်။

လမ်းကြောင်းအားလုံးကိုကြေညာမယ်။

ဤနည်းအားဖြင့် ဤပြင်ပအတားအဆီးများသည် တစ်ဦးနှင့်တစ်ဦးကူညီပြီး ပိုမိုရှင်သန်နိုင်မည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူတို့ကျွန်းပေါ်ရှိ အပန်းဖြေစခန်းများ စတင်ရန်အတွက် အခြေခံအုတ်မြစ်ကိုလည်း ချမှတ်ပေးခြစ်ဖြစ်သည်။

ယခု ဆုံးဖြတ်ချက်ချပြီးနောက် ရှောင်းယီသည် တုံ့ဆိုင်းမနေတော့ဘဲ ယီထျန်းဂရုထဲတွင် စာတစ်စောင် ထုတ်ပြန်လိုက်တော့သည်။

“လူတိုင်းပဲ ကျုပ်တို့ရဲ့တောင်ပိုင်းဒေသအများစုက ဒေသခံတွေရဲ့ ဝင်ရောက်စီးနင်းမှုကို ခံခဲ့ရတယ်။ ယောင်မုန့်ကျွန်းကိုတိုက်ခိုက်ခဲ့တဲ့ ဒေသခံတွေကိုစစ်ဆေးမေးမြန့်ရာမှာ ဒေသခံတွေက ကျုပ်တို့ရဲ့အားနည်းချက်ကို လုံးဝနားလည်ထားပြီး လူဦးရေအရမ်းနည်းတယ်ဆိုတာကို သိထားကြတယ်။ သူတို့က ကျုပ်တို့ကျွန်းရဲ့ အခြေအနေ စဉ်းစားစရာမလိုဘဲ တိုက်ခိုက်ဖို့ပဲလိုတယ်။ လာကြပြီဆိုရင်...ကျုပ်တို့မှာဘာမှလုပ်စရာမရှိဘူး။”

“မဟုတ်ဘူး...။ အရင်က ဒေသခံတွေက ပိုပြီးတော့ ခက်ခက်ခဲခဲတိုက်ထုတ်လိုက်ရင် ဆုတ်ခွာသွားကြတယ်လေ။ အခု မရတော့ဘူးလား။”

“ဒီနေ့ကို ရောက်လာတော့မယ်ဆိုတာကို ငါသိနေတယ်။ ဒေသခံတွေက အရူးတွေမဟုတ်ဘူး။ သူတို့က အရေအတွက်အရမ်းများတယ်။ သူတို့ပြေးဝင်လာရင် လူတိုင်းက တစ်ရာနဲ့တစ်ယောက် တိုက်ခိုက်နိုင်စွမ်းမရှိဘူး။ ဒါဆိုရင် သေချာပေါက် ပြီးသွားပြီပဲ။”

“ပြီးသွားပြီ...။ ချီးထဲမှ လောက်အချိန်တွေကြာတော့မှ သူတို့ရှာတွေ့သွားပြီပေါ့။”

အခန်း ၄၂၀ - လမ်းကြောင်းများမျှဝေခြင်း၊ လူအင်အား အလျင်အမြန်စုဆောင်းခြင်း

ရှောင်းယီသည် ခဏရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်။

“အဲ့ဒါကြောင့် ကျုပ်ရထားပြီးသားလမ်းကြောင်းတွေကို မျှဝေဖို့ဆုံးဖြတ်လိုက်တယ်။ အနားမှာရှိတဲ့လူတိုင်း ပေါင်းစည်းရမယ်လို့ ဆိုလိုတာမဟုတ်ဘူး။ အနည်းဆုံးတော့ တစ်ယောက်နဲ့တစ်ယောက် ကူညီနိုင်အောင်လို့ပဲ။”

“ဒါပေမယ့် သူဌေး လမ်းကြောင်းပေါ်မှာက စိတ်ချရပါ့မလား။”

“လမ်းကြောင်းပေါ်မှာ ညွှန်ကြားချက်တွေရှိတယ်။ စိတ်ချရတယ်ဆိုတာသာ သေချာရင် ငါ့လက်ထဲမှာလည်း တစ်ခုရှိတယ်။ သူဌေးရဲ့တောင်းဆိုမှုကို တုံ့ပြန်ဖို့အတွက် ငါလည်းမျှဝေပေးမယ်။”

“အပေါ်ကအစ်ကို ကျုပ်တကယ်လေးစားပါတယ်။”

“ကျူးချန်းကလန်က ရက်ပေါင်းများစွာ လမ်းကြောင်းပေါ်တွင် ရွက်လွှင့်နေပြီး ဘေးအန္တရာယ်တစ်စုံတစ်ရာ မကြုံတွေ့ခဲ့ရဘူး။ စိတ်ချလက်ချနေလို့ရပါတယ်။ တခြားလူတွေမှာ လမ်းကြောင်းတွေရှိသေးရင် အားလုံးပဲ မျှဝေကြရအောင်။ အခုချိန်မှာ ဒေသခံတွေက အရင်ကနဲ့ မတူညီတော့ဘူး။”

ထိုသို့ပြောပြီးနောက် ရှောင်းယီသည် သူရရှိထားသော လမ်းကြောင်းသုံးခုလုံးကို ကြေညာလိုက်၏။ ဂရုထဲရှိ အခြားတစ်ဦးမှ မျှဝေခဲ့သော တစ်ခုနှင့် ဆန်စေ့ပုံသဏ္ဍာန်ဖြစ်သွားခဲ့သည်။

“ကိုယ့်ဘာသာကိုယ်ကြည့်ကြည့်ပါ။ လမ်းကြောင်းနားမှာရှိနေတယ်ဆိုရင် တစ်ယောက်နဲ့တစ်ယောက် ဆက်သွယ်လို့ရတယ်။”

ရှောင်းယီက ပြောလိုက်သည်။

“အရမ်းကောင်းတယ်။ ကျုပ်လမ်းကြောင်းကနေ ၁၀ကီလိုမီတာပဲဝေးတယ်။”

“သိပ်မဝေးလောက်ဘူးလို့ ငါထင်တယ်။ နောက်ပိုင်းမှာ ဖြတ်သွားလို့ရတယ်။”

“ချီးတဲ့မှ...။ ငါက ဘာလို့ဒီလောက်တောင် ကံဆိုးရတာလဲ။ လမ်းကြောင်းကနေ ကီလိုမီတာ ၁၀၀ တောင်ဝေးနေတယ်။”

တိလင်းထျန်းရှားသည် ဤလမ်းကြောင်းမြေပုံကို တစ်ချိန်တည်းနီးပါးတွင် ရရှိခဲ့ပြီး အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ယီထျန်းဂရုထဲမှာရှိတဲ့ လူတွေကို ငါတို့ရထားတဲ့ လမ်းကြောင်းကို မျှဝေလိုက်ပါ။

“ဥက္ကဋ္ဌ ဒါက ကောင်းပါ့မလား။”

ချင်ချင်းလုံက မျက်မှောင်ကြုံ့ကာ မေးလိုက်၏။

“လူတိုင်း အသက်ရှင်နိုင်မှ ငါတို့မှာ ယှဉ်ပြိုင်နိုင်ဖို့ အခွင့်အရေးရှိလိမ့်မယ်။ ဒေသခံတွေရဲ့ တစ်ယောက်ပြီးတစ်ယောက် နှိမ်နင်းခြင်းကိုသာခံလိုက်ရရင် အချိန်ကျလာတဲ့အခါ ငါတို့အလှည့် ရောက်လာလိမ့်မယ်။”

တိလင်းထျန်းရှားက ပြန်ဖြေလိုက်သည်။ ချင်ချင်းလုံက ခေါင်းညိတ်လိုက်၏။

“ဟုတ်ကဲ့။ ကျုပ်စီစဉ်လိုက်ပါ့မယ်။”

မကြာမီ ယီထျန်းဂရုမှ တစ်စုံတစ်ယောက်သည် ဤကဲ့သို့သော မက်ဆေ့ချ်ကို ပို့ခဲ့သည်။

“လင်းအင်ပါယာအင်အားစုက လမ်းကြောင်းတစ်ခုမျှဝေဖို့ ဆန္ဒရှိပြီး လူတိုင်းကို ကူညီနိုင်မယ်လို့ မျှော်လင့်ပါတယ်။”

ထိုသို့ပို့ပြီးနောက် ထိုလူသည် လမ်းကြောင်းအသစ်တစ်ခုကို မျှဝေခဲ့ပြီး ထိုလမ်းကြောင်းအသစ်မှာ ပတ်လမ်းတစ်ခုဖြစ်လာခဲ့လေသည်။

ရှောင်းယီအပါအဝင် ယီထျန်းဂရုထဲရှိ လူတိုင်းသည် ကြောင်အသွား၏။

“တိလင်းရဲ့ နောက်ဆုံးလုပ်ရပ်နှစ်ခုက ငါ့ကို ဖန်တစ်ယောက်ဖြစ်စေခဲ့ပြီ။”

“ဟုတ်တယ်။ သူတို့က ဒီအရာကို အစစ်အမှန်လုပ်ဆောင်ထားခဲ့တယ်။ ဒီပတ်လမ်းက ငါ့ကျွန်းနားကို ဖြတ်သွားတာ။ အရမ်းမိုက်တာပဲ။ အင်ပါယာအင်အားစုကတော့ တံပိုးမှုတ်လိုက်ပြီ။”

“ဧကရာဇ်ရဲ့စိတ်ဓာတ်က အဆင်ပြေတယ်။ ဟိုလိပ်တစ်ကောင်နဲ့ မတူဘူး။ သူ့လက်ထဲမှာလမ်းကြောင်းရှိရင်တော့ မျှဝေမှာမဟုတ်ဘူး။”

ထိုအချိန်တွင် ရွှမ်းယွမ်ဝူဝေ့သည်လည်း ယီထျန်းဂရုအတွင်းရှိ လမ်းကြောင်းမြေပုံကို တကယ်ပင် ရရှိခဲ့လေသည်။

“ဒါက ကောင်းတဲ့အရာပဲ။ ဒါဆို ငါ ဒါကိုထုတ်ယူပြီး မျှဝေလိုက်မယ်။”

ရွှမ်းယွမ်ဝူဝေ့သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ မြေပုံပေါ်သို့ လမ်းကြောင်းမြေပုံကိုတင်ရင်း ဆဲဆိုလိုက်သည်။

ဤအချိန်တွင် ရွှမ်းယွမ်ဝူဝေ့၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မြေပုံပေါ်တွင် လမ်းကြောင်းခြောက်ခုရှိပြီး ရှောင်းယီတို့အဖွဲ့ထက် ပတ်လမ်းတစ်ခုပိုများပေသည်။

ထိုစဉ် ဦးလေးချမ်းသည် အပြင်ဘက်မှဝင်လာပြီး ပြောလိုက်၏။

“ယီရန်ပင်းက ဂရုထဲမှာ လမ်းကြောင်းတွေမျှဝေထားတယ်လို့ ကြားခဲ့တယ်။”

“ဟုတ်တယ်။ ဒါကိုမိုက်မဲတယ်လို့ ခင်ဗျားထင်လား။”

ရွှမ်းယွမ်ဝူဝေ့က ပြောလိုက်သည်။ ဦးလေးချန်းက သူ၏ခေါင်းကို ခါယမ်းလိုက်၏။

“ဒါက သူ့ကို ပိုပြီးမြင့်မားတဲ့ဂုဏ်သတင်းကို ရရှိစေလိမ့်မယ်။”

“ဂုဏ်သတင်းဆိုတာ စားလို့မရဘူး။ ဒီမှာဒီမိုကရေစီဆိုတာ မရှိဘူး။ ဂုဏ်သတင်းက ဘာအသုံးကျမှာလဲ။”

ရွှမ်းယွမ်ဝူဝေ့က ပြန်ဖြေလိုက်သည်။ ဦးလေးချန်းသည် သူ၏အဆိုကို သဘောမတူဘဲ မေးခွန်းထုတ်လိုက်၏။

“သခင်‌လေး ကျုပ်တို့ရဲ့လမ်းကြောင်းတွေကို မမျှဝေနဲ့လို့ ဆိုလိုချင်တာလား။”

“သေချာပေါက် မမျှဝေဘူး။ ကျုပ်က ယီရန်ပင်းလုပ်သလို နောက်ကလိုက်မလုပ်ချင်ဘူး။”

ရွှမ်းယွမ်ဝူဝေ့က ပြန်ဖြေလိုက်သည်။

ဦးလေးချန်းက ခေါင်းညိတ်လိုက်၏။

“လူအင်အား မြန်မြန်စုဆောင်းနိုင်တဲ့နည်းလမ်းကို ကျုပ် ရုတ်တရက်စဉ်းစားမိခဲ့တယ်။”

“ဘာနည်းလမ်းလဲ။”

ရွှမ်းယွမ်ဝူဝေ့ ချက်ချင်းပင် စိတ်ဝင်စားသွားခဲ့သည်။

နောက်ဆုံးအကြိမ် သူ၏ရန်သူများ ထုတ်ဖော်ခံလိုက်ရပြီးနောက် ကျူးချန်းကလန်သည် သူ့အား ခရီးသည်ပို့ဆောင်ရေးဝန်ဆောင်မှုများ ထောက်ပံ့ပေးရန် ငြင်းဆိုခဲ့ကြောင်း သိလိုက်ရလေသည်။

သူ၏ကျွန်းပေါ်တွင် နောက်ဆုံးအကြိမ်ပို့ဆောင်ခဲ့သော လူ ၁၂ယောက်သာရှိပြီး ဦးလေးချန်းသည် ၎င်းတို့ကို ရတနာကုန်းမြေသို့ခေါ်ဆောင်သွားခဲ့ပြီး ခြောက်ယောက်သေဆုံးသွားခဲ့၏။ သူ၏ကျွန်းပေါ်တွင် လူခြောက်ယောက်သာ ကျန်ရှိတော့လေသည်။

ယခင်က ဒေသခံများ၏တိုက်ခိုက်မှုမှတစ်ဆင့် ရွှမ်းယွမ်ဝူဝေ့သည် လူအားပိုမိုလိုအပ်ကြောင်း နားလည်သွားခဲ့သည်။

ယခင်က လူအင်အားအလုံအလောက်သာ ရှိခဲ့ပါက မည်သည့်ကူညီရေးတပ်ဖွဲ့များ လိုအပ်မည်နည်း။ သူကိုယ်တိုင် ဒေသခံများကို ရှင်းပစ်နိုင်မည်ဖြစ်သည်။

ယခု လမ်းကြောင်းမြေပုံရှိသော်လည်း ကျွန်းတစ်ခုနှင့်တစ်ခု ကြားအကွာအဝေးသည် အလွန်ကြီးမားပေသည်။ အသုံးဝင်သောအပျော်စီးသင်္ဘောသာရှိပါက အချိန်များစွာ မလိုအပ်သော်လည်း အလတ်စားနှင့်အကြီးစားရွက်သင်္ဘောများဖြင့်သာဆိုလျှင် အရှိန်မှာ အလွန်စိုးရိမ်ဖွယ်ရှိပေသည်။

ချန်ပေါင်သည် လူအားအမြန်ဆုံးစုဆောင်းနိုင်သည့်နည်းလမ်းရှိသည်ဟုဆိုသောကြောင့် ၎င်းသည် ရည်ရွယ်ချက်မရှိဟု မဆိုလိုပေ။

ရွှမ်းယွမ်ဝူဝေ့၏ စိတ်လှုပ်ရှားနေသောမျက်လုံးများကို မြင်လိုက်ရသောအခါ ချန်ပေါင်က စကားလုံးသုံးလုံးကို ခပ်တိုးတိုး ဖွင့်ဟလိုက်၏။

“မြို့ပြန်ကျောက်”

ရွှမ်းယွမ်ဝူဝေ့သည် ကြက်သေသေသွားပြီးနောက် ချက်ချင်းပင် စိတ်လှုပ်ရှားသွားကာ အော်ဟစ်လိုက်၏။

“ဟုတ်တယ်။ ကျုပ်ရဲ့တုံ့ပြန်မှုက အရမ်းနှေးနေတာပဲ။ မြို့ပြန်ကျောက်ရဲ့အေးခဲချိန်က တစ်ရက်ပဲကြာတာဆိုတော့ ကျုပ်တို့ တစ်နေ့ကို လူတစ်ယောက်ခေါ်နိုင်တယ်။ ဒီအမြန်နှုန်းက တကယ်ကို ပိုမြန်တယ်။ နောက်ထပ်မြို့ပြန်ကျောက်တစ်ခုလောက်သာ ထပ်ရနိုင်ရင် ပိုပြီးတော့တောင်မြန်ဦးမယ်။”

“ဟုတ်ပါတယ်။”

ချန်းပေါင်က တုံ့ပြန်လိုက်သည်။

“သခင်လေးသာသဘောတူရင် ကျုပ်ဒီကိစ္စကို လုပ်ဆောင်လိုက်ပါ့မယ်။”

“သဘောတူတယ်...လုံးဝသဘောတူတယ်။”

ရွှမ်းယွမ်ဝူဝေ့က စိတ်လှုပ်ရှားစွာပြောလိုက်၏။

“ဟုတ်ကဲ့ ကျုပ်လုပ်လိုက်ပါ့မယ်။”

ဦးလေးချန်းကပြန်ဖြေပြီး ရွှမ်းယွမ်ဂရုထဲသို့ စာပို့လိုက်သည်။

“သခင်လေးရွှမ်းယွမ်က ရတနာတစ်ခုကို ရရှိခဲ့တယ်။ အဲ့ဒါက လူတိုင်းကို သခင်လေးရဲ့ကျွန်းဆီကို လုံးဝလုံလုံခြုံခြုံရောက်ရှိစေနိုင်တယ်။ သခင်လေးထံမှာ သစ္စာခံဖို့ ဆန္ဒရှိတယ်ဆိုရင် ကျုပ်ကို သီးသန့်ဆက်သွယ်ပါ။ တောင်းဆိုချက်ကတော့ စာချုပ်ကတ်ကို အသုံးပြုဖို့ပါပဲ။”

ထိုသတင်းထွက်ပေါ်လာပြီးနောက် ရွှမ်းယွမ်ဂရုသည် စတင်၍ဆွေးနွေးကြတော့လေသည်။

“ရတနာလား။ ဘယ်လိုရတနာမျိုးက ကျွန်းတစ်ကျွန်းကနေ နောက်တစ်ကျွန်းကို လုံလုံခြုံခြုံရောက်အောင်လုပ်ပေးနိုင်မှာလဲ။”

“ဟုတ်တယ်...ဒါကို ရှင်းပြမထားဘူး။ ဒီလိုဆို ဘယ်သူမှသွားရဲမှာမဟုတ်ဘူးလို့ ငါထင်တယ်။”

“ဒါပေမယ့် ဦးလေးချန်းရဲ့စကားက ယုံကြည်ချင်စရာပဲ။ စမ်းကြည့်လို့ရတယ်။”

ရွှမ်းယွမ်ဝူဝေ့သည် အနည်းငယ်ယုံကြည်နိုင်စရယမကောင်းကြောင်း ရွှမ်းယွမ်ဂရု၏အဖွဲ့ဝင်များပင် သိရှိထားကြ၏။

ဦးလေးချန်းသည် ထိုဆွေးနွေးမှုများကိုကြည့်ရှုကာ တက်ပြောလိုက်သည်။

“ကျုပ်က လုံခြုံမှုကို အပြည့်အဝအာမခံပေးနိုင်ပြီး ပင်လယ်မှာလည်း အချိန်တွေအများကြီး ဖြုန်းတီးစရာလည်း မလိုပါဘူး။”

“ပင်လယ်ထဲမှာ အချိန်ဖြုန်းစရာမလိုဘူးလား။ အဲ့ဒါက လေဟာနယ်တံခါးပေါက်တစ်ခု ဖွင့်ပေးမှာလား။”

“ဒါမှမဟုတ် သခင်လေးက လေယာဉ်ပျံရလိုက်တာလား။”

“မင်းက ဒီအချိန်မှာ လေယာဉ်ပျံရနိုင်မယ်လို့ တကယ်တွေးရဲသေးတာလား။”

“ဘာမတွေးရဲစရာရှိလို့လဲ။ ယီရန်ပင်းတောင် အပျော်စီးရွက်သင်္ဘောကို ရထားသေးတာပဲ။

“အဲ့အကြောင်းပြောရရင် ဇိမ်ခံလှေတွေ ထွက်လာပြီမှ လေယာဉ်ပျံတွေထွက်လာရင် သိပ်အံ့သြစရာလည်း မဟုတ်တော့ဘူး။

“ဒါပေမယ့် ယီရန်ပင်းက အပျော်စီးသင်္ဘောကို ပင်လယ်ထဲမှာ မောင်းရဲတယ်။ အဲ့ဒါက ရှေးဦးဧရာမသတ္တဝါကြီးတွေရဲ့တိုက်ခိုက်မှုကိုခံရတယ်မဟုတ်ဘူးလား။”

“ဟုတ်တယ်...။ သခင်လေးကလည်း ရှေးဦးဧရာမပျံသန်းနိုင်တဲ့သတ္တဝါကြီးတွေရဲ့တိုက်ခိုက်မှုကို ခံရမှာလား။”

“ဒီလိုဆိုရင် ဘယ်လိုလုပ်ပြီး လုံခြုံမှုကို အပြည့်အဝအာမခံနိုင်မှာလဲ။”

“ဒီအဖိုးတန်ရတနာက လျှို့ဝှက်ချက်နဲ့သက်ဆိုင်တဲ့အတွက် သခင်လေးဆီကို လာရောက်ခိုလှုံဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်တော့ ဒီအရာကို သီးသန့်ပို့ပေးမှာပါ။ အဲ့ဒါကိုမြင်ရင် ကျုပ် ဘာကြောင့်လုံခြုံတယ်လို့ ပြောရတာလဲဆိုတာ ခင်ဗျားတို့သိပါလိမ့်မယ်။”

ဦးလေးချန်းက ရှင်းပြလိုက်၏။

“ကျုပ်က ကိုယ့်အကြောင်းကိုယ်သိတယ်။ လူတစ်ယောက်တည်းက အကြာကြီးအသက်မရှင်နိုင်ဘူး။ တခြားပုဂ္ဂိုလ်ကြီးတွေကလည်း လူမခေါ်ဘူး။ ကျုပ်ကတော့ သခင်လေးဆီကို သွားရောက်ခိုလှုံဖို့ ရွေးချယ်တယ်။”

ထိုအသက်ရှင်ကျန်ရစ်၏ပါးစပ်ထဲရှိ အခြားပုဂ္ဂိုလ်ကြီးများဆိုသည်မှာ ယီရန်ပင်းနှင့် တိလင်းထျန်းရှားတို့ကို ရည်ညွှန်းခြင်းဖြစ်ပေသည်။

အခြားပုဂ္ဂိုလ်ကြီးနှစ်ဦးနောက်သို့ မလိုက်နိုင်ပါက ရွှမ်းယွမ်ဝူဝေ့ဟုခေါ်သော အတန်ငယ်ဖွံ့ဖြိုးတိုးတက်ပြီးသည့် ကျွန်းပိုင်ရှင်ကို ရွေးချယ်ခြင်းမှာ နားလည်နိုင်ပေသည်။

လူတိုင်းသည် ထိုလူ၏စကားကိုကြားသောအခါ ရွှမ်းယွမ်ဝူဝေ့ထံခိုလှုံခြင်းမှာ ထိုက်တန်ခြင်းရှိ၊မရှိ စဉ်းစားလာကြတော့သည်။

All Chapters